........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 26, 2016

ဇော်ဂျီဖောင့်ရော ယူနီကုတ်ဖောင့်ကိုပါ ထည့်သွင်းနိုင်တဲ့ MM Font Full

Android OS စမတ်ဖုန်းတိုင်းကိုမြန်မာဖောင့်ထည့်သွင်းဖို့ အတွက် Apk လေးတစ်ခုထဲနဲ့ တင်
ဇော်ဂျီဖောင့် နဲ့  ယူနီကုတ်ဖောင့် ဖောင့်နှစ်ခုလုံးကိုချိန်းနိုင်ပါလိမ့်မယ်။
ဖောင့်နှစ်ခုမှာ Zawgyi ဖောင့်ချိန်းသူများက Zawgyi ကိုရွေးပြီးဖောင့်ချိန်နိုင်ပါတယ်။
Zawgyi ဖောင့်ချိန်းသူများတွက် Frozen Keyboard ကိုပါတစ်ခါထဲ Install လုပ်ပေးသွားမှာဖြစ်ပါတယ်။
Unicode ဖောင့်ချိန်းသူများတွက် Burma Uni Keyboard ကိုပါတစ်ခါထဲ
Install လုပ်ပေး သွားမှာဖြစ်ပါတယ်။
Apk တစ်ခုထဲနဲ့  ဖောင့်နှစ်မျိုးလုံးကိုအသုံးပြုနိုင်တာကြောင့် ဖုန်းထဲမှာဆောင်ထားသင့်ပါတယ်။

MM Font Full လေးကိုအောက်မှာဒေါင်းယူလိုက်ပါ။
http://www.swln.info/2016/02/mm-font-full.html

ဖောင့်ချိန်းရန် Root လိုအပ်တဲ့အတွက် Root လုပ်နည်းကိုအောက်မှာကြည့်နိုင်ပါတယ်။
http://www.swln.info/2015/02/android-root.html

တပို့တွဲလ ရှားမီးပူဇော်ခြင်း

တပို့တွဲလတွင် မြန်မာမင်းများ လက်ထက်က မီးပုန်းပွဲဟူသော ဘာသာရေး ပွဲတော်ကို ကျင်းပခဲ့ကြသည်။ မီးပုန်းပွဲဟူသည် တပို့တွဲလတွင် အအေးဓာတ် လွန်ကဲမှုကြောင့် မြတ်စွာဘုရားရှင်အား ရည်စူးလျက် စေတီပုထိုး ရုပ်ပွားတော်များ၌ တပို့တွဲလပြည့်နေ့ နံနက်အာရုဏ်တက်ချိန်တွင် စေတီပုထိုး ရုပ်ပွားတော်များ၏ ပတ်ပတ်လည်၌ အမွေးနံ့သာတုံးများ၊ သနပ်ခါးများ၊ ဥာဏ်ရိုးစသည်တို့ဖြင့် မီးပူဇော် ကုသိုလ်ပြု ပွဲတော်ဖြစ်သည်။ ယင်းသို့ မီးပုန်းပွဲသို့ လာရောက်ကြည်ညို ပူဇော်သူတို့အား တပို့တွဲလ ရာသီစာဖြစ်သော ထမနဲများထိုး၍ ပေးကမ်းခြင်း၊ စေတီပုထိုး ရုပ်ပွားတော်များကို ကပ်လှူခြင်းများ ပြုလုပ်ကြသောကြောင့် နှောင်းခေတ်များတွင် မီးပုန်းပွဲအစား ထမနဲပွဲအသွင်သို့ ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် တပို့တွဲလ၌ မီးပုန်းပွဲ ကျင်းပခဲ့မှုကို စာဆိုဦးယာ၏ ဆယ့်နှစ်လရာသီဘွဲ့လူးတား (တပို့တွဲလ)၌ "သုံးလူ့ချာကို ရှိန်ဝါရောင်ညီ၊ မီးပုန်းပူဇော်၊ လှူတော်မြဲ၊ ရာသီပွဲ" ဟူ၍ ဖွဲ့ဆိုမှတ်တမ်း တင်ခဲ့သည်။