........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 17, 2012

လိုင်းဖုန်းနံပါတ် သိတာနဲ့ ဘယ်မှာနေလဲ ဆိုတာ ရှာမယ်




လိုင်းဖုန်းနံပါတ် သိတာနဲ့ ဘယ်မှာနေလဲ ဆိုတာ ရှာမယ်မြန်မာနိုင်ငံအတွင်း လိုင်းဖုန်း နံပါတ် တစ်ခုကို သိတာနဲ့ ဘယ်မှာနေ တယ်၊ ဘယ်သူပိုင်တယ် ဆိုတာကို အင်တာနက် ပေါ်ကနေ လိပ်စာ အတိအကျ ထုတ်ပေး နိုင်တဲ့ Website ကို ညွှန်ပြ ပေးချင်ပါတယ်။ အဲဒီ Website မှာ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီးတာနဲ့ နေထိုင်ရာ ဒေသကို ရွေးချယ် ပေးရမှာပါ။

ဥပမာ-ကိုယ်ရှာ ချင်တဲ့လူရဲ့ဖုန်းက ၀၁ ဆိုပါက ရန်ကုန် ဆိုတာကို Division/State ဆိုတဲ့အောက်မှာ ရွေးချယ် ပေးရမှာဖြစ် ပြီး ဖုန်းနံပါတ်ကို ရိုက်ထည့် ပေးလိုက် တာနဲ့ ချက်ချင်း အဲဒီနေရာ လိပ်စာ အတိအကျ၊ ဒီဖုန်းကို ဘယ်သူပိုင်လဲ ဆိုတာကို သိရမှာပါ။ ဥပမာ - ဖုန်းနံပါတ်ပဲ သိတယ် ဆိုပါတော့။ ဖုန်း နံပါတ်က ၁၂၃၄၅၆ ဆိုတာကို ထည့်ပေး လိုက်တာနဲ့ ချက်ချင်း သူ့ဘာသာသူ ခွဲပြီးတော့ ထုတ်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီဖုန်းနံပါတ် တူတွေ ရှိနေတယ် ဆိုရင်တော့ အများကြီး ကျလာမှာပါ။ အဓိက ထည့်ပေးသင့် တာကတော့ ဖုန်းနံပါတ်နဲ့ Division/State မှာ ရွေးပေးသင့်တာပါပဲ။ ဒါဆို အတိအကျ ဖော်ပြပေးနိုင်ပါတယ်။

အားနည်းချက် တစ်ခုကတော့ လက်ကိုင်ဖုန်း တွေကို ရှာလို့ မရသေး တာပါပဲ။ တကယ်လို့ ဖုန်းနံပါတ် ရှာဖွေ ချင်တယ် ဆိုရင်တော့ http://www.myanmarteldir.com မှာ ဝင်ရောက်ပြီး ရှာဖွေနိုင်မှာပါ။

No comments:

Post a Comment