........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Jan 30, 2013
ဖတ်ရန်စာအုပ်များ
ဘုရားရှင်တို့၏ လက္ခဏာတော် (၃၂)ပါး
ဗုဒ္ဓ မြတ်စွာကိုဖူးမြင်ရသော သေလအမည်ရှိသော ဝေဒပညာရှင်သည် ဗုဒ္ဓကိုမြင်သောအခါ စကြာမင်း ဖြစ်ထိုက် သောပုဂ္ဂိုလ်ပါတကား၊ စကြာမင်းလုပ်တော်မူပါဟု လျှောက်ထားလေသည်....
Download နိဗ္ဗာန်
နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာန နှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော....
Download
ဗုဒ္ဓ္ဓဃောသ၊ အရှင်မဟာ ( အေဒီ ၅-ရာစု)
ဗုဒ္ဓရှင်တော်မြတ် စတင်ဖော်ထုတ်ပြီး ပိဋကတ်သုံးပုံ အဆောက်အအုံဖြင့် အထွတ်တပ်ထားသော ဗုဒ္ဓဝါဒသည် ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိခဲ့သည့် မဟာဗောဓိညောင်ပင်မှ အကိုင်းနှင့်အတူ ဘီစီ ၃-ရာစုမှ....
Download လေးကျွန်းတမြင်းမိုရ်
“လူ”ဟူသည် ပါဠိဝေါဟာရ“မနုဿ”ဟူသော ပုဒ်မှ ဆင်းသက်လာသည်။ အဋ္ဌကထာ(အဖွင့်)ဆရာက “လောဘ၊ အလောဘ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်၏ပြန့်ပြောများပြားသည်....
Download အနုရုဒ္ဓါ အရှင် (အေဒီ ၁၂-ရာစု မတိုင်မီ)
သီဟိုဠ်ဆရာတော် အရှင်နာရဒကဆိုခဲ့သည် ။ အဘိဓမ္မတ္ထ သင်္ဂဟ၌ ထင်ရှားသည့်ဋီကာ(အဖွင့်ကျမ်း) လေးစောင်ရှိသည်။ ယင်းတို့ မှာ....
Download ဘ၀အမြင်သစ်
သတ္တ၀ါဟူသမျှသည် ဒုက္ခကို ကြောက်ကြသည်ချည်း ဖြစ်သည်။ လူသည်လည်း သတ္တ၀ါမျိုးနွယ်တွင် ပါဝင်သည် ဖြစ်ရာ၊ ဒုက္ခကို ကြောက်သည်ပင်ဖြစ်သည်....
Download သာရိပုတ္တရာ။ အရှင် (၁၂-ရာစုနှောင်းပိုင်း)
အရှင်မြတ်၏ အသိပညာ နက်နဲကြွယ်ဝမှုနှင့် ဖွင့်ဆိုစွမ်းရည်တွင် ထိပ်တန်းပုဂ္ဂိုလ် ဖြစ်ကြောင်း ဖော်ပြသည်။ သရုပ်ဖော် ပုံဝတ္ထုများစွာတို့မှာ သီဟိုဠ်မထေရ်များနှင့် ဥပသကာများဖြစ်သည်....
Download သုခ၊ မေတ္တာသုတ်
စိတ်ထားကို အဝေးကပင် သိမြင်အကဲခတ်နိုင်ပါသည်။ ရောင့်ရဲလွယ်သည် ဟူသော စကားသည် သူတို့ လောကမှာ လူပျော့၊ လူညံ့၊ လူပျင်းတို့၏....
Download
Jan 26, 2013
သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းသည် သဟဇာတဖြစ်
မေတ္တာ တရားဖြင့် ချမ်းမြေ့စွာ ပျော်မွေ့နေ လိုသူသည် မေတ္တာ၏ အခြံအရံ ကူဖော် လောင်ဘက် ဖြစ်သော သည်းခံခြင်း အလေ့ ရှိရသည်။ ခွင့်လွှတ်နိုင် စွမ်း အလေ့ ရှိရမည်။
ဤနှစ်မျိုး သောအလေ့ကို စိတ်ရင်း စေတနာဖြင့်ပုံမှန်ထားရှိရ၏။ စင်စစ် မှာလည်း သည်းခံခြင်းနှင့်ခွင့်လွှတ်ခြင်းသည် သဘောအားဖြင့် တစ်ပေါင်းတည်းဖြစ်၏။နှစ်ပါးတစ်ပါးသဟဇာတ,တရားမျိုး ဖြစ်သည်။
ဤ၌အထူးသတိပြုရမည်မှာ “ငါကားမေတ္တာဖြင့်နေသူ တည်း”ဟုမေတ္တာတစ်ခုတည်းသာပွားများနေပြီး ခွင့်လွှတ်နိုင်ခြင်း၊ သည်းခံ တတ်ခြင်း စေတနာအလေ့ မရှိခဲ့သော် ထာဝစဉ် ချမ်းမြေ့စွာ နေနိုင်လိမ့်မည်မဟုတ်ချေ။ (ကျေးဇူးတော်ရှင်တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး)
လူသေလျှင် လူပြန်ဖြစ်ပါသလား?
မြတ်စွာဘုရား ဟောကြားသော တရား တစ်ခုတွင် သမုဒ္ဒရာ ကြမ်းပြင်တွင် သွားသော လိပ်ကမ်းက နှစ်တစ်ရာပြည့်မှ အပေါ်တက်ပြီး မျော ချင်တိုင်း မျောနေသော သစ်သား တန်ပိုးနှင့် ဝင်ဆွပ်ရန် ဖြစ်ကောင်း ဖြစ်နိုင်ရာ၏။ လူသေပြီး လူ့ပြည်မှစ အထက် အထက် ဘုံဘဝ ကာမ သုဂတိဘုံ၊ ဗြဟ္မာဘုံ ရောက်ဖို့က အင်မတန် ခဲယဉ်း၏။ ဟု မြတ်စွာ ဘုရားရှင် ကိုယ်တိုင် ဟောကြားသည်။
အဘယ်ကြောင့် ထိုကဲ့သို့ဟောကြားသနည်း။
အမှန်စင်စစ် လူတို့သည် ကိလေသာကာမဂုဏ်တွင်ပျော်ပါးကြ၏။ ဆင်းရဲခြင်းဒုက္ခအမှန်ဟူသမျှ ကြောက်ရွံ့ကြ၏။ ခွေး၊နွားကဲ့သို့သော တိရစ္ဆာန်ဖြစ်ရမည်ကို ကြောက်ရွံ့ကြ၏။ မကျွတ်မလွတ်သော ဗြိတ္တာ၊ တစ္ဆေဘုံဘဝကို မလိုလားခြင်းဖြစ်ရာ၏။ ဆင်းရဲဒုက္ခ၏ အနှစ်အရသာဟူသမျှ တစ်စက်ကလေးတောင် ခံစားရန် မလိုလားကြသည်မှာ သတ္တဝါတိုင်း၏ လိုအင်ဆန္ဒဖြစ်၏။
ဖြစ်နိုင်လျှင် ဘာမှမလုပ်ပဲ ပျော်စရာဟူသမျှနေသော နတ်ပြည်ကဲ့သို့ ဘုံဘဝကိုတပ်မက်သည်။ ဗြဟ္မာဘုံတပ်မက်။ ဥာဏ်ပညာဖြင့် သိမြင်သူတို့က ကိလေသာကုန်စင်သော နိဗ္ဗာန်ဟူသော နောက်ဆုံး ပန်းတိုင်ကို ရောက်ရှိရန် လိုချင်ဆန္ဒပြုကြ၏။
သေပြီးလျှင် မိမိသည် မည်သည့်ဘုံဘဝ၊ မည်သည့်ပုံသဏ္ဍန်အမျိုးအစားနှင့် ကံဘဝတစ်ခုရရှိမည်ကို သိရှိလိုကြသည်။ သေသည်ဟူသော မရဏတရားကိုကြောက်ရွံ့ကြသည်။ သေပြီးလျှင် ဖြစ်နိုင်မည့်ဘဝများကို မြတ်စွာဘုရားပွင်ထွန်းပေါ်ပြီးသော အခါ သိရှိလာရသည်။
မည်သည့်ကုသိုလ်၊အကုသိုလ်ပြုလုပ်လျှင် မည်သည့် ဘုံဘဝရရှိမည် ကို သေချာသိစေသည်။ ဘုံအမျိုးအစား တိတိကျကျ သိရချေသည်။ ငရဲကိုသိရချေသည်။ တိရစ္ဆာန်ဘုံကို သိရချေသည်။ စသည်ဖြင့်၊ စသည်ဖြင့် ၃၁ ဘုံလုံးကို သိရှိလေ့လာရပြီး ထိုဘုံဘဝများနှင့်လွတ်ကင်းသော နိဗ္ဗာန် ဟူသည့် ဘုံကို သိရှိရလာပြန်သည်။
ထိုဘုံဘဝများကိုသိရှိပြီး ယင်းဘုံဘဝများမှလွတ်ကင်းအပ်သော တရားများကို ဟောကြားသည်။ မဂ်ဖိုလ်ရအပ်သော သစ္စာလေးပါး တရားပါဝင်သည့် အဘိဓမ္မာတရား များကိုဟောကြားသည်။ တရားအစု ကဋေပေါင်း ၈သောင်း ၄ထောင် အကျယ်ဟောကြားပြီး လိုက်လံကျင့်သုံးရလွယ်ကူသော အကျဉ်းတရားလည်း ဟောကြားသည်။
ဆင်းရဲခြင်းအမှန်လွတ်ကင်းအပ်သော တရားအစစ်ကို ကျမ်းဂမ်ပြည့်ပြည့်စုံ စုံနှင့် မလေ့လာနိုင်သည့်တိုင် တရားအနှစ်ချုပ် အကျဉ်းများကို ဟောကြားပေး သည်။ လေ့လာသင်ယူစေသည်။
သို့သော် ယင်းတရားများကို မလေ့လာမိသူနှင့် လေ့လာမိပြီးသည့်တိုင် ဥာဏ်မထက်သန်သူတို့က သံသယတို့ ဝင်လာရသည်။ ဥပမာ- လူသေလျှင် လူပြန်ဖြစ်သည် ဟူ၍ဖြစ်သည်။
လူသေလျှင်လူပြန်ဖြစ်ပါတယ်။ သို့သော် မြတ်စွာဘုရားဟောကြားသကဲ့သို့ လက်သည်းခွံတော်တွင်း ကပ်နေသော ဖုံတစ်စက်ကသာ လူဖြစ်ပြီး ကမ္ဘာပေါ်ရှိ သံမှုမြေသားအားလုံးမှာ ငရဲ၊တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ် ကဲ့သို့သော အပါယ်ဘုံတို့ကို ရအပ်သည်။
ထို့ကြောင့် လူသေပြီးလူပြန်ဖြစ်ရမည့် နည်းလမ်းကို မြတ်စွာ ဘုရားဟောကြား သည်။ ဥပမာ- ဝိပဿနာကျင့်ကြံခြင်း၊ အဘိဓမ္မာသင်ယူလေ့လာခြင်းတို့ဖြင့် နိဗ္ဗာန်မရောက်စေသေးသည့်တိုင် ဒုက္ခတိဘုံဘဝတို့မှ လွတ်မြောက်ရသည်။ စသည်ဖြင့် လူသေလျှင် လူပြန်ဖြစ်ရာသော၊ သုခတိဘုံရောက်ရာသော နည်းလမ်း၊ကျင့်စင်များကို အတိအလင်းဟောကြားသည်။ ၃၁ ဘုံတွင် မိမိနှစ်သက်သော ဘုံဘဝကို ရည်စူး၍ကျင့်ကြံနိုင်လောက်အောင်ပင် တိတိကျကျဟောကြားခဲ့သည်။ ဥပမာ- ဈာန်အင်္ဂါး အပါးအသီးသီးဖြည့်ကျင့်၍ သမထလမ်းစဉ်ဖြင့် ဗြဟ္မာဘုံ အသီးသီးသို့ ရောက်စေခြင်း တို့ကဲ့သို့ ဖြစ်သည်။
သို့သော် တရားတော်လေ့လာမှုနည်းသော သူတို့က “စိတ်ကသာအဓိကပါ။ စိတ်က လူဖြစ်တယ်လို့ ယုံလိုက်လျှင် လူဖြစ်ကိုဖြစ်သည်” ဟူသော ဒိဌိအတွေးတို့ရှိကြသည်။ လူသေလျှင်လူဖြစ်ရန် စိတ်ကိုထားတတ် လျှင်ရသည်၊ ယုံကြည်လျှင်ရသည် ဟူသော အတွေးအခေါ်အမှားအချို့ကို စာရေးဆရာအချို့ကိုယ် တိုင်လက်ခံရေး သားခဲ့ကြသည်။
ထို့ကြောင့် ထိုကဲ့သို့ လူသေလျှင်လူပြန်ဖြစ်သည်ဟု ထောက်ခံအားပေးသော စာပေ၊ဆောင်းပါးများကို ဖတ်ရှုမည့်အစား ဒုက္ခတိဘုံဘဝလွတ်မြောက်၊ နိဗ္ဗာန်ရောက်စေသည့် တရားတော်များကို လေ့လာကျင့်ကြံကြပါရန် စာရေးသူမှ တိုက်တွန်းလိုက်ရပါသည်။
ရည်မှန်းချက် ပန်းတိုင် အရောက် လှမ်းနိုင်စေဖို့
ရည်မှန်းချက် ပန်းတိုင် အရောက် လှမ်းနိုင်စေဖို့အကယ်၍ သင့်အနေနဲ့ ရည်မှန်း ချက်ပန်းတိုင်တွေ သတ်မှတ်ဖို့ ကြိုတင် ပြင်ဆင်ထားပြီး လိုအပ်တဲ့ ဈေးနှုန်း အတိုင်း ကြိုတင်ပေးရင်ထိပ်ပိုင်းအောင် မြင်သူရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း အတွင်း သင်ပါဝင်နိုင်အောင် လုပ်ဆောင် နိုင်မှာဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်စွာလှမ်းကိုင်နိုင်စေမယ့် အကောင်းဆုံးလျှို့ဝှက်နည်းလမ်းတွေ အနက် ရည်မှန်းချက်ပန်းတိုင် အောင်မြင်မှု အလိုအလျောက်ရရှိလာစေမှာ ဖြစ်တယ် လို့ဆို တယ်။ ရည်မှန်းချက်ပန်းတိုင်အရောက် လှမ်းနိုင်စေမယ့် (၁၂)ဆင့်ရှိတယ်။
အဲဒီ အဆင့်တွေက
(၁) ရည်မှန်းချက်ပန်းတိုင်ကို သင်က အောင်မြင်လိုစိတ် ရှိနေတယ်ဆိုတဲ့ ဆုံးဖြတ် ချက်တစ်ခု ချမှတ်ထားရမယ်။
အဲဒီရည်မှန်းချက်ပန်းတိုင်က သင် အမှန်တကယ် အလိုရှိတဲ့အရာဖြစ်ရမယ်။
(၂) အဲဒီရည်မှန်းချက်ပန်းတိုင်ကို သင်အမှန်တကယ် အောင်မြင်မှု ရမယ်လို့ ယုံကြည်မှုရှိရမယ်။
ယုံကြည်မှုအတိုင်း ကျင့်ကြံလုပ် ဆောင်ရမယ်။
(၃) သင့်ရဲ့ရည်မှန်းချက် ပန်းတိုင်ကို စာရွက်ပေါ်မှာ ရေးချပါ။
အောင်မြင်သူတွေအားလုံးက မိမိတို့ လုပ်ဆောင်ဖွယ်ရာတွေကို စာရင်းပြုစု ရေးချပြီး အကောင်အထည်ဖော်သူတွေ ဖြစ်တယ်။
(၄)သင်ကိုယ်တိုင် ရိုးသားမှုရှိပါစေ။
ရိုးသားမှုက သင့်ရဲ့ဘဝအရည် အသွေး ကို မြင့်မားစေမှာဖြစ်တယ်။
(၅) သင့်ရဲ့ လက်ရှိအဆင့်နေရာကို ဆန်းစစ်ပါ။
ပြီးရင် သင်ကိုယ်တိုင် ရိုးသားမှုရှိ ပါစေ။ သင့်ရဲ့အားသာချက်၊ အားနည်း ချက်တွေ၊ အခွင့်အလမ်းတွေနဲ့ ခြိမ်းခြောက် မှုတွေဟာ ဘာတွေလဲ၊ သင့်ရဲ့လက်ရှိ အသိပညာအဆင့်က ဘာလဲ၊ သင့်ရဲ့ ပင်ကိုစရိုက်မှာရှိနေတဲ့ အပြုသဘော ဆောင်မှု မဆောင်မှုက ဘယ်လိုရှိနေသလဲ ဆိုတာတွေကို ဆန်းစစ်ရမယ်။
(၆) အလုပ်လုပ်ရင် ဘယ်အချိန်မှာ ပြီးရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိရမယ်။
သင့်ရဲ့ ရလဒ်တွေကို ဆွေးနွေးနိုင် သူတွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ပါ။
(၇) သင့်ရဲ့ လမ်းမှာ ရှိနေတဲ့ အတားအဆီးတွေကို ဆန်းစစ်ပါ။
သင်နဲ့သင်လိုချင်တဲ့ အောင်မြင်ပျော် ရွှင်မှုအကြားရှိနေတဲ့ အခက်အခဲတွေ အားလုံးကို ခွဲခြမ်းစိတ်ဖြာရာမှာ ရိုးသားမှု ရှိပါစေ။
(၈) သင်လိုအပ်မယ့် ကျွမ်းကျင်မှုတွေကို ခွဲခြားစိစစ်ပါ။
ဒီနေရာမှာလည်း သင်ကိုယ်တိုင် ရိုးသားမှုရှိစေရမှာဖြစ်တယ်။ သင်က ပိုပြီး ဆန်းသစ်တီထွင်နိုင်ဖို့ လိုအပ်သလား၊ ရည်မှန်းချက်ပန်းတိုင်ထားရှိရာမှာ အပြု သဘော ပိုဆောင်ဖို့လိုအပ်သလား၊ နည်း ဗျူဟာ၊ ဈေးကွက်ဖော်ဆောင်မှုအရောင်း၊ စေ့စပ်ညှိနှိုင်းမှု၊ ခေါင်းဆောင်မှု၊ ငွေရေး ကြေးရေးနဲ့ အချိန်စီမံခန့်ခွဲမှုကို နားလည် ပါသလား ဆန်းစစ်ရမှာဖြစ်တယ်။
(၉) သင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်မယ့်သူတွေကို ခွဲခြားစိစစ်ပါ။
သင့်ရဲ့မိသားစု၊ ဖောက်သည်တွေ၊ ကုန်ကြမ်းဖြည့်တင်းပေးသူတွေ၊ ဘဏ် မန်နေဂျာ၊ ဝန်ထမ်းတွေ၊ အစုစပ်လုပ် ဆောင်သူတွေ၊ ဦးနှောက်ကြီးသူနဲ့ ပေါင်း စည်းမှုတွေလိုအပ်ပါသလား။ အဲဒီလူတွေ က သင့်နဲ့ပေါင်းစည်းဖို့ ဘာကြောင့် လိုအပ်ပါသလဲ။ သူတို့ထံမှာ သင်လိုချင် တာ ဘာတွေရှိလဲဆိုတာတွေ ဆန်းစစ် ရမှာဖြစ်တယ်။
(၁၀) ပြီးပြည့်စုံတဲ့ လုပ်ငန်းစီမံချက် တစ်ခုရေးဆွဲပါ။
စီမံချက်တစ်ခုဆိုတာ လုပ်ဆောင် ချက်စာရင်းတစ်ခုဖြစ်တယ်။ လုပ်ဆောင် ရမယ့် လုပ်ဆောင်မှုစာရင်းတစ်ခုဖြစ် တယ်။ အဲဒီ စီမံချက်မှာ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်မယ့်သူတွေ ရဲ့အမည်တွေ ပါဝင်စေရမယ်။ လုပ်ငန်း စီမံချက်အဆုံးမှာ ရည်မှန်းချက်ဆိုင်ရာ ဖော်ပြချက်တွေ ပါဝင်စေရမယ်။
(၁၁) ထင်သာမြင်သာရှိစေရမယ်၊စိတ်အာရုံဆွဲဆောင်မှုရှိစေရမယ်၊ ခိုင်မာမှုရှိစေရမယ်။
အမှန်ပေါ်ထွက်လာမယ့် ရလဒ်ကို ထင်သာမြင်သာရှိစေရမှာဖြစ်တယ်။ ရလဒ် အောင်မြင်မှုရရှိတဲ့အခါ သင်ဘယ်လောက် စိတ်လှုပ်ရှားမှုဖြစ်သွားစေမှာဆိုတာကို စဉ်းစားကြည့်ပါ။ လိုအပ်တဲ့ ခိုင်မာမှုတွေ က ရည်မှန်းချက်ပန်းတိုင်အောင်မြင်မှုတွေ နဲ့ တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်ပါ။
(၁၂) သင့်ရဲ့လုပ်ငန်း စီမံချက်ကို သည်းခံမှု၊ ဇွဲရှိစွာလုပ်ဆောင်မှုတွေနဲ့ တောင့်ခံထားနိုင်ဖို့ ဆုံးဖြတ်ထားပါ။
သည်းခံစိတ်မွေးရမယ်၊ စီးပွားရေး လုပ်ငန်းမှာ အကောင်းဆုံးအဖြစ် အသိ အမှတ်ပြုခံရနိုင်စေဖို့ အနှစ်(၂၀)ကြာနိုင် တယ်။ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အပူ အပင်မရှိလွတ်လပ်စေဖို့ အနှစ်(၂၀)ကြာ နိုင်တယ်။ သင့်ရဲ့ တောင့်တင်းခိုင်မာတဲ့ အားနဲ့ စဉ်ဆက်မပြတ် အားကြိုးမာန်တက် လုပ်ဆောင်မှုက သင့်ကိုယ်တိုင်အပေါ် ယုံကြည်မှုကို တိုင်းတာတာဖြစ်တယ်။ ဘယ်တော့၊ ဘယ်တော့၊ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ဆုံးရှုံးရုံမျှနှင့် သင်အမှန် တကယ် ဆုံးရှုံးမှုမဖြစ်ပါ။ လက်မြှောက် အရှုံးပေးလိုက်တဲ့အခါမှသာ သင်က အမှန်တကယ်ဆုံးရှုံးသွားစေတော့တာ ဖြစ်တယ်။ ဒါတွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ပြီး အောင်မြင်မှုတွေရရှိစေဖို့ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့
(က) မပျင်းမရိအားသွန်ခွန်စိုက် အလုပ်လုပ်ပါ။
(ခ) ကောင်းစွာအသိပေးမှုပြုလုပ်ပါ။
(ဂ) တစ်ကိုယ်ကောင်းမဆန်ပါနဲ့။
(ဃ) လောဘမကြီးဘဲ ရက်ရောမှု ရှိပါစေ။
(င) သည်းခံစိတ်မွေး ပါ။
(စ) သစ္စာရှိပါ။
(ဆ) ခွင့်လွှတ်စိတ်မွေးပါ။
(ဇ) တာဝန်ယူတတ်ပါစေ။
(ဈ) မှီခိုအားထားနိုင်မှုရှိပါစေ။
(ည) အကျိုးမရှိတာတွေကို ကိုယ် တိုင်ပယ်ဖျက်နိုင် စွမ်းရှိစေရမယ် ဆိုတာ တွေကို လိုက်နာလုပ်ဆောင်မှုတွေကနေ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်စေကြမှာဖြစ်ကြောင်းပါ။ http://yoyarlay.com
Jan 24, 2013
ချစ်သူများနေ့သမိုင်း
Valentine's Day ရောက်လာတော့မယ်ဆိုတော့ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်..။
ဒါကတော့ လူတွေ ပါးစပ်ဖျားမှာတော့ " . . ချစ်သူများနေ့ . . " " . . ချစ်သူများနေ့ . . " မရိုးနိုင်အောင်ပြောနေ ကြပေမယ့် .. ဘယ်လိုပေါ်ပေါက်လာ သလဲဆိုတဲ့သမိုင်းကို မသိကြသေးတဲ့သူတွေ တော်တော်များများ ရှိကြဦးမယ်ထင်ပါတယ်..။ ဒါကြောင့်ပဲ ကျွန်တော် သိသလောက် ၊ဖတ်မိသလောက် ပြောပြချင်ပါတယ်... သိပြီးသား ကိုကိုမမများကလဲ သိထားတာလေးတွေရှိရင် ဝေဖန်ခဲ့ပါဦးလို့..။
ချစ်သူများနေ့ပေါ်ပေါက်လာပုံ
အေဒီ (၃)ရာစု လောက်မှာ အုပ်ချုပ်ခဲ့တဲ့ ရိုမန် စစ်ဘုရင် Claudius ဟာ စစ်အင်အားတွေစုဆောင်း၊ နယ်မြေသစ်တွေတိုးချဲ့ ရင်း ပါဝါ ကြီးစိုးခဲ့တယ်..။ သူ့လက်ထက်မှာ Britain နိုင်ငံဟာ ရောမအင်ပါယာ အောက် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်..။ Claudius ဟာအမြဲတမ်း နယ်ချဲ့ရင်း စစ်ပွဲကိုပဲ ဦးစားပေးဆင်နွှဲနေတော့ နိုင်ငံထဲကယောကျာ်းတွေဟာ စစ်ထဲ မဝင် ချင်တော့ ဘူး။ စစ်မတိုက်ချင်ကြတော့ဘူး..။ဇနီးမယား တွေ မိသားစုတွေ၊ ဆွေမျိုးတွေနဲ့ပဲ နေချင်ကြတယ်..။
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာတော့ ရောမစစ်သည်တွေ အသေအပျောက်များခဲ့တယ်.. စစ်သားသစ်တွေလိုလာတယ်..။စစ်သည်အင် အားကို လည်း ပိုမိုတောင့်တင်းခိုင်မာအောင် လုပ်ချင်တယ်.။ ဒါပေမယ့် ယောကျာ်းတွေကလဲ စစ်ထဲကိုမဝင်လိုကြတော့ အခက်တွေ့နေတယ်..။
Claudius ဟာစဉ်းစားတယ် ယောကျာ်းတွေဟာ မိသားစုသံယောဇဉ်ကြောင့် စစ်ထဲမဝင်ချင်ကြတာပဲ သူတို့သာ အိမ်ထောင်မပြုကြရင် စစ်ထဲဝင်ကြမှာပဲလို့ မိုက်မိုက်မဲမဲတွေးမိတယ်..။ ဒါကြောင့်ပဲ နိုင်ငံတစ်ဝန်း လူငယ်တွေ အိမ်ထောင်မပြုရလို့အမိန့်ထုတ်လိုက်တယ်..။ လူငယ်တွေ အတွက် ရက်စက်ပြီး အဓိပ္ပါယ်မရှိတဲ့ ဥပဒေပေါ့...။
ထိုဥပဒေကို ဆန့်ကျင့်တဲ့ ခရစ်ယာန် ဘုန်တော်ကြီး တစ်ပါးပေါ်လာတယ်..။ သူ့နာမည်က
Saint Valentine လိုခေါ်ပြီး လက်ထပ်ပွဲတွေမှာကောင်းချီးပေးတဲ့ ဘုးန်ကြီးပေါ့..။
သူဟာတင်းကြပ်တဲ့ ဥပဒေ တွေတားမြစ်ထားတဲ့ကြားမှ လက်ထက်ပွဲတွေကို သိုးသိုးသိပ်သိပ် စီစဉ်ကျင်းပပေးခဲ့တယ်..။ သူ့ရဲ့ သီးသန့် အခန်းကျဉ်းလေးထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မင်္ဂလာပွဲကို သူရယ် မင်္ဂလာမောင်နှံရယ် သုံးယောက်သား လျှို့ဝှက် ကျင်းပကြတယ်..။ တစ်ညမှာတော့ သတင်းပေါက်ကြားပြီး မင်္ဂလာ ကျင်းပတဲ့အခန်းထဲ ဝင်ရောက်ဖမ်းဆီးကြတယ်..။ မင်္ဂလာမောင်နှံ လွတ်မြောက်သွားသော်လည်း St. Valentine ဖမ်းဆီးခြင်းခံရပြီး သေဒဏ်ချမှတ် လိုက်ကြတယ်..။
သူဝမ်းမြှောက်သွားတာ တစ်ခုရှိတယ် သူထောင်ထဲမှာရှိစဉ် ရောမမှာ ရှိတဲ့ လူငယ်တွေဟာ ထောင်ထဲကို လာတွေ့ကြတယ် ပြတင်းပေါက်မှာ ပန်းတွေ ကြဲကြ မှတ်စုလေးတွေရေးကြ တယ်..။ ပြီးတော့ သူလုပ်ခဲ့တာမှန်ကန်ကြောင်း၊ သူတို့လေးတွေလည်းအချစ်ကို ယုံကြကြောင်း အားပေးထောက်ခံကြတယ်..။ အဲ့ဒီ့ထဲမှာ ထောင်မှုးကြီးသမီးလဲပါတာပေါ့..။ ထောင်မှုးကြီး က ခွင့်ပြုတာကြောင့် သူ့ရဲ့ အခန်းထဲမှာ လာတွေ့တယ် စကားတွေ အများကြီးပြောတယ်.။ အားပေးစကားတွေပြောတယ်.. နောက် သူသေခါနီးမှာ သူမရဲ့ ခင်မင်မှု၊ သစ္စာရှိမှု၊ အားပေးမှု တွေကို ကျေးဇူးတင်တဲ့အနေနဲ့ "Love from your Valentine." ဆိုတဲ့ မှတ်စုတိုလေး တစ်စောင် ထိုအမျိုးသမီးတွက်ရေးထားခဲ့တယ်..။
အေဒီ (၂၆၉) ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူကွယ်လွန်သွားခဲ့တယ်.. အဲ့ဒီနောက်မှာ တော့ St. Valentine ကို လေးစားဂုဏ်ပြုသောအားဖြင့်
"" . . Valentine's Day . . "" ဆိုတာ ပေါ်ပေါက်လာခဲ့တယ်..။
American အဖွဲ့တစ်ခုရဲ့ခန့်မှန်းချက်အရတစ်ကမ္ဘာလုံးမှာ တစ်နှစ်ကို သန်းတစ်ထောင်သော Valentines တွေပို့ကြတယ်..။ Christmas လက်ဆောင်ပြီးရင်တော့ ဒုတိယအများဆုံးပေါ့..။ အဲဒီ့ထဲမှာ အမျိုးသမီးတွေက ဝယ်ကြတာ ၈၄ ရာခိုင်နှုန်းလောက်ပါတဲ့...။
Jan 20, 2013
၂၄ပစ္စည်း-ပဠာန်းရုပ်ပြစုံ
ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)
အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)
အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)
အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)
သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)
အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)
နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)
ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)
ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)
အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊ ဧကန်အာသေဝနသဘောတည်း။)
ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)
ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)
အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)
ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)
ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)
မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)
သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)
ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)
အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)
နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)
ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)
အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)
ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ
မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ
အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)
စာရေးသူ- ဦးကောဝိဒ(မြိတ်)
မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။
တရားနဲ့ပူဇော်တာအမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ
အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး
ရန်ကုန်
အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ သမာဓိ ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့ ဟောတော်မူ တဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊ သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။ ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ အလှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့ ကျောင်းကန်ဘုရားများဟာ သာသနာကို အရှည်တည်တံ့အောင် မစွမ်းဆောင် နိုင်ပါဘူး။ လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့ သီလ သမာဓိ ပညာအကျင့်တရားတွေကသာ သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။ အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့ ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့ ဟောနေပြောနေကြတာတွေကို စာချစ်သူများအား သတိထားဖို့ပြောပါရစေ၊ ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အဓမ္မ အယူဝါဒဖြစ်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)
စာရေးသူ- ဦးကောဝိဒ(မြိတ်)
မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။
ဘုရားရှင်က ကျားမ တန်းတူထားပါသလား
အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမ တွေမှာ ပါရာဇိက (၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ် ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်
အဖြေ။ ။အမျိုးသမီးများကို ခွဲခြားပြီး တန်းတူအခွင့်အရေးမပေးလို့ဆိုပြီး မကျေနပ်မှုများ ရှိနေတယ်ထင်ပါတယ်။ ဒီအတွက် စိတ်အနှောက်အယှက်မဖြစ်ရအောင် ရှင်းလင်းဖြေကြားပေးပါ့မယ်။
ဘိက္ခုနီမများကို ဂရုဓမ်တရား (၈)ပါး ထားရခြင်းအကြောင်း
နောင်အခါမှာ သဒ္ဓါ ပညာ ၀ီရိယနည်းပါးတဲ့အမျိုးသမီးများဟာ သာသနာတော်အတွင်း ၀င်ရောက်လာခဲ့ကြလိမ့်မယ်။ တကယ်လို့ ဂရုဓမ်တရား (၈)ပါး မထားခဲ့၊ မပညတ်ခဲ့ဘူးဆိုရင် ဘိက္ခုနီမများဟာ ရဟန်းတော်ယောင်္ကျားများနဲ့ ရောယှက်ရှုပ်ထွေးလာလိမ့်မယ်။ အဲဒီအခါ သာသနာတော်ကြီး တစ်ဝက်လောက်လျော့ပါးကာ ခပ်မြန်မြန် ကွယ်ပျောက်သွားဖွယ်ရာရှိပါတယ်။ အခုအခါ ဂရုဓမ်(၈ပါး ပညတ်တော်များကြောင့် သာသနာတည်တံ့ချိန် မလျော့ပါးဘဲ နဂိုအတိုင်း အချိန်ပြည့် တည်တံ့နိုင်ဖွယ်ရှိပါတယ်။ဒါကြောင့် ဂရုဓမ်(၈)ပါး လိုက်နာနိုင်မှ ဘိက္ခုနီမပြုခွင့်ပေး ရခြင်းဖြစ်ပါတယ်။
သိက္ခာပုဒ်တိုးလာရခြင်းအကြောင်း ဂရုဓမ်ပညတ်တော်များဖြင့် လာမဲ့ဘေးကို ကြိုတင်တားဆီးထားပါသော်လဲ အတော်ကြာတဲ့အခါ ထူးထူးခြားခြားပေါက်ကြားမှုများလဲ ပေါ်ပေါက်လာ လိမ့်မယ်။ ဒါကြောင့် ရဟန်းယောင်္ကျားများအားပညတ်ထားတဲ့ (မေထုန်မမှီဝဲရ၊သူ့ဥစ္စာမခိုးရ၊သူ့အသက်မသတ်ရ၊ဈာန်မဂ်ဖိုလ်မရဘဲ ရတယ်လို့ မလိမ်ရ စတဲ့ သိက္ခာပုဒ်အချို့ကို ဘိက္ခုနီမများအတွက် သက်ဆိုင်စေပြီး၊ ရဟန်းယောင်္ကျားများနဲ့ အပြစ်ပြုပုံခြင်း မတူတဲ့ကိစ္စများအတွက် သီးခြားထပ်ပြီး ပညတ်တော်မူရပြန်ပါတယ်။ (ဘုရားဥပဒေတော်ကြီး၊နှာ-၃၁၂)
သာသနာတော်မှာ ဘ၀ပန်းတိုင်ဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဟန်းယောင်္ကျားများသာမဟုတ် ရဟန်းမိန်းမများလဲ ရပိုင်ခွင့်တွေရှိနေကြ တဲ့အပြင် အဂ္ဂသာဝက၊ မဟာသာဝကရာထူးတွေကိုလဲ ရရှိနေကြပါတယ်။ ရဟန်းယောင်္ကျားများကိုပေးတဲ့ ဧတဒဂ်ဘွဲ့ထူးတွေကိုလဲ ရဟန်းမိန်းမ များသာမက ဥပါသိကာမိန်းမများ(ဥပမာ-ခုဇုတ္တရာ)ကိုလဲ ဧတဒဂ်ဘွဲ့ထူးကို ပေးပါသေးတယ်။ ဒါဟာ သတ္တ၀ါတွေအပေါ် ကျားမ မခွဲခြားဘဲ တန်းတူ အခွင့်အရေးပေးထားတယ်ဆိုတာ သိသာနေပါတယ်။
ဗမာပြည်က အချို့ဘုရားအပေါ် မိန်းမ မတက်ရ
ဘုရားဆိုလို့ ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့ အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ ၁၂၇၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။
ဒါဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများက စေတီတော်အနီးအထိသွားမယ်ဆိုရင် သွားရောက်ဖူးမျှော်နိုင်ပါတယ်။
တကယ်တော့ အမျိုးသမီးများမတက်ရ၊ ဘုရားနားအထိမသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းနေတဲ့ သမိုင်းဆရာကြီးတစ် ချို့ရဲ့ သမိုင်းစာမျက်နှာအမှားတွေပါ။ အမှားကြာတော့ အမှန်ဖြစ်ဆိုတာလို အခုတော့ ဘုရားပေါ်အထိ အမျိုးသမီးများ မသွားဝံ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ လောကမှာ ဘယ်သူမဆို ကောင်းမှုကုသိုလ်လုပ်ရင် ကောင်းကျိုးချမ်းသာရကြမှာ အမှန်ပါ။ အမျိုးသမီးများ ဘုရားအနီးသွားပြီး ဘုရားရှိခိုးတော့ ကုသိုလ်ရတာပေါ့။ ကုသိုလ်ရရင် ကောင်းကျိုးချမ်းသာကတော့ ရကြမှာပါ။ ထိတ်လန့်ဖွယ်ရာတွေနဲ့ခြောက်လန့်ထားပေမဲ့ ဘာမှမဖြစ်ပါဘူး။ ရဲရဲကြီးသာသွားကြဖို့ တိုင်တွန်းပါတယ်။
ကျိုက္ခမီရေလည်ဘုရားလဲ ထိုနည်းအတူပါပဲ။ အမျိုးသမီးများ ၀င်ရောက်မဖူးရ အဝေးကဖူးရမယ်၊ သတ်မှတ်ထားတဲ့နေရာက ဖူးရမယ်၊ တကယ်လို့ ၀င်ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေဟာ အလကားပါ။ သမိုင်းဆရာတွေရဲ့ အဓိပ္ပါယ်မဲ့ တဲ့လုပ်ရပ်တွေပါ။ ပြောလိုတာကတော့ သာသနာတော်ကိုကြည်ညိုရင်းစွဲရှိတဲ့ သဒ္ဓါတရားကောင်းတဲ့အမျီုးသမီးများ ဘယ်ဘုရားမဆို အနီးသို့ ၀င်ရောက်ဖူးမျှော်နိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်တဲ့အပြင် ကုသိုလ်ရပြီး ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။
(သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း၊နှာ-၂၇၅-၂၇၆)
အမျိုးသမီးများ နိယတဗျာဒိတ်မခံရ
နိယတဗျာဒိတ်ဆိုတာ ဘုရားဧကန်ဖြစ်မယ်ဆိုမှသာ နိယတဗျာဒိတ်ပေးတော်မူကြတာပါ။ ဘယ်အမျိုးသမီးကမှ ဘုရားမဖြစ်ပါဘူး။ လောကမှာ ယောင်္ကျားကသာ ဘုရားဖြစ်ရတာပါ။ ဒါကြောင့် အမျိုးသမီးကို နိယတဗျာဒိတ်ပေးလို့မရပါဘူး။ တကယ်လို့ နိယတဗျာဒိတ်ခံချင် သပဆိုရင်တော့ ပထမ မိမိကိုယ်ကို ယောင်္ကျားဖြစ်အောင် ကျင့်သုံးရပါအုံးမယ်။
အဆူဆူဘုရားရှင်တို့ ပွင့်တော်မူမြဲနေရာဒေသဟာ မဇ္ဈိမဒေသဖြစ်တဲ့အတွက် ဘယ်နည်းနဲ့မှ အင်္ဂလန်မှာ ပွင့်ရိုးထုံးစံမရှိပါဘူး။ တကယ်လို့ပွင့်မယ်ဆိုရင်တောင်မှ စည်းကမ်းဥပဒေသကတော့ နေရာဒေလိုက်ပြီး ပြောင်းလဲမှာမဟုတ်ပါ။ အရင်ကလဲဒီဥပဒေသ အခုလဲဒီဥပဒေသ နောင်လဲ ဒီဥပဒေသပဲဖြစ်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ ။
မှတ်ချက်။ ။မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။
ဓမ္မရံသီ ဘာသာရေးအမေးအဖြေများ မှတဆင့်ပြန်လည်ကူယူဖော်ပြပါသည်။
တရားတော်
နို့နှစ်လုံးဖိုးကျေပါတယ်
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • အခြေခံဝိပဿနာ
  • ၀ိပဿနာအလုပ်ပေးတရား
  • ကာမသုတ္တန် တရားတော်
  • အရိယ၀ါသ တရားတော်
  • ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး
    ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး
    ၁။ ဒါန – ပေး ကမ်း လှူဒါန်း ထောက်ပံ့
    ၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည်
    ၃။ ဘာဝနာ – သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ
    ၄။ အပစာယန – ရိုသေထိုက်သူက အရိုအသေပေး
    ၅။ ဝေယျာဝေစ္စ- ဘုရားဝေယျာဝေစ္စ တရားဝေယျာဝေစ္စ သံဃာ့ဝေယျာဝေစ္စ မိဘဝေယျာဝေစ္စ ဆရာသမားဝေယျာဝေစ္စ စသည်တစ်ခုခုလုပ်
    ၆။ ပတ္တိဒါန – အမျှပေးဝေ၊ ကိုယ်ပြုတဲ့ကုသိုလ်ကို ရှယ်ယာလုပ်ပေးတာ
    ၇။ ပတ္တာနုမောဒန – သူများကုသိုလ်ပြုရင် ၀မ်းမြောက်ကြောင်းအသိအမှတ်ပြုတဲ့အနေနဲ့ သာဓုခေါ်တာ
    ၈။ ဓမ္မဿဝန – တရားနာ၊ တရားစာဖတ်
    ၉။ ဓမ္မဒေသနာ – တရားဟော တရားစကားပြော
    ၁၀။ ဒိဋ္ဌိဇုကမ္မ – ကံ ကံရဲ့အကျိုးကို လက်ခံယုံကြည်တာ
    ဒီ(၁၀)ပါးကို ပုညကြိယာဝတ္ထု- ကိုသိုလ်ဖြစ်ကြောင်းတရား (၁၀)ပါးလို့ခေါ်တယ်။ ဒီထဲက တစ်ခုခုလုပ်နေဖြစ်တယ်ဆိုရင် ကုသိုလ်ရနေပါတယ်။ ပိုက်ဆန်ကုန်မှ ကုသိုလ်ယူလို့ရတာလဲ ရှိတယ်၊ ပိုက်ဆန်မကုန်ဘဲနဲ့ ကုသိုလ်ယူလို့ရတာလဲရှိတယ်နော်။ မတတ်နိုင်လို့ ကုသိုလ်မလုပ်နိုင်ဘူးဆိုပြီး စိတ်အားမငယ်ပါနဲ့။ နံပါတ်(၂)ကနေ (၁၀)အထိက ပိုက်ဆန်မကုန်ဘဲနဲ့ ယူလို့ရတဲ့ကုသိုလ်တွေပါပဲ။ ဘယ်ကုသိုလ်မျိုးမဆို ကောင်းကျိုးပေးတယ်ဆိုတာ ကိုယ်တိုင်လုပ်ကြည့်ရင် ကိုယ်တိုင်သိလာပါလိမ့်မယ်။
    ဝေဒနာပစ္စယာ တဏှာ
    ဖဿပစ္စယာ ဝေဒနာ-၌ ဝေဒနာအရ လောကီဝိပါက်(၃၂)ပါးနှင့်အတူတွဲဖြစ်တဲ့ ဝေဒနာကို ယူရပါတယ်။ အကျိုးဝိပါက်ဖြစ်စဉ်ကို ဖော်ပြနေတာဖြစ်လို့ လောကီဝိပါက်မှာ ယှဉ်တဲ့ဝေဒနာကို ကောက်ယူရတာဖြစ်တယ်။ ဝေဒနာပစ္စယာ တဏှာ-ဖြစ်စဉ်မှာတော့ အကြောင်းဝေဒနာဖြစ်လို့ တဏှာဖြစ်ကြောင်းဝေဒနာတွေကို ကောက်ယူရမှာဖြစ်တယ်။ ဒါကြောင့် လောကီစိတ်(၈၁)ခုမှာ တွဲဖြစ်တဲ့ ဝေဒနာကို ကောက်ယူရပါတယ်။ တဏှာ-အရ ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ ဆိုတဲ့ တဏှာ (၆)မျိုးကို ကောက်ယူရပပါတယ်။ တစ်နည်းအားဖြင့် ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာတို့ကို ကောက်ယူနိုင်ပါတယ်။
    ဝေဒနာ(၆)မျိုးရှိလို့ တဏှာလဲ (၆)မျိုးရှိတယ်လို့ မှတ်ရမယ်။ မြင်စရာအဆင်းကို သာယာတပ်မက်တဲ့တဏှာပေါ်လာတော့ ရူပတဏှာဖြစ်တယ်။ အသံကို သယာတပ်မက်တော့ သဒ္ဒတဏှာ၊ အနံ့ကို သာယာတပ်မက်တော့ ဂန္ဓတဏှာ၊ အစားအသောက် အရသာအပေါ် သာယာတပ်မက်တော့ ရသတဏှာ၊ အတွေ့အထိအပေါ် သာယာတပ်မက်တော့ ဖောဋ္ဌဗ္ဗတဏှာ၊ အတွေးဓမ္မာရုံကို သာယာတပ်မက်တော့ ဓမ္မတဏှာလို့ မှတ်ရမယ်။ ဒီခြောက်မျိုးကို ပေါင်းရုံးပြီးပြောမယ်ဆိုရင်တော့ ကာမဂုဏ်အာရုံတွေအပေါ်မှာ သာယာတပ်မက်တာက ကာမတဏှာ၊ ဘုံဘ၀ကိုသာယာတပ်မက်တာက ဘ၀တဏှာ၊ တစ်ဘ၀ပြီး တစ်ဘ၀ တပ်မက်နေမယ့်တဏှာအမျိုးအစားဖြစ်ပါတယ်။ ကိုယ့်ဘ၀ကို သာယာတပ်မက်ပြီး နောက်နောင်လဲ ဒီလိုဘ၀မျိုး ပြန်လိုချင်တဲ့အခင်ဓာတ်လေး ရှိနေပါတယ် ဒီလိုသိမ်မွေ့နုညံ့တဲ့တဏှာလေး ကိန်းနေလို့ ဒီဘ၀ပြီး နောက်ဘ၀တွေ ဆက်လိုချင်နေတာလဲ ဖြစ်တယ်၊ ဆက်ရနေရတာလဲဖြစ်တယ်။ ဒါကြောင့် ဒီတဏှာက ဘ၀တွေ တစ်ဘ၀ပြီး တစ်ဘ၀ ဖြစ်နေတဲ့ဖြစ်စဉ်အရ ဘ၀ထဲ ခန္ဓာထဲမှာ ကိန်းနေတဲ့ အသက်ကောင်၊ ၀ိညာဏ်ကောင်ရှိနေတယ်ဆိုတဲ့ အယူအဆ ပေါ်လာတယ်။ ဒါမျိုးကို သဿတဒိဋ္ဌိလို့ ခေါ်တယ်။ ဘ၀ကင်းပြတ်တာကို သာယာတပ်မက်တာက ၀ိဘ၀တဏှာလို့ မှတ်ရမယ်။ ဘ၀ရှိလို့ ဒုက္ခတွေရှိနေတာ၊ ဘ၀မရှိရင် အေးတာပဲဆိုတဲ့ အယူအဆပေါ်လာတော့ ကင်းပြတ်အယူ ဥစ္ဆေဒဒိဋ္ဌိပေါ်လာတယ်။
    ချမ်းသာတဲ့အခါမျိုးမှာ သဿတဒိဋ္ဌိဝင်နေတယ်။ ချမ်းသာနေတော့ ဘ၀ကို သာယာကျေနပ်နေတယ်။ ကျေနပ်နေရုံတင်မကဘူး၊ နောက်လဲ ဒီလိုဘ၀မျိုးလေးပဲ ထပ်တောင့်တစိတ်က အထင်အရှားမပေါ်တောင်မှ မသိစိတ်ထဲမှာ ကိန်းနေတယ်။ ဒီလိုနဲ့ နောက်ဘ၀ကောင်းစားရေး ဦးစားပေးပြီးလုပ်၊ နောက်ဘ၀ တောင့်တ၊ ဆုတောင်း၊ ဒီလိုဘ၀ကောင်းစားရေးကုသိုလ်လုပ်ရင်းနဲ့ ဘ၀ဆက်တဲ့အယူအဆ၀င်လာပြီး သဿတဒိဋ္ဌိဖြစ်ရတယ်။ ငါစွဲသက္ကာယဒိဋ္ဌိ ခံနေပြီး ငါဟာ ဒီဘ၀နဲ့ မပြီးသေးဘူး၊ နောက်ဘ၀တွေ ရှိသေးတယ်ဆိုပြီး ငါက ဒီဘ၀ကနေ နောက်ဘ၀အထိလိုက်စွဲနေတော့ ဒီဘ၀ ငါနဲ့ နောက်ဘ၀ငါ လှမ်းဆက်တဲ့ သဿတဒိဋ္ဌိဖြစ်ရတယ်။ တကယ်တော့ ဒီဘက်ဘ၀က ရုပ်နာမ်က ဒီဘက်ဘ၀တင် ဖြစ်ပြီး ပျက်နေခဲ့တယ်။ နောက်ဘ၀သို့ မလိုက်ဘူး။ ငါလဲ လိုက်စရာမရှိသလို အသက်ကောင် ၀ိညာဏ်ကောင် လိပ်ပြာလေးကလဲ ဒီဘ၀ကနေ နောက်ဘ၀ ကူးသွားစရာမရှိပါဘူး။ အကြောင်းကြောင့် အကျိုးဖြစ်တာပဲရှိတယ်။ ငါလဲ မလိုက်ဘူး၊ မပျက်မစီး တည်ရှိနေတယ်လို့ ယူဆထားတဲ့ အသက် လိပ်ပြာ ၀ိညာဏ်လဲ မလိုက်ဘူး။ အကြောင်းအကျိုးဆက်ရုံမျှသာဖြစ်တယ်။ ရုပ်လဲမလိုက် နာမ်လဲမလိုက် ငါလဲမလိုက် အသက် လိပ်ပြာ ၀ိညာဏ်လဲ မလိုက်၊ အကြောင်းကြောင့် ပေါ်လာတဲ့ အကျိုးတရားမျှသာ ဖြစ်တယ်လို့ သိနားလည်ထားလိုက်မယ်၊ သိတဲ့အတိုင်း ခံယူထားလိုက်မယ်ဆိုရင်တော့ သဿတဒိဋ္ဌိ အသိနဲ့ ပြုတ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အသိနဲ့တောင် ပြုတ်ဖို့ မလွယ်လှပါဘူး။
    ဆင်းရဲတဲ့အခါမျိုးမှာ ၀ိဘ၀တဏှာဖြစ်တတ်တယ်။ ငါ့ဘ၀ကြီး ဆင်းရဲလိုက်တာ၊ သေတာပဲ ကောင်းပါတယ်ဆိုပြီး သေဖို့ကြိုးစားချင်စိတ်တွေပေါ်လာတာ ဒီဝိဘ၀တဏှာကြောင့်ပါပဲ။ သေရင် ဒုက္ခတွေ အေးသွားမယ်လို့ ထင်နေတာလေ။ အကြောင်းကြောင့်ပေါ်နေတဲ့ ဆိုးကျိုးတွေ ခံစားနေရတာပဲလို့ မခံယူမိတော့ ဘ၀ဒုက္ခတွေ ရင်ဆိုင်နေရတာ စိတ်ပျက်ပြီး ငါသေမှအေးမှာ လို့ တွက်ဆတတ်ကြပြန်တယ်။ တကယ်တော့ သေလဲ မအေးပါဘူး။ အကြောင်းမကောင်းလေသမျှ သေလဲ နောက်ဘ၀တွေမှာ ဆိုးဝါးတဲ့ဒုက္ခတွေ ခါးစီးပြီး ခံရဦးမှာပါပဲ။ အပါယ်များကျသွားရင် ဒီဘ၀ခံစားရတဲ့ ဒုက္ခထက်တောင်ဆိုးဦးမှာ။ ဒီလိုနဲ့  ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ကြုံတွေ့ရတဲ့အခါမှာ ဘ၀ပြတ်ရေးကို တောင့်တလာတယ်၊ ဒီလိုတောင့်တယူဆချက်ကို ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တယ်။ ဘ၀ပြတ်စဲရေးကို ငြိမ်းချမ်းရေးလို့ထင်လာတယ်။ နောက်ဘ၀ဆိုတာမရှိ-လို့ ယူဆလိုက်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိပဲ။ ဘ၀ခန္ဓာ ရရှိထားခြင်းသည် အကြောင်းကြောင့်ပေါ်တဲ့ အကျိုးတရားသာဖြစ်တယ်၊ ဒုက္ခသုက္ခတွေ ရင်ဆိုင်နေရတာသည်လဲ အကြောင်းကြောင့်ပေါ်တဲ့အကျိုးတရားသာ ဖြစ်တယ်။ ဒီလို အကြောင်းအကျိုးဆက်တာလေးကို သိထားလိုက်ရင် ဥစ္ဆေဒဒိဋ္ဌိ အသိနဲ့ ပြုတ်ပါတယ်။ ဒီလိုအသိလေးမှ မရှိရင်လဲ ငါသေမှအေးမှာဆိုပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တော့ အထင်နဲ့ ဖြစ်စဉ်က တစ်ခြားစီဖြစ်သွားပါလိမ့်မယ်။ ဘ၀ဆိုတာ ဒုက္ခနဲ့ အတူနေရတာဖြစ်တယ်၊ ခန္ဓာရှိနေသရွေ့ ဒုက္ခရှိနေတာပဲ။ ဒီဒုက္ခကြီးနဲ့ အတူနေရသမျှ ဘယ်တော့မှ ငြိမ်းချမ်းမှုဆိုတာ မရှိနိုင်ဘူး။ ကိုယ်ဆင်းရဲမှုတွေကလဲ အမျိုးမျိုး၊ စိတ်ဆင်းရဲမှုတွေကလဲ အဖုံဖုံ ကြုံဆုံနေရမှာသာ ဖြစ်တယ်။ ငွေရှိရင် ချမ်းသာမယ်ထင်ပြီး ကြိုးစားပမ်းစား စီးပွားရေးလုပ်လို့ စီးပွားတိုးတက်ချမ်းသာလာတော့လဲ ကျန်းမာရေးကဖောက်လာတော့ ကိုယ်မျှော်လင့်ထားတာနဲ့က တစ်ခြားစီဖြစ်နေရော။ ချမ်းသာပါလျက် မိသားစုပြဿနာတွေကြောင့် သောကမီးလောင်ကျွမ်းနေရတဲ့ ဒုက္ခသည် သူဋ္ဌေးသူကြွယ်တွေလဲ မရေတွက်နိုင်အောင် ရှိပါတယ်။ စည်းစိမ်ချမ်းသာသူတွေတောင်မှ ဒီလို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် မရှိဆင်းရဲသားတွေမှာ ဘယ်လောက် ကိုယ်စိတ်ဆင်းရဲဒုက္ခ ကြုံရမလဲဆိုတာ ပြောပြစရာမလိုလောက်အောင်ပါ။ တစ်ချို့က အေးငြိမ်းတဲ့ မိသားစုလေးတွေတွေ့ရင် သူတို့မိသားစုလေးက အေးချမ်းလိုက်တာလို့ ထင်ကြတယ်။ တကယ်တော့ သူ့မိသားစုမှာလဲ မြင်နိုင်တဲ့ ပြဿနာတွေရော မမြင်နိုင်တဲ့ ပြဿနာတွေရော ဖြေရှင်းမရတဲ့ ပြဿနာတွေ ဖြေရှင်းလို့ရနိုင်တဲ့ပြဿနာတွေရော သောကအပူအကြီးနဲ့ အသေးသာ ကွာမယ်၊ သောက ကိုယ်စီရှိနေကြတာပါပဲ။ သူ့ကြည့်တော့ ချမ်းသာနိုးနိုး ကိုယ့်ကြည့်တော့ ချမ်းသာနိုးနိုးနဲ့ တကယ်တော့ ဘယ်သူမှ ချမ်းသာအစစ်အမှန် မပိုင်ဆိုင်နိုင်ဘူးလို့သာ မှတ်လိုက်ပါ။ အေးငြိမ်းတယ်ထင်ရတဲ့သူကိုလဲ အနီးကပ်ပေါင်းကြည့်ပြီး သူ့ရင်ဖွင့်သံကို နားထောင်ကြည့်လိုက်ရင် တိမ်ငုတ်နေတဲ့ မျိုသိပ်ထားရတဲ့ စိတ်မချမ်းသာမှုလေးတွေ ရှိနေတာ တွေ့ရပါလိမ့်မယ်။ ဖွင့်ပြောရမှာ အဆင်မပြေလို့ အုံ့ပုံးစိတ်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရသူတွေလဲ လောကမှာ မနဲလှဘူး။ ဒုက္ခကို ပုံစုံမျိုးစုံ နည်းမျိုးစုံနဲ့ ကြုံတွေ့ခံစားနေကြရတာဟာ တကယ်တော့ ဒုက္ခကိုယ်ထည်ခန္ဓာကြီးနဲ့ အတူနေနေရလို့ပါပဲ။ ဒါကြောင့် ငါ့မှ ဖြစ်ရလေခြင်းဆိုပြီး ယူကျုံးမရ မဖြစ်လိုက်ပါနဲ့။ သူများလဲ ဖြစ်နေကြတာပါပဲ။ ထင်ရှားတာနဲ့ မထင်ရှားတာသာ ကွာပါလိမ့်မယ်။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲလို့ ကံကိုသာ ဆင်ခြင်ပြီး စိတ်သက်သာရာကို ရှာလိုက်ပါ။ အဆိုးတွေကလွတ်အောင် အကောင်းဘက်ကို ဘယ်လိုလုပ်မလဲဆိုတာကိုပဲ အဖြေရှာဖို့ကြိုးစားလိုက်ပါ။ ဒီလိုမှမဟုတ်ရင် စိတ်ဓာတ်ကျလို့ ငါသေမှအေးမှာဆိုပြီး လုပ်လိုက်ရင်ဖြင့် ဥစ္ဆေဒဒိဋ္ဌိဖြစ်လို့ အေးမယ်လို့အထင်က တကယ်တမ်းမှာ မအေးဘဲ ပိုပူရတဲ့အဖြစ်မျိုးနဲ့ တိုးဖို့သာရှိတော့တယ်။
    အလုပ်သင့်ဆုံးက ဒုက္ခထင်ထင်ရှားရှား ရင်ဆိုင်နေရသည်ဖြစ်စေ၊ ရင်မဆိုင်ရသေးသည်ဖြစ်စေ ဒီခန္ဓာရရှိထားမှတော့ ဒုက္ခကို ရှောင်လို့မရဘူးဆိုတာ ဆင်ခြင်ပြီး ဒီခန္ဓာဒုက္ခ သံသရာဒုက္ခမှ ကင်းလွတ်ငြိမ်းချမ်းရာရောက်ကြောင်း အကျင့်ဖြစ်တဲ့ အလုပ်ကို လုပ်ဖို့ပါပဲ။ ခန္ဓာရှိနေသရွေ့ ဒုက္ခတွေက ရှိနေတယ်။ ဒီဒုက္ခတွေကို မကြည့်တော့ မသိ၊ မသိတော့ ဒုက္ခမရှိပါဘူးလို့ထင်မြင်နေကြလေရဲ့။ အရှိဒုက္ခကို အသိနဲ့ လိုက်ပေးနေမယ်ဆိုရင် ခန္ဓာရဲ့သဘောမှန်ကိုသိခွင့်ရလာမယ်။ သဘောမှန်ကို သိလိုက်သည်နှင့် ခန္ဓာကို တွယ်မက်တဲ့ ဘ၀တဏှာ၊ ခန္ဓာကို အကြောင်းမဲ့ စွန့်ပစ်လို့ရမယ်လို့ ထင်နေတဲ့ ၀ိဘ၀တဏှာတွေ မပေါ်နိုင်တော့သလို ကာမဂုဏ်အာရုံတွေအပေါ်မှာလဲ သာယာမက်မောစိတ်တွေကင်းလာတော့ ကာမတဏှာလဲ ကင်းသင့်သလောက် ကင်းလာပါလိမ့်မယ်။ မြင်ခန္ဓာကို ခံစားတဲ့ ဝေဒနာကို စောင့်ကြည့်တော့ မြင်ခန္ဓာအပေါ် သာယာတဲ့ တဏှာမလာတော့ဘူး။ မြင်ခန္ဓာခံစားတဲ့ဝေဒနာဆိုတာ မြင်တာက အဆင်း၊ အဲဒီအဆင်းကို ဝေဒနာက ခံစားတာ။ ဒီတော့ မြင်ခန္ဓာပေါ်တာပေါ့။ ထို့အတူ ကြားခန္ဓာ၊ နံခန္ဓာ၊ စားခန္ဓာ၊ တွေ့ခန္ဓာ၊ တွေးခန္ဓာတွေအပေါ်မှာ ခံစားတဲ့ဝေဒနာတွေလဲ လာချင်ရာလာပါစေ၊ စောင့်ကြည့်လိုက်ရင် ပျက်သွားတာကို သိလိုက်တိုင်း အော် ကိုယ်က မြဲမမယ်ထင်ထားတာ၊ တကယ်ကြည့်လိုက်တော့ ပျက်သွားပါလားလို့ သိသိလာမယ်။ ဒီလိုအသိလေး ၀င်လာရင် တဏှာနဲ့ တွယ်မက်စရာမရှိတော့ဘူး။ မြဲတယ်ထင်နေလို့ တပ်မက်စိတ်တွေဝင်တာ။ မမြဲတာကိုသိလိုက်ရင် ပျက်ပျက်နေသဖြင့် ဆင်းရဲနေတာကို ကိုယ်တိုင်သိလိုက်ရင် ဒီတပ်မက်စိတ်ဟာ အလိုလိုပြေးတယ်။ ဒါကြောင့် ဝေဒနာနဲ့ တဏှာအကူးမှာ ဖြတ်တတ်အောင် ကြိုးစားရခြင်းဖြစ်တယ်။ မဖြတ်သမျှ တဏှာဘက် ကူးနေမှာပဲ။ ဖြတ်တာကလဲ အပြောနဲ့တင်ဖြတ်နေလို့တော့ မရပါဘူး။ အလုပ်နဲ့ဖြတ်မှ ပြတ်မှာ။ မဂ္ဂင်အလုပ်နဲ့ဖြတ်မှပြတ်ပါမယ်။ ဝေဒနာပေါ်လာရင် စောင့်ကြည့်လိုက်တော့ ဖြစ်ပျက်သွားတာလေးတွေ တွေ့လိုက်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ သိတာက မဂ္ဂသစ္စာ၊ ဒီအသိမဂ်လေးနဲ့ ဖြတ်လိုက်မှ ပြတ်ပါလိမ့်မယ်။ မဂ်နဲ့မဖြတ်သမျှ တဏှာ မလာပါနဲ့ တားလို့မရ၊ လာကိုလာမှာ။ မဂ်နဲ့ဖြတ်မှသာလျှင် ဝေဒနာနောက်က မဂ်လိုက်လာတော့ တဏှာလာခွင့်မရတော့ဘဲ ပြတ်သွားမှာဖြစ်လို့ ခန္ဓာဒုက္ခတွေ ပြတ်ဖို့အရေး ဖြတ်ဖို့တွေးမယ်ဆိုရင်တော့ ဝေဒနာနဲ့ တဏှာမကူးနိုင်အောင် ကြားမှာ မဂ်ဝင်ဖြတ်ပေးလိုက်ပါ 
    ဒေါက်တာအရှင်ပါရမီ
    ဝေဒနာပစ္စယာ တဏှာ-၌ တဏှာ-အရ တဏှာ(၆)မျိုး ရှိတယ်လို့ မနေ့ကပြောခဲ့တယ်။ ဒီမှာ ရှင်းလင်းပြရမယ်ဆိုရင် မျက်စိနဲ့ အဆင်းနဲ့တိုက်တော့ မြင်စိတ်ပေါ်တယ်။ ဒီသုံးခုပေါင်းဆုံမိခြင်းက ဖဿ၊ အဆင်းကို ခံစားတာက ဝေဒနာ။ ခံစားရတဲ့ အဆင်းကို လိုချင် နှစ်သက် တပ်မက် ခင်မင်တာက တဏှာ။ ဒီတဏှာကို ရူပတဏှာလို့ခေါ်တယ်။ ထို့အတူ ခံစားလိုက်မိတဲ့ အသံကိုတပ်မက်တာက သဒ္ဒတဏှာ၊ ခံစားလိုက်မိတဲ့ အနံ့ကို တပ်မက်တာက ဂန္ဓတဏှာ၊ ခံစားလိုက်မိတဲ့ အရသာကို တပ်မက်တာက ရသတဏှာ၊ ခံစားလိုက်မိတဲ့ အတွေ့အထိကို တပ်မက်တာက ဖောဋ္ဌဗ္ဗတဏှာ၊ ခံစားလိုက်မိတဲ့ အတွေး (ဓမ္မာရုံ)ကို တပ်မက်တာက ဓမ္မတဏှာလို့ တဏှာ (၆)မျိုးဖြစ်လာခြင်းဖြစ်တယ်။ အကျဉ်းချုပ်ပြောလိုက်တော့ ဝေဒနာကြောင့် တဏှာဖြစ်တာပါပဲ။
    နောက်ကြောင်း ပြန်ကြည့်ရင် အာယတနကြောင့် ဖဿဖြစ်တယ်၊ ဖဿကြောင့် ဝေဒနာဖြစ်တယ်ဆိုတာ တွေ့ရမယ်။ ဒီဖြစ်စဉ်ကို တားလို့ မရပါဘူး။ ဘယ်လိုအဓိပ္ပါယ်လဲဆိုရင် မျက်စိ အဆင်းတိုက်ရင် မြင်စိတ်ပေါ်တယ်၊ ဒီသုံးခုပေါင်းဆုံမိခြင်းကြောင့် ဖဿပေါ်ရတယ်။ ဖဿနောက်က ဝေဒနာမပေါ်ပါနဲ့ ပြောလို့ မရတော့ဘူး။ ဒီဖြစ်စဉ်ကို မဖြစ်ပါနဲ့လို့ မည်သည့်တန်ခိုးရှင်မှ တားလို့မရပါဘူး၊ ဖြတ်လို့လဲ မရပါဘူး။ ဖြတ်ချင်ရင် ဝေဒနာနောက်ကနေ ဖြတ်မှ ရပါတယ်။ ဝေဒနာနောက်က မဂ်ဝင်ပေးလိုက်မှ ပဋိစ္စသမုပ္ပါဒ်လည်လမ်းကနေ ထွက်လမ်းရောက်မှာဖြစ်ပါတယ်။ မဂ်နဲ့ မဖြတ်ဘဲ ဒီအတိုင်းသာ နေမယ်ဆိုရင်တော့ တဏှာကိုလဲ မလာပါနဲ့ပြောလို့ မရပါဘူး။ ဝေဒနာကို အာရုံခံစားမှုအလိုက် (၅)မျိုး ရှိတယ်ဆိုတာ အထက်တုန်းက ပြောထားခဲ့ပါတယ်။ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာပေါ့။ ဒီ(၅)မျိုးကို တူရာပေါင်းလိုက်ရင် သောမနဿကို သုခထဲပေါင်း (သုခ + သောမနဿ = သုခ)၊ ဒေါမနဿကို ဒုက္ခထဲပေါင်း (ဒုက္ခ + ဒေါမနဿ = ဒုက္ခ) လိုက်တော့ (၅)မျိုးက (၃)မျိုးသာ ကျန်တော့တယ်။ ဒါကြောင့် ဝေဒနာကို ရံခါ (၅)မျိုးတွေ့ရပါလိမ့်မယ်။ ရံခါ (၃)မျိုးလို့ ဟောထားတာတွေ့ရပါလိမ့်မယ်။
    ဝေဒနာနောက်က တဏှာလိုက်တယ်ဆိုရာမှာ သာမန်လိုက်ရိုးလိုက်စဉ်အရ သုခဝေဒနာနောက်က တဏှာလိုက်တယ် (သုခဝေဒနာပစ္စယာ တဏှာ)။ ဒုက္ခဝေဒနာနောက်က ဒေါသလိုက်တယ် (ဒုက္ခဝေဒနာပစ္စယာ ဒေါသော)။ ဥပေက္ခာဝေဒနာနောက်က မောဟလိုက်တယ် (ဥပေက္ခာဝေဒနာပစ္စယာ မောဟော)။ သုခနောက်က တဏှာလိုက်တော့ ဝေဒနာပစ္စယာ တဏှာဆိုပြီး စက်ဝိုင်း အလယ်ကနေ လှည့်သွားတယ်။ ဒုက္ခနောက်က ဒေါသလိုက်တော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ၊ ဒီတရားတွေဟာ အာသဝေါတရားတွေကြောင့်ဖြစ်ရတော့ အာသ၀သမုဒယာ အ၀ိဇ္ဇာသမုဒယော- အာသ၀ကြောင့် အ၀ိဇ္ဇာပြန်ဖြစ်၊ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ဆိုပြီး ပဋိစ္စသမုပ္ပါဒ် အဆုံးကနေပြန်ပတ်တယ်။ ဥပေက္ခာကြောင့် အ၀ိဇ္ဇာဖြစ်တော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ- ပဋိစ္စသမုပ္ပါဒ် အစက ပြန်ပတ်တယ်။ ဝေဒနာနောက်မှာ မဂ်မ၀င်သရွေ့ ပဋိစ္စသမုပ္ပါဒ်ဟာ လည်မြဲလည်နေမယ်။ အလည်ရပ်သွားမှာမဟုတ်ပါဘူး။
    အခု ဝေဒနာပစ္စယာ တဏှာမှာ ဝေဒနာနောက်က တဏှာချည်းလိုက်နေတယ်ဆိုတော့ သုခနောက်က တဏှာလိုက်တယ်ဆိုတာ ထင်ရှားပါတယ်။ ကောင်းတဲ့ဝေဒနာကို သာယာတပ်မက်တာ ရှင်းပါတယ်။ သို့သော် ဒုက္ခနောက်က တဏှာ၊ ဥပေက္ခာနောက်က တဏှာ ဘယ်လိုလိုက်နိုင်ပါ့မလဲလို့ စောဒကတက်ဖွယ်ရာရှိပါတယ်။ ၀ိသုဒ္ဓိမဂ်မှာ ဖွင့်ပြထားတာက ဒုက္ခဝေဒနာဖြစ်တော့ သုခဝေဒနာကို တောင့်တတယ်တဲ့။ ဆင်းရဲဒုက္ခရောက်နေချိန်မှာ ချမ်းသာချင်စိတ်လေးပေါ်လာတာဟာ သုခဝေဒနာကို တောင့်တတာပါပဲ။ သုခဝေဒနာကို ရချင်တဲ့ တောင့်တတဲ့ တဏှာလေးပေါ်လာတယ်။ ဒုက္ခဝေဒနာကို တပ်မက်တာတော့ မဟုတ်ဘူး။ အဲဒီဒုက္ခဝေဒနာကို အကြောင်းပြုပြီး ဒုက္ခဝေဒနာကင်းတဲ့ သုခဝေဒနာကို ရချင်တဲ့ တဏှာဖြစ်လာတာ။ သွယ်ဝိုက်သောနည်းနဲ့ တဏှာကို ဖြစ်စေတာ။ ဥပေက္ခာဝေဒနာကတော့ အေးချမ်းတဲ့သဘောရှိတယ်။ ဒီတော့ ဒီအေးချမ်းတဲ့သဘောရှိတဲ့ ဥပေက္ခာဝေဒနာကို သာယာတပ်မက်တဲ့ တဏှာ ပေါ်လာတယ်။ ဒါကြောင့် ဝေဒနာနောက်က တဏှာလာတယ်လို့ စက်ဝိုင်းမှာ ပြထားတာ။ ဝေဒနာ(၃)မျိုးလုံးနောက်က တဏှာလာနိုင်တယ်ဆိုတာ သိစေချင်တာပါပဲ။ ဒါဖြင့် ဝေဒနာကိုမှ ဖြစ်ပျက်မရှုရင် တဏှာ ကျိန်းသေလာမယ်ဆိုတာ မှတ်ထားလိုက်ပါ။
    အကွက်(၂)မှာရှိတဲ့ တရား(၅)ပါးကို ယခုလက်ရှိခန္ဓာ (၅)ပါးလို့ အရင်က ပြောခဲ့ပြီးပါပြီ။ အဘိဓမ္မာနည်းအရ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ၀ိညာဏက္ခန္ဓာပေါ့။ ဝေဒနာပစ္စယာ တဏှာ-လို့ အဓိကပြောထားသော်လဲ အကွက်(၂)နောက်က တဏှာလာတယ်ဆိုတာကိုလဲ သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။ ဒါမှမဟုတ် အကွက်(၃)မှာ ရှိတဲ့ တဏှာ ဥပါဒါန်တို့သည် ကိလေသာဖြစ်ခြင်းကြောင့် ခန္ဓာငါးပါးကြောင့် ကိလေသာပေါ်တယ်လို့ နားလည်ထားရပါမယ်။ ဒါကြောင့်သာလျှင် စိတ်ကို မရှုရင်လဲ ကိလေသာလာတာပဲ။ စိတ်ဆိုတာ ၀ိညာဏက္ခန္ဓာ။ ရုပ်မရှုရင်လဲ ကိလေသာလာတာပဲ။ ရုပ်ဆိုတာ ရူပက္ခန္ဓာ။ ဝေဒနာ သညာ သင်္ခါရတို့ကို မရှုရင်လဲ ကိလေသာ လာတာပဲ။ သူတို့ကိုလဲ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာလို့ အသီးသီး မှတ်ရမယ်။ ဒီခန္ဓာငါးပါးကို သတိပဋ္ဌာန်နဲ့ ပိုင်းလိုက်တော့-
    ၁။ ရူပက္ခန္ဓာက ကာယာနုပဿနာသတိပဋ္ဌာန်
    ၂။ ဝေဒနာက္ခန္ဓာက ဝေဒနာနုပဿနာသတိပဋ္ဌာန်
    ၃။ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာနှစ်ပါးက ဓမ္မာနုပဿနာသတိပဋ္ဌာန်
    ၄။ ၀ိညာဏက္ခန္ဓာက စိတ္တာနုပဿနာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန်အားဖြင့် (၄)ပါးပဲ ရှိပါတယ်။ ခန္ဓာ(၅)ပါးကို သတိပဋ္ဌာန်(၄)ပါးနဲ့ ရှုရမှာဖြစ်ပါတယ်။ သတိပဋ္ဌာန်(၄)ပါး တစ်ပါးပါးနဲ့ (သတိပဋ္ဌာနဘာဝနာ) ဖြစ်ပျက်မြင်အောင် ရှုနိုင်မယ်ဆိုရင် ခန္ဓာ(၅)ပါး တစ်ပါးပါးကို အကြောင်းပြုပြီး နောက်က ကိလေသာ လာခွင့်မရှိတော့ပါဘူး။ ခန္ဓာငါးပါးထဲက ကိလေသာတရားတွေ ထပ်မံပေါက်ဖွားခွင့်မရှိတော့အောင် မဂ်နဲ့ ဖြတ်ပေးလိုက်တာနဲ့ အကွက်(၃)တရားတွေ ပေါ်လာခွင့်မရှိတော့ဘူး။ ဒီအကွက်(၃)တရားတွေ ပေါ်ခွင့်မရှိအောင် ခန္ဓာ(၅)ပါး အရှုခံတရားတို့ကို ၀ိပဿနာရှုပေးရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဝေဒနာရှုရင်လဲ ဝေဒနာနောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ၊ ထို့အတူ ရုပ်ရှုရင်လဲ ရုပ်နောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ၊ စိတ်ရှုရင်လဲ စိတ်နောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ၊ ဓမ္မ- သစ္စာရှုရင်လဲ ဓမ္မနောက်မှာ မဂ်ဝင်လာသဖြင့် ကိလေသာပေါ်ခွင့်မရှိ။ ဒါဟာ စက်ဝိုင်းအကွက် (၂)နောက်က (၃)တရားတွေ မပေါ်အောင်လုပ်တဲ့နည်းပါပဲ။ ဒါကို ပဋိစ္စသမုပ္ပါဒ်မှာတော့ သာမန်အားဖြင့် ဝေဒနာပစ္စယာ တဏှာ-လို့သာ ဟောတော်မူထားခြင်းဖြစ်ပါတယ်။ စင်စစ်မှာ ခန္ဓာ(၅)ပါးကြောင့် ကိလေသာပေါ်တယ်လို့ ခြုံငုံမိအောင်နားလည်ထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာ(၅)ပါးနောက်က ကိလေသာ မလိုက်အောင် ခန္ဓာ(၅)ပါး တစ်ပါးပါးကို ဖြစ်ပျက်ရှုပေးခြင်းဖြင့် ခန္ဓာ(၅)ပါးထဲက ရှုလိုက်တဲ့ခန္ဓာက ဖြစ်ပျက်၊ ဖြစ်ပျက်က ဒုက္ခသစ္စာ။ ရှုတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ။ မဂ္ဂသစ္စာ- မဂ်ဝင်လာသဖြင့် ပုံမှန်လာနေကျဖြစ်တဲ့ ကိလေသာ လာခွင့်မရှိတော့။ ဝေဒနာနှင့် တဏှာအစပ်ဖြတ်ပေးလိုက်ခြင်းဆိုရာမှာ ခန္ဓာနှင့် ကိလေသာမဆက်အောင်၊ အကွက်(၂)နှင့် (၃) မကူးအောင် ဖြတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ လွှမ်းခြုံနားလည်ထားမှ ဝေဒနာနောက်ကသာမက စိတ်၊ ရုပ်၊ ဓမ္မတို့နောက်ကလဲ တဏှာမလိုက်အောင်၊ ကိလေသာမလိုက်အောင် ဖြတ်ပေးနေရခြင်းအဓိပ္ပါယ်ကို သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
    Jan 18, 2013
    မြန်မာသက္ကရာဇ် တစ်ခုအတွက် ပြက္ခဒိန်ကြည့်ချင်ရင်
    မြန်မာသက္ကရာဇ် ၁၃၄၀ အတွက် မြန်မာပြက္ခဒိန် ကြည့်ချင်လို့ မေးမြန်းထားတာ တွေ့ပါတယ်။ အခြားသူတွေအတွက်ပါ အကျိုးရှိအောင် ပို့စ် တင်ပေးလိုက်ပါတယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
    (၁) အရင်ဆုံး ဒီနေရာလေးကို ကလစ်ပါ။ မြန်မာ ပြက္ခဒိန် Site ဖြစ်ပါတယ်။
    (၂) သိလိုတဲ့ မြန်မာသက္ကရာဇ်ကို (၆၃၈) ပေါင်းလိုက်ပါ။ ဥပမာ- ၁၃၄၀+၆၃၈ = ၁၉၇၈။ အင်္ဂလိပ်ခုနှစ် ဖြစ်ပါတယ်။
    (၃) အပေါ်က မြန်မာပြက္ခဒိန် Site ရဲ့ အောက်ဆုံးမှာ Go to year ဆိုတဲ့ အကွက်မှာ အပေါ်ကပေါင်းလို့ ရတဲ့ အင်္ဂလိပ်ခုနှစ်ကို ထည့်ပါ။
    (၄) Month ဆိုတဲ့ အကွက်မှာ April ကိုရွေးပါ။
    (၅) ပြီးရင် Submit Query ဆိုတဲ့ Button လေးကို နှိပ်ပါ။ ဒါဆိုရင် သိလိုတဲ့မြန်မာ သက္ကရာဇ်ရဲ့ တန်ခူးလ ကစပြီး တွေ့ရမှာဖြစ်ပါတယ်။
    (၆) မြန်မာလတွေ နောက်ထပ်ကြည့်ချင်ရင် Month ဆိုတဲ့အကွက်မှာ May/June/July/August စသည်ဖြင့် ပြောင်းပေးသွားပြီး Submit Query Button ကိုနှိပ်ကာ ကြည့်သွားနိုင်ပါတယ်။
    (၇) December ကျော်သွားရင် Go to year မှာ တစ်နှစ်ထပ်တိုးပြီး Month အကွက်မှာ January/February/March ကိုပြောင်းပေးသွားပါ။ သဘောပေါက်မှာပါနော်။
    မြန်မာသက္ကရာဇ် ဖြစ်လာပုံ
    သက္ကရာဇ်
    သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို တစ်နှစ်ဟုသတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ် တစ်ဟု သတ်မှတ်သည်။
    သက္ကရာဇ် (၅)မျိုး
    (၁) မဟာ သက္ကရာဇ် = ဂေါတမဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေ သည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမ ဘုရားရှင် ၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈ နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။
    (၂) သာသနာ သက္ကရာဇ် = မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သော အခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ် ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။
    (၃) ကောဇာ သက္ကရာဇ်၊ မြန်မာ သက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)
    (၄) ခရစ် သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်သည်။
    (၅) ခရစ် သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေ တွက်သော နှစ်များ ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)
    သက္ကရာဇ် ဖြိုခြင်း အစ
    ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော်အဉ္ဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။
    အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ၀ါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇ လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁ ခုနှစ် ဟု သတ်မှတ်ခဲ့သည်။
    ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ် ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုမုန္ဒရဇ်(သရေခေတ္တရာ) သက္ကရာဇ် အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။
    သုမုန္ဒရဇ်သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း(ပုဂံမင်းဆက် ၂၁ ဆက်မြောက်မင်း) လက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တို သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂ ခုမှ ခန်းဆပဉ္ဇာ ၅၆၀ ခု ဖြိုပြီး ကျန်သော ၂ ခု ကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံး စွဲခဲ့သော ပေါက္ကံသက္ကရာဇ်သည် ယခုအခါ မြန်မာကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။
    ထိုအချိန် မှ စ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာ ပြည် ဘုရင် သုမုန္ဒီရဇ်မင်း ဖြိုသော ၆၂၂ ကို ပုပ္ပား စောရဟန်း လက်ထက် ဖြိုသော ၅၆၀ နှင့် ပေါင်း လျှင် ၁၁၈၂ နှစ် ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိ ရောက်နေသော ကောဇာ သက္ကရာဇ် တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင် ချိန် က စခဲ့သော သာသနာ သက္ကရာဇ် ကို ရပါသည်။
        လက်ရှိ ခရစ်နှစ် က (၆၃၈) ကို နှုတ်လျှင် မြန်မာသက္ကရာဇ် ကို ရမည်။
        မြန်မာ ပြက္ခဒိန်နှစ် ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ် ကို ရမည်။
    သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး
    သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။
        ရောက်ဆဲသက္ကရာဇ်တည်၇-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
        ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊ အကြွင်းမရှိပြတ်၊
        ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊ အကြွင်းမရှိပြတ်။
    သက္ကရာဇ်ဖြိုမင်း  ၇ မင်း
    (၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ ``မဟာသုဒ္ဓ၀ယပ္ပ´´ဟူသော ပိဋကသင်္ချာနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။
    (၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၆၀) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။
    (၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေ၀ီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ်ဏ၀စန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။
    (၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေ၀ီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။
    ထိုနောက် သာသနာသက္ကရာဇ် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-
    (၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ် တို့ကို ဖြိုကာ ၂ က ပြန်စသည်။
    ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-
    (၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆပဉ္စန်း´´  ခေါ်(၅၆၀) တို့ကို ၂ ခုကြွင်းထားလျက် ဖြိုကာ ၂ က ပြန်စသည်။ ယနေ့ မြန်မာသက္ကရာဇ်ဖြစ်လာသည်။
    ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ
    (၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌန၀ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြို မကြေဟု ပညာရှိတို့ ဆိုကြ ကုန်၏၊
    ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။
    ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား
    ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား ???
    (ဆလိုင်း ဟန်သာစန်း)
    အမေး။ ။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား ?
    ဆရာတော် ဦးကောဝိဒ (မြိတ်)
    အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးေ တွ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
    ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျင်လည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။
    ရတနာသုံးပါးယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်း က ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
    ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊
    (၁)မကောင်းတာမလုပ်နဲ့။
    (၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။
    (၃) စိတ်ကိုဖြူစင်အောင်ထားကြ။
    ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့ (သုဂတိ)ဘုံ ကို ရောက်နိုင်တယ်ဆိုတာပါပဲ ။
    ဆရာတော် ဦးကောဝိဒ (မြိတ်)
    ~~~ ဓမ္မ မိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာ ရွှင်လန်း ငြိမ်းအေး နိုင်ကြပါစေ ~~~
    နှလုံးသား၏ ဓမ္မသံစဉ် မှကူးယူဖော်ပြလိုက်ပါသည်
    Jan 17, 2013
    ဖုန်းကိုင်တတ်သော သူငယ်ချင်းများသိထားသင့်သော အကြောင်းအရာလေးများ
    မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက်ငါးခု -ြ မြန်မာ နိုင်ငံမှာ ရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန်
    နည်းပါးနေ ပါတယ်။ ကိုင်နေ တဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm
    နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
    ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
    (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရ ပါတယ်။
    ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်
    ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို
    ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
    (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့
    ဖုန်း တွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ.
    ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
    နောက်တစ်ကြိမ်မိုဘိုင်းဖုန်းဘက်
    ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ
    လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
    (၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကား အသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ
    ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို
    မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး
    ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ
    အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ
်။
    (၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့
    အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့
    ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။
    ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့
    နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင်
    တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင်
    ကာကွယ်နိုင်မှာဖြစ်ပါတယ်။
    (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်
     တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြု မယ့်သူတွေအတွက်
    ကုတ်နံပါတ်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ် နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity)
    ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီးရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646#
    ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။
    Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့
    Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689#
    ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသောဖုန်းနံပါတ်များကိ
    ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock
    လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။
    မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိ
ုင်တွယ်နိုင်ပါစေ။
    Jan 16, 2013
    ဒုစရိုက်နှင့်သုစရိုက်
    ဒုစရိုက်ဆယ်ပါးနှင့် သုစရိုက်ဆယ်ပါးအကြောင်းကို ရှင်းပြခိုင်းလို့ ရှင်းပြပေးလိုက်ပါတယ်။ ဒုစရိုက် ဆယ်ပါး ဆိုသည်မှာ တကယ်တော့ ကာယကံ ၀စီကံ မနောကံများသာ ဖြစ်ပါတယ်။ အဲဒီကာယကံ ၀စီကံ မနောကံများကို အကျယ်ချဲ့လိုက်တော့
    ၁။ ပါဏာတိပါတ-သူတစ်ပါးအသတ်ကို သတ်ခြင်း။
    ၂။ အဒိန္နာဒါန-သူတစ်ပါး ပစ္စည်းဥစ္စာကို ခိုးယူခြင်း။
    ၃။ ကာမေသုမိစ္ဆာစာရ-သူတစ်ပါး သားမယားကို ပြစ်မှားခြင်းဆိုတဲ့ ကာယကံသုံးပါးနှင့်
    ၄။ မုသာဝါဒ-မဟုတ်မမှန်ပြောဆိုခြင်း။
    ၅။ ပိသုဏ၀ါစာ-ကုန်းချောစကား ပြောဆိုခြင်း။
    ၆။ ဖရုသ၀ါစာ-ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း။
    ၇။ သမ္ဖပ္ပလာပ၀ါစာ-အကျိုးမရှိ အချည်းနှီးသော စကားကိုပြောဆိုခြင်းဆိုတဲ့ ၀စီကံလေးပါး
    ၈။ အဘိဇ္ဈာ-သူတစ်ပါးစည်းစိမ်ကို မတရားကြံစည်ခြင်း။
    ၉။ ဗျာပါဒ-သူတစ်ပါးပျက်စီအောင် ကြံစည်ခြင်း။
    ၁၀။ မိစ္ဆာဒိဋ္ဌိ-လွဲမှားသော အယူဝါဒလက်ခံကျင့်သုံးခြင်းဆိုတဲ့ မနောကံသုံးပါး။
    အထက်ဖော်ပြပါ (၁၀)ပါးသည် မလုပ်သင့် မပြုကောင်းသော အကျင့်ဆိုးများ ဖြစ်ပေသည်။ ထို့ကြောင့် ထို(၁၀)ပါးကို ဒုစရိုက်-လူမိုက်တို့ ပြုလုပ်သောအကျင့်ဟု ခေါ်ဆိုပါသည်။
    တစ်ခါ သုစရိုက်ဆယ်ပါးဆိုသည်မှာ
    1) ဒါန- စိတ်ထားဖြူစင် စေတနာကောင်းစွာ နှမြောမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲ ပေးကမ်း လှူဒါန်း ခြင်း။
    (2) သီလ- ကိုယ်နှုတ်နှစ်ပါးတို့၌ ကောင်းမွန်မှန်ကန်သော အကျင့်ရှိခြင်း။
    (3) ဘာဝနာ- သမထ,၀ိပဿနာ ဘာဝနာ(၂)ပါးကို လေ့လာပွားများခြင်း။
    (4) အပစာယန- ရတနာသုံးပါး ဆရာသမား မိဘတို့ကို ရိုသေလေးစားခြင်း။
    (5) ဝေယျာဝစ္စ- ကုသိုလ်ပြုလုပ်သောပွဲများ၌ တက်နိုင်သည့်ဘက်မှ မပျင်းမရိ ဝေယျာဝစ္စ အသွယ် သွယ်ကို ပြုလုပ်ပေးခြင်း။
    (6) ပတ္တိဒါန- မိမိပြုလုပ်ထားသော ကုသိုလ်များကို ကိုယ်ပိုင်အတ္တမရှိဘဲ ဘုရားရှင်၏ အနတ္တ၀ါဒ အတိုင်း အများအား အမျှဝေပေးခြင်း။
    (7) ပတ္တာနုမောဒန- သူတစ်ပါးပြုလုပ်သော ကောင်းမှုများကို ကောင်းချီးဝမ်းမြောက်ပေးကာ သာဓု ခေါ်ဆိုခြင်း။
    (8) ဓမ္မသ၀န- မြတ်ဗုဒ္ဓ၏ တရားများကို နာယူမှတ်သားခြင်း။
    (9) ဓမ္မဒေသနာ- မိမိတက်သိသလောက် မြတ်ဗုဒ္ဓ၏တရားများကို အများအား ဖြန့်ဝေ ဟောကြား ပေးခြင်း။
    (10) ဒိဋ္ဌိဇုကမ္မ- နိဗ္ဗာန်ရောက်ကြောင်း ကောင်းမွန်သော အယူဝါဒ ယုံကြည်ချက်ရှိခြင်း။
    အထက်ပါ(၁၀)ပါးသော ကောင်းမှုများသည် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုရောက်အောင် လုပ်ဆောင်ပေးသောကြောင့် ကောင်းမွန်သောသုစရိုက် တရားဟုလည်းကောင်း၊ လူသားတို့အား ကောင်းကျိုး ချမ်းသာများ တိုးပွားစေတတ်သော တရားများဖြစ်သောကြောင့် ကုသလကမ္မပထ တရားဟု လည်းကောင်း ခေါ်ဆိုကြပေသည်။
    ဤမျှလောက် ရှင်းပြလျှင် လူသားတို့သည် ရှောင်ကြဉ်ရမည့် အရာများဖြစ်သော ဒုစရိုက်ဆယ်ပါး နှင့် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် သုစရိုက်ဆယ်ပါးတို့ကို သိရှိနားလည်လိမ့်မည် ထင်ပါသည်။
    ထို့ကြောင့် လူသားအားလုံး ရခဲလှတဲ့လူ့ဘ၀လေး မကုန်ခင်မှာ ဒုစရိုက်များကို ရှောင်ကြဉ်နိုင်ကာ သုစရိုက်တရားများ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်နာ ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်.........................။ ဆန်နီနေမင်း
    ဝိမာလာထေရီဝတ္ထု
    လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ်ဖြစ်ခဲ့တဲ့ ဇတ်လေးတစ်ပုဒ်ကို အရင် ပြောပြရအောင်ပါ။ ကာလအနေနဲ့ ပြောရင် မြတ်စွာဘုရား ပွင့်တော်မူနေတဲ့ ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။ အဲဒီကာလ အဲဒီဝေသာလီ ပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့ အဓိပ္ပါယ်က အညစ်အကြေး ကင်းစင်သူ၊ သန့်ရှင်း စင်ကြယ် သူပါ။ ဒါက တင်စားတဲ့ ရုဠီနာမည်ပါ။ တကယ့်အရှိ အနွတ္တအမည် မဟုတ်ပါဘူး။
    ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံး စာရင်းဝင် တစ်ယောက်ပါ။ သူရဲ့ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမ တစ်ယောက်ဖြစ်တဲ့ အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့ အလုပ်ကို ဆက်လုပ်ရပါတယ်။ ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း ”၀ိမလာ ၀ိမလာ” ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေး သူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေတော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့ အလှ သူရဲ့အောင်မြင်ကျော်ကြားမှု အပေါ် သိပ်ပြီး ဂုဏ်ယူပါတယ်။
    ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်း ၀ိမလာရဲ့ အိမ်ရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာ မောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင် နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။
    တစ်စုံတစ်ယောက်ကို ချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာ ဓမ္မတာပါ။ ၀ိမလာဟာ အရှင်မဟာ မောဂ္ဂလာန်ဆီက အချစ်ကို ရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ် ကိုယ် ပြန်ကြည့်လိုက်တော့ သူရဲ့ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေထဲက ကောင်းပေ့ဆိုတဲ့ အ၀တ်တစ်စုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုး အကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုးတို့ကိုလည်း ၀တ်ဆင် လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။ အရင်ပြင်နေကျ နေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ် မှန်ရှေ့ကို ရပ်လိုက်ပါတယ်။ မှန်ထဲကြည့်ပြီး သူရဲ့အလှနဲ့ သူရဲ့ပြင်ဆင်ခြယ်သထားမှု အပေါ်လည်း စိတ်ချသွားပါတယ်။
    စိတ်တိုင်းကျ ပြင်ပြီးပြီိဆိုမှ အဖော်သီးခြား မခေါ်တော့ဘဲ အရှင်မဟာ မောဂ္ဂလာန်ရှိရာ ကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။ အရှင်မဟာ မောဂ္ဂလာန်ဆီရောက်တော့ ရှိခိုးဦးချ လိုက်ပါ တယ်။ အရှင်မဟာ မောဂ္ဂလာန်ကို အနီးကပ် တွေ့လိုက်ရတော့ ရင်က ပိုပြီးခုန်သွားပြန်ပါတယ်။
    ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့အကြောင်း နှုတ်ကဖွင့်ပြောလို့ မ၇တဲ့အတွက် အမူအယာလေးနဲ့ ပြပါတယ်။ အရှင်မဟာ မောဂ္ဂလန်ကတော့ ၀ိမလာရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကို မှီပြီး အလှနဲ့ဆွယ်နေတဲ့ ၀ိမလာကို အလှရဲ့ဆန်ကျင့်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။ နှမ ၀ိမလာ သင်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေ နဲ့လည်း နံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ် ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ်”
    အရှင်မဟာ မောဂ္ဂလာန်က ၀ိမလာရဲ့ နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာ သဘောပေါက် သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။ အရှင်မဟာ မောဂ္ဂလာန်က ဂါထာတွေ အများကြီးနဲ့ ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။
    အတိတ်ဘ၀တွေက ပါရမီ ပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာ မောဂ္ဂလာန် ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့် ၀ိမလာက ” အရှင်ဘုရား တပည့်တော်မကို ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်တဲ့ ဥပါသိကာမ အဖြစ် အသိအမှတ်ပြုပါဘုရား” လို့ လျှောက်လိုက်ပါတယ်။
    ၀ိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နဖူးပေါ် လက်တင်ပြီး စဉ်းစားပါတယ်။ ” လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်၊ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်၊ တရားတော်ကို နားကြားခွင့် ရဖို့လည်း ခဲယဉ်းတယ်၊ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ ခဲယဉ်းတဲံ့ တရားလေးပါးကို ရနေတယ်။ ရခဲခြင်း တရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာ မောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ
    ၀ိမလာဟာ အဲဒီလိုစဉ်းစားပြီး သူရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။ သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။ ၀ိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ ” ငါ ဒီအတိုင်း ထိုင်နေလို့တော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီ ရောက်လာမှာ မဟုတ်ဘူး။ တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့ နေရာမှာလည်း ငါ့မှာ လောကီ အတွက် ဘာမှငဲ့စရာမရှိတော့ ဘိက္ခူနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ” ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုမှာသွားပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။ ဒီတော့ တကယ့်ကိလေသာအညစ်အကြေး ကင်းစင်သူ ၀ိမလာ ဖြစ်သွားတော့တာပါ။
    ၀ိမလာဟာ အရှင်မဟာ မောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့် တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်းပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ် ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ်ရနိုင်စရာ အကြောင်းမရှီပါဘူး။
    ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ်ကို တည့်တည့် ဥာဏ်နဲ့ စိုက်ကြည့် လိုက်နိုင်ဖို့ပါပဲ။ ဥာဏ်နဲ့တည့်တည့် စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိ ရပ်တည် နေတဲ့ ရပ်တည်ချက်ရဲ့ အမှန်အမှားကို သိခွင့်ရသွားတတ်ပါတယ်။ လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်း သိသွားဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်းကြပါဘူး။ အပြစ်ဆိုလို့ ဆရာနန္ဒာသိန်းဇံရဲ့ ” မနက်ဖြန်ကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်ထဲက ပုံဝတ္တုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီပုံဝတ္တုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။
    တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇက် ( Jesus Christ) ဆီကို ပြည့်တန်ဆာမ တစ်ဦးကို ခေါ်လာကြတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့ အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာပါ။ ဂျီးဇက်ဆီကို ရောက်တဲ့အခါကျတော့ အဲဒီဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ(MOSES) က အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ” လို့ ဂျီးဇက်ကို ၀ိုင်းမေးကြပါတယ်။
    ဂျီးဇက်ဟာ သူတို့ကို မော့မကြည်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီက အဖြေစကားကို မရမချင်း ဒီလူတွေက မေးနေကြပါတယ်။ ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ”သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက်လို့” ပြောလိုက်ပါတယ်။ ဂျီးဇက်စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲံ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားကြ လိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။
    သူတို့အားလုံးပြန်သွားမှ ဂျီးဇက်က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်။
    သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံပြောပြတဲ့ ပုံဝတ္တုလေးကို သတိရမြဲပါ။ ဒီပုံဝတ္တုလေးက ဂျာနယ်မှာပါလာကတည်းက စွဲခဲ့တဲ့ပုံဝတ္တုလေးပါ။
    ဟိုတလောလေးကပဲ သတင်းတစ်ခုရောက်လာပါတယ်။
    ”မ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁) ဗဟန်းမှာရှိတဲ့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပြုပြင်စောင့်ရှောက် ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ် ၊ နေ့လယ် ဆွမ်းပဲ ဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။
    သူတို့လေးတွေဟာ တကယ့် ပထမ အရွယ်လေးတွေပါ။ ဒီပထမ အရွယ်လေးတွေမှာ ဘ၀ လမ်းကြောင်း မှားနေတာဟာ သိတဲ့လူတိုင်းမှာတာဝန် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ဇနီးမယားပဲဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။ ယောဆရာတော်ဘုရား မကြာခဏ ဟောသလို ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ အားလုံးဟာ ဆွေမျိုးတွေချည်း ပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ကျေးဇူးလေးတွေ ရှိခဲ့မှာပါ။ အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။
    တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ ဖြစ်သွားရတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်း အမျိုးမျိုး ရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကိုမရတော့ စိတ်ဓါတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ တစ်ဖက်သားကို ကြည့်တဲ့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊ နာကြည်းတဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။
    စိတ်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာကို စိိတ်ကို အခြေခံပြီး ရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက တရားသဘော ဓမ္မရှုထောင့်ကပြောတာပါ။ ဌာနက ပြုစု စောင့်ရှောက်နည်းတွေနဲ့လည်း ပြုစု စောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ၀ိပဿနာလေးပါ တွဲသွားနိုင်ရင် အကောင်းပါပဲ။
    သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။ ဆွမ်းလည်းကျွေးရင်းပေါ့လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိကထား ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြန်ကြွတဲ့အခါ ဘယ်လို ကြွရတယ်၊ အိပ်ရာထတဲ့အခါ ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊ အောက်ထစ်ဆုံး ကျင်ကြီး ကျင်ငယ် စွန်တဲ့အခါ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။
    ဒီလိုအနေအထား ရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လိုအနေအထားပဲ ရောက်နေရောက်နေ စိတ်ဓါတ်ရေးရာအရ ပြုပြင်ယူရတဲ့အခါ ပိပဿနာနဲ့ ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက် ဆုံးပါ။ ၀ိပဿနာ အားထုတ်ရင်းနဲ့ ဥာဏ်စဉ်လေးတွေ ၀င်ဝင်လာပါ့လိမ့်မယ်။ အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေး ရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့ နာမ် ခွဲခြားပြီး သိသွားတာ၊ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့ သဘော အစိုးမရတဲ့ သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဥာဏ်စဉ်တွေ ၀င်လာတာနဲ့ ကိုယ့်လုပ်နေတဲ့အလုပ် မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ ပါရမီပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင် ရသွားနိုင်ပါတယ်။ ပြီးတော့ ငယ်တုန်းက တရား အားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလဲ အို၊ နာမ်ကလဲ အိုလာပြီး တရား အားထုတ်ရတာ မကောင်းတော့ပါဘူး။
    ဘာပဲပြောပြော ကိုယ်က လူ့ဘ၀ကို ပီပီပြင်ပြင်ရထားတယ်။ ပြီးတော့ ရခဲခြင်း လေးပါးကို ရထားတယ်။ ဒီတော့ ၀ိပဿနာတရားကို အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခု အနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။
    ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ် လိုက်ကြရအောင် ပါ။
    ။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
    ဖြစ်ခဲလှစွာ၊ လူဆိုတာ၊ ဖြစ်ကာနေကြပြီ။
    ၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
    ရှင်ခဲလှစွာ ၊ သက်ဆိုတာ၊ ရှင်ကာနေကြပြီ။
    ၃။ တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
    နာရခဲစွာ၊ တရားဟာ၊ တွေ့ကာနေကြပြီ။
    ၄။ သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
    တွေ့ခဲလှစွာ၊ သာသနာ၊ တွေ့ကာနေကြပြီ။
    အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်။
    ဆုံးခဲလှစွာ၊ ကြောင်းလေးဖြာ၊ ဆုံကာနေကြပြီ။
    ကျမ်းကိုး
    ထေရီအဠကာ၊
    လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ
    ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
    (၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
    (၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
    (၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
    (၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
    (၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။
    ယနေ့ကြွရောက်လာသော မိဘဆွေမျိုးအားလုံးတို့သည် အင်မတန် ကံကောင်းလှသည့် လူသားများ ဖြစ်သည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒနိုင်ငံတို့၏ အထွဋ်အထိပ်ဖြစ်ပြီး အများစုမှာ ဗုဒ္ဓသာသနာဝင် မိသားစုများမှ မွေးဖွားလာသည့်အပြင် ၀ိပဿနာတရားနှင့်လည်း အလှမ်းမဝေးပေ။ ဉာဏ်ကြီးလှပြီး အာရုံခြောက်ပါး စလုံးလည်း ကောင်းမွန်သည့် ပုဂ္ဂိုလ်များဖြစ်သည်။ ရခဲလှသည့် လူ့ဘ၀မှာ အခွင့်အရေးများ အပြည့်အ၀ ပိုင်ဆိုင် ထားကြသည်။
    လူ့ဘ၀တန်ဖိုးကိုသိရန် ဘုရားရှင်က နခသိခ (လက်သည်းခွံ) သုတ္တန်တွင် ဟောကြားခဲ့သည်။ တစ်နေ့ တွင် ဘုရားရှင်က မြေမှုန့်တစ်ဆုပ် ကိုကျုံး၍ လက်သည်းခွံပေါ်မှာတင်ပြီး နောက်လိုက် ရဟန်းများကိုမေးသည်။ "ငါ၏လက်သည်းခွံပေါ်က မြေမှုန့်နှင့် ဤမဟာပထ၀ီမြေကြီး (ကမ္ဘာကြီး)မှ မြေမှုန့်၊ မည်သည့်မြေမှုန့်က များသနည်း" လို့ မေးသည့်အခါ နောက်လိုက်ရဟန်းများက "တုနှိုင်းလို့မရပါဘုရား"လို့ ဖြေကြသည်။ ဘုရားရှင်က မိန့်ကြားသည်မှာ "အသင်တို့တွေ့သော ငါ၏ လက်သည်းခွံပေါ်တွင်ရှိသည့် မြေမှုန့်မျှလောက်သာလျှင် လူ၊ နတ်၊ ဗြဟ္မာတို့အားလုံး စုတေ၊ ကွယ်လွန်သွားလျှင် လူ၊ နတ်၊ ဗြဟ္မာပြန်ဖြစ်သည်။ ကျန်သည့် ဤမဟာပထ၀ီ မြေကြီး အပြည့် ရှိသော မြေမှုန့်အားလုံးလောက်က အပါယ်သို့ကျကြသည်"ဟု ဆုံးမတော်မူခဲ့သည်။ ၀ိပဿနာ မလုပ်သေးသည့် ပုဂ္ဂိုလ်မှန်သမျှ အပါယ်ဆင်းမှာ သေချာလှသည်။
    အပါယ်ကျလျှင် သုဂတိဘုံ ပြန်ရောက်ဖို့ ခက်ခဲကြောင်းကို ကာဏကစ္ဆပသုတ္တန် (လိပ်ကန်းသုတ္တန်) တွင် ဆုံးမတော်မူခဲ့သည်။ အပြောကျယ်သည့် သမုဒ္ဒရာ၏ ကြမ်းခင်းပေါ်မှာ မျက်လုံးကန်းနေသည့် လိပ်ကြီး တစ်ကောင် သွားချင်ရာသွားနေပြီး သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်မှာလည်း လှည်းထမ်းပိုး တုံး တစ်တုံး မျောချင်ရာ မျောနေသည်။ ၎င်းထမ်းပိုးတုံးတွင် အပေါက်ကလေး တစ်ပေါက်ပါသည်။ ထိုအပေါက်မှာ လိပ်ကန်း၏ ဦးခေါင်းနှင့် စွပ်ရုံလောက် သာရှိသည်။ ထိုလိပ်ကန်းမှာ နှစ်တစ်ရာ ကြာမှ ရေမျက်နှာပြင်ပေါ် တစ်ကြိမ်ပေါ်သည်။ ဘုရားရှင်က နောက်လိုက် ရဟန်းများကို မေးသည်။ "သွားချင်သလို သွားနေသည့် လိပ်ကန်း၏ဦးခေါင်းနှင့် မျောချင် သလိုမျောနေသည့် လှည်းထမ်းပိုး တုံး၏ အပေါက်တို့စွပ်သွားရန် လွယ်ပါ့မလား" လို့မေးသည့်အခါ "မည်သို့မျှမဖြစ်နိုင်ပါဘုရား"ဟု နောက်လိုက်ရဟန်းများက ဖြေသည်။
    လိပ်ကန်းနောက်မှာ လှည်းထမ်းပိုးတုံးကြီးကို လူကိုယ်တိုင်လိုက်စွပ်လျှင်တောင် ဖြစ်နိုင်ချေမရှိပေ။ ဘုရားရှင်က ဆုံးမတော်မူခဲ့သည်မှာ "လိပ်ကန်းကလည်း ကမ္ဘာတည်သရွေ့ အသက်ရှည်ပြီး ထမ်းပိုးတုံးကလည်း မဆွေးဘဲဆက်လက် တည်ရှိနေခဲ့လျှင် ကံကောင်းထောက်မလွန်းစွာဖြင့် စွပ်ချင်လျှင် စွပ်သွားလိမ့်မယ်၊ အပါယ်သို့ ကျပြီးသော လူ၊ နတ်၊ ဗြဟ္မာအားလုံး လူ၊ နတ်၊ ဗြဟ္မာ ပြန်ဖြစ်ဖို့ရာ အဆပေါင်းရာထောင်မက ခဲယဉ်းလှပေသည်" ဟု ဆုံးမ တော်မူခဲ့သည်။
    ဘုရားရှင်က ရှည်လျားလွန်းလှသည့် သံသရာကြီးအကြောင်းကိုလည်း ဟောကြားတော်မူခဲ့ပါသည်။ သံသရာသည် ကမ္ဘာပေါင်း မြောက်မြားစွာ ကြာမြင့် လှပေသည်။ တစ်ကမ္ဘာတွင် မြောက်မြားစွာ ကြာမြင့်လှပေသည်။ တစ်ကမ္ဘာတွင် ကပ်ကြီးလေးကပ်ရှိသည်။ အာယုကပ်၊ အန္တရကပ်၊ အသင်္ချေယျကပ်၊ မဟာကပ် တို့ဖြစ်သည်။ မရေမတွက်နိုင်အောင်သော ရှည်လျားလှသည့် သက်တမ်းက စပြီး အနှစ်တစ်ရာကြာတိုင်း တစ်နှစ် လျော့လာခြင်းဖြစ်ရာမှ ဂေါတမဘုရားရှင် ပွင့်တော်မူချိန်မှာ အနှစ်တစ်ရာ နေနိုင်သောသက်တမ်းဖြစ်သည်။ အနှစ်တစ်ရာကြာတိုင်း တစ်နှစ် လျော့လာ၍ ဘုရားပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ်(၂၅၄၉)နှစ်ကျော်ရှိ လာသော ယခုခေတ် သက်တမ်းသည် "ခုနှစ်ဆယ်လေးနှစ် ကျော်ကျော်" ဖြစ်သည်။ အနိမ့်ဆုံးမှာ ဆယ်နှစ်တန်း မှာဆုံးသည်။ ထိုသို့ ကျဆင်းလာခြင်းကို "ဆုတ်ကပ်"ဟုခေါ်သည်။ သက်တမ်း ဆုတ်လာခြင်းဖြစ်ပြီး သာသနာ ဆုတ်လာခြင်း မဟုတ်ပေ။ ယနေ့ခေတ် လူအများမှာ သာသနာဆုတ်သည်ဟု မှားယွင်းစွာ ပြောဆိုနေကြသည်။ ယနေ့ခေတ်သည် ၀ိမုတ္တိခေတ် သာသနာနှစ်(၂၅၀၀)ကျော်လျှင် အနတ္တသာသနာတစ်ပတ်ပြန်လည်လာသည့် "ကာလ၀ိမုတ္တိယုဂ ခေတ်ကြီး" ဖြစ်သည်။
    သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များ လက်ညိုးထိုးမလွဲ၊ ရဟန္တာကြီးများ တဗြောင်းဗြောင်း ပွင့်ရမည့် ခေတ်ဖြစ်သည်။ (၄၉)နှစ်ပင် ကျော်လာပြီးဖြစ် သည်။ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များ၏ နှုတ်ဖျားမှာ "သာသနာ ဆုတ်ကပ်"လို့ မပြောသင့်ပေ။ လူ့သက်တမ်း ဆယ်နှစ်အထိ ဆုတ်ပြီးသော အခါ အနှစ်တစ်ရာကြာတိုင်း နှစ်ဆ ပြန်တက်သည်။ မရေတွက်နိုင်သည့် သက်တမ်းအထိ ပြန်တက်လာခြင်းကို "တက်ကပ်"ဟုခေါ်သည်။ ထိုသို့ ဆုတ်လာ သည့်ကပ်နှင့် တက်လာသည့်ကပ်ကို "အာယုကပ်"ဟုခေါ်သည်။ အာယုကပ်၏ အတက်နှင့်အဆင်း တစ်ကြိမ်ကို အန္တရကပ်ဟုခေါ်သည်။ အန္တရကပ်ပေါင်း (၆၄)ကြိမ်ကို "အသင်္ချေယျကပ်"ဟုခေါ်သည်။ အသင်္ချေရကပ် လေးကပ်၊ လေးကြိမ်ပေါင်းထားခြင်းကို မဟာကပ်(တစ်ကမ္ဘာ)ဟု ခေါ်ပါသည်။ အသင်္ချေယျကပ် လေးကပ်မှာ -
    (၁) သံဝဋ္ဋကပ်(ကမ္ဘာပျက်ဆဲကာလ)
    (၂) သံဝဋ္ဋဌာယီကပ် (ပျက်ပြီးတည်နေဆဲကာလ)
    (၃) ၀ိဝဋ္ဋကပ် (ကမ္ဘာပြန်လည်ဖြစ်လာဆဲကာလ)
    (၄) ၀ိဝဋ္ဋဌာယီကပ် (ကမ္ဘာဖြစ်လာပြီးတည်နေဆဲကာလ)
    အသင်္ချေယျကပ်လေးကပ်ကို တစ်ကမ္ဘာ (မဟာကပ်တစ်ခု)ဟုခေါ်သည်။ ထို့ကြောင့် တစ်ကမ္ဘာတွင် ရေတွက်၍ မရနိုင်အောင် ကြာမြင့်လှပါသည်။ အပါယ်သို့ရောက် သွားလျှင် သုဂတိဘုံ ပြန်ရောက် ရန် ကြာမြင့်လှ ပါသည်။ ထို့ကြောင့် လူ့ဘ၀ရခဲခြင်းနှင့် သံသရာရှည်လှပုံကို နားလည် သဘောပေါက် ပြီး အခွင့်အရေးရှိတုန်း "၀ိပဿနာ ဘာဝနာ"ကို အားထုတ်သင့်ပေသည်။