........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 31, 2016



မွေးနေ့ရှင်များအတွက်မွေးနေ့ ဆိုတာ
=============================

မွေးနေ့ဆိုတာ မိမိမွေးတဲ့နေ့ဆိုတာတော့ မှန်သော်လည်း တကယ်တမ်းကျတော့ မိခင်အသက်လုရတဲ့နေ့ဆိုရင် ပိုမှန်နေမလားလို့ပါ။

များသောအားဖြင့် မွေးနေ့ပွဲလုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် မွေးနေ့ပိုင်ရှင်က မိမိရဲ့အမေဖြစ်နေတယ်ဆိုတာကို သတိမထားမိကြဘူး။ မိမိအမေသာလျှင် မွေးနေ့ပိုင်ရှင်ဖြစ်ပါတယ်။

မွေးနေ့ပိုင်ရှင်ကို ဥပေက္ခာပြုပြီး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မွေးနေ့ပွဲကျင်းပတယ်ဆိုတာ တစ်ခုခုလွဲချော်နေသလားလို့ စာရေးသူသတိပြုမိပါ၏။

ဘာပဲပြောပြော မိမိရဲ့မွေးနေ့ရက်လေးမှာ မိမိရဲ့မွေးနေ့ပိုင်ရှင်ဖြစ်တဲ့ မိခင်အား၊ အမေအတွက်...တစ်ခုခုပေါ့။
ကျန်းမာစေကြောင်း အလှူ လေးတစ်ခုခုလုပ်ပြီး ဆုတောင်းပေးလိုက်ရင် ပိုပြီးသင့်တော်၊ အဆင်ပြေမလားလို့ စာရေးသူတွေးမိပါ၏။

မည်သို့ပင်ဆိုစေကာမူ မိမိရဲ့မွေးနေ့ပိုင်ရှင်အတွက်တော့ ဆုလေးတစ်ခုခု တောင်းပေးပြီး မိမိရဲ့ မွေးနေ့ပိုင်ရှင်ကို အသိအမှတ်ပြုပေးစေချင်ပါ၏။

မိမိသည် မွေးနေ့ရှင်သာဖြစ်ပြီး မွေးနေ့ပိုင်ရှင်မဟုတ်ကြောင့် စာဖတ်သူအပေါင်း သတိပြုမိကြပါစေ...

Credit to MrKhaing Moe Linn






Dec 28, 2016



မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္ဍ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

နောက်မေးခွန်းတခုက ...






နောက်မေးခွန်းတခုက ......


နောက်မေးခွန်းတခု ....
ဆိုတဲ့မေးခွန်းပါ၊







******
ကိုယ်စောင့်နတ်အကြောင်းနှင့် လူကို စောင့်ရှောက်ပုံအကြောင်း
(ဗုဒ္ဓဘာသာ၀င်တို့ သိထားသင့်တဲ့ ဗဟုသုတလေးပါ)
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
မေး > ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား၊
ဖြေ > ကိုယ်စောင့်နတ်ဆိုတာတကယ်ရှိပါတယ်၊

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပတမဦးဆုံးသိ၏ ထိုနောက်သူ၏ကိုယ်စောင့်နတ်သိ၏ ထိုနောက်သူတပါး၏ စိတ်ကို ဖောက်ထွင်းသိမြင်နိုင်သော် တန်ခိုးရှင်များသိ၏ လို့" ပါရာဇိကဏ်အဌထာ သုဒိန္ဒကဏ္႑ "အဖွင့်မှာပါတဲ့စာရပ်ကိုထောက်ပြီး လူကိုနတ်စောင့်တယ်ဆိုတာ သိရပါတယ်၊

နောက်မေးခွန်းတခုက ...
မေး > လူကို ဘယ်လိုစောင့်ရှောက်သလည်းဆိုတာပါ၊

ဘုန်းကံကြီးမားတဲ့ လူကို စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ကြပါတယ် ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ်ပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှား လေးတွေက စောင့်ရှောက်ကြပါတယ်၊

တန်းခိုးအင်အားကြီးမားလေ လုပ်နိုင်တဲ့
အရာတွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ပမာဏ သူလုပ်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက် ပေးကြပါတယ်၊

ရှေးက ဗရာဏသီမင်းဟာ ကောသလမင်းကို သတ်ပြီး တိုင်းပြည်ကိုသိမ်းပိုက်၊ ကောသလမင်းရဲ့ မိဖုရားကိုလည်း သူမိဖုရားအဖြစ် သိမ်းပိုက်ခဲ့ပါတယ်၊

အဲဒီမိဖုရားကြီးမှာ သွားလေသူ ကောသလမင်းကြီးနဲ့ ရထားတဲ့ ကိုယ်ဝန်ကျန်ခဲ့ပါတယ်၊ အချိန်တန်တော့ သားယောကျာ်းလေး မွေးဖွားခဲ့တယ်၊ အရွယ်ရောက်လာချိန်မှာ အခြားမိဖုရားနဲ့ ရထားတဲ့ ကုဂုင်္ဂဒေဝီဆိုတဲ့ မင်းသမီးလေးနဲ့ ချစ်ကြိုက်သွားကြတယ်၊

ဒါကို ဗရာဏသီမင်းကြီးကသိလို့ မင်းသားကိုသတ်ဘို့ လုပ်တယ်၊ အဲဒါကို မင်းသားလေးကို သေဘေးကလွတ်အောင် ကယ်တင်ပေးခဲ့တယ်၊ ကယ်တင်ပေးသူက မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲ ဖြစ်ပါတယ်၊ နတ်က သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ အားလျှော်စွာ လုပ်ကိုင်စောင့်ရှောက် ပေးတယ်လို့ မှတ်သားစေခြင်ပါတယ်၊

နောက်မေးခွန်းတခုက ......
နတ်က လူ့ကိုယ့်ထဲမှာ နေသလား
အပြင်မှာ နေသလားဆိုတဲ့မေးခွန်းပါ၊

လူကိုယ်ထဲမှာ မနေပါဘူး အပြင်ဘက်မှာနေပါတယ်၊ ကိုယ်စောင့်နတ်ဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘုမ္မစိုး၊ ရုက္ခစိုး အစရှိတဲ့ နတ်တွေပါ၊
လူ့ ကိုယ်ထဲမှာ နတ်ရှိရင် အဲဒီလူမျိုးကို တချို့က စုန်းလို့သတ်မှတ်ကြပါတယ်၊

နောက်မေးခွန်းတခု ....
လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပါသလား
ဆိုတဲ့မေးခွန်းပါ၊

လူတိုင်းမှာ သဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်၊
အထက်မှာဆိုထားသလို ဘုန်းကံကြီးမားတဲ့လူကို စိတ်ဓာတ်အင်အား ခိုင်မာ တောင့်တင်းတဲ့ သူတော်ကောင်းနတ်များက စောက်ရှောက်ပြီး ဘုန်းကံမွဲမွဲ လူများကိုတော့ တန်ခိုးသေးနုပ် စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှု မရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်၊
ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့အလိုကို လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်၊

များသောအားဖြင့် တန်ခို့သေးနုပ်ပြီး စိတ်ဓါတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့၊ ဒီလိုနတ်တွေက သူစောင့်ရှောက်တဲ့ လူကကောင်းရင် သူလည်း လိုက်ကောင်းပြီး သူစောင့်ရှောက်တဲ့သူက ဆိုးရင် သူလည်း လိုက်ပြီးဆိုးသွားတတ်ပါတယ်၊

တန်ခိုးကြီးမားပြီး စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ နတ်များကတော့ သူတို့မကြိုက်တာလုပ်ရင် အဲဒီလူကို စွန့်ပယ်ပြီး ထွက်သွားတတ်ကြပါတယ်၊ လူပြောင်းတိုင်းလည်း သူကလိုက်ပြီး မပြောင်းလွဲတတ်ပါဘူး၊

ဥပမာအားဖြင့်...စေတိယမင်းကို တန်ခိုးကြီးတဲ့ နတ်သားလေးပါး စောင့်ရှောက်ပါတယ်၊ စေတိယမင်း မုသားပြောတော့ နတ်သားလေးပါးက စေတိယမင်းကို တခါထဲ စွန့်ပြစ်ထွက်သွားကြပါတယ်၊

ဒါကြောင့် လူတိုင်းမှာ သဘာဝအားဖြင့်ကိုယ်စောင့်နတ် ရှိကြသော်လည်း ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပြစ်ခြင်း ခံကြရလို့ ကိုယ်စောင့်နတ် မရှိတဲ့ လူမျိုးတွေလည်းရှိကြပါတယ်၊

ဒါကြောင့်ကိုယ်စောင့်နတ် မြဲခြင်ရင် သီလမြဲကြပါလို့ တိုက်တွန်းပါရစေ.....။

Credit>>>>


Dec 25, 2016

ခရစ်စမတ်သစ်ပင်​နှင့်​ ခရစ်​စမတ်​အ​ကြောင်း သိ​ကောင်းစရာ

(ခရစ်​စမတ်​ညဆို​တော့ ဗဟုသုတအလို့ငှါပြန်​တင်​​ပေးပါတယ်​ခင်​ဗျာ)
ဒီဇင်ဘာလထဲရောက်လာပြီမို့ ခရစ်စမတ်အကြောင်းကိုတော့လူတိုင်းသိပေမယ့်
လူတိုင်းသတိမထားမိတဲ့ ခရစ်စမတ်နေ့မှာ အသုံးပြုတဲ့ ခရစ်မတ်သစ်ပင်အကြောင်း
ကို လက်လှမ်းမှီသလောက်ပြောကြည့်ရအောင်ပါ...။ ခရစ်စမတ်နေ့ကတော့ အများစု ဒီ
ဇင်ဘာလ ၂၅ ရက်မှာ စပါတယ်။ ဒါပေမယ့်နိုင်ငံရဲ့အချိန်ဇယားကွဲပြားခြားမှုအားလျော်
စွာတစ်နိုင်ငံနှင့်တစ်ငံမတူတာက အားလုံးအသိပါ...။

ခရစ်စမတ်သစ်ပင်ကတော့ အမေရိကန်ရဲ့ရိုးရာလို့ပြောနိုင်ပါတယ်။ အသုံးများတဲ့သစ်
ပင်ကတော့ ၁၂လရာသီမှာ အမြဲစိမ်းလှန်းစိုပြေတဲ့ Pine or Fir လို့ခေါ်တဲ့ ထင်းရှူးပန်းပင်ကို အဓိကထားသုံးကြပါတယ်။ အဲဒီသစ်ပင်ပေါ်မှာမှ အရောင်မျိုးစုံနေ့ခင်းအတွက
်ရောညကြည့်ဖို့အတွက်ပါပစ္စည်းမျိုးစုံနှင့် ရောင်စုံမီးသီးတွေနဲ့ ဆင်လေ့ရှိကြပါတယ်။

တတ်နိုင်တဲ့သူနဲ့ မတတ်နိုင်တဲ့သူတွေပေါ်မှာမူတည်ပြီး ကွဲပြားခါးနားမှုတော့ရှိပါလိမ့်
မယ်။ ခြံဝင်းထဲကပန်းအိုးနဲ့အလှဆင်ကြသလိုမျိုး ပလပ်စတစ်နဲ့အလှဆင်ကြတဲ့သူ
ကုမ္ပဏီ မှာငှါးယူတဲ့သူ အမျိုးမျိုးရှိကြပါလိမ့်မယ်။
ဒါကတော့ ထင်ရှူးပန်းကိုသုံးတဲ့ ခရစ်စမတ်ပင်ပါ။

နောက်တစ်မျိုးကတော့ ၁၂လရာသီအမြဲစိမ်းပြီး အသုံးပြုတဲ့ခရစ်စမတ်သစ်ပင်ကတော့
Mistletoe လို့ခေါ်တဲ့ ကျီးပေါင်းပင်ပါ။.သူလည်းရေပန်းစားပြီး အသုံးပြုတဲ့အပင်မျိုးပါ။
အဲဒီအပင်ရဲ့လာရာ ရိုးရာဇာတိကတော့ ဥရောပကလို့ဆိုပါတယ်။
သမိုင်းဆရာ Druids ယုံကြည်တာကတော့ ကျီးပေါင်းပင်ဟာ ဆွဲဆောင်မှုအပြည့်ရှိ
တဲ့စွမ်းအင်ရှိတယ်လို့ ပြောပါတယ်။ ပလပ်စတစ်နဲ့လုပ်ထားတဲ့အပင်လည်းသုံးပါတယ်။

ယနေ့ခေတ်စားနေတာကတော့ ခွင့်လွှတ်ခြင်းအထိမ်းအမှတ်အနေနဲ့ ခရစ်စမတ်ပါတီ
မှာ နမ်းကြတာပါ။ ဒီအအနမ်းကို အပြစ်မရှိတဲ့နမ်းခြင်းလို့ယူဆကြပါတယ်။
ဒီအနမ်းက ခရစ်စမတ်အနမ်းအနေနဲ့ရိုးရာလိုဖြစ်ပြီးတော့ တံခါးပေါက်နားက ခရစ်စ
မတ်သစ်ပင်အောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး နမ်းကြတဲ့အနမ်းပါ။
ဒါကလည်း ကျီးပေါင်းပင်ရဲ့ လူသိများစေတဲ့ ခရစ်စမတ်သစ်ပင်ပါ..။

နောက်တစ်မျိုးခရစ်စမတ်သစ်ပင်နဲ့ ဆက်နွယ်နေသေးတဲ့သစ်ပင်ကတော့
Poinsettias လို့ခေါ်တဲ့ ရွက်လှပန်းပင်ပါ။ သူ့ရဲ့လာရာကတော့ Maxico ကဖြစ်ပါ
တယ်။ သူကတော့ အဖြူရောင်လည်းဖြစ်နိုင်သလို ပန်းရောင်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့်အများစုကတော့ တောက်ပတဲ့အနီရောင်ဖြစ်ပါတယ်။

ခရစ်စမတ်ပါတီစပြီးကျင်းပတာကတော့ အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်တဲ့
ဂျောဂ်ျဝါရှင်တန် ဖြစ်ပါလိမ့်မယ်။ ခရစ်စမတ်သစ်ပင်ကို စပြီးအလှဆင်ကြတာ
၁၈ ရာစုကပါ။ ဒါကတော့ ခရစ်စမတ်သစ်ပင်အကြောင်း အကျဉ်းလေးပါ။

Source: VOA English Report မှဆီ​လျော်​​အောင်​ဘာသာပြန်​ထားပါသည်​။
#တက္ကသိုလ် ခွန်Rကာ
*********************************************

ခရစ်စမတ်အကြောင်းကတော့ ငြိမ်းလဲ့ဖေစ်ဘုတ်စာမျက်နှာမှအောက်ပါ
အတိုင်းဖော်ပြပေးထားပါတယ်...။

#ခရစ်စမတ်ဆိုတာဘာလဲ

ခရစ်စမတ် နေ့ ဖြစ်လာရခြင်းအကြောင်းမှာ အရာ ခပ်သိမ်းကို ဖန်ဆင်းသော
ဘုရားသခင် က မိမိဖန်ဆင်းထားသော လူသားများ အပြစ်သံသရာဝဲသြဃမှာ နှစ်မြုပ် နေသည်ကို မကြည့်ရက်၍ သားတော်ယေရှုအမည်ဖြင့် လောကကြီးသို့ ကြွဆင်းလာကာ လူ့ဇာတိ ခံယူခဲ့သည့် ၀မ်းမြောက်စရာ ဘုရားသခင်၏ မွေးနေ့ရက်မြတ် ဖြစ်တယ်။

ခရစ်စမတ်ပွဲတော်ကို ကမ္ဘာနှင့်အ၀ှမ်းကျင်းပလေ့ရှိတယ်။
ဒါပေမဲ့ ခရစ်စမတ်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို မသိကြသူတို့နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ဖုံးလွှမ်းလာမှုကြောင့် ယနေ့ ခရစ်စမတ်ပွဲ တစ်ချို့ဟာ ယမကာ ဖုံးလွှမ်းတဲ့ပါတီပွဲများ ဖြစ်နေကြတယ်။

အမှန်စင်စစ်ယေရှုခရစ်ဟာ အနောက်တိုင်းမှာ မွေးဖွားခြင်းကို ခံယူ ခဲ့ခြင်းမဟုတ်ပါ။

အရှေ့အလယ် ပိုင်းခေါ် ကမ္ဘာ၏အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ ထိစပ်သည့် အစ္စရေးနိုင်ငံ တည်ရာ ပါလက်စတိုင်းဒေသတွင် မွေးဖွားခြင်းကို ခံယူခဲ့ခြင်းဖြစ်သည်။

#ခရစ်စမတ်၏ အနှစ်သာရ အဓိပ္ပါယ်ကဘာလဲ

ကောင်းသောအကျင့်ကိုသိလျက် မကျင့်ပဲ နေသောသူသည် အပြစ်ရှိ၏။ လူတွေဟာ အများအားဖြင့် ကိုယ့် ကိုယ်ကိုအပြစ်ရှိမှန်း အပြစ်သားမှန်း မသိကြဘူး။
ဒါပေမဲ့ လူတိုင်းအပြစ်ကျူးလွန်ကြတယ်။ အပြစ်ရှိသူတိုင်း ခံရမယ့်အခဟာ သေခြင်းဖြစ်တယ်။
ဒါကြောင့် ကျွန်ုပ်တို့ လူသားတိုင်း သေနေကြတယ်။
သေပြီးရင် မပြီး သေးဘူး၊ ငရဲမှာ ပြစ်ဒဏ် ထာဝရခံဦးမယ်။ဘုရားသခင်ဟာ ကျွန်ုပ်တို့ လူသားတိုင်းကို ချစ်သနား တယ်။ ဘယ်သူမှပျက်စီးခြင်း ငရဲထဲရောက်ဖို့ အလိုတော်မရှိဘူး။ ဒါကြောင့်လည်း အပြစ်၌ နစ်မွန်းလျက်ရှိသော ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ သားတော်အဖြစ် လူ့ဇာတိခံယူခြင်းဖြင့် ခရစ်စမတ်ဆိုတာ ဖြစ်ပေါ် လာခဲ့ရခြင်း ဖြစ်တယ်။

#မင်္ဂလာရက်မြတ် ခရစ်စမတ်

သခင်ယေရှုဟာ ဘုရားစင်စစ်ကနေ လူ့ဘ၀ကိုခံယူပြီး လောက သားတွေဆီ ကြွဆင်းလာခြင်းဖြင့် ဘုရား သခင်ရဲ့မေတ္တာ၊ ကရုဏာ၊ကောင်းမြတ်တော်မူခြင်းကို ထင်ရှားစေခဲ့တယ်။
လူသားတွေဆီ ဘုရားသခင်ကြွ လာပြီး လူသားတွေခံရမယ့် အပြစ်ဒဏ်အတွက်ကားတိုင်မှာ အသေခံပေးချေဖို့ ဖြစ်တယ်။

သခင်ယေရှုဟာ ကျွန်ုပ်တို့ခံရမည့် အပြစ်၏ အခသေခြင်းကို လက်ဝါးကပ်တိုင်မှာ အသေခံပြီးပေးချေခဲ့တယ်။ (၃)ရက် မြောက် သောနေ့မှာ သေခြင်းတရားကိုအောင်နိုင်ပြီး ရှင်ပြန် ထမြောက်ခဲ့တယ်။ ယနေ့အသက်ရှင်လျက် ရှိတယ်။ တကယ်လို့သာ သခင်ယေရှုဟာ သေခြင်းတရားကို မအောင်မြင်ခဲ့ဘူးဆိုရင် ခရစ်စမတ် ဆိုတာ ကမ္ဘာ့ပြက္ခဒိန်မှာ ပါစရာမရှိဘူး ။ ခရစ်စမတ်ပွဲလည်း ကျင်းပဖို့ အကြောင်းမရှိဘူး။ ဘာကြောင့်လည်းဆိုရင် သေသွားတဲ့သူများအတွက် ဘယ်သူမှ မွေးနေ့ပွဲကျင်းပရိုး မရှိဘူး။ ခရစ်စမတ်ဆိုတာ မွေးနေ့ပွဲတော်ပါ။

ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သံသရာဝဋ်ဆင်းရဲနဲ့ အပါယ်ငရဲ မှ လွတ်မြောက်ခွင့်ပေးသောနေ့ဟာ
ခရစ်စ မတ်နေ့ ဖြစ်တယ်။ဒါကြောင့် ခရစ်စမတ်ဟာ မင်္ဂလာရက်မြတ်ဖြစ်တယ်။
မိတ်ဆွေအတွက် အလိုအပ်ဆုံး အရာကို ဘုရားသခင် ပေးသနားခဲ့ပြီ။

သခင်ယေရှု ကြွလာခဲ့ရခြင်းဟာ မိတ်ဆွေအတွက်ဖြစ်ပြီး လက်ဝါး ကပ်တိုင်မှာ အသေခံရခြင်း ဟာလည်း မိတ်ဆွေရဲ့ အပြစ်အတွက် ဖြစ်တယ်။ သခင်ယေရှုရဲ့ အသေခံပေး ဆပ် ခြင်းဟာ မိတ်ဆွေအတွက်ဆိုတာ ယုံကြည်စိတ်ချတယ်ဆိုရင် ဒီခရစ်စမတ်ဟာ မိတ်ဆွေအတွက် ဖြစ် တယ်။ ဘယ်သူမဆို ယေရှုခရစ်ဟာ မိမိရဲ့အပြစ်ကြွေး အတွက် အသေခံပေးဆပ်ပြီးကြောင်း ယုံကြည် လက်ခံရင် ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင် အပြစ်လွှတ်ခြင်းကျေးဇူးကို ခံစားရမယ်။ အပြစ် အမှောင်ထဲမှာ မျှော်လင့်ရာမဲ့နေတဲ့ ကျွန်ုပ်တို့လူသားတွေအတွက် မျှော်လင့်ခြင်းနဲ့ ငြိမ်သက်ပျော်ရွှင်ခြင်း ခံစားရဖို့ ခရစ်စမတ်ဖြစ်လာတယ်။

#Cerdit ငြိမ်းလဲ့

အားလုံး အားလုံးပဲ Happy Merry X'Mas ဗျာ..။
မိမိရဲ့အတွင်းအဇ္ဈတ္တစိကိုငြိမချမ်း​အောင်​ကြိုးစာပြီး မိမိတို့ရဲ့ဘဝမှာဖြစ်​ချင်​သည့်​ပုံစံအတိုင်း
မ​လျော့​သောဇွဲလုံ့လဖြင့်​ ဆက်​ပြီးကြိုးစားနိုင်​ကြပါ​စေ​ကြောင်း ဆုမွန်​​ကောင်းဖြင့်​ ဆန္ဒပြုလိုက်
ပါသည်​။

#တက္ကသိုလ်​ ခွန်​Rကာ

နီဖဝနီဖန်ဆင်ꩻချာမꩻထွာ

နီဖဝ နီဖန်ဆင်ꩻချာမꩻထွာ
*******************

 နီကမဉ်လꩻဒါႏ  အမျိုꩻမုဲင်ꩻတရိုꩻတောဝ်း

နီမာႏချာ နီဖန်ဆင်ႏချာမꩻ နီလꩻဗာႏသွူ

မဉ်းအုံစွူစွူ ဗော့ꩻထာꩻနောဝ်ꩻ

ထွာတောဝ်းကွေး မဲ့ꩻဝင်ꩻတကြတ်ဒါႏလိုꩻ

မာႏအာအာ ဒေါ့ꩻငေါဝ်းခါ ဒေါ့ꩻဆေ့ꩻဆေ့ꩻငါ

ဒေါ့ꩻငေါဝ်ႏခါ အမာႏပါဒါႏ

နီဖဝ နီဖန်ဆင်ꩻချာဗာႏမꩻထွာ

ယွုမ်းလွဉ်အာဝင်ꩻငေါဝ်းငွါလဲ့ တထွူတဝ်းသွူ

တွမ်ႏနမ်ႏ ထွားလော်ချာမꩻ ထွာအမဲဉ်ႏ

Dec 23, 2016

“၅၂၈ နဲ့ ၁၅၀၀” ဘာကွာသလဲ ???

“၅၂၈ နဲ့ ၁၅၀၀” ဘာကွာသလဲ ???
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
လူငယ်တွေကြား၊ တစ်ချို့လူတွေကြားမှာ
အလွဲနားလည်ပြီး၊အသုံးပြုနေတဲ့
စကားတစ်ခုရှိပါတယ်။
“အချစ်”နဲ့ ပတ်သက်ပြီး သုံးတဲ့စကားပါ။
တစ်ဦးနဲ့ တစ်ဦးကြားမှာ အချစ်တွေကို ဖော်ပြပြီး
တွင်တွင်ကြီး သုံးနေတာတွေမှာ လွဲနေတာလေးက
“ဒို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူး၊
ဒို့အချစ်က ရိုးသားတယ်၊ ဒို့မင်းအပေါ်မှာထားတဲ့
အချစ်ဟာ ၅၂၈အချစ်မျိုးပါ..”စသဖြင့်
သုံးနေကြတာ ရှိသလို
“ဒို့မင်းကိုချစ်တာ ၁၅၀၀အချစ်မျိုးနဲ့တင်
မဟုတ်ဘူး ၅၂၈အချစ်မျိုးနဲ့ပါ ချစ်တာပါ။
ဘာပဲဖြစ်ဖြစ် မောင်စိတ်နှစ်မစိတ်နဲ့ ၅၂၈လို
အချစ်မျိုးပဲ ကောင်းပါတယ်…” စသဖြင့်
ပြောဆိုနေကြတာတွေပါ။

လူအတော်များများက မိဘနဲ့ သားသမီးကြား၊
ဆရာနဲ့တပည့်ကြား၊ ညီအစ်ကို
မောင်နှစ်မတွေကြားမှာထားတဲ့ အချစ်ဟာ
အပြစ်ကင်းတဲ့ ၅၂၈ အချစ်မျိုးဖြစ်တယ်လို့ ထင်နေကြပြီး၊
ချစ်သူသမီးရည်စားတွေရဲ့ အချစ်မျိုးကတော့
၁၅၀၀အချစ်လို့ နားလည်နေကြပါတယ်။
ဒါဟာ လွဲနေပါတယ်။

❦အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊
ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊
ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ
“၅၂၈ အချစ်မျိုး” မဟုတ်ပါဘူး။

❦တကယ်တော့ ၅၂၈အချစ် (တစ်နည်းအားဖြင့်)
၅၂၈ မေတ္တာဟာ ဖြူစင်ပါတယ်။ မျှော်လင့်ချက်ကင်းပါတယ်။
မေတ္တာအစစ်ဟာ ကိုယ့်အတွက်မပါဘဲ ၊
သူတစ်ပါးကို အကျိုးလိုလာခြင်း သက်သက်ပဲ ဖြစ်ပါတယ်။
အထူးသဖြင့် ဒီ၅၂၈မေတ္တာဟာ ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ သူတစ်ပါး ချမ်းသာရေး သက်သက်ကိုသာ
ရှေ့ရှုပို့သတာ ဖြစ်တဲ့အတွက် ဖြူစင်တဲ့
မေတ္တာအစစ်ဖြစ်ပါတယ်။

❦ဆိုကြပါစို့ ။
မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့်
စသူတို့ကြားမှာ ရှိနေတဲ့ အချစ်မျိုးဟာ ပို့တိုင်းပို့တိုင်း
“ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆရာ၊ ငါ့တပည့်၊
ငါ့အစ်ကို၊ ငါ့ညီ၊ ငါ့အစ်မ၊ ငါ့နှစ်မ”စတဲ့ ငါစွဲများဦးစီးပြီး
ပို့သနေတဲ့ မေတ္တာများ ဖြစ်နေတဲ့အတွက်
ဖြူစင်တဲ့ ၅၂၈မေတ္တာလို့ မပြောနိုင်ပါဘူး။

၅၂၈ မေတ္တာကတော့ .....
“သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ၊
စိတ်ဆင်းရဲခြင်း ကင်းပါစေ၊
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊
ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ။”လို့
ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး
သက်သက်ပဲ ဖြစ်နေပါတယ်။

ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး
အကျိုးလိုးလာမှု သက်သက်ရှိတဲ့ မေတ္တာမျိုးကိုသာ
၅၂၈ မေတ္တာလို့ ခေါ်တာပါ။
ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို
တင်ပြလိုပါတယ်။

ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း
မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက်
အရပ်ဆယ်မျက်နှာနဲ့ ပြန့်ပွားပေးခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့်
•သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်)
•အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊
•အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
•အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
•သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို
ရွက်ဆောင်နိုင်ပါစေ) လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို
“ဒီလေးချက်” နဲ့ ပွားရပါတယ်။

ဒီနည်းအတိုင်း
•သဗ္ဗေပါဏာ
(အလုံးစုံသော ထွက်သက်၊၀င်သက်ရှိသော သတ္တ၀ါများ)၊
•သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊
•သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊
•သဗ္ဗေအတ္တဘာဝပရိယာပန္နာ
(အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊
•သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊
•သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊
•သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊
•သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊
•သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊
•သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊
•သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်
ငရဲကျရောက်သော သူများ) တို့ကိုလည်း
တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့
ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့
“မေတ္တာ ၄၈ချက်” ဖြစ်ပါတယ်။
နောက် အဲဒီ (၁၂)ယောက်ကိုပဲ
အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊
အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊
အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊
အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ “အရပ်ဆယ်မျက်နှာ နဲ့
တစ်ခုချင်း ၊ ပုဂ္ဂိုလ်တစ်ဦးချင်း ၊ မေတ္တာတစ်ချက်ချင်း၊
ထပ်ပွားများတဲ့အခါ “မေတ္တာ ၄၈၀ချက်” ဖြစ်ပါတယ်။
ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည်
ဘေးရန်ကင်းကြပါစေ..၊
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊
ချမ်းသာစွာ မိမိကိုယ်ကို ရွက်ဆောင်နိုင်ပါစေ
လို့ ပွားများပေးရသလိုပေါ့။

ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့
၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)
ဒီ “၅၂၈မေတ္တာ” ကိုပဲ “ငါးရာ့နှစ်ဆယ် ရှစ်သွယ် မေတ္တာ” လို့
ခေါ်ခြင်း ဖြစ်ပါတယ်။
ဒီမေတ္တာမှာ ပို့သတိုင်း ပို့သတဲ့ ကိုယ့်အတွက်မပါဘဲ ၊
ငါစွဲကင်းကာ သူတစ်ပါးအတွက်သာ ဖြစ်နေတဲ့အတွက်
တကယ့်ဖြူစင်တဲ့ ၅၂၈ မေတ္တာလို့ ခေါ်ပါတယ်။
ဒါကြောင့် ဒီ ၅၂၈ မေတ္တာကို တစ်လွဲနားလည်ပြီး၊
အသုံးပြုနေသူများ သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

၁၅၀၀ ကတော့ မေတ္တာ မဟုတ်ပါဘူး။
“ကိလေသာ” ပါ။ ကိလေသာဖြစ်တဲ့အတွက်
လူအတော်များများ နားလည်ထားသလို သမီးရည်စားအချစ်၊
လင်မယားအချစ်တွေသာ ၁၅၀၀ အချစ်ဆိုတာမျိုး မဟုတ်ဘဲ၊
ရဟန္တာ မဖြစ်သေးသူမှန်သမျှမှာ ဒီကိလေသာက
ရှိနေမှာဖြစ်ပါတယ်။ ကိလေသာ အကျဉ်းကတော့ ၁၀ပါးပါပဲ။
အဲဒီဆယ်ပါးကို တစ်ခြား စိတ်၊ စေတသိက်၊
ရုပ်တွေနဲ့ မြောက်ပွားလိုက်တဲ့အခါ ၁၅၀၀အထိ
ဖြစ်သွားခြင်း ဖြစ်ပါတယ်။

“၁၅၀၀ ကိလေသာ ရေတွက်ပုံ”
••••••••••••••••••••••••••
၁၅၀၀ ကိလေသာ ရေတွက်ပုံကို အကျဉ်းသိသာရုံ
တင်ပြရရင် . . .
စိတ်၊ စေတသိက် ၅၂၊
နိပ္ဖန္နရုပ် ၁၈၊
လက္ခဏရုပ် ၄ = ပေါင်း ၇၅။
ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။
အဲဒီ ၁၅၀ ဟာ
“လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊
ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ”ဆိုတဲ့ ကိလေသာ
ဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှု
ရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။
(၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။)
အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။
ဒီသဘောက အဘိဓမ္မာ မသင်ဖူးသူတွေအတွက် နားလည်ဖို့
ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ
မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက
“၅၂၈ မေတ္တာနဲ့ ၁၅၀၀ကိလေသာ” မလွဲကြဖို့ပါ။
၅၂၈မေတ္တာကို လူ့လောကမှာ နားလည်အသုံးပြုကြသလို
အမှတ်မမှားကြဖို့ပါ။ “ငါစွဲရှိနေ၊ ငါ့အတွက်ပါနေသေးတဲ့
အချစ်” ဟာ ဖြူစင်တဲ့ ၅၂၈ မေတ္တာအစစ် မဟုတ်ဘူး
ဆိုတာ သဘောပေါက်ကြဖို့ပါ။
ဒီလို သဘောပေါက်ပြီး အလွဲတွေကို ဖယ်ကာ
အမှန်လေးတွေ ပြင်နိုင်ကြဖို့ အခုလို လွဲနေတာလေးကို
တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

Post>>>
【ဆရာတော်မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】