........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Jan 30, 2014
သုဝဏ္ဍဘူမိမြို့ဟောင်းတည်နေရာ
သုဝဏ္ဍဘူမိမြို့ ဟောင်း တည်နေရာ…………………………………………..???
ကလေးဘဝကတည်းက  ကြားဖူးသည်။  သုဝဏ္ဍဘူမိ  သထုံဟုလည်း  သိထားသည် ။  အနော်ရထာမင်းသည်  သုဝဏ္ဍဘူမိ  သထုံမှ  ပိဋ္ဋကတ်တော်များကို  ဆင်အစီး ( ၃၀ ) ဆယ်ဖြင့်  ပင့်ဆောင်ကြောင်း ၊  ပုဂံဒေသတွင်  သုဝဏ္ဍဘူမိ  သထုံမှ  ကြွရောက်တော်မူလာသော  ရှင်အရဟံ  ကျေးဇူးကြောင့်  ဗုဒွ့သာသနာ  ပြန်ပွားအောင်  ဆောင်ရွက်တော်မူနိုင်ခဲကြောင်း  သင်ကြားခဲ့ဖူးသည် ။  
ကျွန်တော်တို့   တွေ   စည်းလုံးကြဖို့ 
အချိန်ကြပါပြီလို့      Hlwan   Naung    ............. M T  M
သုဝဏ္ဍဘူမိမြို့ ဟောင်း တည်နေရာ
  ကလေးဘဝကတည်းက ကြားဖူးသည်။ သုဝဏ္ဍဘူမိ သထုံဟုလည်း သိထားသည် ။ အနော်ရထာမင်းသည် သုဝဏ္ဍဘူမိ သထုံမှ ပိဋ္ဋကတ်တော်များကို ဆင်အစီး ( ၃၀ ) ဆယ်ဖြင့် ပင့်ဆောင်ကြောင်း ၊ ပုဂံဒေသတွင် သုဝဏ္ဍဘူမိ သထုံမှ ကြွရောက်တော်မူလာသော ရှင်အရဟံ ကျေးဇူးကြောင့်
ဗုဒွ့သာသနာ ပြန်ပွားအောင် ဆောင်ရွက်တော်မူနိုင်ခဲကြောင်း သင်ကြားခဲ့ဖူးသည် ။ ၁၂ ရာစုအစပိုင်းတွင် ထိုင်နိုင်ငံက ၎င်းတို့ ၏ နိုင်ငံတကာ လေဆိပ်ကြီးကို သုဝဏ္ဍဘူုမိဟု ကမွည်းမော်ကွန်း ထိုးလိုက်သောအခါ သုဝဏ္ဍဘူုမိဆိုသည်မှာ ထိုင်းနိုင်ငံလေလားဟု ထင်ယောင် ထင်မှားဖြစ်သွားပါသည် ။ ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်ပိုင်း တစ်ရက်တွင် စာတမ်းဖတ်ပွဲပြုလုပ်ခဲ့ကြသည် ။ စာတမ်းရှင်များက “ သုဝဏ္ဍဘူမိဆိုသည်မှာ သထုံဒေသဆိုသည်ကို စာပေအထောက်အထား ကွင်းဆင်းလေ့လာ သုတေသနပြုတွေ့ ရှိမှုအထောက် အထားများဖြင့် တစ်ညီတစ်ညွတ်တည်း အတည်ပြု “ ခဲ့ကြသည် ။ ထိုင်း - အင်ဒိုနီးရှား - မလေးရှား - ကမွော့ဒီးယား နိုင်ငံဟု သုဝဏ္ဍဘူမိဆိုသောအဆိုကို -ု စာရေဆရာ အချို့ ရေးသာကြသည်မှာ ( လုံးဝမဖြင့်နိုင်ပါ ) လက်မခံနိုင်ပါ ။ မွန်လူမျိုးတို့ သည် ခရစ်နှစ်အစဦးပိုင်းကာလမှစ၍ စစ်တောင်းမြစ်နှင့် သံလွင်မြစ် နှစ်သွယ်စပ်ကြားဒေသတွင် ရာမညေးသဟု ခေါ်သော ( မွန်မင်း ) ပြည်ထောင်တစ်ခုကို တည်ထောင်လျက် အတည်တကျနေထိုင်လာခဲ့ကြပါသည် ။ ၎င်းမွန်ပြည်ထောင်၏ ဗဟိုချက်မသည် သုဓမွ့ဝတီခေါ် သထုံပြည်ပင်ဖြစ်၏ သုဝဏ္ဍဘူမိ သို့ မဟုတ် “ ရွှေမြေ “ ဟူ၍လည်းခေါ်ကြ၏ သုဝဏ္ဍဘူမိဆိုသည်မှာလည်း ဘင်္ဂလားပင်လယ်ကွေ့  ပတ်ဝန်းကျင်ဒေသကိုလည်းကောင်း ၊ အရှေ့  တောင်အာရှကုန်းတွင်းပိုင်း တစ်ခုလုံးကိုသော်လည်းကောင်း ရည်ညွန်းပြောဆိုမှုများရှိပါသည် ။ အစဉ်အလာဆိုစကားအရ ဗုဒွ့ဘုရားရှင်လက်ထက်မှစ၍ သီဟရာဇာမင်းသည် သုဝဏ္ဍဘူမိမြို့ တော်ကို တည်ထောင်ခဲ့သည်ဟုဆို၏ သီဟိုဠ်ရာဇဝင် တစ်စောင်ဖြစ်သော “ မဟာဝံသ “ ကျမ်း၌ ခရစ်နှစ်အကြို ၃ ရာစုအတွင်း အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်ကြီးတို့  ကြီးမှုးသော ဗုဒွ့သာသနာပြုအဖွဲ့ သည် သုဝဏ္ဍဘူမိသို့  ဆိုက်ရောက်လာခဲ့ပြီး သာသနာပြုတော်မူကြောင်းဖော်ပြပါရှိ၏ ရာဇာဓိပတိ ( ဓမ္မစေတီ ) မင်းကြီး၏ ကာလျာဏီသိမ်ကျောက်စာတွင် အရှင်သောဏနှင့် ဥတ္တရမထေရ်တို့  ဆိုက်ရောက်လာခဲ့သော သုဝဏ္ဍဘူမိမြို့ ဟောင်းနေရာကို “ ဃောဠမတ္တိက “ ခေါ် ယခု သထုံဖြင့်ပါသည် ။ယခုဘီးလင်းမြို့ နယ် ကေလာသတောင်ခြေရင်း ၊ သထုံမှမိုင် ( ၃၀ ) ခန့် အကွာရှိ အယက်သမရွာ၌ရှိကြောင်း ဖော်ပြသည် ။ မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် သထုံမြို့ မှ အရှင်မဟာဗုဒွ့ဃောသမထေရ်ကြီးသည် အေဒီ ၄၀၀ ခန့် ၌ သီဟိုဠ် ( သီရိလင်္ကာ ) သို့ ကြွသွားတော်မူပြီး ဗုဓွ့ပိဋ္ဋကတ်ကျမ်းစာများကို မွန်ဘာသာအက္ခရာဖြင့် ရေးကူး၍ သထုံသို့  ပင့်ဆောင်တော်မူခဲ့ကြောင်း ဖော်ပြပါရှိသည် ။ ၎င်းမထေရ်ကြီးနှင့်ပတ်သက်သော သမိုင်းအထောက်အထားများအပေါ် ခရစ်နှစ် ၅ ရာစု၌ ထေရ ဝ္လါဗုဒွ့ဘာသာထွန်းကားနေခဲ့ကြောင်း ရှေ့ ဟောင်းသုတေသနအထောက်အထားများက သက်သေခံလျက်ရှိပါသည် ။ မှန်နန်းမဟာရာဇဝင်တော်ကြီးက ဆက်လက်၍ ပုဂံပြည်မှ အနော်ရထားမင်းကြီး ( ၁၀၄၄ - ၁၀၇၇ ) သည် သထုံကို စစ်ချီတက်တိုက်ခိုက်ပြီး သထုံဘုရင် ( မနုဟာမင်းကို ) အောင်မြင်သောအခါ မင်းနှင့်တကွ ပိဋ္ဋကတ်တော် အစုံသုံးဆယ်ကို ပုဂံပြည်သို့ ယူဆောင်သွားကြောင်း ထိုစဉ်အခါမှစ၍ သထုံပြည်သည် ပုဂံနိုင်ငံ၏ လက်အောက်သို့  အေစီ ၁၃ ရစြုနှစ်အထိ ကျရောက်သွားခဲ့ကြောင်း ဖော်ပြပါသည်။ မွန်မြို့ ဟောင်း အကြွင်းအကျန်တို့ သည် မုတ္တမပင်လယ်ကွေ့ ပတ်ဝန်းကျင်ဒေသရှိ - ကျိုက္ကသာ - တိုက္ကလား - ဇုတ်သုတ် - သထုံ - စမွါနဂို ( မှော်ဘီ ) ၊ မြို့ ဟောင်းကြီးများနှင့် ကော့ထင်း - စစ်တောင်း - လိပ်ခုံး - ကကတစ် - မုသင်း -ဇွဲဂလာ - မရမ်းကုန်း - ကတိုက်ကြီး - ကတိုက်ကလေး - ဆင်ဖြုကျွန်းအစရှိသော မြို့ ဟောင်းကုန်းငယ်များကို ဖော်ထုတ်ပေးခဲ့ပါသည် ။ သုဝဏ္ဍဘူမိမြို့ ဟောင်းသည် ( မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၂၁ မိနစ်နှင့် အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၁ မီနစ် ) သည် ။ ယခု မုပွလင်နှင့် ကျိုက်ထိုအထိ ရှည်လျားသေားမြို့ ဟာင်းကြီး တစ်မြို့ ဖြင့်ပါသည် ။ မြို့ ဟောင်း၏ အပြင်မြို့ ရိုးသည် ပုံဏ္ဍာန်အတိအကျမဆိုနိုင်သော အလျားရှည်ဝန်းဝိုင်းသည့်အသွင်ရှိသည် ။ အရွယ်အစားမှာ အလျား အရှေ့ အနောက် ရှည်လျားသော မြို့ ဟောင်းကြီးဖြင့်ခဲ့သည် ။ အရှေ့ ဘက်ပိုင်းမှာ ကျယ်ပြန်၍အနောက်ဘက်သို့  ကျဉ်းမြောင်းသွားပြီး ပင်လယ်ကွေ့ ကမ်းရိုးအစပ်သို့ ရောက်သည် ။ အတွင်းထပ်မြို့ ရိုးများသည် ( ၇ ) ထပ်ခန့် ရှိ၏ ၎င်းမြို့ ဟောင်းများသည် ဘုရားစေတီအဆူဆူ ဝိုင်းလျက်ရှိသည် ။ သုဝဏ္ဍဘူမိမြို့ ဟောင်းသည် ခရစ် ၈ -ရာစုထက် နောက်မကျနိုင်ကြောင်း ခန့် မှန်းမိပါသည် ။ ဇုတ်သုတ်မြို့ ဟောင်းနဘေးတွင် ကျိုက္ကသာမြို့ ဟောင်းလည်းတည်ရှိပါသည် ။ မိုင် ( ၂၀ ) ခန့် အကွာ၌ ရှိ၏ ကေလသတောင်နှင့်ဆိုလျှင် ၎င်း၏တောင်ဘက်မလှမ်းမကွာ၌တည်ရှိ၏ မြို့ ဟောင်းအတွင်း ဗဟိုကုန်းပေါ်တွင် ရှေ့ ဟောင်းဂဝံအုတ်ချပ်ဘိနပ်တော်ပေါ်၌ ရှစ်မြောင်ပနက်ဖြင့် ကျိုက်ထီးဆောင်း ( ကျိုက်ထီးစောင်း )ခေါ် စေတီတစ်ဆူရှိသည် ။ ထိုစေတီ၏အနောက်မြောက်ဘက်တွင် ဆင်တပ် မြင်းတပ် ( ဆင်ထပ် မြင်းထပ် ) ဟုခေါ်သော ဂဝံကျောက်ပြာပေါ်တွင် ထုပြီးမြို့ တံတိုင်းနှင့်ကပ်လျက်စီထားသည် ။ လက်ရှိတံတိုင်အမြင့်မှာ ၈ -ပေရှိပါသည် ။ မူလက တစ်မိုင်ခန့် ရှည်လျားမည်ဟုဆိုကြသော်လည်း ယခုအခါ ၄၆၀ -ပေခန့် သာကျန်တော့၏ ။ ( ဃောဠမတ္တိက ) သည် ကေလာသတောင် ( ဘီးလင်း )၏အနောက် မြောက်ဆင်ခြေလျော ပေါ်တွင် ယခုလက်ရှိ အယက်သမရွာ၌ရှိ၏ ။ ရှေ့ ဟောင်းသထုံမြို့ ကွက်အတွင်း၌ အပြည့်အဝတည်လျက်နေရာယူထားပြီဖြင့်၍ မြို့ ဟောင်းအတွင်းရှိ ရှေ့ ဟောင်း နေရာများပျက်စီး ၊ ပျောက်ဆုံးခြင်းအခြေ အနေသို့  ဆိုက်ရောက်သွားကာ မမြင်နိုင်တော့ပေ ။ သို့ ရာတွင် သထုံမြို့ ဟောင်း၏ ပဓာနကျသော ရှေ့ ဟောင်းအထောက်အထားများအဖြစ် ( ရွှေစာရံစေတီ )ကြီးကို နန်းတော်ကုန်းဟောင်းနှင့် တောင်ဘက်မြို့ တံတိုင်းတို့ အကြား၌ တွေ့ နိုင်ပါသေသည် ။ ရွှေစာရံစေတီပရဝုဏ်အတွင်း၌ သိကြားဘုရားခေါ် မြသိန်းတန် စေတီ ၊ ပိဋ္ဋကတ်တိုက်စေတီများတည်ရှိသည် ။ သိကြားဘုရားတွင် မြေမီးဖုတ်ဇာတ်ကြီးဆယ်ဘွဲ့  သရုပ်ဖော်ရုပ်ကြွများ ကပ်စီထားလျက်ရှိပါသည် ။ ဘုရားတောင်ဘက် ကလျာဏီသိမ်ဟောင်းမှ သဲကျောက်ဆစ်နိမိတ်တိုင်များမှညလည်း ၎င်းဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော်ပုံများ ထုဆစ်ထားသည်ကို တွေ့ နိုင်ပါသည် ။ ထိုဇာတ်တော်ပုံများမှာ ဝေသန္တရာဇာတ် ၊ ဝိဓုရဇာတ် ၊ မဟာဥမင်္ဂ ( မဟောသဓာ ) ဇာတ် ၊ ဘူရိဒတ်ဇာတ် ၊ တေမိယဇာတ် ၊ စသောဇာတ်တော်များကို သရုပ်ဖော်ထား၍ အရှင်ဗုဒွ့ဃောသ သမိုင်းကြောင်း နှင့်ဆက်စပ်မှုရှိကြောင်း သိနိုင်ပါသည် ။ ပုဂံမြို့ ဟောင်းတွင်တွေ့ ရသော ဖက်လိပ်ဘုရားနှစ်ဆူ ၊ ဓမ္မရာဇိက ၊ မင်္ဂလာစေတီ ၊ အစရှိသော ဘုရားများတွင် တန်ဆာဆင်ထားသော ဇာတ်တော်စဉ့် ကွင်းများနှင့်လည်း ဆက်စပ်မှုရှိနေပါသည် ။ သထုံမှဇာတ်တော်ရုပ်ကြွပုံများ၏ သက်တမ်းကို ၎င်းတို့ ထုလုပ်မူ ဟန်ပန်အနေအထားအရ ခရစ် ၉ ရာစုမှ ၁၁ -ရာစုနှစ်များအတွင်း အနုပညာလက်ရာဖြစ်နိုင်ကြောင်း ခန့် မှန်းကြပါသည် ။ ၎င်းတို့ နှင့်အတူ ကျောက်ဆစ်ဗုဒွ့ရုပ်ပွားတော်များ မြေမီးဖုတ်ဗုဒွ့ရုပ်ပွားတော်များကိုလည်း ဖူမြော်နိုင်ပါသည် ။ သထုံသည် တစ်ချိန်က ပင်လယ်ဆိပ်ကမ်းမြို့ ကြီး တစ်မြို့ ဖြစ်ကြောင်းပါကြောင်း အထောက်အထားများစွာရှိပါသည် ။ သထုံကို သော်လည်းကောင်း သထုံနှင့်ဆက်စပ်နေလျက်ရှိသော မြို့ ဟောင်းငယ်များကိုလည်းကောင်း စနစ်တကျတူးဖော် သုတေသနပြုခြင်းကို မဆောင်ရွက်နိုင်သေပေ ။ ထို့ ကြောင့် သုတေသနပညာရှင်တို့ သည် သထုံနှင့် ၎င်းအနီးပတ်ဝန်းကျင် တို့ ၌ သိသာထင်ရှားသော ရှေ့ ဟောင်း အဆောက်အအုံများတည်ရှိကြောင်း အထောက်အထားများ မတွေ့ ရဟု အဆိုပြု ကောက်ချက်ဆွဲခဲ့ကြသည် ။ သို့ ရာတွင် ကောင်းကင်ဓါတ်ပုံအထောက်အထားကို အသုံးပြု၍ သထုံမြို့ ဟောင်းကြီးနှင့်တကွ ၎င်းအနီးပတ်ဝန်းကျင်တွင် ရှေ့ ဟောင်းနေရာများတည်ရှိကြောင်း သက်သေထူးပြုပြသနိုင်ခဲ့၏ ။ သထုံခရိုင်အတွင်း ရှေ့ ဟောင်းယဉ်ကျေးမူအထောက်အထားများ အနှံ့ အပြားတည်ရှိကြောင်း ဖော်ခမ်းမားမှအစ မျက်မှောက်ခေတ်သမိုင်းနှင့် ရှေ့ ဟောင်းသုတေသနပညာရှင်များအထိ ကွင်းဆင်းလေ့လာတွေ့ ရှိရသော အချက် အလက်များ ကောင်းကင်ဓါတ်ပုံလေ့လာဖတ်၇ူခြင်းနည်းပညာ ( Ramote Sensing ) အရ ဖော်ထုတ်ထားသော မြို့ ဟောင်းရာတည်ပုံ ၊ ရှေ့ လူတို့ ဖန်တီခဲ့ခဲ့သော မြေပြင်အနေအထား ( Man _ made Land Seape ) - ရေးပေးဝေမူစနစ် ( Water Mamagement System ) များအရ သုဝဏ္ဍဘူမိမြို့ ဟောင်းဟူသည် မြန်မာနိုင်ငံအတွင်းရှိကြောင်း စာရူသူများ ကိုယ်တိုင် ဆုံးဖြတ်နိုင်လိပ်မည်ဟု ကျွန်တော် ယုံကြည်မျှော်လင့်ပါသည် ။ ရွှေအဆင်းဝင်းသော ( သုဝဏ္ဍဘူမိ ) ခေါ် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို မြတ်နိုးစွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်သည် ရွှေနိုင်ငံသားအားလုံး၏ မဟာတာဝန်ကြီးပင် ဖြစ်ပါသည် ……………. လို့  ကျွန်တော်တို့  တွေ စည်းလုံးကြဖို့  အချိန်ကြပါပြီလို့ ။
လူသားများ မဖူးရသော စေတီထူး သုံးဆူ
 (၁) စူဠာမဏိစေတီတော် 
(၂) ဒုဿစေတီတော် 
(၃) မဟေသရစေတီတော် 
( ၁ ) စူဠာမဏိစေတီတော် 
တာဝတိံသာနတ်ပြည်တွင် မြတ်စွာဘုရား၏ ဆံတော်မြတ်အား 
ဋ္ဌာပနာ၍ သိကြားမင်းတည်ထားသော စေတီဖြစ်၍ အမြင့်ယူဇနာ ( ၃၀ )
ရှိ၏။
( ၂ ) ဒုဿစေတီတော် 
သုဒ္ဓါဝါသ ဗြဟ္မာ့ဘုံတွင် အနာဂါမ်ပုဂ္ဂိုလ် ဗြဟ္မာဖြစ်သော ( ဃဋိကာရ
ဗြဟ္မာ ) ကြီးက မြတ်စွာဘုရား၏ ဝတ်လဲတော်ကို ဋ္ဌာပနာ၍ တည်ထားသော
စေတီတော်ဖြစ်သည်။ အမြင့်ယူဇနာ ( ၁၂ ) ရှိ၏။
( ၃ ) မဟေသရစေတီတော် 
ဟိမန္တာတောင်အတွင်းရှိ မန္ဒာဂီရိအမည်ရှိ တောင်တွင် မဟေသာရနတ်မင်းမှ 
မြတ်စွာဘုရားရှင်နှင့် တန်ခိုးပြိုင်ရာ ရှုံးနိမ့်ပြီး မြတ်စွာဘုရားထံ ဥပသကာအဖြစ်
ခံယူခဲ့သည်။မြတ်စွာဘုရားရှင်အား ရုပ်ပွားတော်သဏ္ဌာန်ကို ကိုးကွယ်ခွင့်ပေးရန်
လျှောက်ထားရာ ခွင့်ပြုခဲ့သဖြင့် ရတနာခုနှစ်ပါးနှင့်ဆန်းကြယ်သောကျောင်းတော် 
ကြီးဆောက်လုပ်ပြီး ဂန္ဓကုဋိတိုက်ဖန်ဆင်းကာ လက္ခဏာတော်ကြီးငယ်တို့ဖြင့်တင့်
့်တယ်သော ဘုရားရှင်၏ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်းတစ်ကောင်ကို 
အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင်ဆောင်ရွက်ရန် အပ်နှံထားသည်။ 
စေတီတော်များ၏ အသေးစိတ် အချက်အလက်များကို ဆက်လက်တင်ပြပါမည်။
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာအမေးအဖြေ
များစာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။
Buddhism Beams (Myanmar) Website မှ ကူးယူမျှဝေသည်။
ဘာသာတရားတို့၏လားရာနှင့် ဘဝလမ်း
  ယနေ့ကမ္ဘာပေါ်တွင် လူအများကိုးကွယ်ဆည်းကပ်လျှက်ရှိသော ဘာသာကြီးလေးရပ်၏ ယေဘုယျ
တူညီသော အခြေခံသဘောတရားများကို “ ဘာသာရေးဥခွံကို ဖောက်ထွက်ကြည့်ခြင်း “ ဆောင်းပါးတွင်
မိမိရေးခဲ့ပြီး ဖြစ်သည် ၊ ထိုဆောင်းပါးတွင် ဘာသာတရားတို့သည်လူသားများအတွက် မရှိမဖြစ် ဟုတ်
မဟုတ်မှ အစပြု၍ ဘာသာတရားများနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးအထိမိမိမြင်သမျှကို သုံးသပ်တင်ပြခဲ့သည် ၊
ယခု ယင်းဘာသာတရားတို့၏လားရာ သို့မဟုတ် အမြင့်ဆုံးပန်းတိုင်နှင့် လူသားများ၏ အခန်းကဏ္ဍကို
အစွဲကင်းကင်းဖြင့် မိမိမြင်သည့်အတိုင်း လေ့လာသုံးသပ်ပြချင်ပါသည်။ ဘာသာတရားတို့သည် လူသားများကျင့်သုံးလိုက်နာနိုင်ကြစေရန်ကျင့်ဝတ်စည်းကမ်းချမှတ်ပေးခြင်း၌
 ယေဘုယျတူညီမှုရှိသည်မှန်သော်လည်း အဆုံးအမတရားတော်များနှင့် အနှစ်သာရပိုင်းမှာတော့
တူညီမှုမရှိကြပေ ၊ ယင်းမတူညီမှုကို အကြောင်းပြု၍ သက်ဆိုင်ရာဘာသာဝင်တို့သည် အပြောအဆို
အနေအထိုင် ယဉ်ကျေးမှု ဘဝရပ်တည်ဖြတ်သန်းမှု စိတ်နေစိတ်ထား ထုံးတမ်းစဉ်လာစသည်များ ကွဲပြား
သွားသည် ၊ တစ်ဘာသာနှင့်တစ်ဘာသာ ပဋိပက္ခတို့သည် ယခုလိုကွဲပြားမှုများမှ စတင်ဖြစ်ပေါ်သည် ၊
      ဘာသာတရားတိုင်းတွင် အမြင့်ဆုံးပန်းတိုင်ကိုယ်စီရှိကြသည် ၊ ယင်းအမြင့်ဆုံးပန်းတိုင်သည်လည်း
တစ်ဘာသာနှင့်တစ်ဘာသာ ကွဲပြားခြားနားသကဲ့သို့ သွားရာလမ်းကြောင်းအားဖြင့်လည်း တစ်မျိုး
တစ်ဘာသာစီ ဖြစ်နေသည် ၊ ဟိန္ဒူဘာသာ၏အမြင့်ဆုံးပန်းတိုင်မှာသံသရာမှ လွတ်မြောက်ခြင်းဟု
ဆိုအပ်သော ဗြဟ္မာလောကသို့ ရောက်ရှိရေးဖြစ်ပြီး ထူးခြားချက်မှာ လွတ်မြောက်ပြီးသူများသည် ကမ္ဘာ
လောကသို့ ပြန်လာနိုင်ကြသည်၊ ကမ္ဘာလောကကြီးတွင် မိမိတို့အလိုရှိရာ ခန္ဓာကိုယ်ကိုရယူ၍ လူသားများ
လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ကြသည် ၊ 
                ဟိန္ဒူဘာသာ၏ သံသရာမှ လွတ်မြောက်
ခြင်းဆိုသည်မှာ ဗုဒ္ဓဘာသာ၏အမြင့်ဆုံးပန်းတိုင်နိဗ္ဗာန်ကဲ့သို့ အပြီးအပြတ်ဘဝချုပ်ငြိမ်းသွားခြင်းမျိုး
မဟုတ်ပေ ၊ ဗုဒ္ဓဘာသာတို့၏ အမြင့်ဆုံးပန်းတိုင်ကား သြကာသဘုရားရှိခိုးမှာ ပါသည့်အတိုင်း နိဗ္ဗာန်ကို
မျက်မှောက်ပြုရေး ဖြစ်သည် ၊ ထူးခြားချက်မှာ ဗုဒ္ဓသာသာတို့၏နိဗ္ဗာန်သည် တစ်ခြားဘာသာများ၏
ပန်းတိုင်ဖြစ်သော ကောင်းကင်ဘုံကဲ့သို့ လောကတစ်နေရာရာတွင် ဘုံဋ္ဌာနတစ်ခုအနေဖြင့် တည်ရှိနေတာ
မျိုး မဟုတ်ပေ၊ ဤလောကနှင့်ဆက်စပ်နေသော နယ်ပယ်လည်း မဟုတ်ပေ၊ ဒီထက် ကျယ်ကျယ်ပြန့်ပြန့်
ပြောရလျှင် ဗုဒ္ဓဘာသာဝင်တို့၏ နိဗ္ဗာန်တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော အချိန်ကာလ မရှိ ၊
မြို့ရွာ တိုင်း နိုင်ငံစသော ကမ္ဘာလောက မရှိ၊ ဆောင်းနွေမိုးဟူသော ရာသီဥတုမရှိ ၊ အတွင်း အပြင်မရှိ ၊
အနီးအဝေး မရှိ ၊ ယုတ်နိမ့်ခြင်း မြင့်မြတ်ခြင်း မရှိ ၊ နူးညံ့သိမ့်မွေ့ခြင်း ရုန့်ရင်းကြမ်းတမ်းခြင်းများ မရှိ ၊
ချမ်းသာခြင်း ဆင်းရဲခြင်း မရှိ ၊ အမျိုး အနွယ် ပုဂ္ဂိုလ် သတ္တ၀ါ ယောက်ျားမိန်းမ မရှိ ၊ ချစ်ခြင်း မုန်းခြင်း
စသော ခံစားမှုဝေဒနာများ မရှိ ၊ ဗုဒ္ဓသာသာစာပေတို့၏အဆိုအရ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားသူသည်
ဘဝအသစ်တစ်ဖန် ပြန်ဖြစ်ခြင်းမရှိတော့ ( ဗုဒ္ဓဘာသာတို့၏ပန်းတိုင်နိဗ္ဗာန်နှင့်ပတ်သက်၍ အကျယ်တဝင့်
ရေးထားသော “ ဘဝသံသရာနှင့် နိဗ္ဗာန် “ ဆိုသည့် ဘလော့ပို့စ်လေးတစ်ခု မိမိတင်ထားဖူးပါသည် ၊
စိတ်ဝင်စားလျှင် ရှာဖတ်ကြည့်ပါဟု အကြံပြုပါသည် ) ၊
             ခရစ်ယာန်ဘာသာ၏အမြင့်ဆုံးပန်းတိုင်မှာ ကောင်းကင်ဘုံသို့ ရောက်ရှိရေးဖြစ်ပြီး ထူးခြားချက်
များမှာ ကောင်းကင်ဘုံသို့ ရောက်ရှိသူများသည် ဘုရားသခင်ကို ဖူးတွေ့ရလျှက် ဆုံးစမထင်သော ချမ်းသာ
မှုများ ထာဝရတည်မြဲသော ပျော်ရွှင်ဝမ်းမြောက်မှုများကို ရရှိကြသည် ၊ ဘုရားသခင်ကို ဖူးတွေ့ရ၍ ရရှိ
သော ချမ်းသာပျော်ရွှင်ဝမ်းမြောက်မှုများသည် မည်သည့်အခါမှ ပြီးဆုံးခြင်း ပြောင်းလဲခြင်း ယုတ်လျှော့ခြင်း
မဖြစ်တော့ပဲ ကောင်းကင်ဘုံရောက်ရှိသူများသည် ထာဝရတည်မြဲသောဘဝ၌ ဖွဲ့စည်းပါဝင်သွားသည် ၊
ခရစ်ယာန်အယူဝါဒတွင် ပုဂ္ဂိုလ်အားဖြင့် ဖခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ သုံးပါး
တစ်ဆူရှိသော်လည်း အနှစ်သာရအားဖြင့်ကား ထာဝရဘုရားသခင်တစ်ဆူတည်းသာ ရှိသည်၊ သားတော်
သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဖခမည်းတော်ထာဝရဘုရားသခင်၏ ကိုယ်တော်အစိတ်အပိုင်းများသာ
 ဖြစ်သည် ၊ ခရစ်ယာန်ဘာသာဝင်တို့၏အမြင့်ဆုံးပန်းတိုင်ဖြစ်သော ကောင်းကင်ဘုံတွင် ဖခမည်းတော်
ထာဝရဘုရားသခင် စံပယ်လျှက်ရှိသည်ဟု စာပေတို့တွင်ဆိုသည် ၊အစ္စလာမ်ဘာသာ၏အမြင့်ဆုံးပန်းတိုင်
မှာလည်း ကောင်းကင်ဘုံနှင့်အလားတူစွာ သုခဘုံသို့ ဝင်ရောက်ခွင့်ရရေးပင်ဖြစ်ပြီး ထူးခြားချက်မှာ သုခဘုံ
သည် ကောင်းကင်ဘုံခုနစ်ထပ်၏အထက်တွင်ရှိပြီး ၎င်းသုခဘုံသို့ ဝင်ရောက်ခွင့်ရရှိသူများသည် စည်းစိမ်
ချမ်းသာများကို ထာဝရခံစား စံစားကြရသည် ၊ အစ္စလာမ်ဘာသာဝင်တို့၏ ထာဝရဘုရားအမြင်သည်ကား
ခရစ်ယာန်ဘာသာဝင်တို့ထက်ရှင်းသည်ဟု ဆိုနိုင်သည် ၊ အနန္တစကြာဝဠာကြီးတစ်ခုလုံးတွင် ကိုးကွယ်စရာ
ဟူ၍ ထာရဘုရား တစ်ဆူတည်းသာရှိသည်၊ ထိုတစ်ဆူမှာ အလ္လာလ်အရှင်မြတ်ဖြစ်သည်ဟု ရှင်းလင်းစွာ
အယူရှိကြသည် ၊ တမန်တော် မိုဟမ္မဒ်မှာ အစ္စလာမ်ဘာသာကို ဖော်ထုတ်သူဖြစ်သော်လည်း ယေရှုခရစ်
တော်ကဲ့သို့ ထာဝရဘုရားသခင်၏ ကိုယ်တော်အစိပ်အပိုင်းမဟုတ်ပေ၊ အစ္စလာမ်ဘာသာတွင် ခရစ်ယာန်
ဘာသာကဲ့သို့ သုံးပါးတစ်ဆူ အယူအဆမျိုး  လုံးဝမရှိပေ ၊ ဖော်ပြပါ ဘာသာကြီးလေးရပ်ကို အမျိုးအစား
အားဖြင့် နှစ်မျိုးခွဲခြား၍ မှတ်နိုင်ပါသည် ၊ ဟိန္ဒူဘာသာ ခရစ်ယာန်ဘာသာ အစ္စလာမ်ဘာသာတို့သည်
ထာဝရဘုရားသခင်ကို လက်ခံသောဘာသာများ ဖြစ်ပြီး ဖြစ်ဖြစ်သမျှ သက်ရှိသက်မဲ့အားလုံးတို့သည်
ထာဝရဘုရားသခင်၏ အလိုတော်ကျ ဖန်ဆင်းထားခြင်းဖြစ်သည်ဟု အယူရှိကြသည်၊ ဗုဒ္ဓသာသာမှာတော့
ထာဝရဘုရားသခင်၏အခန်းကဏ္ဍမရှိပေ၊ ကံနှင့် သံသရာကျင်လည်မှုပိုင်းဆိုင်ရာတို့တွင် ဟိန္ဒူဘာသာနှင့်
ဗုဒ္ဓသာသာ တူသယောင်ရှိသော်လည်း လုံးဝမတူပေ ၊ ဟိန္ဒူဘာသာတွင် ကံနှင့်သံသရာတို့ကို ထာဝရ
ဗြဟ္မာကြီးက ကြိုးကိုင်သည် ၊ ဗုဒ္ဓဘာသာတွင် မိမိဘာသာမိမိ ကြိုးကိုင်သည်၊ ဖြစ်ဖြစ်သမျှကောင်းကျိုး
ဆိုးကျိုးတို့သည် မိမိမှာသာ တာဝန်ရှိသည်၊ မိမိတို့ဘဝကို မိမိတို့ဘာသာပုံသွင်းသည် ၊ ဖန်ဆင်းသည် ၊
မိမိသာလျှင် ဘဝ၏ဗိသုကာ ဖြစ်သည်၊ ဝါဒတစ်ရပ်အနေဖြင့် ပြောရလျှင် ဗုဒ္ဓသာသာသည် အနတ္တဝါဒ
ဖြစ်သည် ၊ ကျန်ဘာသာသုံးရပ်သည် အတ္တဝါဒဖြစ်သည်၊ ခြုံငုံသုံးသပ်ရလျှင် ဗုဒ္ဓသာသာသည် ဟိန္ဒူ
စသောဘာသာကြီးသုံးရပ်နှင့် လမ်းစဉ်အားဖြင့်လည်းကောင်း ဝါဒအားဖြင့်လည်းကောင်း ပန်းတိုင်အားဖြင့်
လည်းကောင်း တစ်မူထူးခြား ကွဲပြားလျှက်ရှိကြောင်း တွေ့ရသည်၊ အရာအားလုံး လုံးဝမတူ တစ်မူထူးခြား
ကွဲပြားနေသလားဆိုပြန်တော့လည်းမဟုတ်ပြန် ၊ တစ်ချို့တူညီတာလေးတွေ ရှိနေပြန်သည် ၊
ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့တွင် နောက်ဆုံး တရားစီရင်သောနေ့အကြောင်း ပါရှိသည်၊
ထိုတရားစီရင်သောနေ့နှင့် ဗုဒ္ဓဘာသာတို့၏ယမမင်းစစ်တမ်းသည် တူညီသည်ဟု မိမိယူဆသည်၊ ထို့ပြင်
ဗုဒ္ဓဘာသာတွင် အမြင့်ဆုံးပန်းတိုင်မဟုတ်သော်လည်း ကောင်းမှုပြုသူတို့လားရောက်ရာ ကောင်းသော
ဘုံဋ္ဌာနအဖြစ် နတ်ပြည် ဗြဟ္မာ့ပြည်များရှိကြောင်း အတိအလင်းပြဆိုထားသည်၊ ၎င်းနတ်ပြည် ဗြဟ္မာ့ပြည်
များတို့သည် ဟိန္ဒူစသော ဘာသာကြီးသုံးရပ်၏ အမြင့်ဆုံးပန်းတိုင်ဖြစ်သော ဗြဟ္မာလောက ကောင်ကင်
ဘုံ သုခဘုံတို့နှင့် သဘောတရားချင်းအတူတူဟု မိမိမြင်သည် ၊ ဤအမြင်ဖြင့်ကောက်ချက်ဆွဲရလျှင်
ဗုဒ္ဓသာသာတို့၏အမြင့်ဆုံးပန်းတိုင်ဖြစ်သောနိဗ္ဗာန်သည်သာလျှင် ကျန်ဘာသာတရားအားလုံးနှင့် တစ်မူ
ထူးခြား ကွဲပြားနေသည့် အနေအထားမှာ ရှိတော့သည် ၊
          ဤအနေအထားများဖြင့် ဘာသာတရားတစ်ခုခုကို ရွေးချယ်ကိုးကွယ်တော့မည့် လူတစ်ယောက်၏
အခန်းကဏ္ဍကို မိမိစဉ်းစားပါတော့မည်၊ မစဉ်းစားမှီ ဘာသာတရားတိုင်းတွင် တွေ့ရတတ်သော” ဒီဘုရားမှ
ဒီဘုရား ၊ ဒီဘုရားကိုသာ မဖြစ်မနေယုံကြည်မှ ဖြစ်မည် “ ဟူသော တစ်ယူသန်ဘုရားအစွဲများကို ဦးစွာ
ပယ်ပါသည် ၊ အထက်ပါ မိမိအမြင်အရ ဗုဒ္ဓဘာသာ၏ ပန်းတိုင်နိဗ္ဗာန်မှတစ်ပါး ဘာသာကြီးလေးရပ်တို့
သည် ဘာသာဝင်တို့အား ဘဝလမ်းညွှန်ပေးမှုတွင် ယေဘုယျတူညီသောလက္ခဏာရှိသည်ဟု မိမိမှတ်ယူ
ပါသည် ၊ ဘာသာကြီးလေးရပ်စလုံးတွင် ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းသူတို့အတွက် အကျိုးရလာဒ်
အားဖြင့် နတ်ပြည် ဗြဟ္မာပြည် ကောင်းကင်ဘုံ သုခဘုံသို့ လားရောက်စံစားရခြင်းဟူသော ကောင်းသော
အနာဂတ်ဘဝရှိသည် ၊ ဘဝကို မကောင်းမမွန်ဖြတ်သန်းသူတို့အတွက် အကျိုးရလာဒ်အားဖြင့် ငရဲဘုံသို့
လားရောက်ခံစားရခြင်းဟူသော မကောင်းသောအနာဂတ်ဘဝရှိသည်၊ ဘာသာတရားတစ်ခုခုကို ရွေးချယ်
ကိုးကွယ်တော့မည့်လူတစ်ယောက်အဖို့မှာတော့ ဤယေဘုယျတူညီမှုကို သိရုံဖြင့်မပြီး၊ သိရုံဖြင့် မပြည့်စုံ၊
မိမိ၏ အနာဂတ်ဘဝရည်မှန်းကိုပါ ထည့်တွက်စဉ်းစားမှ ပြည့်စုံနိုင်မည်ဟု မိမိယူဆသည် ၊
ထည့်တွက်စဉ်းစားစရာ နှစ်ချက်ရှိသည် ၊သင့်ဘဝရည်မှန်းချက်သည် နတ်ပြည်ဗြဟ္မာ့ပြည် ကောင်ကင်ဘုံ
သုခဘုံသို့ ရောက်ရန်သက်သက်ပဲလား၊ တစ်မူထူးခြား ကွဲပြားနေသော ဗုဒ္ဓဘာသာ၏အမြင့်ဆုံးပန်းတိုင်
နိဗ္ဗာန်ကိုရအောင်အားထုတ်ပြီး ဒီဘဝဒီမျှနှင့်ပင် ဘဝဇာတ်သိမ်းဖို့လား၊ မိမိအနာဂတ်ဘဝရည်မှန်းချက်သည်
နတ်ပြည်ဗြဟ္မာ့ပြည် ကောင်းကင်ဘုံ သုခဘုံသို့ ရောက်ရန်သက်သက်မျှဆိုလျှင် ကိုးကွယ်ရမည့်ဘာသာကို
အထူးအားစိုက် ရွေးချယ်နေစရာမလိုပေ၊ မိမိ၏ပစ္စုပ္ပန်ဘဝရပ်တည်မှုအတွက် အဆင်ပြေမည်ထင်သည့်
ဘာသာကိုသာ ခပ်လွယ်လွယ်ကိုးကွယ်နိုင်သည် ၊ ဘာသာမဲ့အဖြစ် နေလိုက နေနိုင်သည် ၊
     အကြောင်းမှာ နတ်ပြည်ဗြဟ္မာ့ပြည်တို့သည် ဗုဒ္ဓသာသာကိုးကွယ်သူတို့သာ လားရောက်ရမည့် ဘုံဋ္ဌာန
မဟုတ်သောကြောင့် ဖြစ်သည် ၊ အလားတူစွာ ဟိန္ဒူဘာသာ၏ပန်းတိုင်ဖြစ်သော ဗြဟ္မာလောကသည်
ဟိန္ဒူဘာသာဝင်တို့သာလားရောက်ရမည့်နေရာဋ္ဌာနမဟုတ်၊ ကောင်းကင်ဘုံသည် ခရစ်ယာန်ဘာသာ
ဝင်တို့သာ လားရောက်ရမည့်သီးသန့်နေရာ မဟုတ်၊ သုခဘုံသည်လည်း အစ္စလာမ်ဘာသာဝင်တို့သာ
လားရောက်ရမည့် သီးသန့်ဋ္ဌာန မဟုတ်၊ ၎င်းနေရာဋ္ဌာနတို့သည် ဘဝကို အပြစ်ကင်းစွာ ဖြတ်သန်းသူတို့
အတွက်သာ ဖြစ်သည် ၊ လူတစ်ယောက်အနေဖြင့် မည်သည့်ဘာသာကို ကိုးကွယ်ကွယ် မကွယ်ကွယ်
ဘဝကို အပြစ်ကင်းစွာ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရေးသည်သာ ပဓာနဟု မိမိအယူရှိသည်၊
ဘာသာတရားအသီးသီးတွင် ပြဆိုထားသော ငရဲဘုံတို့သည်လည်း ထို့အတူသာဖြစ်သည်၊
ငရဲဘုံတို့သည် ဘာသာလူမျိုးမခွဲခြား အပြစ်များတင်းကြမ်းဖြင့် ဘဝကိုမကောင်းမမွန်ဖြတ်သန်းသူတို့၏
အနာဂတ်နေရာဖြစ်သည် ၊ ဘာသာရေးခေါင်းစီးအောက်မှနေ၍ “ဒီဘာသာကို ကိုးကွယ်မှ ၊ ဒီဘုရားကို
ယုံကြည်မှ ၊ မကိုးကွယ် မယုံကြည်လျှင် ငရဲကျလိမ့်မည် “ဟူသော တစ်ဖက်သတ်အမြင်မျိုးသည်
ရယ်ဖွယ်ရာသာဖြစ်သည်၊ ဘယ်ရှုထောင့်ကကြည့်ကြည့် သဘာဝကျသော အမြင်မဟုတ်ပေ ၊
         ကောင်းပြီ၊ နောက် ထည့်တွက်စဉ်းစားရမည့်ရည်မှန်းချက်မှာ ဒီဘဝဒီမျှနှင့်သာ ဘဝခန္ဓာချုပ်ငြိမ်း
ဇာတ်သိမ်းရေးဖြစ်သည်၊ ဘဝခန္ဓာချုပ်ငြိမ်းဇာတ်သိမ်းဖို့အတွက် ဘဝအပေါ်ချစ်ခင်တွယ်တာနှစ်သက်သော
တဏှာမှ လွတ်မြောက်အောင် ကျင့်သုံးရသည်၊ တဏှာမှလွတ်မြောက်လျှင် ဘဝခန္ဓာချုပ်ငြိမ်းဇာတ်သိမ်း
သည် ၊ စကားလုံးအဖြောင့်အတိုင်းပြောရလျှင် တဏှာမှလွတ်မြောက်ရာသည် နိဗ္ဗာန်ဖြစ်သည်၊
တဏှာမှ လွတ်မြောက်အောင် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို လျှောက်ရသည်၊ ထိုမဂ္ဂင်ရှစ်ပါး လမ်းစဉ်သည်
ဗုဒ္ဓဘာသာမှာ ရှိသည်၊ ထို့ကြောင့် ဒီဘဝဒီမျှနှင့်သာ ဘဝချုပ်ငြိမ်းဇာတ်သိမ်းဖို့ ရည်မှန်းချက်ရှိရိုးမှန်လျှင်
ဗုဒ္ဓသာသာသည်သာ အသင့်တော်ဆုံးဟု အကြံပြုလိုက်ချင်ပါသည် ၊၊ ကျေးဇူးတင်ပါသည် ……….။
"မာရ်နတ်ရဲ့တပ်မ ၁၀-တပ်"
"မာရ်နတ်ရဲ့တပ်မ ၁၀-တပ်"
ဗုဒ္ဓစာပေတွေမှာ အဓမ္မဆိုးတွေကို
နိဗ္ဗာန်မရောက်အောင် နှောက်ယှက်ပိတ်ပင်တတ်တဲ့ မာရ်နတ်ရဲ့
လက်နှက်တွေအဖြစ်ပြဆိုထားပါတယ်။ မာရ်နတ်ဟာ ဓမ္မဘက်တော်သားတွေကို ရန်သူအဖြစ်
သတ်မှတ်ပြီး နှောက်ယှက်တိုက်ခိုက်လေ့ရှိပါတယ်။ မာရ်နတ်အသုံး
ပြုတတ်တဲ့ တပ်မကြီး ၁၀-ခုအကြောင်းကို သိနားလည်ထားဖို့လိုပါတယ်။
၁။ ကာမ - ဝတ္တုကာမနှင့် ကိလေသာကာမ။
၂။ အရတိ - မမွေ့လျော်ခြင်း။
၃။ ခုပ္ပိပါသ - ငတ်မွတ်ခြင်း။
၎။ တန္ဒီ - ပျင်းရိခြင်း။
၅။ ထိနမိဒ္ဓ - ငိုက်မျဉ်းခြင်း။
၆။ ဘီရု - ကြောက်ရွံ့ခြင်း။
၇။ ဝိစိကိစ္ဆာ - ယုံမှားမှု သံသယ။
၈။ မက္ခ - ကျေးဇူးကို ချေဖျက်မှုနှင့်ထမ္ဘ - တစ်စင်ထောင်မှု။
၉။ တွယ်တာမှု - တဏှာနှင့် အထင်ကြီးခြင်း မာန
၁၀။ အတ္တုက္ကံသန - ကိုယ့်ကို ချီးမြှောက်ခြင်းနှင့်ပရဝမ္ဘန - သူတပါးကိုနှိမ်ခြင်း။
                                 တို့ဖြစ်ပါတယ်။
အဓမ္မကို လိုက်စားကျူးလွန်နေသူတွေဟာ ရန်သူကိုမိတ်
ဆွေထင်ပြီး လူပေါင်းမှားသူတွေနဲ့တူပါတယ်။ ထိုလူတွေဟာ အခွင့်
သာတဲ့အခါမှာ အဲဒီရန်သူကပဲကိုယ့်ကို အနီးကပ်ဒုက္ခပေးတတ်
သလို အကျိုးပေးခွင့်ရလျှင် ချက်ခြင်းပင် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်ပါတယ်။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမေ
ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာ အမေရှိတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အမေမသိတောင်မှ
အမေရှိတယ်။
ချစ်သဒ္ဒါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ။
အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။
အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ။
သမီးသားတွေ ကြီးထွားစေရော့လို့
စိန်ရွှေပတ္တမြား အိမ်မြေကားနဲ့
ငွေသားအမွေ
ပေးနိုင်မှ အမေမဟုတ်
ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်းကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကိုမျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာအကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေဟာ အမေပဲလေ။ .......။
မွေတော် ကက္ကူဘုရား သမိုင်းကြောင်း
ရှမ်းပြည်နယ်တွင်တည်ရှိသော ရှေးဟောင်း မွေတော်ကက္ကူ  ဘုရားသမိုင်းကြောင်းမှာမွေတော် ကက္ကူသည်၊ ပအိုပ်းဘာသာစကား ကက် ကူ၊ ကက် = စခန်း၊ကင်းစခန်း နှင့် ကူ=နယ်ခြား ဖြစ်သည်၊ ပြန်ပြောရလျှင် နယ်ခြားစခန်းကဘုရားဖြစ်သည်၊။ အဘယ်ကြောင့်ဆိုသော်မွေတော်ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွားပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ် အစပ်ဒေသတွင်တည်ရှိခြင်းကြောင့်ဖြစ်ပါသည်။
ထိုနယ်စပ်တွင်ရှိသောဘုရားဟု ပအိုဝ်း လိုခေါ်ကြရာမှ ကက္ကူဘုရားဖြစ်လာပုံရသည်။ မွေတော် ကက္ကူဘုရားတည်ထားကိုးကွယ်ခြင်းအစကိုလည်း မြန်မာ သမိုင်းဆရာအချို့က ပုဂံခေတ် အလောင်းစည်သူမင်း (၁၁၇၄-၁၂၁၁) ဖေါင်ဆိုက်ရာမှတည်ထားကိုးကွယ်သည်ဟုဆိုသည်၊ ပအိုဝ်း မှတ်တမ်းများအရ နရပတိစည်သူမင်း တည်သည် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံသည် ဟုဆို၏၊
ပါးစပ်ပြောရာဇဝင်များအရ မွေတော် ကက္ကူဘုရားသည် ဗုဒ္ဓဘာသာတွင် သာသနာပြုသူရဲကောင်း မင်းကြီးဖြစ်တော်မှုသော သီရိဓမ္မာသောကမင်းကြီး၏ရှစ်သောင်းလေးထောင် ၈၄၀၀၀ အလှူထဲမှ အလှူဖြစ်သည်ဟုဆို၏၊ ယနေ့တိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်း ရှိသေးသည်ဟုဆိုကြသည်၊
သီရိဓမ္မာသောကမင်းကြီး၏ သာသနာပြုလုပ်ငန်းနဲ့ ဆက်စပ်နေသော ထူးခြားသောအရာဖြစ်စဉ် ၆ခု ရှိသည်ဟုဆိုကြ၏၊
၎င်းတို့မှာ ဓါတုစေတီ၊ ပရိဘောဂစေတီ၊ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ ကျောင်းနေရာဟောင်း၊ သိမ်နေရာဟောင်းတို့ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု ပုံရိပ်များမှခံစားမျှဝေသည်။
Jan 29, 2014
ကျတော်တို့ ပြောပြောနေတဲ့ ခမ်းကောင်၊ ခမ်းဒွမ် ပြသာနာက ဘာတွေလ?
ကျတော်တို့ ပအိုဝ်းတိုင်းရင်းသားတွေကို အခြေခံအားဖြင့် ခမ်းကောင် (တောင်ပေါ်ပအိုဝ်း) နှင့် ခမ်းဒွုမ် (မြေပြန့် ပအိုဝ်း) လို့ သုံးနုန်းပြောဆိုလေ့ ရှိတက်ပါတယ်။ ဒါက ဒေသကို အခြေခံပြီး ပအိုဝ်းအချင်းချင်းကြားမှာ ခေါ်ဆိုနေကြတာပါ။ အခြားတိုင်းရင်းသားတွေက ပအိုဝ်းတွေကို ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်မှာလည်း နေထိုင်နေကြတယ်လို့ သိထားကြပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ်ဆိုတဲ့ နယ်မြေဒေသကို အခြေပြုပြီး ခေါ်ဆိုတာကိုတော့ သူတို့ သိချင်မှ သိကြပါလိမ့်မယ်။ ကျတော်တို့ ပအိုဝ်းတိုင်းရင်းသားတွေမှာ အခြားတိုင်းရင်းသားတွေလို ကိုးကွယ်သည့် ဘာသာမတူညီစိတ် နှင့် မျိုးနွယ်ကွဲစိတ်ကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့ ပြသာနာ၊ အမျိုးသား နိုင်ငံရေးခံယူချက်နှင့် ပတ်သတ်ပြီး သွေးကွဲခဲ့တဲ့ပြသာနာတွေ ထွေထွေထူးထူးတော့ မရှိခဲ့လှဘူးလို့ ထင်ပါတယ်။ သို့ပေမယ့် လက်ရှိမှာလည်း ကျတော်တို့ကြား အမြဲပြောနေကြတာကတော့ ခမ်းကောင်၊ခမ်းဒွမ် ပြန်လည်စည်းလုံးညီညွတ်ရေး၊ ပေါင်းစည်းရေးတဲ့။ ဒါက ဘာကိုဆိုလိုတာလဲ။ ပအိုဝ်း ဘာသာစကားနဲ့တောင် ရှိပါတယ်။ (ခမ်းကောင်သားလိတ် နီလိတ် ခမ်းဒွမ်သားလိတ် နီလိတ်၊ ပအိုဝ်းချင့်ချင့် ဖတ၀်းဝင့်၊ ခမ်းကောင်တဲ့ ပအိုဝ်း-ခမ်းဒွမ်တဲ့ ပအိုဝ်းဒျားနေနေ၊ ခမ်းကောင်-ခမ်းဒွမ် လွောင်းဗူးဝင့်) စတဲ့ ရှေးဆောင်ပုဒ်တွေကို အမြဲကြားနေရတာပါ။ သမိုင်းရှိခဲ့လို့လည်း ဒီဆောင်ပုဒ်တွေ ရှိလာခဲ့တယ်လို့ ထင်ပါတယ်။ လူကြီးတွေ ပြောသလို ကျတော်တို့ ခမ်းကောင်နဲ့ ခမ်းဒွမ် ပအိုဝ်းတွေကြားထဲမှာ ဘာတွေကို စည်းလုံးပြီး၊ ဘာတွေကို ပေါင်းဖို့ ပြောနေကြတာလဲ။ ဘာကို ဆိုလိုနေကြတာလဲ။ ကျတော်တို့ အချင်းချင်းတွေကြားထဲမှာ ဘယ်လိုပြသာနာတွေ ရှိနေတာလဲ။ ဘာအတွက်ကြောင့်လဲ။ ဒါက တကယ်ရော ပအိုဝ်းအမျိုးသားအချင်းချင်း သွေးကွဲစေတဲ့ ပြသာနာတွေလားဆိုတာ သိရှိ မြင်တက်ဖို့ လိုပါတယ်။ ဒါတွေကို သိမှလည်း ပြသာနာတွေကို ရှင်းလင်း အဖြေရှာနိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင် ခမ်းကောင်၊ ခမ်းဒွမ်ပြသာနာလို့ လူကြီးတွေ ပြောတိုင်း လူငယ်တွေအဖို့ အတွေးမှား၊ အမြင်မှားတွေ ရှိလာနိုင်ပါတယ်။ ကိုယ်တိုင် စိတ်ထဲမှာလည်း လက်ခံယုံကြည်သွားနိုင်ပါတယ်။ ဒါကြောင့် ကျတော်တို့ အခြေခံကျကျ သိရှိနားလည်ဖို့တော့ လိုအပ်ပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ် ပြသာနာဆိုတာ စာမှု နှစ်မျိုးဖြစ်နေတဲ့ ပအိုဝ်းစာပေကြောင့်လား။ ပအိုဝ်းစာပေမှာ စာမှု နှစ်မျိုးရှိပါတယ်။ အလံတရာ နှင့် တောင်ကြီး-ထီသိမ်းစာမှု။ နှစ်မျိုးလုံးကို လက်ရှိမှာ အသုံးပြုနေပါတယ်။ စာမှုနှစ်မျိုးနှင့် ပအိုဝ်းစာကို တရားဝင် တမျိုးတည်းသော အမျိုးသားစာပေအဖြစ် မသတ်မှတ်နိုင်သေးသည့်အတွက် ပအိုဝ်းချင်းချင်း သဘောထားကွဲခဲ့ရာမှ ခမ်းကောင်၊ခမ်းဒွမ် ပြသာနာ ဖြစ်ပေါ်လာတာလား။ သူ့စာပေ၊ ငါ့စာပေကို တရားဝင် စာပေအဖြစ် သတ်မှတ်ညှိနှိုင်းရာမှ ပအိုဝ်းချင်းချင်း သွေးကွဲသွားကြတာလား။ နောက်ဆုံး ခမ်းကောင်၊ ခမ်းဒွုမ်ပအိုဝ်းဆိုတဲ့ သုံးနုန်းပြောဆိုမှု ပေါ်ပေါက်လာတာလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ထို့ပြင် လေယူလေသိမ် ကွဲပြားတဲ့ ပအိုဝ်းစကားကြောင့် ပအိုဝ်းချင်းချင်း သွေးကွဲစေသည့် အကြောင်းအရင်း ထဲက အချက်တချက်လား။ တောင်ပေါ်စကားကို မြေပြန့်ကပအိုဝ်း လုံးဝ နားမလည်၊ မြေပြန့်စကားကို တောင်ပေါ်က ပအိုဝ်း နားမလည်နိုင်တဲ့ အကြောင်းအရင်းကြောင့်ဖြစ်နေတာလား၊ တောင်ပေါ်၊ မြေပြန့် ပအိုဝ်းချင်းချင်း အပြန်အလှန် ကူးလူဆက်ဆံမှုနည်းပါးစေသည့် အကြောင်းအရင်းတရပ်လား။ ပအိုဝ်းချင်းချင်းကြား ယဉ်ကျေးမှု ထိန်းသိမ်းပုံ ကွာခြားခြင်း၊ ဓလေ့ထုံးတမ်း အစဉ်အလာ လက်ခံကျင့်သုံးပုံ ကွာခြားခြင်းနှင့် ဗမာဆန်ဆန် ပြုမှုနေထိုင်၊ ပြောဆိုသည့် အောက်ပြည်ပအိုဝ်းများရဲ့ အသွင်အပြင်တွေကြောင့်လား၊ ဒါမှမဟုတ် ခေတ်နောက်ကျပြီး ဖွံ့ဖြိုးမှု နိမ့်ကျနေသးသည့် တောင်ပေါ်ရှိ ပအိုဝ်းအချို့၏ ရှေးရိုးစွဲ အမြင်တွေကြောင့်လား ဆိုတာပြောဖို့ ခက်လှပါတယ်။ ဒီအခြေအနေတွေက အဓိက ပြသာနာအကြောင်းအရင်း မဟုတ်ရင် အဓိက ပြသာနာ အကြောင်းအရင်းတွေက ဘာတွေလဲ၊ တကယ်ရော ရှိနေသလား။ ဒါမှမဟုတ်ရင် ခမ်းကောင်-ခမ်းဒွုမ်ရဲ့ ပြသာနာက ပုဂိုလ်စွဲ၊ ဒေသစွဲကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ အစွဲတခုကြောင့်လား။ ဒါဆိုရင် ပုဂိုလ်စွဲ၊ ဒေသစွဲက အဓိက အရင်းခံပြသာနာဆိုရင် ပအိုဝ်းများ စည်းလုံးညီညွှတ်ရေကို သွေဖီစေမည့် ပုဂိုလ်စွဲ၊ ဒေသစွဲ လက်ကိုင်ထားမှု၊ အလွန်အကျွံ ကျင့်သုံးမှုတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ လူဆိုသည်မှာ အစွဲနှင့်တော့ မကင်းတက်ပါဘူး။ လက်ခံနိုင်ပါတယ်။ လူတိုင်းမှာ အမျိုးချစ်စွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ ရှိတက်ပါတယ်။ ဒါပေမယ့် အလွန်အကျွံဖြစ်ရင်တော့ ကိုယ်လည်းနစ်နာတက်သလို အမျိုးသားအတွက်လည်း နစ်နာတက်ပါတယ်။ အရင်တုန်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ခဲ့တဲ့ ရှေး ပအိုဝ်းခေါင်းဆောင်တွေကြားမှာလည်း ဒေသစွဲ ရှိကြလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးမယ်လို့လည်း ထင်ပါတယ်။ ဒီအစွဲတွေ လက်ကိုင်ထားကြောင့် သူ့လူမှ သူ့လူ၊ ငါ့ဒေသလူမှ ငါ့ဒေသလူဆိုတဲ့ အစွဲမကင်းတာကြောင့် ပအိုဝ်းချင်းချင်းကြားမှာ သူ့လူအာဏာရမှ ငါ့ဒေသဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ ငါ့ဒေသ နာမည်ကြီးမယ် စတဲ့ ရှေးဆန်တဲ့ ဒေသစွဲတွေ ကို ရှေ့တန်းတင်တာတွေ ရှိခဲ့တာကြောင့် ပအိုဝ်းချင်းချင်းကြားမှာ ပအိုဝ်းခေါင်းဆောင်များ” ခမ်းဒွုမ်၊ ခမ်းကောင် လွောင်းဗူးဝင့်” ဆိုတဲ့စကားကို မကြာခဏ ပြောခဲ့ကြောင်း ထင်မိပါတယ်။ ဒီအတွက်လည်း ယနေ့လူငယ်များ သမိုင်းဆောင်ပုဒ်အဖြစ် မှတ်သား သိရှိခဲ့ရပါတယ်။ ယနေ့အချိန်မှာ ကျန်နေသေးတဲ့ တော်လှန်ရေးကို ဆက်လုပ်နေတဲ့ ပအိုဝ်းခေါင်ဆောင်အချို့နှင့် လူငယ် အချို့ကြားမှာလည်း ဒီဒေသစွဲ ရှိနေတုန်းပါပဲ။ ဖွဲ့စည်းမဲ့ အဖွဲ့အစည်းတွေရဲ့ ဗဟိုကော်မတီမှာ ငါ့ဒေသက ပအိုဝ်းတစ်ယောက် ပါဝင်ရေး၊ ငါ့တို့ဒေသက လူကိုဘဲ မဲထည့်ရေး၊ ငါ့ဒေသက ပုဂိုလ်အတွက် မဲဆွယ်စည်းရုံးရေး စတဲ့ အတွေးတွေ၊ ဒေသစွဲတွေရှိနေတုန်းပါပဲ။ ဒါတွေကို ယနေ့အချိန်မှာ စဉ်းစားချင့်ချိန်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ သည့်အတွက်ကြောင့် ပအိုဝ်းလူငယ်တွေ “ခမ်းကောင်၊ ခမ်းဒွုမ် ညီညွှတ်ရေး၊ စည်းလုံးရေး” ဆိုတဲ့ ရှေးပအိုဝ်းအမျိုးသားဆောင်ပုဒ်၏ နောက်ကွယ်မှာ ဘယ်လိုပြသာနာ အရင်းအမြစ်တွေ ရှိနေသလဲဆိုတာ အဓိပါယ်ရှိရှိ ရှာဖွေ၊ သိရှိ၊ ဖော်ထုတ်သွားနိုင်လိမ့်လို့ မျှော်လင့်မိပါတယ်။
 ခွန်နီပအိုဝ်း
မိန်းခလေးများပျက်စီးတတ်သော အကြောင်းတရားကိုးပါး
မိန်းခလေးများပျက်စီးတတ်သော အကြောင်းတရားကိုးပါး
၁။ ပန်းဥယာဉ်သို့ အသွားများသောမိန်းမ
၂။ သစ်သီးဥယာဉ်သို့ အသွားများသောမိန်းမ...
၃။ ရေဆိပ်သို့ အသွားများသောမိန်းမ
၎။ ဆွေမျိုးအိမ်သို့ အသွားများသောမိန်းမ
၅။ မိတ်ဆွေယုတ်အိမ်သို့ အသွားများသောမိန်းမ၊
စကားကြမ်းတမ်းစွာပြောဆိုတတ်သောမိန်းမ
၆။ မှန်ကြည့်များသောမိန်းမ၊
အ၀တ်အစား ပန်းနံ့သာအခြယ်အလှယ်များသောမိန်းမ
၇။ အရက်သေစာသောက်စားသောမိန်းမ
၈။ ကိုယ်အင်္ဂါကို ဖော်ပြတတ်သောမိန်းမ
၉။ အပြင်သို့အကြည့်များသောမိန်းမ
ဤအကြောင်းကိုးပါးတို့သည် မူလက ကောင်းမွန်သော မိန်းမကောင်းကိုပင် ပျက်ဆီးစေတတ်သည်ဟု ဆို၏။
(ဇာတကပါဠိတော် ၊ ကုဏာဇာတ်)
ဝိဇ္ဇာ (၃)ပါး
ဝိဇ္ဇာ (၃)ပါး
ဝိဇ္ဇာ (၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု- ဆိုတာက ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဋ္ဌာနတွေမှာ ခံစား စံစားခဲ့ရတယ် စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်တစ်မျိုးကို ( ပုဗ္ဗေနိဝါသ- ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို၊ အနုဿတိ- ပြန်လည်မြင်ယောင် မှတ်မိနိုင်သော၊ အဘိဥာဏ- တန်ခိုး အဘိဥာဉ် )လို့ ခေါ်ပါတယ်။
ဒိ- ဆိုတာ  ဘယ်လောက်ပင် တောတွေတောင်တွေ၊ နံရံတွေ ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့ ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးမျိုးကိုတော့ (ဒိဗ္ဗစက္ခု- နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော၊ အဘိဥာဏ- အဘိဥာဉ် ) လို့ ခေါ်ဆိုရပါတယ်၊
အာ -ဆိုတာကတော့ ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာရရှိတတ်တဲ့ ( အာသ၀-ကိလေသာများ၊ ခယ-ကုန်ခမ်းသွားခြင်း ) ဆိုတဲ့ အာသ၀က္ခယ အဘိဥာဉ်ပါ။
ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပြီး မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဘုရားဖြစ်ခါနီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ မရောက်ခင် ညဦးယံအချိန်အခါမှာ အထက်ပါ ၃ မျိုးထဲက ပထမဥာဏ် တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန် အာရုံတက်ခါနီးအချိန်မှာ အာသ၀က္ခယ ဥာဏ်တော်ကို ရတော်မူပြီး ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊
ဝိဇ္ဇာ ( ၈ )ပါး
ဆောင်ပုဒ်။  ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊ ၀ိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ် ရေတွက်လေ။ ဆိုပြီး ငယ်ငယ်က မှတ်မိလွယ်အောင်ကျက်ခဲ့ဖူးတယ်။
ဆိုလိုတာက အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။
၁။  ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။ ဒိဗ္ဗစက္ခု အဘိညာဉ်
၃။ အာသ၀က္ခယ အဘိညာဉ် 
၎။ ၀ိပဿနာအဘိညာဉ် 
၅။ စေတောပရိယ အဘိညာဉ် 
၆။ မနောမယိဒ္ဓိ အဘိညာဉ်
၇။ ဒိဗ္ဗသောတ အဘိညာဉ် 
၈။ ဣဒ္ဓိ၀ိဓ အဘိညာဉ် 
၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။ ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်းပါ။
၃။ အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။  ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သခါင်္ရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရှုတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။ စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ်တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ် သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  ကြားနိုင်ခြင်းပါ။
၈။  ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းပါ။
ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။
နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --
အကျဉ်းချုပ် မှတ်လိုရင်-
ဘော- ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊  သူတော်ဥစ္စာ၊ ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။
သီ ဣံ ဘော ဇာ၊  သဒ္ဓမ္မာ၊ သတ္တရူပ၊  ဈာန်စတုက္က-  လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။
အဓိပ္ပါယ်များကတော့ -
၁။ ဘော- ဆိုတာ ဘောဇန မတ္တညူ-  မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့ ယောဂီသူတော်ကောင်းများ ဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊ မသင့်တော်ဘူး လား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင် ခေါင်းကိုက်နေပြီး ၀ိပဿနာ တရား မရှုမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို အတိုင်းအတာ ပမာဏသိရပါမယ်။
၂။ ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ- ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေ ရပါမယ်၊ လျော့တိရော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊ ၀တ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။
၃။ သီ- ဆိုတာက သီလသံဝရ-  လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင် ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ စောင့်ထိန်းရပါ မယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ သီလ- သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။
၎။ ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ- မျက်စိအာရုံ၊ နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆) ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊  အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊ အထူးသဖြင့် ကိုယ့်စိတ် ကိုလဲ အလိုလိုက်ပြီး   ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊ ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။
၉။ သဒ္ဓါ- ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့သဒ္ဓါမျိုး၊ ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်၊ မကောင်းတာ လုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့ ကံရဲ့အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။
၁၀။  သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး ရှစ်ပါး သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့ သာသနာပ အခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့ သီလတွေက ရဟန်းတော်တွေမှာ သာသနာပ အခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊  သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။ လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။
၁၁။ ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊ မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။
၁၂။ သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။
၁၃။ သုတ-  ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို တတ်သိ နားလည်နိုင်ခြင်းပါ။
၁၄။ စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊ သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။
၁၃။ ပညာ- ဆိုတာ သံသရာမှ ထွက်မြောက်စေနိုင်သော သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့  မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို ရည်ရွယ် ပါတယ်။
အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊ ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင် စရဏ (၁၅) ပါးပြည့်သွားပါတယ်။ ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။
အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့ စာရေးသူတို့ရဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံ တော် မူပါတယ်၊ အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့်ပွားများ နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
Jan 28, 2014
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်
ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ်
မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ၊
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ
ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။
၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။
၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။
၎။
လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။
၅။
တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟောတော်မူပါသည်။
၆။
ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။
၇။
အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။
( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )
၁။ သန္ဓေယူသောနေ့ ( မ=သန် )
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။
၂။ ဖွားတော်မူသောနေ့ ( သိ=ဖွား )
သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။
၃။ တောထွက်သောနေ့ ( ကြ=တော )
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊  ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။
၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊  ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကိုး။
၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊  စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။
၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊  အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။
၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။
ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
( ကလေးတို့အတွက် ဗုဒ္ဓ၀င်အကျဉ်း )
၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေ၀ဒတ်
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )။
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။
၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )။
၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ )။
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )။
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )။
၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။
၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။
နိယာမ ၅ ပါး အဓိပ္ပါယ်
နိယာမ ဆိုတဲ့ ပုဒ်က မြဲတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဟောပါတယ်၊
၁၊ ဗီဇ နိယာမ = မျိုးစေ့ မြဲတယ် လို့ ဆိုလိုပါတယ်။ ဆီးစေ့က ဆီးပင်ပေါက်တယ်၊ သရက်စေ့ က သရက်ပင် ပေါက်တယ် ဆိုတာမျိုးပါ။
၂ ၊ဥတု နိယာမ = ဥတု မြဲတယ် လို့ ဆိုလိုပါတယ်၊ ဆောင်းရာသီ နှင်းကျတယ်၊ မိုးရာသီ မိုးရွာတယ်၊ နွေရာသီ နေပူတယ် ပေါ့၊
၃၊ ကမ္မ နိယာမ = ကုသိုလ်ကံ အကုသိုလ်ကံအဖြစ် မြဲတယ် ပေါ့။ ကုသိုလ်ကံက ကောင်းကျိုးကို ပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးကို ပေးတယ်လို့ ယုံကြည်တာမျိုးပါ။ ဒါကိုပဲ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - လို့လဲ ခေါ်ပါတယ်၊
၎၊ ဓမ္မ နိယာမ = သဘော အားဖြင့် မြဲတယ် ပေါ့၊ ဘုရားအလောင်း ပဋိသန္ဓေယူတဲ့ အခါ၊ ဘုရားဖြစ်တဲ့ အခါ၊ ဓမ္မစကြာတရားဟောတဲ့အခါ၊ အာယုသင်္ခါရ လွှတ်တဲ့အခါ၊ ခန္ဓာ ပရိနိဗ္ဗာန် စံတော်မူတဲ့ အခါတွေမှာ လောကဓာတ် တသောင်း တပြိုင်နက် တုန်လှုပ်ခြင်း မျိုးကို ဆိုလိုပါတယ်၊
၅၊ စိတ္တ နိယာမ = စိတ်ဖြစ်ပုံ မြဲတယ် တဲ့၊ စိတ် ဟာ အာရုံ တမျိုးနဲ့ ကြုံတွေ့ခဲ့ရင် အတီတ ဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာ ၀ဇ္ဖန်း၊ စက္ခု ၀ိဥာဏ်၊ သမ္ပဋိစ္ဆိုင်း ၊ သန္တီရဏ ၊ ၀ုဋ္ဌော၊ စတဲ့ဖြစ်စဉ် ဟာ မပြောင်းလဲဘူး၊ ပုံမှန် ဖြစ်နေကျ စိတ်အစဉ် လို့ ဆိုလိုတာပါ၊
ဒီနိယာမ ငါးပါး ထဲမှာ ယင်က ဥချပြီး၊ ဥကနေ လောက်ကောင်ဖြစ်၊ လောက်ကောင်ကနေ တဆင့်မှ ယင်ဖြစ်လာတယ် ဆိုတာ ဟာ ဗီဇ နိယာမ အတွင်းမှာ ပါဝင်ပါတယ်၊
သတ္တ၀ါ တွေ ဟာ တိုက်ရိုက် ပေါက်ဖွားတဲ့ ဧကဇ အမျိုးအစား၊ နှစ်ဆင့် ပေါက်ဖွားတဲ့ ဒွိဇ အမျိုးအစား၊ သုံးဆင့် သုံးခါ ပေါက်တဲ့ တိဇ အမျိုးအစား စသောအားဖြင့် အမျိုးမျိုး ရှိကြပါတယ်၊
လူတို့ ကျွဲ နွား စတဲ့ သတ္တ၀ါတွေကတော့ အမိဝမ်းဗိုက်က တကြိမ်ထည်း မွေးဖွားကြလို့ ဧကဇ မျိုးလို့ ခေါ်ပါတယ်၊ ကြက် တွေ ငှက်တွေ မြွေတွေ ဖွတ်တွေ ကျတော့ အမိက ဥကို တကြိမ် ဥတယ်၊ ဥကမှ အကောင်ပေါက်တဲ့ အတွက် ဒွိဇ မျိုး နှစ်ကြိမ်ပေါက် သတ္တ၀ါတွေပါ၊
ယင် ပျားကောင် လိပ်ပြာ တို့ကျတော့ ပထမ ဥတယ်၊ လောက်ကောင်လို ပိုးကို ပေါက်တယ်၊ အဲဒီ ပိုးက အစားအစာ ၀ပြီး တနေရာမှာ အမြှေးတွေ ဖုံးအုပ်ပြီး ငြိမ်သက်စွာ ဖိုဝင်တယ်၊ အဲဒီ ဖိုက ထွက်မှ မူလ သတ္တ၀ါမျိုး ဖြစ်ရတယ်၊ ဒါကြောင့် သူတို့ကို တိဇ မျိုး သုံးခါ ပေါက် လို့ ခေါ်ရတယ်၊
လောကမှာ သတ္တ၀ါတွေဟာ အလွန် အဖြစ်ဆန်းပါတယ်၊ ( သတ္တ နိကာယော အစိန္တေယျော ) လို့ စာပေက ဆိုပါတယ်၊ အဓိပ္ပါယ်က သတ္တ၀ါ ဖြစ်ပုံကို မကြံစည် နဲ့ လို့ ဆိုလိုတာပါ၊
အားလုံး ခြုံကြည့်ရင် သတ္တ၀ါတွေ ဖြစ်လာတဲ့ ပုံစံ ဟာ လေးမျိုး ရှိပါတယ်၊ တနည်းအားဖြင့်
ပဋိသန္ဓေ လေးမျိုး ပေါ့။
၁၊ ကိုယ်ကောင် ထင်ရှား ဘွားကနဲ ဖြစ်လာတဲ့ နတ် ဗြဟ္မာ စတဲ့ ဥပပတ် ပဋိသန္ဒေ၊
၂၊ အညှီ အဟောက်ကို စွဲမှီ ဖြစ်လာတဲ့ ဝေဠုဝတီ တို့လို သံသေဒဇ ပဋိသန္ဓေ၊
၃၊ ဥ ခွံ တွင်းက ဖြစ်ပေါ်လာတဲ့ ကြက် ဘဲ တို့လို အဏ္ဍဇ ပဋိသန္ဒေ၊
၎၊ မိခင် ၀မ်းဗိုက်မှာ ကလလ ရေကြည် စတည် ဖြစ်ပေါ်လာတဲ့ လူ တွေလို ဇလာဗုဇ ပဋိသန္ဓေ၊
၃ နဲ့ ၄ ကိုတော့ အမိဝမ်းမှာ ပဋိသန္ဒေနေရလို့ ဂဗ္ဘသေယျက သတ္တ၀ါ လို့ ခေါ်နိုင်ပါတယ်၊ နားလည်အောင် ပြောရရင် အဖို နဲ့ အမ စပ်ယှဉ်ပြီးမှ ဖြစ်ပေါ်လာတာပေါ့။ ၁ နဲ့ ၂ တို့ကတော့ အဖို အမ စပ်ယှဉ် စရာ မလိုပဲ ဖြစ်ပေါ်လာနိုင်ပါတယ်၊
လောကမှာ ရှိတဲ့ သတ္တ၀ါ အားလုံး ဟာ ဒီလေးမျိုး အနက် တမျိုးမျိုး နဲ့ သာ ဖြစ်ကြရပါတယ်၊
ခြွင်းချက်အနေနဲ့ တီကောင် ဟာ အဖို အမ စပ်ယှဉ်ပေါက်ဖွားလာတာကြောင့်လဲ ဖြစ်နိင်တယ်၊ နောက်ပြီး အညှီ အဟောက်ကြောင့်လဲ ဖြစ်နိုင်တယ်၊ ရုတ်တရက်ဖြစ်တတ်တဲ့ ဥပပတ် မျိုးလဲ ရှားရှား ပါးပါး ရှိတတ်ပါတယ်၊
သိပ္ပံ နည်းအလို အရ ဆိုရင်တော့ သတ္တ၀ါတွေ ဖြစ်ပေါ်လာပုံ ဟာ ၅ မျိုး ရှိတယ် လို့ ဆိုပါသတဲ့။
၁။ ပထမအမျိုးက အမြီးဗားကောင်များလို တစ်ကောင်ထည်းက နှစ်ခြမ်းကွဲ နှစ်ကောင် ဖြစ်လာတာလဲ ရှိတယ်၊ ၂။ ဒုတိယ မျိုးက ဆဲလ်ပေါင်းများစွာပါတဲ့ သက်ရှိအရာဝတ္ထုတခုဟာ မြေမှာ ကပ်ပြီး အမြစ်တွယ် တိုးပွားလေ့ရှိသော စတော်ဘယ်ရီပင်လို သက်ရှိ အပင်သစ်များပေါက်ဖွားရန် ကြီးထွားလာတာမျိုးလဲ ရှိတတ်ပါတယ်၊ ၃။ တတိယ အမျိုးက ဘယ်လ်ဂျေပင် မှို နှင့် အဆင့်အတန်းမြင့်တဲ့ သစ်ပင်များမှာ အပင်သစ်တွေ အလိုလို ဖြစ်ပွားလာသလို သတ္တ၀ါတမျိုးကို မှီတွယ်ပြီး ဆင့်ပွားလာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊ ၄။ စတုတ္ထအမျိုးက ဖို နဲ့ မ စပ်ယှက် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သတ္တ၀ါမျိုးလဲ ရှိပါတယ်၊ ၅။ ပဉ္စမအမျိုးက အမ ဟာ အဖို နဲ့ ပေါင်းဖော်ခြင်း မရှိပဲ သားသမီးငယ်များကို ပေါက်ဖွားစေတဲ့ သတ္တ၀ါမျိုးလဲ ရှိတတ်ပါတယ်။ ဒီငါးမျိုးက တော့ သက်ရှိသတ္တ၀ါတွေ ပေါက်ဖွားလာပုံကို သိပ္ပံက သုတေသန တွေ့ရှိချက်ပါပဲ။ ဒီငါးမျိုးထဲမှာ တီကောင်တွေကတော့ စတုတ္ထ အမျိုး နဲ့ ပဉ္စမ အမျိုး ကြောင့် ဖြစ်တတ်ပါတယ် တဲ့။ လောက်ကောင် ကြီးရင့်လာရင် ယင်ဖြစ်သလို တီကောင်ကြီးရင့်လာရင် ပင့်ကူကောင်များ၊ အမျှင်ရှိအကောင်များ၊ ကျောက်စုန်းတောက်တဲ့ ဆက်ကော့တာ ရပ်ကြီးများ၊ အသားစားတဲ့ ပင်လယ်တီကောင်များ သို့မဟုတ် ကင်းခြေများ၊ ပင်လယ်ကမ်းခြေမှာရှိတဲ့ သဲပလုပ်ကောင်များ၊ မြင်းမြှော့များ၊ မြှော့နက်ကောင်များ၊ စတာတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ လူထုသိပ္ပံကျမ်း အတွဲ ( ၅ ) တီကောင်မျိုးမှ ဆင်းသက်ပိုးမျိုးများအခန်းကို ကြည့်ရှု့နိုင်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သက်ရှိသတ္တ၀ါအားလုံးဟာ နိယာမ တရား ငါးပါးကနေ ဘယ်လို အကြောင်းနှင့်မှ သွေဖယ်လို့ မရနိုင်ဘူး ဆိုတာမှတ်သားရပါတယ်။ ကျမ်းကိုး၊ ယနေ့ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ တည်တော ဆရာတော်၊ ထီးချိုင့်မြို့ ။