........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Mar 30, 2016

မျောက်ဥပုသ်

မျောက်ဥပုသ်
--------------
တစ်ခါက မျောက်အုပ်တစ်အုပ်ရဲ့ ခေါင်းဆောင် မျောက်ဟာ သူ့ငယ်သားမျောက်တွေကို စုေ၀းစေပြီး တရားဓမ္မ ဟောပြပါသတဲ့။

သူက """ငါ မနေ့က လူတွေနေတဲ့ ရွာက ဘုန်းကြီးကျောင်းဘေးက မန်ကျည်းပင်ပေါ်ရောက်ခဲ့တယ်။ ငါမန်ကျည်းသီးစားနေတုန်း ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးရဲ့တရားဟာ ငါ့ကို သတိသံေ၀ဂ ပေးခဲ့တယ်။ အဲဒီတရားကို မင်းတို့ကိုလည်းငါပြန်ဟောပြမယ်"
လို့ပြောရင်း ဘုန်းကြီးရဲ့ဟန်ပန်အတိုင်း ချောင်းဟန့် တင်ပျဉ်ခွေထိုင်ပြီး သူကြားခဲ့ရတဲ့တရားကို ပြန်လည်ဟောပြခဲ့ပါသတဲ့..။

အဲဒီလို မျောက်ခေါင်းဆောင်ရဲ့ တရားကို နာပြီးတဲ့နောက်မှာ မျောက်တွေဟာလည်း လူတွေပြုမူပုံ ပြုမူနည်းအတိုင်း ဥပုသ်သီလ ဆောက်တည်ကြဖို့ သဘောတူကြပါသတဲ့။ အဲဒီအခါ မျောက်ခေါင်းဆောင်က ဒီလိုပြောတယ်

"ငါတို့ ဥပုသ်စောင့်တာကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဥပုသ်ထွက်တဲ့အခါ ဗိုက်ဆာပြီး အားနည်းနေကြမှာပဲ အဲဒီတော့ ဥပုသ်ထွက်တဲ့အခါ စားဖို့အတွက် အစားအစာကို ကြိုတင်ရှာထားကြရင် ကောင်းမယ်"

အဲဒီအခါ မျောက်တွေဟာ ငယ်ရွယ် သန်မာတဲ့မျောက်တွေကို စေလွှတ်ပြီး အစားအစာ ရှာဖွေစေတယ်။ အစာရှာဖွေတဲ့မျောက်တွေ ပြန်ရောက်လာတဲ့အခါမှာတော့ မှည့်၀င်းမွှေးကြိုင်နေတဲ့ ငှက်ပျောခိုင်တွေ ပါလာကြတယ်။ မျောက်တွေက ငှက်ပျောသီးကိုကြည့်လိုက်တာနဲ့ အရသာရှိပြီး စားလို့ကောင်းမယ်ဆိုတာကို သိနေကြတယ်။ ဥပုသ် စောင့်ဖို့ထက် ဥပုသ်ထွက်တဲ့အခါ ငှက်ပျောသီး စားဖို့ကို ပိုပြီး စိတ်ထက်သန်လာကြပြန်တယ်။

အဲဒီလို ငှက်ပျောသီးတွေကို မြင်တဲ့အခါ မျောက်အုပ်ထဲက မျောက်အိုကြီးတစ်ကောင်က
"ငါတို့ငှက်ပျောသီးတွေကို ဒီနေရာမှာထားမယ့်အစား ကိိုယ့်ေ၀စုအလိုက် ကြိုတင်ေ၀ငှထားရင် မကောင်းဘူးလား။ ဒါမှ ဥပုသ်ထွက်တဲ့အခါ အလုပ်ရှုပ်သက်သာတာပေါ့" လို့ပြောပြန်တယ်။
မျောက်တွေလည်း မျောက်အိုကြီးစကားကို သဘောတူကြပြီး မိမိတို့ရမယ့်ေ၀စုကို အသီးသီးခွဲေ၀ ယူထားကြပြန်တယ်။ အဲဒီလိုခွဲေ၀ယူပြီးတဲ့အခါမှာလည်း အစားမက်တဲ့ မျောက်တစ်ကောင်က ဒီလိုပြောပြန်တယ်

"ဒီလို ေ၀စု ခွဲပြီးနေမှတော့ မထူးတော့ပါဘူး.. တစ်ခါတည်း အခွံပါနွှာထားလိုက်ကြရအောင်။ ဥပုသ် ထွက်တာနဲ့ အသင့်ကောက်စားလိုက်ရုံပဲ"

အဲဒီအခါ မျောက်တွေလည်း သဘောတူကြပြီး မိမိတို့ရရှိတဲ့ ေ၀စုငှက်ပျောသီးတွေကို အခွံနွာလိုက်ကြပြန်တယ်။ အဲဒီလို နွှာပြီးတဲ့အခါ မျောက်ငယ်လေးတစ်ကောင်က

"ကျနော်ငှက်ပျောသီးကို အခွံနွှာပြီး ဘယ်နားထားရမှန်းမသိဖြစ်နေတယ်။ ကျနော့်ပါးစပ်ထဲ ထည့်ပြီး သိမ်းထားလို့ရမလားမသိဘူး။ ကျနော် မျိုမချဘူးလို့ ကတိပေးပါတယ်" လို့ပြောပြန်တယ်။ အဲဒီအခါ မျောက်ခေါင်းဆောင်က

"မထူးတော့ပါဘူးကွာ.. အားလုံးပါးစပ်ထဲမှာ ငှက်ပျောသီးတွေ ထည့်ထားကြ၊ မြိုတော့ မချကြနဲ့" လို့ အမိန့်ပေးလိုက်တယ်။

အဲဒီလိုနဲ့ မျောက်တွေဟာ ငှက်ပျောသီးတွေကို ပါးစပ်ထဲမှာ ငုံပြီး ဥပုသ်စောင့်ကြတယ်။ ဒါပေမယ့် မကြာခင်ကာလမှာပဲ မျောက်တွေအားလုံးရဲ့ ပါးစပ်ထဲက ငှက်ပျောသီးတွေ ဟာ အသီးသီး ပျောက်ကွယ်သွားကြတော့တယ်။ မျောက်တွေရဲ့ ဥပုသ်ကြီးလည်း တိတ်တဆိတ်ပဲ ပြီးဆုံးခဲ့တယ်။

တကယ်တော့ ဒီပုံပြင်လေးတွေဟာ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မခိုင်မာခြင်း၊ စိတ်ရဲ့ မစောင့်စည်းခြင်း ကို ထောက်ပြနေတဲ့ပုံပြင်လေးပဲဖြစ်တယ်။ ကျနော်တို့တွေဟာ တစ်စုံတစ်ခုကို သင်ခန်းစာရလို့ပဲဖြစ်ဖြစ်၊ တွေးတောမိလို့ပဲဖြစ်ဖြစ် မျောက်တွေရဲ့ ဥပုသ်စောင့်လိုစိတ်နဲ့တူတဲ့ "မှန်ကန်တဲ့ဆုံးဖြတ်ချက်" တွေကို ချလေ့ရှိကြတယ်။ ဥပမာအားဖြင့်- ဒီလ ငါ "လက်ဘက်ရည်ဆိုင်ထိုင်တဲ့အချိန်တွေလျော့မယ်"၊ "ကိုရီးရားကားကြည့်တာ အချိန်ကုန်တယ် မကြည့်တော့ဘူး"၊ "အပြင်စာတွေမစားတော့ဘူး အသုံးစရိတ်ချေွတာမယ်" "ဒီအလုပ်မပြီးမချင်း Facebook ကို ယောင်လို့တောင်လှည့်မကြည့်ဘူး" စတဲ့ ကောင်းမွန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချလေ့ရှိကြတယ်။

အဲဒီလို ဥပုသ်စောင့်ခြင်းနဲ့တူတဲ့ စောင့်စည်းခြင်းဆုံးဖြတ်ချက်တွေကို ချလေ့ရှိကြပေမယ့် မခိုင်မာတဲ့စိတ်ဓါတ်ကြောင့် "တစ်ခါတစ်လေ ဆိုင်ထိုင်တာတော့ ကိစ္စ မရှိပါဘူးလေ" "ဒီဇာတ်ကားလေးက မဆိုးလောက်ဘူး တစ်ပိုဒ်တစ်လေလောက်ကြည့်ရင်ဘာမှမဖြစ်ပါဘူး" "အင်း.. ဒီတစ်ကြိမ်တော့ အပြင်စာလေး စားလိုက်ဦးမှ နောက်တစ်ကြိမ်မှဆင်ခြင်တော့မယ်" "ခဏလေး Facebook ပေါ်တက်လိုက်ဦးမှ ငါးမိနစ်လောက်နဲ့ ဘာမှဖြစ်မသွားပါဘူး" စတဲ့ Excuse တွေပေးရင်း မျောက်ဥပုသ်ကို စောင့်လေ့ရှိကြသူများပဲဖြစ်တယ်။ ငယ်စဉ်ကာလတုန်းက လို စာသင် နှစ်စမှာ တက်ကြွနေတဲ့စိတ်ဟာ နှစ်လည်နဲ့ နှစ်ဆုံးမှာ တစ်ဖြည်းဖြည်း မျောက်ဥပုသ် ဖြစ်လာကြပြန်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ပြီးခါမှာ ပြန်သောက်မိတဲ့စိတ်မျိုးဟာလည်း မျောက်ဥပုသ်စိတ်မျိုးပဲဖြစ်တယ်။

တကယ်တော့ ရည်ရွယ်ချက် တစ်ခုကို အောင်မြင်အောင် ကြိုးစားတဲ့သူဟာ မျောက်ဥပုသ်နဲ့တူတဲ့ ပျော့ညံ့တဲ့၊ မခိုင်မာတဲ့စိတ်ကို ရဲဝံ့ပြတ်သားသောစိတ်နဲ့ ဖယ်ခွာသင့်တယ်။ တစ်ခုခုဆုံးဖြတ်ပြီးရင် ဆင်ခြေဆင်လက်မပေးတော့ပဲ ရည်ရွယ်ချက်အောင်မြင်ပြည့်မြောက်သည်အထိ တစ်စိုက်မတ်မတ် ပြုလုပ်သင့်လှတယ်။ အောင်မြင်သောသူတွေနဲ့ သာမာန်လူတွေကြားရဲ့ အဓိက ကွာဟချက်ဟာလည်း အဲဒီဆင်ခြေပေးတတ်တဲ့ မျောက်ဥပုသ် စိတ်မျိုးလို့ဆိုတယ်။

"I don't stop when I am tired, I stop when I am done."  ငါမောနေပါစေ၊ ရည်ရွယ်ချက်မပြည့်မချင်း ငါမရပ်ဘူး ဆိုတဲ့စကားလို ရည်ရွယ်ချက်မပြည့်မချင်း  ခိုင်ကျည်သောစိတ်နဲ့ စောင့်စည်းဖို့၊ ကြိုးစားဖို့ လိုမှာပဲဖြစ်တယ်။

မှန်ကန်သော ဥပုသ်များ စောင့်နိုင်ကြပါစေ
မေတ္တာဖြင့်အရှင်စန္ဒာဝရ(တောင်တွင်း)
မြန်မာ  စာပေများ မှ

အရှင် sandarwara Tdk အား credit ပေး၍ ပူဇော်ပါ၏ ဘုရား..

Mar 21, 2016

သပၸဳရိသဒါန (၅) ပါး

(၁)လွဴဖြယ္ဝတၳဳကို စင္ၾကယ္ ေကာင္းမြန္ေအာင္ စီမံျပဳျပင္၍ လွဴဒါန္းျခင္း

(၂)စိတ္ထဲမွာ ႐ိုေသေလးျမတ္မႈရွိ၍ လွဴဒါန္းျခင္း(လွဳဖြယ္ဝတၳဳကို ဂ႐ုတစိုက္ စိတ္၌ ထား၍ လွဴဒါန္းျခင္း

(၃)မိမိကိုယ္တိုင္ ကိုင္တြယ္လွဴဒါန္းျခင္း(အစမထင္ သံသရာတခြင္၌ လက္ေျခကို မရသည္႔ဘဝကား မ်ားလွၿပီ ၊ လက္ေျခအဂၤါ ျပည္႔စုံသည္႔ ယခုဘဝဝယ္ ရေသာလက္ျဖင္႔ ဘဝလြတ္ေျမာက္ေရးကို အားထုတ္မည္ဟု ဆင္ျခင္၍ ကိုယ္တိုင္ ကိုယ္တြယ္၍ လွဴဒါန္းျခင္း)

(၄)ထမင္းၾကြင္း ဟင္းက်န္စသည္႔ စြန္႔ပစ္အပ္ေသာ ပစၥည္းမ်ိဳးကိုကဲ႔သို႔ မဟုတ္ပဲ ဂ႐ုတစိုက္ လွဴဒါန္းျခင္း

(၅)ဤလွဴဒါန္းမႈေၾကာင္႔ ေနာက္အခါဝယ္ ေကာင္းက်ိဳးဧကန္ ေရာက္လိမ္႔မည္ဟု သိရွိေသာ ကမၼႆကတာပညာ ေရွ႕သြားျပဳ၍ လွဴဒါန္းျခင္း

(အံ၊၂။၁၅၂။ အံ၊႒၊၃။၅၃။ အ၊ဋီ၊၃။၅၀)
ဗုဒၶဘာသာလက္စြဲက်မ္း (၁/၃၀၃)
ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ

Mar 20, 2016

ပအိုဝ္းအမ်ိဳးသားေန႔ေပၚေပါက္လာပံု

Zawgyi  & Unicode Verion ၂ခုလံုး ဖတ္ရပါတယ္ ဖတ်ရပါတယ်
#Zawgyi verion
ပအိုဝ္းအမ်ိဳးသားေန႔ေပၚေပါက္လာပံု
*************************
  အမ်ဳိးသားေန႔သည္လူမ်ိဳးတုိင္းအဖုိ႔ထူးျခားသည့္
ဂုဏ္ထူး၀ိေသသျဖင့္ျပည့္စုံသည့္ေန႔ထူးေန႔ျမတ္ပင္ျဖစ္သည္။

တစ္နည္းအားျဖင့္ အမ်ဳိးသားေန႔ဟူသည္ မိမိတုိ႔လူမ်ဳိးကုိျပည္လည္မွတ္တမ္းတင္ျခင္းပင္ျဖစ္သည္။အမ်ဳိးသားေန႔သည္ဇာတိေသြးဇာတိမာန္ စိတ္ဓာတ္မ်ားအမ်ဳိးသားေရးစိတ္ဓာတ္မ်ားကိန္းေအာင္းလာေစေရးအတြက္လႈံ႕ေဆာ္ေပးသည့္ေန႔ပင္ ျဖစ္ေလသည္။

ထုိ႔ေၾကာင့္အမ်ဳိးသားေန႔သည္ လူမ်ဳိးတုိင္း အတြက္ ထူးျခားေသာေန႔ပင္ျဖစ္သည္။
ပအုိ၀္းတုိင္းရင္းသားတုိ႔သည္ မိမိတုိ႔၏ ထူးျခားသည့္ သမုိင္းအစဥ္အလာကုိ အေၾကာင္းျပဳ၍ (ဒဲဥ္သီးလာေဗြ) တေပါင္းလျပည့္ေန႔ ေရာက္တုိင္း ပအုိ၀္းအမ်ုဳိးသားေန႔ကုိ ႏွစ္စဥ္မပ်က္ က်င္းပလ်က္႐ွိသည္။

ဤတြင္ ပအုိ၀္းအမ်ဳိးသားေန႔ႏွင့္ပတ္သက္ ေဖာ္ျပရေသာ္ ပအုိ၀္းတုိင္းရင္းသားတုိ႔ သည္ ေက်းဇူးတရားသိရွိမႈ၊ ေက်းဇူးတရားကုိ နားလည္သေဘာေပါက္မႈစေသာ ဗုဒၥဘာသာ၏ အဆုံးအမကုိ ေလးစားယုံၾကည္စြာ ႏွလုံးသြင္းၾကသူမ်ားျဖစ္ၾကသည္။ အမ်ဳိးသားေန႔သည္ မိမိတုိ႔လူမ်ဳိး ဘုိးဘြားမ်ဳိးႏြယ္ မ်ား၏ေက်းဇူးတရားကုိသိမႈမွစတင္ခဲ႔သည္ဟုဆုိႏူိင္၏။လြန္ခဲ႔ေသာႏွစ္ေပါင္း ၂၅၀၀ ေက်ာ္၊ မဟာသကၠရာဇ္(၃)ႏွစ္ တေပါင္းလျပည္႔၊ စေနေန႔၊ လ၀င္ေနထြက္၊ လေရာင္ေနေရာင္ ထြန္းေျပာင္ထိန္လင္းေရာယွက္ေသာ အခ်ိန္တြင္ မင္းတစ္ပါးဖြားျမင္ခ႔ဲသည္။

ထုိမင္းသည္ လ၀င္ေနထြက္အခ်ိန္တြင္ ေမြးဖြားသျဖင့္ သူရိယစႏၵာ ဟုေခၚသည္။ သူရိယစႏၵာမင္းသည္ ပအုိ၀္းတုိင္းရင္းသားတုိ႔၏ ဂုဏ္သိကၡာကုိ ျမွင့္တင္ေပးခဲ႔သည္။ ပအုိ၀္းတုိင္းရင္းသား တုိ႔၏ ေတာက္ပေသာ ေခတ္ကာလကုိ ဖန္တီးေပးခဲ႔၏၊ သထုံၿမိဳ႔ရွိ ေလးဆူဓာတ္ပုံ ေရႊစာရံေစတီေတာ္ကုိ တည္ခဲ႔သည့္ သာသနာ႔ဒါယကာမင္းျမတ္ျဖစ္၏။ ဤေက်းဇူးတရားမ်ားကုိေအာက္ေမ႔ေသာအားျဖင့္ ပအုိ၀္းတုိင္းရင္းသားတုိ႔၏ ဂုဏ္ေရာင္ကုိ ထြန္းေျပာင္ေစခဲ႔ေသာသူရိယစႏၵာမင္း၏ေမြးေန႔ျဖစ္သည့္တေပါင္းလျပည္႔ေန႔ကုိပအုိ၀္းအမ်ဳိးသားေန႔(ဒဲဥ္သီးလာေဗြ)အျဖစ္သတ္မွတ္ၾကျခင္း ျဖစ္သည္။
*****************************

(ျမန္မာႏိုင္ငံတြင္ ဌာေနတိုင္းရင္းသားမ်ားအနက္ ပအို၀္းတိုင္းရင္းသားသည္ႏွစ္စဥ္တေပါင္းလျပည့္ေန႔တြင္ပအို၀္းအမ်ဳိးသားေန႔အျဖစ္က်င္းပၾကသည္။တေပါင္းလျပည့္ေန႔ကိုပအို၀္းအမ်ဳိးသားေန႔ အျဖစ္ သတ္မွတ္ျခင္းႏွင့္ ပအို၀္းအမ်ဳိးသားေန႔ ဆိုသည့္ေ၀ါဟာရကဘယ္လိုစတင္ေပၚေပါက္လာသည္ ကို ေမးခြန္းထုတ္စရာျဖစ္ လာပါသည္။)

မဟာသကၠရာဇ္ (၂)ခု (ခရစ္သကၠရာဇ္မေပၚမီ ဘီစီ ၆၉၀)တြင္ သု၀ဏၰဘုမၼိသထံုျပည့္ရွင္ သကၠရာဇာမင္းႏွင့္ မိဖုရား ဘဒၵကလ်ာေဒ၀ီတို႔မွ သားေတာ္တပါးဖြာျမင္ခဲ့သည္။ ထုိသားေတာ္သည္ တေပါင္းလျပည့္ေန႔တြင္ ေနတြက္လ၀င္အခ်ိန္၌ ဖြားျမင္ေသာေၾကာင့္ သူရိယစႏၵာ ဟု အမည္ေပးခဲ့သည္။ သူရိယစႏၵာသည္ သက္ေတာ္ ၂၄ ႏွစ္တြင္ ဖခမည္းေတာ္ ထီးနန္းအပ္ၿပီး နန္းစံခ်ိန္ ၁၀ ႏွစ္တြင္ ဖခမည္းေတာ္ သကၠရာဇာမင္းက နတ္ရြာစံေလသည္။
ဗုဒၶေဂါတမ ျမတ္စြာဘုရားရွင္သည္ မဟာသကၠရာဇ္ ၁၁၁ ခု သီတင္းကၽြတ္လတြင္ သူရိယစႏၵာမင္းအုပ္စိုးသည့္သု၀ဏၰဘုမၼိသထံုျပည္သို႔ ပထမအႀကိမ္ ၾကြေရာက္လာခဲ့သည္။ ထိုႏွစ္အတြင္းသူရိယစႏၵာမင္း၏ေမြးေန႔ျဖစ္ေသာ တေပါင္းလျပည့္ ၌ ေရႊဆံရီေစတီေတာ္ကို စတင္အုတ္ျမစ္ခ် တည္ေဆာက္ခဲ့သည္။ ထုိႏွစ္မွစ၍ ပအို၀္းလူမ်ဳိးတို႔သည္ ဗုဒၶဓမၼ တရားေရစက္ကို စတင္ၾကားနာရရွိၿပီး ဗုဒၥဘာသာကို စတင္ၾကည္ညိဳၾကသည္။ သူရိယစႏၵာမင္း လက္ထက္တြင္ ဗုဒၶေဂါတမျမတ္စြာဘုရားရွင္သည္ မဟာသကၠရာဇ္ ၁၂၀ တြင္ ဒုတိယအႀကိမ္ အျဖစ္လည္းေကာင္း၊ မဟာသကၠရာဇ္ ၁၂၈ တြင္ တတိယအႀကိမ္အျဖစ္လည္းေကာင္း သထံုျပည္သို႔ ၾကြလာခဲ့သည္။

သူရိယစႏၵာမင္းလက္ထက္မွစ၍ပအို၀္းလူမ်ဳိးတို႔သည္ႏွစ္စဥ္တေပါင္းလျပည့္ေန႔တြင္ေရႊဆံရံေစတီရွိရာသို႔သြားေရာက္ၿပီးေကာက္သစ္ပူေဇာ္ျခင္းဆြမ္းကပ္ျခင္းငါးပါးသီလခံယူျခင္းစသည့္ပဲြေတာ္မ်ားကို ႏွစ္စဥ္ျပဳလုပ္ၾကသည္။ ထိုသို႔ျပဳလုပ္ရာမွ ၁၉၄၇ ခုမတ္လတြင္ဖဆပလ၏ေျမယာခဲြေ၀ေရး ေပၚလာစီကိုစမ္းသပ္သည့္အေနျဖင့္သထံုေဒသရွိလယ္ယာေျမအေျမာက္အမ်ားကိုသိမ္းယူခဲ့သည္။ ထိုေၾကာင့္ သထံုေဒသရွိပအို၀္းလယ္သမား ၁၀၀၀၀(တစ္ေသာင္း)ေက်ာ္က သထံုၿမိဳ႕ရွိ ဖဆပလ ေကာ္မရွာနာရံုးသို႔ ခ်ီတက္ဆႏၵျပခဲ့ၾကသည္။ ထိုဆႏၵျပပဲြသည္ ေအာက္ပါ အဆို (၃)ရပ္ကို ေတာင္းဆိုခဲ့သည္။
ပအို၀္းလူမ်ဳိးကို ေတာင္သူဟုေခၚဆိုေရးသားျခင္း မျပဳဘဲ ပအို၀္းဟုသာ ေခၚဆိုေရးသားရန္။
ေျမယာခဲြေ၀ေရးေပၚလာစီကိုျပန္လည္ရုပ္သိမ္းေပးရန္။ ဗမာ့တပ္မေတာ္တြင္ ပအို၀္းတပ္ရင္း (၂)ရင္း ထူေထာင္ေပးရန္ စသည္တို႔ျဖစ္သည္။

ထိုအဆို(၃)ရပ္ကို ပအို၀္းလူမ်ဳိးကုိ ေနာက္ေနာင္တြင္ ေတာင္သူဟု ေရးသားေခၚဆိုမႈ မျပဳရန္ စသည့္ ပထမအခ်က္ကိုသာ ဖဆပလ က လိုက္ေလ်ာ္ေပးခဲ့သည္။ ထိုအခ်ိန္မွ စ၍ သူရိယစႏၵာမင္း၏ ဂုဏ္ေက်းဇူးကုိ ေအာင့္ေမ့သည့္အေနျဖင့္ ၎၏ ေမြးေန႔ျဖစ္ေသာ တေပါင္းလျပည့္ေန႔ တြင္ ျမန္မာျပည္ေအာက္ပိုင္းရွိ ပအို၀္းလူမ်ဳိးမ်ားက ေရႊဆံရံေစတီရွိရာသို႔ ခ်ီတက္ၿပီး ေကာက္သစ္ပူေဇာ္ပဲြမွ ပအို၀္းအမ်ဳိးသားေန႔အျဖစ္သို႔ ေျပာင္းလဲဆင္ႏဲြခဲ့ၾကသည္။ ထိုအခ်ိန္တြင္ ရွမ္းျပည္နယ္ရွိ ပအို၀္းလူမ်ဳိးမ်ားက ပေဒသရာဇ္စနစ္၏ အုပ္ခ်ဳပ္မႈေအာက္ ၀ပ္၀ပ္ျပားခံေနရေၾကာင့္ ပအို၀္းအမ်ဳိးသားေန႔ကို က်င္းပမႈ မျပဳလုပ္၀ံၾကေပ။

၁၉၅၉ တြင္ ရွမ္းျပည္နယ္ရွိ ပေဒသရာဇ္စနစ္ က်င့္သံုးသည့္ေစာ္ဘြားမ်ားကမိမိတို႔အုပ္ခ်ဳပ္ေရးအာဏာကိုရွမ္းျပည္နယ္အစိုးရသို႔အပ္ႏွင္းခဲ့သည္သို႔ေသာ္လည္း၁၉၆၀တြင္ရွမ္းျပည္နယ္အတြင္းရွိလူမ်ဳိးစုအသီးသီးကလက္နက္စဲြကိုင္သည့္လမ္းစဥ္ကို က်င့္သံုးၿပီးေတာ္လွန္ေရးဆင္ႏဲြခဲ့သည္။ ထိုေနာက္ ပအို၀္းအမ်ဳိးသားေခါင္းေဆာင္မ်ား ျဖစ္ၾကေသာ သထံုဦးလွေဖ၊ ဗိုလ္ခ်ဳပ္ခ်န္ဇံု၊ ဦးေက်ာ္စိန္တို႔က အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေန၀င္း၏ ဖမ္းဆီးေထာင္ခ်ျခင္းကို ခံခဲ့ရသည္၁၉၆၆တြင္ဗိုလ္ခ်ဳပ္စံသိန္းဦးေဆာင္ေသာ ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖဲြ႕ (ပအလဖ)ကိုဒုတိယအႀကိမ္ျပန္လည္ဖဲြ႕စည္းၿပီး တစ္ႏွစ္အၾကာတြင္ပအလဖအမည္ကိုရွမ္းျပည္နယ္ လူမ်ဳိးေပါင္းစံု လြတ္ေျမာက္ေရးအဖဲြ႕ (ရလလဖ) အမည္သို႔ေျပာင္းလဲဖဲြ႕စည္းခဲ့သည္။ ရလလဖသည္ လူတန္းစားကုိ အေျခခံသည့္ အဖဲြ႕ျဖစ္၍ ၎တို႔အုပ္ခ်ဳပ္မႈေအာက္တြင္ ပအို၀္းအမ်ဳိးသားေန႔ က်င္းပႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ရန္ အခြင့္မသာခဲ့ေပ။

ပအို၀္းအမ်ဳိးသားစိတ္ဓါတ္ျပင္းထန္သည့္ ရလလဖ ေခါင္းေဆာင္တခ်ဳိ႕က ရလလဖမွ ခဲြထြက္ၿပီး ပအို၀္းအမ်ဳိးသားအဖဲြ႕ခ်ဳပ္ (ပီအဲန္အို) ကို ဖဲြ႕စည္းခဲ့သည္။ ၁၉၇၆ တြင္ ပီအဲန္အို၏ ျပဳလုပ္ေသာ ပထမအႀကိမ္ညီလာခံတြင္ တေပါင္းလျပည့္ေန႔ကိုပအို၀္းအမ်ဳိးသားေန႔အျဖစ္ ဆံုးျဖတ္သတ္မွတ္ခဲ့သည္။ ထိုအခ်ိန္မွစ၍ ျမန္မာျပည္အႏွံအျပားရွိ ပအို၀္းေဒသမ်ားတြင္ ႏွစ္စဥ္တေပါင္းလျပည့္ေန႔ကိုပအို၀္းအမ်ဳိးသားေန႔အျဖစ္က်င္းပလာၾကသည္ထိုအျပင္တကၠသိုလ္လ္မ်ားရန္ကုန္နယ္ေျမႏွင့္မႏၱေလးတကၠသိုလ္နယ္ေျမမ်ားေပၚတြင္ပအို၀္းေက်ာင္းသားမ်ားကပအို၀္းအမ်ဳိးသားေန႔အခမ္းအနားကိုက်င္းပလာၾကသည္။
ယခုဆိုလ်င္နိုင္ငံျခားေရာက္ပအိုဝ္းလူငယ္မ်ားေတြလည္းမိမိတို႔ပအိုဝ္းအမ်ိဳးသားေန႔ကိုနွစ္စဥ္နွစ္တိုင္းက်င္းပလာၾကသည္ကိုေတြ႕ျမင္ရေတာ့ ၾကည္ႏူး မိပါသည္။

#က်မ္းကိုး
•ျပည္ေထာင္စုထဲကပအို၀္း
•သထံုေရႊဆံရံဘုရားႀကီးသမိုင္း ပထမတဲြ
•သု၀ဏၰပကာသနီက်မ္း (ပအို၀္းဘာသာ)
•၂၀၀၅တြင္အသက္(၈၀)ေက်ာ္ရွိေကာ့က်ဳိက္ဇာတိ မြိဳးျဖားဗြာ (ခ)ေဒၚျဖဴ၏ ၎၏အပ်ဳိေပါက္စဘ၀တြင္သထံု၌ပအို၀္းအမ်ဳိးသားေန႔သြားအားေပးသည့္ပံုျပန္ေျပာျပခ်က္မ်ား။  •PA-OH PEOPLE by Mika Rolly

"ဒဲဥ္သီလာေဗြ မဥ္႞ေဖ်ာ္တြိဳ႞ မတ္ေသြာ႕မြဴးနီ႟ခြိဳ႟ပအိုဝ္႞"
"ပအိုဝ္႞သြီ႞ စြဳမ္႞ျဖာ႟ယံကအဝ္႞
မတ္မတ္ေသ႟ခါ႟ နီနာ႟ပအိုဝ္႞ခြိဳ႟"
#Unicode Verion
ပအိုဝ်းအမျိုးသားနေ့ပေါ်ပေါက်လာပုံ
*************************
  အမျိုးသားနေ့သည်လူမျိုးတိုင်းအဖို့ထူးခြားသည့်
ဂုဏ်ထူး၀ိသေသဖြင့်ပြည့်စုံသည့်နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။

တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကိုပြည်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။အမျိုးသားနေ့သည်ဇာတိသွေးဇာတိမာန် စိတ်ဓာတ်များအမျိုးသားရေးစိတ်ဓာတ်များကိန်းအောင်းလာစေရေးအတွက်လှုံ့ဆော်ပေးသည့်နေ့ပင် ဖြစ်လေသည်။

ထို့ကြောင့်အမျိုးသားနေ့သည် လူမျိုးတိုင်း အတွက် ထူးခြားသောနေ့ပင်ဖြစ်သည်။
ပအို၀်းတိုင်းရင်းသားတို့သည် မိမိတို့၏ ထူးခြားသည့် သမိုင်းအစဉ်အလာကို အကြောင်းပြု၍ (ဒဲဉ်သီးလာဗွေ) တပေါင်းလပြည့်နေ့ ရောက်တိုင်း ပအို၀်းအမျိုးသားနေ့ကို နှစ်စဉ်မပျက် ကျင်းပလျက်ရှိသည်။

ဤတွင် ပအို၀်းအမျိုးသားနေ့နှင့်ပတ်သက် ဖော်ပြရသော် ပအို၀်းတိုင်းရင်းသားတို့ သည် ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည်သဘောပေါက်မှုစသော ဗုဒ္စဘာသာ၏ အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများဖြစ်ကြသည်။ အမျိုးသားနေ့သည် မိမိတို့လူမျိုး ဘိုးဘွားမျိုးနွယ် များ၏ကျေးဇူးတရားကိုသိမှုမှစတင်ခဲ့သည်ဟုဆိုနိူင်၏။လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်၊ မဟာသက္ကရာဇ်(၃)နှစ် တပေါင်းလပြည့်၊ စနေနေ့၊ လ၀င်နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်းရောယှက်သော အချိန်တွင် မင်းတစ်ပါးဖွားမြင်ခ့ဲသည်။

ထိုမင်းသည် လ၀င်နေထွက်အချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာ ဟုခေါ်သည်။ သူရိယစန္ဒာမင်းသည် ပအို၀်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့သည်။ ပအို၀်းတိုင်းရင်းသား တို့၏ တောက်ပသော ခေတ်ကာလကို ဖန်တီးပေးခဲ့၏၊ သထုံမြို့ရှိ လေးဆူဓာတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့် သာသနာ့ဒါယကာမင်းမြတ်ဖြစ်၏။ ဤကျေးဇူးတရားများကိုအောက်မေ့သောအားဖြင့် ပအို၀်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သောသူရိယစန္ဒာမင်း၏မွေးနေ့ဖြစ်သည့်တပေါင်းလပြည့်နေ့ကိုပအို၀်းအမျိုးသားနေ့(ဒဲဉ်သီးလာဗွေ)အဖြစ်သတ်မှတ်ကြခြင်း ဖြစ်သည်။

(မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများအနက် ပအို၀်းတိုင်းရင်းသားသည်နှစ်စဉ်တပေါင်းလပြည့်နေ့တွင်ပအို၀်းအမျိုးသားနေ့အဖြစ်ကျင်းပကြသည်။တပေါင်းလပြည့်နေ့ကိုပအို၀်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခြင်းနှင့် ပအို၀်းအမျိုးသားနေ့ ဆိုသည့်ေဝါဟာရကဘယ်လိုစတင်ပေါ်ပေါက်လာသည် ကို မေးခွန်းထုတ်စရာဖြစ် လာပါသည်။)

မဟာသက္ကရာဇ် (၂)ခု (ခရစ်သက္ကရာဇ်မပေါ်မီ ဘီစီ ၆၉၀)တွင် သု၀ဏ္ဏဘုမ္မိသထုံပြည့်ရှင် သက္ကရာဇာမင်းနှင့် မိဖုရား ဘဒ္ဒကလျာဒေ၀ီတို့မှ သားတော်တပါးဖွာမြင်ခဲ့သည်။ ထိုသားတော်သည် တပေါင်းလပြည့်နေ့တွင် နေတွက်လ၀င်အချိန်၌ ဖွားမြင်သောကြောင့် သူရိယစန္ဒာ ဟု အမည်ပေးခဲ့သည်။ သူရိယစန္ဒာသည် သက်တော် ၂၄ နှစ်တွင် ဖခမည်းတော် ထီးနန်းအပ်ပြီး နန်းစံချိန် ၁၀ နှစ်တွင် ဖခမည်းတော် သက္ကရာဇာမင်းက နတ်ရွာစံလေသည်။
ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၁၁ ခု သီတင်းကျွတ်လတွင် သူရိယစန္ဒာမင်းအုပ်စိုးသည့်သု၀ဏ္ဏဘုမ္မိသထုံပြည်သို့ ပထမအကြိမ် ကြွရောက်လာခဲ့သည်။ ထိုနှစ်အတွင်းသူရိယစန္ဒာမင်း၏မွေးနေ့ဖြစ်သော တပေါင်းလပြည့် ၌ ရွှေဆံရီစေတီတော်ကို စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ထိုနှစ်မှစ၍ ပအို၀်းလူမျိုးတို့သည် ဗုဒ္ဓဓမ္မ တရားရေစက်ကို စတင်ကြားနာရရှိပြီး ဗုဒ္စဘာသာကို စတင်ကြည်ညိုကြသည်။ သူရိယစန္ဒာမင်း လက်ထက်တွင် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၀ တွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း၊ မဟာသက္ကရာဇ် ၁၂၈ တွင် တတိယအကြိမ်အဖြစ်လည်းကောင်း သထုံပြည်သို့ ကြွလာခဲ့သည်။

သူရိယစန္ဒာမင်းလက်ထက်မှစ၍ပအို၀်းလူမျိုးတို့သည်နှစ်စဉ်တပေါင်းလပြည့်နေ့တွင်ရွှေဆံရံစေတီရှိရာသို့သွားရောက်ပြီးကောက်သစ်ပူဇော်ခြင်းဆွမ်းကပ်ခြင်းငါးပါးသီလခံယူခြင်းစသည့်ပွဲတော်များကို နှစ်စဉ်ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာမှ ၁၉၄၇ ခုမတ်လတွင်ဖဆပလ၏မြေယာခွဲေ၀ရေး ပေါ်လာစီကိုစမ်းသပ်သည့်အနေဖြင့်သထုံဒေသရှိလယ်ယာမြေအမြောက်အများကိုသိမ်းယူခဲ့သည်။ ထိုကြောင့် သထုံဒေသရှိပအို၀်းလယ်သမား ၁၀၀၀၀(တစ်သောင်း)ကျော်က သထုံမြို့ရှိ ဖဆပလ ကော်မရှာနာရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲသည် အောက်ပါ အဆို (၃)ရပ်ကို တောင်းဆိုခဲ့သည်။
ပအို၀်းလူမျိုးကို တောင်သူဟုခေါ်ဆိုရေးသားခြင်း မပြုဘဲ ပအို၀်းဟုသာ ခေါ်ဆိုရေးသားရန်။
မြေယာခွဲေ၀ရေးပေါ်လာစီကိုပြန်လည်ရုပ်သိမ်းပေးရန်။ ဗမာ့တပ်မတော်တွင် ပအို၀်းတပ်ရင်း (၂)ရင်း ထူထောင်ပေးရန် စသည်တို့ဖြစ်သည်။

ထိုအဆို(၃)ရပ်ကို ပအို၀်းလူမျိုးကို နောက်နောင်တွင် တောင်သူဟု ရေးသားခေါ်ဆိုမှု မပြုရန် စသည့် ပထမအချက်ကိုသာ ဖဆပလ က လိုက်လျော်ပေးခဲ့သည်။ ထိုအချိန်မှ စ၍ သူရိယစန္ဒာမင်း၏ ဂုဏ်ကျေးဇူးကို အောင့်မေ့သည့်အနေဖြင့် ၎င်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ တွင် မြန်မာပြည်အောက်ပိုင်းရှိ ပအို၀်းလူမျိုးများက ရွှေဆံရံစေတီရှိရာသို့ ချီတက်ပြီး ကောက်သစ်ပူဇော်ပွဲမှ ပအို၀်းအမျိုးသားနေ့အဖြစ်သို့ ပြောင်းလဲဆင်နွဲခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်ရှိ ပအို၀်းလူမျိုးများက ပဒေသရာဇ်စနစ်၏ အုပ်ချုပ်မှုအောက် ၀ပ်၀ပ်ပြားခံနေရကြောင့် ပအို၀်းအမျိုးသားနေ့ကို ကျင်းပမှု မပြုလုပ်ဝံကြပေ။

၁၉၅၉ တွင် ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စနစ် ကျင့်သုံးသည့်စော်ဘွားများကမိမိတို့အုပ်ချုပ်ရေးအာဏာကိုရှမ်းပြည်နယ်အစိုးရသို့အပ်နှင်းခဲ့သည်သို့သော်လည်း၁၉၆၀တွင်ရှမ်းပြည်နယ်အတွင်းရှိလူမျိုးစုအသီးသီးကလက်နက်စွဲကိုင်သည့်လမ်းစဉ်ကို ကျင့်သုံးပြီးတော်လှန်ရေးဆင်နွဲခဲ့သည်။ ထိုနောက် ပအို၀်းအမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်ဇုံ၊ ဦးကျော်စိန်တို့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်၁၉၆၆တွင်ဗိုလ်ချုပ်စံသိန်းဦးဆောင်သော ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကိုဒုတိယအကြိမ်ပြန်လည်ဖွဲ့စည်းပြီး တစ်နှစ်အကြာတွင်ပအလဖအမည်ကိုရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အမည်သို့ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ရလလဖသည် လူတန်းစားကို အခြေခံသည့် အဖွဲ့ဖြစ်၍ ၎င်းတို့အုပ်ချုပ်မှုအောက်တွင် ပအို၀်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော်ရန် အခွင့်မသာခဲ့ပေ။

ပအို၀်းအမျိုးသားစိတ်ဓါတ်ပြင်းထန်သည့် ရလလဖ ခေါင်းဆောင်တချို့က ရလလဖမှ ခွဲထွက်ပြီး ပအို၀်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၆ တွင် ပီအဲန်အို၏ ပြုလုပ်သော ပထမအကြိမ်ညီလာခံတွင် တပေါင်းလပြည့်နေ့ကိုပအို၀်းအမျိုးသားနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာပြည်အနှံအပြားရှိ ပအို၀်းဒေသများတွင် နှစ်စဉ်တပေါင်းလပြည့်နေ့ကိုပအို၀်းအမျိုးသားနေ့အဖြစ်ကျင်းပလာကြသည်ထိုအပြင်တက္ကသိုလ်လ်များရန်ကုန်နယ်မြေနှင့်မန္တလေးတက္ကသိုလ်နယ်မြေများပေါ်တွင်ပအို၀်းကျောင်းသားများကပအို၀်းအမျိုးသားနေ့အခမ်းအနားကိုကျင်းပလာကြသည်။
ယခုဆိုလျင်နိုင်ငံခြားရောက်ပအိုဝ်းလူငယ်များတွေလည်းမိမိတို့ပအိုဝ်းအမျိုးသားနေ့ကိုနှစ်စဉ်နှစ်တိုင်းကျင်းပလာကြသည်ကိုတွေ့မြင်ရတော့ ကြည်နူး မိပါသည်။

#ကျမ်းကိုး
•ပြည်ထောင်စုထဲကပအို၀်း
•သထုံရွှေဆံရံဘုရားကြီးသမိုင်း ပထမတွဲ
•သု၀ဏ္ဏပကာသနီကျမ်း (ပအို၀်းဘာသာ)
•၂၀၀၅တွင်အသက်(၈၀)ကျော်ရှိကော့ကျိုက်ဇာတိ မွိုးဖြားဗွာ (ခ)ဒေါ်ဖြူ၏ ၎င်း၏အပျိုပေါက်စဘ၀တွင်သထုံ၌ပအို၀်းအမျိုးသားနေ့သွားအားပေးသည့်ပုံပြန်ပြောပြချက်များ။  •PA-OH PEOPLE by Mika Rolly

"ဒဲဉ်သီလာဗွေ မဉ်႞ဖျော်တွို႞ မတ်သွော့မွူးနီ႟ခွို႟ပအိုဝ်႞"
"ပအိုဝ်႞သွီ႞ စွုမ်႞ဖြာ႟ယံကအဝ်႞
မတ်မတ်သေ႟ခါ႟ နီနာ႟ပအိုဝ်႞ခွို႟"