........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 17, 2012

Movie အတိုလေးတွေ Download လုပ်ချင်ရင်

ကိုယ်သိမ်းထားချင် တဲ့ Movie အတိုလေး တွေကို Youtube ပေါ် မှာတွေ့ရင် တချို့က သိမ ထားချင်ကြပါတယ်။ ဒီ Youtube က Movie အတိုလေးတွေကို Download Manager နဲ့ ဆွဲလို့ရပေမယ့် ဆွဲလိုက်တာနဲ့ Share Connection ဆိုရင် တခြားစက်တွေကိုပါ Connection နှေးစေပြီး အလုပ်တွေကို ထိခိုက်နိုင်ပါတယ်။

အဲဒီအတွက် Youtube က Short Movie လေးတွေကို သိမ်းချင်တယ်ဆိုသူတွေ အတွက် Download Manager နဲ့မဆွဲဘဲ တိုက်ရိုက် ဆွဲလို့ရမယ့် နည်းလေးကို ညွှန်ပြပေးချင်ပါတယ်။ အရင်ဆုံး Firefox ထဲကိုဝင်ပါ။ ပြီးရင် Tools ထဲကိုဝင်ပေးပါ။ ပြီးရင် Tools ထဲက Add-ons ကို သွားပေးပါ။ Add-ons ထဲကိုရောက်ရင် Add-ons Search Box မှာ Easy Youtube Downloader ဆိုပြီးတော့ ရိုက်ပေးပါ။
အများကြီးကျလာရင် Easy Youtube Downloader ဆိုတဲ့ Add-ons ကို Download လုပ်ပေး လိုက်ပါ။ သူ့ဘာသာသူ အလိုအလျောက် Download လုပ်ပေးသွားမှာဖြစ်ပြီး ပြီးသွားရင် Install လုပ်ပေး ပါ။ ထူးခြားချက်ကတော့ အခြား Add-ons တွေ သွင်းသလိုမျိုး Firefox ကို Restart ချပေးစရာ မလိုအပ်ပါဘူး။
ပြီးရင် Youtube ကနေ Short Moive လေးတွေကို Download ချလို့ရပါပြီ။ Youtube က Download ချနည်းကတော့ ကိုယ်ကြိုက်တဲ့ Short Movie Link လေးကိုဖွင့်ပြီးတော့ အဲဒီ Short Moive အောက်လေးမှာ Download ဆိုတာလေးကိုတွေ့မှာဖြစ်ပြီး M4a (best Quality),Mp3, Mp4,Flv စတာတွေကိုရွေးချယ်ပြီး Download လုပ်လို့ရမှာပါ။ တကယ်လို့ Easy Youtube Downloader ကိုမတွေ့ရင် http://goo.gl/5D5Dt ကနေတစ်ဆင့်လည်း Downlod လုပ်လို့ရပါတယ်။

No comments:

Post a Comment