........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Apr 23, 2016

ပ႒ာန္းရြတ္တဲ့အခါ ဒိ႒ဓမၼ ဒီဘဝမွာပဲ အက်ဳိးေပးေအာင္ စံခ်ိန္ကိုက္ရြတ္ဖတ္နည္း (၄)နည္းရိွသည္

#Zawgyi
ပ႒ာန္းရြတ္တဲ့အခါ ဒိ႒ဓမၼ ဒီဘဝမွာပဲ အက်ဳိးေပးေအာင္
စံခ်ိန္ကိုက္ရြတ္ဖတ္နည္း (၄)နည္းရိွသည္။

၄င္းတို႔မွာ

(၁)ခႏၶာကိုယ္ သန္႔ရွင္းေစမည္။
(၂)အခ်ိန္မွန္မွန္ရြတ္ဖတ္ရမည္။
(၃)ပီပီသသ အသံက်ယ္က်ယ္ရြတ္ဖတ္ရမည္။
(၄)ျပီးလွ်င္ အမွ်ေဝ ေမတၱာပြားရမည္။

အဓိပၸာယ္အက်ယ္-

(၁) ခႏၶာကိုယ္သန္႔ရွင္းေစရမည္။

ပ႒ာန္းရြတ္ဖတ္လွ်င္ အနီးနားရိွ နတ္ျဗဟၼာမ်ား တရားနာလာၾကသည္။ပ႒ာန္းရြတ္ဖတ္သူက နံေစာ္ေနပါလွ်င္
ပ႒ာန္းတရားနာသည့္ နတ္ျဗဟၼာတို႔က ႏွာေခါင္းရံႈ႕သြားျပီး ျပန္သြားၾကသည္။
သို႔အတြက္ ခႏၶာကိုယ္သန္႔ရွင္းပါေစ။ေခြ်းေစာ္ ေခ်းညိွေစာ္ မနံပါေစႏွင့္။

(၂) အခ်ိန္မွန္မွန္ ရြတ္ဖတ္ရမည္။

ပ႒ာန္းရြတ္ဖတ္ပါမ်ားလွ်င္ နတ္ျဗဟၼာတို႔ တရားနာလာၾကသည္
အခ်ိန္ကိုမွတ္ထားျပီး ည ၈-နာရီ ၊ ၉-နာရီ စသည္ျဖင့္ အခ်ိန္မွတ္ျပီး
လာၾကသည္။အျခားျမိဳ႕ရြာတို႔မွ နတ္ျဗဟၼာတို႔ကို၄င္း ၊ အျခားတိုင္းျပည္
အျခား စၾကၤာဝဠာမွ နတ္ျဗဟၼာတို႔ကို၄င္း ၊ေခၚလာတတ္ၾကသည္။
၄င္း နတ္ျဗဟၼာတို႔ တရားနာရန္ လာခ်ိန္၌ ပ႒ာန္းရြတ္ဖတ္သူက ပ႒ာန္းမရြတ္ပဲ
ဟိုလုပ္ ဒီလုပ္ လုပ္ေနလွ်င္ ၄င္း နတ္ျဗဟၼာမ်ား
စိတ္ပ်က္ျပီး ျပန္သြားၾကေလသည္။

(၃) ပီပီသသ အသံက်ယ္က်ယ္ရြတ္ဖတ္ရမည္။

တိုးတိုးေလး ဆီမန္း မန္းသလို ရြတ္ဖတ္လွ်င္ တရားနားနတ္ျဗဟၼာမ်ား
နာ၍အားမရ နားမလည္၍ စိတ္တိုျပီးျပန္သြားတတ္ၾကသည္။

(၄)ျပီးလွ်င္ အမွ်ေဝ ေမတၱာပြားရမည္။

ပ႒ာန္းရြတ္ဖတ္ျပီးလွ်င္ ပ႒ာန္းတရားနာရန္ ၾကြေရာက္လာၾကသည့္ နတ္ျဗဟၼာအေပါင္းတို႔အား အမွ်ေပးေဝပါ၏။
အျခား ဒါနကုသိုလ္ သီလကုသိုလ္ ဘာဝနာကုသိုလ္တို႔ကိုလည္း အမွ်ေပးေဝပါ၏ သာဓုေခၚၾကပါ။နတ္၌ျဖစ္ေသာ စည္းစိမ္ခ်မ္းသာတို႔ကိုလည္း
ရရိွ၍ နတ္းစည္းစိမ္ခ်မ္းသာ တိုးတက္ၾကပါေစ။ကြ်ႏု္ပ္၏ သာသနာျပဳလုပ္ငန္းတို႔ကိုလည္း ျပီးစီးေအင္ျမင္ေအာင္ ေစာင့္ေရွာက္ၾကပါေစ။

★ တရားနာလာၾကသည့္ တေစၦသရဲ ျပိတၱာ မွင္စာ
အပါယ္ေလးဘံုသားတို႔အားလည္း အမွ်ေပးေဝပါ၏
အမွ်ရ၍က်န္းမာခ်မ္းသာၾကပါေစဟု
အမွ်ေဝေမတၱာပြားပါေလ။
ဤကဲ့သို႔ ပ႒ာန္းတရားကို ရြတ္ဖတ္ပြားမ်ားပါလွ်င္ ေလာကီအက်ဳိးမ်ား တေန႔တျခားတိုးပြား၍ ဘုန္းၾကီး သက္ရွည္ ေရာဂါအႏၱရာယ္ေတြ
ကင္းသြားပါလိမ္မည္။

★ ပ႒ာန္းတရားဆိုတာကေတာ့ ျပ႒ာန္းတဲ့အေၾကာင္းတရားေပါ့။ အဲ့ဒီလိုျပ႒ာန္းတဲ့အေၾကာင္းက(၂၄)ပါး ၊
(၂၄)ပါးေသာ အေၾကာင္းတရား ၊
အေၾကာင္းတရားဆိုသျဖင့္
သူနဲ႔ဆက္သြယ္တဲ့ အက်ဳိးတရား ပစၥည္းတရား ပစၥဳယုပၸန္တရား အေၾကာင္းတရား၊
အက်ဳိးတရား အေၾကာင္းအက်ဳိးေတြ ခြဲျခားျပီးေတာ့ ျမတ္စြာဘုရားသခင္ ေဟာၾကားတဲ့
တရားေတာ္။အဲ့ဒါကို ပဌာန ကာရဏ ။ပ႒ာန္းလို႔ (န)သတ္လိုက္ေတာ့ ပ႒ာန္းလို႔ျဖစ္သြားတယ္။
တကယ္ကေတာ့ ပဌ္ဌာန္းေပါ့ေလ။
ပ႒ာန-ပ႒ာန္းလို႔ ဆိုေပမယ့္လို႔ ဗမာက ေပါ့ေပါ့ရြတ္ဆိုတဲ့အက်င့္ရိွလို႔မို႔ ပ႒ာန္းလို႔ ဒီလိုျဖစ္သြားတာ။

★ အဲ့ဒီ ပ႒ာန္းတရားေတာ္ကို ျမတ္စြာဘုရားသခင္ ဘုရားျဖစ္ျပီးေတာ့
သတၱသတၱာဟ(၇) သတၱာဟ၊ ခုႏွစ္ ခုႏွစ္လီ (၄၉)ရက္
ေဗာဓိပင္နဲ႔ေရႊပုလင္ေတာ္နားေနျပီး သတင္းသံုးေနတဲ့အခ်ိန္စတုတၱထ
သတၱာဟ ။ပထမက ပလႅကၤသတၱာဟ-ေဗာဓိပင္ေအာက္(၇)ရက္ေန။ဒုတိယက
ေဗာဓိပင္ရဲ႕အေရွ႕ေျမာက္ (၁)ဖာလံုေလာက္ ေဝးတဲ့ေနရာကေန ဒီေနရာ
ငါတရားထူးတရားျမတ္ရတဲ့ေနရာ ဘုရားျဖစ္တဲ့ သေဗၺညဳတဉာဏ္ ရရိွေတာ္မူတဲ့ေနရာဆိုျပီးေတာ့ (၇) မ်က္ေတာင္မခပ္ဘဲနဲ႔ မတ္တပ္ရပ္ျပီးေတာ့ ၾကည့္ေနတဲ့ေနရာ။ဒါကို အနိမိသ သတၱာဟ ။
နိမိတ-ဆိုတာက မ်က္ေတာင္ခတ္တယ္ေပါ့ အနိမိတ-ဆိုတာက
မ်က္ေတာင္မခတ္ဘူး။ မ်က္ေတာင္မခတ္ပဲနဲ႔ေနနိဳင္ဘို႔ဆိုတာက
သိပ္မလြယ္ဘူး။

★ နတ္ေတြ ျဗဟၼာေတြပဲ ေနနိဳင္တယ္။
လူေတြထဲက မ်က္ေတာင္မခတ္ဘဲ ေန႔ေရာညေရာ ေနနိဳင္ဖို႔ မတတ္နိဳင္ပါဘူး။
ပီးေတာ့မွ ပလႅင္နဲ႔ အနိမိတ သတၱဟ ၾကားထဲမွာ စၾကၤန္ေလွ်ာက္ျပီးေတာ့
(၇)ရက္ေနပါတယ္ ဒါကို စကၤမ သတၱာဟ ။ပလႅကၤ သတၱာဟ၊  အနိမိသ သတၱာဟ ၊  စကၤမ သတၱာဟ  (၂၁)ရက္ၾကာသြားတယ္။(၂၁)ျပီးေတာ့မွ (၂၂) ကေနစျပီးေတာ့
စတုတၱထ သတၱာဟ အဲ့ဒီမွာ အဘိဓမၼာ(၇)က်မ္း သံုးသပ္စဥ္ျခင္ေတာ္မူပါတယ္။ 
ဓမၼသဂၤဏီက်မ္း၊  ၀ိဘင္းက်မ္း၊  ဓာတုကထာက်မ္း၊  ပုဂၢလပညတ္က်မ္း၊
ကထာ၀တၳဳက်မ္း၊ ယမိုက္က်မ္း၊ ဆိုျပီး ဒီလို ေရွ႕(၆)က်မ္းကို ဆင္ျခင္သံုးသပ္တဲ့အခါမွာ ဘာမွမထူးပါဘူး။ 

★ ပ႒ာန္းက်မ္းၾကီးဆင္ျခင္သံုးသပ္တဲ့အခ်ိန္ၾကမွ ေရာင္ျခည္ေတာ္ေတြ အိမ္လံုးမက ေတာင္လံုးမက ေရာင္ျခည္ေတာ္ေတြ အၾကီးအက်ယ္ထြက္ ေရာင္ျခည္ေတာ္ေတြ
အနႏၱစၾကၤာဝဠာ ေျပးသြားေနၾက။
အခုေခတ္ သိပၸံနည္းနဲ႔ တိုင္းတာတဲ့အခါ အေရာင္ေတြရဲ႕ ေျပးႏႈန္းသြားႏႈန္းဟာ တစ္စကၠန္႔ကို ၁၂၆၀၀၀ ေလာက္သြားပါတယ္။
အဲ့ါဒီေျပးႏႈန္းနဲ႔ ေရာင္ျခည္ေတာ္ေတြ ေျပးသြားေနတာ အခုထိ ေျပးတုန္းသြားေနတုန္းပဲ အဲ့ဒါေနာက္ သာသနာ(၅၀၀၀)ရိွတဲ့အခါ ေကြ႕ျပီးေတာ့ စၾကာၤဝဠာရဲ႕သေဘာက
ေဝ႔ျပီးေတာ့သြားတဲ့သေဘာရိွတာ သိပၸံနည္းအရလည္း ကမာၻၾကီးက လည္ေနေတာ့ လည္လိုက္တဲ့အခါမယ္ ဝိုင္းသြားတာ။ဝိုင္းသြားေတာ့ ေရာင္ျခည္ေတာ္ေတြက
အစသြားတုန္းကေတာ့ အေျဖာင့္ေျပးသြားတာ။ေနာက္က်ေတာ့ ဝိုင္းသြားေတာ့ ဒီေနရာျပန္ေရာက္တယ္  ျပန္ေရာက္တဲ့ေနရာကို ေရာင္ေတာ္ျပန္ပြဲလို႔
သာသနာ(၅၀၀၀) ရိွတဲ့အခါ ေရာင္ျခည္ေတာ္ေတြ အစထြက္တဲ့ေနရာ ျပန္ေရာက္လာလို႔ ေရာင္ေတာ္ျပန္ပြဲလို႔ေခၚတယ္။
အဲ့ဒီေရာင္ေတာ္ျပန္ပြဲမွာ အၾကီးအက်ယ္ တရားထူးတရားျမတ္မ်ား
ရၾကလိမ့္ဦးမယ္။

★ ေျပာလိုရင္းကေတာ့ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ၾကီးေတာ္မွ ပ႒ာန္းတရားဆင္ျခင္သံုးသပ္မွ ေရာင္ခ်ည္ေတာ္ အၾကီးအက်ယ္ထြက္တယ္။
လူလည္းပဲ ျဗဟၼာေတြလည္းပဲ
တစ္ဦးတစ္ေရာက္ဟာ အက်ဳိးမေပးဘူး ကံမေကာင္းဘူးလို႔ ျဖစ္ေနရင္
ပ႒ာန္းတရားတာ ရြတ္ဖတ္သရစ်ာယ္ အက်ဳိးေပးလာတာ။ကံေကာင္းလာတယ္။အဲ အက်ဳိးမေပးပဲ အကုသိုလ္ေတြက ပိတ္ပင္တားဆီးထားေတာ့
တစ္ခ်ဳိ႕စာတတ္တယ္ တစ္ခ်ဳိ႕ ပညာတတ္တယ္ စာတတ္ျပီး
ပညာတတ္ေပမယ့္လို႔ ဘာမွဘုန္းမၾကီးဘူး။ဘုန္းနည္း ကံနည္းနဲ႔
ေနရ။အဲ့ဒီလို ပုဂၢိဳလ္ေတြ ပ႒ာန္းတာရြတ္လိုက္ ခ်မ္းသာျပီ။လိုခ်င္တာေတြ အကုန္ရျပီ။အဲ့ဒီလို ျမတ္စြာဘုရားသခင္ရဲ႕ပ႒ာန္း တရားေတာ္သည္
အလြန္တရာမွ တန္ခိုးအာႏုေဘာ္
ရိွပါတယ္။ေဘးဥပါဒ္အႏၱရာယ္ေတြလည္းကင္းပါတယ္။

★ တပည့္ေတာ္တို႔ မင္းကြန္းတိပိဋကဆရာေတာ္ၾကီး တစ္ခါေတာ့ ျမန္မာနိဳင္ငံမိုးကုတ္ရဲ႕အေရွ႕ဘက္ မိုးမိတ္ျမိဳ႕ဆိုတာ ရိွေသးတယ္။မိုးမိတ္ျမိဳသြားတရားေဟာ မိုးမိတ္ျမိဳ႕တရားေဟာ
ျပန္လာတဲ့အခါက်ေတာ့ မိုးကုတ္ကကားနဲ႔ျဖတ္ေမာင္းျပီးေတာ့ ျပန္လာတယ္။
အဲ့ဒီမွာ မိုးကုတ္က ဒကာေတြကေလွ်ာက္တယ္ ဆရာေတာ္ေရွ႕
မဆက္နဲ႔ေတာ့ ဘုရား တပည့္ေတာ္တို႔ မိုးကုတ္မွာ တညၾကိမ္းပါ။
ဘာလို႔လဲဒကာၾကီးတို႔ဆိုေတာ့ အခုေလးတင္ ေရဒီယိုက ေၾကညာသြားတယ္ဘုရား
ေလမုန္တိုင္းၾကီး စစ္ကိုင္းတိုင္းနဲ႔ မႏၱေလးတိုင္းအၾကား အၾကီးအက်ယ္
တိုက္လိမ့္မယ္။အဲ့ဒီေတာ့ အဲ့ဒီေနရာအတြင္း အျပင္ေရာက္ေနတဲ့လူေတြက ေဘးဥပါတ္ကင္းမယ့္ေနရာေလးမွာ တိမ္းေရွာင္ေနၾကပါ။ကိုယ့္အိမ္အတြင္းက လူေတြကလည္း
အိမ္အတြင္းေလေဘးခံနိဳင္တဲ့ေနရာမွာ ေနၾကပါလို႔
ေၾကညာသြားတယ္ဆရာေတာ္။ဆက္သြားရင္
ေလမုန္တိုင္းမိလိမ့္မယ္ဘုရားဆိုေတာ့
အာ အဲ့ဒါမွ က်ဳပ္ကသြားရမွာဗ်ာဆိုျပီး ဆရာေတာ္က
ကားေပၚကကို
ဆင္းမေနေတာ့ဘူး တခါတည္းဆက္သြား။

★ ဆက္သြားေတာ့ သပိတ္က်င္းေရာက္။ သပိတ္က်င္းေရာက္တဲ့အခါ ေက်ာင္းတစ္ေက်ာင္းဝင္တဲ့ျပီးေတာ့
ပ႒ာန္းစာအုပ္ (၅)အုပ္ထုတ္ခိုင္း ကဲရိွတဲ့ ကိုရင္ေတြ
ဦးပုဇဥ္းေတြ တစ္လွည့္စီ ဖတ္။ဟိုက ေလမုန္တိုင္းၾကီးလာေနတယ္။ေလအႏၱရာယ္ကင္းေအာင္ ဖတ္ၾကပါ။မရပ္နဲ႔ဆိုျပီးေတာ့ ဖတ္ခိုင္း။အဲ့ဒီကေန ျပီးေတာ့ ေအာက္သြား
ေအာက္နားေလးေရာက္တဲ့အခါက်ေတာ့ စဥ့္ကူးဆိုတာ ရိွတယ္။
အဲ့ဒီ စဥ့္ကူးက်ေတာ့လည္း ဒီလိုပဲ ေက်ာင္းတစ္ေက်ာင္းဝင္
ပ႒ာန္းစာအုပ္ (၅)အုပ္ ထုတ္ခိုင္း
ထုတ္ျပီးေတာ့ ဦးပုဇဥ္းေတြ ကိုယ္ရင္ေတြ ဖတ္ၾကဆိုျပီးေတာ့ ပ႒ာန္းဖတ္ခိုင္း။အဲ့ဒီကေန ျမစ္အေနာက္ဖက္ ကူး။
ေရႊဘိုေရာက္ ေရႊဘိုၾကေတာ့လည္း အဲ့ဒီလို ခိုင္းခဲ့ျပီးေတာ့
ဆရာေတာ္ကလည္း လမ္းတစ္ေလွ်ာက္လံုး 
ပ႒ာန္းပစၥယနိေဒၵသရြတ္ဖတ္ျပီးေတာ့  သရစ်ာယ္လာတယ္။

★ ဒီေရႊဘိုရဲ႕ေတာင္ဘက္နားေလးေရာက္ေတာ့ ေရဒီယိုက
ျပန္ေၾကညာတယ္
စစ္ကိုင္းတိုင္း မႏၱေလးတိုင္း တိုက္မယ့္ ေလမုန္းတိုင္းၾကီး
အေနာက္ဖက္ေရြ႕သြားျပီ
ဒီဘက္မတိုက္ေတာ့ဘူး။လို႔ အဲ့လိုေၾကညာပါတယ္။အဲ့ဒီလို တကယ့္အႏၱရာယ္ၾကီးေတြကင္းပါတယ္။ တပည့္ေတာ္တို႔
နာဂစ္မုန္တိုင္းတုန္းကလည္း
ဒီလိုပဲ။နာဂစ္မုန္တိုင္းတုန္းက ဒီျပင္ရြာေတြ ျမိဳ႕ေတြသာ ဒုကၡေရာက္တာ။
ပုသိမ္ျမိဳ႕က ဒုကၡမေရာက္ဘူး။
ပုသိမ္ျမိဳ႕ အဲ့ဒီအခ်ိန္မွာ ကိုး႒ာန ကိုးပိုင္းခြဲျပီးေတာ့
တစ္ျမိဳ႕လံုးျဖန္႔ ပ႒ာန္းရြတ္ေနၾကတယ္။
ပ႒ာန္းရြတ္ေနတဲ့အတြက္ ပ႒ာန္းရဲ႕တန္ခိုးေၾကာင့္ ပုသိမ္ျမိဳ႕မယ္
အဲ့ဒီနာဂစ္မုန္တိုင္းၾကီး မတိုက္ဘူး။ ေဘးေက်ာ္ တိုက္ခ်သြားတယ္။
အဲ့ဒီလို ေဘးဥပါဒ္အႏၱရာယ္ ရန္အသြယ္သြယ္လည္းကင္းေစနိဳင္တယ္။
ဘုန္းတန္ခိုး အာႏုေဘာ္ကိုလည္း ၾကီးေစနိဳင္တဲ့ ပ႒ာန္းတရားကို
ၾကိဳးစားျပီးေတာ့ ရြတ္ဖတ္ၾကပါ။

★ အဲ့ဒီလိုရြတ္ဖတ္သျဖင့္ တပည့္ေတာ္တို႔ သိပၸံပညာရွင္ေတြက
ေၾကညာတယ္မို႔လား တစ္ခ်ဳိ႕လည္း ၾကားမိမယ္။တစ္ခ်ဳိ႕လည္း မၾကားမိေလာက္ဘူး။
ကမာၻၾကီးအတြင္းကို ဒီျပင္စၾကၤာဝဠာက ဂ်ဴပီတာ ပလမ္နက္ ေခၚတဲ့ ၾကာသပေတး  ျဂိဳလ္ေလာက္ၾကီးတဲ့ ျဂိဳလ္ၾကီးတစ္လံုး အမွတ္မထင္ ဝင္လာေနတယ္။
(၂၀၁၂ ခုႏွစ္နဲ႔ ၂၁၁၃ ခုႏွစ္) (၂)ႏွစ္  တပည့္ေတာ္တို႔ ကမာၻျဂိဳလ္ကို ဒုကၡေပးနိဳင္တယ္။ေရေတြအၾကီးအၾကယ္ၾကီးမယ္ ဒီျဂိဳလ္ၾကီးဝင္လာတဲ့အတြက္
ေလမုန္တိုင္းေတြ တိုက္မယ္ မီးေတာင္ေတြေပါက္ကြဲမယ္ လူေတြ ဒုကၡေရာက္ပါ့မယ္လို႔ အဲ့ဒီလို ဒုကၡေဘးေတြမွ ကင္းေဝးေအာင္ တပည့္ေတာ္တို႔
ကယ္နိဳင္တဲ့ တရားကေတာ့ ပ႒ာန္းတရားပဲ ရိွပါတယ္။အဲ့ဒါေၾကာင့္ ပ႒ာန္းတရား ၾကိဳးစားျပီးေတာ့ ရြတ္ဖတ္သရစ်ာယ္ မူၾကပါ။ကိုယ္တင္မကပဲ ကိုယ္နဲ႔ဆက္သြယ္တဲ့သူေတြ
ကိုလည္း ခိုင္းေပးၾကပါဗ်ာ။တပည့္ေတာ္ ဂ်ပန္ျပည္သြားလည္း ဂ်ပန္ျပည္ခိုင္းတယ္ဘုရား အေမရိကမွာလည္း ကိုယ္ကိုယ္တိုင္လည္းရြတ္ခဲ့တယ္။သူတို႔ကိုလည္း ရြတ္ဖို႔ရန္
တိုက္တြန္းခဲ့တယ္။

★ အဲ့ဒီလိုရြတ္ခိုင္းတာက ေရာက္မယ့္ေဘးအႏၱရာယ္ေတြကို
ကာကြယ္နိဳင္မွာက တပည့္ေတာ္တို႔ ပ႒ာန္းတရားရိွပါတယ္။
ပ႒ာန္းတရားက ကယ္မွာ အဲ့ဒါေၾကာင့္
ရြတ္တဲ့အါမွာလည္း ၾကိဳးစားျပီးေတာ့ ရြတ္ၾကပါဘုရား။
နတ္ေတြ ျဗဟၼာေတြလည္း လာပါတယ္ဘုရား။
အရွင္ဘုရားတို႔ကေတာ့ ၾကံဳခ်င္မွ ၾကံဳဘူးမယ္
တပည့္ေတာ္က နတ္ေတြ
ျဗဟၼာေတြလာတာလည္း ၾကံဳဖူးတယ္ဘုရား။
သူတို႔လာရင္ ဘယ္လိုသိသလဲဆိုေတာ့ တစ္ခန္းလံုးေမႊးၾကိဳင္ေနတာပဲ။
အဲ့ဒီအခါဆိုရင္ နတ္ေတြ ျဗဟၼာေတြလာျပီ။
နတ္ေတြျဗဟၼာေတြလာျပီဆိုရင္ ကိစၥေတာ္ေတာ္ေလး
ျပီးေျမွာက္ေအာင္ျမင္ပါတယ္ဘုရား။
တပည့္ေတာ္က နတ္ေတြ ျဗဟၼာေတြလာမွန္းသိေတာ့
ဘယ္လိုေျပာဖူးတုန္းဆိုေတာ့
အသင္နတ္တို႔ ျဗဟၼာတို႔ ခင္မ်ားတို႔ လာတာ က်ဳပ္ႏွာေခါင္းက
သိတယ္ဗ်ာ ဒါေပမယ့္က်ဳပ္က မ်က္စိနဲ႔ျမင္ခ်င္တာ ခင္မ်ားတို႔
နတ္ေတြ ျဗဟၼာေတြျပစမ္းပါ ဘယ္လိုပံုရိွတုန္းဆိုေတာ့
အဲ့သူတို႔ျပပါတယ္ဘုရား ။အဲ့ဒီေတာ့ တပည့္ေတာ္က
ပ႒ာန္းရြတ္က်ဳိးနပ္တယ္။

★ တပည့္ေတာ္ နတ္ေတြျဗဟၼာေတြလည္း ျမင္ဘူးတယ္။
အရွင္ဘုရားတို႔ေရာ
ျမင္ဖူးၾကလား။ျမင္ဖူးခ်င္ရင္ေတာ့ ပ႒ာန္းရြတ္ၾကေပါ့ဗ်ာ။အရင္ဆံုးကေတာ့ ေမႊးၾကိဳင္လာဖို႔လိုတယ္ဗ်ာ။
အဲ့ဒါဆိုရင္ လာျပီသူတို႔က။ျပီးေတာ့ၾကေတာ့ နတ္ေတြ ျဗဟၼာေတြ
ေမႊးၾကိဳင္လာတာကို တပည့္ေတာ္ကို နည္းေပးတဲ့ သီလရွင္ၾကီး
ေဒၚစိတၱရာကေျပာတယ္။
တပည့္ေတာ္က ဘာသိတုန္းဆိုေတာ့ ပိုသိတာ ပုပ္အဲ့လာတာေတြလည္း ရိွတယ္အရွင္ဘုရား။တစ္ခါတစ္ေလမ်ား ေခြးေသေကာင္ၾကီး
အနားဆြဲလာတဲ့အတိုင္း ပုပ္ျပီးေတာ့လာတယ္အဲ့ဒါဆိုရင္
တေစေတြ သရဲေတြ လာျပီ။ျပီးျပီဆိုတာ ကိုယ့္ေျခာက္မလို႔
လာတာမဟုတ္ဘူး။သူက သာဓုေခၚခ်င္လို႔ အဲ့ဒါအမွ်ေဝျပီးေတာ့
ေမတၱာပြားလိုက္ရင္
ဒီေကာင္ေတြလည္းပဲ ဝမ္းသာျပီးေတာ့ သြားၾကတယ္။
။ေခြးေတြဘာေတြ အူ ပုပ္အဲ့လာျပီဆိုရင္ တေစ သရဲေတြ လာျပီ။လာလည္းမေၾကာက္နဲ႔ အရွင္ဘုရားတို႔ ရြတ္တာရြတ္ဖတ္ သူတို႔ကို ေမတၱာပို႔ အမွ်ေဝလိုက္။

★ အဲ့ဒါေၾကာင့္ တပည့္ေတာ္ ပ႒ာန္းနဲ႔ပတ္သက္ျပီးေတာ့ အေတြ႔အၾကံဳေပါ့ဗ်ာ လက္ေတြ႕။အရွင္ဘုရားတို႔လည္း ၾကိဳးစားျပီးေတာ့ ရြတ္ဖတ္သရစ်ာယ္ပါ။ရြတ္ဖတ္သရစ်ာယ္သျဖင့္
ကိုယ္နဲ႔ ပတ္သက္တဲ့ နိဳင္ငံသူ နိဳင္ငံသားေတြ
ကိုယ့္ဒီကမာၻလံုးၾကီးမယ္ေနထိုင္ၾကတဲ့ ကမာၻသူ ကမာၻသားေတြ
က်န္းမာခ်မ္းသာၾကပါေစ လို႔ ေမတၱာလည္းပြားၾကပါဘုရား။
ဒီေလာက္ဆိုရင္ ေတာ္ေလာက္ပါျပီ။

သာဓု သာဓု သာဓု။

တရားခ်စ္ခင္သူေတာ္စင္မ်ား က်န္းမာခ်မ္းသာၾကပါေစဗ်ာ။
_/\_ _/\_ _/\_

ဤတရားေတာ္အား အသံနားေထာင္၍ ေရးရေသာကုသိုလ္တို႔ေၾကာင့္ တိုင္းျပည္ႏွင့္သာသနာေတာ္အတြက္ ၾကီးစြာေသာ
အလုပ္အေၾကြးအေထာက္အပံ့အေစာင့္အေရွာက္ ျပဳရပါလို၏။

ဗန္းေမာ္ဆရာေတာ္ဘုရားၾကီး ဘဒၵႏၲ ကုမာရာဘိဝံသ

#Unicode
ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင်
စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။

၄င်းတို့မှာ

(၁)ခန္ဓာကိုယ် သန့်ရှင်းစေမည်။
(၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။
(၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။
(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။

အဓိပ္ပာယ်အကျယ်-

(၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။

ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင်
ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရံှု့သွားပြီး ပြန်သွားကြသည်။
သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ချွေးစော် ချေးညှိစော် မနံပါစေနှင့်။

(၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။

ပဋ္ဌာန်းရွတ်ဖတ်ပါများလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည်
အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီး
လာကြသည်။အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၄င်း ၊ အခြားတိုင်းပြည်
အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၄င်း ၊ခေါ်လာတတ်ကြသည်။
၄င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲ
ဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများ
စိတ်ပျက်ပြီး ပြန်သွားကြလေသည်။

(၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။

တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနားနတ်ဗြဟ္မာများ
နာ၍အားမရ နားမလည်၍ စိတ်တိုပြီးပြန်သွားတတ်ကြသည်။

(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။

ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။
အခြား ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကိုလည်း အမျှပေးဝေပါ၏ သာဓုခေါ်ကြပါ။နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတို့ကိုလည်း
ရရှိ၍ နတ်းစည်းစိမ်ချမ်းသာ တိုးတက်ကြပါစေ။ကျွနု်ပ်၏ သာသနာပြုလုပ်ငန်းတို့ကိုလည်း ပြီးစီးအေင်မြင်အောင် စောင့်ရှောက်ကြပါစေ။

★ တရားနာလာကြသည့် တစေၦသရဲ ပြိတ္တာ မှင်စာ
အပါယ်လေးဘုံသားတို့အားလည်း အမျှပေးဝေပါ၏
အမျှရ၍ကျန်းမာချမ်းသာကြပါစေဟု
အမျှဝေမေတ္တာပွားပါလေ။
ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများ တနေ့တခြားတိုးပွား၍ ဘုန်းကြီး သက်ရှည် ရောဂါအန္တရာယ်တွေ
ကင်းသွားပါလိမ်မည်။

★ ပဋ္ဌာန်းတရားဆိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းတရားပေါ့။ အဲ့ဒီလိုပြဋ္ဌာန်းတဲ့အကြောင်းက(၂၄)ပါး ၊
(၂၄)ပါးသော အကြောင်းတရား ၊
အကြောင်းတရားဆိုသဖြင့်
သူနဲ့ဆက်သွယ်တဲ့ အကျိုးတရား ပစ္စည်းတရား ပစ္စုယုပ္ပန်တရား အကြောင်းတရား၊
အကျိုးတရား အကြောင်းအကျိုးတွေ ခွဲခြားပြီးတော့ မြတ်စွာဘုရားသခင် ဟောကြားတဲ့
တရားတော်။အဲ့ဒါကို ပဌာန ကာရဏ ။ပဋ္ဌာန်းလို့ (န)သတ်လိုက်တော့ ပဋ္ဌာန်းလို့ဖြစ်သွားတယ်။
တကယ်ကတော့ ပဌ်ဌာန်းပေါ့လေ။
ပဋ္ဌာန-ပဋ္ဌာန်းလို့ ဆိုပေမယ့်လို့ ဗမာက ပေါ့ပေါ့ရွတ်ဆိုတဲ့အကျင့်ရှိလို့မို့ ပဋ္ဌာန်းလို့ ဒီလိုဖြစ်သွားတာ။

★ အဲ့ဒီ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားသခင် ဘုရားဖြစ်ပြီးတော့
သတ္တသတ္တာဟ(၇) သတ္တာဟ၊ ခုနှစ် ခုနှစ်လီ (၄၉)ရက်
ဗောဓိပင်နဲ့ရွှေပုလင်တော်နားနေပြီး သတင်းသုံးနေတဲ့အချိန်စတုတ္တထ
သတ္တာဟ ။ပထမက ပလ္လင်္ကသတ္တာဟ-ဗောဓိပင်အောက်(၇)ရက်နေ။ဒုတိယက
ဗောဓိပင်ရဲ့အရှေ့မြောက် (၁)ဖာလုံလောက် ဝေးတဲ့နေရာကနေ ဒီနေရာ
ငါတရားထူးတရားမြတ်ရတဲ့နေရာ ဘုရားဖြစ်တဲ့ သဗေ္ဗညုတဉာဏ် ရရှိတော်မူတဲ့နေရာဆိုပြီးတော့ (၇) မျက်တောင်မခပ်ဘဲနဲ့ မတ်တပ်ရပ်ပြီးတော့ ကြည့်နေတဲ့နေရာ။ဒါကို အနိမိသ သတ္တာဟ ။
နိမိတ-ဆိုတာက မျက်တောင်ခတ်တယ်ပေါ့ အနိမိတ-ဆိုတာက
မျက်တောင်မခတ်ဘူး။ မျက်တောင်မခတ်ပဲနဲ့နေနိုင်ဘို့ဆိုတာက
သိပ်မလွယ်ဘူး။

★ နတ်တွေ ဗြဟ္မာတွေပဲ နေနိုင်တယ်။
လူတွေထဲက မျက်တောင်မခတ်ဘဲ နေ့ရောညရော နေနိုင်ဖို့ မတတ်နိုင်ပါဘူး။
ပီးတော့မှ ပလ္လင်နဲ့ အနိမိတ သတ္တဟ ကြားထဲမှာ စင်္ကြန်လျှောက်ပြီးတော့
(၇)ရက်နေပါတယ် ဒါကို စင်္ကမ သတ္တာဟ ။ပလ္လင်္က သတ္တာဟ၊  အနိမိသ သတ္တာဟ ၊  စင်္ကမ သတ္တာဟ  (၂၁)ရက်ကြာသွားတယ်။(၂၁)ပြီးတော့မှ (၂၂) ကနေစပြီးတော့
စတုတ္တထ သတ္တာဟ အဲ့ဒီမှာ အဘိဓမ္မာ(၇)ကျမ်း သုံးသပ်စဉ်ခြင်တော်မူပါတယ်။ 
ဓမ္မသင်္ဂဏီကျမ်း၊  ၀ိဘင်းကျမ်း၊  ဓာတုကထာကျမ်း၊  ပုဂ္ဂလပညတ်ကျမ်း၊
ကထာ၀တၳုကျမ်း၊ ယမိုက်ကျမ်း၊ ဆိုပြီး ဒီလို ရှေ့(၆)ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ဘာမှမထူးပါဘူး။ 

★ ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်တဲ့အချိန်ကြမှ ရောင်ခြည်တော်တွေ အိမ်လုံးမက တောင်လုံးမက ရောင်ခြည်တော်တွေ အကြီးအကျယ်ထွက် ရောင်ခြည်တော်တွေ
အနန္တစင်္ကြာဝဠာ ပြေးသွားနေကြ။
အခုခေတ် သိပ္ပံနည်းနဲ့ တိုင်းတာတဲ့အခါ အရောင်တွေရဲ့ ပြေးနှုန်းသွားနှုန်းဟာ တစ်စက္ကန့်ကို ၁၂၆၀၀၀ လောက်သွားပါတယ်။
အဲ့ါဒီပြေးနှုန်းနဲ့ ရောင်ခြည်တော်တွေ ပြေးသွားနေတာ အခုထိ ပြေးတုန်းသွားနေတုန်းပဲ အဲ့ဒါနောက် သာသနာ(၅၀၀၀)ရှိတဲ့အခါ ကွေ့ပြီးတော့ စကြာၤဝဠာရဲ့သဘောက
ဝေ့ပြီးတော့သွားတဲ့သဘောရှိတာ သိပ္ပံနည်းအရလည်း ကမ္ဘာကြီးက လည်နေတော့ လည်လိုက်တဲ့အခါမယ် ဝိုင်းသွားတာ။ဝိုင်းသွားတော့ ရောင်ခြည်တော်တွေက
အစသွားတုန်းကတော့ အဖြောင့်ပြေးသွားတာ။နောက်ကျတော့ ဝိုင်းသွားတော့ ဒီနေရာပြန်ရောက်တယ်  ပြန်ရောက်တဲ့နေရာကို ရောင်တော်ပြန်ပွဲလို့
သာသနာ(၅၀၀၀) ရှိတဲ့အခါ ရောင်ခြည်တော်တွေ အစထွက်တဲ့နေရာ ပြန်ရောက်လာလို့ ရောင်တော်ပြန်ပွဲလို့ခေါ်တယ်။
အဲ့ဒီရောင်တော်ပြန်ပွဲမှာ အကြီးအကျယ် တရားထူးတရားမြတ်များ
ရကြလိမ့်ဦးမယ်။

★ ပြောလိုရင်းကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှ ပဋ္ဌာန်းတရားဆင်ခြင်သုံးသပ်မှ ရောင်ချည်တော် အကြီးအကျယ်ထွက်တယ်။
လူလည်းပဲ ဗြဟ္မာတွေလည်းပဲ
တစ်ဦးတစ်ရောက်ဟာ အကျိုးမပေးဘူး ကံမကောင်းဘူးလို့ ဖြစ်နေရင်
ပဋ္ဌာန်းတရားတာ ရွတ်ဖတ်သရဈာယ် အကျိုးပေးလာတာ။ကံကောင်းလာတယ်။အဲ အကျိုးမပေးပဲ အကုသိုလ်တွေက ပိတ်ပင်တားဆီးထားတော့
တစ်ချို့စာတတ်တယ် တစ်ချို့ ပညာတတ်တယ် စာတတ်ပြီး
ပညာတတ်ပေမယ့်လို့ ဘာမှဘုန်းမကြီးဘူး။ဘုန်းနည်း ကံနည်းနဲ့
နေရ။အဲ့ဒီလို ပုဂ္ဂိုလ်တွေ ပဋ္ဌာန်းတာရွတ်လိုက် ချမ်းသာပြီ။လိုချင်တာတွေ အကုန်ရပြီ။အဲ့ဒီလို မြတ်စွာဘုရားသခင်ရဲ့ပဋ္ဌာန်း တရားတော်သည်
အလွန်တရာမှ တန်ခိုးအာနုဘော်
ရှိပါတယ်။ဘေးဥပါဒ်အန္တရာယ်တွေလည်းကင်းပါတယ်။

★ တပည့်တော်တို့ မင်းကွန်းတိပိဋကဆရာတော်ကြီး တစ်ခါတော့ မြန်မာနိုင်ငံမိုးကုတ်ရဲ့အရှေ့ဘက် မိုးမိတ်မြို့ဆိုတာ ရှိသေးတယ်။မိုးမိတ်မြိုသွားတရားဟော မိုးမိတ်မြို့တရားဟော
ပြန်လာတဲ့အခါကျတော့ မိုးကုတ်ကကားနဲ့ဖြတ်မောင်းပြီးတော့ ပြန်လာတယ်။
အဲ့ဒီမှာ မိုးကုတ်က ဒကာတွေကလျှောက်တယ် ဆရာတော်ရှေ့
မဆက်နဲ့တော့ ဘုရား တပည့်တော်တို့ မိုးကုတ်မှာ တညကြိမ်းပါ။
ဘာလို့လဲဒကာကြီးတို့ဆိုတော့ အခုလေးတင် ရေဒီယိုက ကြေညာသွားတယ်ဘုရား
လေမုန်တိုင်းကြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား အကြီးအကျယ်
တိုက်လိမ့်မယ်။အဲ့ဒီတော့ အဲ့ဒီနေရာအတွင်း အပြင်ရောက်နေတဲ့လူတွေက ဘေးဥပါတ်ကင်းမယ့်နေရာလေးမှာ တိမ်းရှောင်နေကြပါ။ကိုယ့်အိမ်အတွင်းက လူတွေကလည်း
အိမ်အတွင်းလေဘေးခံနိုင်တဲ့နေရာမှာ နေကြပါလို့
ကြေညာသွားတယ်ဆရာတော်။ဆက်သွားရင်
လေမုန်တိုင်းမိလိမ့်မယ်ဘုရားဆိုတော့
အာ အဲ့ဒါမှ ကျုပ်ကသွားရမှာဗျာဆိုပြီး ဆရာတော်က
ကားပေါ်ကကို
ဆင်းမနေတော့ဘူး တခါတည်းဆက်သွား။

★ ဆက်သွားတော့ သပိတ်ကျင်းရောက်။ သပိတ်ကျင်းရောက်တဲ့အခါ ကျောင်းတစ်ကျောင်းဝင်တဲ့ပြီးတော့
ပဋ္ဌာန်းစာအုပ် (၅)အုပ်ထုတ်ခိုင်း ကဲရှိတဲ့ ကိုရင်တွေ
ဦးပုဇဉ်းတွေ တစ်လှည့်စီ ဖတ်။ဟိုက လေမုန်တိုင်းကြီးလာနေတယ်။လေအန္တရာယ်ကင်းအောင် ဖတ်ကြပါ။မရပ်နဲ့ဆိုပြီးတော့ ဖတ်ခိုင်း။အဲ့ဒီကနေ ပြီးတော့ အောက်သွား
အောက်နားလေးရောက်တဲ့အခါကျတော့ စဥ့်ကူးဆိုတာ ရှိတယ်။
အဲ့ဒီ စဥ့်ကူးကျတော့လည်း ဒီလိုပဲ ကျောင်းတစ်ကျောင်းဝင်
ပဋ္ဌာန်းစာအုပ် (၅)အုပ် ထုတ်ခိုင်း
ထုတ်ပြီးတော့ ဦးပုဇဉ်းတွေ ကိုယ်ရင်တွေ ဖတ်ကြဆိုပြီးတော့ ပဋ္ဌာန်းဖတ်ခိုင်း။အဲ့ဒီကနေ မြစ်အနောက်ဖက် ကူး။
ရွှေဘိုရောက် ရွှေဘိုကြတော့လည်း အဲ့ဒီလို ခိုင်းခဲ့ပြီးတော့
ဆရာတော်ကလည်း လမ်းတစ်လျှောက်လုံး 
ပဋ္ဌာန်းပစ္စယနိဒေ္ဒသရွတ်ဖတ်ပြီးတော့  သရဈာယ်လာတယ်။

★ ဒီရွှေဘိုရဲ့တောင်ဘက်နားလေးရောက်တော့ ရေဒီယိုက
ပြန်ကြေညာတယ်
စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုက်မယ့် လေမုန်းတိုင်းကြီး
အနောက်ဖက်ရွေ့သွားပြီ
ဒီဘက်မတိုက်တော့ဘူး။လို့ အဲ့လိုကြေညာပါတယ်။အဲ့ဒီလို တကယ့်အန္တရာယ်ကြီးတွေကင်းပါတယ်။ တပည့်တော်တို့
နာဂစ်မုန်တိုင်းတုန်းကလည်း
ဒီလိုပဲ။နာဂစ်မုန်တိုင်းတုန်းက ဒီပြင်ရွာတွေ မြို့တွေသာ ဒုက္ခရောက်တာ။
ပုသိမ်မြို့က ဒုက္ခမရောက်ဘူး။
ပုသိမ်မြို့ အဲ့ဒီအချိန်မှာ ကိုးဋ္ဌာန ကိုးပိုင်းခွဲပြီးတော့
တစ်မြို့လုံးဖြန့် ပဋ္ဌာန်းရွတ်နေကြတယ်။
ပဋ္ဌာန်းရွတ်နေတဲ့အတွက် ပဋ္ဌာန်းရဲ့တန်ခိုးကြောင့် ပုသိမ်မြို့မယ်
အဲ့ဒီနာဂစ်မုန်တိုင်းကြီး မတိုက်ဘူး။ ဘေးကျော် တိုက်ချသွားတယ်။
အဲ့ဒီလို ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်လည်းကင်းစေနိုင်တယ်။
ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ကြီးစေနိုင်တဲ့ ပဋ္ဌာန်းတရားကို
ကြိုးစားပြီးတော့ ရွတ်ဖတ်ကြပါ။

★ အဲ့ဒီလိုရွတ်ဖတ်သဖြင့် တပည့်တော်တို့ သိပ္ပံပညာရှင်တွေက
ကြေညာတယ်မို့လား တစ်ချို့လည်း ကြားမိမယ်။တစ်ချို့လည်း မကြားမိလောက်ဘူး။
ကမ္ဘာကြီးအတွင်းကို ဒီပြင်စင်္ကြာဝဠာက ဂျူပီတာ ပလမ်နက် ခေါ်တဲ့ ကြာသပတေး  ဂြိုလ်လောက်ကြီးတဲ့ ဂြိုလ်ကြီးတစ်လုံး အမှတ်မထင် ဝင်လာနေတယ်။
(၂၀၁၂ ခုနှစ်နဲ့ ၂၁၁၃ ခုနှစ်) (၂)နှစ်  တပည့်တော်တို့ ကမ္ဘာဂြိုလ်ကို ဒုက္ခပေးနိုင်တယ်။ရေတွေအကြီးအကြယ်ကြီးမယ် ဒီဂြိုလ်ကြီးဝင်လာတဲ့အတွက်
လေမုန်တိုင်းတွေ တိုက်မယ် မီးတောင်တွေပေါက်ကွဲမယ် လူတွေ ဒုက္ခရောက်ပါ့မယ်လို့ အဲ့ဒီလို ဒုက္ခဘေးတွေမှ ကင်းဝေးအောင် တပည့်တော်တို့
ကယ်နိုင်တဲ့ တရားကတော့ ပဋ္ဌာန်းတရားပဲ ရှိပါတယ်။အဲ့ဒါကြောင့် ပဋ္ဌာန်းတရား ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ် မူကြပါ။ကိုယ်တင်မကပဲ ကိုယ်နဲ့ဆက်သွယ်တဲ့သူတွေ
ကိုလည်း ခိုင်းပေးကြပါဗျာ။တပည့်တော် ဂျပန်ပြည်သွားလည်း ဂျပန်ပြည်ခိုင်းတယ်ဘုရား အမေရိကမှာလည်း ကိုယ်ကိုယ်တိုင်လည်းရွတ်ခဲ့တယ်။သူတို့ကိုလည်း ရွတ်ဖို့ရန်
တိုက်တွန်းခဲ့တယ်။

★ အဲ့ဒီလိုရွတ်ခိုင်းတာက ရောက်မယ့်ဘေးအန္တရာယ်တွေကို
ကာကွယ်နိုင်မှာက တပည့်တော်တို့ ပဋ္ဌာန်းတရားရှိပါတယ်။
ပဋ္ဌာန်းတရားက ကယ်မှာ အဲ့ဒါကြောင့်
ရွတ်တဲ့အါမှာလည်း ကြိုးစားပြီးတော့ ရွတ်ကြပါဘုရား။
နတ်တွေ ဗြဟ္မာတွေလည်း လာပါတယ်ဘုရား။
အရှင်ဘုရားတို့ကတော့ ကြုံချင်မှ ကြုံဘူးမယ်
တပည့်တော်က နတ်တွေ
ဗြဟ္မာတွေလာတာလည်း ကြုံဖူးတယ်ဘုရား။
သူတို့လာရင် ဘယ်လိုသိသလဲဆိုတော့ တစ်ခန်းလုံးမွှေးကြိုင်နေတာပဲ။
အဲ့ဒီအခါဆိုရင် နတ်တွေ ဗြဟ္မာတွေလာပြီ။
နတ်တွေဗြဟ္မာတွေလာပြီဆိုရင် ကိစ္စတော်တော်လေး
ပြီးမြှောက်အောင်မြင်ပါတယ်ဘုရား။
တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာမှန်းသိတော့
ဘယ်လိုပြောဖူးတုန်းဆိုတော့
အသင်နတ်တို့ ဗြဟ္မာတို့ ခင်များတို့ လာတာ ကျုပ်နှာခေါင်းက
သိတယ်ဗျာ ဒါပေမယ့်ကျုပ်က မျက်စိနဲ့မြင်ချင်တာ ခင်များတို့
နတ်တွေ ဗြဟ္မာတွေပြစမ်းပါ ဘယ်လိုပုံရှိတုန်းဆိုတော့
အဲ့သူတို့ပြပါတယ်ဘုရား ။အဲ့ဒီတော့ တပည့်တော်က
ပဋ္ဌာန်းရွတ်ကျိုးနပ်တယ်။

★ တပည့်တော် နတ်တွေဗြဟ္မာတွေလည်း မြင်ဘူးတယ်။
အရှင်ဘုရားတို့ရော
မြင်ဖူးကြလား။မြင်ဖူးချင်ရင်တော့ ပဋ္ဌာန်းရွတ်ကြပေါ့ဗျာ။အရင်ဆုံးကတော့ မွှေးကြိုင်လာဖို့လိုတယ်ဗျာ။
အဲ့ဒါဆိုရင် လာပြီသူတို့က။ပြီးတော့ကြတော့ နတ်တွေ ဗြဟ္မာတွေ
မွှေးကြိုင်လာတာကို တပည့်တော်ကို နည်းပေးတဲ့ သီလရှင်ကြီး
ဒေါ်စိတ္တရာကပြောတယ်။
တပည့်တော်က ဘာသိတုန်းဆိုတော့ ပိုသိတာ ပုပ်အဲ့လာတာတွေလည်း ရှိတယ်အရှင်ဘုရား။တစ်ခါတစ်လေများ ခွေးသေကောင်ကြီး
အနားဆွဲလာတဲ့အတိုင်း ပုပ်ပြီးတော့လာတယ်အဲ့ဒါဆိုရင်
တစေတွေ သရဲတွေ လာပြီ။ပြီးပြီဆိုတာ ကိုယ့်ခြောက်မလို့
လာတာမဟုတ်ဘူး။သူက သာဓုခေါ်ချင်လို့ အဲ့ဒါအမျှဝေပြီးတော့
မေတ္တာပွားလိုက်ရင်
ဒီကောင်တွေလည်းပဲ ဝမ်းသာပြီးတော့ သွားကြတယ်။
။ခွေးတွေဘာတွေ အူ ပုပ်အဲ့လာပြီဆိုရင် တစေ သရဲတွေ လာပြီ။လာလည်းမကြောက်နဲ့ အရှင်ဘုရားတို့ ရွတ်တာရွတ်ဖတ် သူတို့ကို မေတ္တာပို့ အမျှဝေလိုက်။

★ အဲ့ဒါကြောင့် တပည့်တော် ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့ဗျာ လက်တွေ့။အရှင်ဘုရားတို့လည်း ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ်ပါ။ရွတ်ဖတ်သရဈာယ်သဖြင့်
ကိုယ်နဲ့ ပတ်သက်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ
ကိုယ့်ဒီကမ္ဘာလုံးကြီးမယ်နေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ
ကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာလည်းပွားကြပါဘုရား။
ဒီလောက်ဆိုရင် တော်လောက်ပါပြီ။

သာဓု သာဓု သာဓု။

တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။
_/\_ _/\_ _/\_

ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသော
အလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။

ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ
credit to Facebook