........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 17, 2017

ပအိုဝ်းလူမျိုး သမိုင်းအကျဉ်း (Pa.Oh History)

ပအို၀်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော BC-1200 ကျော်ကတည်းကပင် ဒီကမ်ဘာမြေပေါ်မှာ နေထိုင်ခဲ့ကြကြောင်း သမိုင်းများအရ သိရှိရပါသည်။
ထို့အတူ ပအို၀်လူမျိုးများအနေနဲ့ 1000 B.C ခန့်က လက်ရှိမြန်မာနိုင်ငံ သထုံမှာ အခြေချနေထိုင်ခဲ့ကြပါသည်။ 
ပအို၀်းတိုင်းရင်းသားတို့သည် မွန်ဂိုလီးယားဒေသ တရုတ်ပြည်အနောက်ပိုင်းကို ဖြတ်ကျော်ပြီး မဲခေါင်၊ သံလွင်၊ ဧရာ၀တီမြစ်ကြောင်းအတိုင်း အုပ်စုသုံးအုပ်စုခွဲပြီး တဖြည်းဖြည်းနေထိုင်စီးဆင်းလာခဲ့ရာမှ လက်ရှိမြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ၀င်ရောက်လာရာတွင် မြန်မာလူမျိုးနှင့် ရှမ်းလူမျိုးများထက် ပိုပြီးစောသည်ဟု သမိုင်းမှတ်တမ်းအရ သိရပါသည်။
အုပ်စု သုံးအုပ်စုတွင်  ပထမအုပ်စုသည် မဲခေါင်တောင်ကြားမှ ယိုးဒယား၊ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ သထုံဒေသတို့သို့ အဆင့်ဆင့်ပြောင်းရွှေ့ပြီး အခြေချနေထိုင်ခဲ့ကြသည်။
ဒုတိယအုပ်စုသည် တရုတ်ပြည်နယ်စပ် ကြူကုန်တောင်ကြားမှ ကွတ်ခိုင်၊ လားရှိုးတောင်တန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့သို့ အဆင့်ဆင့်ရွှေ့ပြောင်းနေထိုင်လာခဲ့ကြပါသည်။
ထိုဒုတိယအုပ်စုထဲမှ တစ်ချို့သည် တောင်ဘက်သို့ တဖြေးဖြေးစုန်ဆင်းပြောင်းရွှေ့ပြီး သု၀ဏ္ဏဘူမိခေါ် သထုံတွင် ရောက်နှင့်ပြီးသော ပထမအုပ်စု ပအို၀်းများနှင့် ပူးပေါင်းမိကြသည်။
တတိယအုပ်စုမှာမူ ရွှေလီမြစ်အတိုင်း နေရင်းဒေသမှ အေနောက်တောင်ဘက်ကျသည့်နေရာသို့ ဦးတည်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။
ထို့နောက် တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
တတိယအုပ်စုထဲတွင် အချို့သည် သရေခေတ္တရာမှ အရှေ့တောင်ဘက်သို့ တဖြေးဖြေးပြောင်းရွှေ့လာခဲ့ကြရာ နောက်ပိုင်းတွင် မွန်ပြည်နယ် သထုံဒေသရှိ ပအို၀်းတို့နှင့် ပူးပေါင်းမိကြပြန်သည်။

AD 1057 -ခု၊ သာသနာ ၁၆၀၁ -ခု၊ ကောဇာ ၄၁၉ -ခုနှစ်တွင် အနော်ရထာမင်းသည် သထုံပြည်ရှိ ပိဋကတ်သုံးပုံ အစုံ (၃၀) တို့ကို ပုဂံပြည်သို့ပင့်ဆောင်ပြီး သထုံပြည့်ရှင် မနုဟာခေါ် မကုဋမင်းကိုလည်း ပအို၀်းတိုင်းရင်းသားအချို့နှင့်အတူ ပုဂံပြည်သို့ ခေါ်ဆောင်သွားခဲ့သည်။
သထုံပြည်တွင် ကျန်ခဲ့သော ပအို၀်းတိုင်းရင်းသားတို့အများစုသည် ထောက်တည်ရာအားနည်းသွားသဖြင့် အချို့သည် သထုံပြည်ကိုစွန့်ခွာပြီး ရေကြည်ရာ မြက်နုရာသို့ ထပ်မံပြောင်းရွှေ့ခဲ့ကြပြန်သည်။ အချို့သည် သထုံမှ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းတို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
အချို့တွင်မူ သထုံမှ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ကြပြီးနောက် ကောဇာသက္ကရာဇ် ၄၅၈ - ခုနှစ်တွင် ဆီဆိုင်မြို့ခေါ် သထုံလေးကိုတည်ထောင်ပြီး၊ ကောဇာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် တောင်တီရွာ (ယခုတောင်ကြီးမြို့)တို့ိကို အခြေချတည်ထောင်နေထိုင်ခဲ့ကြပါသည်။
၀တ်စားဆင်ယင်မှုအနေနဲ့ သမိုင်းကျကျ ပြောရမယ်ဆိုရင် ပအို၀်းလူမျိုးများသည် သထုံမြို့ဘုရင်ဖြစ်တဲ့ မနုဟာခေါ် မကုဋမင်းကို အနော်ရထာမင်းက တိုက်ခိုက်တဲ့အချိန်အထိ အရောင်စုံ အ၀တ်အစားများကို ၀တ်ဆင်ခဲ့ကြပါသည်။
မကုဋမင်းစစ်ရှုံးပြီးနောက်ပိုင်း ပအို၀်းတိုင်းရင်းသားများအနေဖြင့် ဘုရင်အနေရထာက ကျွန်ပြုလိုသည့်အနေဖြင့် မဲနက်ရောင်ကို ပအို၀်းတိုင်းရင်းများရဲ့ ၀တ်စုံအမှတ်အသားအဖြစ် အတင်းအဓမ္မ၀တ်ဆင်ခိုင်းခဲ့သည်ဟု ဆိုပါသည်။

ပအို၀်းလူမျိုးများအနေဖြင့် ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းတိုင်းရင်းသားပြီးရင် ဒုတိယလူဦးရေအများဆုံးဖြစ်ပါသည်။ နေထိုင်ရာဒေသများအနေဖြင့် ရှမ်းပြည်နယ်အပြင်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာ အများစုနေထိုင်ကြပါသည်။
ထို့အပြင် ပျဉ်းမနားမြို့အနီးရှိ ရေနီဒေသ ဗဒတ်ချောင်းကျေးရွာ၊ မကွေးတိုင်း ဂန့်ဂေါ၊ မင်းဘူး မခုက္ကူ ခရိုင်၊ ရန်ကုန်တိုင်းအနီး အင်းတကော်ဒေသ၊ တံခွန်တိုင်ဒေသ အစရှိသည်တို့မှာလည်း နေထိုင်ကြပါသေးသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပြင်ပနိုင်ငံစြဖ်သော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမေ်ဘာဒီးယား နိုင်ငံနှင့် မဲခေါင်မြစ် အောက်ပိုင်းဒေသတို့တွင်လည်း နေထိုင်ကြပါသေးသည်။
ပအို၀်းအမျိုးသားတို့သည် တိဘက်မျိုးနွယ် တိဘက်မြန်မာအုပ်စု၀င်ဟု ယုံကြည်သလို တိဘက်မြန်မာအုပ်စု၀င်ဘာသာစကား တစ်မျိုးကိုပြောကြသည်ဟုလည်းကောင်း ရိုးရာရော ဘာသာစကားရော ကရင်ဘာသာစကားနှင် နီးစပ်သော ဘာသာစကားကို ပြောဆိုနေထိုင်ကြသည်ဟုလည်းကောင်း သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြပါသည်။
ပအို၀်းတိုင်းရင်းသားများအနေဖြင့် အဓိကအားဖြင့် အုပ်စုနှစ်အုပ်စုရှိပါသည်။
ခမ်းဒွမ်ပအို၀်း ခမ်းကောင်ပအို၀်းဆိုပြီး နှစ်အုပ်စုရှိပါသည်။
ခမ်းဒွမ်ပအို၀်းအနေဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းမှာ နေထိုင်ခဲ့သည့်ပအို၀်းများကို ခမ်းဒွမ်ပအို၀်းဟု သတ်မှတ်ကြပါသည်။
အဓိကတည်နေရာအားဖြင့် သထုံပအို၀်းကို ခမ်းဒွမ်ပအို၀်းဟုခေါ်ကြပါသည်။
ခမ်းကောင်ပအို၀်းများကတော့ ရမ်းပြည်နယ်၊ ကယားပြည်နယ်မှာနေထိုင်ကြသည့် ပအို၀်းကို ခမ်းကောင်ပအို၀်းဟု သတ်မှတ်ကြပါသည်။
ခမ်းကောင်ပအို၀်းအနေဖြင့် အဓိကတည်နေရာသတ်မှတ်ချက်အနေဖြင့်  တောင်ကြီးပအို၀်းကို ခမ်းကောင်ပအို၀်းဟု ခေါ်ကြပါသည်။
ပအို၀်းလူများအနေဖြင့် မျိုးကွဲအနေဖြင့် ၂၀၁၀မှာဖော်ပြထားသည့် ပြည်ထောင်စုထဲကပအို၀်းစာအုပ်အရ ၂၄ မျိုးဟုလည်းကောင်း၊

ဦးစန္ဒာ၀ရ MAဘွဲ့အတွက်တင်သွင်းသော တိုင်းရင်းသားပေါင်းစုံတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကိုလေ့လာခြင်း စာအုပ်ထဲဖော်ပြချက် အရ ၃၃ မျိုးဟုလည်ကောင်း အသီးသီးဖော်ပြပါရှိပါသည်။

၄င်းပအို၀်းမျိုးနွယ်စု ၃၃ မျိုးတို့မှာ-
********************************
၁။ ပအို၀်းခွန်တန် သို့မဟုတ် ကွန်လုံ/ခွန်လုံ (နေရာအနှံအပြား ခမ်းဒွမ် ခမ်းကောင်)
၂။ ပအို၀်း ခရိုင်း (ခြဲုင်း) (တောင်ကြီးတောင်ဘက် ထီရီး နောင်ပစ်နဲ့ပင်လောင်းဒေသ)
၃။ ပအို၀်းတတောက်* (နောင်တရား ပင်လောင်း အင်းလေးအနောက်ခြမ်း)
၄။ ပအို၀်း ဝါးဖရဲ့ (ဝါးဖြဲ့)* (နေရာအအနှံ့ လူနည်းစု ကျန်းစန်း ကျန်းစန်းတောင်တန်း)
၅။ ပအို၀်းလွယ်အိုင်း* (နေရာအအနှံ့ လူနည်းစု ကျန်းစန်း ကျန်းစန်းတောင်တန်း)
၆။ ပအို၀်းကျန်းစန်း (စင်းသင်း)* (ပင်လောင်း စင်းသင်း၊ လွယ်လင် ပင်လုံ လဲချား)
၇။ ပအို၀်းတယင်* (ပင်လောင်း ဖယ်ခုံ)
၈။ ပအို၀်းဓနု * (ရွာငံ ပင်းတယ ရပ်စောက်)
၉။ ပအို၀်းပန်နင် * (အင်းလေး ကျောက်တန်းအနောက်)
၁၀။ ပအို၀်းပတောင် (ပဒေါင်)* (ဖယ်ခုံဒေသ)
၁၁။ ပအို၀်းတရဲုင် (တရျုတ်)* (ပင်လောင်း ကလော)
၁၂။ ပအို၀်းတောင်ရိုး* (ပင်းတယဒေသ ကရင် ထိုင်း နယ်စပ်)
၁၃။ ပအို၀်းပထုံ * (ကယား လွယ်ကော်)
၁၄။ ပအို၀်းတကွာ
၁၅။ ပအို၀်းကွန်စံ * (ဆီဆိုင်)
၁၆။ ပအို၀်းငသောက်ရင်း
၁၇။ ပအို၀်းငွေတောင်သူ * (မိုင်းကိုင် ခေးအုံရွာ)
၁၈။ ပအို၀်းတနိုး မြန်မာအခေါ် ထနော့ * (အေးသာယာ၊ နောင်အင်၊ သစ်ပင်ထောင်ရွာ)
၁၉။ ပအို၀်းတတိုင်
၂၀။ ပအို၀်းတတွေး
၂၁။ ပအို၀်းထီရီး* (ပင်လောင်း ဒေသ)
၂၂။ ပအို၀်းရင်သိုင်း
၂၃။ ပအို၀်းပန်းပလှိုင်
၂၄။ ပအို၀်းမိုက်ကွန်
၂၅။ ပအို၀်း ပလောင်* (လွယ်ကော် ဒေသ)
၂၆။ ပအို၀်းပလေး ပအို၀်းအခေါ် တယင်* (လွယ်ကော် အောင်ပန်း)
၂၇။ ပအို၀်းယင်းဒမ် * (နမ့်စန်)
၂၈။ ပအို၀်းတောင်သား
၂၉။ ပအို၀်းမိုက်လန်
၃၀။ ပအို၀်းပနဲ
၃၁။ ပအို၀်းဇယိမ်
၃၂။ ပအို၀်းနန်းခေ
၃၃။ ပအို၀်းတန်းစန် ဟူ၍ ၃၃ မျိုးရှိပါသည်။
၎င်းမျိုးနွယ်စုအားလုံးတို့သည် နေရာဒေသများလည်း ကွဲလာကြသလို စာပေယဉ်ကျေးမှုလည်းအချို့နေရာတွေမှာ ကွဲပြားကြပါသည်။ နေထိုင်ရာဒေသ ပတ်၀န်းကျင် အရပ်ရပ်တို့ကြောင့် စကားပြောရာတွင် အသံအနေအထားများကွာခြားကြပါသည်။ *ပြထားသောပအို၀်းနွယ်များသည် သက်ဆိုင်ရာဒေသများမှာ ထင်ထင်ရှားရှားရှိနေပါသေးသည်။

မှတ်ချက်။   ။ပအို၀်းနီလို့တစ်မျိုးခေါ်ကြပါသေးတယ်။
အမှန်ကတော့ အရောင်ကိုမှီပြီး လူမျိုးအတွက် နာမည်ဆိုတာမရှိပါဘူး။
သူ့ဘာသာစကားကို အခြေခံရမယ်ထင်တယ်။
သူတို့က ကွန်လုံစကားပြောတယ်လို့ပြောပါတယ်။
ဒါဆိုရင် ပအို၀်းကွန်လုံ၊ ခွန်တန်၊ ပအို၀်းခွန်တန်ထဲက အကျုံး၀င်ပါတယ်။
လက်ရှိသူတို့ နေထိုင်ရာဒေသကတော့ လင်းခေး မိုင်းပွန်မြို့နယ်လို့သိရပါတယ်။
ပအို၀်းနီမဟုတ်ပါ။
ပအိုင်းကွန်လုံ ခေါ် ပအို၀်းခွန်တန်ပါ။

နိုင်ငံရေးပါတီ (Political Party)
ပအို၀်းအမျိုးသားနိုင်ငံရေးပါတီကတော့ ပအို၀်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ဥက္ကဋ္ဌအဖြစ်ရော၊ နာယကအဖြစ်ပါ ဦးဆောင်သူ ကတော့ ဖြားတန် ဦးအောင်ခမ်းထီဖြစ်ပါတယ်။ ( ဦးအောင်ခမ်းထီ ၏ အတၳုပ္ပတိ္တပါ လေ့လာမှ ပအို၀်းနိုင်ငံရေးလုပ်ရှားမှု ပြည့်ပြည့်စုံစုံသိရမှာဖြစ်လို့ ဖြားတန်ဦးအောင်ခမ်းထီရဲ့ အတၳုပ္ပတိ္တ အကျဉ်းကိုလည်း တွဲဖက်ဖော်ပြမှာဖြစ်ပါတယ်)။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းအရ ပအို၀်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်ကြသည့် ဟိုပုံး၊ ဆီိဆိုင်၊ ပင်လောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ဥက္ကဋ္ဌကတော့ ဦးခွန်စံလွင်ဖြစ်ပါတယ်။ ပအို၀်းတိုင်းရင်းသားမှာကတော့ နိုင်ငံရေးပါတီအဖြစ်ဖြင့် PNO နှင့် PNA ပါတီများဖြစ်ကြပါတယ်။ PNO ကတော့ ၂၀၁၅ ခုရွေးကောက်ပွဲမှာ အင်အားကြီးပါတီအဖြစ်ဖြင့် လက်ရှိနိုင်ငံရေး အထွေထွေရွေးကောက်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ပြီး အချို့နေရာများ အနိုင်ရထားပါတယ်။

ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး PNO ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီးအောင်ခမ်းထီ၏ အတၳုပ္ပတိ္တအကျဉ်း
**********************************************************
ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ (၂၇)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးကျေးရွာအုပ်စု၊ ထီလုံရွာနေ ပအို၀်းပိနေ္တာဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလဲုင်းတို့မှ ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ အောင်ခမ်းထီ၏ ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် နန်းဖျူးနှင့် အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊ ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊ ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။အောင်ခမ်းထီ (ခ) ခွန်ကီးသည် အသက်(၉)နှစ်ရသောအခါ မိဘနှစ်ပါးက ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ ပညာသင်ယူစေခဲ့သည်။ ၎င်း၏ အသက် (၁၀)နှစ်ရသောအခါ ဆရာတော် ဥပဇ္ဈာယ်ပြု၍ ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည် အင်းလေးကန်ရှိ အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည် ပညာဆက်လက်သင်ကြားခဲ့သည်။

ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင် လောကုတ္တရားဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင် လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ သင်ယူခဲ့သည်။၁၉၅၀ တွင် ရှင်ဂန္ဓမာသည် မန္တလေးမြို့၌ မဟာနနိ္ဒသေနာရာမတိုက်တွင် ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃ တွင် အင်လေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် ရှင်ဂန္ဒမာ၏ မိဘနှစ်ပါးမှ ပစေ္စလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခဲုင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်ဘ၀သို့ တက်ခဲ့သည်။

၁၉၅၈-၅၉ တွင် ရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို ဦးဆောင်ပြီး အရှေ့တောင်တန်း ပအို၀်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့် လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ ခေါင်းဆောင်သည့် ပအို၀်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) [Pa-Oh National Liberation Army –PNLA] ၏ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစ၀င်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင် လင်းခေးမြို့နယ်ရှိ ပအို၀်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင် (၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအို၀်းကျေးရွာများသို့ သွားရောက်ပြီး ပအို၀်းလူငယ်များအား ပအို၀်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။ ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအို၀်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။ထိုနောက် နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ၀ပ်ကျောင်အောက် ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင် အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို ဗိုလ်ချုပ်စံသိန်း ကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan State Nationalities Liberation Organization- SSNLO] အမည်သို့ ပြောင်းဖွဲ့ခဲ့သည်။

၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအို၀်းစာပေညီလာခံကို အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင် မောက်မယ်မြို့နယ် ပင်ကဲုင်းရွာ၌ ရလလဖနှင့် Shan United Revolutionary Army (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူ၀တ်လဲ၍ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၀င်ရောက်ပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌ ထိန်းသိမ်းခံရသော ပအို၀်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့် ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင် အင်အား ၁၅၀၀ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့် အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်၀ဲအင်းအားစုအဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင် ကျင်းပပြုလုပ်သော သဘာပတိအစည်းအေ၀း၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ၀မ်းရောဂါဖြင့် သေဆုံးခဲ့သည်။ ၁၉၇၅ နို၀င်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင် ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအေ၀း၌ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအေ၀းမှ ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၇၅ သြဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအို၀်းအဖွဲ့အစည်း အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ ခွဲထွက်လာသည့် အောက်ပြည်ပအို၀်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့ ပါ၀င်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်နဝါရီလတွင် ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအို၀်းအမျိုးသားညီလာခံတွင် ကန့်ကွက်သူမရှိ ပအို၀်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင် ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့သည်။၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA အောက်ပြည်ပအို၀်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်း၀င်ခဲ့သည်။

ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး အလင်း၀င်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို ဗဟိုအလုပ်အမှုဆောင်အစည်းအေ၀းတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို- အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်၀ိဇာ- တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈ မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအို၀်းအမျိုးသားနေ့ကို တောင်ကြီးမြို့နယ် နောင်ယာသဲုင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF) သို့ အဖွဲ့၀င်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နှင့် အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ န၀တ စစ်အစိုးရက ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့် အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၂၀၀၇ တွင် ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို ပအို၀်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ တာ၀န်ယူခဲ့သည်။ ၂၀၁၂ မတ်လ (၁၀)ရက်နေ့တွင် အောင်ခမ်းထီသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တောင်ကြီးမြို့တွင် တွေ့ရှိပြီး ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွက် ဖံွ့ဖြိုးရေးအကြောင်းကို တင်ပြဆွေးနွေးခဲ့သည်။ န၀တ စစ်အစိုးရနှင့် PNO တို့ ငြိမ်းချမ်းရေးသဘောတူပြီး နောက်ပိုင်းတွင် PNO သည် ဒေသဖံွ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းကို အဓိကလုပ်ဆောင်လာလေသည်။

PNO သည် အောင်ခမ်းထီ၏ ဦးဆောင်မှုကာလတွင် အောင်ပါလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ခဲ့သည်။(၁) ပညာရေးကဏ္႑တွင်အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်းအခြေခံပညာအလယ်တန်းကျောင်း (၁၉) ကျောင်းအခြေခံမူလတန်းကျောင်း (၃၇) ကျောင်း ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။(၂) ကျန်းမာရေးကဏ္႑တွင်တိုက်နယ်ဆေးရုံ (၆)ခုကျေးလက်ကျန်းမာရေးဌာန (၇)ခု ကို အဆောက်အဦးနှင့်တကွ ဖွင့်လှစ်နိုင်ခဲ့သည်။(၃) လမ်းပန်းဆက်သွယ်ရေးကဏ္႑တွင်တောင်ကြီးမြို့-ကျောက်တလုံး- မွေတော်ကက္ကူ၏ ကတ္တရာလမ်း (၃၂)မိုင်နောင်တရား- ကျောက်တလုံး၏ ကျောက်ချောလမ်း (၃၆)မိုင် (၄)ဖာလုံကျောက်တလုံး- နမ်းပန်၏ ကျောက်ချောလမ်း (၆) မိုင်တောင်ကြီး- စလဲ - ပန်ကွဲ၏ ကျောက်ချောလမ်း (၂၁) မိုင် စသည်ဖြင့် ဖောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။၂၀၁၂ တွင် ကျောက်တောင်- ကျောက်တလုံး-နောင်ယာဆိုင်- ဆိုင်ခေါ၀်-ဟိုနမ်း-မောက်မယ်၏ (၈၈)မိုင်ရှိ ကားလမ်းဖောက်လုပ်ရန် စီစဉ်ထားသည်။

(၄) ဘာသာရေး ကဏ္႑တွင်၁၉၉၂ တွင် နိုင်ငံတော် စစ်အစိုးရထံမှ ဗုဒ္ဓပိဋကတ် (၃)ဘုံကို အစိုးရထံမှ ပင့်ဆောင်ခွင့်ရခဲ့သည်။၁၉၉၄ တွင် ရန်ကန်မြို့၌ ရွှေတိဂုံစေတီ တောင်ရင်းရှိ ဗဟန်းတွင် ပအို၀်းအမျိုးသားဓမ္မရုံကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။၂၀၀၁ တွင် ကက္ကူမွေတော်ဘုရား ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး စေတီပုထိုးများကို ပြုပြင်ခဲ့သည်။၂၀၀၁ ဒီဇင်ဘာလတွင် ဗုဒ္ဓမြတ်သရီရဓါတ်တော်ကို သီရိလင်္ကာနိုင်ငံမှ သွားရောက်ပင့်ယူပြီး မွေတော်ကက္ကူစေတီတွင် ပူဇော်ခဲ့သည်။၂၀၀၂ မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖံွ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်၌ တန်ပေါင်း (၃၀၀၀)ရှိသော မဟာကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်သို့ လွဲအပ်လှူဒါန်းခဲ့သည်။၂၀၀၃ တွင် သီရိလင်္ကာနိုင်ငံမှတဆင့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို ပအို၀်းဒေသသို့ ပင့်ယူလာပြီး ပူဇော်ခဲ့သည်။(၅) စိုက်ပျိုးရေး ကဏ္႑တွင် ပတၳမြားနဂါး ကုမ္ပဏီအနေဖြင့်တိုက်ကြီးမြို့နယ် ဖလုံကျေးရွာတွင် ဆိုးဆေး ဧက (၅၀)၊ နာနတ်-သရက် ဧက (၁၀၀)၊ ကျွဲကော်-သံပုရာ ဧက (၁၀၀)မှော်ဘီမြို့နယ်တွင် ဆိုးဆေး(၃)ဧကရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧကဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင် ဆိုက်ခေါ၀်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀၀၀)ကို ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖံွ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် ၂၀၀၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့် သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။၂၀၀၀ သြဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင် နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့် သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊ ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀၀)ဧက စုစုပေါင်း (၅၃၀၆) ဧကရှိသည်။

ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတၳမြားနဂါးကုမ္ပဏီအနေဖြင့်(၁) မိုင်းရှူးရတနာမြေတွင်၁၉၉၆-၂၀၀၃ ထိ ဆိုင်းလျံလုပ်ကွက် ကျောက်မျက်ရိုင်း ပိဿာချိန်(၄၄၁၈.၇၃) တူးဖော်ရရှိခဲ့သည်။၂၀၀၀-၂၀၀၄ ထိလွိုင်ဆောင်ထောက်လုပ်ကွက်တွင် နိုင်ငံတော်နှင့်အကျိုးတူ(၁)တွင် လုပ်ကွက်ဧရိယာ (၅.၂၈)ဧကရှိပြီး (၄)နှစ်အတွက်း ကျောက်မျက် (၁၃၀၇.၆) ကီလိုဂရမ်ထွက်ရှိခဲ့သည်။(၂) မိုးကုတ်ရတနာမြေတွင်၂၀၀၁ ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ပြီး ဧရိယာအကျယ်အ၀န်းအနေဖြင့် (၂၀)ဧက လုပ်ပိုင်ခွင့်ရခဲ့သည်။ တူးဖော်ရသည့် ပတ္တမြား (၈၆၃၀၀)ဂရမ်ကို အခွန် (၃၆၆၅၀၀၀) ပေးဆောင်ရသည်။(၃) ဖားကန့်ရတနာမြေတွင်၁၉၉၆-၂၀၀၄ ထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်မှုဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါင်း (၁၅၂)ကွက်၊ (၁၅၂)ဧကရှိပြီး (၁၀)နှစ်ကာလအတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းအလေးချိန် စုစုပေါင်း (၁၁၂၅၂၉၈) ကီလို ရရှိခဲ့သည်။ ၂၀၀၀ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နမ့်မှော်(လုံးစွပ်)လုပ်ကွက်အမှတ် (၁၀၉)မှ တန် (၃၀၀၀) ကျောက်စိမ်းတုန်းကြီးကို တူးဖော်ရရှိခဲ့သည်။ ၎င်းကို ၂၀၀၂ မေလ (၂၆)ရက်နေ့တွင် PNO ဥက္ကဋ္ဌ အောင်ခမ်းထီက နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

ရွှေတူးဖော်ရေးလုပ်ငန်းကိုRuby Dragon Jade Co.,Ltd အနေဖြင့် ၀န်ကြီးဌာန သတလ(၂)ကို ၃၅း၆၅ ဖြင့် တရား၀င် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း (၃၆၀၂၃)ဖြင့် ရင်းနှီးမြုနှံခဲ့သည်။ ၁၉၉၆-၂၀၀၄ ထိ လုပ်ကိုင်ပြီး ရွှေပိဿာချိန် (၂၃၃.၉၅)ရရှိ၍ ကျပ်သိန်း (၂၉၆၃၆)ဖြင့် ရောင်းရသည်။ဟိုပုံးမြို့နယ် လိုင်ဟာဖြားနှင့် ထီချောတောင်တွင် ခနောက်စိမ်း တူးဖော်လျက်ရှိသည်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းRuby Jade Hotel ကို မြစ်ကြီးနားခရိုင်၊ ဖားကန့်မြို့နယ်၊ ယူမားကျေးရွာတွင် တည်ဆောက်ပြီး ကျပ်သိန်းပေါင်း (၂၇၇၂)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၄ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။Jade Marina Resort Hotel ကို ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီရွှေဝါချိုင့်တွင် တည်ဆောက်ပြီး ကျပ်သိန်း (၂၀၀၀၀)ဖြင့် ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၅ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။အင်းလေးကန်တွင် ရွှေကျွန်းမျှောဟိုတယ်ကို နမ်းပန်နှင့် သလဲဦးတွင် (၂)နေရာ ဖွင့်လှစ်ထားသည်။စက်ရုံလုပ်ငန်းများမန္တလေးမြို့တွင် ကျောက်စိမ်းအချောထည်စက်ရုံ၊ ဧကရီ ရွှေပန်းတိမ်လုပ်ငန်းစက်ရုံ၊ တီကျစ် နဂါးဘိလပ်မြေစက်ရုံ၊ ကလောတွင် ၀ိုင်စက်ရုံ၊ သကြားစက်ရုံ လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။အခြားစီးပွားရေးလုပ်ငန်းများRuby Dragon Construction Co.,Ltd သည် အခြားစီးပွားရေးလုပ်ငန်းများအဖြစ် အဆောက်အုံများ ဆောက်လုပ်ရန် စီမံကိန်းရေးဆွဲ လျက်ရှိလျက်ရှိရာ ဗိုလ်တစ်ထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း သံလျက်စွန်းနေရာတွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ ဖားကန့်တွင် Ruby Jade Hotel၊ ငပလီရွှေဝါချိုင့်တွင် Jade Marina Resort Hotel၊ တီကျစ်တွင် ဘိလပ်မြေစက်ရုံ စသည့်တည်ဆောက်ရေးလုပ်ငနး်များကို လုပ်ဆောင်ခဲ့သည်။

ပအို၀်းတိုင်းရင်းသားလူမျိုးထဲမှာ ထင်ပေါ်ကျော်ကြားကြသူများ (Notable Pa Oh)
၁။ ဖြားတန် ဦးအောင်ခမ်းထီ (PNA, PNO ဥက္ကဋ္ဌ နှင့် ယခု နာယက)
၂။ ဒေါ်ကြိုင်ကြိုင် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကတော်)
၃။ ဦးခွန်စံလွင် ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဥက္ကဋ္ဌ
၄။ ဦးနေ၀င်းထွန်း (စီးပွားရေးလုပ်ငန်းရှင်၊ ပတ္တမြားနဂါးကုမ္ပဏီ၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ စက်ရုံများနှင့် ခရီးသွား)
၅။ အဆိုတော် ခွန်သာဒွန်း (တေးရေး တေးဆို)
၆။ ခွန်စိန်၀င်း (စာရေးဆရာ)၊ ကလောင်နာမည် ကမေ်ဘာဇ မောင်ဖုန်းရီ
၇။ ခွန်ပေါရန်း ( တေးရေး တေးဆို)
၈။ ခွန်သန်းထွန်း (တေးရေး တေးဆို)
၉။ နန်းခင်ဇေယျာ (၂၀၁၂ မြန်မာကိုယ်စားပြု နိုင်ငံတကာ အလှမယ်ဆု) လက်ရှိ သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒလ် အဖြစ်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။

လေ့လာမိသမျှ ပြန်လည်မျှဝေပါသည်။
ချမ်းမြေ့ကြပါစေ~~~
အသျှင်သီရိကဉ္ဇန (မစိုးရိမ်တိုက်သစ်-နေပြည်တော်)