........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 28, 2018

ပအို၀္းအမ်ိဳးသား ဓေလ့ ႏွင့္ ေမာ္(စာေဟာဆရာ)ရိုးရာ

ပအို၀္းတိုင္းရင္းသားတို႔သည္ ပင္ရင္းမူလေထရဝါဒဗုဒၶဘာသာကို ယုံၾကည္ကိုးကြယ္သည့္ လူမ်ိဳးျဖစ္သည္။ ပအို၀္းအမ်ိဳးသားသမိုင္းတြင္ ထင္ရွားသည့္ သု၀ဏၰဘုမိသထုံျပည့္ရွင္ သူရိယ စႏၵာမင္း၏ သက္ရွိထင္ရွားစဥ္က ေဂါတမျမတ္စြာ ဘုရားကို ဖူးျမင္ရသည္မွစ၍ မင္းႏွင့္တကြ သု၀ဏၰဘုမိျပည္သူတို႔သည္ ဗုဒၶဘာသာ၀င္ျဖစ္ခဲ့ၾကသည္။ သု၀ဏၰဘုမိ မင္းဆက္မ်ားအနက္ ဓမၼပါလမင္း၏ သားေတာ္ရဟန္းတစ္ပါးျဖစ္ေသာ ရွင္စမၼေဃာသသည္ တတိယသဂၤါယနာ တင္ခ်ိန္တြင္ အိႏၵိယျပည္ မစၨ်ိမေဒသသို႔ႂကြေရာက္၍ ပိဋကတ္စာေပမ်ားကို သင္ၾကားတတ္ ေျမာက္ကြၽမ္းက်င္ခဲ့သည္။

ထိုေနာက္ ျမတ္စြာဘုရား ပရိနိဗၺာန္စံလြန္ေတာ္ မူၿပီးေနာက္ အရွင္ ဗုဒၶေဃာသသည္ သီဟိုဠ္ကြၽန္းသို႔ ႂကြေရာက္ၿပီး သီဟိုဠ္ကြၽန္းမွ စတုတၳ သဂၤါယနာတင္ထား ၿပီးျဖစ္ေသာ ပိဋကတ္စာေပမ်ားကို သု၀ဏၰဘုမိသထုံျပည္သို႔ ပင့္ေဆာင္ နိုင္ခဲ့သည္။ ထို႔ေၾကာင့္ ပအို၀္းယဥ္ေက်းမႈသည္ ေထရဝါဒဗုဒၶတရားေတာ္မ်ားကို အေျခခံထားသလို ပအို၀္း စာေပ၌လည္း ဗုဒၶဘာသာစာေပက ေနရာအမ်ားဆုံးယူထားကို ေတြ႕ရသည္။ ဗုဒၶသာသနာ ေတာ္ တည္တံ့ျပန႔္ပြားေစရန္အတြက္ သံဃာေတာ္မ်ားက ပရိယတၱိစာေပမ်ားကို သင္ၾကားပို႔ခ် ေပးခဲ့သည္။ သံဃာေတာ္မ်ားေနာက္တြင္ ဗုဒၶသာသနာေတာ္ကို ျပန႔္ပြားေအာင္ ေဆာင္႐ြက္ သည့္ ပုဂၢိုလ္တို႔မွာ ပအို၀္းတိုင္းရင္းသား၏ `ေမာ္´ (ဓမၼကထိကတရားေဟာ လူပုဂၢိုလ္ သို႔မဟုတ္ စာေဟာပုဂၢိုလ္)ျဖစ္သည္။

ဗုဒၶျမတ္စြာဘုရားသက္ေတာ္ထင္ရွားစဥ္အခါကပင္ တရားေဟာကြၽမ္းက်င္ေသာ လူပုဂၢိုလ္ ဓမၼကထိကမ်ား ရွိခဲ့ပါသည္။ အမ်ိဳးသားမ်ားထဲတြင္ စိတၱသူႂကြယ္သည္ ထင္ရွား၏။ တရား ေဟာ ကြၽမ္းက်င္သျဖင့္ စိတၱသူႂကြယ္အား ထူးခြၽန္မႈ `ဧတဒဂ္´ဘြဲ႕ကို ဗုဒၶျမတ္စြာဘုရား ကိုယ္တိုင္ခ်ီးျမႇင့္ေပးအပ္ခဲ့ပါသည္။

ခရစ္သကၠရာဇ္ ၁၀၅၇ ခုတြင္ ပုဂံျပည့္ရွင္ အေနာ္ရထာမင္းေစာသည္ သု၀ဏၰဘုမိသထုံ ျပည့္ရွင္ မႏုဟာမင္းကို ဓမၼအေရး စစ္ေအာင္နိုင္ခဲ့၍ ပိဋကတ္သုံးပုံ အစုံသုံးဆယ္ကို ဆင္ျဖဴ ေတာ္ သုံးဆယ့္ႏွစ္စီးထက္တြင္ တင္ေဆာင္ၿပီး ဘုရင္၊ မိဖုရားႏွင့္တကြ ရဟန္းသံဃာ ေတာ္မ်ား၊ တတ္သိပညာရွင္မ်ားကို ပုဂံျပည္သို႔ေဆာင္ႏွင္းခဲ့သည္မွာ ျမန္မာရာဇာ၀င္သမိုင္း တြင္ ထင္ရွားပါရွိ ေလသည္။

သု၀ဏၰဘုမိသထုံျပည္ အုပ္ခ်ဳပ္သူဘုရင္မင္း၊ ကိုးကြယ္ရာရဟန္းေတာ္မ်ားႏွင့္ တတ္သိပညာ ရွင္မ်ား မရွိေတာ့သည့္ေနာက္ပိုင္းကာလတြင္ ပအို၀္းျပည္သူတို႔သည္ သထုံျပည္မွ ကိုးအုပ္စု ခြဲ၍ ထြက္ခြာသြားၾကသည္။ ဤပအို၀္းကိုးအုပ္စုမ်ားအနက္ ေမာ္ေထာ္ဖာသည္ တတ္သိပညာ ျပည့္စုံသူတဦးျဖစ္သျဖင့္ ပခုကၠဴအုပ္စုကို ဦးေဆာင္ေသာ ေခါင္းေဆာင္ေကာင္းတစ္ဦးလည္း ျဖစ္သည္။ ထိုစဥ္အခါကပင္လွ်င္ ဗုဒၶသာသနာေတာ္ ထြန္းလင္းျပန႔္ပြားရန္ သာသနာျပဳၾက ေသာ ဓမၼကထိကလူပုဂၢိုလ္ စာေဟာဆရာ `ေမာ္´ ရွိခဲ့သည္ဟု သမိုင္းေျခရာခံ၍ သိရွိနိုင္ သည္။ ၎ပခုကၠဴအုပ္စု ေခါင္းေဆာင္ေမာ္ေထာ္ဖာကို ေထာက္၍ ထင္ျမင္ယူဆမည္ဆိုပါက ပအို၀္းေမာ္သည္ ေရွးေခတ္ႏွစ္ေပါင္းမ်ားစြာ ရွည္လ်ားခဲ့ၿပီးျဖစ္သည္။

ပအို၀္းေမာ္(စာေဟာဆရာ)တို႔သည္ လူပုဂၢိုလ္မ်ားသာျဖစ္ေသာ္လည္း ဗုဒၶသာသနာျပဳလုပ္ငန္း မ်ားကို ေဆာင္႐ြက္ရာမွာ ပါ၀င္သက္ေရာက္မူရွိသည့္အတြက္ ဘုန္းေတာ္ႀကီးတို႔၏ လက္သုံး ေတာ္အျဖစ္ အသိအမွတ္ျပဳၾကပါသည္။ ပအို၀္းေမာ္(စာေဟာဆရာ)သည္ သာေရးနာေရး လူမႈေရးမ်ား၌ အေရးပါေသာ အခန္းက႑မ်ားတြင္ ပါ၀င္လ်က္ရွိၾကပါသည္။ လူမႈေရးတြင္ ပါ၀င္၍ ဗုဒၶသာသနာျပဳသူမ်ားျဖစ္သည္။ ပအို၀္းတို႔ဘာသာေရး လူမႈေရးတြင္ လိမၼာေရးျခား ရွိေအာင္ တမလြန္ေလာကအက်ိဳးရွိေအာင္ ေက်းဇူးျပဳသူမ်ားမွာ ပအို၀္းေမာ္(စာေဟာဆရာ) မ်ားျဖစ္သည္။ `ေမာ္´ဆိုသည့္ ကြပ္စိပ္တရားေဟာပုဂၢိုလ္တို႔သည္ ကာယဓမၼ၊ ၀စီဓမၼ၊ မေနာဓမၼတို႔လည္း ယဥ္ေက်းသိမ့္ေမြ႕သလို စကားအရာမွာ ႂကြယ္၀သူလည္းျဖစ္၍ ရိုးရာ ဘာသာ၊ သာသနာယဥ္ေက်းမူထိန္းသိမ္းသည့္ အရာမွာလည္း အေရးပါအရာေရာက္ေသာ ပုဂၢိုလ္ျဖစ္ပါသည္။

၁၈ ရာစုအေစာပိုင္းတြင္ ျပန္လည္ေပၚလြင္လာသည့္ ပအို၀္းစာေပဒုတိယေခတ္တြင္ ပအို၀္း ေမာ္မ်ားသည္ ေတာင္ႀကီးၿမိဳ႕နယ္ မိုင္းပ်ိဳးေဒသတြင္ ျပန္လည္ထင္ရွားေပၚလြင္လာၿပီး ထို႔မွ တဆင့္ ေနာင္ဟုဲင္း၊ ဆီဆိုင္၊ စခြီ စေသာေဒသမ်ားမွ တစ္ဆင့္ၿပီးတစ္ဆင့္ ပအို၀္း တိုင္းရင္းသား ေနထိုင္သည့္ အရပ္ေဒသအႏွံ႕အျပားမ်ားသို႔ ျပန႔္ပြားလာခဲ့သည္။ ယခုခ်ိန္ထိ ပအို၀္းေမာ္ဓမၼကထိကပုဂၢိုလ္ ႏွစ္ရာေက်ာ္ရွိသည္္။

ေမာ္တစ္ေယာက္ျဖစ္ရန္အတြက္ ပါဋိဘာသာ၊ ပအို၀္းဘာသာကို ကြၽမ္းက်င္စြာ ဖတ္တတ္ရၿပီး ဗုဒၶဘာသာစာေပမ်ားျဖစ္ေသာ ဘုရားေဟာေဒသနာ၊ ငါးရာငါးဆယ္ဓမၼပါဒ၀တၳုေတာ္မ်ား၊ ပရိတ္ႀကီး၊ ရွင္က်င့္၀တ္၊ သဂၤါေလာဝါဒ၊ ေလာကနီတိ၊ သဒၵါ၊ သၿဂိဳလ္ စသည့္ ေလာကုတၱရာစာေပရပ္မ်ားကို ေရွးဦးစြာဖတ္ရႈေလ့လာ တတ္ထားရန္ လိုအပ္သည္။ ထို႔အျပင္ ေရွးကာလမွ မ်က္ေမွာက္ေခတ္အေျခအေနထိ ဘာသာေဒသႏၱာရႏွံ႕စပ္ကြၽမ္းက်င္စြာ ေဟာ ေျပာနိုင္သည့္ အရည္အခ်င္းမ်ားႏွင့္ ေဟာေျပာတတ္မႈဟန္ပန္၊ ေတးလကၤာတို႔ကို ႐ုတ္တရက္ စပ္ဆိုတတ္သည့္ အရည္အခ်င္းမ်ားလည္း ရွိရမည္။ ဒီဃသံတို႔၊ ရသသံတို႔၊ ဂ႐ုသံ၊ လဟုသံ စသည္အသံအေနအထားမ်ားလည္း အသံမ်ားပီသေအာင္ေလ့က်င့္ရပါသည္။ ဒီေလာက္တက္ ေျမာက္႐ုံျဖင့္ `ေမာ္´မျဖစ္နိုင္ေသးပါ။ `ေမာ္´ဟူေသာ ပုဂၢိုလ္သည္ ရဟန္းသံဃာမ်ားလို ငါးပါးသီလကိုလည္း အၿမဲခိုင္လုံေအာင္ က်င့္ႀကံေနထိုင္ထိန္းသိမ္းရသည္္။ ဘယ္ေလာက္ဘဲ ပညာတတ္တတ္ အရက္ေသစာမ်ားေသာက္သုံးျခင္း၊ ၾကက္ဌက္မ်ားကို သတ္ျဖတ္ျခင္း စသျဖင့္ သီလမခိုင္လုံပါက `ေမာ္´ဟု မည္သူမွ အသိအမွတ္မျပဳပါ။ ထိုေၾကာင့္ ပအို၀္းေမာ္ သည္ သီလခိုင္လုံရၿပီး မာန္မာနကိုလည္း ႏွိမ္ခ်၍ အိေျနၵသိကၡာရွိရွိႏွင့္ သြားလာေနထိုင္ ရပါသည္။

`ေမာ္´တစ္ေယာက္ျဖစ္လာၿပီဆိုသည္ႏွင့္ ဘုရားငါဆူ၊ သူရသတီ၊ ေမတၱာပြင့္သည့္ ေဆးမင္ ေၾကာင္ကို ရင္ဘတ္၊ လက္ေမာင္း စသည့္ေနရာမ်ားမွာ ကတိသစၥာခံယူၿပီး ထိုးထား ၾကသည္။ ဤသို႔ထိုးထားရျခင္းမွာ ကာေမသုမိစ္ဆာစာရ၊ သူရာေမရယ စသည့္အက်င့္သီလမ်ား မေဖာက္ ပ်က္ေအာင္ ထိုးထားျခင္းျဖစ္သည္။

`ေမာ္´တို႔၏ အသုံးအေဆာင္မွာ ပိုးေကာင္းေပါင္းတစ္ထည္၊ ပအို၀္းအမ်ိဳးသား၀တ္စုံတစ္စုံ၊ ေျခအိတ္တစ္စုံ၊ ေခြၽးသုတ္ရန္အတြက္ တဘက္တစ္ထည္၊ ႏွီးေပ်ာ့ေပ်ာ့ျဖင့္ ယွက္လုပ္ထား ေသာ “ကုံးေယာ္” ေခၚ `ေမာ္´ခေမာက္မ်ိဳးတစ္လုံး စသည္တို႔ျဖစ္သည္။

ေမာ္အေျခခံပညာႏွင့္ တရားစာအနည္းအက်ဥ္း တတ္ေျမာက္ၿပီးပါက မိမိ၏ ဆရာသမားေရွ႕ သို႔မဟုတ္ မိမိ၏ေနအိမ္တြင္ တရားေဟာအရင္ေလ့က်င့္ထားရသည္။ ၎ေနာက္ ဆရာႏွင့္ အတူ လိုက္၍ ပြဲႀကီးပြဲငယ္မ်ားသို႔ တရားစမ္းေဟာရပါသည္။ ဓမၼကထိကအရာမွာ ကြၽမ္းက်င္ လိမၼာရင့္က်က္လာသည့္အခါ လက္ဦးဆရာဆီကို ခြင့္ပန္ၿပီး ကိုယ့္ဘာသာ တရားက်မ္းစာ အက်ိဳးျပဳလုပ္ငန္းအတြက္ အားထားရသည့္ `ေမာ္´တဦးအျဖစ္ အသိအမွတ္ျပဳျခင္း ခံရပါ သည္္။ ထိုပုဂၢိုလ္မ်ားကို ပအို၀္းတိုင္းရင္းသားမ်ားက ၎တို႔၏မူလအမည္ထိပ္တြင္ `ေမာ္´ဟူ ေသာ ဘြဲ႕ကိုသတ္၍ ေခၚဆိုၾကသည္။

ဝါတြင္းကာလတြင္ လျပည့္လကြယ္ေန႕မ်ား၌ ပအို၀္းတိုင္းရင္းသားတို႔ ေနထိုင္ရာေက်းလက္ ဘုန္းေတာ္ႀကီးေက်ာင္းဇရပ္မ်ားတြင္ ဥပုသ္ေစာင့္ေနၾကသည့္ အဘိုးအဘြားတို႔ကို ေမာ္မ်ားက ဇာတ္ေတာ္မ်ား၊ ဗဟုတုတမ်ား၊ လႉဒါန္းရေသာအက်ိဳးတရားမ်ားကို ေဟာေျပာရွင္းျပေပး သည္။ အလႉဒါနပြဲမ်ားတြင္ အသံေကာင္းၿပီး စာေဟာေကာင္းေသာ ေမာ္မ်ားကို ဖိတ္ၾကား ေလ့ရွိသည္။ ဖိတ္ၾကားၿပီးေသာေမာ္မ်ားအား အလႉပြဲတစ္ပြဲကို ေဒါင္းလန္းျဖင့္ျပင္၍အပ္သည္။ ထိုေဒါင္းလန္တြင္ ငွက္ေျပာသီးတစ္ဖီ၊ အုန္းသီးတစ္လုံး၊ ဖေရာင္းတိုင္တစ္ထုပ္၊ ကြမ္းယာ တစ္ထုပ္၊ ေဆးလိပ္တစ္စည္းႏွင့္ ပန္းတစ္ခိုင္ပါ၀င္ေလသည္။ ေငြေၾကးတတ္နိုင္သူတို႔က ေငြပေဒသာပင္ တစ္ပင္ပါထည့္၍လႉဒါန္းသည္။

`ေမာ္´တို႔ စာေဟာခ်ိန္ကာလတြင္ အသံ၀င္ျခင္းကို ကာကြယ္နိုင္ရန္အတြက္ ခ်င္းတက္ႏွင့္ ေရဗူးေရခြက္ျဖင့္ ထည့္ထားသည့္ လင္ဗန္းကိုလည္းခ်ထားေပးသည္။ နားေထာင္သူမ်ားက ေမာ္ေဟာေသာ ဇာတ္ေတာ္ကို သေဘာက်ၿပီဆိုလွ်င္ တတ္နိုင္သေလာက္ဆရာဂုဏ္ကို ပူေဇာ္ၾကသည္။ အခ်ိဳ႕မွာ အလႈေငြလႉၾကသည္။ အခ်ိဳ႕ မွာေတာင္ယာထြက္သီးႏွံႏွင့္ စားစရာ မ်ားလာေရာက္လႉဒါန္းၾကသည္။

ဝါဆိုလတြင္းသို႔ေရာက္လွ်င္ ပအို၀္းတိုင္းရင္းသားေမာ္မ်ားသည္ ႏွီးေခ်ာခေမာက္ႏွင့္ ေခါင္း ေပါင္းေပၚ ထပ္ေဆာင္းၿပီး လြယ္အိတ္ႀကီးမ်ားထဲတြင္ စာအုပ္မ်ားကြမ္းအစ္မ်ားထည့္ကာ တစ္႐ြာ၀င္တစ္႐ြာထြက္ အသံႏွင့္စာေပဗဟုတုတ လွည့္လည္၍ ဒါနျပဳၾကသည္ကို ေတြ႕ရ ပါသည္။

ယခင္က ပအို၀္းလူ႕အဖြဲ႕အစည္းတြင္ `ေမာ္´အေရအတြက္အားျဖင့္ မ်ားပါေသာ္လည္း ၎ကို အသင္းအဖြဲ႕တစ္ခုအျဖစ္ စုစုစည္းစည္းမရွိခဲ့ေပ။ ထို႔ေၾကာင့္ ၁၉၇၃ ခုႏွစ္တြင္ ရန္ကုန္ တကၠသိုလ္ ပအို၀္းစာေပႏွင့္ယဥ္ေက်းမႈမဂၢဇင္းတြင္ ပအို၀္းေမာ္အသင္းဖြဲ႕သင့္ေၾကာင္း တိုက္ တြန္းနိုးေဆာ္ အသိေပးေရးသားေဖာ္ျပထားခဲ့သည္။ သို႔ျဖစ္၍ ပအို၀္းေမာ္အသင္းကို ဖြဲ႕စည္းရန္ စတင္အေျချပဳခဲ့သည့္ ၁၉၇၈ ခုႏွစ္ မတ္လ(၂၃)ရက္ေန႕မွ ပအို၀္းေမာ္အသင္းကို ေအာင္ျမင္စြာ ဖြဲ႕စည္းနိုင္ခဲ့သည့္ ၂၀၀၀ ခုႏွစ္ ဇႏၷဝါရီလ(၂၀)ရက္ေန႕အထိ အခ်ိန္ကာလ၏ ျပည့္စုံေလ်ာက္ပတ္မႈ ကာလသမၸတၱိကို ေစာင့္ဆိုင္းေမွ်ာ္လင့္ရင္း ႏွစ္ေပါင္း(၂၂)ႏွစ္မွ် ၾကာ ေညာင္းခဲ့ရသည္။ ပအို၀္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(ပီအဲန္အို)ထိန္းခ်ဳပ္ထားသည့္ ဧရိယာအတြင္း တြင္ ပအို၀္းေမာ္ဦးစည္းအဖြဲ႕ (၄၁)ဦးႏွင့္ ေမာ္အဖြဲ႕၀င္(၃၁၉)ဦး စုစည္းၿပီး ပအို၀္းေမာ္အသင္း ကို ေအာင္ျမင္စြာ ဖြဲ႕စည္းနိုင္ခဲ့သည္။ ဤအသင္းကို ပအို၀္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕(ဗဟို) ဥကၠ႒တစ္ဦးပါ၀င္ေသာ ပအို၀္းေမာ္နာယက (၃)ဦးႏွင့္ ပအို၀္းေမာ္အသင္းဥကၠ႒၊ အတြင္းေရး မႉးအဖြဲ႕၀င္မ်ားပါရွိေသာ အလုပ္အမႈေဆာင္ (၇)ဦးတို႔ကို ဖြဲ႕စည္းပုံႏွင့္အညီ အမ်ိဳး၊ ဘာသာ၊ သာသနာ ဆိုင္ရာလုပ္ငန္းမ်ားကို စည္းလုံးညီၫြတ္စြာ ေဆာင္႐ြက္လ်က္ ရွိၾကသည္။

က်မ္းကိုး
• ပအို၀္းလူငယ္စာေစာင္ အမွတ္(၁)
• ျပည္ေထာင္စုထဲ့ကပအို၀္း စာ ၁၃၇ - ၁၄၀

ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္အတြင္း မွီတင္းေနထိုင္ေနၾကသည့္ တိုင္းရင္းသားလူမ်ိဳးမ်ား အမ်ားစုမွာ ဗုဒၶဘာ သာ၀င္မ်ား ျဖစ္ၾကၿပီး၊ လူမ်ိဳးအလိုက္ မိမိတို႔၏စာေပ၊ စကား၊ ၀တ္စားဆင္ယင္ထုံးဖြဲ႕မႈစသည့္ မိရိုးဖလာရိုးရာ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ား ရွိၾကပါသည္။ စာေပ၊ စကား၊ ၀တ္စားဆင္ယင္ထုံးဖြဲ႕မႈစသည့္ ကိုယ္ပိုင္ယဥ္ေက်းမႈရွိၾကသည့္တိုင္းရင္းသားမ်ားအနက္ ပအို၀္းတိုင္းရင္းသားလည္းပါ၀င္ေပသည္။ ပအို၀္းတိုင္းရင္းသား လူဦး ေရ၏ ၉၅ ရာခိုင္ႏႈန္းခန႔္မွာ ဗုဒၶဘာသာ၀င္မ်ား ျဖစ္ၾကပါသည္။ မိဘဘိုးဘြားအစဥ္အဆက္ကပင္ ဗုဒၶဘာသာ ၀င္မ်ားျဖစ္ၾကေသာေၾကာင့္ ပအို၀္းတိုင္းရင္းသားတို႔သည္ ဗုဒၶဘာသာ သာသနာကို အေလးအျမတ္ထား၍ သက္၀င္ယုံၾကည္ ကိုးကြယ္ၾကသည္မက ဗုဒၶသာသနာထြန္းကားျပန႔္ပြားရန္အတြက္ သာသနာျပဳလုပ္ငန္းမ်ား တြင္လည္း အားႀကိဳးမာန္သက္ ေဆာင္႐ြက္ၾကသည္။

ပအို၀္းတိုင္းရင္းသားတို႔သည္ သာသနာျပဳလုပ္ငန္းေဆာင္႐ြက္ရာတြင္ "ပအို၀္းေမာ္ဟြိုး" ဟုေခၚသည့္ ကြက္စိပ္ ဓမၼကထိကပုဂၢိုလ္တို႔သည္လည္း အဓိကေနရာတြင္ ပါ၀င္ၾကပါသည္။ "ေမာ္" ဆိုသည္မွာ ျမန္မာေဝါဟာရ အားျဖင့္ "အတတ္ပညာ" ဟုေခၚၿပီး။ "ဟြိုး"ဆိုသည္မွာ "ေဟာေျပာျခင္း" ဟုအဓိပၸာယ္ရပါသည္။

ပအို၀္းတိုင္းရင္းသားတို႔၏ "ေမာ္" ဓေလ့၏ အတတ္ပညာမွာလည္း အမ်ိဳးမ်ိဳးရွိသည္။ ယင္းတို႔မွာ
၁) ေမာ္ဟြိုး .... ကြက္စိပ္ဓမၼကထိက ဗုဒၶတရားေဟာေသာပုဂၢိုလ္
၂)ေမာ္ေဟာ္လိတ္... ပအို၀္းဘာသာျဖင့္ျပန္ဆိုထားေသာ ဇာတ္နိပါတ္ေတာ္မ်ားႏွင့္ တရားစာမ်ားကို ေဟာတတ္ ေျပာတတ္သူ၊ စာေဟာဆရာ
၃) ေမာ္လူ ... နတ္ကိုးကြယ္၍ ေဗဒင္ကဲ့သို႔ေသာ အတတ္ပညာကို ေဟာေျပာတတ္သူ
၄) ေမာ္တရ်ား ... ပေယာဂ ကုဆရာ
၅) ေမာ္မူး... လက္သည္မ စသည္တို႔ျဖစ္ပါသည္။

ယခုေဖၚျပလိုသည္မွာ သာသနာျပဳလုပ္ငန္းတြင္ အကြၽမ္း၀င္ေသာ "ေမာ္ဟြိုး" ၏ အေၾကာင္းအရာျပင္ျဖစ္သည္။ "ေမာ္ဟြိုး" ဆိုသည့္ ကြက္စိပ္ဓမၼကထိကတရားေဟာ ပုဂၢိုလ္တို႔သည္ လူပုဂၢိုလ္မ်ားသာ ျဖစ္ေသာ္လည္း ဗုဒၶဘာ သာ သာသနာျပဳလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ပါ၀င္ေဆာက္႐ြက္မႈရွိသျဖင့္ ဘုန္းေတာ္ႀကီး ရဟန္း တို႔၏ လက္သုံးေတာ္အျဖစ္ အသိအမွတ္ျပဳၾကသည္။

"ေမာ္" ဆရာတို႔သည္ ကာယကမၼ၊ ၀စီကမၼ၊ မေနာကမၼစသည့္အမႈတို႔၌ ယဥ္ေက်းသိမ္ေမြ႕ၾကသည္။ စကား အရာ၌လည္း ႂကြယ္၀သူမ်ားျဖစ္ၾကသည္။ ရိုးရာ ဘာသာ သာသနာ ယဥ္ေက်းမႈ ထိန္းသိမ္းရာ၌ အေရးပါအရာ ေရာက္ေသာသူမ်ားလည္း ျဖစ္ၾကပါသည္။

အဆိုပါ ပအို၀္းေမာ္ဟြိုး တို႔သည္ လြန္ခဲ့ေသာႏွစ္ေပါင္းတရာေက်ာ္ခန႔္ ခရာဇ္ႏွစ္ ၁၈၃၀ မတိုင္မီကပင္ေပၚ ေပါက္ခဲ့ဟု ပညာႂကြယ္၀ေသာေမာ္ဟြိုးႏွင့္ လူႀကီးမ်ားမွ ဆိုၾကသည္။

ေမာ္ဟြိုး ပုဂၢိုလ္တို႔သည္ ေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ မိုင္းပ်ိဳးေဒသမွ စတင္ေပၚေပါက္ခဲ့ၿပီးေနာက္ပိုင္းတြင္၊ ေနာင္ဟိုင္း၊ ဆီဆိုင္ (သထြုံေလး) ခြီေဒသမ်ားသို႔ တဆင့္ၿပီးတဆင့္ျပန္ပြားလာခဲ့သည္။ ထို႔ေနာက္တြင္တေဒသမွ တေဒသသို႔ျပန႔္ပြားလာခဲ့ရာ ေနာက္ဆုံးတြင္ ပအို၀္းတိုင္းရင္းသားမ်ားေနထိုင္ရာေဒသ အႏွံ႕အျပားတြင္ ေမာ္ဟြိုး မ်ား ျပန႔္ႏွံ႕သြားေတာ့သည္။ ယခုထက္တိုင္ ပအို၀္းေမာ္ဟြိုး ဓမၼကထိကပုဂၢိုလ္ ႏွစ္ရာေက်ာ္ခန႔္ရွိၿပီး သူတို႔ ၏ဓမၼေတးသံမ်ားလည္း ဆြတ္ပ်ံ့ေဝဆာလ်က္ရွိေနပါသည္။

ေမာ္ဟြိုးတို႔သည္ ေလာကုတၱရာ စာေပမ်ားကို ေလ့လာဖတ္မွတ္၍ သူ႕ဘာသာအလိုအေလ်ာက္ ေမာ္တစ္ဦး ျဖစ္လာနိုင္ဖြယ္မရွိပါ။ ဝါရင့္ေမာ္ဆရာႀကီးတစ္ဦးဦးထံသို႔ တပည့္အျဖစ္ခ်ဥ္းကပ္၍ ေမာ္ပညာမ်ားကို အပင္ပန္း ခံကာ အားသြန္ခြန္စိုက္ ႀကိဳးစားသင္ယူမွသာလ်င္ ေမာ္တစ္ဦးျဖစ္နိုင္ပါသည္။ ေမာ္ပညာကို သင္ယူေသာ ပုဂၢိုလ္ မ်ားသည္ ဝါသနာအထုံနည္းပါးေသာပုဂၢိုလ္မ်ားအတြက္ ေအာင္ျမင္မႈလမ္းမရွိနိုင္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ေမာ္ပညာသင္ယူစဥ္ မိမိဆရာထံ၌ ၀တ္ႀကီး၀တ္ငယ္ ေဆာင္႐ြက္ဘြယ္ကိစၥတို႔ကို ပင္ပန္းစြာေဆာင္ ႐ြက္ေပးရ ပါသည္။ ဆရာေျခရင္းတြင္ အနီးကပ္လုပ္ေကြၽးရပါသည္။ မာန္မာနတရားကို အၿမဲႏွိမ့္ခ်ရပါသည္။ ေမာ္ပညာသင္ ယူရာ၌ သင္ယူခမ်ားမေပးရေသာ္လည္း လူတိုင္းမသင္ယူနိုင္ေပ။ ေငြေၾကးဓနျပည့္စုံသူတို႔မွာ ဥစၥာမာနေၾကာင့္ ဆရာ့ထံတြင္ အလုပ္အေကြၽးမျပဳလိုသျဖင့္ ဝါသနာအလြန႔္အလြန္ရွိေသာသူတို႔သည္သာလ်င္ ေမာ္ပညာကို တတ္ေျမာက္နိုင္ရန္ အလားအလာရွိပါသည္။

ေမာ္ ပညာကို မသင္ယူခင္ ပရိတ္ႀကီး၊ ရွင္က်င့္၀တ္၊ သိဂၤါေလာဝါဒ၊ ေလာကနီတိ၊ သဒၵါ၊ သၤၿဂိဳလ္စသည့္ အေျခခံ ပညာရပ္မ်ားကို ေရွးဦးစြာတတ္ထားဖို႔လိုေပသည္။ ထို႔ေနာက္မွ ဝါရင့္ေမာ္ပညာရွိသူထံသို႔ ခ်ဥ္းကပ္၍ တပည့္ခံ ယူကာ မိမိဆရာအား ၀တ္ႀကီး၀တ္ငယ္ေဆာင္႐ြက္ဘြယ္ကိစၥအ၀၀တို႔ကို အနီးကပ္လုပ္ေကြၽးရင္း ေမာ္ပညာကို ဆက္လက္သင္ယူရပါသည္။

ေမာ္ပညာဆိုသည္မွာ အနေနၱာ အနႏၱငါးပါးတို႔ကို ရွိခိုးတိုင္တည္ရန္ ဓမၼလကၤာ၊ သူရႆတီကို တိုင္တည္ရန္ အလကၤာစာေပမ်ားႏွင့္ ဓမၼပဒ၊ ငါးရာငါးဆယ္နိပါတ္ေတာ္၊ ဇိနတၳပကာသနီက်မ္း၊ သံေ၀ကဒီပနီ၊ မဟာဗုဒၶ၀င္ စသည့္ ပိဋၬကတ္က်မ္းစာအမ်ိဳးမ်ိဳးတို႔ကိုအတြင္းက်က်ေလ့လာသင္ယူရပါသည္။ ကိုယ္အမူအရာႏွင့္ အႏွိမ့္အျမင့္ အတိုအရွည္ ဒီဃ၊ ရႆ၊ ဂ႐ုသံ၊ လဟုသံစသည္တို႔ကို ပီသေအာင္ေလ့က်င့္ယူရပါသည္။ ဤမွ်တတ္ ေျမာက္႐ုံျဖင့္ ေမာ္ဆရာ မျဖစ္နိုင္ေသးေပ။ ငါးပါးသီလ ခိုင္လုံေအာင္ေစာင့္ထိန္းရေသးသည္။ မူးယာဇ္ေသစာ ေသာက္စားျခင္း သူမ်ားအသက္သတ္ျခင္းစသည့္ ငါးပါးသီလမလုံၿခဳံပါက မည္မ်ျပင္ပညာတတ္ေစကာမူ ေမာ္ဆ ရာဟု မည္သူမ်အသိအမွတ္ျပဳေတာ္မည္မဟုတ္ေတာ့ေပ။ ထို႔ေၾကာင့္ ေမာ္ပုဂၢိုလ္တို႔သည္ ငါးပါးသီလကို ခါး၀တ္ ပုဆိုးကဲ့သို႔အၿမဲေစာင့္ထိန္းၾကၿပီး ျဗဟၼာစိုရ္တရားေလးပါးကို လိုက္နာေလးစား၍ မာန္မာနႏွိမ့္ခ်ျခင္း၊ ဣႏၵျေ သိကၡာရွိရွိျဖင့္ သြားလာျခင္း၊ လူတကာကိုယဥ္ေက်းသိမ္ေမြ႕စြာ ေျပာဆိုဆက္ဆံျခင္း စသည့္ေမာ္ဥပေဒတို႔ကို အၿမဲလိုက္နာရပါသည္။

ဓမၼကထိကေမာ္တစ္ဦးျဖစ္လာသည့္အခါ ေဆးမင္ေၾကာင္မ်ားကိုလည္း ထိုးရေသးသည္။ ဘုရားငါးဆူ၊ သူရ ႆတီ၊ ေမတၱာဓာတ္ပြင့္စသည့္ေဆးမင္ေၾကာင္မ်ားကို ရင္ဘတ္၊ လက္ေမာင္းစသည့္ေနရာမ်ားတြင္ ကတိသစၥာ ခံယူ၍ ထိုးထားၾကသည္။ ဤသို႔ေဆးျမင္ေၾကာင္မ်ားထိုးထားရျခင္းသည္ ကာေမသုမိစၧာစာရ၊ သုရာေမရယ စ သည့္အက်င့္သီလမ်ား မေဖါက္ျပားနိုင္ေစရန္ အတြက္ျဖစ္ပါသည္။

ဓမၼကထိကေမာ္တစ္ဦးျဖစ္ၿပီးသည့္အခါ လိုအပ္ေသာေမာ္တို႔၏အသုံးကိရိယာမ်ားမွာ ပိုးေခါင္းေပါင္းတစ္ထည္၊ ေမာ္ခေမာက္ (ေမာ္ပုဂၢိုလ္မ်ား သုံးရန္အတြက္ ႏွီးစသည္ျဖင့္ေပ်ာ့ေျပာင္းစြာ ယက္လုပ္ထားေသာခေမာက္ ဦးထုပ္တစ္မ်ိဳး)၊ ပအို၀္းအ၀တ္အစားသန႔္သန႔္ျပန႔္ျပန႔္တစ္စုံ၊ ေျခအိပ္တစ္စုံ၊ ေခြၽးသုတ္ရန္ သဘက္တစ္ထည္ စသည္တို႔ျဖစ္ပါသည္။

ေမာ္တို႔၏အေျခခံပညာႏွင့္ တရားစာအနည္းအက်ဥ္းတတ္ေျမာက္လ်င္ ေရွးဦးစြာ ဆရာေရွ႕တြင္၎၊ မိမိေန အိမ္၌၎ တရားေဟာ ေလ့က်င့္ရပါသည္။ ထို႔ေနာက္ ဆရာႏွင့္လိုက္၍ ပြဲႀကီးပြဲငယ္မ်ားတြင္ တရားေဟာရ ပါသည္။ ဓမၼကထိကအရာ၌ကြၽမ္းက်င္လိမၼာရင့္က်က္လာေသာအခါ ဗုဒၶသာသနာျပဳလုပ္ငန္းအတြက္ အားထားရ ေသာ ေမာ္ဟြိုးတစ္ဦးျဖစ္လာပါေတာ့သည္။

ေမာ္ဟြိုးတို႔၏တရားေဟာပြဲမ်ားမွာ ရဟန္းခံရွင္ျပဳပြဲ၊ ေက်ာင္းကန္ဇရပ္ေရစက္ခ်ပြဲ၊ ဆြမ္းသြပ္ပြဲစသည့္ သာေရး၊ နာေရးပြဲမ်ားတြင္ ပြဲဒါယကာတို႔၏ ပင့္ဖိတ္ခ်က္အရ ယင္းပြဲမ်ားႏွင့္ ဆက္စပ္ေသာတရားမ်ားကို ခ်ီးျမင့္ေဟာ ၾကားၾကရသည္။ ရဟန္းခံ ရွင္ျပဳပြဲစသည့္ ပြဲႀကီးမ်ားမွာ ေမာ္ပုဂၢိုလ္သုံးဦး ေလးဦးပူးေပါင္း၍ အလွည့္က် တရား ေဟာရပါသည္။ ဆြမ္းသြပ္ပြဲ အိမ္တက္မဂၤလာပြဲ စသည့္ပြဲငယ္မ်ားမွာ ေမာ္တစ္ဦးႏွစ္ဦးမွ်သာ ေဟာရပါသည္။ ေမာ္ပုဂၢိုလ္တစ္ဦးတရားေဟာရာတြင္ သုံးနာရီ ေလးနာရီမ် ၾကာသည္။ သူတို႔၏တရားေဟာျခင္းသည္ သုံးေလး နာရီခန႔္အခ်ိန္ၾကာေသာ္လည္း တရားနာပရိတ္သတ္တို႔ ၿငီးေငြ႕ျခင္း၊ ပ်င္းရိအိပ္ငိုက္ျခင္းမရွိပဲ စိတ္၀င္စား လ်က္ရွိၾကသည္၊ ဤသို႔ျဖစ္ရျခင္းမွာ ပအို၀္းတိုင္းရင္းသားတို႔၏ ဒါနျပဳပြဲ၊ အလႉပြဲမ်ားတြင္ ဇာတ္သဘင္၊ အၿငိမ့္စ သည့္ေပ်ာ္ပြဲ႐ႊင္ပြဲပါ၀င္ေလ့မရွိသျဖင့္ တရားနာျခင္းအမႈကိုသာ ေပ်ာ္ပြဲ ႐ႊင္ပြဲအျဖစ္ ျဖစ္ေနေသာေၾကာင့္ မည္မွ် ပင္အခ်ိန္ကုန္ၾကန႔္ၾကာေသာ္လည္း ၿငီးေငြ႕ျခင္းမျဖစ္ၾကေပ။ အခ်ိဳ႕ပြဲမ်ားတြင္ တစ္ရက္ႏွင့္တည၊ ႏွစ္ရက္ဆက္ တိုက္ သုံးရက္ စသျဖင့္ ေန႕စဥ္ညဆက္ တရားပြဲမ်ား ရွိၾကသည္။
ေမာ္ပုဂၢိုလ္မ်ား တရားေဟာရာ၌ .....
၁) အနႏၱော အနႏၱငါးပါး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ) တို႔ကို ရွိခိုးျခင္း၊
၂)မတ္တတ္ရပ္ အနႏၱောအနႏၱဂုဏဆုပတၱနာကို အမြန္းတင္ဂုဏ္ေတာ္ဖြင့္လကၤာႏွင့္ သူရႆတီကို တိုင္တည္ျခင္း၊
၃)ျပဳလုပ္ဆဲအလႉပြဲႏွင့္ ဆက္စပ္ေသာအေၾကာင္းအရာမ်ားကို တရားေခါင္းစဥ္တပ္၍ အက်ိဳးအေၾကာင္း ရွင္းျပ ျခင္း၊
၄) တရားေဟာျခင္း၊
၅) ၀တၳဳသက္ေသသာဓကတို႔ကို ကြက္စိပ္ေအာင္ ထုတ္ေဖၚေဟာေျပာျခင္း၊
၆) တရားေဟာ အႏုေမာဒနာျပဳ၍ အဆုံးသတ္ျခင္းဟူ၍ အပိုင္း (၆) ပိုင္းပါ၀င္၏။ ေမာ္ဟြိုး တရားၿပီးဆုံး၍ အလႉပြဲ၏ေနာက္ဆုံး အစီအစဥ္အရ ဘုန္းေတာ္ႀကီးမ်ားက တရားခ်ီးျမင္ံေဟာၾကားေပးရသည္။
ပအို၀္းတိုင္းရင္းသားတို႔သည္ ေတာင္ယာအလုပ္ခြင္ထဲတြင္ ေန႕စဥ္အခ်ိန္ကုန္ေနရသျဖင့္ ဗဟုသုတစာ ေပမ်ား ႏွင့္ အၿမဲကင္းကြာေနရ၏။ ေလ့လာဖတ္မွတ္ရန္လည္း အခ်ိန္သိပ္မရွိၾကသျဖင့္ ဗဟုသုတနည္းပါး၍ ေနၾကရ သည္။ သို႔ေသာ္လည္းပဲ ေမာ္ပုဂၢိုလ္တို႔သည္ အလႉပြဲမ်ားတြင္ အလုပ္သမားမ်ား၏ဗဟုသုတစာအုပ္အျဖစ္ အၿမဲ တရားေဟာေပးေနသျဖင့္၊ ဗဟုသုတတိုးပြားျပည့္စုံၾက၏။ ပညာေရး၊ လူမႈေရးစသည္တို႔ကို သေဘာသက္ ၀င္လာၾက၏။
ပအို၀္းတိုင္းရင္းသားတို႔ က်င္းပေသာပြဲမ်ားသည္ ဗုဒၶဘာသာႏွင့္ မကင္းကြာသျဖင့္ ဗုဒၶတရားေတာ္မ်ားကို အၿမဲ ၾကားေနၾကရ၏။ ထို႔ေၾကာင့္ ပအို၀္းတိုင္းရင္းသားတို႔သည္ အနႏၱော အနႏၱေက်းဇူးဂုဏ္ကိုသိတတ္ျခင္း၊ ရတနာ သုံးပါးကိုၾကည္ညိုျခင္း၊ ျဖဴစင္ရိုးသားျခင္း၊ မွန္ကန္ေျဖာင့္မတ္ေသာစိတ္ထားရွိျခင္း၊ ျဗဟၼာစိုရ္တရားလက္ ကိုင္ ထားၾကျခင္း၊ ေစတနာ သဒၶါဗလျဖင့္ ျပည့္စုံျခင္းႏွင့္ ဒါနဘာ၀နာမ်ားက်င့္ႀကံ ျပဳလုပ္ျခင္း စသည့္ဗုဒၶသာသနာကို ခ်ီးေျမာက္ၾကေလသည္။ အေလးအျမတ္ျပဳကာ ၾကည္ညိုၾကသည္။

ပအို၀္းတိုင္းရင္းသားတို႔၏ ဤကဲ့သို႔ဗုဒၶသာသနာအတြက္အားတက္ဖြယ္ျဖစ္ရျခင္းမွာ ပအို၀္းရဟန္းသံဃာတို႔၏ လက္႐ုံးေတာ္ျဖစ္သည့္ နိဗၺၺာန္ေဆာ္ဓမၼကထိက "ေမာ္ဟြိုး" တို႔၏ ေက်းဇူးႏွင့္မကင္းနိုင္ေပ။ ထို႔ေၾကာင့္ ကြက္စိပ္ ဓမၼကထိက "ပအို၀္းေမာ္ဟြိုး" တို႔သည္ ေတာေပၚဗုဒၶဘာသာ သာသနာျပဳလုပ္ငန္းအတြက္ အေရးပါေသာအခန္း က႑တြင္ ပါ၀င္ပါသည္။ ။

မွတ္ခ်က္။ ။ "ဒဲဥ္သီးလက္ေဆာင္း" စာေစာင္မွ ခြန္အာကာ ေရးသားထားသည့္ေစာင္းပါးကို ေကာက္ႏႈတ္ဘာသာျပန္ထားပါသည္။

ပအို၀်းအမျိုးသား ဓလေ့ နှင့်
မော်(စာဟောဆရာ)ရိုးရာ
************************
ပအို၀်းတိုင်းရင်းသားတို့သည် ပင်ရင်းမူလထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့် လူမျိုးဖြစ်သည်။ ပအို၀်းအမျိုးသားသမိုင်းတွင် ထင်ရှားသည့် သု၀ဏ္ဏဘုမိသထုံပြည့်ရှင် သူရိယ စန္ဒာမင်း၏ သက်ရှိထင်ရှားစဉ်က ဂေါတမမြတ်စွာ ဘုရားကို ဖူးမြင်ရသည်မှစ၍ မင်းနှင့်တကွ သု၀ဏ္ဏဘုမိပြည်သူတို့သည် ဗုဒ္ဓဘာသာ၀င်ဖြစ်ခဲ့ကြသည်။ သု၀ဏ္ဏဘုမိ မင်းဆက်များအနက် ဓမ္မပါလမင်း၏ သားတော်ရဟန်းတစ်ပါးဖြစ်သော ရှင်စမ္မဃောသသည် တတိယသင်္ဂါယနာ တင်ချိန်တွင် အိန္ဒိယပြည် မစ္ဇျိမဒေသသို့ကြွရောက်၍ ပိဋကတ်စာပေများကို သင်ကြားတတ် မြောက်ကျွမ်းကျင်ခဲ့သည်။

ထိုနောက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံလွန်တော် မူပြီးနောက် အရှင် ဗုဒ္ဓဃောသသည် သီဟိုဠ်ကျွန်းသို့ ကြွရောက်ပြီး သီဟိုဠ်ကျွန်းမှ စတုတ္ထ သင်္ဂါယနာတင်ထား ပြီးဖြစ်သော ပိဋကတ်စာပေများကို သု၀ဏ္ဏဘုမိသထုံပြည်သို့ ပင့်ဆောင် နိုင်ခဲ့သည်။ ထို့ကြောင့် ပအို၀်းယဉ်ကျေးမှုသည် ထေရဝါဒဗုဒ္ဓတရားတော်များကို အခြေခံထားသလို ပအို၀်း စာပေ၌လည်း ဗုဒ္ဓဘာသာစာပေက နေရာအများဆုံးယူထားကို တွေ့ရသည်။ ဗုဒ္ဓသာသနာ တော် တည်တံ့ပြန့်ပွားစေရန်အတွက် သံဃာတော်များက ပရိယတ္တိစာပေများကို သင်ကြားပို့ချ ပေးခဲ့သည်။ သံဃာတော်များနောက်တွင် ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက် သည့် ပုဂ္ဂိုလ်တို့မှာ ပအို၀်းတိုင်းရင်းသား၏ `မော်´ (ဓမ္မကထိကတရားဟော လူပုဂ္ဂိုလ် သို့မဟုတ် စာဟောပုဂ္ဂိုလ်)ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားသက်တော်ထင်ရှားစဉ်အခါကပင် တရားဟောကျွမ်းကျင်သော လူပုဂ္ဂိုလ် ဓမ္မကထိကများ ရှိခဲ့ပါသည်။ အမျိုးသားများထဲတွင် စိတ္တသူကြွယ်သည် ထင်ရှား၏။ တရား ဟော ကျွမ်းကျင်သဖြင့် စိတ္တသူကြွယ်အား ထူးချွန်မှု `ဧတဒဂ်´ဘွဲ့ကို ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တိုင်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ခရစ်သက္ကရာဇ် ၁၀၅၇ ခုတွင် ပုဂံပြည့်ရှင် အနော်ရထာမင်းစောသည် သု၀ဏ္ဏဘုမိသထုံ ပြည့်ရှင် မနုဟာမင်းကို ဓမ္မအရေး စစ်အောင်နိုင်ခဲ့၍ ပိဋကတ်သုံးပုံ အစုံသုံးဆယ်ကို ဆင်ဖြူ တော် သုံးဆယ့်နှစ်စီးထက်တွင် တင်ဆောင်ပြီး ဘုရင်၊ မိဖုရားနှင့်တကွ ရဟန်းသံဃာ တော်များ၊ တတ်သိပညာရှင်များကို ပုဂံပြည်သို့ဆောင်နှင်းခဲ့သည်မှာ မြန်မာရာဇာ၀င်သမိုင်း တွင် ထင်ရှားပါရှိ လေသည်။

သု၀ဏ္ဏဘုမိသထုံပြည် အုပ်ချုပ်သူဘုရင်မင်း၊ ကိုးကွယ်ရာရဟန်းတော်များနှင့် တတ်သိပညာ ရှင်များ မရှိတော့သည့်နောက်ပိုင်းကာလတွင် ပအို၀်းပြည်သူတို့သည် သထုံပြည်မှ ကိုးအုပ်စု ခွဲ၍ ထွက်ခွာသွားကြသည်။ ဤပအို၀်းကိုးအုပ်စုများအနက် မော်ထော်ဖာသည် တတ်သိပညာ ပြည့်စုံသူတဦးဖြစ်သဖြင့် ပခုက္ကူအုပ်စုကို ဦးဆောင်သော ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်သည်။ ထိုစဉ်အခါကပင်လျှင် ဗုဒ္ဓသာသနာတော် ထွန်းလင်းပြန့်ပွားရန် သာသနာပြုကြ သော ဓမ္မကထိကလူပုဂ္ဂိုလ် စာဟောဆရာ `မော်´ ရှိခဲ့သည်ဟု သမိုင်းခြေရာခံ၍ သိရှိနိုင် သည်။ ၎င်းပခုက္ကူအုပ်စု ခေါင်းဆောင်မော်ထော်ဖာကို ထောက်၍ ထင်မြင်ယူဆမည်ဆိုပါက ပအို၀်းမော်သည် ရှေးခေတ်နှစ်ပေါင်းများစွာ ရှည်လျားခဲ့ပြီးဖြစ်သည်။

ပအို၀်းမော်(စာဟောဆရာ)တို့သည် လူပုဂ္ဂိုလ်များသာဖြစ်သော်လည်း ဗုဒ္ဓသာသနာပြုလုပ်ငန်း များကို ဆောင်ရွက်ရာမှာ ပါ၀င်သက်ရောက်မူရှိသည့်အတွက် ဘုန်းတော်ကြီးတို့၏ လက်သုံး တော်အဖြစ် အသိအမှတ်ပြုကြပါသည်။ ပအို၀်းမော်(စာဟောဆရာ)သည် သာရေးနာရေး လူမှုရေးများ၌ အရေးပါသော အခန်းကဏ္ဍများတွင် ပါ၀င်လျက်ရှိကြပါသည်။ လူမှုရေးတွင် ပါ၀င်၍ ဗုဒ္ဓသာသနာပြုသူများဖြစ်သည်။ ပအို၀်းတို့ဘာသာရေး လူမှုရေးတွင် လိမ္မာရေးခြား ရှိအောင် တမလွန်လောကအကျိုးရှိအောင် ကျေးဇူးပြုသူများမှာ ပအို၀်းမော်(စာဟောဆရာ) များဖြစ်သည်။ `မော်´ဆိုသည့် ကွပ်စိပ်တရားဟောပုဂ္ဂိုလ်တို့သည် ကာယဓမ္မ၊ ၀စီဓမ္မ၊ မနောဓမ္မတို့လည်း ယဉ်ကျေးသိမ့်မွေ့သလို စကားအရာမှာ ကြွယ်၀သူလည်းဖြစ်၍ ရိုးရာ ဘာသာ၊ သာသနာယဉ်ကျေးမူထိန်းသိမ်းသည့် အရာမှာလည်း အရေးပါအရာရောက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။

၁၈ ရာစုအစောပိုင်းတွင် ပြန်လည်ပေါ်လွင်လာသည့် ပအို၀်းစာပေဒုတိယခေတ်တွင် ပအို၀်း မော်များသည် တောင်ကြီးမြို့နယ် မိုင်းပျိုးဒေသတွင် ပြန်လည်ထင်ရှားပေါ်လွင်လာပြီး ထို့မှ တဆင့် နောင်ဟုဲင်း၊ ဆီဆိုင်၊ စခွီ စသောဒေသများမှ တစ်ဆင့်ပြီးတစ်ဆင့် ပအို၀်း တိုင်းရင်းသား နေထိုင်သည့် အရပ်ဒေသအနှံ့အပြားများသို့ ပြန့်ပွားလာခဲ့သည်။ ယခုချိန်ထိ ပအို၀်းမော်ဓမ္မကထိကပုဂ္ဂိုလ် နှစ်ရာကျော်ရှိသည််။

မော်တစ်ယောက်ဖြစ်ရန်အတွက် ပါဋိဘာသာ၊ ပအို၀်းဘာသာကို ကျွမ်းကျင်စွာ ဖတ်တတ်ရပြီး ဗုဒ္ဓဘာသာစာပေများဖြစ်သော ဘုရားဟောဒေသနာ၊ ငါးရာငါးဆယ်ဓမ္မပါဒ၀တၳုတော်များ၊ ပရိတ်ကြီး၊ ရှင်ကျင့်၀တ်၊ သင်္ဂါလောဝါဒ၊ လောကနီတိ၊ သဒ္ဒါ၊ သဂြိုလ် စသည့် လောကုတ္တရာစာပေရပ်များကို ရှေးဦးစွာဖတ်ရှုလေ့လာ တတ်ထားရန် လိုအပ်သည်။ ထို့အပြင် ရှေးကာလမှ မျက်မှောက်ခေတ်အခြေအနေထိ ဘာသာဒေသန္တာရနှံ့စပ်ကျွမ်းကျင်စွာ ဟော ပြောနိုင်သည့် အရည်အချင်းများနှင့် ဟောပြောတတ်မှုဟန်ပန်၊ တေးလင်္ကာတို့ကို ရုတ်တရက် စပ်ဆိုတတ်သည့် အရည်အချင်းများလည်း ရှိရမည်။ ဒီဃသံတို့၊ ရသသံတို့၊ ဂရုသံ၊ လဟုသံ စသည်အသံအနေအထားများလည်း အသံများပီသအောင်လေ့ကျင့်ရပါသည်။ ဒီလောက်တက် မြောက်ရုံဖြင့် `မော်´မဖြစ်နိုင်သေးပါ။ `မော်´ဟူသော ပုဂ္ဂိုလ်သည် ရဟန်းသံဃာများလို ငါးပါးသီလကိုလည်း အမြဲခိုင်လုံအောင် ကျင့်ကြံနေထိုင်ထိန်းသိမ်းရသည််။ ဘယ်လောက်ဘဲ ပညာတတ်တတ် အရက်သေစာများသောက်သုံးခြင်း၊ ကြက်ဌက်များကို သတ်ဖြတ်ခြင်း စသဖြင့် သီလမခိုင်လုံပါက `မော်´ဟု မည်သူမှ အသိအမှတ်မပြုပါ။ ထိုကြောင့် ပအို၀်းမော် သည် သီလခိုင်လုံရပြီး မာန်မာနကိုလည်း နှိမ်ချ၍ အိနြေ္ဒသိက္ခာရှိရှိနှင့် သွားလာနေထိုင် ရပါသည်။

`မော်´တစ်ယောက်ဖြစ်လာပြီဆိုသည်နှင့် ဘုရားငါဆူ၊ သူရသတီ၊ မေတ္တာပွင့်သည့် ဆေးမင် ကြောင်ကို ရင်ဘတ်၊ လက်မောင်း စသည့်နေရာများမှာ ကတိသစ္စာခံယူပြီး ထိုးထား ကြသည်။ ဤသို့ထိုးထားရခြင်းမှာ ကာမေသုမိစ္ဆာစာရ၊ သူရာမေရယ စသည့်အကျင့်သီလများ မဖောက် ပျက်အောင် ထိုးထားခြင်းဖြစ်သည်။

`မော်´တို့၏ အသုံးအဆောင်မှာ ပိုးကောင်းပေါင်းတစ်ထည်၊ ပအို၀်းအမျိုးသား၀တ်စုံတစ်စုံ၊ ခြေအိတ်တစ်စုံ၊ ချေွးသုတ်ရန်အတွက် တဘက်တစ်ထည်၊ နှီးပျော့ပျော့ဖြင့် ယှက်လုပ်ထား သော “ကုံးယော်” ခေါ် `မော်´ခမောက်မျိုးတစ်လုံး စသည်တို့ဖြစ်သည်။

မော်အခြေခံပညာနှင့် တရားစာအနည်းအကျဉ်း တတ်မြောက်ပြီးပါက မိမိ၏ ဆရာသမားရှေ့ သို့မဟုတ် မိမိ၏နေအိမ်တွင် တရားဟောအရင်လေ့ကျင့်ထားရသည်။ ၎င်းနောက် ဆရာနှင့် အတူ လိုက်၍ ပွဲကြီးပွဲငယ်များသို့ တရားစမ်းဟောရပါသည်။ ဓမ္မကထိကအရာမှာ ကျွမ်းကျင် လိမ္မာရင့်ကျက်လာသည့်အခါ လက်ဦးဆရာဆီကို ခွင့်ပန်ပြီး ကိုယ့်ဘာသာ တရားကျမ်းစာ အကျိုးပြုလုပ်ငန်းအတွက် အားထားရသည့် `မော်´တဦးအဖြစ် အသိအမှတ်ပြုခြင်း ခံရပါ သည််။ ထိုပုဂ္ဂိုလ်များကို ပအို၀်းတိုင်းရင်းသားများက ၎င်းတို့၏မူလအမည်ထိပ်တွင် `မော်´ဟူ သော ဘွဲ့ကိုသတ်၍ ခေါ်ဆိုကြသည်။

ဝါတွင်းကာလတွင် လပြည့်လကွယ်နေ့များ၌ ပအို၀်းတိုင်းရင်းသားတို့ နေထိုင်ရာကျေးလက် ဘုန်းတော်ကြီးကျောင်းဇရပ်များတွင် ဥပုသ်စောင့်နေကြသည့် အဘိုးအဘွားတို့ကို မော်များက ဇာတ်တော်များ၊ ဗဟုတုတများ၊ လှူဒါန်းရသောအကျိုးတရားများကို ဟောပြောရှင်းပြပေး သည်။ အလှူဒါနပွဲများတွင် အသံကောင်းပြီး စာဟောကောင်းသော မော်များကို ဖိတ်ကြား လေ့ရှိသည်။ ဖိတ်ကြားပြီးသောမော်များအား အလှူပွဲတစ်ပွဲကို ဒေါင်းလန်းဖြင့်ပြင်၍အပ်သည်။ ထိုဒေါင်းလန်တွင် ငှက်ပြောသီးတစ်ဖီ၊ အုန်းသီးတစ်လုံး၊ ဖရောင်းတိုင်တစ်ထုပ်၊ ကွမ်းယာ တစ်ထုပ်၊ ဆေးလိပ်တစ်စည်းနှင့် ပန်းတစ်ခိုင်ပါ၀င်လေသည်။ ငွေကြေးတတ်နိုင်သူတို့က ငွေပဒေသာပင် တစ်ပင်ပါထည့်၍လှူဒါန်းသည်။

`မော်´တို့ စာဟောချိန်ကာလတွင် အသံ၀င်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ချင်းတက်နှင့် ရေဗူးရေခွက်ဖြင့် ထည့်ထားသည့် လင်ဗန်းကိုလည်းချထားပေးသည်။ နားထောင်သူများက မော်ဟောသော ဇာတ်တော်ကို သဘောကျပြီဆိုလျှင် တတ်နိုင်သလောက်ဆရာဂုဏ်ကို ပူဇော်ကြသည်။ အချို့မှာ အလှုငွေလှူကြသည်။ အချို့ မှာတောင်ယာထွက်သီးနှံနှင့် စားစရာ များလာရောက်လှူဒါန်းကြသည်။

ဝါဆိုလတွင်းသို့ရောက်လျှင် ပအို၀်းတိုင်းရင်းသားမော်များသည် နှီးချောခမောက်နှင့် ခေါင်း ပေါင်းပေါ် ထပ်ဆောင်းပြီး လွယ်အိတ်ကြီးများထဲတွင် စာအုပ်များကွမ်းအစ်များထည့်ကာ တစ်ရွာ၀င်တစ်ရွာထွက် အသံနှင့်စာပေဗဟုတုတ လှည့်လည်၍ ဒါနပြုကြသည်ကို တွေ့ရ ပါသည်။

ယခင်က ပအို၀်းလူ့အဖွဲ့အစည်းတွင် `မော်´အရေအတွက်အားဖြင့် များပါသော်လည်း ၎င်းကို အသင်းအဖွဲ့တစ်ခုအဖြစ် စုစုစည်းစည်းမရှိခဲ့ပေ။ ထို့ကြောင့် ၁၉၇၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ပအို၀်းစာပေနှင့်ယဉ်ကျေးမှုမဂ္ဂဇင်းတွင် ပအို၀်းမော်အသင်းဖွဲ့သင့်ကြောင်း တိုက် တွန်းနိုးဆော် အသိပေးရေးသားဖော်ပြထားခဲ့သည်။ သို့ဖြစ်၍ ပအို၀်းမော်အသင်းကို ဖွဲ့စည်းရန် စတင်အခြေပြုခဲ့သည့် ၁၉၇၈ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ပအို၀်းမော်အသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည့် ၂၀၀၀ ခုနှစ် ဇန္နဝါရီလ(၂၀)ရက်နေ့အထိ အချိန်ကာလ၏ ပြည့်စုံလျောက်ပတ်မှု ကာလသမ္ပတ္တိကို စောင့်ဆိုင်းမျှော်လင့်ရင်း နှစ်ပေါင်း(၂၂)နှစ်မျှ ကြာ ညောင်းခဲ့ရသည်။ ပအို၀်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တွင် ပအို၀်းမော်ဦးစည်းအဖွဲ့ (၄၁)ဦးနှင့် မော်အဖွဲ့၀င်(၃၁၉)ဦး စုစည်းပြီး ပအို၀်းမော်အသင်း ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ဤအသင်းကို ပအို၀်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌတစ်ဦးပါ၀င်သော ပအို၀်းမော်နာယက (၃)ဦးနှင့် ပအို၀်းမော်အသင်းဥက္ကဋ္ဌ၊ အတွင်းရေး မှူးအဖွဲ့၀င်များပါရှိသော အလုပ်အမှုဆောင် (၇)ဦးတို့ကို ဖွဲ့စည်းပုံနှင့်အညီ အမျိုး၊ ဘာသာ၊ သာသနာ ဆိုင်ရာလုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်လျက် ရှိကြသည်။

ကျမ်းကိုး
• ပအို၀်းလူငယ်စာစောင် အမှတ်(၁)
• ပြည်ထောင်စုထဲ့ကပအို၀်း စာ ၁၃၇ - ၁၄၀

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးများ အများစုမှာ ဗုဒ္ဓဘာ သာ၀င်များ ဖြစ်ကြပြီး၊ လူမျိုးအလိုက် မိမိတို့၏စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် မိရိုးဖလာရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ရှိကြပါသည်။ စာပေ၊ စကား၊ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုစသည့် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည့်တိုင်းရင်းသားများအနက် ပအို၀်းတိုင်းရင်းသားလည်းပါ၀င်ပေသည်။ ပအို၀်းတိုင်းရင်းသား လူဦး ရေ၏ ၉၅ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာ၀င်များ ဖြစ်ကြပါသည်။ မိဘဘိုးဘွားအစဉ်အဆက်ကပင် ဗုဒ္ဓဘာသာ ၀င်များဖြစ်ကြသောကြောင့် ပအို၀်းတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာ သာသနာကို အလေးအမြတ်ထား၍ သက်၀င်ယုံကြည် ကိုးကွယ်ကြသည်မက ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရန်အတွက် သာသနာပြုလုပ်ငန်းများ တွင်လည်း အားကြိုးမာန်သက် ဆောင်ရွက်ကြသည်။

ပအို၀်းတိုင်းရင်းသားတို့သည် သာသနာပြုလုပ်ငန်းဆောင်ရွက်ရာတွင် "ပအို၀်းမော်ဟွိုး" ဟုခေါ်သည့် ကွက်စိပ် ဓမ္မကထိကပုဂ္ဂိုလ်တို့သည်လည်း အဓိကနေရာတွင် ပါ၀င်ကြပါသည်။ "မော်" ဆိုသည်မှာ မြန်မာေဝါဟာရ အားဖြင့် "အတတ်ပညာ" ဟုခေါ်ပြီး။ "ဟွိုး"ဆိုသည်မှာ "ဟောပြောခြင်း" ဟုအဓိပ္ပာယ်ရပါသည်။

ပအို၀်းတိုင်းရင်းသားတို့၏ "မော်" ဓလေ့၏ အတတ်ပညာမှာလည်း အမျိုးမျိုးရှိသည်။ ယင်းတို့မှာ
၁) မော်ဟွိုး .... ကွက်စိပ်ဓမ္မကထိက ဗုဒ္ဓတရားဟောသောပုဂ္ဂိုလ်
၂)မော်ဟော်လိတ်... ပအို၀်းဘာသာဖြင့်ပြန်ဆိုထားသော ဇာတ်နိပါတ်တော်များနှင့် တရားစာများကို ဟောတတ် ပြောတတ်သူ၊ စာဟောဆရာ
၃) မော်လူ ... နတ်ကိုးကွယ်၍ ဗေဒင်ကဲ့သို့သော အတတ်ပညာကို ဟောပြောတတ်သူ
၄) မော်တရျား ... ပယောဂ ကုဆရာ
၅) မော်မူး... လက်သည်မ စသည်တို့ဖြစ်ပါသည်။

ယခုဖေါ်ပြလိုသည်မှာ သာသနာပြုလုပ်ငန်းတွင် အကျွမ်း၀င်သော "မော်ဟွိုး" ၏ အကြောင်းအရာပြင်ဖြစ်သည်။ "မော်ဟွိုး" ဆိုသည့် ကွက်စိပ်ဓမ္မကထိကတရားဟော ပုဂ္ဂိုလ်တို့သည် လူပုဂ္ဂိုလ်များသာ ဖြစ်သော်လည်း ဗုဒ္ဓဘာ သာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါ၀င်ဆောက်ရွက်မှုရှိသဖြင့် ဘုန်းတော်ကြီး ရဟန်း တို့၏ လက်သုံးတော်အဖြစ် အသိအမှတ်ပြုကြသည်။

"မော်" ဆရာတို့သည် ကာယကမ္မ၊ ၀စီကမ္မ၊ မနောကမ္မစသည့်အမှုတို့၌ ယဉ်ကျေးသိမ်မွေ့ကြသည်။ စကား အရာ၌လည်း ကြွယ်၀သူများဖြစ်ကြသည်။ ရိုးရာ ဘာသာ သာသနာ ယဉ်ကျေးမှု ထိန်းသိမ်းရာ၌ အရေးပါအရာ ရောက်သောသူများလည်း ဖြစ်ကြပါသည်။

အဆိုပါ ပအို၀်းမော်ဟွိုး တို့သည် လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့် ခရာဇ်နှစ် ၁၈၃၀ မတိုင်မီကပင်ပေါ် ပေါက်ခဲ့ဟု ပညာကြွယ်၀သောမော်ဟွိုးနှင့် လူကြီးများမှ ဆိုကြသည်။

မော်ဟွိုး ပုဂ္ဂိုလ်တို့သည် တောင်ကြီးမြို့နယ်အတွင်းရှိ မိုင်းပျိုးဒေသမှ စတင်ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင်၊ နောင်ဟိုင်း၊ ဆီဆိုင် (သထွုံလေး) ခွီဒေသများသို့ တဆင့်ပြီးတဆင့်ပြန်ပွားလာခဲ့သည်။ ထို့နောက်တွင်တဒေသမှ တဒေသသို့ပြန့်ပွားလာခဲ့ရာ နောက်ဆုံးတွင် ပအို၀်းတိုင်းရင်းသားများနေထိုင်ရာဒေသ အနှံ့အပြားတွင် မော်ဟွိုး များ ပြန့်နှံ့သွားတော့သည်။ ယခုထက်တိုင် ပအို၀်းမော်ဟွိုး ဓမ္မကထိကပုဂ္ဂိုလ် နှစ်ရာကျော်ခန့်ရှိပြီး သူတို့ ၏ဓမ္မတေးသံများလည်း ဆွတ်ပျံ့ဝေဆာလျက်ရှိနေပါသည်။

မော်ဟွိုးတို့သည် လောကုတ္တရာ စာပေများကို လေ့လာဖတ်မှတ်၍ သူ့ဘာသာအလိုအလျောက် မော်တစ်ဦး ဖြစ်လာနိုင်ဖွယ်မရှိပါ။ ဝါရင့်မော်ဆရာကြီးတစ်ဦးဦးထံသို့ တပည့်အဖြစ်ချဉ်းကပ်၍ မော်ပညာများကို အပင်ပန်း ခံကာ အားသွန်ခွန်စိုက် ကြိုးစားသင်ယူမှသာလျင် မော်တစ်ဦးဖြစ်နိုင်ပါသည်။ မော်ပညာကို သင်ယူသော ပုဂ္ဂိုလ် များသည် ဝါသနာအထုံနည်းပါးသောပုဂ္ဂိုလ်များအတွက် အောင်မြင်မှုလမ်းမရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မော်ပညာသင်ယူစဉ် မိမိဆရာထံ၌ ၀တ်ကြီး၀တ်ငယ် ဆောင်ရွက်ဘွယ်ကိစ္စတို့ကို ပင်ပန်းစွာဆောင် ရွက်ပေးရ ပါသည်။ ဆရာခြေရင်းတွင် အနီးကပ်လုပ်ကျေွးရပါသည်။ မာန်မာနတရားကို အမြဲနှိမ့်ချရပါသည်။ မော်ပညာသင် ယူရာ၌ သင်ယူခများမပေးရသော်လည်း လူတိုင်းမသင်ယူနိုင်ပေ။ ငွေကြေးဓနပြည့်စုံသူတို့မှာ ဥစ္စာမာနကြောင့် ဆရာ့ထံတွင် အလုပ်အကျွေးမပြုလိုသဖြင့် ဝါသနာအလွန့်အလွန်ရှိသောသူတို့သည်သာလျင် မော်ပညာကို တတ်မြောက်နိုင်ရန် အလားအလာရှိပါသည်။

မော် ပညာကို မသင်ယူခင် ပရိတ်ကြီး၊ ရှင်ကျင့်၀တ်၊ သိင်္ဂါလောဝါဒ၊ လောကနီတိ၊ သဒ္ဒါ၊ င်္သဂြိုလ်စသည့် အခြေခံ ပညာရပ်များကို ရှေးဦးစွာတတ်ထားဖို့လိုပေသည်။ ထို့နောက်မှ ဝါရင့်မော်ပညာရှိသူထံသို့ ချဉ်းကပ်၍ တပည့်ခံ ယူကာ မိမိဆရာအား ၀တ်ကြီး၀တ်ငယ်ဆောင်ရွက်ဘွယ်ကိစ္စအ၀၀တို့ကို အနီးကပ်လုပ်ကျေွးရင်း မော်ပညာကို ဆက်လက်သင်ယူရပါသည်။

မော်ပညာဆိုသည်မှာ အနနေ္တာ အနန္တငါးပါးတို့ကို ရှိခိုးတိုင်တည်ရန် ဓမ္မလင်္ကာ၊ သူရဿတီကို တိုင်တည်ရန် အလင်္ကာစာပေများနှင့် ဓမ္မပဒ၊ ငါးရာငါးဆယ်နိပါတ်တော်၊ ဇိနတၳပကာသနီကျမ်း၊ သံေ၀ကဒီပနီ၊ မဟာဗုဒ္ဓ၀င် စသည့် ပိဋ္ဋကတ်ကျမ်းစာအမျိုးမျိုးတို့ကိုအတွင်းကျကျလေ့လာသင်ယူရပါသည်။ ကိုယ်အမူအရာနှင့် အနှိမ့်အမြင့် အတိုအရှည် ဒီဃ၊ ရဿ၊ ဂရုသံ၊ လဟုသံစသည်တို့ကို ပီသအောင်လေ့ကျင့်ယူရပါသည်။ ဤမျှတတ် မြောက်ရုံဖြင့် မော်ဆရာ မဖြစ်နိုင်သေးပေ။ ငါးပါးသီလ ခိုင်လုံအောင်စောင့်ထိန်းရသေးသည်။ မူးယာဇ်သေစာ သောက်စားခြင်း သူများအသက်သတ်ခြင်းစသည့် ငါးပါးသီလမလုံခြုံပါက မည်မျပြင်ပညာတတ်စေကာမူ မော်ဆ ရာဟု မည်သူမျအသိအမှတ်ပြုတော်မည်မဟုတ်တော့ပေ။ ထို့ကြောင့် မော်ပုဂ္ဂိုလ်တို့သည် ငါးပါးသီလကို ခါး၀တ် ပုဆိုးကဲ့သို့အမြဲစောင့်ထိန်းကြပြီး ဗြဟ္မာစိုရ်တရားလေးပါးကို လိုက်နာလေးစား၍ မာန်မာနနှိမ့်ချခြင်း၊ ဣန္ဒြေ သိက္ခာရှိရှိဖြင့် သွားလာခြင်း၊ လူတကာကိုယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်း စသည့်မော်ဥပဒေတို့ကို အမြဲလိုက်နာရပါသည်။

ဓမ္မကထိကမော်တစ်ဦးဖြစ်လာသည့်အခါ ဆေးမင်ကြောင်များကိုလည်း ထိုးရသေးသည်။ ဘုရားငါးဆူ၊ သူရ ဿတီ၊ မေတ္တာဓာတ်ပွင့်စသည့်ဆေးမင်ကြောင်များကို ရင်ဘတ်၊ လက်မောင်းစသည့်နေရာများတွင် ကတိသစ္စာ ခံယူ၍ ထိုးထားကြသည်။ ဤသို့ဆေးမြင်ကြောင်များထိုးထားရခြင်းသည် ကာမေသုမိစၧာစာရ၊ သုရာမေရယ စ သည့်အကျင့်သီလများ မဖေါက်ပြားနိုင်စေရန် အတွက်ဖြစ်ပါသည်။

ဓမ္မကထိကမော်တစ်ဦးဖြစ်ပြီးသည့်အခါ လိုအပ်သောမော်တို့၏အသုံးကိရိယာများမှာ ပိုးခေါင်းပေါင်းတစ်ထည်၊ မော်ခမောက် (မော်ပုဂ္ဂိုလ်များ သုံးရန်အတွက် နှီးစသည်ဖြင့်ပျော့ပြောင်းစွာ ယက်လုပ်ထားသောခမောက် ဦးထုပ်တစ်မျိုး)၊ ပအို၀်းအ၀တ်အစားသန့်သန့်ပြန့်ပြန့်တစ်စုံ၊ ခြေအိပ်တစ်စုံ၊ ချွေးသုတ်ရန် သဘက်တစ်ထည် စသည်တို့ဖြစ်ပါသည်။

မော်တို့၏အခြေခံပညာနှင့် တရားစာအနည်းအကျဉ်းတတ်မြောက်လျင် ရှေးဦးစွာ ဆရာရှေ့တွင်၎င်း၊ မိမိနေ အိမ်၌၎င်း တရားဟော လေ့ကျင့်ရပါသည်။ ထို့နောက် ဆရာနှင့်လိုက်၍ ပွဲကြီးပွဲငယ်များတွင် တရားဟောရ ပါသည်။ ဓမ္မကထိကအရာ၌ကျွမ်းကျင်လိမ္မာရင့်ကျက်လာသောအခါ ဗုဒ္ဓသာသနာပြုလုပ်ငန်းအတွက် အားထားရ သော မော်ဟွိုးတစ်ဦးဖြစ်လာပါတော့သည်။

မော်ဟွိုးတို့၏တရားဟောပွဲများမှာ ရဟန်းခံရှင်ပြုပွဲ၊ ကျောင်းကန်ဇရပ်ရေစက်ချပွဲ၊ ဆွမ်းသွပ်ပွဲစသည့် သာရေး၊ နာရေးပွဲများတွင် ပွဲဒါယကာတို့၏ ပင့်ဖိတ်ချက်အရ ယင်းပွဲများနှင့် ဆက်စပ်သောတရားများကို ချီးမြင့်ဟော ကြားကြရသည်။ ရဟန်းခံ ရှင်ပြုပွဲစသည့် ပွဲကြီးများမှာ မော်ပုဂ္ဂိုလ်သုံးဦး လေးဦးပူးပေါင်း၍ အလှည့်ကျ တရား ဟောရပါသည်။ ဆွမ်းသွပ်ပွဲ အိမ်တက်မင်္ဂလာပွဲ စသည့်ပွဲငယ်များမှာ မော်တစ်ဦးနှစ်ဦးမျှသာ ဟောရပါသည်။ မော်ပုဂ္ဂိုလ်တစ်ဦးတရားဟောရာတွင် သုံးနာရီ လေးနာရီမျ ကြာသည်။ သူတို့၏တရားဟောခြင်းသည် သုံးလေး နာရီခန့်အချိန်ကြာသော်လည်း တရားနာပရိတ်သတ်တို့ ငြီးငွေ့ခြင်း၊ ပျင်းရိအိပ်ငိုက်ခြင်းမရှိပဲ စိတ်၀င်စား လျက်ရှိကြသည်၊ ဤသို့ဖြစ်ရခြင်းမှာ ပအို၀်းတိုင်းရင်းသားတို့၏ ဒါနပြုပွဲ၊ အလှူပွဲများတွင် ဇာတ်သဘင်၊ အငြိမ့်စ သည့်ပျော်ပွဲရွှင်ပွဲပါ၀င်လေ့မရှိသဖြင့် တရားနာခြင်းအမှုကိုသာ ပျော်ပွဲ ရွှင်ပွဲအဖြစ် ဖြစ်နေသောကြောင့် မည်မျှ ပင်အချိန်ကုန်ကြန့်ကြာသော်လည်း ငြီးငွေ့ခြင်းမဖြစ်ကြပေ။ အချို့ပွဲများတွင် တစ်ရက်နှင့်တည၊ နှစ်ရက်ဆက် တိုက် သုံးရက် စသဖြင့် နေ့စဉ်ညဆက် တရားပွဲများ ရှိကြသည်။
မော်ပုဂ္ဂိုလ်များ တရားဟောရာ၌ .....
၁) အနန္တော အနန္တငါးပါး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ) တို့ကို ရှိခိုးခြင်း၊
၂)မတ်တတ်ရပ် အနန္တောအနန္တဂုဏဆုပတ္တနာကို အမွန်းတင်ဂုဏ်တော်ဖွင့်လင်္ကာနှင့် သူရဿတီကို တိုင်တည်ခြင်း၊
၃)ပြုလုပ်ဆဲအလှူပွဲနှင့် ဆက်စပ်သောအကြောင်းအရာများကို တရားခေါင်းစဉ်တပ်၍ အကျိုးအကြောင်း ရှင်းပြ ခြင်း၊
၄) တရားဟောခြင်း၊
၅) ၀တ္ထုသက်သေသာဓကတို့ကို ကွက်စိပ်အောင် ထုတ်ဖေါ်ဟောပြောခြင်း၊
၆) တရားဟော အနုမောဒနာပြု၍ အဆုံးသတ်ခြင်းဟူ၍ အပိုင်း (၆) ပိုင်းပါ၀င်၏။ မော်ဟွိုး တရားပြီးဆုံး၍ အလှူပွဲ၏နောက်ဆုံး အစီအစဉ်အရ ဘုန်းတော်ကြီးများက တရားချီးမြင်ံဟောကြားပေးရသည်။
ပအို၀်းတိုင်းရင်းသားတို့သည် တောင်ယာအလုပ်ခွင်ထဲတွင် နေ့စဉ်အချိန်ကုန်နေရသဖြင့် ဗဟုသုတစာ ပေများ နှင့် အမြဲကင်းကွာနေရ၏။ လေ့လာဖတ်မှတ်ရန်လည်း အချိန်သိပ်မရှိကြသဖြင့် ဗဟုသုတနည်းပါး၍ နေကြရ သည်။ သို့သော်လည်းပဲ မော်ပုဂ္ဂိုလ်တို့သည် အလှူပွဲများတွင် အလုပ်သမားများ၏ဗဟုသုတစာအုပ်အဖြစ် အမြဲ တရားဟောပေးနေသဖြင့်၊ ဗဟုသုတတိုးပွားပြည့်စုံကြ၏။ ပညာရေး၊ လူမှုရေးစသည်တို့ကို သဘောသက် ၀င်လာကြ၏။
ပအို၀်းတိုင်းရင်းသားတို့ ကျင်းပသောပွဲများသည် ဗုဒ္ဓဘာသာနှင့် မကင်းကွာသဖြင့် ဗုဒ္ဓတရားတော်များကို အမြဲ ကြားနေကြရ၏။ ထို့ကြောင့် ပအို၀်းတိုင်းရင်းသားတို့သည် အနန္တော အနန္တကျေးဇူးဂုဏ်ကိုသိတတ်ခြင်း၊ ရတနာ သုံးပါးကိုကြည်ညိုခြင်း၊ ဖြူစင်ရိုးသားခြင်း၊ မှန်ကန်ဖြောင့်မတ်သောစိတ်ထားရှိခြင်း၊ ဗြဟ္မာစိုရ်တရားလက် ကိုင် ထားကြခြင်း၊ စေတနာ သဒ္ဓါဗလဖြင့် ပြည့်စုံခြင်းနှင့် ဒါနဘာ၀နာများကျင့်ကြံ ပြုလုပ်ခြင်း စသည့်ဗုဒ္ဓသာသနာကို ချီးမြောက်ကြလေသည်။ အလေးအမြတ်ပြုကာ ကြည်ညိုကြသည်။

ပအို၀်းတိုင်းရင်းသားတို့၏ ဤကဲ့သို့ဗုဒ္ဓသာသနာအတွက်အားတက်ဖွယ်ဖြစ်ရခြင်းမှာ ပအို၀်းရဟန်းသံဃာတို့၏ လက်ရုံးတော်ဖြစ်သည့် နိဗ္ဗ္ဗာန်ဆော်ဓမ္မကထိက "မော်ဟွိုး" တို့၏ ကျေးဇူးနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ကွက်စိပ် ဓမ္မကထိက "ပအို၀်းမော်ဟွိုး" တို့သည် တောပေါ်ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းအတွက် အရေးပါသောအခန်း ကဏ္ဍတွင် ပါ၀င်ပါသည်။ ။

မှတ်ချက်။ ။ "ဒဲဉ်သီးလက်ဆောင်း" စာစောင်မှ ခွန်အာကာ ရေးသားထားသည့်စောင်းပါးကို ကောက်နှုတ်ဘာသာပြန်ထားပါသည်။