........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 12, 2012

ရှင်သီဝလိ ရဟန္တာကိုယ်တော်မြတ်ကြီး၏ ( ၇ )ရက် သားသမီးများအတွက် ပေးထားခဲ့သည့် ထူးခြားသည့် ဂါထာတော်များ(အခြားမူတစ်မျိုး)

( ၁ ) အမှုအခင်းကိစ္စ နိုင်လိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော ဇိတိန္ဒြိယော၊ သောစ မံ အနုပါလေတု၊ ဇယံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ ဇိတိန္ဒြိယော၊ စက္ခုနြေ္ဒ စသော၊ ဣနြေ္ဒအလုံးစုံကို၊ အကုန်မြင်တော်မူပြီး ဖြစ်တော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီးသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါစေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ဇယံ၊ အလုပ်အကိုင် အကြံအစည် အလီလီ အ၀၀၊ အောင်မြင် ခြင်း မင်္ဂလာဟူသမျှကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား …….. ( ၂ ) ဘုန်းကျက်သရေ မြင့်မားလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော မဟာပုညော၊ သောစ မံ အနုပါလေတု၊ ပုညံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟာပုညော၊ ကြီးမားသော ဘုန်းကျက်သရေ ရှိတော်မူ ပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီးသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါစေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ပုညံ၊ ဘုန်းကျက်သရေ အဖြာဖြာကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၃ ) ဥစ္စာစီးပွား ပေါများလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ မဟာလာဘော၊ သောစ မံ အနုပါလေတု၊ လာဘံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟာလာဘော၊ လာဘ်ပေါင်းများစွာ မင်္ဂလာကို ကောင်းစွာ ရရှိတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီးသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါစေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ လာဘံ၊ လာဘ်ကောင်းမင်္ဂလာ အဖြာဖြာကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၄ ) အခြွေအရံ ပေါများလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ မဟာယသော၊ သောစ မံ အနုပါလေတု၊ လာဘံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟာယသော၊ အခြွေအရံများစွာ မင်္ဂလာကို ကောင်းစွာ ရရှိတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီးသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါစေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ယသံ၊ ခြံရံများစွာ မင်္ဂလာ အဖြာဖြာကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၅ ) လူချစ်လူခင် များစေလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ ဇနမ္ပိယော၊ သောစ မံ အနုပါလေတု၊ ပိယံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ ဇနမ္ပိယော၊ လူအပေါင်းတို့ ညွတ်ပျောင်းလေးမြတ် ချစ်ခင် အပ်သော မင်္ဂလာကို ကောင်းစွာ ရရှိတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ပိယံ၊ လူအပေါင်းတို့၏ ချစ်ကြောင်းမင်္ဂလာ အဖြာဖြာကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၆ ) ဘုန်းတန်ခိုး ကြီးမားလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ မဟိဒ္ဓိကော၊ သောစ မံ အနုပါလေတု၊ ဣဒ္ဓိံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟိဒ္ဓိကော၊ စကြ၀ဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်ဂုဏ်နှင့်လည်း ပြည့်စုံခြင်း မင်္ဂလာကို ကောင်းစွာ ရရှိတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ဣဒ္ဓိံမေ၊ လွန်ကဲ လွှမ်းမိုး ဂုဏ်တန်ခိုးကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၇ ) ဂုဏ်သတင်း ကျော်စောလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ ဇုတိန္ဓရော၊ သောစ မံ အနုပါလေတု၊ ပိယံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ ဇုတိန္ဓရော၊ ထွန်းလင်းထိန်ပြောင် ဂုဏ်တော်ရောင်ကို ဆောင်တော်မူတတ်ပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ဇုတိံ၊ ကျော်ဇောသတင်း ဂုဏ်အလင်းကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၈ ) ပညာထူးချွန်လိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ မဟာပညော၊ သောစ မံ အနုပါလေတု၊ ပညံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟာပညော၊ သစ္စာလေးဆင့် လင်းအောင်ဖွင့်သည့် မြင့်မြတ်သော ဉာဏ်ပညာဂုဏ်နှင့်လည်း ပြည်စုံတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်သဖြင့် ပညာရင့်အောင် အသင့်လွယ်ကူ စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ပညံ၊ သင်ကြားအပ်သော အတတ်ပညာ ဉာဏ်ရောင်ဝါကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၉ ) ထိတ်လန့်ကြောက်မက်ဖွယ်ရာ အန္တရာယ်နှင့် ကြုံလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ ပဟဗ္ဗလော၊ သောစ မံ အနုပါလေတု၊ ဗလံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟဗ္ဗလော၊ အလွန်ကြီးမား စွမ်းပကားဟု အင်အားသတ္တိ ဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အစဉ်တစိုက် စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ ဗလံ၊ ရန်မမူနိုင် ခံ့ခိုင်ကြီးမား စွမ်းအားသတ္တိထူးကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ………. ( ၁၀ ) ယှဉ်ပြိုင်မှု ရှိသောအခါ အနိုင်ရလိုလျှင် - သီဝလိစ မဟာထေရော၊ ဒေ၀မနုဿ ပူဇိတော၊ လာဘ သက္ကာရ ဌာနေသု၊ အဂ္ဂပတ္တော၊ မဟာတေဇော၊ သောစ မံ အနုပါလေတု၊ တေဇံ မေ ဒေတု သဗ္ဗဒါ။ ဒေ၀မနုဿ ပူဇိတော၊ နတ်, လူအများတို့ ညွတ်တွားလေးမြတ်၊ ပူဇော်အပ်သော၊ သီဝလိ၊ `အရှင်သီဝလိ´ အမည်တော်ရှိသော၊ မဟာထေရောစ၊ ရဟန္တာအရှင်မြတ်ကြီးသည်ကား၊ လာဘ သက္ကာရ ဌာနေသု၊ လာဘ်ပူဇော်သက္ကာ လွန်စွာများမြတ်သော အရာတို့၌၊ အဂ္ဂပတ္တော၊ သူသာ လျှင် အမြတ်ဆုံးဟု၊ ရွှင်ပြုံးကြည်သာ မဟာသာဝက စာရင်းဝင်၊ မိန့်ခွန်းတော် ဆင်ခဲ့သည့်၊ အရှင်မြတ်တစ်ပါး ဖြစ်တော်မူပါပေ၏။ မဟာတေဇော၊ ယှဉ်ပြိုင်သူ ဘက်ရှုံး၊ တုနှိုင်းမရ တေဇတော်ဂုဏ် ကြီးမားတော်မူ၏၊ သောစ၊ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီး သည်၊ မံ၊ အကျွန်ုပ်ကို၊ အနုပါလေတု၊ အနိုင်ရအောင် အစဉ်တစိုက် မ, စ စောင့်ရှောက်တော်မူပါ စေသတည်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ မေ၊ အကျွန်ုပ်အား၊ တေဇံ၊ ပြိုင်လျှင် အနိုင်ရ တေဇရှိန်စော် အာနုဘော်ကို၊ ဒေတု၊ ပေးသနားတော်မူပါ အရှင်မြတ်ကြီးဘုရား ……….

No comments:

Post a Comment