........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Sep 23, 2017

ပအိုဝ်ႏဖောင့်

ပအိုဝ္႞ေဇာ္ဂ်ီ Oppo Vivo samsungတာ႞Font
ပအိုဝ်ႏဇော်ဂျီ Oppo Vivo Samsung တာႏ Font
https://m.mediafire.com/view/40a6nr46cyfx1ea

ပအိုဝ္႞Zawgyi (ifont)
ပအိုဝ်ႏZawgyi(ifont)
https://m.mediafire.com/app/y333q8g5n0bs2

Oppoအတာ႞ပအိုဝ္႞Unicode
Oppoအတာႏ ပအိုဝ်ႏUnicode
http://www.mediafire.com/file/l9ywm91cpvbvxrc

ပအိုဝ္႞Unicodeလိတ္ၿဖံဳ႞
ပအိုဝ်ႏUnicodeလိတ်ဖြုံႏ
https://www.mediafire.com/file/qcv2hsy3z1dirka/PaOh_Dragon_App_v1.20%28iFont%29.apk

ပအိုဝ္႞Unicode ကဝ္႞လုဲင္လိတ္ၿဖံဳ႞
https://www.mediafire.com/file/av7hgj56c97dha6/Unicode%E1%80%80%E1%80%9D%E1%80%BA%E1%82%8F%E1%80%9C%E1%80%AF%E1%80%B2%E1%80%84%E1%80%BA%EA%A9%BB%28iFont%29.apk

Zawgyi PaOh Font
https://m.mediafire.com/view/7m1y81d0smndpeg

ပအိုဝ္႞(Unicode)အတာ႞ကီးဘုတ္
(Unicodeအတာႏ)ကီးဘုတ်
မန်း  ပအိုဝ်ႏ ဖြောဝ်ꩻ မဲင်ꩻ စောက်ꩻတနျာႏ စောက်ꩻ(၆)ဘာႏသာႏUnicodeအတာႏM3ကီးဘုတ်
http://www.mediafire.com/file/2d43au8bv5m492n/

(Zawgyiအတာ႞)ကီးဘုတ္
(Zawgyiအတာႏ)ကီးဘုတ်
ပအိုဝ်ႏZawgyi တွမ်ႏUnicodeကီးဘုတ်
https://www.mediafire.com/file/9j1rtwza4usy6yk/%E1%80%95%E1%80%A1%E1%80%AD%E1%80%AF%E1%80%9D%E1%80%BA%E1%82%8FZawgyi_%26_Unicode_%E1%80%80%E1%80%AE%E1%80%B8%E1%80%98%E1%80%AF%E1%80%90%E1%80%BA.apk

နီလိတ်လဲုင်႟ နီတဲမ်းချာ
နီငါဝ်းငွါ နီဒေါ့႟ဖြောဝ်႞

နီလိတ်လုဲင်ꩻ နီတဲမ်းချာ
နီငါဝ်းငွါ  နီဒေါ့ꩻဖြောဝ်ႏ
@ND


Sep 11, 2017

အာဇာနည်

ဗုဒ္ဓစာ​ပေလာ အာဇာနည်​ပုဂ္ဂိုလ်​ဟူသည်
******************************
      အာဇာနိယ။ အာဇာနေယျ ဟူသော ပါဠိမှဆင်းသက်လာ
ခြင်ဖြစ်သည်။    မြန်မာ့အဘိဓန်တွင်  အကြောင်းဟုတ်သည်
မဟုတ်သည်ကိုကောင်းစွာသိသူ။   သာမန်ထက် လက်ရုံးရေ
နှလုံးရည်ထူးကဲသာလွန်၍ အများအတွက်  သက်စွန့် ကြိုးပမ်း
ဆောင်ရွက်သူ ဟုဖွင့်ဆိုထားသည်။

  အာဇာနည်ဟူသည်ကား အခြာသူ၏အကျိုးအတွက်မိမိဘဝကို
ပေးဆပ်သူများဖြစ်သည်ဟု မြန်မာ့စာပေလောက၌လည်း ဖွင်ဆို
ထားသည်။

      အာဇာနည်ဟူသောစကားလုံးသည် အနောက်တိုင်းစာပေထဲ၌
Hero  ဟူသော  စကားလုံးနှင့်တူညီသည်။    Hero ဟူသော
စကားမှာဂရိဘာသာစကားမှ ကာကွယ်စောင့်ရှာက်သူ"Protector
or Defender"  ဟုအဓိပ္ပါယ်ရသော Heros စကားလုံးမှဆင်း
သက်လာသည်။  လက်တင်ဘာသာ၌ Seruare  စကားလုံးနှင့်
သုံးပြုပုံတူပြီး ယင်းစကားလုံးသည်လည်း ကာကွယ်စောင့်ရှောက်
သူ Safeguard ဟုအဓိပ္ပါယ်ရသည်။ ဖေါ်ပြပါစကားလုံးများအရ
အာဇာနည်ဟူသည် ကိုယ်ကျိုးစွန့် ပြီးသူတစ်ပါးကို ကာကွယ်စောင့်
ရှောက်နိုင်သူဟု အရှေ့  အနောက်  စာပေ  ပညာများက ထွက်ဆို
ကြသည်။
    
       ထိုကဲ့သို့ တာဝန်ယူမှုသည်အာဇာနည်တစ်ယောက်၏ ပင်မ
သွေးကြောပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ သည် အကောင်း
အဆိုး အမှားအမှန်ကို မှန်မှန်ကန်ကန် ခွဲခြားနိုင်စွမ်းရှိသော ပုဂ္ဂိုလ်
ဖြစ်သည်။ အများအတွက်ဆိုလျှင် ကိုယ့်အသက်ပင် စွန့် ဝံ့သူ
စွန့် ရဲသူဖြစ်သည်။
      
       ဦးဟုတ်စိန်၏ ပါဠိ မြန်မာ အဘိဓာန်တွင် ခြင်္သေ့အာဇာနည်
မြင်းအာဇာနည်  ဆင်အာဇာနည်  နွားလားဥဿဘအာဇာနည်
ယောင်္ကျားအာဇာနာ်  ရဟန္တာ ပုဂ္ဂိုလ် အာဇာနည် ဟူ၍ခြောက်မျိုး
ထုတ်နုတ်ထားသည်။  အာလုံးပင် မြတ်ဗုဒ္ဓ၏တရားဟောစာပေကို
အခြေခံထားကြသည်ကို တွေ့ ရှိရသည်။

       တစ်နေ့ တွင်ရှင်အာနန္ဒာကိုယ်တော်မြတ်သည် စိတ်ထဲတွင်
အတွေးတခုဝင်လာပြီး ဆင်အာဇာနည်ဆိုတာ ဆဒ္ဒန္တဆင်မျိုး(သို့ )
ဥပေါသထ ဆင်မျိုးမှမွေးဖွါးသည်း။ မြင်းအာဇာနည်ဆိုသည်မှာ
သိန္ဓောမြင်းမျိုး(သို့ မဟုတ်) ဗလာဟကမြင်းမျိုးမှမွေးဖွါးသည်။
နွားအာဇာနည်ဆိုသည်မှာ ဒက္ခိဏပထတိုင်းမှာမွေးဖွါးသည်ဟု
ဘုရားကမိန့် ဖူးသည်။ ယောက်ျားအာနည်ဆိုသည်မှာ ဘယ်အရပ်မှာ
မွေးဖွါးလေသနည်းဟု စိတ်ထဲမှာအဖြေမထုတ်နိုင်သဖြင့် ဘုရားထံ
သွားရောက် မေးမြန်းလျှောက်ထားလေသည်။

       ထိုအခါဘုရားရှင်က အန္ဒာ...ယောက်ျားအာဇာနည်ဟူသည်
နေရာတိုင်းမှာမွေးဖွါးသည်မဟုတ်။ အဖြောင့်ယူဇနာ(၃၀၀)အကျယ်
ယူဇနာ(၂၅၀) အဝန်းကျင်ယူဇနာ (၉၀၀) ရှိသော မိစ္ဈိမဒေသ၌သာ
မွေးဖွါးသည်။ "ယောင်္ကျာအာဇာနည်တစ်ယောက်ပေါ်ပေါက်လာလျှင်
ထိုနေရာသည် ချမ်းသာဖို့ ရာသေချာသွားပြီ။

       ဘုရားဆိုလိုသည့်အာဇာနည်က သမ္မာသမ္ဗုဒ္ဓ အာဇာနည်ကို
ဆိုလိုသည်။ ထို့ အတူပင်   လူ့ လောကသမုဒ်သော အာဇာနည်
ပုဂ္ဂိုလ်များပေါ်ပေါက်လာလျှင်လည်း လူသားအားလုံးချမ်းသာနိုင်
သည်။ ပါဠိတော်တွင် ဘုရားရှင်သည်မြင်းအာဇာနည်များကိုဟော
ကြားသည်ကများသည်။

      #ဘုရားဟောပါဠိတော်၌ အာဇာနည်ဟူသည် ကိုယ်ကျင့်သီလ
ပြည့်စုံရမည်။  ကိုယ်ကျင့်တရားကောင်းရမည်။     စာရိတ္တမဏ္ဍိုင်
ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲရမည်။ တရားမျှတရမည်။ ဘက်လိုက်မှု
ကင်းရမည်။ အဂတိလိုက်စားမှုကင်းရမည်။ လောဘ ဒေါသ မောဟ
စသည့်အစွန်းအဖျားမထွက်စေရ။ အနစ်နာာခံရမည် ကိုယ်ကျိုးစွန့် ရမည်။
အတ္တကိုနှိမ်နင်းနိုင်ရမည်။ ပရကိုဦးစားပေးခြင်းဖြစ်သည်။
ဒါကပထမအချက်ဖြစ်သည်။

   #ဒုတိယအချက်က-  ဝိရိယကောင်းရမည် ဦးတည်ချက်ထားရမည်
ပန်းတိုင်ကိုမရောက်မချင်း  မဖြစ်မချင်း မရမနေပြင်းပြင်း ထန်ထန်
ကြိုးစားဆောင်ရွက်ရမည်။

       #တတိယအချက်က-   အတတ်ပညာ အသိပညာ ဗဟုသုတ
ပြည့်စုံရမည်။  အမြင်ကျယ်ရမည် စာပေဗဟုသုတလိုက်စားရမည်။
ပညာဟူသည်အမှန်တရားကိုသိ၍   အမှန်တရားကိုမြတ်နိုးသည်။
အမှန်တရားကိုမြတ်နိုးသည်။ အမှန်တရားကိုသာတန်ဖိုးထားသည်။
အမှန်အမှားကြားနေဝါဒမရှိ။ တဘက်ဘက်သာနင်းရမည်။ အမှန်
တရားအတွက်၌သာ ခြေစုံရပ်ထားသည်။
   မိမိလုပ်ရပ်တိုင်းသည် အမှန်တရားနှင့်ညီညွတ်ရမည်။
အမှန်တရားဘောင်တွင်း၌ရှိရမည်။ အမြတ်နိုးဆုံးအရာသည်အမှန်
တရားပင်ဖြစ်ရမည်။ မိမိသိုမှီးစုဆောင်းထားသော အရာမှန်တရား
သာဖြစ်သည်။ အမှန်တရားအတွက်ဆိုလျှင်အသက်ပင်စတေးနိုင်
သူဖြစရမည်။ ဒါမှအာဇာနည်မှန်သည်။

      #စတုတ္ထအချက်က ကိုယ့်အတွက်ရော ကိုယ်နှင်သြက်ဆိုင်သူ
အတွက်ပါ စားဝတ်နေရေး  ကျန်းမာရေး  အတွက်ပါဖူလုံ ပြည့်စုံ
အောင်ဖန်တီးနိုင်ရမည်။  ဘုရားဟောစာပေအရ   ဤအချက်ကြီး
လေးချက်နှင့်ပြည့်စုံမှသာလျှင်​ အာဇာနည်ဟုခေါ်ထိုက်သည်။

     
#၂၀၀၈ခုနှစ်။ ဇူလိုင်လ (၁၆) ရက်နေ့ ထုတ် Weekly Eleven
ဂျာနယ် အတွဲ(၃)  အမှတ် (၃၉) အရှင်သံဝရာ လင်္ကာရ ဆောင်းပါးမှ
ပြန်​လည်​​ဖော်​ပြပါသည်​။

#၁၀၊၉၊၂၀၁၇​နေ့မှာ ကျ​ရောက်​သည့်​ပအိုဝ်းအမျိုးသားအာဇာနည်​​နေ့အားဂုဏ်​ပြုပါသည်​။
#ပအိုဝ်းအမျိုးသား​ခေါင်း​ဆောင်​များအာဇာနည်​​နေ့မှာ ပအိုဝ်းလူငယ်​များ အာဇာနည်​စိတ်​ဓာတ်
ကူးစက်​နိုင်​ပါ​စေ.....

#တက္ကသိုလ်​ ခွန်​Rကာfbစာမျက်နာမှ


Sep 10, 2017

(၇)ရက်သားသမီးများတနှစ်စာ ယတြာ

(၇)-ရက်သားသမီးများအားလုံး တစ်နှစ်တာ ကံကောင်းစေသော ယတြာများ..

ကျွန်ုပ်၏ အသက်(၂၃)နှစ် ခန့်တွင် ဆရာသခင် အဘမင်းသိင်္ခရှိရာ မှောဘီမြို့ မရမ်းတလင်း အယူတော် မင်္ဂလာခြံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်၏။ ထိုမရမ်းတလင်းခြံတွင် အသက် (၂၃)နှစ်မှ အစပြု၍ ကျွန်ုပ်၏ အသက် (၂၈)တိုင်အောင် ခြံတွင် သနေ္ဓတပည့် အဖြစ်နေထိုင်ခဲ့ရင်း ဗေဒင်ပညာ အပါအ၀င် လောကီပညာ အဖုံဖုံတို့ကို သင်ကြား လေ့လာ သင်ယူခဲ့ပြီးနောက် အဘမင်းသိင်္ခထံတွင် ခွင့်ပန်ကာ အပြင်လောကသို့ ထွက်၍ ကိုယ်ပိုင် ဗေဒင်ဟောခန်း ဖွင့်လှစ်ပြီး အသက်မွေး ၀မ်းကြောင်း ပြုခဲ့ရ၏။ 

လောကကြီးသည် မာယာများလှ၏။ ကြမ်းတမ်းလှသကဲ့သို့ အကွေ့အကောက် အလှည့်အပတ်လဲ အင်မတန် များ၏။ မိမိ ထင်မှတ်မထားသော ဘ၀၏ အလှည့်အပြောင်း အကွေ့အစောင်းမှာ တဖက်စောင်းနင်း မဖြစ်အောင် ကြိုးစားထိမ်းကြောင်းရင်း ဦးတည်ထားသော အနာဂါတ် ခရီးလမ်းကို ကြမ်းတမ်းစွာ လျှောက်လှမ်းခဲ့ရ၏။ လောကဓံ လှိုင်းတံပိုးများသည် အင်မတန်မှကို ပြင်းထန်လေ၏။ ပတ်၀န်းကျင်သစ် ဒေသသစ်များကို ကျင်လည်ရင်း လှည့်လယ်ရင်း ပတ်၀န်းကျင်သစ် အခြေအနေသစ်များနှင့် ဟန်ချက်ညီအောင် နေထိုင်ခဲ့ရင်း သဟဇာတဖြစ်အောင် ကြိုးစားခဲ့ရ၏။ လောကဓံတရား ဆိုသည်မှာ ကောင်းခြင်းက လေးပါးရှိ၍ အဆိုးကလဲ ထိုနည်းတူ လေးမျိုးလေးစား ရှိ၏။ ထိုလောကဓံတရား ရှစ်ပါးသည် လူသားများအားလုံး မလွဲမသွေ သေချာပေါက် ကြုံဆုံရမည့် အရာများ ဖြစ်သည်။ ရှောင်လွဲလို့ မရပေ။ ကောင်းတာတွေကိုလဲ ရရှိခံစား ရမည် ဖြစ်သကဲ့သို့ အဆိုးတွေကိုလည်း ရင်ဆိုင် ကျော်လွှားနိုင်ဖို့ ပြင်ဆင်သွားမည် ဖြစ်၏။ 

အစပထမ အတွေ့အကြုံ နည်းပါးသော အချိန်ကာများတွင် လောကဓံ တရားများနှင့် ထိပ်တိုက် ရင်ဆိုင် ကြုံတွေ့ရသော အခါတွင် ကျွန်ုပ်၏ ရင်ထဲ နှလုံးသားထဲတွင် သိသိသာသာ တုန်လှုပ်မိ၏။ ကောင်းသော လောကဓံများကို ရရှိသောအခါတွင် အတိုင်းမသိ ၀မ်းသာ၏။ ကြည်နူး၏။ ပီတိဖြစ်၏။ ပျော်ရွှင်၏။ ကိုယ့်ကိုယ်ကို တော်လိုက်တာ တတ်လိုက်တာ လုပ်နိုင်လိုက်တာ ဟု အတွေးများ ၀င်လာ၏။ မကောင်းသော လောကဓံ အဆိုးများနှင့် ရင်ဆိုင်ရလေသော အခါများ၌ ပထမဦးဆုံး ခံစားရသော  ခံစားချက်သည် ကြောက်ရွံ့တုန်လှုပ်သော စိတ်၀င်လာခြင်း ဖြစ်၏။ ထို့နောက် စိတ်အားငယ်လာ၏။ ထို့နောက် စိတ်ဓာတ်ကျလာခြင်း ဖြစ်၏။ စိတ်ဓာတ်ကျပြီးသည့်နောက် မှန်ကန်သော အတွေးအခေါ်များ ပျောက်ဆုံးလာကာ တဖြည်းခြည်းခြင်း စိတ်ဓတ်များ သိမ်ဖျဉ်းလာခြင်း ဖြစ်၏။ 

ကျွန်ုပ်၏ စိတ်အစဉ်သည် လောကဓံတရား အကောင်းအဆိုးများကြားတွင် တက်လာလိုက် ကျသွားလိုက် ဖြစ်ဖြစ်သွား၏။ ထို့အတူ မကြာခန ဆိုသလို မိမိရည်မှန်းချက်များ သည်လည်း ေ၀းသွားလိုက် နီးလာလိုက် ဖြစ်၏။ ထို့အတူ မျှော်လင့်ချက်များ သည်လည်း တိကျ ပြတ်သား သွားလိုက် မှုံရီေ၀ဝါးသွား သွားလိုက်ဖြစ်၏။  တစ်ခါတစ်ခါတွင်လဲ မိမိ လျှောက်လှမ်းနေသော လမ်းကြောင်းများသည် အကြောင်းကြောင်းကြောင့် လမ်းလွဲသွားခြင်း ပြောင်းလဲ သွားခြင်းမျိုးလည်း ဖြစ်လေတော့၏။ ထိုအပြောင်း အလဲများသည် ပိုပို၍ ကောင်းသွားဖို့ အတွက် ပြောင်းလဲသွားခြင်းမျိုးလည်း ရှိသကဲ့သို့ အဆိုးတွေကို ရင်ဆိုင်ရဖို့ တွေ့ကြုံရဖို့အတွက် ပြောင်းလဲခြင်းမျိုးလည်း ဖြစ်နိုင်လေ၏။

ဘ၀၏ လမ်းခရီးသည် အဖော်မပါဘဲ တစ်ယောက်တည်း လျှောက်လှမ်းရသည့် အခါ၌သော်လည်းကောင်း ကြမ်းတမ်းသော အခက်အခဲများနှင့် ရင်ဆိုင်ရတာ များလာသော အခါအခါ၌သော်လည်းကောင်း ကောင်းသော ဆိုးသော အတွေ့အကြုံများ များပြားလာသော အခါတွင် လောကဓံတရားနှင့် ရင်ဆိုင်ရသည့် အချိန်တွင် အရင်တုန်းကလို သိပ်ပြီးတော့ မတုန်လှုပ်တော့ပေ။ တဖြေးဖြေးအားဖြင့် အသက်အရွယ်သည်လည်း ဒုတိယ အရွယ်သို့ ဖြတ်သန်း ၀င်ရောက်လာပြီ ဖြစ်သကဲ့သို့ မရေမတွက်နိုင်သော ဘ၀လမ်းခရီး အတွေ့အကြုံများသည်လည်း စုံလင်လာလေ၏။

ကျွန်ုပ်သည် အချိန်ကာလ တော်တော်များတွင် သောကနှင့် ဒုက္ခကို ရင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်းများစွာကို စဉ်းစားနေခဲ့ဘူး၏။ ရှာဖွေနေခဲ့၏။ အေးချမ်းခြင်းကို ပိုင်ဆိုင်လိုလှ၏။ မိမိ ဝါသနာပါ သော အလုပ်များကို လိုက်လုပ်ရင်း အချိန်ဖြုန်းကြည့်၏။ သို့သော် ကျွန်ုပ်၏ ရင်ထဲတွင် ခိုအောင်းနေသာ သောကနှင့် ဒုက္ခဆိုသော အရာများသည် အပြီးတိုင် ပျောက်ကွယ် မသွားခဲ့ပေ။ ဤသို့အားဖြင့် နှစ်များစွာ အချိန်များစွာကို ကုန်ဆုံးစေသကဲ့သို့ ဖြစ်လာလေ၏။ ကြာလာသော အခါတွင် လောကကြီးသည် အကာသက်သက် ဖြစ်သည်ဟု၎င်း အနှစ်သာရ ကင်းမဲ့သည်ဟူ၍လည်းကောင်း ထင်မြင် ယူဆလာမိတော့၏။ 

အေးချမ်းမှု့နှင့် ပျော်ရွှင်မှု့ကို ရရှိချင်သည့် အတွက် ကျွန်ုပ်သည် ခရီးသွားကြည့်၏။ သီချင်းဆိုကြည့်၏။ တစ်ယောက်တည်း ကကြည့်၏။ ဟာသကားများကို ကြည့်ပြီး စိတ်မပါပဲ အူတက်အောင် ဟားတိုက် ရီးမောကြည့်၏။ ရုပ်ရှင်ကြည့်၏။ သီချင်းနားထောင်၏။ အပေါင်းအသင်းများနှင့် လဘက်ရည်ဆိုင် ထိုင်ကြည့်၏။ ဘုရားပွဲ ဇတ်ပွဲ အငြိမ့်ပွဲ စသော လူစည်ကားသော ပွဲလန်း သဘင်နေရာများသို့ သွားရောက် လည်ပတ်ကြည့်၏။ သို့သော် ခနတာမျှသာ ဖြစ်ပြီး အချိ်န်တော်တော်များတွင် ထိုသောက နှင့် ဒုက္ခသည် ကျွနု်ပ်၏ နှလုံးသားအတွင်းသို့ ပြန်လည် ၀င်ရောက်လာပြန်လေ၏။ 

နောင်တွင် ကျွန်ုပ်အနေနှင့် သိလာရသည်မှာ သောကနှင့် ဒုက္ခဆိုသော အရာသည့် မည့်သည့် အကြောင်းရင်းမြစ်ကို အခြေခံပြီး စတင်ပေါက်ဖွားလာသလဲ။ မည်သို့ ဆက်လက် ရှင်သန်နေသနည်းဟု အဖြေရှာကြည့်သောအခါ သောကနှင့် ဒုက္ခသည် အတိတ်နှင့် အနာဂါတ်ဆိုသော အကြောင်းတရားကြောင့် ကျွန်ုပ်တို့၏ စိတ်အစဉ်တွင် ထပ်ခါထပ်ခါ မွေးဖွား ရှင်သန်နေခြင်းဖြစ်သည်ဟု တွေးမိ၏။ ဥပမာ ဆိုကြပါစို့...။ လူတစ်ယောက်သည် များသောအားဖြင့် မစားနိုင် မသောက်နိုင် မအိပ်နိုင် ဖြစ်နေသော လူတစ်ယောက်သည် သူ၏ ပစ္စုပ္ပန် ကိစ္စကြောင့် ဖြစ်သည်က ခပ်နည်းနည်း။ အတိတ်တုန်းက ဖြစ်ခဲ့သော မှန်သည်မှားသည် ကောင်းသည်ဆိုးသည် စသော အကြောင်းတရားများကို အကြောင်းပြု၍ ဖြစ်တတ်တယ်။ နောက်တစ်ခုကတော့ အနာဂါတ်ပေါ့။ အနာဂါတ်၏ မလုံခြုံခြင်း ကြိုတင်တွေးတော့ ပူပန်ခြင်း စသော အကြောင်းတရားများကြောင့် ဖြစ်နေလေ၏။ 

အမှန်တကယ်တော့ စိတ်ချမ်းသာချင်တယ် ဆိုရင် ပစ္စုပ္ပန် တည့်တည့်နေရာမှာ ကျွန်ုပ်တို့၏ စိတ်အစဉ် ရှိနေဖို့ လိုပါတယ်။ သောကနှင့် ဒုက္ခ စိုးရိမ်မှှုတွေကို အမြဲမပြတ် မွေးဖွားပေးနေတဲ့ အဲဒီ အတိတ်နှင့် အနာဂါတ် ဆိုသော အရာကို မိမိ စိတ်ထဲကနေ အပြီးတိုင် မောင်းထုပ်နေဖို့ လိုမည်ဟု ထင်မြင် ယူဆသည်။ မိမိက မောင်းထုပ်နေပေမယ့် အဲဒီ စိတ်တွေကလည်း အတင်း ၀င်ရောက်လာပြန်၏။ ထို့ကြောင့် နောင်အခါတွင် လက်ရှိပစ္စုပ္ပန် တည့်တည့်တွင်  လုပ်ကိုင်နေသော အလုပ်အကိုင် ကိစ္စကို စိတ်ပါ၀င်စားစွာ ပျော်ပျော်ရွှင်ရွင် လုပ်ကိုင်ခြင်း ဖြစ်၏။ ထမင်းစားနေသည် ဆိုပါစို့ ။ 

ထမင်းစားသော အကြောင်းအရာသည်သာ မိမိ စိတ်အစဉ်တွင် ရှိနေရမည်။ လမ်းလျှောက်သော အချိန် လမ်းလျှောက်သော စိတ်။ စာဖတ်ချိန် စာဖတ်စိတ် ၊ သီချင်းဆိုချိန် သီချင်းဆိုစိတ် စသည်ဖြင့် အထက်ပါအတိုင်း စိတ်ပါ၀င်စား လာသော အခါ နောင်များတွင် သောကနှင့် ဒုက္ခဆိုသော အရာသည် ကျွန်ုပ်၏ စိတ်အတွင်း ပိုင်းသို့ ၀င်ချင်တိုင်း ၀င်လာလို့ မရတော့ပေ။ သောကနှင့် ဒုက္ခသည် ကျွန်ုပ်၏ စိတ်အတွင်းပိုင်းသို့ ၀င်ရောက် မလာတော့သည့် အချိန်များတွင် ၎င်း၏ ဆန့်ကျင်ဘက် ဖြစ်သော အေးချမ်းမှု့ ဆိုသော အရာသည် အလိုလို ၀င်ရောက်လာတော့၏။ 

ဤကဲ့သို့ နေ့စဉ်ရက်ဆက် ဆိုသလို သောကနှင့် ဒုက္ခ အတိတ် အနာဂါတ် ဆိုသော နေရာများတွင် ပစ္စုပ္ပန် ဆိုသော အရာကို အစားထိုးပြီး အေးချမ်းမှု့ ဆိုသော အရာကို မွေးဖွားနေဖြစ်တော့၏။ တစ်ရက်တက် တစ်ရက် ပိုပို၍ တစ်လထက် တစ်လ ပို၍ အေးချမ်းလာလေတော့၏။ ဤ အရာသည် ကျွန်ုပ် တစ်ယောက်တည်း နားလည် သဘောပေါက်ထားသော ကမ္မဋ္ဌာန်းပင် ဖြစ်၏။ ဤအရာကို ကမ္မဋ္ဌာန်း ဟု ခေါ်ဆိုလျှင် ကျွန်ုပ်သည် အချိန်တိုင်း လိုလို ကမ္မဋ္ဌာန် ထိုင်နေသော လူဖြစ်သည် မဟုတ်ပါလား။ ကျွန်ုပ်၏ ကမ္မဋ္ဌာန်းဆိုသော အရာသည် ဘယ်ကို ရည်ရွယ်သန်းဟု မေးမြန်းလာပါက ရည်ရွယ်တယ် ရည်မှန်းတယ်ဆိုတာကလည်း အနာဂါတ်ပဲ မဟုတ်လား။ ဒါကြောင့် ကမ္မဋ္ဌာန်း ထိုင်နေတာဟာ ကမ္မဋ္ဌာန်း ထိုင်နေတယ် ဆိုရင်ပဲ ပြည့်စုံနေပြီ ဖြစ်၏။ 

ကျွနု်ပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ နေ့စဉ်နှင့် အမျှ ရောက်ရှိလာကြသော လူသားအားလုံး သည်လည်းကောင်း အွန်လိုင်းတွင် တွေ့ကြုံရသော ကျွန်ုပ်၏ မိတ်ဆွေများသည် လည်းကောင်း ကျွန်ုပ်ထံတွင် သူတို့၏ လောကဓံတရားများ အခက်အခဲများကို  ကျွန်ုပ်အား တိုင်ပင်ကြ၏။ ဗေဒင်နှင့် ပါတ်သက်သော အကြံညာဏ်များ ရယူကြ၏။ ကျွန်ုပ်သည် ဗေဒင်နှင့်သာ မက တခြားသော ဘ၀ အေးချမ်းစေမည့် အကြောင်းအရာများကို သိသလောက် တတ်သလောက် ပြောပြဖြစ်၏။ သူတို့သည်လည်း စိတ်သက်သာရာ ရသည်ဟု ပြန်ပြောကြသောကြောင့် ကျွန်ုပ်သည် ၀မ်းသာ မိ၏။ ကြည်နူးမိ၏။ 

ကံကြမ္မာ၏ သဘော သဘာ၀ဆိုသည်မှာလည်း အဆိုးအကောင်း အမြဲတမ်း ဒွန်တွဲနေ၏။ အကောင်းတွေချဉ်းလည်း မလာသလို အဆိုးတွေကြီးလည်း မလာတတ်ပေ။ အကောင်းပြီးရင် အဆိုးလာမည်။ အဆ်ိုးပြီးရင် အကောင်းပြန်လည်မည် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်၏ မိတ်ဆွေများအတွက် နှစ်စဉ်နှစ်တိုင်း လောကဓံ တရားများနှင့် ရင်ဆိုင် ကြုံတွေ့လာ ရသော အခါတွင် ခုသာ ခံသာဖြစ်အောင် သက်ရောက်ယတြာ ဆောင်ရွက်နည်းကို တင်ပြပေးလိုက်ပါတယ်။ ကံဇာတာ ညံ့နေသော နှစ်ကာလများတွင် ကံဇာတာ အဆိုးအညံ့များမှ သက်သာစေပြီး ကံဇာတာ ကောင်းမွန်သော နှစ်များတွင်လည်း ပို၍ ကောင်းမွန်စေပါသည်။ 

ဤယတြာနည်းလမ်းများကို သက်ရောက်ယတြာဟု ခေါ်၏။ မိမိတို့၏ အသက်ကို (၈) ဖြင့်စားပြီး အကြွင်းအတိုင်း မိမိ မည်သည့်သက်ရောက် ဖြစ်သနည်း ဆိုသည်ကို အရင်ဆုံး တွက်ကြည့်ရမည် ဖြစ်၏။ မိမိ မည်သည့် သက်ရောက်ဖြစ်နေသည် ဆိုသည်ကို သိရှိပြီးနောက်ပိုင်း အောက်ဖော်ပြပါ ယတြာများကို သက်ရောက်အလိုက် ကြည့်၍ ဆောင်ရွက်နိုင်ပါသည်။ 

သင်.... မည်သည့်သက်ရောက်နည်း

သက်ရောက်တွက်နည်းကို ယခုအနည်းငယ် ပြန်လည် ပြောဆိုပါဦးမည်။ အရင်ဆုံး သင့်အနေနှင့် မိမိ၏အသက် ဘယ်နှစ်နှစ်ထဲ ရောက်နေသည်ကို အရင်ဆုံးသိဖို့လိုပါသည်။ အသက်တွက်နည်းမှာ သင်၏ အသက်ထက် တစ်ရက်တစ်နာရီ ပိုနေလျှင်ပင် နောက်တစ်နှစ်တိုး၍ ယူဆရပါမည်။ ဥပမာ သင်သည် အသက် ၂၄-နှစ်ပြည့်ပြီး၍ နောက်တစ်ရက်သို့ ၀င်ရောက်နေလျှင်ပင် သင်၏အသက်ကို (၂၅)နှစ်ဟူ၍ ယူဆပါရန်။ ဥပမာ သင်၏အသက် ၃၂-နှစ်ထက် ၅-လကျော်နေတယ်ဆို၇င် ၃၃-နှစ်ဟူ၍ ယူဆပါ။ တစ်ရက်၊ တစ်လ၊ တစ်နာရီ၊ ငါးလ ခြောက်လ စသည်ဖြင့် မည်မျှလောက် ကျော်လွန်နေသည် ဖြစ်ပါစေ နောက်တစ်နှစ်တိုး၍ ယူဆရပါမည်။

ယခု သင်... မည်သည့် သက်ရောက်တွင် သက်ရောက်နေသနည်းဟု အဖြေသိစေရန် သက်ရောက်တွက်နည်းကို ပြောပြပေးပါမည်။ သင်၏အသက်ကို (၈)နှင့်စားပါ။ ထို့နောက် အကြွင်းအလိုက် သင်၏ မွေးနံ အိမ်မှစ၍ အကြွင်းအတိုင်း (တစ်ခုကြွင်းရင် တစ်ကွက်ထောက်ပါ။ နှစ်ခုကြွင်းရင် နှစ်ကွက်ထောက်ပါ။ စသည်ဖြင့် ထောက်ပါ။ နောက်ဆုံး ထောက်လိုက်သောနေရာသည် သင် သက်ရောက်သော နေရာဖြစ်ပါသည်။ မှတ်ချက်။ သုညကြွင်းလျှင် (၈)ကွက်ထောက်ပါ။ ဥပမာ၊ အသက် ၃၆-နှစ်ရှိသော တနင်္လာသားသမီးဆိုကြပါစို့၊ အသက်(၃၆)ကို (၈)နှင့်စားလိုက်ပါက (၄)ကြွင်း၏။ တနင်္လာသားသမီး ဖြစ်သောကြောင့် ၎င်းတနင်္လာဂြိုဟ်မှ စ၍ထောက်လျှင် စနေဂြိုဟ်တွင်ပင် ကျလေ၏။ ထိုကြောင့် စနေသက်ရောက်ဟူ၍ ကောက်ယူလေ၏။ အောက်တွင် ပုံကိုကြည့်ကြည့်ပါ။



နောက်ဥပမာတစ်ခု အသက်အားဖြင့် (၄၀)ရှိသော တနင်္လာသားသမီးကို တွက်ကြည်ပါ။ အသက်(၄၀) ဖြစ်သောကြောင့် (၄၀)ကို(၈)ဖြင့်စားလိုက်ရာ (၀)ကြွင်း၏။ (သုညကြွင်းကို ရှစ်ကြွင်းဟူ၍ပင် ယူဆပါ) ထို့ကြောင့် တနင်္လာဂြိုဟ်မှစ၍ ရှစ်ကွက်တိတိ ထောက်ကြည့်လိုက်ပါက တနင်္ဂနွေဂြိုဟ်တွင် သက်ရောက်၏။ ထို့ကြောင့် တနင်္ဂနွေ သက်ရောက်ဟု သတ်မှတ်၏။ ဒီလောက်ဆိုရင် မိမိတို့၏ သက်ရောက်တွက်နည်းကို သိလောက်ပေပြီ။ ယခု ဆက်လက်ပြီး မိမိ မည်သည့်သက်ရောက်တွင် မည်သည့် ယတြာချေရမည်နည်းဟု ဆက်လက်ဖော်ပြပေးပါမည်။

တနင်္ဂနွေသက်ရောက်အတွက်ယတြာ
- သောကြာနေ့ မနက် (၆)နာရီမှာ ရွက်လှလေးညွန့်နဲ့ သပြေ(၆)ညွန့် ဘုရားမှာ လှူပါ။
- သရက်သီး ဆယ်လုံး ဆယ်စိပ် လှူပါ။
- သောကြာနေ့ မနက်ခြောက်နာရီမှာ ရှောက်သီးသုတ် လေးပန်းကန် ဒါမှမဟုတ် ခြောက်ပန်းကန် အိမ်ဘုရားတွင် ကပ်လှူပါ။
-သောကြာနေ့ မနက်(၆)နာရီမှာ ဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ သောကြာနံ အစ ဗုဒ္ဓဟူးနံ အဆုံး ပစ္စည်းဖြစ်တဲ့ သာသနာ့အလံ ဆယ်လက်လှူပါ။
- သံပုရာရည် လေးခွက် ဒါမှမဟုတ် ခြောက်ခွက်ဘုရားမှာ လှူပါ။
- အဆောင်အဖြစ်ကတော့ ကိစ္စရှိတဲ့အခါ သရက်ညွန့် ဆောင်သွားပါ။
- တနင်္လာနေ့ ညနေစောင်း ဒါမှမဟုတ် ကြာသပတေး ညနေစောင်းမှာ အိမ်မှာ စွန့်ထားတဲ့ မြေအိုးအဟောင်း အမှိုက်ပုံမှာ သွားစွန့်ပါ။
- ဘဲဥပြုတ်ကို ငါ့ဒဏ်နင်ခံလို့ ပြောပြီး လမ်းမှာတွေ့တဲ့ ခွေးကို ပစ်ကျွေးလိုက်ပါ။
အုန်းသီး အုန်းရည် ပေါင်မုန့်ဆိုတာတွေ ရှောင်သင့်ပါတယ်။ (ကျန်းမာရေးညံ့တဲ့အချိန်) အမဲသား အမဲရောင် ရှောင်ပါ။ ဘဲဥကို ရှောင်ပါ။ အရေးကြီးတဲ့ကိစ္စတွေ လုပ်တဲ့အခါ တနင်္ဂနွေနေ့ ကြာသပတေးနေ့ မလုပ်သင့်ပါဘူး။ 

တနင်္လာသက်ရောက်
- နှင်းဆီ + ကံကော် ဘုရားလှူပါ။
- တနင်္လာနေ့ မနက် (၇)နာရီ ဘုရား တနင်္လာထောင့်မှာ ငွေထီး (၉)လက် သို့မဟုတ် (၂၇)လက် လှူပါ။
- နန်းကြီးသုပ် ၊ နံကထိုင် ၊ နွားနို့ ကိတ်မုန့် ၊ ဘုရားလှူ ခြင်း ဘုန်းကြီးဆွမ်းကပ်ခြင်း ၊ ဒါနပြုခြင်း  ဆောင်ရွက်နိုင်ပါတယ်။
- အာလူးငါးလုံးကို ငါ့ဒဏ်နင်ခံဆိုပြီး ဗုဒ္ဓဟူးနေ့ ညနေမှာ လမ်းမှာပစ်ပါ။
- အာလူးပေါ်မှာ အပ်ဖြင့် မိမိ၏ အမည်ကို ရေးပါ။ လမ်းမှာစွန့်ပစ်လိုက်ပါ။
- ဗုဒ္ဓဟူး သို့မဟုတ် တနင်္ဂနွေနေ့နေ့ ညနေစောင်းမှာ မိမိနေအိမ်ရှိ ရေအိုးဟောင်းကို လမ်းမှာ သွားစွန့်ပါ ။ (ရေအိုးဟောင်း ရှိမှ စွန့်ပါ)
- အုန်းရည်ဖြင့် မိမိ အိမ်နောက်ဖက်မှာ မိမိ ခြေထောက်ကို လောင်းဆေးပါ။
- အာလူး ၊ အုန်းရည် ၊ အရက် ၊ ၀က်သား ရှောင်ပါ။ ကျန်းမာရေးအရ ယတြာချေရာတွင် လမ်းပြင်သော ယတြာမချေရ)

အင်္ဂါ + ဗုဒ္ဓဟူးသက်ရောက်
- ပေါင်မုန့်ထောပတ်သုပ် (သကြားမပါရ) ဘုရားလှူပါ ၊ ဒါနပြုပါ။
- ထောပတ်ထမင်း၊ ဒံပေါက် ဘုရားလှူပါ။ ဘုန်းကြီး ဆွမ်းကပ်ပါ။ ဒါနပြုပါ။
- ပွဲထိုးပြီး ဘုရားလှူပါ။
- ပိတောက်သား ပုတီးဖြင့် ဗုဒေ္ဓါဂုဏ်တော် ပုတီးစိတ်ပါ။
- နွားနို့ + ပေါင်မုန့်လှူပါ။
- စနေနေ့တွင် စနေထောင့်မှာ ထီးဖြူ (၁၂)လက် လှူပါ။ 
- နှင်းဆီ + မေမြို့ပန်း ဘုရားလှူပါ။
နိစ်ပြစွန့်သောယတြာအဖြစ်
- သခွါးသီးနှစ်လုံးကို ငါ့ဒဏ်နင်ခံဆိုပြီး နောက်ဖေးဘက်မှာ ခြေထောက်ဖြင့် နင်းချိုး၍ အခြားတစ်ယောက်အား အမှိုက်ပုံမှာ သွားပစ်ခိုင်းပါ။ ရေမျှောခိုင်းပါ။
- သခွါးသီး တစ်လုံးမှာ သွားကြားထိုးတံ (၂၆)ချောင်းကို ငါ့ဒဏ်နင်ခံဟု ပြောကာ စိုက်ပြီး သွားစွန့်ပစ်ပါ။ 
- ကြက်သားဟင်း အကျန် လမ်းကခွေးကို  ချကျွေးပါ။ 
- ကြက်သား သခွါး ၊ သကြား စသည်တို့ ရှောင်ပါ။

စနေသက်ရောက်
- အုန်းသီးမှာ (ဧ) အက္ခရာရေးပြီး ဘုရားလှူပါ။
- အုန်းညွန့် (၆) ၊ သပြေညွန့် (၂၁) ညွန့် ဘုရားလှူပါ။ 
- အသုပ် ဆွမ်းတော်ကပ်ပါ။ ဒါနပြုပါ။
- အအေး ဆွမ်းတော်ကပ်ပါ။ ဒါနပြုပါ။
- အုန်းသီးပါသောမုန့် လှူပါ။
- သီလရှင်ကို သစ်သီးကပ်လှူပါ။
မကောင်းတာတွေ ပြေပျောက်စေဖို့ နိစ်ပြစွန့်ယတြာအဖြစ်
- စနေညနေစောင်းမှာ မိမိ၏ အ၀တ်အထည်ဟောင်း တစ်စုံကို ငါ့ဒဏ်နင်ခံဆိုပြီး မီးရှို့ပစ်လိုက်ပါ။
- စနေညနေစောင်းမှာ နှင်းဆီပန်း (၇)ပွင့်ကို နို့ဆီဗူးခွံထဲမှာ ထည့်ပြီး ငါ့ဒဏ်နင်ခံဟု ပြော၍ ထုထောင်းကာ စွန့်ပစ်လိုက်ပါ။
- နေမကောင်းပါက တညင်းသီး မစားရ။ နှင်းဆီပန်း မပန်ရ.

ကြာသပတေးသက်ရောက်
- အုန်းနို့ခေါက်ဆွဲ ဆွမ်းတော်ကပ်ပါ။ ဆွမ်းကျွေးပါ။ ဒါနလုပ်ပါ။
- အုန်းသီးပါသောမုန့် လှူပါ။ ဒါနလုပ်ပါ။
- စာအုပ် ဒါန လုပ်ပါ။
- စနေည သို့မဟုတ် တနင်္လာညမှာ အုန်းသီးအစိမ်းကို ထိပ်မှ အ၀လုပ်ပြီး အရည်များကို သွန် မှောက်ထားပါ။ နောက်နေ့မနက်တွင် ဆားအပြည့် (လက်သုံးဆုပ်) သိပ်ပြီး  ညောင်ပင်ကြီးကြီးတွင် ရုက္ခဇိုးကို ရည်ရွယ်၍ လှူဒါန်းပါ။
မကောင်းတာတွေ ပြေပျောက်စေဖို့ နိစ်ပြစွန့်ယတြာအဖြစ်
- ကိတ်မုန့်နှစ်ချပ် ဖဲ့ခြေပြီး ကြာသပတေး ညနေစောင်းမှာ လမ်းကခွေးကို ကျွေးပါ။
- ချဉ်ပေါင် (၇)ညွန့်ကို  နောက်ဖေးဘက်မှာ ချပြီး  ကြာသပတေး ညနေစောင်း ငါ့ဒဏ်နင်ခံဆိုပြီး နင်းခြေပါ။
- ကြာသပတေး ညနေစောင်းမှာ ပန်းကန်ပြား အဟောင်း လမ်းမှာစွန့်ပါ။
- ချဉ်ပေါင် ၊ ကိတ်မုန့် ၊ မုန့်ဟင်းခါး ၊ မုန့်ကြွပ်ရှောင်ပါ။ (နေမကောင်းပါက)

ရာဟုသက်ရောက်
- ကံကော် + ရွက်လှ ဘုရားလှူပါ။ 
- ကော်ရည်ခေါက်ဆွဲ ၊ ကရေကရာ ၊ ကြံရည် ၊ ဆွမ်းတော်ကပ်ပါ။
- ဗုဒ္ဓဟူးနေ့ ဘုရားတစ်ဆူဆူ၏ ဗုဒ္ဓဟူးထောင့်မှာ ရောင်စုံကြက်လျှာ  ခြောက်လက် သို့မဟုတ် ၂၄-လက် လှူပါ။ 
-  ဘုရားရင်ဘတ်တော် ရွှေချပါ။
- ကလေးများကို လက်ဖက်ရည် + ကိတ်မုန့် ဒါနလုပ်ပါ။ 
- ကလေးများကို ရုပ်ရှင်ပြပါ။
- လေးဆင့်ချိုင့်နှင့် ခေါက်ဆွဲကြော်ထည့်ပြီး ဘုန်းကြီးကျောင်းသို့ သွားလှူပါ။
မကောင်းတာတွေ ပြေပျောက်စေဖို့ နိစ်ပြစွန့်ယတြာအဖြစ်
- ဆိတ်သားဟင်း အကျန်နှင့် ထမင်းကျန် ရောနယ်ပြီး သောကြာညနေစောင်းမှာ လမ်းကခွေးကို ကျွေးပါ။
- သတင်းစာ အဟောင်းပေါ်မှာ မိမိအမည် ကိုးခါ ရေးပြီး ငါ့ဒဏ်နင်ခံဆိုပြီး မီးရှို့ပစ်လိုက်ပါ။
- ဆိတ်သား ၊ ဆီးသီးရှောင်ပါ။

သောကြာသက်ရောက်
- ဆီထမင်း ၊ စမူဆာ ၊ ပေါက်ဆီ ဘုရားလှူပါ။
- စံပယ် ၊ မေမြို့ ၊ ဇော်စိမ်း ၊ ဘုရားလှူပါ။ ဆောင်ပါ။
- ဘုရားစင်ပေါ်မှာ စံပယ်ပန်းများကို ပန်းမွေ့ရာခင်းပြီး လှူပါ။
မကောင်းတာတွေ ပြေပျောက်စေဖို့ နိစ်ပြစွန့်ယတြာအဖြစ်
- ထန်းလျက် (၁၁)လုံးကို စက္ကူကန်တော့ဖြင့် ထုပ်ပြီး စနေညနေစောင်းမှာ လမ်းကခွေးကို ပစ်ပေါက်ပြီး ကျွေးပါ။ 
- ယပ်တောင်အဟောင်း အစုတ်ပေါ်မှာ မိမိ၏ နာမည် (၁၁)လုံး ချရေးပြီး ငါ့ဒဏ်နင်ခံဟု ဆိုကာ စနေ ညနေစောင်းမှာ နောက်ဖေးဘက်မှာ မီးရှို့ပစ်ပါ။ 
- ဒူးရင်းသီး ၊ နာနတ်သီး ၊ ထန်းလျက်ရှောင်ပါ။

Credit>>>