........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 8, 2012

ဟိန္ဒူဘာသာအရ ဘဝကူးပုံ

သရီရ ခေါ်တဲ့ ခန္ဓာကိုယ် ဟာ နှစ်မျိုး နှစ်စား ရှိပါတယ် ။ ထူလသရီရ ရယ် ၊ လိင်္ဂသရီရ ရယ် နှစ်မျိုးရှိတယ် ။ အခု ဒီဘဝမှာ ထိတွေ့ ကိုင်တယ်လို့ ရနေတဲ့ ရုပ်ကြမ်း ခန္ဓာကိုယ်ကြီးကို ထူလသရီရ လို့ခေါ်တယ် ။ မမြင်ရ မတွေ့  ရလောက်အောင် သိမ်မွေ့  နူးညံတဲ့ ခန္ဓာကိုယ် တမျိုးကို လိင်္ဂသရီရ လို့ ခေါ်တယ် ။ လိင်္ဂသရီရ ခေါ်တဲ့ သိမ်မွေ့  ခန္ဓာကိုယ်မှာလည်း မျက်စိ ၊ နား ၊ နှာခေါင်း ၊ ပါးစပ် စတဲ့ အစိတ်အပိုင်းတွေ အစုံအလင် ပါဝင် ပါတယ် ။ ရုပ်ကြမ်း ၊ ရုပ်နု မျှသာ ကွာခြားပါတယ် ။ ထူလသရီရ မှ လိင်္ဂသရီရ ခွဲခွာ ထွက်သွားတာကို အသက် ထွက် တယ်လို့ ခေါ်ပါတယ် ။့ 

မြန်မာ့ ရုပ်ရှင်တွေထဲမှာ လူသေပြီး ဘဝ ကူးပုံကို ပြတဲ့အခါမှာ ရုပ်ကြမ်း ခန္ဓာကိုယ် အလောင်းကြီးမှ ရုပ်နု ခန္ဓာကိုယ် မထင်မရှား မှုန်မှေးစွာ ခွဲခွာ ထွက်သွားပုံကို ရိုက်ကူး သရုပ်ဖော်လေ့ ရှိပါတယ် ။ ဒါဟာ ထူလသရီရ မှ လိင်္ဂသရီရ ခွဲခွာမှုကို လက်ခံတဲ့ အိန္ဒိယ ရုပ်ရှင်တွေ ရဲ့  သြဇာ သက်ရောက်မှု ဖြစ်ပါတယ် ။

သေခါနီးအခါမှာ
၁- မျက်စိ အကြည်ဓာတ်    = စက္ခူနြေ္ဒ
၂- နား အကြည်ဓာတ်        = သောတိ
နြေ္ဒ
၃- နာခေါင်း
အကြည်ဓာတ် = ဃာနိနြေ္ဒ
၎- လျှာအကြည်ဓာတ်        = ဇီဝှိ
နြေ္ဒ
၅- ကိုယ်အကြည်ဓာတ်      = ကာယိ
ှိနြေ္ဒ
၆- စကား                        = ဝါစာ

ဒီ ခြောက်ခုဟာ မနော လို့ခေါ်တဲ့ စိတ်ထဲကို ခွေခေါက်လိပ်ပြီး ကျုံဝင်သွားတယ်လို့ ဆိုလို့ရပါတယ် ။
အိပ်မော ကျနေစဉ် အခါမှာ လူ့ခန္ဓာကိုယ်ကြီး ငြိမ်သက်နေတာဟာ အခုပြောခဲ့တဲ့ အတိုင်း ဒီခြောက်ခု စလုံး
မနောထဲကျုံ့ ဝင်နေတယ်လို့ ဆိုကြပါတယ် ။ အိပ်ရာမှ နိုးတဲ့အခါ ဒီခြောက်ခုကို မနောထဲမှ ဆွဲဆန့် ဖြန့်  ထုတ်လိုက်လို့ မြင်နိုင် ၊ ကြားနိုင် ၊ ပြောနိုင် ၊ လှုပ်ရှားနိုင် ဖြစ်လာတယ်လို့ ဆိုကြပါတယ် ။ သေခါနီး အခါမှာ ဒီ ခြောက်ခု စလုံး မနောထဲကို ကျုံဝင်သွားတယ် ။ မနောက ပါဏ လို့ခေါ်တဲ့ ထွက်သက်ဝင်သက် အထဲကို ဝင်သွားတယ် ။ အဲဒီ ပါဏ ကလည်း အတ္တ လို့ခေါ်တဲ့ အသက်ဇီဝ အထဲကို ဝင်သွားပါတယ် ။ သေတဲ့ အခါ မှာ အဲဒီ အတ္တ( အသက် ) က ခန္ဓာကိုယ်မှ ထွက်ခွာသွားကြပါတယ် ။ အတ္တဟာ ရုပ်ကြမ်း ခန္ဓာကိုယ်ကြီးကို စွန့်ခဲ့ပြီးတော့ ခန္ဓာကိုယ် အနုစား ( လိင်္ဂသရီရ ) ကိုသယ်ဆောင်သွားပါတယ် ။ လူသေကောင် အလောင်း ကောင်ကြီးကို မီးရှို့ တဲ့အခါ မီးနတ်သားက သေသူရဲ့  အတ္တကို နတ်ပြည်ရောက်အောင် ပို့ပေးတယ်လို့ ဆိုလိုပါတယ် ။ ဆိုလိုတာကတော့ အတ္တ ဟာ နောက်ဘဝကို သိမ်မွေ့ တဲ့ ခန္ဓာကိုယ်နှင့် ကုသိုလ် အကုသိုလ်ကံ တွေကို သယ်ဆောင်သွားတယ်လို့ ဆိုလိုပါတယ် ။

သေသူဟာ လူ့ဘဝမှာရှိစဉ်က မီးနတ်ကြီးကို လုပ်ကျွေး ပူဇော်ခဲ့တယ် ဆိုပါစို့ ။ မီးနတ် ( ဟုန်းနတ် ) ပူဇော် စဉ်က ထောပတ် ပျားရည် စသည်တို့ကို မီးထဲ လောင်းထည့်လိုက်တဲ့ အခါ နူးညံ သိမ်မွေ့ တဲ့ မြူမှုန်ငယ်များ ဖြစ်ပြီး ကောင်းကင်ကို တက်သွားပါတယ် ။ အတ္တ ဟာ နတ်ပြည် ( ကောင်းကင်ဘုံ ) ကို ရောက်တဲ့အခါ လူ့ဘဝက မီးပူဇော်ခဲ့တဲ့ မြူမှုန်ငယ်တွေကို ကုသိုလ်ကံ အကျိုးဆက်အဖြစ်နှင့် စည်းစိမ် ခံစားရပါတယ် ။

ဒီ ကုသိုလ်ကံရဲ့  အကျိုးဆက် ကုန်ခမ်း အားနည်းလာတဲ့အခါ အတ္တ ဟာ နတ်ပြည် ( ကောင်းကင်ဘုံ ) မှ နိမ့်ဆင်းလာပြီး မိုးသား မိုးတိမ်အတွင်း ရောက်ရှိ ရောနှောသွားပါတယ် ။ မိုးရွာတဲ့အခါ မိုးရည်တွေ နှင့် ရော နှောပါလာပြီး သတ္တဝါတွေ စားသုံးတဲ့ သီးနှံပင် တွေထဲကို ရောက်ရှိသွားပါတယ် ။ အဲဒီ သီးနှံပင်တွေကို ယောင်္ကျားက စားသုံးတဲ့အခါ အစာ အဟာရမှ တဆင့် သုက်သွေး အဖြစ် ရောက်ရှိသွားပါတယ် ။

အဲဒီကမှ တဆင့် မိခင်ဝမ်းဗိုက် အတွင်းရောက်ရှိပြီး လူ ၊ တိရိစ္ဆာန် အစ ရှိတဲ့ သတ္တဝါ တစ်ကောင် ကောင် ဖြစ်ပြီး ပြန်လည် မွေးဖွား လာရပါတယ် ။ အဲဒီလို နတ်ပြည်က ရွေ့လျား ဆင်းသက်ပြီး အမိ ဝမ်းတွင်း ရောက် ရှိသည်အထိ လည်ပတ်သွားလာနေတဲ့ အတ္တကောင်ကို  ဂန္ဓဗ္ဗ လို့ ခေါ် ကြတယ် ။ ဒါကတော့ ဟိန္ဒူ အယူဝါဒ အရ ဘဝ ကူးပြောင်းပုံ နှင့် နောက်ဘဝကို ဘာတွေ သယ်ဆောင် သွားတယ်ဆိုတာ ရှင်းပြခြင်း ဖြစ်ပါတယ် ။

No comments:

Post a Comment