........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Aug 25, 2018

ပင်းလောင်းမြို့နယ် (ကွန်ကီရွာ) ကျွိုက်ထီးရိုးစေတီ

(ခွန်မောင်ႏသာႏ ငါဝ်းဆုတောင်ꩻ
ခမ်းပင်ꩻလောင်ꩻ ရပ်သာႏယာႏ)
"ဆကွဉ်ႏမျက်နား အဝ်ႏကုဲင်က
နဂါꩻမူႏမ အခင်ႏလမ်း
ဝိဇ္ဇာႏထိန်ꩻခမ်း အနေႏရာႏ
စေႏတီပေါႏဗာႏ တနီꩻခါ
ကောင်လောင်းဆောင်ႏနာ
ကျွိုက်ထီရိုꩻ
လိုꩻလူꩻအဝ်ႏကွိုꩻ စေႏတီႏမျတ်
သထွုံႏဟံႏတွက် ဌာႏပနာႏ"။
ဆတွို့ꩻနောဝ်ခါႏ အောင်ႏသာႏယီး
တဖူꩻလစ်ꩻလီႏ ယံကပေါႏ
စန္တာႏမဉ်ꩻဖောႏ ဝေင်ꩻပင်လောင်ꩻ
လွေꩻဒွိုန်းပွေါးကျောင်ꩻ ယိုအတာႏ•••။

#မော်ပုညလုံးတဲမ်း ပအိုဝ်ႏအနာႏဂါတ်
ထွဋ်တပေါင်းကိုဩ။


ဝါႏခေါင်ႏလာဗွေ(မေတ္တာႏနီꩻ)


Aug 20, 2018

ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)


ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)
*****************************
မြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ဟာ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်၍ တောအုပ်တစ်ခုတွင် ဝါဆိုဝါကပ်တော်မူခဲ့ကြ၏။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်အောင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေခြောက်ခြားပြီး ဝါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ သာ၀တ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားခဲ့ကြ၏။
        
မြတ်စွာဘုရားက မေတ္တာလက်နက်ကို ယူဆောင်ပြီး တောအုပ်သို့ ပြန်သွားကြရန် တိုက်တွန်းပြီး မေတ္တာသုတ်ဒေသနာကို ဟောကြားပေးလိုက်၏။ တောအုပ်သို့ပြန်ရောက်သောအခါ ရဟန်းတော်တို့၏ မေတ္တာဓာတ်ကြောင့် နတ်များက ချစ်လာကြပြီး အေးချမ်းစွာ တရားအားထုတ်ခွင့်ရခဲ့ကြ၏။   ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ဝါခေါင်လအတွင်း ဒုတိယဝါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ဝါမကျွတ်မီ ရဟန်းတော်များအားလုံး ရဟန္တာ ဖြစ်တော်မူသွားကြ၏။ ဒါကတော့ မေတ္တာသုတ်ရဲ့ ဇာတ်လမ်းအကျဉ်းဖြစ်၏။

📖မေတ္တသုတ်ပါဠိ
🌺🌺🌺🌺🌺🌺

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဉှိစေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ။ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။ သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘဝန္တု သုခိတတ္တာ။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ နဝသေသာ။ ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာတု။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။

မေတ္တသုတ္တံ နိဋ္ဌိတံ။


မေတ္တာသုတ် မြန်မာအသံထွက် ရွတ်ဖတ်နည်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ ယတ်သာနု ဘာ၀ တော ယက်ခါ

နေ၀ ဒတ်သင်တိ ဘီသနံ၊

ယင်ညှိစေဝါ နုယုန်ဇန်တော၊ ရက်တိန် ဒိ၀ ၊ မတန်ဒိတော။

၂။ သုခံ သုပတိ သုတ်တောစ ၊ ပါပံကိန်စိ နပတ်သတိ၊

အေ၀ မာဒိ ဂုဏူပေတံ၊ ပရိတ်တံ တံဘဏာမဟေ။

၃။ ကရဏီ မတ်ထ ကုသလေန၊ယန်တ သန်တံ ပဒံ အဘိသမစ်စ၊

သက်ကော အုဇူ စသု ဟုဇူ စ၊

သု၀စော စတ်သ မုဒု အနတိမာနီ။

၄။ သန်တုတ်သကော စ သု ဘရော စ၊

အပ်ပ ကိတ်စော စ သန်လဟုက ၀ုတ်တိ၊

သန်တိန် ဒရိယော စနိပကောစ၊

အပ် ပဂပ်ဘော ကုလေသွ နနုဂိတ်ဓော၊

န စ ခုတ်ဒ မာစရေ ကိန်စိ၊

ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ၊

သုခိနော၀ ခေမိနော ဟွန်တု၊

သပ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ၊

၆။ ယေ ကေစိ ပါဏ ဘူတတ်ထိ၊

တသာ ဝါ ထာ၀ရာ ၀၊န၀ သေသာ၊

ဒီဃာ ဝါ ယေ၀ မဟန်တာ၊

မစ်ဈိမာ ရတ်သကာ အဏုက ထူလာ၊

၇။ ဒိတ်ထာ ဝါ ယေ၀ အ ဒိတ်ထာ၊

ယေ၀ ဒူရေ ၀သန်တိ အ ၀ိဒူရေ၊

ဘူတာ၀ သမ်ဘေ၀ သီ၀၊

သပ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ။

၈။ န ပရော ပရံ နိကုတ်ဗေထ၊

နာတိမင်ညေထ ကတ်ထစိ န ကင်စိ၊

ဗျာရောသနာ ပတိဃ သင်ည၊

နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ၊

၉။ မာတာ ယထာ နိယံ ပုတ်တ၊

မာယုသာအေက ပုတ်တ မနုရက်ခေ၊

အေ၀မ်ပိ သပ်ဗ ဘူတေသု၊

မာနသံ ဘာေ၀ယေ အပရိမာဏံ။

၁၀။ မစ်တင်စ သပ်ဗ လောက သမိ၊

မာနသံ ဘာ၀ယေ အ ပရိမာဏံ၊

အုတ်ဓံ အဓော စ တိရိယင်စ။

အ သမ်ဗာဓံ အေ၀ရ မ သပတ်တံ၊

၁၁။ တိတ်ထံ စရံ နိသိန်နော ၀၊

အ သမ်ဗာဓံ အေ၀ရ မ သပတ်တံ၊

သယာနော ယာ၀တတ်သ ၀ိတ မိတ်ဒေါ၊

အေတံ သတိမ် အဓိတ်ထေယ၊

ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။

၁၃။ ဒိတ်ထိန်စ အနုပက်ဂမ်မ၊ သီလ ဝါ ဒတ်သနေန သမ်ပန်နော၊

ကာမေသု ၀ိနယ ဂေဓံ၊

န ဟိ ဇာတုတ် ဂပ်ဘ သေယ ပုန ရေတိ၊

မစ်တ သုတ်တံ နိတ်ထိတံ......။

မေတ္တသုတ် မြန်မာပြန်
🌷🌷🌷🌷🌷🌷🌷🌷
၁။ မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်

၂။ ချမ်းသာစွာအိပ်ရ၏။ အိပ်သော်လည်း မကောင်းသော အိမ်မက်ကို တစိုးတစိမျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းတို့ ငါတို့ ရွတ်ဖတ်ကြပါကုန်စို့။ 

၃။ လောကီ လောကုတ္တရာအကျိုးစီးပွား၌ လိမ်မာသောသူသည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို အာရုံပြု၍ ဤဆိုလတ္တံ့သောသူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်၏။ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏။ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။ စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ဆိုဆုံးမလွယ်ရာ၏။ နူးညံ့သိမ်မွေ့ရာ၏။ သူတပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။ 

၄။ ရောင့်ရဲလွယ်ရာ၏။ မွေးမြူလွယ်ရာ၏။ နည်းပါးသော အမှုကိစ္စရှိရာ၏။ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏။ ငြိမ်သက်သော အိန္ဒြေရှိရာ၏။ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏။ ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ။ ဒါယကာတို့၌ တွယ်တာမက်မောမှု မရှိရာ။ 

၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတခုသော မကောင်းမှုကို အနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

၆။ အကြွင်းမရှိ အလုံးစုံ ထွက်သွက်ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့်တ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံ့သောသတ္တဝါ၊ မဆူမကြုံ့သော သတ္တဝါ။

ရ။ မျက်စိဖြင့်မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။ 

၈။ တယောက်သောသူက တယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသော အမှုကိစ္စ၌ တယောက်သောသူက တယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီ ကံဖြင့်လည်းကောင်း၊ခိုက်ရန်မျက်ပွား အငြိုးးထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ အမိသည် မိမိရင်သွေးဖြစ်သော တဦးတည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။ 

၁၀။ ကာမဘဝတည်းဟူသော အောက်လောက၌လည်းကောင်း၊ ရူပဘဝတည်းဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းးမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။ 

၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ်သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို "မြတ်သောနေထိုင်ခြင်း" ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်းကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။ ။


#မေတ္တသုတ်၏အဓိပ္ပါယ်
🍀🍀🍀🍀🍀🍀🍀🍀🍀
တဖန် မေတ္တာသုတ်တစ်ခုလုံးရဲအဓိပ္ပါယ်ကို ခြုံငုံကြည်မယ်ဆိုရင် ငြိမ်းအေးသောနိဗ္ဗာန်ကို ဉာဏ်ဖြင့်သက်ဝင်၍နေလိုသော အကျိုးစီးပွား၌ လိမ္မာသောသူသည်သက္ကော ဥဇူစ သုဟုဇူ သုဝစော စဿမုဒု အနတိမာနိ = ကျင့်စွမ်းနိုင်ရမည်။ကိုယ်နှုတ်ဖြောင့်မတ်ရမည်။စိတ်နေစိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။ဆိုဆုံးမလွယ်ရမည်။စိတ်ထားနူးညံ့ သိမ်မွေ့ရမည်။လွန်ကဲတက်ကြွသော မာန်မာနမရှိရ စသည်အားဖြင့်မေတ္တာဘာဝနာပွားများရာ၌ ကြိုတင်ကျင့်ရမည့် အချက် (၁၅) ချက်ကို ပြုကျင့်ရမည်။

ထို့နောက် ယေ ကေစိ ပါဏဘူတတ္တိ၊တသာ ဝါ ထာဝရာ ဝ နဝသေသာ။ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္စျိမာ ရဿကာ အဏုက ထူလာ စသည်ဖြင့် မင်းကွန်းဆရာတော်ကြီး ထုတ်နှုတ်ရေးသားဖွ့ဲသီအပ်သော လုံးစုံများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ စသောလင်္ကာဖြင့် အစဉ်အတိုင်းမေတ္တာဘာဝနာပွားများရမည်။

ထို့သို့မေတ္တာဘာဝနာပွားရာ၌ ဘယ်လိုစိတ်ထားနဲ့ပွားရမှာလဲဆိုရင် ...
မာတာယထာ နိယံပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို အသက်ရှင်စေရန် အသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရမည်။

#မေတ္တာပို့ရာမှာ နယ်ပယ်ကျဉ်းကျဉ်းလေးထဲမှာပဲပို့ရမှာလား၊ မဟုတ်ပါ ။
မေတ္တဉ္စ သဗ္ဗလောကသ္မိံ
မာနသံ ဘာ၀ယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အေ၀ရ မသပတ္တံ။
အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း.. ဟု အကန့် သန့်မရှိ ပို့သနိုင်၏။

ထိုင်လျက်သာ မေတ္တာပို့ရမှာလား၊ မဟုတ်ပါ။
တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဌေယျ၊
ဗြဟ္မမေတံ ဝိဟာရ မိဓ မာဟု။
ငိုက်မျဉ်းခြင်းကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်သမျှ လျောင်းနေသမျှ ကာလပတ်လုံး ဤ (မေတ္တာနှင့် ယှဉ်သော) သတိကိုပွားများအံ့ဟု ဆောက်တည်နိုင်၏၊ ဒီလိုမေတ္တာနှင့်နေသောသူကို ဤသာသနာတော်၌ မြတ်သောနေခြင်း (ဗြဟ္မဝိဟာရ)ဟူ၍ မြတ်စွာ ဘုရားတို့ ဟောတော်မူခဲ့ကြကုန်၏။

ထိုသို့မေတ္တာဘာဝနာစီးဖြန်းရာမှ ဝိပဿနာဘာဝနာသို့လည်း ကူးပြောင်းနိုင်၏။
ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ
သီလဝါ ဒဿနေန သမ္ပန္နော၊
ကာမေသု ဝိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ်ဘသေယျ ပုန ရေတိ။
ထိုမေတ္တာကမ္မဋ္ဌာန်း စီးဖြန်းသောသူသည် သက္ကာယဒိဋ္ဌိသို့လည်း မကပ်ရောက်မူ၍ လောကုတ္တရာသီလရှိသည်ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တဖန်ပဋိသန္ဓေနေခြင်းသို့ မရောက်တော့ပေ (ရဟန္တာဖြစ်သွား၏ )ဟု ဟောကြားတော်မူခဲ့၏။

မေတ္တသုတ်ရွတ်ဖတ်ရခြင်းမေတ္တာပွားရခြင်း
အကျိုး(၁၁)မျိုး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူ
မေတ္တာဘာဝနာပွားများသူတို့ရရှိသည့်အကျိုး(၁၁)မျိုးမှာ 
ယဿာနုဘာ၀တော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ၊
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း တို့ဖြစ်၏။

မေတ္တာသုတ်တော်လာ မေတ္တာပွားနည်း (၁၁) နည်း
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ
Post@thuotuzana.blogspot.com

ဝါေခါင္လျပည့္(ေမတၱာအခါေတာ္ေန႕)
*****************************
ျမတ္စြာဘုရားလက္ထက္ေတာ္အခါက ရဟန္းေတာ္ငါးရာတို႔ဟာ ျမတ္စြာဘုရားထံမွ ကမၼဌာန္းတရားကို ယူေဆာင္၍ ေတာအုပ္တစ္ခုတြင္ ဝါဆိုဝါကပ္ေတာ္မူခဲ့ၾက၏။ ရဟန္းေတာ္မ်ား၏ သီလတန္ခိုးေၾကာင့္ေနရာဖယ္ေပးၾကရတဲ့ နတ္အခ်ိဳ႕က အမ်ိဳးမ်ိဳးေျခာက္လွန႔္ၾကေသာေၾကာင့္ တရားကိုေျဖာင့္ေအာင္ ႏွလုံးမသြင္းနိုင္ဘဲ စိတ္ဓာတ္ေတြေျခာက္ျခားၿပီး ဝါတြင္းကာလမွာပင္ ျမတ္စြာဘုရားရွိရာ သာ၀တၱိျပည္ ေဇတ၀န္ေက်ာင္းေတာ္သို႔ ျပန္သြားခဲ့ၾက၏။
        
ျမတ္စြာဘုရားက ေမတၱာလက္နက္ကို ယူေဆာင္ၿပီး ေတာအုပ္သို႔ ျပန္သြားၾကရန္ တိုက္တြန္းၿပီး ေမတၱာသုတ္ေဒသနာကို ေဟာၾကားေပးလိုက္၏။ ေတာအုပ္သို႔ျပန္ေရာက္ေသာအခါ ရဟန္းေတာ္တို႔၏ ေမတၱာဓာတ္ေၾကာင့္ နတ္မ်ားက ခ်စ္လာၾကၿပီး ေအးခ်မ္းစြာ တရားအားထုတ္ခြင့္ရခဲ့ၾက၏။   ရဟန္းေတာ္ငါးရာတို႔ဟာ ထိုေတာအုပ္မွာပင္ ဝါေခါင္လအတြင္း ဒုတိယဝါ ကပ္ေတာ္မူၾကၿပီး ေမတၱာတရားကို ပြားမ်ား၍ ၀ိပႆနာတရားကို ဆက္လက္အားထုတ္ၾကရာ ဝါမကြၽတ္မီ ရဟန္းေတာ္မ်ားအားလုံး ရဟႏၱာ ျဖစ္ေတာ္မူသြားၾက၏။ ဒါကေတာ့ ေမတၱာသုတ္ရဲ႕ ဇာတ္လမ္းအက်ဥ္းျဖစ္၏။

📖ေမတၱသုတ္ပါဠိ
🌺🌺🌺🌺🌺🌺

၁။ ယႆာႏုဘာဝေတာ ယကၡာ၊ ေနဝ ေဒႆႏၱိ ဘီသနံ။ ယဉွိေစဝါႏုယုၪၨႏၱော၊ ရတၱိႏၵိဝ မတႏၵိေတာ။

၂။ သုခံ သုပတိ သုေတၱာ စ၊ ပါပံ ကိၪၥိ န ပႆတိ။ ဧဝမာဒိ ဂုဏူေပတံ။ ပရိတၱံ တံ ဘဏာမ ေဟ။

၃။ ကရဏီယ မတၳကုသေလန၊ ယႏၱ သႏၱံ ပဒံ အဘိသေမစၥ။ သေကၠာ ဥဇူ စ သုဟုဇူ စ၊ သုဝေစာ စႆ မုဒု အနတိမာနီ။

၄။ သႏၱဳႆေကာ စ သုဘေရာ စ၊ အပၸကိေစၥာ စ သလႅဟုကဝုတၱိ။ သႏၱိႏၵျိေယာ စ နိပေကာ စ၊ အပၸဂေဗၻာ ကုေလသြ န ႏုဂိေဒၶါ။

၅။ န စ ခုဒၵ မာစေရ ကိၪၥိ၊ ေယန ဝိၫူ ပေရ ဥပ ဝေဒယ်ဳံ။ သုခိေနာဝ ေခမိေနာ ေဟာႏၱဳ၊ သဗၺတတၱာ ဘဝႏၱဳ သုခိတတၱာ။

၆။ ေယ ေကစိ ပါဏဘူတတၳိ၊ တသာ ဝါ ထာဝရာဝ နဝေသသာ။ ဒီဃာ ဝါ ေယဝ မဟႏၱာ၊ မဇၩိမာ ရႆကာ အဏုကထူလာ။

၇။ ဒိ႒ာ ဝါ ေယဝ အဒိ႒ာ၊ ေယဝ ဒူေရ ဝသႏၱိ အဝိဒူေရ။ ဘူတာဝ သမၻေဝသီဝ၊ သဗၺသတၱာ ဘဝႏၱဳ သုခိတတၱာ။

၈။ န ပေရာ ပရံ နိကုေဗၺထ၊ နာတိမေညထ ကတၳစိ န ကၪၥိ။ ဗ်ာေရာသနာ ပဋိဃသည၊ နာညမညႆ ဒုကၡ မိစ္ေဆယ်။

၉။ မာတာ ယထာ နိယံပုတၱ၊ မာယုသာ ဧကပုတၱ မႏုရေကၡ။ ဧဝမၸိ သဗၺဘူေတသု၊ မာနသံ ဘာဝေယ အပရိမာဏံ။

၁၀။ ေမတၱၪၥ သဗၺေလာကသၼႎ၊ မာနသံ ဘာဝေယ အပရိမာဏံ။ ဥဒၶံ အေဓာ စ တိရိယၪၥ၊ အသမၺာဓံ အေဝရ မသပတၱံ။

၁၁။ တိ႒ံ စရံ နိသိႏၷော ဝ၊ သယာေနာ ယာဝတာႆ ဝိတမိေဒၶါ။ ဧတံ သတႎ အဓိ႒ေယ်၊ ျဗဟၼ ေမတံ ဝိဟာရ မိဓ မာတု။

၁၂။ ဒိ႒ိၪၥ အႏုပဂၢမၼ၊ သီလဝါ ဒႆေနန သမၸႏၷော။ ကာေမသု ဝိနယ ေဂဓံ၊ န ဟိ ဇာတုဂၢဗၻေသယ် ပုန ေရတိ။

ေမတၱသုတၱံ နိ႒ိတံ။


ေမတၱာသုတ္ ျမန္မာအသံထြက္ ႐ြတ္ဖတ္နည္း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

၁။ ယတ္သာႏု ဘာ၀ ေတာ ယက္ခါ

ေန၀ ဒတ္သင္တိ ဘီသနံ၊

ယင္ညွိေစဝါ ႏုယုန္ဇန္ေတာ၊ ရက္တိန္ ဒိ၀ ၊ မတန္ဒိေတာ။

၂။ သုခံ သုပတိ သုတ္ေတာစ ၊ ပါပံကိန္စိ နပတ္သတိ၊

ေအ၀ မာဒိ ဂုဏူေပတံ၊ ပရိတ္တံ တံဘဏာမေဟ။

၃။ ကရဏီ မတ္ထ ကုသေလန၊ယန္တ သန္တံ ပဒံ အဘိသမစ္စ၊

သက္ေကာ အုဇူ စသု ဟုဇူ စ၊

သု၀ေစာ စတ္သ မုဒု အနတိမာနီ။

၄။ သန္တုတ္သေကာ စ သု ဘေရာ စ၊

အပ္ပ ကိတ္ေစာ စ သန္လဟုက ၀ုတ္တိ၊

သန္တိန္ ဒရိေယာ စနိပေကာစ၊

အပ္ ပဂပ္ေဘာ ကုေလသြ နႏုဂိတ္ေဓာ၊

န စ ခုတ္ဒ မာစေရ ကိန္စိ၊

ေယန ၀ိန္ၫူ ပေရ အုပ ၀ေဒယုံ၊

သုခိေနာ၀ ေခမိေနာ ဟြန္တု၊

သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ၊

၆။ ေယ ေကစိ ပါဏ ဘူတတ္ထိ၊

တသာ ဝါ ထာ၀ရာ ၀၊န၀ ေသသာ၊

ဒီဃာ ဝါ ေယ၀ မဟန္တာ၊

မစ္ဈိမာ ရတ္သကာ အဏုက ထူလာ၊

၇။ ဒိတ္ထာ ဝါ ေယ၀ အ ဒိတ္ထာ၊

ေယ၀ ဒူေရ ၀သန္တိ အ ၀ိဒူေရ၊

ဘူတာ၀ သမ္ေဘ၀ သီ၀၊

သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပေရာ ပရံ နိကုတ္ေဗထ၊

နာတိမင္ေညထ ကတ္ထစိ န ကင္စိ၊

ဗ်ာေရာသနာ ပတိဃ သင္ည၊

နင္ည မင္ညတ္သ ဒုတ္ခ မိတ္ေဆယ၊

၉။ မာတာ ယထာ နိယံ ပုတ္တ၊

မာယုသာေအက ပုတ္တ မႏုရက္ေခ၊

ေအ၀မ္ပိ သပ္ဗ ဘူေတသု၊

မာနသံ ဘာေ၀ေယ အပရိမာဏံ။

၁၀။ မစ္တင္စ သပ္ဗ ေလာက သမိ၊

မာနသံ ဘာ၀ေယ အ ပရိမာဏံ၊

အုတ္ဓံ အေဓာ စ တိရိယင္စ။

အ သမ္ဗာဓံ ေအ၀ရ မ သပတ္တံ၊

၁၁။ တိတ္ထံ စရံ နိသိန္ေနာ ၀၊

အ သမ္ဗာဓံ ေအ၀ရ မ သပတ္တံ၊

သယာေနာ ယာ၀တတ္သ ၀ိတ မိတ္ေဒါ၊

ေအတံ သတိမ္ အဓိတ္ေထယ၊

ျဗန္မ ေမတံ ၀ိဟာရ မိဓ မာဟု။

၁၃။ ဒိတ္ထိန္စ အႏုပက္ဂမ္မ၊ သီလ ဝါ ဒတ္သေနန သမ္ပန္ေနာ၊

ကာေမသု ၀ိနယ ေဂဓံ၊

န ဟိ ဇာတုတ္ ဂပ္ဘ ေသယ ပုန ေရတိ၊

မစ္တ သုတ္တံ နိတ္ထိတံ......။

ေမတၱသုတ္ ျမန္မာျပန္
🌷🌷🌷🌷🌷🌷🌷🌷
၁။ ေမတၱသုတ္ပရိတ္ေတာ္၏ တန္ခိုးရွိန္ေစာ္အာႏုေဘာ္ေၾကာင့္ ဘီလူးၾကမ္းတို႔သည္ ေၾကာက္မက္ဖြယ္ေသာ အဆင္း အသံ အစရွိေသာ အာ႐ုံတို႔ကို မျပဝံ့ မေျခာက္ဝံ့ၾကေလကုန္၊ ေမတၱာသုတ္ပရိတ္ေတာ္ကို ညဉ့္အခါ၌လည္းေကာင္း၊ ေန႕အခါ၌လည္းေကာင္း၊ မပ်င္းမရိ လုံ႕လျပဳ၍ ႐ြတ္ဖတ္ေသာသူသည္

၂။ ခ်မ္းသာစြာအိပ္ရ၏။ အိပ္ေသာ္လည္း မေကာင္းေသာ အိမ္မက္ကို တစိုးတစိမွ် မျမင္မက္၊ ဤသို႔ အစရွိေသာ ဂုဏ္ေက်းဇူးအေပါင္းႏွင့္ ျပည့္စုံေသာ ေမတၱာသုတ္ပရိတ္ေတာ္ကို အို - သူေတာ္ေကာင္းတို႔ ငါတို႔ ႐ြတ္ဖတ္ၾကပါကုန္စို႔။ 

၃။ ေလာကီ ေလာကုတၱရာအက်ိဳးစီးပြား၌ လိမ္မာေသာသူသည္ ၿငိမ္သက္ေအးခ်မ္းေသာ နိဗၺာန္ကို အာ႐ုံျပဳ၍ ဤဆိုလတၱံ့ေသာသူေတာ္ေကာင္းနည္းလမ္းကို က်င့္ႀကံအားထုတ္ ျပဳလုပ္အပ္၏။ ကိုယ္ႏွင့္အသက္တို႔ကို မငဲ့ကြက္ မညွာတာ ျပဳလုပ္ျခင္းငွာ စြမ္းနိုင္ရာ၏။ ကိုယ္ႏႈတ္ႏွစ္ပါး ရိုးသားေျဖာင့္မတ္ရာ၏။ စိတ္သေဘာထား ေကာင္းစြာ ေျဖာင့္မတ္ရာ၏။ ဆိုဆုံးမလြယ္ရာ၏။ ႏူးညံ့သိမ္ေမြ႕ရာ၏။ သူတပါးအေပၚ ေထာင္လႊားေသာ မာန္မာနမရွိရာ။ 

၄။ ေရာင့္ရဲလြယ္ရာ၏။ ေမြးျမဴလြယ္ရာ၏။ နည္းပါးေသာ အမႈကိစၥရွိရာ၏။ ေပါ့ပါးေသာ အသက္ေမြးျခင္း ရွိရာ၏။ ၿငိမ္သက္ေသာ အိႏၵျေရွိရာ၏။ အရာရာ၌ ခြဲျခမ္းစိတ္ျဖာ ရဲရင့္ေသာ ဉာဏ္ပညာရွိရာ၏။ ကိုယ္ႏႈတ္ႏွလုံးသုံးပါးလုံး ႐ုန႔္ရင္းၾကမ္းတမ္းမႈ မရွိရာ။ ဒါယကာတို႔၌ တြယ္တာမက္ေမာမႈ မရွိရာ။ 

၅။ ပညာရွိတို႔ ကဲ့ရဲ႕ရႈတ္ခ်အပ္ေသာ တစုံတခုေသာ မေကာင္းမႈကို အနည္းငယ္မွ်ေသာ္လည္း မျပဳမလုပ္ရာ၊ ခပ္သိမ္းေသာ သတၱဝါတို႔သည္ ကိုယ္၏ခ်မ္းသာျခင္းႏွင့္ ျပည့္စုံၾကပါေစကုန္သတည္း၊ စိတ္၏ ခ်မ္းသာျခင္းႏွင့္ ျပည့္စုံၾကပါေစကုန္သတည္း၊ ေဘးရန္ ဥပဒၵေဝါ မရွိၾကပါေစကုန္သတည္း။

၆။ အႂကြင္းမရွိ အလုံးစုံ ထြက္သြက္ဝင္သက္ရွိေသာ သတၱဝါ၊ ထင္ရွားရွိေသာ သတၱဝါ၊ ထိတ္လန႔္တ္ေသာ သတၱဝါ၊ တည္ၾကည္ၿငိမ္သက္ေသာ သတၱဝါ၊ ရွည္ေသာ သတၱဝါ၊ တိုေသာ သတၱဝါ၊ ပုကြေသာ သတၱဝါ၊ မတိုမရွည္ေသာ သတၱဝါ၊ ႀကီးေသာ သတၱဝါ၊ ငယ္ေသာ သတၱဝါ၊ မႀကီးမငယ္ေသာ သတၱဝါ၊ ဆူေသာ သတၱဝါ၊ ႀကဳံ႕ေသာသတၱဝါ၊ မဆူမႀကဳံ႕ေသာ သတၱဝါ။

ရ။ မ်က္စိျဖင့္ျမင္ေကာင္းေသာ သတၱဝါ၊ မ်က္စိျဖင့္ မျမင္ေကာင္းေသာ သတၱဝါ၊ အေဝး၌ေနေသာ သတၱဝါ၊ အနီး၌ေနေသာ သတၱဝါ၊ ထင္ရွားျဖစ္ေပၚၿပီးေသာ သတၱဝါ၊ ျဖစ္ဆဲတည္ေနေသာ သတၱဝါ၊ ဤအလုံးစုံေသာ သတၱဝါတို႔သည္ ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာျခင္း ရွိၾကပါေစကုန္သတည္း။ 

၈။ တေယာက္ေသာသူက တေယာက္ေသာသူကို အမ်က္မထြက္ပါေစလင့္၊ တစုံတခုေသာ အမႈကိစၥ၌ တေယာက္ေသာသူက တေယာက္ေသာသူကို ညွဥ္းဆဲခ်ဳပ္ခ်ယ္ေသာ ကာယကံ ဝစီ ကံျဖင့္လည္းေကာင္း၊ခိုက္ရန္မ်က္ပြား အၿငိဳးးထားေသာ စိတ္ျဖင့္လည္းေကာင္း၊ အနည္းငယ္မွ်ေသာ္မွ မထီမဲ့ျမင္ မေအာက္ေမ့ပါေစလင့္၊ အခ်င္းခ်င္း၏ ဆင္းရဲဒုကၡကို အလိုမရွိပါေစလင့္။

၉။ အမိသည္ မိမိရင္ေသြးျဖစ္ေသာ တဦးတည္းေသာ သားငယ္ကို အသက္အတြက္ေၾကာင့္ အဖန္တလဲလဲေစာင့္ေရွာက္သကဲ့သို႔ ဤနည္းအတူသာလွ်င္ ခပ္သိမ္းေသာသတၱဝါတို႔၌ အတိုင္းအရွည္မရွိေသာ ေမတၱာစိတ္ကို ပြားေစရာ၏။ 

၁၀။ ကာမဘဝတည္းဟူေသာ ေအာက္ေလာက၌လည္းေကာင္း၊ ႐ူပဘဝတည္းဟူေသာ အလယ္ေလာက၌လည္းေကာင္း၊ အ႐ူပဘဝတည္းဟူေသာ အထက္ေလာက၌လည္းေကာင္း၊ ဤေလာကသုံးပါးတို႔၌ ပိုင္းျခားလြတ္ကင္း က်ဥ္းေျမာင္းျခင္းလည္းမရွိ ကိုယ္တြင္းေဘးရန္လည္းးမရွိ အပေဘးရန္လည္းမရွိ အတိုင္းမသိ ခ်စ္ခင္ျမတ္နိုးေသာ ေမတၱာစိတ္ကိုလည္း ပြားေစရာ၏။ 

၁၁။ ရပ္ေနစဥ္ေသာ္လည္းေကာင္း၊ သြားေနစဥ္ေသာ္လည္းေကာင္း၊ ထိုင္ေနစဥ္ေသာ္လည္းေကာင္း၊ လဲေလ်ာင္းေနစဥ္ေသာ္လည္းေကာင္း၊ မအိပ္မငိုက္သမွ် ကာလပတ္လုံး သာသနာေတာ္ႀကီး၌ ေမတၱာစိတ္ႏွင့္ယွဥ္၍ ေနထိုင္ျခင္းကို "ျမတ္ေသာေနထိုင္ျခင္း" ဟူ၍ ျမတ္စြာဘုရားတို႔ ေဟာေတာ္မူကုန္၏။

၁၂။ ေမတၱာကမၼ႒ာန္းကို စီးျဖန္းအားထုတ္ ျပဳလုပ္ေသာသူသည္ အျမင္ေဖာက္ျပန္ မိစ္ဆာဉာဏ္သို႔ မကပ္မေရာက္ေသာေၾကာင့္ ေလာကုတၱရာသီလ ရွိသည္ျဖစ္၍ မဂ္ဉာဏ္အျမင္ႏွင့္ ျပည့္စုံၿပီးလွ်င္ ဝတၳဳကာမ ကိေလသာကာမတို႔၌ တပ္မက္ေမာျခင္းကင္းေသာေၾကာင့္ ေနာက္တဖန္ အမိဝမ္းတြင္း ပဋိသႏၶေေနျခင္းသို႔ ဧကန္မေရာက္ေတာ့ၿပီ။ ။


#ေမတၱသုတ္၏အဓိပၸါယ္
🍀🍀🍀🍀🍀🍀🍀🍀🍀
တဖန္ ေမတၱာသုတ္တစ္ခုလုံးရဲအဓိပၸါယ္ကို ၿခဳံငုံၾကည္မယ္ဆိုရင္ ၿငိမ္းေအးေသာနိဗၺာန္ကို ဉာဏ္ျဖင့္သက္ဝင္၍ေနလိုေသာ အက်ိဳးစီးပြား၌ လိမၼာေသာသူသည္သေကၠာ ဥဇူစ သုဟုဇူ သုဝေစာ စႆမုဒု အနတိမာနိ = က်င့္စြမ္းနိုင္ရမည္။ကိုယ္ႏႈတ္ေျဖာင့္မတ္ရမည္။စိတ္ေနစိတ္ထား ေကာင္းစြာေျဖာင့္မတ္ရမည္။ဆိုဆုံးမလြယ္ရမည္။စိတ္ထားႏူးညံ့ သိမ္ေမြ႕ရမည္။လြန္ကဲတက္ႂကြေသာ မာန္မာနမရွိရ စသည္အားျဖင့္ေမတၱာဘာဝနာပြားမ်ားရာ၌ ႀကိဳတင္က်င့္ရမည့္ အခ်က္ (၁၅) ခ်က္ကို ျပဳက်င့္ရမည္။

ထို႔ေနာက္ ေယ ေကစိ ပါဏဘူတတၱိ၊တသာ ဝါ ထာဝရာ ဝ နဝေသသာ။ဒီဃာ ဝါ ေယဝ မဟႏၱာ၊
မဇၥ်ိမာ ရႆကာ အဏုက ထူလာ စသည္ျဖင့္ မင္းကြန္းဆရာေတာ္ႀကီး ထုတ္ႏႈတ္ေရးသားဖြ႕ဲသီအပ္ေသာ လုံးစုံမ်ားစြာ၊ သတၱဝါ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ၊ ဥပါဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ စေသာလကၤာျဖင့္ အစဥ္အတိုင္းေမတၱာဘာဝနာပြားမ်ားရမည္။

ထို႔သို႔ေမတၱာဘာဝနာပြားရာ၌ ဘယ္လိုစိတ္ထားနဲ႕ပြားရမွာလဲဆိုရင္ ...
မာတာယထာ နိယံပုတၱ
မာယုသာ ဧကပုတၱ မႏုရေကၡ၊
ဧဝမၸိ သဗၺဘူေတသု၊
မာနသံ ဘာဝေယ အပရိမာဏံ။
မိခင္သည္ ရင္၌ျဖစ္ေသာ တစ္ဦးတည္းေသာ သားကို အသက္ရွင္ေစရန္ အသက္ႏွင့္လဲ၍ အစဥ္ေစာင့္ေရွာက္ဘိသကဲ့သို႔ ဤအတူပင္ သတၱဝါခပ္သိမ္းတို႔၌ အတိုင္းအရွည္မရွိေသာ ေမတၱာစိတ္ကို ပြားမ်ားရမည္။

#ေမတၱာပို႔ရာမွာ နယ္ပယ္က်ဥ္းက်ဥ္းေလးထဲမွာပဲပို႔ရမွာလား၊ မဟုတ္ပါ ။
ေမတၱၪၥ သဗၺေလာကသၼႎ
မာနသံ ဘာ၀ေယ အပရိမာဏံ။
ဥဒၶံ အေဓာ စ တိရိယၪၥ၊
အသမၺာဓံ ေအ၀ရ မသပတၱံ။
အထက္ဘ၀ဂ္ အ႐ူပျဗဟၼာ့ဘုံတိုင္ေအာင္၊ ေအာက္အ၀ီစိအပါယ္ဘုံတိုင္ေအာင္၊ အလယ္အလတ္ လူ႕ဘုံ၊ နတ္ျပည္ေျခာက္ထပ္၊ ႐ူပျဗဟၼာ့ဘုံ အပါအ၀င္ ေနရာမလပ္ အက်ိဳးအနႏၱမ်ားျပားလွေသာ၊ အတိုင္းအဆပမာဏ မေရတြက္နိုင္ေသာ ေမတၱာစိတ္ကို ပြားမ်ားနိုင္ၾကပါေစ၊ အပိုင္းအျခားလြတ္ကင္း က်ဥ္းေျမာင္းျခင္းမရွိ၊ ကိုယ္တြင္းေဘးရန္လဲ မရွိ၊ ျပင္ပရန္သူလဲ မရွိပဲ ေအးခ်မ္းစြာ ေနနိုင္ၾကပါေစသတည္း.. ဟု အကန႔္ သန႔္မရွိ ပို႔သနိုင္၏။

ထိုင္လ်က္သာ ေမတၱာပို႔ရမွာလား၊ မဟုတ္ပါ။
တိ႒ံ စရံ နိသိႏၷော ဝ၊
သယာေနာ ယာဝတာႆ ဝိတမိေဒၶါ။
ဧတံ သတႎ အဓိေဌယ်၊
ျဗဟၼေမတံ ဝိဟာရ မိဓ မာဟု။
ငိုက္မ်ဥ္းျခင္းကင္း၍ ရပ္ေနသမွ် သြားေနသမွ် ထိုင္သမွ် ေလ်ာင္းေနသမွ် ကာလပတ္လုံး ဤ (ေမတၱာႏွင့္ ယွဥ္ေသာ) သတိကိုပြားမ်ားအံ့ဟု ေဆာက္တည္နိုင္၏၊ ဒီလိုေမတၱာႏွင့္ေနေသာသူကို ဤသာသနာေတာ္၌ ျမတ္ေသာေနျခင္း (ျဗဟၼဝိဟာရ)ဟူ၍ ျမတ္စြာ ဘုရားတို႔ ေဟာေတာ္မူခဲ့ၾကကုန္၏။

ထိုသို႔ေမတၱာဘာဝနာစီးျဖန္းရာမွ ဝိပႆနာဘာဝနာသို႔လည္း ကူးေျပာင္းနိုင္၏။
ဒိ႒ိၪၥ အႏုပဂၢမၼ
သီလဝါ ဒႆေနန သမၸႏၷော၊
ကာေမသု ဝိေနယ် ေဂဓံ၊
န ဟိ ဇာတုဂၢဗ္ဘေသယ် ပုန ေရတိ။
ထိုေမတၱာကမၼ႒ာန္း စီးျဖန္းေသာသူသည္ သကၠာယဒိ႒ိသို႔လည္း မကပ္ေရာက္မူ၍ ေလာကုတၱရာသီလရွိသည္ျဖစ္လ်က္ ေသာတာပတၱိမဂ္ဉာဏ္အျမင္ႏွင့္ ျပည့္စုံသည္ျဖစ္၍ ဝတၳဳကာမတို႔၌ တပ္မက္တြယ္တာမႈကို ပယ္ေဖ်ာက္သည္ရွိေသာ္ အမိဝမ္း၌ တဖန္ပဋိသႏၶေေနျခင္းသို႔ မေရာက္ေတာ့ေပ (ရဟႏၱာျဖစ္သြား၏ )ဟု ေဟာၾကားေတာ္မူခဲ့၏။

ေမတၱသုတ္႐ြတ္ဖတ္ရျခင္းေမတၱာပြားရျခင္း
အက်ိဳး(၁၁)မ်ိဳး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ေမတၱသုတ္ကို အၿမဲမျပတ္ ႐ြတ္ဖတ္ေလ့ရွိသူ
ေမတၱာဘာဝနာပြားမ်ားသူတို႔ရရွိသည့္အက်ိဳး(၁၁)မ်ိဳးမွာ 
ယႆာႏုဘာ၀ေတာ ယကၡာ၊
ေန၀ ေဒႆႏၱိ ဘီသနံ၊
ယဥွိ ေစဝါႏုယုၪၨႏၱော၊
ရတၱိႏၵိ၀ မတႏၵိေတာ။

၁။ ခ်မ္းခ်မ္းသာသာ အိပ္ေပ်ာ္ျခင္း၊
၂။ ႐ႊင္႐ႊင္ျပျပ အိပ္ရာနိုးျခင္း၊
၃။ မေကာင္းေသာ အိပ္မက္ဆိုးမ်ား မမက္ျခင္း၊
၄။ ပတ္၀န္းက်င္မွ လူမ်ား၏ခ်စ္ခင္မႈ ရရွိျခင္း၊
၅။ လူမွတပါး အျခားေသာ ပရေလာကမွပုဂၢိုလ္မ်ား ခ်စ္ခင္ျခင္း၊
၆။ ဘုန္းတန္ခိုးႀကီးမားေသာ နတ္ျဗဟၼာမ်ား ေစာင့္ေရွာက္မႈ ခံရျခင္း၊
၇။ မီးေဘး၊ အဆိပ္ေဘး၊ ဒုတ္ ၊ ဓားလက္နက္ မွန္သမွ် မထိေရာက္နိုင္၊
၈။ ကမၼ႒ာန္းတခုခုကို အာ႐ုံျပဳလ်င္ စိတ္တည္ၾကည္ သမာဓိရလြယ္ျခင္း၊
၉။ ေမတၱာစိတ္ေၾကာင့္ အၿမဲတမ္း မ်က္ႏွာၾကည္လင္ေနျခင္း၊
၁၀။ ေသခါနီး၀ယ္ ၾကည္ၾကည္လင္လင္ ႐ႊင္႐ႊင္ျပျပ ေသနိုင္ျခင္း၊
၁၁။ ယခုဘ၀တြင္ မဂ္ဖိုလ္မရလ်င္ေတာင္ ေမတၱာဈာန္ျဖင့္ ျဗဟၼာ့ျပည္ေရာက္ရွိနိုင္ျခင္း တို႔ျဖစ္၏။

ေမတၱာသုတ္ေတာ္လာ ေမတၱာပြားနည္း (၁၁) နည္း
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
၁။ လုံးစုံမ်ားစြာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၂။ ေၾကာက္တတ္မေၾကာက္တတ္၊ ႏွစ္ရပ္မ်ားစြာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၃။ ျမင္အပ္မျမင္အပ္၊ ႏွစ္ရပ္မ်ားစြာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၄။ ေဝးေန နီးေန၊ ႏွစ္ေထြမ်ားစြာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၅။ ဘဝဇာတ္ဆုံး၊ မဆုံးမ်ားစြာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၆။ ရွည္တို အလတ္၊ သုံးရပ္ခႏၶာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၇။ ႀကီး ငယ္ အလတ္၊ သုံးရပ္ခႏၶာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။
ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၈။ ဆူႀကဳံအလတ္၊ သုံးရပ္ခႏၶာ၊ သတၱဝါ၊ ခ်မ္းသာကိုယ္စိတ္ၿမဲပါေစ။ ဥပဒ္ရန္ေဘး၊ ကင္းစင္ေဝး၊ ၿငိမ္းေအးၾကပါေစ။

၉။ လူအခ်င္းခ်င္း၊ လွည့္ပတ္ျခင္း၊ ကင္းရွင္းၾကပါေစ။

၁၀။ အထင္ေသးျခင္း၊ အခ်င္းခ်င္း၊ ကင္းရွင္းၾကပါေစ။

၁၁။ ဆင္းရဲလိုျခင္း၊ အခ်င္းခ်င္း၊ ကင္းရွင္းၾကပါေစ။

ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ
Post@thuotuzana.blogspot.com