........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 6, 2014

ပပဉ္စတရား

ရှည်လျားလှသော ဘ၀သံသရာတွင် ပုထုဇဉ်သတ္တ၀ါ အနန္တတို့သည် သံသရာနယ်ချဲ့တရားတို့၏ ပြုပြင်မှု၊ လွှမ်းမိုးမှုကို အမြဲထာဝရ ခံနေကြရသည်။ ၃၁-ဘုံတည်းဟူသော လောကမှလည်း မလွတ်မြောက်နိုင်ဘဲ တ၀ဲလည်လည် ခံစံနေကြရသည်။ မြတ်ဗုဒ္ဓသည် သံသရာရှည်စေသော အကြောင်းများစွာကို သတ္တ၀ါတို့၏ စရိုက်အားလျော်စွာ ၄၅-၀ါပတ်လုံး အမျိုးမျိုးဖွင့်ပြ၍ ရှင်းလင်း ဟောကြားတော်မူသည်။
ထိုသို့ဟောကြားရာတွင် အရင်းခံဖြစ်သော အယူအစွဲများကိုလည်း ညွှန်ပြတော်မူခဲ့၏။ ယင်းတို့မှာ လူတိုင်းတွင် အနုသယအနေနှင့် ရှိနေကြသော ထင်သုံးလုံး ဖြစ်သည်။... လူတကိုယ် ထင်တတလုံး-ဟုလည်း ပြောစမှတ်ပြုကြ၏။ တရားသဘောအရ လူတကိုယ် ထင်တလုံး ရှိနေကြပါသည်။
၁။ မိမိကိုယ်ကို မိမိပိုင်သည်ဟု ထင်နေသော တဏှာ-ထင်တလုံး။
၂။ ဤကိုယ်ကို ငါ-ဟု ထင်နေသော မာန-ထင်တလုံး။
၃။ ဤခန္ဓာကိုယ်မှာ ဘ၀တခုမှ ဘ၀တခုသို့ ပြောင်းသွားသော ၀ိညာဉ်ရှိ၏ဟု ထင်နေသော ဒိဋ္ဌိ-ထင်တလုံး။

ထိုထင်သုံးလုံးသည်သံသရာရှည်စေသော နယ်ချဲ့အစွဲများ ဖြစ်သည်။ ယင်းထင်သုံးပါးဖြစ်သော တဏှာ-မာန-ဒိဋ္ဌိသည် သတ္တ၀ါတို့အား သံသရာ၌ ရှည်မြင့်စွာ စုန်ဆန်လှည့်လည်စေတတ်သောကြောင့် ပပဉ္စ-အမည် ပေးတော်မူခဲ့သည်။ မာန်ယစ်စေသော အခြင်းအရာ၊ မေ့လျော့သော အခြင်းအရာ၊ အမှားကို နှလုံးသွင်းသူအဖြစ်သို့ ရောက်စေသောအခြင်းအရာကြောင့်လည်း ပပဉ္စ-အမည် ခေါ်ရသေး၏။
ယင်းပပဉ္စ တရားတို့၏ အစွမ်းဖြင့် သံသရာတွင် နစ်မွန်းနေကြရခြင်း၏ အကြောင်းရင်းမှာ နယ်ချဲ့ရန်သူကို မသိမြင်ခြင်း၊ သို့သော်လည်း ပယ်သတ်နည်းကို မသိခြင်း၊ နည်းကို သိသော်လည်း လေးနက်စွာ အားထုတ်ကျင့်သုံးမှု မရှိခြင်းတို့ ဖြစ်လေသည်။ ထို့ကြောင့် ရှေးဦးစွာ တဏှာ-မာန-ဒိဋ္ဌိ တို့၏ အကြောင်းခြင်းရာတို့ကို စေ့ငုစွာ နားလည်သိရှိရန် လိုအပ်ပေသည်။ အပြောလွယ်ပါ၏။ တကယ်သိရှိ နားလည်ရန် သဘောပေါက်ရန် မလွယ်ပါ။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုစိတ်ကို အဓိပတိတပ်၍ ဆရာကောင်း သမားကောင်းများထံ ဆည်းကပ်နည်းယူကာ စနစ်တကျ လေ့လာသင်ယူမှသာ သဘောပေါက်ပါမည်။
တဏှာသည် အနုသယအနေအားဖြင့် ကာမရာဂါနုသယ၊ ဘ၀ရာဂါနုသယ ဟူ၍ အမည်နှစ်မျိုး ခံယူလျက် သတ္တ၀ါတို့အား နယ်ချဲ့လျက်ရှိသည်။ ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်-သုံးဦး။ သို့မဟုတ်-အနာဂါမ်-ပါ လေးဦးတို့အား နယ်ချဲ့နိုင်၏။
မာနာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ဟူ၍ လေးဦးတို့ကို တပြောင်းပြန်ပြန် ကျင်လည်စေသည်။
ဒိဋ္ဌာနုသယသည် ပုဂ္ဂိုလ်အားဖြင့် ပုထုဇဉ် တဦးကိုသာ နယ်ချဲ့စေနိုင်သည်။

အနည်းဆုံး သောတာပန်စခန်းရောက်အောင် ကြိုးစားအားထုတ်ထားလျှင် ဤပပဉ္စတရားသည် အလွန်ဆုံး ခုနစ်ဘ၀သာ နယ်ချဲ့နိုင်တော့သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ဒုလ္လဘ လူ့ပဒေသာပင်ကို ရနေသော အချိန်ကာလကောင်းတွင် ပညာဉာဏ်ကြီးမား၊ ကရုဏာရှေ့ထား၍ ကြိုးစားသင်ကြားပေးနေကြသော ဆရာသမားကောင်းများကို ဆည်းကပ်လျက် သံသရာဝဋ်မှ ကျွတ်လွတ်ရေး၊ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ရေးကို ကြိုးစားတော်မူကြပါဟု နှိုးဆော်အားပေးလိုက်ရပါသည်။

Apr 4, 2014

ငါးရာနှစ်ဆယ်ရှစ်သွယ် မေတ္တာ

အချို့သူများသည် ချစ်ခြင်းမေတ္တာကို စကားစပ် ပြောဆိုရာ၌ အရေအတွက်အားဖြင့် ၁၅၀၀ နှင့် ၅၂၈-ကို နှိုင်းယှဉ်တတ်ကြသည်။ ထိုသူများသည် မေတ္တာ၏ အရင်းခံသဘောကို လေးနက်စွာ မစဉ်းစားဘဲ အယူအဆလွဲကာ တမျိုးတစားတည်း ထား၍ ပြောဆိုနေကြပုံရသည်။
စင်စစ်အားဖြင့် ထိုနှစ်မျိုးသည် အလွန်ကွဲပြား ခြားနားသည်။...
၁၅၀၀-ဟူသည် ညစ်ညမ်းသော ကိလေသာတရားများပေါ်တွင် မူတည်၍ ရေတွက်ထားခြင်း ဖြစ်သည်။
၅၂၈-သည် သန့်ရှင်းစင်ကြယ်သော စိတ်ကောင်း စိတ်မြတ်ပေါ်တွင် မူတည်သည်။ မေတ္တာစိတ်ရှိသူ၏ မျက်နှာသည် လန်းဆန်းကြည်လင်၍ ကြည်ညိုလေးစားဖွယ်အသွင်ကို ဆောင်သည်။

မြတ်ဗုဒ္ဓသည် မေတ္တာပွားနည်းကို အသွယ်သွယ်ဖော်ပြ နည်းညွှန်ခဲ့ရာ ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် ဟောတော်မူခဲ့သော ငါးရာနှစ်ဆယ်ရှစ်သွယ်သော မေတ္တာသည်လည်း မေတ္တာပွားနည်း တနည်း ဖြစ်ပါသည်။
သတ္တ၀ါကို မည်သူမည်ဝါ ယောက်ျား-မိန်းမ စသည်ဖြင့် အထူးမရည်ညွှန်းဘဲ သာမညပို့သောမေတ္တာကို အနောဓိသ မေတ္တာ-ဟုခေါ်၏။
မိန်းမ နှင့်ယောက်ျားကို တကန့်စီ၊ အရိယာနှင့် ပုထုဇဉ်ကို တကန့်စီ၊ နတ်-လူနှင့် အပါယ်သတ္တ၀ါကို တကန့်စီ အထူးရည်ညွှန်းလျက် ပို့ရသောမေတ္တာကို သြဓိသ မေတ္တာ-ဟုခေါ်၏။

အနောဓိသ မေတ္တာ ၅-မျိုးမှာ-
(၁) သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တ၀ါတို့
(၂) သဗ္ဗေ ပါဏာ-အလုံးစုံသော အသက်ရှိသူတို့
(၃) သဗ္ဗေ ဘူတာ-အလုံးစုံသော ထင်ရှားဖြစ်သူတို့
(၄) သဗ္ဗေ ပုဂ္ဂလာ-အလုံးစုံသော ပုဂ္ဂိုလ်တို့
(၅) သဗ္ဗေ အတ္တဘာဝပရိယာပန္နာ-ခန္ဓာကိုယ် အတ္တဘောရှိသူအားလုံးတို့

သြဓိသ မေတ္တာ ၇-မျိုးမှာ-
(၁) သဗ္ဗာ ဣတ္ထိယော-အလုံးစုံသော မိန်းမတို့
(၂) သဗ္ဗေ ပုရိသာ-အလုံးစုံသော ယောက်ျားတို့
(၃) သဗ္ဗေ အရိယာ-အလုံးစုံသော အရိယာတို့
(၄) သဗ္ဗေ အနရိယာ-အလုံးစုံသော ပုထုဇဉ်တို့
(၅) သဗ္ဗေ ဒေ၀ါ-အလုံးစုံသော နတ်တို့
(၆) သဗ္ဗေ မနုဿာ-အလုံးစုံသော လူတို့
(၇) သဗ္ဗေ ၀ိနိပါတိကာ-အလုံးစုံသော အပါယ်သတ္တ၀ါအပေါင်းတို့

ထိုနှစ်ခုပေါင်း ၁၂-ဦးကို မေတ္တာပို့ ၄-မျိုးနှင့် ဆက်စပ်ပြီး မေတ္တာပွားရသည်။
ယင်း ၄-မျိုးမှာ-
(၁) အဝေရာ ဟောန္တု-ဘေးရန် ကင်းကြပါစေ
(၂) အဗျာပဇ္ဇာ ဟောန္တု-စိတ်ဆင်းရဲ ကင်းကြပါစေ
(၃) အနီဃာ ဟောန္တု-ကိုယ်ဆင်းရဲ ကင်းကြပါစေ
(၄) သုခီအတ္တာနံ ပရိဟရန္တု-ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်ရွက်နိုင်ကြပါစေ။

အနောဓိသ သြဓိသ ၁၂-မျိုးကို မေတ္တာပို့ အခြင်းအရာ ၄-မျိုးနှင့် မြှောက်ပွားပါက မူလအခြေခံ မေတ္တာ ၁၂-၄=၄၈ မျိုးရ၏။
ယင်း ၄၈-မျိုးကို အရပ် ၁၀-မျက်နှာဖြင့် မြှောက်လျှင် ၄၈-၁၀=၄၈၀ ရသည်။
ယင်း ၄၈၀ ကို အရပ်မျက်နှာဖြင့် ပိုင်းခြားပြီး ပွားများရသော မေတ္တာဖြစ်ခြင်းကြောင့် ဒိသာဖရဏမေတ္တာ-ဟု ခေါ်သည်။
ဤ ၄၈၀-ကို အထက်တွင် ပြခဲ့သော အရပ်မျက်နှာမထည့်ဘဲ ပွားများရသောမေတ္တာ ၄၈-ပါးနှင့် ပေါင်းလျှင်
( ၄၈၀+၄၈=၅၂၈ ) ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ ဖြစ်သည်။

ဤပွားနည်းကို ကြည့်ပါက အလွန်စင်ကြယ်သောစိတ်ဓာတ် ဖြန့်ကြက်လွှမ်းခြုံထားပုံကို အထင်အရှား တွေ့မြင်နိုင်ပါသည်။
ကိလေသာ ၁၀-ပါးကို အခြေခံထားသော ၁၅၀၀-နှင့် ၅၂၈ ကွားခြားပုံကို သတိပြုတော်မူနိုင်ကြပါစေ။ စစ်မှန်သော မေတ္တာတရား ပွားများနိုင်ကြပါစေ။

ကိုယ်တိုင်ပြုလုပ်မှု နှင့် သူတပါးအား တိုက်တွန်းနှိုးဆော်မှု

ကိုယ်တိုင်ပြုလုပ်မှု နှင့် သူတပါးအား တိုက်တွန်းနှိုးဆော်မှု
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ငယ်ရွယ်စဉ်ကစ၍ ကုသိုလ်ကောင်းမှု အစုစုကို ပြုလုပ်လာကြသူများဖြစ်သည်။ ထိုဓလေ့ကို ဝေးခေါင်ချောင်ကျသော ကျေးလက်တောရွာမှစ၍ မြို့ကြီးပြကြီးအထိ ယောက်ျား-မိန်းမ-လူကြီး-လူငယ် အားလုံး ကျေနပ်နှစ်သက်ပျော်ရွှင်စွာ ကျင့်သုံးလာကြသည်။
ဘုရားပွဲ, ၀ါဆိုပွဲ, ၀ါကျွတ်ပွဲ, ကထိန်ပွဲ စသည်တို့သည် လူအများရင်းနှီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရင်း ကုသိုလ်ယူကြသော အခမ်းအနားအစီအစဉ်များ ဖြစ်သည်။ ဆော...င်ရွက်မှုများမှာ ဒါကုသိုလ်နှင့် ပတ်သက်သည်သာ များကြ၏။ မှန်ပေသည်။ မြတ်စွာဘုရားသည် လူအများကို တရားပြရာ၌ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, မဂ္ဂကထာ စသည်ဖြင့် အစီအစဉ်လိုက် ဆောင်ရွက်တော်မူမြဲဖြစ်သည်။
ထိုသို့ ဒါနမှုပြုရာ၌ ဆွမ်းတလုပ်, ပန်းတပွင့်သည်ပင် စေတနာမှန်ကန် ထက်သန်မှုအလျောက် အကျိုးပေးနိုင်သည်။ ထိုကဲ့သို့ အကျိုးပေးနိုင်သည်ကို တပွင့်မျှပန်း-မြေမှုန့်ဆွမ်းဖြင့်ပင်-ကြီးကျယ်ဖွင့်ဖြိုး-တောင့်တတိုင်း အကျိုးကို ပြီးစေနိုင်၏-ဟူသော ဆုံးမချက်က ညွှန်ပြထားလေသည်.
ဒါနကို ကိုယ်တိုင်လှူရုံမက အခြားသူများကိုပါ စေတနာသဒ္ဓါတရား ပေါက်စေရန် နှိုးဆော်တိုက်တွန်းမှုကို ပြုသင့်ကြပေသည်။ မြတ်စွာဘုရားက အလှူရှင်လေးမျိုးကို ညွှန်ပြတော်မူရာ၌-
၁။ မိမိချည်းသာ လှူ၍-သူတပါးအား မတိုက်တွန်း မနှိုးဆော်သူ။
၂။ မိမိ လှူနိုင်စွမ်းမရှိ-သူတပါးအား တိုက်တွန်းနှိုးဆော်သူ။
၃။ မိမိလည်းလှူနိုင်စွမ်း မရှိ-သူတပါးအားလည်း မတိုက်တွန်း မနှိုးဆော်သူ။
၎။ မိမိလည်း လှူဒါန်း၍-သူတပါးအားလည်း တိုက်တွန်းနှိုးဆော်သူ။ ဟူ၍ ဟောတော်မူခဲ့သည်။

ထိုလေးမျိုးတို့တွင် ကိုယ်တိုင်လည်းလှူ၍ သူတပါးအားလည်း တိုက်တွန်းသူသည် ဖြစ်လေရာဘ၀၌ စည်းစိမ်ဥစ္စာ ချမ်းသာမှု ပြည့်စုံရုံသာမက အခြံအရံ အဆွေခင်ပွန်းကောင်းနှင့်လည်း ပြည့်စုံသည်-ဟု ဟောညွှန်ခဲ့ပါသည်။ ထိုသူမျိုးဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ကြပါစေ။

Apr 3, 2014

ဆင်းရဲသော်လည်းမနှိမ်ချခြင်း

ဆင်းရဲသော်လည်းမနှိမ်ချခြင်း
မိတ်ဆွေကောင်းမည်သည် အသားစီးရမှ ပေါင်းသင်းသူမဟုတ်။ ဂုဏ်ရှိမှ ချဉ်းကပ်သူ မဟုတ်။ ဆင်းရဲနိမ့်ကျသော မိတ်ဖက်ကိုသော်လည်း မနှိမ်မချ ကိုယ်နှင့် ထပ်တူ ချီးမြှောက်နိုင်သူ၊ ဖေးမ ကူညီသူ ဖြစ်၏။
ဆင်းရဲသော မိတ်ဆွေကို ချီးမြှောက်ရာ၌ ကာဠကဏ္ဏိဇာတ်တော်လာ အနာထပိဏ် သူဌေးသည် အတုယူလောက်သူ ဖြစ်၏။
...
ကာဠကဏ္ဏီဇာတ်
ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ မိတ်ဆွေဖြစ်၏။ ကာဠကဏ္ဏီနှင့် အနာထပိဏ်တို့သည် ငယ်ဖော်ကစားဖက်များ ဖြစ်ကြ၏။ အတူ ပညာသင်ယူဖက်လည်း ဖြစ်ကြ၏။
အရွယ်ရောက်သောအခါ အနာထပိဏ် ချမ်းသာချိန်၌ ကာဠကဏ္ဏီသည် ဆင်းရဲနေ၏။ စားရမဲ့ သောက်ရမဲ့ အခြေအနေထိ ရောက်သွား၏။
ထို့ကြောင့် အနာထပိဏ်သည် ဆင်းရဲနေသော ငယ်သူငယ်ချင်းကို အိမ်မှာခေါ်ထား၍ စောင့်ရှောက်၏။ ကာဠကဏ္ဏီသည် အနာထပိဏ် သူဌေး၏ ဥစ္စာတို့ကို ထိန်းသိမ်း စောင့်ရှောက်ပေးရ၏။
တစ်ခါသော် အနာထပိဏ်သည် မိမိအပိုင်စားရသော ရွာသို့သွားစဉ် ကာဠကဏ္ဏီကို အိမ်စောင့်ထားခဲ့၏။ အနာထပိဏ်မရှိဟု သတင်းကြားသော သူခိုးတို့သည် လက်နက်ကိုယ်စီဖြင့် အနာထပိဏ်၏ အိမ်ကို ဝိုင်းရံကြ၏။
ကာဠကဏ္ဏီသည် ခိုးသူတို့ ရောက်လာသည်ကို သိ၍ အိမ်ထဲ၌ လူများရှိနေဟန် ပြု၏။ “ခရုသင်းမှုတ်လော့၊ စည်တီးလော့” စသည်ဖြင့် အိမ်တွင်း၌ ပွဲသဘင် ကျင်းပနေဟန်ဆောင်၏။ ခိုးသူတို့သည် အထင်မှားကာ လက်နက်တို့ကိုစွန့်၍ ပြေးကြ၏။ မိတ်ဆွေကောင်း ကာဠကဏ္ဏီကြောင့် အနာထပိဏ်သူဌေး၏ ပစ္စည်းများ မဆုံးရှုံးရခြင်း ဖြစ်၏။
ဆင်းရဲသောမိတ်ဆွေကို မနှိမ့်ချဘဲ ကူညီသင့်ကြောင်း၊ ထိုမိတ်ဆွေက ပြန်လည် ကျေးဇူးပြုတတ်ကြောင်း ဤဇာတ်တော်၌ ထင်ရှား၏။


ထေရဝါဒ တို့တိုင်းပြည်

ဘေးရှိသော ကိုးကွယ်ခြင်း နှင့် ဘေးမရှိသော ကိုကွယ်ခြင်း

၁၈၈။ ကြောက်ရွံ့ထိတ်လန့်ကုန်သော များစွာသောလူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ နေရာတို့ကိုလည်းကောင်း၊ အထိကရ သစ်ပင်စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။
၁၈၉။ ဤ တော တောင် နေရာ အထိကရသစ်ပင်စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သောကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်...
အကြင်သူသည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို လည်းကောင်း ကိုးကွယ်ဆည်းကပ်၏၊ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊ ဆင်းရဲမှ လွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအမှန် အင်္ဂါရှစ်ပါးရှိသော မြတ်သောမဂ္ဂသစ္စာ ဟူသော အရိယသစ္စာလေးပါးတို့ကို ကောင်းစွာ မဂ်ပညာဖြင့် မြင်နိုင်၏။

ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ မြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏၊ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်၏။
၁၈၈။ ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။

၁၈၉။ နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ။
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

၁၉၀။ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

၁၉၁။ ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမ။
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

၁၉၂။ ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ။
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

bahuṃ ve saranaṃ yanti
pabbatāni vanani ca
ārāmarukkhacetyāni
manussā bhayatajjitā.
Netaṃ kho saraṇaṃ khemaṃ
netaṃ saraṇamuttamaṃ
netam saranamagamma
sabbadukkhā pamuccati.
yo ca buddhanaca dhammañca
saṃghañca saranaṃ gato.
cattāri ariyasaccāni.
sammapaññāya passati
dukkhaṃ dukkhasamuppādaṃ
dukkhassa ca atikkamaṃ
ariyaṃ catthangikaṃ maggaṃ
dukkhūpasamagāminaṃ
etaṃ kho saranaṃ khemaṃ
etaṃ saraṇmuttamam.
etaṃ saranamāgamma
sabbadukkhā pamuccati.

when threatended with danger,men go to many a refuge,
to mountains and forests, to parks and gardens,and to sacred trees.
but such a refuge is not a safe refuge, not the best refuge.
one is not liberated from all evil consequences of existence(dukkha)
for having come to such a refuge.
one who takes refuge in the buddha, the dhamma truths,
viz,dukkha, the cause of dukkha, the cessation of
dukkha, and the noble path of eight constituents which leads
to the cessation of dukkha.
this, indeed, is the safe refuge,' this is the best refuge.
having come to this refuge, one is liberated from all
dukkha.(dhammapada)


 https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/501057299977813

ကုဟကဇာတ်

မိန်းမတို့ကို မာယာများသူဟု စွပ်စွဲတတ်ကြ၏။ စင်စစ်အားဖြင့် မာယာဟူသည် မိန်းမတို့၏ လက်နက်မဟုတ်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်ပေသည်။ ကျားမမဟူ ပုထုဇဉ်မှန်သမျှ မာယာရှိတတ်ကြ သည်သာတည်း။ ယောက်ျားမာယာကို ဇာတကအဋ္ဌကထာ ကုဟကဇာတ်မှ ရသေ့စဉ်းလဲ ဝတ္ထုဖြင့် သိနိုင်၏။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်း လက်ထက်က ရွာသား တစ်ယောက်သည် ရသေ့တစ်ဦးကို ကိုးကွယ်ထား၏။ ထိုရွာသားသည် ခိုးသားဓားပြဘေးကြောင့် ရွေစင်နိက္ခ တစ်ရာကို ရသေ့၏ ကျောင်းအနီး၌ မြေမှာမြှုတ်၍ ရသေ့ကို စောင့်ရှောက်ပေးရန် မှာကြား၏။ ထိုအခါ ရသေ့ရဟန်းတို့မည...်သည် ဤသို့ ရွေငွေကို မစောင့်ရှောက်ကောင်းဟု ရသေ့က ဆို၏။
ထို့နောက် ရသေ့သည် “ရွှေစင်နိက္ခ တစ်ရာဆိုလျှင် လူဘောင်မှာ ချောင်ချောင် လည်လည် နေနိုင်ပြီ”ဟု ကောက်ကျစ်သော အကြံ အစည်ဖြစ်၍ ရွှေများကို တစ်ခြားနေရာသို့ ပြောင်းရွှေ့ မြှုတ်နှံထား လိုက်၏။ ဤသို့ မရိုးသားသော စိတ်ဖြင့် သူတစ်ပါး ပိုင်သော ပစ္စည်းကို နေရာ ပြောင်းရွှေ့မှုသည် ခိုးယူခြင်း တစ်မျိုးပင် ဖြစ်၏။
ထို့နောက် “အနေကြာလျှင် ဒကာတို့အပေါ် သံယောဇဉ် ဖြစ်တတ်သည်။ တစ်ခြား အရပ်သို့ သွားတော့မည်”ဟု ရွာသားကိုပြော၍ ထွက်ခွာရန် ပြင်၏။ ဒကာသည် သူကြည်ညိုသော ရသေ့ကို တားမရသောကြောင့် ရွာတံခါးအထိ လိုက်ပို့ နှုတ်ဆက်၏။ ရသေ့သည် အတန်ငယ် သွားပြီးနောက် ဒကာထံသို့ ပြန်လာ၍ “ဒကာ သင့်အိမ်အမိုးက သက်ငယ်မြက်တစ်ပင် ငါ့ဆံပင်ကြားမှာ ငြိပါလာသည်။ ရသေ့ရဟန်း မည်သည် မပေးလှူလျှင် မြက်တစ်ပင်ကိုမျှ မယူကောင်း” ဟုဆိုကာ ဆံကျစ်ကြားမှ မြက်ပင်ကို ဒကာအား ပေး၏။ ဒကာသည် ရသေ့ကား ရိုးသားလှပေစွဟု အောက်မေ့ကာ ရသေ့ကို တိုး၍ ကြည်ညိုသွား၏။ ထို့နောက် ရသေ့သည် နေရာပြောင်း၍ ခိုးဝှက်ထားသော ရွှေတို့ကို သွားယူ၏။
သို့သော် ထိုအချိန်၌ ဒကာ၏အိမ်မှာ ဘုရားလောင်း ရောက်ရှိနေ၏။ ဘုရားလောင်းသည် ရသေ့၏စကား၌ မရိုးသားမှုကို တွေ့မြင်ရသောကြောင့် ရွှေတို့ကို သွားကြည့်စေ၏။ မူလနေရာ၌ ရွှေများ မတွေ့ရတော့၍ ရသေ့နောက်သို့ အမြန်လိုက်ကြရာ ရွှေများနှင့်တကွ ရသေ့ကို ဖမ်းမိလေ၏။
ဤဝတ္ထု၌ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကို ပြန်ပေးသော ရသေ့၏ လှည့်ပတ်မှုသည် မာယာပင်ဖြစ်၏။ သံသရာဝဋ်မြစ် လောဘ၏ နာမည်တစ်မျိုးဖြစ်သော ဤမာယာသည် သတ္တဝါတို့၏ သန္တာန်၌ သံသရာအဆက်ဆက် အမြစ်တွယ်လာခဲ့၍ ပယ်ရှောင်ရန် ခက်ခဲသော အကုသိုလ် ဖြစ်၏။
မာယာမည်သည် အကုသိုလ် ဖြစ်သောကြောင့် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မာယာရှင် ဖြစ်သည်နှင့် အကုသိုလ်ကောင် ဖြစ်သွားတော့၏။ မယာရှင်သည် လောကအတွက် အန္တရာယ်ရှိသူ မပေါင်းသင့်သူ ဖြစ်၏။ မာယာသည် ပယ်ရန်ခက်သည့် တရားဆိုး ဖြစ်သော်လည်း မိမိသန္တာန်၌ မာယာ မဖြစ်အောင် သတိထားကြရပေမည်။ မာယာရှင်ကို မိတ်ဆွေအဖြစ် မပေါင်းသင်းဘဲ ကိုယ်ကိုယ်တိုင်လည်း မာယာရှင် မဖြစ်အောင် ဂရုစိုက်ကြရပေမည်။

ကိုယ်ဝန်ဖျက်ချခြင်းအပေါ် ဗုဒ္ဓဘာသာအမြင်

“ကိုယ်ဝန်ဖျက်ချထားသော ကလေးငယ်အလောင်းပေါင်း ၂၀၀၀ ကျော်” သတင်းကို ဖတ်ပြီး အံ့သြတုန်လှုပ်ခဲ့ရပါတယ်။ ဆက်ပြီး စဉ်းစားမိခဲ့ပါတယ်။
ဗုဒ္ဓဘာသာအလိုအရ ဘ၀တစ်ခုဟာ ပဋိသန္ဓေက စပါတယ်။ မိခင်ရဲ့ ၀မ်းထဲမှာ သန္ဓေသားအဖြစ် မပီပြင်သေးခင် ကလလရေကြည်တည်ကတည်းက ဘ၀တစ်ခုလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဖျက်ချခြင်းဟာ ပါဏာတိပါတကံထိုက်ပါတယ်။ အဖျက်ခံရတဲ့ ကိုယ်ဝန်က လူ့ကိုယ်ဝန် ဖြစ်နေရင်တော့ ဘာသာရေးအရ လူသတ်မှုပေါ့။
...
ပါဏာတိပါတကံရဲ့ အလေးအပေါ့ကို ဘာသာရေးအရ ဆုံးဖြတ်ရာမှာ အသတ်ခံရတဲ့ ပုဂ္ဂိုလ်သတ္တ၀ါရဲ့ အရည်အချင်း နဲ့ အရေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ အရည်အချင်းဆိုတာ သီလ သမာဓိ ပညာစတဲ့ ဂုဏ်ရည်ဖြစ်ပါတယ်။ အရေအတွက်ဆိုတာကတော့ ခန္ဓာကိုယ် အကြီးအသေး ဖြစ်ပါတယ်။ အရည်အချင်းနဲ့ ပတ်သက်လို့ ဥပမာ သီလရှိတဲ့သူကို သတ်တာက သီလမရှိတဲ့သူကို သတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ ကျေးဇူးကြီးတဲ့သူကို သတ်တာက ကျေးဇူးမကြီးတဲ့သူကို သတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ လောကမှာ သီလ သမာဓိ ပညာ အစင်ကြယ်ဆုံး အကြီးမြတ်ဆုံးဖြစ်တဲ့ ရဟန္တာအရှင်သူမြတ်တွေကို သတ်ဖြတ်ခြင်း၊ ကျေးဇူးကြီးမားလှတဲ့ မိဘနှစ်ပါးကို သတ်ဖြတ်ခြင်းတို့ကို အပြစ်အကြီးဆုံးလို့ သတ်မှတ်ပါတယ်။ သေရင် မုချ အပါယ်လားရမယ့် အနန္တရိယကံ (ပဉ္စာနန္တရိယကံမှာပါဝင်)လို့ သတ်မှတ်ပါတယ်။ အရေအတွက်နဲ့ ပတ်သက်လို့ ထင်ရှားအောင် တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း ဥပမာနဲ့ ရှင်းပြလေ့ ရှိပါတယ်။ ဆင်ကိုသတ်တာက ခြင်ကိုသတ်တာထက် ပိုပြီး အပြစ်ကြီးပါတယ်။ အသတ်ခံရတဲ့ ပုဂ္ဂိုလ်သတ္တ၀ါရဲ့ ခန္ဓာကိုယ် အကြီးအသေးပေါ် မူတည်ပြီး အင်အားစိုက်ထုတ်မှု စေတနာစိုက်ထုတ်မှု ကွာခြားလို့ဖြစ်ပါတယ်။ ကြီးမားတဲ့သတ္တ၀ါကို သတ်တဲ့အခါမှာ အားစိုက်ထုတ်မှု ကြီးမားတဲ့အတွက် အပြစ်ကြီးလေးပါတယ်။ သေးငယ်တဲ့ သတ္တ၀ါကို သတ်ဖြတ်တာက အားစိုက်ထုတ်မှု နည်းတဲ့အတွက် အပြစ်ပေါ့ပါတယ်။ ဒီရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သန္ဓေသားကို သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းဟာ အရွယ်ရောက်တဲ့လူကို သတ်တာလောက် အပြစ်မကြီးပါဘူး။ သန္ဓေသားရဲ့ အရည်အသွေးရော အရည်အချင်းပါ သေးငယ်နိမ့်ကျနေသေးလို့ သတ်ရတာလည်း (အရွယ်ရောက်သူကို သတ်ရတာနဲ့စာရင်) လွယ်ကူလို့ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ ရှုထောင့်က မြင်ရတဲ့ အပြစ်သာ ဖြစ်ပါတယ်။ လောကပြစ်ကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေ (ရှိခဲ့ရင်)နဲ့အညီ ဖြစ်ပါလိမ့်မယ်။
အပြစ်ကြီးကြီးသေးသေး သတ်ဖြတ်မှုမှန်သမျှကို ဗုဒ္ဓဘာသာက ရှုတ်ချပါတယ်။ ပါဏာတိပါတသိက္ခာပုဒ်နဲ့ တားမြစ်ပါတယ်။
ဒီတော့ ဒီကိစ္စကို အားပေးအားမြှောက် မလုပ်သင့်တာ ရှင်းပါတယ်။ ဒါပေမယ့် အသားလွတ် ရှုတ်ချတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကာယကံရှင်တွေ ကိုယ်တိုင်လည်း ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာမျိုး မလွဲသာလို့ လုပ်လိုက်ရတာ မဟုတ်လား။ ရှုတ်ချတာထက် မေတ္တာ ကရုဏာစတဲ့ ကောင်းမြတ်တဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို ကျင့်သုံးပြီး ဒီလိုကိစ္စ ဖြစ်လာအောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်တာက ပိုပြီး အကျိုးရှိပါတယ်။ ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ မွေးလာမယ့်ကလေးကို မယူချင်လို့ အခြေအနေအရ မယူနိုင်လို့ ဖြစ်ရတာပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကို ဒီနေ့ခေတ်မှာ နည်းမျိုးစုံနဲ့ ကာကွယ်နိုင်ပါတယ်။ ဥပမာ - ပညာပေးခြင်း၊ သွန်သင်ဆုံးမခြင်း။ မိခင်က မလိုချင်တဲ့ ကလေးငယ်ကို အသတ်မခံရအောင် သွယ်ဝိုက်တဲ့နည်းနဲ့ အကာအကွယ် ပေးနိုင်ပါတယ်။ ဥပမာ - ကလေးမွေးစားမှုဓလေ့ ထွန်းကားစေခြင်း။

ရှင်အာစာရ
21Nov10

 ထေရဝါဒ တို့တိုင်းပြည်စာမျက်နှာမှ=