........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 3, 2012

‘အနုတ္တရိယသုတ်’ အမြတ်ဆုံးတရား(၆)ပါး

(၁) မတုန်မလှုပ်ယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်နဲ့၊ အင်မတန်ကြည်ညိုတဲ့စိတ်နဲ့ မြတ်စွာဘုရားကိုပဲဖြစ်စေ၊ မြတ်စွာဘုရားရဲ့ တပည့်သာဝကကိုပဲဖြစ်စေ သွားရောက်ဖူးမြော်ရင် ဒီလိုဖူးမြော်တာကို အမြတ်ဆုံးအမြင် လို့ခေါ်ပါတယ်။
(၂) မတုန်မလှုပ်ယုံကြည်တဲ့စိတ်နဲ့၊ ချစ်တဲ့စိတ်နဲ့၊ အင်မတန်ကြည်ညိုတဲ့စိတ်နဲ့ မြတ်စွာဘုရားဟောတော်မူထားတဲ့ တရားတော်ကိုပဲဖြစ်စေ၊ တပည့်သားသာဝကဟောတဲ့ တရားတော်ကိုပဲဖြစ်စေ သွားရောက်နာကြားရင်  အမြတ်ဆုံးအကြား လို့ခေါ်ပါတယ်။
(၃) မြတ်စွာဘုရားမှာဖြစ်စေ၊ တရားတော်မှာဖြစ်စေ၊ သံဃာတော်မှာဖြစ်စေ သဒ္ဓါလို့ခေါ်တဲ့ မတုန်လှုပ်တဲ့ သက်ဝင်ယုံကြည်မှုကိုရရင် ဒီသဒ္ဓါတရားရတာကို အမြတ်ဆုံးလာဘ် လို့ခေါ်ပါတယ်။
(၄) မတုန်မလှုပ်ယုံကြည်တဲ့စိတ်နဲ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ သီလနဲ့ဆိုင်တဲ့တရားတော်၊
သမာဓိ၊ ပညာနဲ့ဆိုင်တဲ့တရားတော်တွေကို သင်ယူရင် ဒီလိုသင်ယူတာကို အမြတ်ဆုံးသိက္ခာ လို့ခေါ်ပါတယ်။
(၅) မတုန်မလှုပ်ယုံကြည်တဲ့စိတ်နဲ့ မြတ်စွာဘုရားကိုဖြစ်စေ၊ မြတ်စွာဘုရားရဲ့တပည့်သာဝကကိုဖြစ်စေ လုပ်ကျွေးရင် ဒီလိုလုပ်ကျွေးတာကို အမြတ်ဆုံးလုပ်ကျွေးမှု လို့ခေါ်ပါတယ်။
(၆) မတုန်မလှုပ်ယုံကြည်တဲ့စိတ်နဲ့ မြတ်စွာဘုရားကိုဖြစ်စေ၊ တရားတော်ကိုဖြစ်စေ၊ သံဃာတော်ကိုဖြစ်စေ အဖန်တလဲလဲအောက်မေ့ရင် ဒီလိုအောက်မေ့မှုကို အမြတ်ဆုံးအောက်မေ့မှု လို့ခေါ်ပါတယ်။
 အားလုံးသောဓမ္မမိတ်ဆွေများ ဒီအမြတ်ဆုံးတရားခြောက်ပါးကို လိုက်နာကျင့်သုံးနိုင်ကြပါစေ။

No comments:

Post a Comment