........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
May 24, 2017
ငါဝ်းငွါယေန်ႏကေႏ ယံဒေါ့ꩻဗာႏ
ငါဝ်းငွါယေန်ႏကေႏ ယံဒေါ့ꩻဗာႏ
•••••••••••••••••••••••
ယံကဖုဲင်ႏနာႏ သွုံꩻငါဝ်းနွိုး၊
ယံကတလွိုး သွုံꩻငါဝ်းအွီႏ၊
ယွယွယဲင်ဗွီႏ နေးရိုႏသေႏ၊
ခွေသွဉ်းနီဗွေႏ ဩလွဝင်ꩻ၊
နီလိုꩻချင်ꩻချင်ꩻ စွုမ်ႏဖြာꩻဖြာꩻ၊
ခွေခွေနာနာꩻ ရိုꩻဗာႏမွော့ꩻ၊
ထွားနုဲင်းဖန်းသွော့ လိုꩻမျိုꩻလင်၊
တွိုႏစင်ကဖွိုႏ မတ်ဖွီဝင်ꩻ၊
တွိုႏစင်ကဖျင်ꩻ မတ်ပေႏထဲင်း၊
ယံထွာနုဲင်းဗဲင်း ဝင်ꩻဗွေႏမျိုꩻ၊
အကျိုꩻလဲ့ထွာ ပီယအောင်ႏ၊
မူႏမောင်ႏသီးနော သွင်ꩻသꩻနော၊
ပါဖြာꩻပါဖြာꩻ ငါဝ်းနီတော်၊
အီအော်အွိုးနော် ငါဝ်းရသာႏ၊
ဆမုဲင်ꩻနာႏသာႏ သွုံꩻဖဲ့ꩻနဝ်ꩻ၊
ကျံႏကဝ်ꩻလꩻလꩻ ငါဝ်ႏမေတ္တာႏ၊
ကျံႏဒေါ့ꩻဒါႏဒါႏ ငါဝ်းပီယ၊
သွꩻခွꩻကအာ ပွိုးငါဝ်းရင်ꩻ၊
ပါꩻရက်ပါꩻစင်ꩻ ကွပ်ထာꩻဒေါ့ꩻ၊
အမာႏအရော့ꩻ အဝ်ႏနီဖြောင်း၊အဝွေႏအကြောင်ႏ အဝ်ႏဒျာႏသꩻ၊
ယံကဗꩻရန်းထို ဒေါ့ꩻယေန်ႏကေႏ၊
ထွာအီဒါႏ ဗွေႏ ငါဝ်းနုꩻညံꩻ၊
ဝင်ꩻကရိုႏသေႏ ပွိုးငါဝ်းချောꩻ၊
တရာꩻသꩻဘောꩻ မန်ႏနောဟွေး။
#လိုꩻခမ်းနီတိ
#လောကလိုꩻခမ်းအုံအဝ်ႏရေꩻ လိတ်စောင်ႏ
May 20, 2017
အောင်​မြင်​မှုတိုင်းမှာ
အောင်​မြင်​မှုတိုင်းမှာ ညီညွတ်​စွာလုပ်​ကိုင်​ခြင်းသည်​သာ
ပြီး​မြောက်​​စေနိုင်​ပါတယ်
ကျန်းမာ​ရေးလား
ပညာ​ရေးလား
စီးပွား​ရေးလား
အမျိုးသား​ရေးလား
ဘာအ​ရေးပဲလာလာ ပူး​ပေါင်းမှုမပါပဲ ညီညာစွာမ​ဆောင်​ရွက်​ပဲ
ကောင်းတဲ့အလားအလာမမြင်​နိုင်​ မ​အောင်​မြင်​နိုင်
တိုးတက်​ချင်​တယ်​.​အောင်​မြင်​ချင်​တယ်​​ပြောပြီး မပူး​ပေါင်​ပဲနဲ့​တော့
လုံးဝမဖြစ်​နိုင်
ကြားခံဖြစ်​တဲ့ မာန.အတ္တ.ရင်​ထဲမှာရှိ​နေသ​ရွေ့ဘယ်​​တော့မှမဖြစ်​နိုင်
တစ်​​နေ့..စာ​ရေးဆရာခွန်​ကု​ဝေဆီ အလည်​​ရောက်​ခဲ့တယ်​ စာ​ပေအ
ကြောင်း​မေးမြန်း​ဆွေး​နွေးကြတယ်​ ပညာအများကြီးရခဲ့ပါတယ်
စာမူတမူဖြစ်​ဖို့မလွယ်​​ကြောင်း အပြုအပြင်​ခံဖို့မလွယ်​ကူ​ကြောင်း
ကြားသိခွင့်​ရခဲ့ပါတယ်​....​သေချာပြီ..ပူး​ပေါင်း​ဆောင်​ရွက်​လိုစိတ်​မရှိ
တာထက်​.အတ္တနဲ့မာနကို အထိအခိုက်​မခံဆိုတဲ့အ​ဖြေပဲ ထွက်​လာ
တယ်​.အနာဂါတ်​မျိုးဆက်​သစ်​အတွက်​ ဝန်​​လေးစရာပင်
အများကြီးကြိုးစားရဦးမည်​ ရုန်းကန်​ရဦးမည်​ အများလုပ်​ရဦးမည်
တို့လူငယ်​​လေး သူငယ်​ချင်းတို့​ရေ...တို့လက်​ထက်​မှာ မူကိုပြင်​မလား
လူကိုပြင်​မလား..ဆိုတာကို​တော့...
May 13, 2017
မေတ္တာစစ်ဆိုတာ
အားလုံး မငျ်ဂလာနံနကျခငျးပါ
🌸🌼🍁🌹🌞
မေတ္တာစစ်ဆိုတာ
*************
မေတ္တာစစ်မှာ
ရယူပိုင်ဆိုင်လိုခြင်း မရှိဘူး။
ပေးဆပ်လိုခြင်းသာ ရှိတယ်။
မေတ္တာစစ်မှာ
အနိုင်ယူလိုခြင်း မရှိဘူး။
အရှုံးသမားဖြစ်လည်း ကျေနပ်တယ်။
မေတ္တာစစ်မှာ
ပြိုင်ဆိုင်လိုခြင်း မရှိဘူး။
မပြိုင်ခင်က အရှုံးပေးထားတယ်။
မေတ္တာစစ်မှာ
ဘယ်တော့မှ ပူလောင်မနေဘူး။
အမြဲတမ်း အေးချမ်းနေပါတယ်။
ဒါကြောင့် မေတ္တာစစ်ဟာ ရေနဲ့တူတယ်။
ရေနဲ့တူအောင်ကျင့်ကြရမယ်။
လူကောင်း လူဆိုး မည်သူမဆို သောက်သုံးသူ အေးချမ်း ကြရမယ်။
မေတ္တာမပါပဲနဲ့ ဘာပဲလုပ်လုပ် အချဉ်းနှီးပါပဲ။
ကာယကံ ဝစီကံ မနောကံ ကံသုံးပါးဖြင့် မေတ္တာပါပါ နေ့စဉ်နေ့တိုင်း ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေ။
ဘဝတိုင်း ဆုံတွေ့လိုပါသလား
နိဗ္ဗာန် မရမီ ဘဝတိုင်း ဆုံတွေ့ချင်သူတွေ အတွက်
အင်္ဂုတ္တရနိကာယ် ပုညာဘိသန္ဒဝဂ် ပထမ သမဇီဝိသုတ်မှာ -
လမ်းညွှန်ဟောကြားထားတာ ရှိတယ် ။
-
ဘဂ္ဂတိုင်း သုသုမာရဂိရမြို့မှာ မြတ်စွာဘုရား သီတင်းသုံးစဉ်ကပေါ့။
မြတ်စွာဘုရားက နံနက်ရောက်တော့ သင်းပိုင် , ကိုယ်ဝတ်တွေကို
သေသပ်စွာ ဝတ် , သပိတ်တွေ ယူပြီး နကုလပိတာနဲ့ နကုလမာတာတို့
ဇနီးမောင်နှံအိမ်ကို ကြွတယ် ။
အကြောင်းမဲ့ ကြွတာ မဟုတ်ဘူး ။ ရှိခဲ့ဖူးတဲ့ ကျေးဇူးကို ပြန်ဆပ်ချင်လို့ ။
နကုလပိတာဟာ ဘဝငါးရာ မြတ်စွာဘုရားရဲ့ ဖခင် , ဘထွေး  ဦးလေး ဖြစ်ခဲ့ဖူးတယ်။
ဒီအတူ  -နကုလမာတာဟာလည်း ဘဝငါးရာ မြတ်စွာဘုရားရဲ့ မိခင်  , အဘွား ,
ဒေါ်လေး အရီး ဖြစ်ခဲ့ ဖူးတယ် ။
-
အိမ်ရောက်တော့ ဘဝအဆက်ဆက် သံယောဇဉ် ဖြစ်ခဲ့တဲ့အတွက် နကုလပိတာတို့
ဇနီးမောင်နှံဟာ မြတ်စွာဘုရားကို " ချစ်သား , ချစ်သား " လို့ နှုတ်က အလိုလို ထွက်မိတဲ့အထိ ဖြစ်တယ် ။ ပြီးတော့
မြတ်စွာဘုရားကို မြင်တာနဲ့ တပြိုင်နက် တောသာပန် တည်တယ် ။
နကုလပိတာဟာ မြတ်စွာဘုရားကို ဒီလို လျှောက်တယ် ။
"ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား , တပည့်တော်သည် ငယ်ရွယ်စဉ်အခါ
ကပင်လျှင် နကုလမာတာကို ထိမ်းမြားလက်ထပ် ခဲ့ပါတယ် ။
ထိမ်းမြားပြီး ချိန်က စလို့  ယနေ့အထိ တခြားသော အမျိုးသမီးနှင့်
ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ။
တပည့်တော်သည် ယခုမျက်မှောက် ဘဝ၌လည်း နားလည်မှုများစွာနဲ့ မခွဲမခွာ
သက်ဆုံးတိုင် ထာဝရ လက်တွဲသွားလိုပါတယ် ။ 
အဲဒီအတွက် ဘယ်လို ကျင့်ကြံနေထိုင်ရမယ် ဆိုတာ လမ်းညွှန်တော်မူပါ ဘုရား ။
ဒီအခါ  -
နကုလာမာတာလည်း အားကျမခံ နကုလပိတာ ပြောတဲ့ အတိုင်း
ပြန်လျှောက်တယ် ။ သူလည်း နကုလပိတာမှ တပါး အခြား
အမျိုးသားနဲ့ ဖောက်ပြန်ကျူးလွန်ခြင်း မရှိပါ ပေါ့ ။
--
ဒီနေရာမှာ နကုလပိတာတို့ကိစ္စကို စကားရပ်ပြီး ပြောစရာတစ်ခု သတိရတယ် ။
လူနှစ်ယောက်ဟာ အခု ပစ္စုပ္ပန်ဘဝမှာ တွေ့ကြုံဆုံတွေ့ ပေါင်းသင်းရတာဟာ
အကြောင်း ( ၂ ) ချက်ကြောင့်ပဲ တဲ့။
ကြာညို , ကြာဖြူ  , ကြာနီ  , ပဒုမ္မာကြာ စသည်တို့ ဖူးပွင့် ပေါ်ထွက်ရခြင်းဟာ
ရေနဲ့ ညွှန် နှစ်ပါးသော အကြောင်းကြောင့် ဖြစ်ပေါ်ရသလိုပဲ တဲ့ ။  
လူနှစ်ယောက် အခု ပစ္စုပ္ပန်ဘဝ ပေါင်းသင်းရခြင်းဟာလည်း
၁။ အတိတ်ဘဝ၌ အတူတကွ နေထိုင်ခဲ့ရခြင်း ။
၂။ ယခု ပစ္စုပ္ပန် ဘဝ၌ ( မိမိ ပေါင်းသင်းရသူရဲ့  ) အကျိုးစီးပွားကို
     ဆောင်ရွက်ပေးခြင်း ။
ဒီ အင်္ဂါ နှစ်ချက်ကြောင့်ပဲတဲ့ ။
-
နကုလပိတာတို့အကြောင်း ပြန်ဆက်ရအောင် ။
နကုလပိတာတို့အမေးကို မြတ်စွာဘုရားက ပြန်ဖြေတယ် ။
သင်တို့ဟာ  -
ယခုဘဝ သာမက နောင်သံသရာ ဘဝ အဆက်ဆက်
ထာဝရ ပေါင်းသင်း နေထိုင်သွားလိုလျှင် -
-
၁။ တူညီသော သဒ္ဓါတရား ရှိခြင်း ။
.
၂။ တူညီသော သီလ ရှိခြင်း ။
.
၃။ တူညီသော ပေးကမ်းစွန့်ကြဲမှု ရှိခြင်း  ။
.
၄။ တူညီသော ဉာဏ်ပညာ ရှိခြင်း  ။
-
ဤ အင်္ဂါ ( ၄ ) ပါးနဲ့ ပြည့်စုံပါက သင်တို့အလိုရှိတဲ့အတိုင်း ဖြစ်စေရမည်
လို့ မိန့်တော်မူတယ်။ မိန့်ပြီး ကျောင်းကို ပြန်ကြွသွားတော်မူတယ်။
-
နံပါတ် ( ၄ ) တူညီသော ဉာဏ်ပညာ ရှိခြင်း ဆိုတာ -
လောကီ အတန်းပညာကို ပြောတာ မဟုတ်ဘူး ။
ဉာဏ်ပညာ တူရမယ် ဆိုတာ -
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုး ခံစားရမယ် ။
မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ခံစားရမယ် ။
အဲဒီလို
အကြောင်းအကျိုး , အကောင်းအဆိုးကို  ခွဲခြားဝေဖန်နိုင်တဲ့
ဉာဏ်ပညာကို ပြောတာ ဖြစ်တယ် ။
" ရဝေနွယ် - အင်းမ "
(ဘဝတိုင်း ဆုံတွေ့ချင်ပါသလား ၊ စာ - ၁၁၈ - ၁၂၅ ) မှ
အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏။
.
Thanks;
#ဓမ္မနှစ်သက်သူ
May 12, 2017
မဟာပဋ္ဌာန်း(၅)ကျမ်း {ပဋ္ဌာန်းပါဠိတော်စာအုပ် နှင့် စာမျက်နှာအလိုက် အသံဖိုင်များ}
မဟာပဋ္ဌာန်း (၅) ကျမ်းကို ရွတ်ဖတ်ပူဇော်လိုသူများအတွက်
စာမျက်နှာအလိုက် အသံဖိုင်များ နှင့် ပဋ္ဌာန်းပါဠိတော်စာအုပ်များ
ပဋ္ဌာန်း (၅)ကျမ်း
ပူဇော်လိုသူများအတွက် သာသနာရေးဝန်ကြီဌာန Website မှ
PDF Download Link :
ပဋ္ဌာန ပါဠိ (၁)
http://www.kbrl.gov.mm/book/details/000036?categoryId=13
ပဋ္ဌာန ပါဠိ (၂)
http://www.kbrl.gov.mm/book/details/000037?categoryId=13
ပဋ္ဌာန ပါဠိ (၃)
http://www.kbrl.gov.mm/book/details/000038?categoryId=13
ပဋ္ဌာန ပါဠိ (၄)
http://www.kbrl.gov.mm/book/details/000039?categoryId=13
ပဋ္ဌာန ပါဠိ (၅)
http://www.kbrl.gov.mm/book/details/000040?categoryId=13
.
■ သံဃာတော်များ ရွတ်ဖတ်ထားသော စာမျက်နှာအလိုက်
အသံဖိုင်များ တိုက်ရိုက်နားထောင်ရန် ■
.
ပဌမတွဲ - http://www.abhidhammasociety.com/?p=11195
ဒုတိယတွဲ - http://www.abhidhammasociety.com/?p=11196
တတိယတွဲ - http://www.abhidhammasociety.com/?p=11197
စတုတ္ထတွဲ - http://www.abhidhammasociety.com/?p=11198
ပဉ္စမတွဲ - http://www.abhidhammasociety.com/?p=11199
.
(အမေရိကန်နိုင်ငံ အဇူဇာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည့် ၁၀ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းပွဲတွင် သံဃာတော်များ ရွတ်ဆိုပူဇော်ထားသော mp3 အသံဖိုင်များကို http://www.dhammavideo.com/ မှ ရယူထားပါသည်။)
.
(အစ/အဆုံး Mp3 download Link: )
http://www.abhidhammasociety.com/…/MaharPatthanaRecitation_…
.
¤¤¤¤¤¤¤¤¤¤¤¤ >>>> <<<< ¤¤¤¤¤¤¤¤¤¤¤¤
.
■ အဘိဓမ္မာအသင်းမှ အန်ကယ်ဦးခင်မြင့် ရွတ်ဖတ်ပူဇော်ထားသော
စာမျက်နှာအလိုက် အသံဖိုင်များ တိုက်ရိုက်နားထောင်ရန် ■
.
ပဌမတွဲ - http://www.abhidhammasociety.com/?p=11243
ဒုတိယတွဲ - http://www.abhidhammasociety.com/?p=11244
တတိယတွဲ - http://www.abhidhammasociety.com/?p=11245
စတုတ္ထတွဲ - http://www.abhidhammasociety.com/?p=11246
ပဉ္စမတွဲ - http://www.abhidhammasociety.com/?p=11247
.
(အစ/အဆုံး Mp3 download Link: )
http://www.abhidhammasociety.com/…/MaharPatthanaRecitation_…
.
အဘိဓမ္မာ အသင်းကြီး ( စင်္ကာပူ)
__________________________________________________
မဟာပဋ္ဌာန်းကျမ်း - ၅ ကျမ်း (PDF)
==================
ပဋ္ဌာနပါဠိ (ပဋ္ဌမတွဲ)
http://tiny.cc/PatthanPali-Book1
ပဋ္ဌာနပါဠိ (ဒုတိယတွဲ)
http://tiny.cc/PatthanPali-Book2
ပဋ္ဌာနပါဠိ (တတိယတွဲ)
http://tiny.cc/PatthanPali-Book3
ပဋ္ဌာနပါဠိ (စတုတ္ထတွဲ)
http://tiny.cc/PatthanPali-Book4
ပဋ္ဌာနပါဠိ (ပဉ္စမတွဲ)
http://tiny.cc/PatthanPali-Book5
မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ)
စာအုပ်များကို www.dhammadownload.com မှကူးယူပူဇော်ပါသည်။
Image : Ko Aung Pyi Sone Aye's facebook
သေသူအတွက် ကုသိုလ်လုပ်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုပြုလုပ်သင့်ပါသလဲ
═══════════════════════
မင်္ဂလာပါ အရှင်ဘုရား
နှစ်သစ်မင်္ဂလာ ဖြစ်ပါစေရယ်လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။
နှစ်သစ်မင်္ဂလာမှာ တပည့်တော်နဲ့ ထပ်တူ သိလိုကြတဲ့သူတွေအတွက် တပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဦးဘုရား။
မေး။ ။ မိဘတစ်ယောက်ယောက် ဆုံးသွားလို့ ရည်စူးပြီး ကုသိုလ်ပြုကြတဲ့အခါ ထားအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးရင် သွားလေသူအတွက် အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ ရှင်းလင်းပြောပြပေးစေချင်တာပါဘုရား။
ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို သံဃာတော်တွေကို ဆွမ်းကပ်၊ တရားနာပြီး လူပရိသတ်ကို ဧည့်ခံကျေွးမွေးပါ့မယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးန လုပ်ဆောင်ရမှာပါလဲဘုရား။ ကောင်းမှုအစုစုအတွက် ဘယ်လိုအမျှပေးရမယ်ဆိုတာမျိုး၊ ကွယ်လွန်သူအတွက် ထိရောက်စေတဲ့ အလှူမျိုးကို ညွှန်ပြပေးစေချင်ပါတယ်ဘုရား.... ။ ဒါ့အပြင် ဘုရားဟော နိပါတ်တော်တွေမှာလည်း ရက်လည်၊ လလည်၊ နှစ်လည်လုပ်ခဲ့တဲ့ အလေ့တွေရှိပါသလား၊ ဘုရားက ဘယ်လိုညွှန်ပြသွန်သင်ခဲ့တယ်ဆိုတာမျိုး ရှင်းလင်းညွှန်ပြ ဆုံးမပေးစေချင်ပါတယ်ဘုရား ....
အရှင်ဘုရားရေးသားတဲ့စာတွေကို အဆက်မပြတ် လေ့လာအားပေးရင်း မှတ်သားနာယူနေသူပါဘုရား ...
ရိုသေစွာရှိခိုးလျှက်
တပည့်တော်
ကိုသန့်(ကလေး)
မင်္ဂလာပါ ဒကာ ကိုသန့်
အလုပ်တွေ မအားတာနဲ့ ဒကာတော်ရဲ့ သိလိုတာလေးတွေကို ဖြေကြားပေးဖို့ နောက်ကျသွားပါတယ်။ နားလည်ပေးစေချင်ပါတယ်။
ဖြေ။ ။ သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တာကို စာပေကတော့ မတကဘတ္တလို့ ခေါ်ပါတယ်။ သေသွားတဲ့သူက သွားပြီဖြစ်ပေမယ့် ကျန်ခဲ့တဲ့သူတွေမှာ သေသူအတွက် ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပြီး အမျှအတမ်း ပေးဝေတဲ့ အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားဟောနဲ့အညီ ပြုလုပ်ကြတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးတွေမှာဆိုရင် မိဘတွေကို ရည်စူးပြီး သားသမီးတွေအနေနဲ့ လုပ်ကိုလုပ်ပေးရမယ်ဆိုပြီး သားသမီး ဝတ္တရား တစ်ခုအဖြစ်တောင် ဘုရားက ဟောတော်မူပါတယ်။ အဲဒီ သားသမီး ဝတ္တရာတွေထဲမှာ လှူမျှဝေ၍ဆိုတဲ့ ဝတ္တရားတစ်ခုလည်း ပါဝင်ပါတယ်။ အလှူကို အမျှဝေပေးရမယ်ဆိုတဲ့အချက်ပါ။
အမျှဝေပေးရမယ်ဆိုတဲ့ စကားအရ သေသူတွေအတွက် တိုက်ရိုက်ချမ်းသာအောင် ပစ္စည်းဝတၳုတွေ ဘာတွေညာတွေ စတာတွေ ပေးပို့လို့မရဘဲ ကုသိုလ်ကောင်းမှု လုပ်ပြီး အဲဒီ ကုသိုလ်ရဲ့ အဖို့ဘာဂကိုသာ အမျှဝေပေးလို့ ရတာဖြစ်တဲ့ အတွက် အဓိက အချက်နှစ်ချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။
တစ်အချက်က ကုသိုလ်ကောင်းမှုကို အရင်လုပ်
နှစ်အချက်က အဲဒီလို လုပ်ပြီးရရှိလာတဲ့ အကျိုးတရားကို တစ်ခါမျှဝေပေးဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဆိုတော့ကား ဒီအချက်နှစ်ချက်လုံးမှာ ကုသိုလ်လုပ်နေတဲ့ ကိုယ်ကိုယ်တိုင်ပဲ အဓိက ကျနေတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကုသိုလ်ကောင်းမှုကို အပြည့်အဝ ရနိုင်အောင် အရင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ အပြည်အဝ ရဖို့အတွက် ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ ဖြူစင်တဲ့ ပစ္စည်းဝတၳု၊ ပြည့်စုံတဲ့ ကိုယ်ကျင့်သီလ၊ အကျင့်သီလ ပြည့်စုံလှတဲ့ အလှူခံပုဂ္ဂိုလ် စတဲ့ အချက်လေးတွေနဲ့ အညီ လုပ်နိုင်မယ်ဆိုရင် ကောင်းမှုအကျိုးကို အပြည့်အဝ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကအရင် ပြည့်စုံအောင် ကုသိုလ်တွေလုပ်၊ ကိုယ်ကိုယ်တိုင် ရပြီးပြီဆိုရင် ကိုယ်ရထားတာကို ကိုယ်မျှဝေချင်တဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီး အမျှပေးဝေရမှာ ဖြစ်ပါတယ်။ အဲဒီအမျှပေးဝေတာကို ရည်စူးတဲ့ ပုဂ္ဂိုလ် ရနိုင်၊ မရနိုင်ဆိုတာက ဘဝပြောင်းသွားသူရဲ့ ရောက်ရှိနေတဲ့ ဘုံဘဝအပေါ်မှာ မူတည်နေတာရယ်၊ ရောက်ရှိတဲ့ ဘုံဘဝကနေ သာဓုခေါ်နိုင်၊ မခေါ်နိုင် အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဒါက သေသူဘက်က အပိုင်းပဲ ဖြစ်ပါတယ်။ သေချာတာက သေသူမရလည်း ကိုယ်ကတော့ ရအောင်ယူထားနိုင်ရင် ရပြီးသားပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရေးထားပြီး ဖြစ်တဲ့ သေသူရည်မှန်း ကုသိုလ်စွမ်း ဆိုတဲ့ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။
ဆိုလိုတာက သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တဲ့ အခါမှာ သေသူအတွက် လိုအပ်နိုင်တဲ့ နေစရာ၊ ဝတ်စရာ၊ စားစရာ စတဲ့ အရာတွေကို အာရုံပြုပြီး အဝတ်သင်္ကန်း၊ ဆွမ်းကျောင်းဆေး စတဲ့ ပစ္စည်းအလှူတွေကို ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ သန့်ရှင်းတဲ့ ပစ္စည်းဝတၳု၊ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ် စတာတွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကိုယ်ကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကို အပြည့်အဝရအောင် ကြိုးစားကာ အမျှဝေတဲ့ အခါမှသာ အဲဒီရရှိလာတဲ့ ရလာဘ်ကို သေသူအတွက်လည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ စိတ်ထားနဲ့ ပြုလုပ်ပေးဖို့လိုကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှုကို စိတ်ပါလက်ပါ သန့်သန့်ရှင်းရှင်း ပြုလုပ်ပြီး အမျှဝေမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးကြီးသလို သွားလေသူအတွက်လည်း အကယ်၍ လိုအပ်နေတဲ့ ဘုံဘဝမှာ ဖြစ်နေခဲ့မယ်ဆိုရင် အကောင်းဆုံး အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်
မနာပဒါယီ အရှင်ဝိစိတ္တ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
═══════════════════════
မင်္ဂလာပါ အရှင်ဘုရား
တပည့်တော်
ကိုသန့်(ကလေး)
မင်္ဂလာပါ ဒကာ ကိုသန့်
အမျှဝေပေးရမယ်ဆိုတဲ့ စကားအရ သေသူတွေအတွက် တိုက်ရိုက်ချမ်းသာအောင် ပစ္စည်းဝတ္ထုတွေ ဘာတွေညာတွေ စတာတွေ ပေးပို့လို့မရဘဲ ကုသိုလ်ကောင်းမှု လုပ်ပြီး အဲဒီ ကုသိုလ်ရဲ့ အဖို့ဘာဂကိုသာ အမျှဝေပေးလို့ ရတာဖြစ်တဲ့ အတွက် အဓိက အချက်နှစ်ချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။
═══════════════════════
May 8, 2017
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သချေၤကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-
ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း၊
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း၊
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို `ကဆုန်လပြည့် ဗုဒ္ဓနေ့´ ဟု အမွှမ်းတင် ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။
၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။
၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂနေ္ဓာဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။
မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
ဓမ္မရတနာမှ ပြန်လည်မျှေ၀ပါသည်။