........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 31, 2012

နိုင်ငံတကာ အချစ်ကဗျာများ


မင့်ကို ငါချစ်ခဲ့တယ်၊ မင့်ကို ငါ ချစ်လျက်ပါပဲ။
ခဏတာခံစားမှုလေးက ရှိနိုင်
ဒါပေမယ့်  ငါ့အချစ်က မင့်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။
မင့်ကို နာကျင်စေချင်တဲ့ ဆန္ဒ ငါ့မှာမရှိဘူး။
မင့်ကို ငါချစ်ခဲ့ရဲ့။ ငါသိတဲ့ မျှော်လင့်ချက်မဲ့မှု၊
မနာလို ၀န်တိုမှု၊ ရှက်ရွံ့မှုတွေဟာ အချီးနှီး ဖြစ်ပေမယ့်
နူးညံ့တဲ့၊ သစ္စာရှိတဲ့ အချစ်ကို ဖွဲ့စည်း။
ဘုရားသခင်က မင်းကို အချစ်ခံရဖို့
  ကောင်းချီးပေးပါလိမ့် မယ်။

အချစ် မီးရှူးတိုင်
အချစ်မီးရှူးတိုင်က ဘ၀ရဲ့ အမှောင်ထုကို  ဖယ်ရှား
သင်္ချိုင်းဂူကို ပြန်လည်ရှင်သန်စေတယ်။

ဒါပေမဲ့ အချစ်မီးရှူးတိုင်ကို
လေဟာပြင်မှာမျှော်ငေးသူတွေအပေါ်
အကျိုးမဲ့ မတောက်ပစေနဲ့။

နေနဲ့ လ ကဲ့သို့ အကျိုးပြုသူကို
ကျောမခိုင်းစေနဲ့။

အချစ် မီးရှူးတိုင် မရှိရင်
နေ့ရောညပါ  လမ်းရှာမတွေ့တဲ့သူ ဖြစ်လိမ့်မယ်။  ။ သစ်လွင်ဆဲအချစ်

မရေတွက်နိုင်တဲ့နိုင်ငံ့တွေက ဥာဏ်ကြီးရှင်တွေဟာ
သူတို့ရဲ့ အချစ်ကို မျိုးဆက်ပေါင်း များစွာ ပြောပြကြ။
သူတို့ရဲ့ အောက်မေ့ဖွယ် စကားရပ်တွေဟာ
ရွှေချောင်း(၀ါ) ဒေစီပန်းတွေလို သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်တဲ့အထိပေါ့။
သူတို့ရဲ့မိန်းကလေးတွေဟာ လလို ခပ်မှိန်မှိန်လင်း
ဒါမှမဟုတ် နွေရာသီလလို တလှုပ်လှုပ် လင်းလက်
နှင်းပန်းလို ရပ်နေ၊ သမင်ပေါက်လို ထွက်ပြေး
အခုနေ၀င်၊ အခုပဲ အရုဏ်
ဒီမှာ မျှော်စင်ထဲက မင်းသမီး
ဟိုမှာက ချိုမြိန်တဲ့သစ်သီး
အချစ် မင့်ကို ငါကြည့်လိုက်တဲ့အခါ
အိုမင်းလာတဲ့ စကားရပ်တိုင်းဟာ သစ်လွင်
ရှိတ်စပီးယားရဲ့ အိပ်မက်တွေထဲက တစ်ခုကို လက်ထပ်ခဲ့တယ်လို့
ထင်ရတဲ့ အချိန်တွေလည်း ရှိပေါ့။ ။
 စပျစ်နွယ်ပင် အချစ်ရဲ့ ၀ိုင်အရက်ဟာ ဂီတ ......ပြီးတော့ အချစ်ရဲ့ စားပွဲဟာ သီချင်း။ ပြီးတော့ အချစ်ဟာ ဂုဏ်ပြုစားပွဲမှာ ထိုင်တဲ့အခါ .....အချစ်က အကြာကြီး ထိုင်တယ်။ ကြာကြာ ထိုင်ပြီး မူးပြီးထက ....ဒါပေမယ့် စားပွဲနဲ့ ၀ိုင်အရက်ကြောင့်မဟုတ်ပါ။ သူ သူ့ နှလုံးသားနှင့်သူ ဒယီးဒယိုင်ဖြစ် .....ဒီ ကြီးမားပြီး ကြွယ်ဝတဲ့ စပျစ်နွယ်ပင်။ ။ 
  
လျှို့ဝှက်ချက်
စောစောက ရှည်လျားစွာ မပြောခဲ့ပေမယ့်
မင့်ကို ကိုယ်ချစ်တယ်။

နေရာတကာမှာ မင်းဟာ ကိုယ့်ရဲ့ ပီတိ၊
သီချင်းတိုင်းမှာ ကိုယ် ထည့်ဆိုတဲ့ အကြောင်းအရာ။

အလှတရား ပိုင်ဆိုင်ထားတဲ့ သူစိမ်းမျက်နှာကို
ကိုယ် မြင်တဲ့အခါ
လျှို့ဝှက်ကောင်းချီးလို
မင့်နာမည်ရဲ့ တည်ရှိမှုကို တပ်ပေးခဲ့မိတယ်။

တခြားသူတွေဆီမှာတွေ့တဲ့
မျက်နှာ ဒါမှမဟုတ် အသံရဲ့
နှစ်သက်စရာတွေအားလုံး တွေ့တဲ့အခါ
မင့်ဆီမှာ ကိုယ်ရွေးချယ်ခဲ့တဲ့
အလှတွေသတိရရဲ့


``မင့်ကို ငါ ရှူရှိုက်ချင်တယ်´´
မင့်ကို ငါရှူရှိုက်ချင်တယ်။
ရေမွှေး ဒါမှမဟုတ် မင့်အရေပြားရဲ့ သင်းပျံ့တဲ့
ရနံ့အကြောင်းတောင်မှ ငါပြောနေတာမဟုတ်။

ငါမျှဝေချင်တဲ့လေ ကိုယ်၌ကို ပြောချင်တာပါ.။

မင့် ထွက်သက်ရဲ့ လေကို ရှူရှိုက်ချင်တယ်။
တို့နှစ်ယောက်ဟာ ထွက်သက်လေ ၊ ၀င်သက်လေကို
တစ်ယောက်တည်းလို နီးကပ်စွာ ရှူရှိုက်ကြရဲ့။         ။
  အချစ်

သူမဟာ ငါ့မျက်ခွံတွေပေါ်ရပ်နေ
သူ့ဆံပင်ဟာ ငါ့ဆံပင်ထဲမှာ
သူမမှာ ငါ့မျက်လုံးရဲ့ အရောင်ရှိ
သူမမှာ ငါ့လက်ရဲ့ ကိုယ်ထည်အစိတ်အပိုင်းရှိ
ငါ့အရိပ်ဟာ ကောင်းကင်ကြီးကို နောက်ခံထားတဲ့ကျောက်တုံးလို
သူမဟာ ၀ါးမြိုခြင်းခံရ။
သူမဟာ သူ့မျက်လုံးတွေကို ဘယ်တော့မှပိတ်မှာမဟုတ်။
သူမဟာ ငါ့ကို အိပ်စေမှာမဟုတ်
တောက်ပတဲ့နေ့မှာ သူ့အိပ်မက်တွေက
နေ့တွေကို အရည်ပျော်စေတယ်
ငါ့ကို ရယ်စေတယ်၊ငိုရင်းရယ်စေတယ်
ငါ့မှာပြောစရာ ဘာမှမရှိတဲ့အခါမှာ ပြောစေတယ်။
Lady Love
...............
She is standing on my lids
And her hair is in my hair
She has the colour of my eye
She has the body of my hand
In my shade she is engulfed
As a stone against the sky

She will never close her eyes
And she does not let me sleep
And her dreams in the bright day
Make the suns evaporate
And me laugh cry and laugh
Speak when I have nothing to say

Samuel Beckett

ဗုဒ္ဓဘာသာ နှင့် စိတ်ပုတီး


ယခုအခါ မြန်မာဗုဒ္ဓဘာသာဝင်အများစုတို့ အသုံးပြုလျက်ရှိကြသော စိပ်ပုတီး-ကား ထေရ၀ါဒဗုဒ္ဓဘာသာတို့၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်း မဟုတ်ပါချေ။ အမှန်ဆိုရသော် ထေရ၀ါဒဗုဒ္ဓဘာသာ၌ ကျင့်စဉ်တရားများအနေဖြင့် ဒါနကျင့်စဉ်၊ သီလကျင့်စဉ်၊ သမထဘာဝနာ (သမာဓိ)ကျင့်စဉ်၊ ၀ိပဿနာဘာဝနာ (ပညာ)ကျင့်စဉ် ဟူ၍ ကျင့်စဉ်ကြီးလေးရပ်ရှိ၏။ ထိုကျင့်စဉ်များတွင် ဒါနကျင့်စဉ် သီလကျင့်စဉ်တို့၌ စိပ်ပုတီးကို မလိုကြောင်းထင်ရှားသိသာပါ၏။

သမထဘာဝနာကား သမာဓိအားကောင်းအောင် ထူထောင်ရသော ကျင့်စဉ်ဖြစ်၏။ သမာဓိအားကောင်းမှ ကျင့်စဉ်၏ အကျိုးဖြစ်သော ဈာန်၊ အဘိညာဉ်တို့ကို ရနိုင်၏။ စိပ်ပုတီးကား ဈာန်၊ အဘိညာဉ်ရလောက်သည့် သမာဓိ၏ အဟန့်အတား အနှောက်အယှက်ဖြစ်၍ သမထဘာဝနာအကျင့်၌လည်း စိပ်ပုတီးအသုံးမ၀င်ချေ။ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်သော ၀ိပဿနာဘာဝနာအကျင့်ကား ရုပ် နာမ် တရားတို့၏ မမြဲပုံ ဆင်းရဲပုံ အတ္တမဟုတ်ပုံတို့ကို အမြဲမပြတ် တရစပ် ရှုမှတ်ပွားများ အားထုတ်ရသော ပညာကျင့်စဉ်ဖြစ်၍ စိပ်ပုတီးသည် ပို၍အနှောက်အယှက်ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် ဘုရားရှင်၏ တပည့်သာဝကတွေမှာ စိပ်ပုတီးရှိကြောင်း၊ စိပ်ပုတီးကို သုံးစွဲလေ့ရှိကြောင်း ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်လုံး၌ အရိပ်အမြွက်မျှ မတွေ့ရခြင်းဖြစ်သည်။ အယုတ်ဆုံးအားဖြင့် ပိဋကတ်၌ စိပ်ပုတီးဟော ပါဠိဝေါဟာရပင် မရှိသည်ကို တွေ့ရ၏။

သို့ဖြစ်၍ = သုံးလူ့များထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်း-

ဆိုသည့် ကျည်းကန်ကိုရင်ကြီး အမေးကို ရွှေတောင်မြို့ ဇိနတ္ထပကာသနီ ကျမ်းပြု ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက ပုတီးရှိကြောင်းကို ကျမ်းဂန်၌ မတွေ့ရဘူးချေ။ အကယ်၍ ပုတီးဆောင်တော်မူသည်ဖြစ်အံ့ ထိုပုတီးကို မည်သည့်ဒါယကာ လှူသည်၊ မည်သို့သုံးဆောင်တော်မူသည်၊ မည်မျှလောက် အကျိုးရှိသည်၊ မည်သည့်ရဟန်း အမွေခံရသည်-ဟု ကျမ်းဂန်လာရာ၏။ ယင်းသို့မလာသောကြောင့် ဘုရားမှာ ပုတီးမရှိဟူ၍ သိသင့်သည်-ဟု ဖြေဆိုထားသည်ကို စွယ်စုံကျော်ထင်ကျမ်း၌ တွေ့ရသည်။

(တန္တရ မန္တရဂိုဏ်းတို့၏ အသုံးအဆောင်ပစ္စည်း)

မှန်ပါသည်။ မြတ်စွာဘုရား၏ သာသနာတော်သို့ ၀င်သည့်အခါ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ အသုံးပြုဖို့ သာသနာ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပရိက္ခရာ ရှစ်ပါးကို ဘုရားရှင် ခွင့်ပြုတော်မူခဲ့၏။ ထို ၈-ပါးမှာ သပိတ်, သင်းပိုင်, ဧကသီ, ဒုကုဋ် ( နှစ်ထပ်သင်္ကန်းကြီး ) , ခါးပန်းကြိုး, သင်တုန်းဓား, အပ်, ရေစစ်-တို့ ဖြစ်သည်။ ဤသာသနာ့အသုံးအဆောင်ပစ္စည်း ပရိက္ခရာ ၈-ပါးထဲမှာ စိပ်ပုတီးမပါသည့်အတွက် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်းတခုမဟုတ်ကြောင်း ထင်ရှားသိသာပေသည်။

အမှန်ဆိုရသော် စိပ်ပုတီးသည် ဟိန္ဒူဗြဟ္မဏဘာသာမှ တန္တရ မန္တရ ဂိုဏ်းသားတို့၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းဖြစ်၏။ ဂါထာမန္တရားတွေကို မန်းမှုတ်၊ ရွတ်ဖတ်၊ သရဇ္ဈာယ်သည့်အခါ အခေါက်ရေကို တိတိကျကျသိရအောင် သူတို့စိပ်ပုတီးကို အသုံးပြုကြခြင်းဖြစ်သည်။
( စိပ်-ရွတ်ဆိုမန်းမှုတ်သည့်၊ ပုတီး-ပုတီး) မဟာယာနဗုဒ္ဓဘာသာမှာလည်း တန္တရ မန္တရဂိုဏ်းများ ရှိ၏။

( မြန်မာသာသနာဝင်နှင့် တန္တရ မန္တရဂိုဏ်း )

မြန်မာသာသနာဝင်ကို ကြည့်လျှင် ပျူတို့၏ သရေခေတ္တရာတွင်မူ ထေရ၀ါဒက အားကောင်းနေသော်လည်း မဟာယာန၀ါဒကလည်း ရှိနေပြီဖြစ်၏။ ထို့ပြင် ဗိဿနိုးကိုးကွယ်သည့် ဗြဟ္မဏ၀ါဒနှင့် ရိုးရာကိုးကွယ်ယုံကြည်မှုများ၊ ဗေဒင်နှင့် ( ဂါထာ မန္တန် ယုံကြည်မှုများလည်းရှိခဲ့၏။ ပုဂံခေတ်တွင် အနော်ရထာ မတိုင်မီ၌ ပျူခေတ်က အားကောင်းခဲ့သော ထေရ၀ါဒမှာ မှေးမှိန်ပျောက်ကွယ်သလောက် ဖြစ်နေ၏။

ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရဗျစ်၊ မည်းညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ထိပ်ခေါင်ကြီး၊ ရှင်မထီးတို့ကဲ့သို့-

ဟု ဆရာကြီး ဦးပုည ဆိုထားသကဲ့သို့ ပုဂံပြည် သမထီးအရပ်၌ အရည်းကြီး သုံးကျိပ်နှင့် တပည့်ခြောက်သောင်းတို့ သီတင်းသုံး နေထိုင်ကြ၏။ ပုဂံပြည်မင်းအဆက်ဆက်နှင့် ပြည်သူတို့သည် သူတို့ကို ကိုးကွယ်နေကြသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ ဆို၏။

ထိုအရည်းကြီးတို့ ဟောသောတရားမှာ သူ့အသက်ကို သတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကိုသတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ စသည်ဖြင့် မဟုတ်မတရားသော အဓမ္မကို ဓမ္မဟူ၍ ဟောကြားကြ၏။ အမှန်စင်စစ် ထိုအရည်းကြီးတို့သည် ဗြာဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ မန္တရဂိုဏ်းဝင်များ ဖြစ်ကြသည်။ အနော်ရထာဘုရင်လက်ထက်တွင် ရင့်ကျက်သော ပါရမီရှိသည့်ဘုရင်ဖြစ်၍ ထိုအရည်းကြီး ကိုးကွယ်မှုကို နှစ်သက်တော်မမူဘဲ တရားမှန်ကို တောင့်တနေချိန်တွင် သထုံမှ ရှင်အရဟံ ရဟန္တာမထေရ်မြတ် ပုဂံသို့ ကြွတော်မူလာရာ အယူမှန်ဖြစ်သော ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခွင့် ရသွား၏။

ထိုအခါ ပုဂံပြည့်ရှင် အနော်ရထာဘုရင်သည် အရည်းကြီးသုံးကျိပ်နှင့် နောက်လိုက်တပည့် ခြောက်သောင်းတို့ကို လူဝတ်လဲစေပြီး ရှင်အရဟံမထေရ်မြတ်၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို အားပေးချီးမြှောက်သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာသည် ပုဂံပြည်တွင် နေရောင် လရောင်ပမာ ထွန်းလင်းဖြာခဲ့ပေသည်။ ဤသို့ အနော်ရထာမင်းကြီးလက်ထက်တွင် တန္တရ မန္တရဂိုဏ်းများ ပျောက်ကွယ်သလိုဖြစ်သွားသော်လည်း နောက်မင်းများလက်ထက်တွင် ထိုဂိုဏ်းများနှင့် မဟာယာနဂိုဏ်းတို့ တစတစ ပြန်ပေါ်လာခဲ့၏။

ကျန်စစ်သားမင်းကြီး လက်ထက်၌ ထိုတန္တရ မန္တရ ဂိုဏ်းများအပြင် ဗိဿနိုးနတ် ကိုးကွယ်မှုစသည့် ဗြဟ္မဏအယူဝါဒများ ပြန့်ပွားလာသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံတွင် ထေရ၀ါဒသာသနာသည် ပုဂံခေတ်ဦးပိုင်းမှစ၍ အားကောင်းလာခဲ့သော်လည်း မဟာယာန၊ ဗြာဟ္မဏ၀ါဒ၊ တန္တရ မန္တရ စသော ၀ါဒများမှာ ထေရ၀ါဒအားနည်းအောင် အင်းဝခေတ် ဟံသာဝတီခေတ်တို့ တိုင်အောင် အစဉ်နှောက်ယှက်လျက် ရှိနေကြပေသည်။

ထို့ကြောင့် ထိုဂိုဏ်းတို့မှ ကိုးကွယ်မှုဆိုင်ရာနှင့် ဘာသာရေးအသုံးအဆောင် ပစ္စည်းအချို့တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာထဲသို့ ရောနှောဝင်ရောက်ခဲ့ကြပေသည်။ ထိုအထဲတွင် စိပ်ပုတီး-ဟူသော ဘာသာရေးအသုံးအဆောင် ပစ္စည်းသည်လည်း တခုအပါအ၀င်ဖြစ်၏။ စိပ်ပုတီးသည် တန္တရ မန္တရဂိုဏ်းသုံးဖြစ်၍ ထိုတန္တရ မန္တရဂိုဏ်းများမှ တဆင့် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသည်ဟု ယူဆရသည်။ ထိုဂိုဏ်းများသည် အနော်ရထာမင်း မတိုင်မီကပင် ရှိနေပြီဖြစ်၍ စိပ်ပုတီး-သည် မည်သည့်အချိန်တွင် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်ခဲ့သည်ဟု အတိအကျ ပြောဆိုရန် ခဲယဉ်း၏။ မိဖုရားစောလုံနှင့် စိပ်ပုတီး

သို့ရာတွင် စာရေးသူ လက်မှမ်းမီသလောက် လေ့လာကြည့်ရာပုဂံခေတ်၊ သက္ကရာဇ် (၆၁၇) ခုနှစ်တွင် နန်းတက်သော နရသီဟပတေ့မင်း ( မင်းခွေးချေး ) လက်ထက်တွင် မြန်မာဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို ဘာသာရေးအသုံးအဆောင်အဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်း တွေ့ရှိရ၏။ အတန်ငယ်ချဲ့၍ ဆိုဦးအံ့။

ပုဂံပြည် နရသီဟပတေ့မင်းကား အစားအသောက်ကြူးရုံမက အပျော်အပါးလည်း ကြူး၏။ နွေလရောက်သည့်အခါ ရေဖျန်းကစားလေ့ရှိ၏။ ထိုအခါတွင် နန်းတော်မှ မြစ်ဆိပ်အထိ အရိပ်ကြီးစွာဆောက်လုပ်ပြီးလျှင် လူမမြင်ရအောင် ကာရံပြီးမှ မြစ်ဆိပ်တွင်လည်း မင်းတဲလုံခြုံစွာဆောက်၍ မိဖုရားမောင်းမမိဿံတို့နှင့် တဲတန်းဥမင်ဖြင့် ကြွတော်မူကာ ရေကစားတော်မူလေ့ရှိ၏။ ရေကစားသည့်နေ့တနေ့တွင် မောင်မငယ်တယောက်အား မိဖုရားစောလုံကို မျက်စိ မျက်နှာ ဦးဆံတို့ကိုပါ ရွှဲရွှဲစိုအောင် မင်းကြီးက ရေပက်ခိုင်း၏။

ထိုအခါ မိဖုရားစောလုံသည် ကျီစယ်သည်ကို သည်းမခံနိုင်ဘဲ အရှက်ကြီးရှက်၍ အမျက်ကြီးကာ ဘုရင်ကြီးအပေါ်တွင် စိတ်အနာကြီး နာသွားခဲ့သည်။ ထို့ကြောင့် မင်းကြီး၏စားတော်၌ ဆေးထည့်ပြီး မိဖုရားငယ် ရှင်မောက်အား စောမောက်-ငါ နေမကောင်း၊ ငါ့ကိုယ်စား မင်းကြီးကို စားတော်ဆက်ပါချေ-ဟု စားတော်ဆက်ခိုင်း၏။

မင်းကြီးသည် စားတော်ခေါ်အံ့ဆဲဆဲတွင် အောက်က ခွေးချေ၍ စားတော်မခေါ်သေးဘဲ ခွေးကိုကျွေး၏။ ခွေးလည်း စားသောခဏ၌ သေသွား၏။ မင်းကြီးသည် ရှင်မောက်ကိုမေးစစ်တော်မူရာ မိဖုရားစောလုံက သူနေမကောင်း ဖြစ်နေ၍ သူ့ကိုယ်စား စားတော်ဆက်ပါ-ဟု စေခိုင်း၍ စားတော်ဆက်ရကြောင်း လျှောက်တင်၏။

မင်းကြီးသည် စောလုံကို ခေါ်တော်မူ၍ စစ်မေးတော်မူရာ မိဖုရားစောလုံက

ဟဲ့-ပန်းပွတ်သည် မြေး၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကို နင်သူကောင်းပြုလျှင် ဤသို့ မိဖုရားအဖြစ်ရောက်ပြီးမှ ငါ့အား အများတကာရှေ့တွင် တကိုယ်လုံး ရွှဲရွှဲစိုအောင် မောင်းမငယ်ကို ရေနှင့်ပက်ခိုင်းတဲ့အတွက် နင့်ကို ငါမုန်း၍ သတ်သည်- - - - ဟု မကွယ်မထောင့် ဖြောင့်ဖြောင့်ပင် သံတော်ဦးတင်လိုက်သတဲ့။

ထိုအခါ မင်းကြီးသည် ပန်းပဲတထောင်ကို ခေါ်တော်မူ၍ သံကျပ်စင်ပြုလုပ်ကာ မိဖုရားစောလုံကို သံကျပ်တင်လေ-ဟု အမိန့်ချမှတ်လိုက်သည်။ မိဖုရားစောလုံသည် မင်းကြီး၏အမိန့်ကို သိရှိရသည့်အခါ သူသတ်တို့ကို တံစိုးလက်ဆောင် ရွှေငွေများစွာပေး၍ ခုရက်ကြာအောင် သံကျပ်စင်ကို လုပ်စေသည်။ သံကျပ်စင်လုပ်နေသည့် ခုရက်တွင် နေ့ညပတ်လုံး သီတင်းသီလဆောက်တည်၍ အဘိဓမ္မာတရားတော်ကို နာသည်။ ဣတိပိ သော ဘဂ၀ါ၊ သွက္ခာတော၊ သုပ္ပဋိပန္နော အစရှိသော ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များကို အောက်မေ့လျက် ပုတီးစိပ်သည်။

ခုရက်စေ့၍ သံကျပ်စင်ကြီး ပြီးစီးသည့်အခါ သူသတ်သမားတို့က လျောက်ပတ်ခြေငံသောစကားဖြင့် အရှင်မြောက်သားတော်-အမျက်တော်ကြီးလှသည်၊ လာတော်မူလော့-ဟု ခေါ်ကြ၏။ ထိုအခါ မိဖုရားစောလုံသည် ရတနာသုံးပါးဂုဏ်ကို အောက်မေ့လျက် ပုတီးစိပ်ကာ ရဲရဲတောက်လောင်နေသည့် သံကျပ်စင်ထက်သို့ တက်သည်။

မိဖုရားစောလုံ သံကျပ်စင်ပေါ်ရောက်သည်နှင့် တပြိုင်နက် ရဲရဲညီးညီးတောက်လောင်နေသည့် မီးကြီးသည် ရုတ်ချည်းငြိမ်း၍ သွားလေ၏။

ဤကဲ့သို့ ရတနာသုံပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အာရုံပြုကာ ပုတီးစိပ် ပွားများနေသည့်အတွက် သုံးကြိမ်သုံးခါ မီးများငြိမ်းပြီးသည့်အခါမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်ပါစေ၊ ငါတောင်းသည့်ဆုအတိုင်း ပြည်ပါစေ-ဟု အဓိဋ္ဌာန်ပြုလိုက်မှ မီးလောင်ကျွမ်းကာ သေဆုံးသွားရသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ လာရှိသည်။

ရှေးမြန်မာကြီးများနှင့် စိပ်ပုတီး

ဤမိဖုရားစောလုံ၏ အဖြစ်အပျက်ကိုကြည့်လျှင် စိပ်ပုတီးကို ပုဂံခေတ်ကပင် မြန်မာဗုဒ္ဓဘာသာတို့ ဘာသာရေးအသုံးအဆောင် ပစ္စည်းတခုအဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်းနှင့် စိပ်ပုတီးနှင့် ပွားများသော ဗုဒ္ဓါနုဿတိဘာဝနာ စသည်တို့သည် အလွန်အကျိုးရှိ တန်ခိုးရှိကြောင်း တွေ့ရ၏။

ရှေးထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာကြီးတို့သည် တန္တရ မန္တရ ဂိုဏ်းတို့နည်းကို အတုယူပြီး မိမိတို့ ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများကြသည့်နေရာမှာ ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်လည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်ဟု ယုံကြည်ရသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များကို ပွားများရာ၌သာ မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာယာဉ်သုံးပါးကို ဆင်ခြင်သည့်အခါတို့မှာ စိပ်ပုတီးကို တိုးချဲ့အသုံးပြုခဲ့ကြသည်။

အင်းဝခေတ်ဦးပိုင်းတွင် စစ်ကိုင်းတောင် ပုညရှင်စေတီအနီးတွင် ရေငုံဘုန်းတော်ကြီးခေါ် ဆရာတော်တပါးရှိ၏။ ကျမ်းဂန်တတ်၍ တရားဘာဝနာ စီးဖြန်းနေကာ တနေ့ စာသုံးဝါ ပို့ချအပြီးတွင် စကားပြောမိမည်စိုး၍ ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟု ခေါ်သည်။ ထိုဘုန်းတော်ကြီးသည် သံဃာ့ပရိသတ်တခု၌ ပုတီးစိပ်မှုနှင့်စပ်၍ သံဃာ့မထေရ်ကြီးများ အချင်းချင်းစကားလက်ဆုံကျနေ
ကြရာ တနေ့လျှင် ပုတီးအပတ် တထောင်ရတယ်၊ တသောင်းရတယ်၊ စသည်ဖြင့် ပြောနေကြသည်ကို ကြားသိရ၍ တို့များ အသက်ရှစ်ဆယ်ကျော်ပါပြီ။ တသက်လုံး စိပ်လာတာ အခုမှ ပုတီး-လေးလုံးပဲ ရသေးတယ်။ ဟု မိန့်တော်မူသတဲ့။

ဗုဒ္ဓါနုသတိ၊ မေတ္တာ၊ အသုဘနှင့် မရဏာနုဿတိ ခေါ် စတုရာရက္ခ ( အစောင့်တရား ) လေးပါးကို ပွားများနေကြောင်း ဆိုလိုဟန်ရှိ၏။ ဤသို့ အင်းဝခေတ်၌လည်း စိပ်ပုတီးကို အသုံးပြုလျက် ရှိနေကြပေသည်။

ဂါထာမန္တန်စသည့် လောကီပညာရပ်များ ထွန်းကားခဲ့သည့် ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်၌လည်း ညောင်ရမ်းမင်းတရားကြီးသည် လောကီပညာအရာ ကျော်ကြားတော်မူသော ဗားမဲ့ဆရာတော်ကြီးကို ကိုးကွယ်သကဲ့သို့ ရမည်းသင်းမင်းကလည်း ရေနဲနတ်စက်ရောင် ဆရာတော်ကို ကိုးကွယ်ခဲ့ကြ၏။

ထိုခေတ်တွင် ဂါထာမန္တန်များ ခေတ်စားနေသည့်အတွက် ဂါထာမန္တန်များကို (၃၇)အုပ် ရွတ်မှု၊ အကြိမ် (၁၀၀၀) ရွတ်ဆိုမှုများ ရှိခဲ့ရာ ထိုရွတ်ဆိုမှုများ၌လည်း အရေအတွက်သိအောင် စိပ်ပုတီးကိုပင် အသုံးပြုခဲ့ကြဟန် ရှိပေသည်။ ကုန်းဘောင်ခေတ်မတိုင်မှီတွင် စိန္တကျော်သူ ပြုစုခဲ့သည့် က၀ိလက္ခဏသတ်ပုံကျမ်း-၌လည်း ပုတီးလည်းစိပ်၊ မာန်ကိုနှိပ်၊ သိပ်သိပ်သည်းသည်းပင်-ဟု စပ်ဆိုခဲ့သည်ကိုလည်းကောင်း၊

ဘိုးတော်မင်းတရား လက်ထက်တွင် တွင်းသင်းမင်းကြီး စပ်ဆိုခဲ့သည့် မဟာဇနကပျို့တွင်= ဆယ်စုံကမ္မ၊ ပထမြောက်မြား၊ ဘိညာဉ်ငါးနှင့်၊ ရှစ်ပါးသမာပတ်၊ မလွတ်ရမှု၊ လုလ္လပြု၍၊ ဂရုကတ၊ နေ့ညသိပ်သိပ်၊ ပုတီးစိပ်သို့၊ နှိပ်နှိပ်ကွပ်ကွပ်၊ သတိကြပ်လျက်--- ဟု ဆိုခဲ့သည်ကိုလည်းကောင်း ထောက်ဆပါက ထိုညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့၌လည်း စိပ်ပုတီးအသုံး တွင်ကျယ်နေကြောင်း သိရှိရပေသည်။

နောက်ပိုင်းတွင် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာတို့ အများသုံး လက်စွဲပစ္စည်းအထိ အသုံးတွင်ကျယ်လာခဲ့ပေသည်။ ကျောင်းသို့ ဥပုသ်စောင့်သွားကြသည့်အခါ လူတိုင်းမှာပင် စိပ်ပုတီးပါကြသည်။ အယုတ်ဆုံးအားဖြင့် ရှင်ပြုသည့်အခါ၌ပင် ပရိက္ခရာ ရှစ်ပါးတွင် စိပ်ပုတီးမပါသော်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို သုံးဆောင်သည့်အခါ ရှင်သာမဏေတို့ ပဋိသင်္ခါ ယောနိသော စသည်ဖြင့် ဆင်ခြင်ရာတွင် စိပ်ပုတီးဖြင့် ဆင်ခြင်ရန် စိပ်ပုတီးကိုပါ သပိတ်ထဲထည့်ပေးကြရ၏။

သာသနာတော်တွင် ထိုပဋိသင်္ခါ ယောနိသော လေးပုဒ်ကို ပုတီးစိပ် ၄-ပုဒ်ဟု သုံးစွဲနေကြသည်အထိ တွင်ကျယ်လျက် ရှိနေပေသည်။ ၀ိပဿနာတရား ပြန့်ပွားလာသော ယခုအချိန်၌မူ စိပ်ပုတီးကိုင်သူ လူကြီးများ လျော့ပါးသွားပြီး လူငယ် လူလတ်ပိုင်းတို့သာ ပုတီးအကိုင်များသည်ကို တွေ့ရပေသည်။

အခြားဘာသာပိုင် စိပ်ပုတီးကို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သုံးစွဲသင့်၊ မသုံးစွဲသင့်ကို ဝေဖန်စိစစ်သောအားဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါမည်။ ရှင်တော်ဗုဒ္ဓသည် ကေသမုတ္တိခေါ် ကာလာမသုတ်၌ မည်သည့်အယူဝါဒ၊ မည်သည့်တရားကို မဆို တဆင့်စကား ကြားရုံမျှဖြင့် ၀ါ-အစဉ်အဆက် ကျင့်သုံးလာကာမျှဖြင့် လက်မခံလင့်ဦး။ ဒီတရားသည် အကုသိုလ်ဖြစ်သလား၊ အပြစ်ရှိသလား၊ ပညာရှိတို့ ကဲ့ရဲ့ထိုက်သလား၊ ပြုကျင့်လျှင် အစီးအပွားမဲ့၊ ဆင်းရဲးဒုက္ခဖြစ်သလား-ဟု စိစစ်ရမည်။ ဒီအတိုင်းဖြစ်လျှင် ဒီတရားကို ပယ်စွန့်ရမည်။ သို့မဟုတ် ဒီတရားသည် ကုသိုလ်ဖြစ်သလား၊ အပြစ်ကင်းသလား၊ ပညာရှိတို့ ချီးကျူးသလား၊ ပြုကျင့်လျှင် ချမ်းသာစီးပွားဖြစ်သလား-ဟု စိစစ်ရမည်။ ဒီအတိုင်းဖြစ်လျှင် ဒီတရားအတိုင်း ကျင့်သုံးရမည်ဟု လမ်းညွှန်ဟောကြားထား၏။

စိပ်ပုတီးကို သုံးစွဲကောင်းသလား

ထိုလမ်းညွှန်ချက်အတိုင်း စိပ်ပုတီးသုံးစွဲမှုကို စိစစ်လျှင် စိပ်ပုတီးသုံးစွဲခြင်းသည် ကုသိုလ်ဖြစ်သည်။ အပြစ်ကင်းသည်။ ပညာရှိတို့ ချီးကျူးသည်။ ချမ်းသာစီးပွားဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို သုံးစွဲကောင်းပါသည်။

အကြောင်းအမျိုးမျိုးကြောင့် တရားရိပ်သာသို့ မ၀င်နိုင်သေးသူများအဖို့ အိမ်၊ ဓမ္မာရုံ၊ ဘုရားကျောင်း၊ ဥပုသ်ဇရပ် စသည်တို့၌ ဗုဒ္ဓနုဿတိစသော အနုဿတိဘာဝနာ၊ မေတ္တာဘာဝနာ စသည်တို့ကို စိပ်ပုတီးဖြင့် ပွားများအားထုတ်လျှင် အချိန်ကို အချည်းနှီးကုန်လွန်စေမည့်အစား ကုသိုလ်များစွာ ရပါသည်။ စိတ်တည်ကြည်မှု သမာဓိလည်း ရသင့်သလောက် ရပါသည်။ သို့ရာတွင် မိဖုရားစောလုံကို အားကျပြီး စိပ်ပုတီးကိုချည်း စိပ်မနေသင့်ပါ။ ယခုလို ၀ိပဿနာတရားများ ပြန့်ပွားနေချိန်တွင် ပုတီးလွတ်ကာ ၀ိပဿနာစခန်းသို့ တက်လှမ်းသင့်ကြပါသတည်း။

ဓမ္မာစရိယ ဦးအေးနိုင်( ဘီ-အေ )

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။

Oct 30, 2012

ဘုရားရှင်၊ အာနန္ဒာ နှင့် ရေပြဿနာ

-->
ဒီမဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး
မဟာဂန္ဓာရုံဆရာတော်ကြီးရေးထားတဲ့
သီတဂူဆရာတော်ဟောထားတဲ့ နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတာ
မြတ်စွာဘုရားရဲ့ နောက်ဆုံးဝါ နောက်ဆုံးနှစ်အကြောင်းကို မှတ်တမ်းတင်ထားတဲ့သုတ်တစ်သုတ်ဖြစ်တယ်ဆိုတာ ဖော်ပြခဲ့ပြီးပြီ။
ဒါနဲ့စပ်လို့ အသက် (၃၅) နှစ်အရွယ်မှာ ဘုရားဖြစ်ပြီး
ဘုရားအဖြစ်နဲ့ (၄၅) ၀ါ တိုင်တိုင် နေထိုင်သွားခဲ့တဲ့နေရာအစဉ်
ဝါတော်အစဉ်ကို သိထားသင့်လို့
ဖျာပုံဆရာတော်ရေးထားတဲ့ သုတေသနသရုပ်ပြအဘိဓာန်ထဲက
ဘုရားရှင်ဝါတော်စဉ်ရေးသားထားတာကို ကူး ဖော်ပြလိုက်ပါတယ်။
၄၅ နှစ်အတွင်း ၁၇ နေရာ ဘုရားရှင် ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
(၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယ ၀ိဟာရ၌ ပဌမ၀ါဆိုသည်၊
(၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ဒု,တ,စ, ပေါင်း၃-၀ါ၊
(၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမ၀ါ၊
(၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမ၀ါ၊
(၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမ၀ါ၊
(၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမ၀ါ၊
(၇) ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ န၀မ၀ါ၊ (၉-၀ါမြောက်)
(၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမ၀ါ၊ (၁၀-၀ါမြောက်)
(၉) ဗြဟ္မဏဂါမ နာလိကာရုံကျောင်းတော်၌ ဧကာဒသမာဝါ၊ (၁၁-၀ါမြောက်)
(၁၀) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမ၀ါ၊ (၁၂ – ၀ါမြောက်)
(၁၁) ဇာလိယတောင်၌ ၁၃-၀ါမှာတကြိမ်, ၁၈-နှင့် ၁၉-၀ါမှာ တကြိမ် ပေါင်း ၃၀ါ၊
(၁၂) သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ ၁၄-၀ါမှာ တကြိမ်, ၂၁-၀ါမှ ၄၄-၀ါထိတကြိမ်ဆို၊ ပေါင်း ၂၅-၀ါ၊
(၁၃) ကပ္ပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ၀ါ၊ (၁၅ – ၀ါမြောက်)
(၁၄) အာဠ၀ီပြည် မဟာဝုန်တော၌ သောဠသမ၀ါ၊ (၁၆ – ၀ါမြောက်)
(၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရသမ၀ါ၊ (၁၇ – ၀ါမြောက်)
(၁၆) ၎င်းင်းနယ် ဂိဇ္ဈကုဋ်တောင်၌ ၀ီသတိမ၀ါ၊ (၀ါ-၂၀ မြောက်)
(၁၇) ၄၅-၀ါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ၀ါဆိုတော်မူသည်။
အထက်တစ်နေရာမှာ ဖော်ပြခဲ့သလို ဒီသုတ်တော်ထဲမှာ
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။
ရာဇရေးနဲ့ပတ်သက်လို့
ရှင်ဘုရင်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇) မျိုးကို တွေ့ရမှာ ဖြစ်သလို
သာသနာရေးနဲ့ပတ်သက်ပြီး
ရဟန်းတော်တို့အတွက် ကြီးပွါးရေးလမ်းညွှန်ချက် (၇)မျိုးတို့ကိုလဲ မှတ်သားဖွယ်တွေ့ရပါတယ်။
ဒါ့အပြင် ဓမ္မရေးနဲ့ပတ်သက်ပြီး
သီလစောင့်ထိန်းသူနှင့် သီလချိုးဖောက်သူတို့၏ အကျိုးအပြစ်တို့ကို
ရှင်းရှင်းလင်းလင်းဖော်ပြထားတာကို တွေ့ရပါသေးတယ်။
ဒါတင်မကပါဘူး။
လောကီရေးနှင့်ပတ်သက်ပြီး ပါဋလိပုတ်ပြည် တည်ခြင်းအကြောင်းတို့ကို
ဒီသုတ်ထဲမှာ ဖတ်ရမှာဖြစ်ပြီး
လောကုတ္တရာရေးရာ သစ္စာလေးပါးတရားတို့ကိုလဲ တပြိုင်နက်ထဲ တွေ့ရမှာ ဖြစ်ပါတယ်။
ခြုံပြီးပြောရရင် ရှည်လျှားတဲ့သုတ်တော်များကို စုစည်းထားတဲ့
ဒီဃနိကာယ်ထဲမှာ ပါဝင်တဲ့ ဒီသုတ်တော်ကို
အရေးအသားကောင်းတဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးက ရေးသားထားပြီး
အဟောအပြောကောင်းတဲ့ သီတဂူဆရာတော်ကြီးက ဟောပြောထားတာဆိုတော့
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ကုလားကျောင်းလေးမှာ
အရုဏ်ဆွမ်းဘုန်းပေးရင်း
နားထောင်ခဲ့ရတာ  (ဆွမ်း၊ ဆွမ်းဟင်းတွေ မကောင်းခဲ့ပေမဲ့)
စိတ်အင်မတန် ကြည်နူးနေခဲ့ရပါတယ်။
ဒါပေမဲ့ တရားတော် တစ်နေရာအရောက်မှာတော့
သဘောမကျစရာ သဘောမတူနိုင်စရာ အချက်ခလေးတစ်ခုကြားလိုက်ရလို့
အဲ့ဒါလေးကို ခရီးဖော်ဖြစ်တဲ့
ဒေါက်တာနန္ဒက (ယခု ကိုးရီးယားမှာ သီတင်းသုံး) ကို ပြောပြဖြစ်ပါတယ်။
တရားတော်အစဉ်က ဒီလို။
ဘုရားရှင် ၄၅ ၀ါမြောက်ဖြစ်တဲ့ နောက်ဆုံးဝါဆိုတဲ့နေရာက ဝေဠုဝရွာ၊
ဘုရားရှင်နဲ့ နောက်ပါသံဃာများ
ဝေဠုဝရွာမှ ဝေသာလီပြည်၊ စာပါလစေတီကို ခရီးဆက်ပါတယ်။
စာပါလစေတီမှ ဝေသာလီပြည် မဟာဝုန်တော၊
အဲ့ဒီကနေပြီး ရွာအသီးသီးဖြတ်ကျော်ကာ
ဘောဂမြို့ကို ရောက်တယ်။
ထိုမှ
ပါဝါပြည်သို့ ဆက်လက် ကြွချီပါတယ်။
ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန် ပါဝါပြည်ကို ရောက်တယ်။
ပါဝါပြည် စုန္ဒဆိုတဲ့ ရွှေပန်းတိမ်သည်ပိုင်တဲ့
သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူတယ်။
စုန္ဒက ဘုရားရှင်နဲ့ သံဃာတော်များကို ဆွမ်းဆက်ကပ်လိုကြောင်း လျှောက်တယ်။
ဘုရားရှင်လက်ခံတော့ စုန္ဒ ဆွမ်းခဲဘွယ် ဘောဇဉ်ပြင်ဆင်တော့တယ်။
စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒ၀ လို့ခေါ်တဲ့ ဟင်းတစ်မျိုးပါလာတယ်။
ဒီနေ့ဒီအချိန်ထိ ဒီစုန္ဒရဲ့ သူကရမဒ္ဒ၀ ဟင်းကို ဘာဟင်းလဲဆိုတာ
တိတိပပ မသိရသေးဘူး
သူကရမဒ္ဒ၀ဟင်းကို အဋ္ဌကထာများမှ (၅)မျိုးကွဲပြားနေတယ်။
(၁) မကြီးမငယ် ၀က်သားစားဖွယ်
(၂) မှိုစားဖွယ်
(၃) မျှစ်စားဖွယ်
(၄) နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
(၅) ဆေးတို့ဖြင့် စီမံထားသောစားဖွယ် တဲ့။
အမျိုးမျိုးဆိုကြတယ်။
ဒီစုန္ဒကပ်တဲ့ ဆွမ်း ဆွမ်းဟင်းတို့ကို ဘုန်းပေးပြီး
ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်လောက်အောင်
ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်တယ်။
ဒီရောဂါဝေဒနာနဲ့ အားအင်လျော့ကျနေပေမယ့်
ခရီးဆက်ဖို့ အရှင်အာနန္ဒအား ပြောပါတယ်။
ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။
ပါဝါပြည်မှ (၆) မိုင်ခန့် ဝေးကွာသော ကုသိနာရုံပြည်သို့ ခရီးဆက်ပြန်တယ်။
အချိန်က ကဆုန်လပြည့်နေ့၊ နွေခေါင်ခေါင်။
တကယ်တော့ ဘုရားရှင် ပင်ပန်းနေတဲ့ကြားက
ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိတယ်။
အသက်ရှစ်ဆယ်ရှိနေပြီဖြစ်တဲ့ဘုရားရှင်
ရောဂါဝေဒနာကလဲ နှိပ်စက်၊
ရာသီဥတုကလဲ ပူလောင်နေတဲ့ကြားက
ပါဝါပြည်ကနေ ကုသိနာရုံကို ကြွချီတော်မူပါတယ်။
အကြောင်းက ကုသိနာရုံမှာရှိတဲ့ သုဘဒ္ဒပရိဗိုဇ်ကြီးကို တွေ့ချင်လို့တဲ့။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီး ပရိနိဗ္ဗာန်မစံခင်
သူဟောကြားလိုက်တဲ့တရားကို နာကြားလိုက်တဲ့အခါ
သုဘဒ္ဒပရိဗိုဇ်ကြီးကို တရားထူးသိမြင်မည့် အကျိုးစီးပွါးကို မြင်တော်မူလို့
ကုသိနာရုံကိုဆက်ကြွရတာပါ။
ဆက်ကြွရင်း လမ်းခုလတ်တစ်နေရာမှာ ဘုရားရှင် ပင်ပန်းလွန်းလို့
သစ်ပင်ရိပ်ချဉ်းကပ်ပြီး အလုပ်အကျွေးဖြစ်တဲ့ ရှင်အာနန္ဒာကို
“အာနန္ဒာ၊
ငါဘုရား၏ နှစ်ထပ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊
ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့” လို့ပြောပါတယ်။
လမ်းခရီးမှာ မောပန်းလွန်းလို့ ပါလာတဲ့သင်္ကန်းကို ခပ်ထူထူလေးခေါက်ခိုင်းပြီး
ခင်းခိုင်းကာ အနားယူတော်မူလိုတဲ့ ဘုရားရှင်ကို မျက်စိထဲမှာ မြင်ယောင်ပြီး
အလွန့်ကို ၀မ်းနည်းမိတယ်။

-->
ဘုရားရှင်က ခင်းပေးတဲ့ သင်္ကန်းခေါက်လေးပေါ်ထိုင်ပြီး
“အာနန္ဒာ၊ ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူပေးစမ်းပါ” လို့ဆက်ပြောပါတယ်။
နွေရာသီကြီးခရီးသွားနေရတာဆိုတော့ ဘုရားရှင် ရေဆာမှာပေါ့။
ကံအားလျှော်စွာ အနီးအနား မြစ်ကလေးရှိလို့ တော်ပေသေးတယ်။
ဒါပေမဲ့ နွေရာသီဆိုတော့ ရေအတော်နည်းနေတယ်။
ခရီးသွားလှည်းသားငါးရာက မြစ်ထဲ ဖြတ်မောင်းထားတာဆိုတော့
ရေကနောက်ပြီး အနယ်ထနေတယ်။
ဒါ့ကြောင့် ရှင်အာနန္ဒာက
“အရှင်ဘုရား အနီးအနားမှာရှိတဲ့ မြစ်ထဲက ရေတွေက နောက်ကျုနေပါတယ်ဘုရား၊
ဟိုရှေ့နားမှာ ကကုဓာဆိုတဲ့ မြစ် ရှိပါသေးတယ်ဘုရား၊
အေးမြတဲ့ရေ ရနိုင်ပါလိမ့်မယ်။ သန့်ရှင်းတဲ့ရေ ရနိုင်ပါလိမ့်မယ်၊
ဆိပ်ကမ်းကလဲ သာယာပါတယ်။ အဲ့နေရာရောက်မှ
အရှင်ဘုရားကို ရေကြည်ရေချမ်းကပ်ပါရစေ လို့
ပြန်လည်လျှောက်တင်ပါတယ်။
ဘုရားရှင်ရေဆာလွန်းတော့ ရှင်အာနန္ဒာကို ဒုတိယအကြိမ် ရေခပ်ခိုင်းပြန်ပါတယ်။
ရှင်အာနန္ဒာကြီးကလဲ အရင်အတိုင်းပဲ ပြန်လည်လျှောက်တင်ပါတယ်။
တတိယအကြိမ်ထပ်မိန့်မှ
ရှင်အာနန္ဒာက သပိတ်ကို ယူကာ မြစ်ဆီသို့ အပြေးကလေးထွက်သွားတယ်။
မြစ်ထဲကရေကို ခပ်ယူမယ်လဲလုပ်ရော
မြစ်ထဲရှိရေတွေ အနယ်ထိုင်ပြီး ကြည်လင်သွားတယ်တဲ့။
ရှင်အာနန္ဒာကလဲ ဒီလိုရေကြည်သွားတဲ့အတွက်
ဘုရားရှင်ရဲ့တန်ခိုးတော်ကို အတော်အံ့သြသွားသတဲ့။
မြစ်ထဲကကြည်လင်လာတဲ့ရေကို ခပ်ယူပြီး
ဘုရားရှင်ကို ကပ်ပါတယ်။
နယူးဒေလီ၊ ကုလားကျောင်းမှာ အရုဏ်ဆွမ်းဘုန်းပေးကာ
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓတရားတော်ကို နားထောင်နေရင်း
ဒီနေရာလဲရောက်ရော ဘ၀င်မကျတာလေးတွေ့လို့
အတူသွား အတူလာဖြစ်တဲ့ ဒေါက်တာအရှင်နန္ဒကကို
“မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် မြစ်ထဲက နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာတယ် ဆိုတဲ့စကားကို လက်ခံပါသလား” လို့မေးမိပါတယ်။
သူက လက်ခံပါတယ်တဲ့။
စာထဲမှာလဲ ဒီလိုပဲ ပြောထားတာပဲ တဲ့။
ဘုရားရှင်မှာ တန်ခိုးရှိတယ်ဆိုတာကို လက်ခံပေမဲ့
ဘုရားရှင်တန်ခိုးတော်ကြောင့် နောက်ကျုနေတဲ့ရေတွေ
ကြည်လင်လာရတယ်ဆိုတာကတော့ စဉ်းစားစရာဖြစ်နေကြောင်း၊
ဘုရားရှင်ရဲ့ တန်ခိုးတော် ဘုန်းတော်လို့ပြောမဲ့အစား
ဘုရားရှင် ရေအင်မတန်ဆာနေတာကို ရှင်အာနန္ဒာသိလို့
မဖြစ်မနေရေကို ခပ်ယူရတော့မည်ဖြစ်ကြောင်း၊
ပရိက္ခရာရှစ်ပါးထဲမှာ အပါအ၀င်ဖြစ်တဲ့ ရေစစ်ကိုလဲ
သပိတ်နည်းတူ သွားလေရာ ယူဆောင်သွားတဲ့အလေ့ရှိလေတော့
ပါလာတဲ့ရေစစ်နဲ့ သေချာစစ်ပြီး ခပ်ယူလို့
ကြည်လင်သန့်ရှင်းတဲ့ရေ ရလာတာဖြစ်ကြောင်း၊
ဒီလို စဉ်းစားတာဟာ အင်မတန်ယုတ္တိရှိပြီး
ရှင်အာနန္ဒာရဲ့ ဘုရားရှင်အပေါ်ထားရှိတဲ့
စေတနာ၊ မေတ္တာတွေကို ဖော်ပေးရာရောက်ကြောင်း၊
အသိအမှတ်ပြုရာရောက်ကြောင်း
ပြောဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က ၂၀၀၄ – ခုနစ်လောက်ကပါ။
အချိန်တွေသာကြာညောင်းလာပေမဲ့
ကိုယ်စဉ်းစားတွေးခေါ်မှုအပေါ် ဘယ်ဆရာတော်ကြီးထံကမှ ထောက်ခံမှု မရခဲ့ပါဘူး။
ပါဠိတော်၊ အဋ္ဌကထာတို့မှာက ကိုယ်စဉ်းစားတွေးခေါ်ချက်မျိုး စိုးစိမျှ မပါဘူးကိုး။
မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာကလေးငယ်တွေအတွက်
Nalanda Institute ဆိုတဲ့ ပညာသင်ဌာနလေးရှိတယ်။
အတော်စနစ်ကျတယ်။
နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူမျိုးတွေစုပေါင်းပြီး
နာမည်ကြီးဗုဒ္ဓဘာသာရေးခေါင်းဆောင်တွေကို ဖိတ်ကြားကာ
ဟောပြောပွဲလုပ်လေ့ရှိတယ်။
၂၀၀၈  ဒီဇင်ဘာလတုန်းက အဲ့ဟောပြောပွဲကို တက်ဖြစ်တယ်။
ဟောပြောပွဲမှာ ဟောပြောပေးမဲ့ပုဂ္ဂိုလ်တွေထဲမှာ
အမေရိကမှာ သီတင်းသုံးနေတဲ့
သီဟိုဠ်ဘုန်းကြီးတစ်ပါးပါလာတယ်။
Mindfulness In Plain English ဆိုတဲ့စာအုပ်နဲ့ နာမည်ရလာတဲ့ဘုန်းကြီး။
ဘွဲ့က Ven. H. Gunaratana တဲ့။
သူဟောပြောတဲ့ထဲမှာ ခုနက ရှင်အာနန္ဒာက ဘုရားရှင်ကို ရေကပ်တဲ့အကြောင်းပါလာပြီး
ရေနောက်ကျုရာက ကြည်လင်သန့်ရှင်းလာတာဟာ
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်မဟုတ်ကြောင်း ထည့်ပြောပါတယ်။
ကိုယ်နဲ့ဒီဘုန်းကြီးအယူအဆ ဒီနေရာမှာ တူပြီဟေ့ဆိုပြီး
စိုက်နေတဲ့ခေါင်းထောင်လာပါတယ်။
အာရုံပိုစိုက်ပြီး နားထောင်ဖြစ်ပါတယ်။
သူဆက်ပြောတာက
ပထမတစ်ကြိမ် ဘုရားရှင် ရှင်အာနန္ဒာကို ရေခပ်ခိုင်းတုန်းက
ကုန်သည်လှည်းငါးရာဖြတ်ပြီးခါစဖြစ်လို့ ရေ အမှုံထနေကြောင်း၊
အနယ်ထနေကြောင်း၊
ဒါပေမဲ့ ဘုရားရှင်တတိယအကြိမ်ခိုင်းတဲ့အချိန်မှာ
အချိန်အနည်းငယ်ကြာသွားပြီးဖြစ်လို့
မြစ်ရေဟာလဲ စီးဆင်းနေတာဖြစ်လို့ ကြည်လင်နေပြီဖြစ်ကြောင်း
ယုတ္တိရှိရှိပြောသွားပါတယ်။
ကိုယ်လဲ ဒီတော့မှ ဟုတ်လိုက်လေ လို့ စိတ်ထဲက ရေရွတ်ပြီး
ရှင်းသွားပါတော့တယ်။
စာထဲမှာ မပါပေမဲ့ လက်ခံသင့် လက်ခံရပါမယ်။
ဘုရားရှင်ကိုယ်တိုင်ပြောခဲ့တဲ့
မာပိဋကသမ္ပဒါနေန – စာပေကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုတာလောက်နဲ့
အတည်မယူနဲ့ဆိုတာနဲ့လဲ ကိုက်ညီပါတယ်။

ဘုရားရှင်၊ အာနန္ဒာနှင့် ရေပြဿနာ (၁)

၂၀၀၃ – ခုနစ်နဲ့ အဲ့ဝန်းကျင်အလွန်နှစ်တွေတုန်းက
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ (အရင်အခေါ် ဘုံဘေမြို့) မှာ
ပညာရေးကိစ္စနဲ့ နေနေတဲ့ကာလ။
တစ်ခါတစ်လေ
ရုံးကိစ္စနဲ့ နယူးဒေလီကို သွားရတယ်။
နယူးဒေလီမှာ မြန်မာရဟန်းတော်တစ်ပါးနေနေတဲ့
ကုလားကျောင်းတစ်ကျောင်းရှိတယ်။
ကျောင်းလေးက သေးတယ်ဆိုပေမဲ့ ကျောင်းဝိုင်းက ကျယ်တယ်။
နေရာလေးလဲ မဆိုးဘူး။
ကုဋီ ရေချိုးခန်းတွေလဲ အဲ့ဒီအချိန်တုန်းက အိန္ဒိယရောက်နေတဲ့
မြန်မာစာသင်သားရဟန်းတော်များ ရှိစုမဲ့စုလေးထဲက
ဖဲ့လှူဒါန်းကြတဲ့ငွေလေးနဲ့ ၀ိုင်းဆောက်လိုက်တာ
အတော်လေးအဆင်ပြေနေဘီ။
စားရေးသောက်ရေးကတော့
ကျောင်း ဂေါပကအဖွဲ့က
ဆန်နဲ့ ပဲကို အမြဲမပြတ်လှူဒါန်းလေ့ရှိတယ်လို့ သိရတယ်။
လှူတဲ့ဆန်က ဆန်ကောင်းတော့ ဘယ်ဟုတ်မလဲ။
ကောင်းတာ မကောင်းတာ အပထား၊ လှူဖော်ရတဲ့ ကုလားဂေါပကအဖွဲ့ကို
ကျေးဇူးတင်ရမယ်။
ဒီကုလားကျောင်းမှာ နေနေတဲ့ဆရာတော်က ဦးပညာဝရတဲ့။
မစိုးရိမ်တိုက်ဟောင်းထွက်၊
ဘုန်းကြီးစာမေးပွဲ စာချတန်းလို့ခေါ်တဲ့ ဓမ္မာစရိယတန်းအောင်ပြီးလို့
သာသနဓဇဓမ္မာစရိယဘွဲ့ရခဲ့တယ်။
ဘွဲ့ဆိုလို့
မြန်မာပြည် ရန်ကုန်၊ မင်္ဂလာရာမတိုက်က
ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့
ဦးပညာသာရကြီးကိုတောင် သတိရမိသေး။
ဦးပညာသာရဆိုတာက အခု ကိုးရီးယားနိုင်ငံမှာ
သီတင်းသုံးသာသနာပြုနေတဲ့ ဒေါက်တာနန္ဒက ရဲ့သူငယ်ချင်း။
သူတို့က မန္တလေး၊ ၀ိသုဒ္ဓါရုံ၊ သံတော်ဆင့်မှာ အတူနေလာတာ။
ဒေါက်တာနန္ဒကနဲ့ပတ်သက်ပြီး ဦးပညာသာရကြီးကို သိရတာ။
ဦးပညာသာရကြီးက စာတော်ပုံပေါက်ပါတယ်။
အဂ္ဂမဟာအကျော်၊ သ၊ စ၊ အ လို့ခေါ်တဲ့
သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယဘွဲ့တွေ ရထားတာ။
တစ်နေ့ သူပြောတယ်။
ဓမ္မာစရိယဘွဲ့ တစ်ဘွဲ့လောက်မှ မရတဲ့ဦးဇင်းကို
ကိုယ်က စကားမပြောချင်ဘူးတဲ့။
ပြောလဲ ကိုယ်ပြောတဲ့စကားကို သူနားလည်မယ်မထင်ဘူးတဲ့။
ဆရာတော်ဦးပညာသာရ ပြောတဲ့စကားပါ။
သူပြောတာ ဟုတ်သင့်သလောက် ဟုတ်လိမ့်မယ်။
ပညာရေးကိစ္စဆွေးနွေးရာမှာ
ဘာဘွဲ့မှ မရထားတဲ့သူဟာ ဆွေးနွေးလို့ ရမယ်မထင်ပါဘူး။
ဆွေးနွေးလဲ နားလည်မယ် မထင်ပါဘူး။
ဘာအကြံမှလဲ ပေးနိုင်မယ် မထင်ပါဘူး။
ဒါ့ကြောင့် ပညာရေးနယ်ပယ်ကို ၀င်ရောက်လိုတဲ့သူဟာ
ဘွဲ့တစ်ဘွဲ့တော့ ရထားသင့်တယ်လို့ ယူဆမိပါတယ်။
ထား။
နယူးဒေလီက ကုလားကျောင်းမှာ နေတဲ့ဆရာတော်၊
အခုတော့ သြစတေးလျနိုင်ငံရောက်နေတယ်လို့ သိရတယ်။
အဆက်အသွယ်တော့ မရဘူး။
အတော်ရိုးတယ်။
သူနဲ့တွေ့တုန်းက
သူ MA တန်းတက်နေတဲ့အကြောင်း
MA တန်းစာမေပွဲမှာ သက္ကတဘာသာ အမှတ်နည်းလို့
မကျေနပ်လို့ နောက်တစ်ခါပြန်ဖြေတာ
အမှတ်ပိုနည်းသွားကြောင်း ပြောပြဘူးတာကို အမှတ်ရမိတယ်။
သူက လာတဲ့အာဂန္တုတွေကိုလဲ အစိမ်းအကျက်မရွေးပဲ
ရှိတဲ့ပဲနဲ့ ပျော်ပျော်ရွှင်ရွှင် ဧည့်ခံလေ့ရှိတယ်။
သူ့အလုပ်က မနက်ခင်းအိပ်ယာထရင် တံမြက်စည်းလှည်းတယ်။
ခဏနေ အရုဏ်ဆွမ်း (အာရုံဆွမ်း) ဘုန်းပေး။
နေ့ဆွမ်းစား၊ တက္ကသိုလ်သွားစရာရှိသွား။
ညဘုရားဝတ်တက်။
ဒါ သူ့ရဲ့ နေ့စဉ်လုပ်ငန်း။
သူ့ကျောင်း (ကုလားကျောင်း) မှာနေတုန်း
တစ်နေ့ အရုဏ်ဆွမ်းစားသခိုက်
သီတဂူဆရာတော်ဟောတဲ့
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဖွင့်ထားတယ်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ရှိတယ်။
ဒီစာအုပ်က ဘာသာဋီကာဆရာတော်လို့ ထင်ရှားတဲ့
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ကြီးရေးတာ။
သူ့ရဲ့နောက်ဆုံးလက်ရာလဲဖြစ်တယ်။

-->
ဆရာတော်ကြီးပျံတော်မူတော့ ဆရာတော်ကြီးရဲ့ ဈာပနပွဲမှာ
သီတဂူဆရာတော်က ဆရာတော်ကြီးနောက်ဆုံးရေးခဲ့တဲ့
ဒီနောက်ဆုံးဆယ်လမြတ်ဗုဒ္ဓစာအုပ်ကို မူတည်ပြီး ဟောကြားပူဇော်ပေးခဲ့တယ်။
ဒီတရားဟောချိန် သီတဂူဆရာတော်ရဲ့အသက် သိပ်မကြီးသေးဘူး။
အသံမာတယ်။ အတော်ကြည်လင်ပြတ်သားတယ်။ အားပါတယ်။
ပါဠိတော်တွေ အဋ္ဌကထာတွေထဲကလာတဲ့
ပါဠိအကိုးအကားတွေကို အတော်ကျက်မှတ် ရွတ်ဖတ်နိုင်သေးတယ်။
နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ ဆိုတဲ့စာအုပ်ကို
အငယ်တုန်းက ကိုရင်ဘ၀တုန်းက ဖတ်ဖူးတယ်။
စာအုပ်က သိပ်မကြီးဘူး။
နန္ဒသိန်းဇံရဲ့ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းဆိုတဲ့ စာအုပ်လောက်ပဲ ရှိတယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့
ဗုဒ္ဓဘာသာဝင်တိုင်းမဖြစ်မနေဖတ်ရမဲ့
ကိုယ်ကျင့်အဘိဓမ္မာ၊
ရတနာ့ဂုဏ်ရည်၊
အနာဂတ်သာသနာရေး
ဘာသာသွေး ဆိုတဲ့
စာအုပ်တွေကို ဖတ်ရင်း ဆရာတော်ကြီးကို ကြည်ညိုရင်းစွဲရှိနေတော့
ဒီနောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာအုပ်ကိုလဲ ၀ယ်ဖတ်ပစ်လိုက်တယ်။
ဖတ်ရင်း
သက်တော်ထင်ရှား ဘုရားရှင်နဲ့ အတူခရီးသွားနေရသလိုခံစားမိတယ်။
ကိုရင်ဘ၀ နုနယ်တဲ့အရွယ်တုန်းက ဖတ်တာဆိုတော့
ဆရာတော်ကြီး ဘယ်သုတ္တန်ကို ကိုးကားပြီး ရေးထားတယ်ဆိုတာ မသိခဲ့ဘူး။
ကြီးမှ အထက်တန်းပိဋကတ်စာပေတွေကို လေ့လာမှ
အော်၊ ဆရာတော်ကြီးက နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓဆိုတဲ့စာအုပ်ကို
မဟာပရိနိဗ္ဗာနသုတ်တော်ကို မှီးပြီး ရေးထားတာပါလားလို့
သိလာရတယ်။
ပါဠိစာပေမှာ
ပိဋကအနေဖြင့် ပြောရင် ပိဋကတ်သုံးပုံလို့ပြောရတယ်။
(၁) ၀ိနယပိဋက
(၂) သုတ္တပိဋက
(၃) အဘိဓမ္မပိဋက
နိကာယ်အနေဖြင့်ပြောရင် နိကာယ်ငါးရပ်လို့ ပြောရတယ်။
(၁) ဒီဃနိကာယ်
(၂) မဇ္ဈိမနိကာယ်
(၃) သံယုတ္တနိကာယ်
(၄) အင်္ဂုတ္တရနိကာယ်
(၅) ခုဒ္ဒကနိကာယ်
ပိဋကတ်သုံးပုံလို့ပြောပြော၊ နိကာယ်ငါးရပ်လို့ပြောပြော
အတူတူပါဘဲ။
ပိဋကတ်သုံးပုံလို့ပြောလိုက်ရင် ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာဘဲ။
ထို့အတူဘဲ။ နိကာယ်ငါးရပ်လို့ပြောလိုက်ရင်လဲ
ဘုရားရှင်ဟောထားတာ အကုန်ပါဝင်တော့တာပါဘဲ။
လူတွေက ဒါကို ရှင်းရှင်းလင်းလင်းနားမလည်သေးပါဘူး။
ဒါနဲ့စပ်လို့ မြို့တစ်မြို့မှာ သူ့ကိုယ်သူ ဘုရားဂေါပကအဖွဲ့ဝင်ဆိုပြီး
“လူဆိုတာ ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါး ပေါင်း ခုနစ်ပါးနဲ့ဖွဲ့စည်းထားတာကွ” လို့
အာဘော်အာရင်းသန်သန်နဲ့ အော်ပြောနေတာကြားဘူးတယ်။
ခန္ဓာအနေနဲ့ပြောရင် လူမှာ ခန္ဓာငါးပါးရှိတယ်။
ခန္ဓာငါးပါးကို အကျဉ်းချုပ်ပြီး အလွယ်ပြောတော့
ရုပ်၊ နာမ်နှစ်ပါးလို့ ပြောတာ။
ခန္ဓာငါးပါးနဲ့ ရုပ်နာမ်နှစ်ပါးဟာ အတူတူဘဲ။
ရုပ်နာမ်နှစ်ပါးလို့ပြောလိုက်ရင် လူမှာရှိတာ အကုန်ပါတော့တာ။
ထို့အတူ ခန္ဓာငါးပါးလို့ပြောလိုက်ရင်လဲ အကုန်ပါတော့တာပါဘဲ။
နောက် တစ်ယောက်တွေ့ဘူးသေးတယ်။
သူ့ကိုယ်သူ ဘာသာရေးသမားပါလို့ပြောပြီး အမှားကြီးတစ်ခုကို
ကျယ်ကျယ်လောင်လောင်နဲ့ ပြောပြနေတာ။
ဟေ့ကောင်တွေ၊
ဘုရားရှင်က စိတ်တစ်ခု၊ ရုပ်ကိုးဆယ်ရှိတယ်လို့ ဟောထားတယ်ကွတဲ့။
တကယ်တော့ စိတ်က ၈၉ ခုရှိတယ်။
၈၉ ဆိုတော့ ၉၀ ပြည့်ဘို့ တစ်ခုယုတ်လျှော့နေတယ်။
ဒါကို ဘုန်းကြီးသုံး စာသုံးပေသုံးနဲ့ပြောတဲ့အခါ
စိတ်တစ်ခုယုတ်ကိုးဆယ် လို့ပြောလေ့ရှိတယ်။
ဒါကို နားစွန်နားဖျားနဲ့ကြားသွားတဲ့ ဘာသာရေးသမားဆိုသူက
စိတ်တစ်ခု၊ ရုပ်ကိုးဆယ်လို့ထင်ပြီး စွတ်ပြောတော့တာဘဲ။
ဒီမှာလဲ ပိဋကတ်အနေနဲ့ပြောရင် သုံပုံ။
နိကာယ်အနေနဲ့ပြောရင် ငါးရပ်။
ရှိစေတော့။
မဟာဂန္ဓာရုံဆရာတော်ကြီးရေးတဲ့ သီတဂူဆရာတော်ဟောခဲ့တဲ့
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့ မဟာပရိနိဗ္ဗာနသုတ်တော်ဟာ
ပိဋကတ်အနေနဲ့ပြောရင် သုတ္တန္တပိဋက ထဲမှာ ပါဝင်တယ်။
နိကာယ်အနေနဲ့ပြောရင် ဒီဃနိကာယ်ထဲမှာ ပါဝင်တယ်။
စာအုပ်ကတော့ မဟာဝဂ္ဂစာအုပ်ထဲမှာ။
တတိယမြောက်သုတ်တော်ဖြစ်တယ်။
ဒီသုတ်တော်ကလဲ တရားဦးဖြစ်တဲ့ ဓမ္မစကြာ (ဓမ္မစက္ကပ၀တ္တနသုတ်) လိုဘဲ
အင်မတန်အရေးကြီးတဲ့ သုတ်တစ်သုတ်ဖြစ်တယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးနာမည်ပေးထားတဲ့အတိုင်းဘဲ
ဘုရားရှင်ရဲ့ နောက်ဆုံးဆယ်လတာအချိန်ကို
အသေးစိတ်မှတ်တမ်းတင်ထားတဲ့ သုတ်တော်ဖြစ်တယ်။
ဓမ္မရေးသာမက လောကရေးတွေကိုပါ ဘုရားရှင် ဟောကြားထားတာတွေ့ရတယ်။
အင်မတန်စိတ်ဝင်စားဖွယ်ကောင်းတဲ့သုတ်တစ်သုတ်ဖြစ်တယ်။

ဘုရားရှင်၏၀ါဒ

0

ဘုရားရှင် ကုရုတိုင်း ကပိလ၀တ်ပြည်မှာ တစ်ပါးတည်း ဆွမ်းခံကြွတော်မူပြီးနောက် တစ်ခုသောတောထဲ ဥသျှစ်ပင်အောက်မှာ ဆွမ်းဘုဉ်းပေးတော်မူတယ်။ ပြီးတာနဲ့ ဒီနေရာမှာပဲ နေ့သန့်စင်၊ ဒီနေရာမှာပဲ ဖလသမာပတ်ဝင်စားတော့မယ်ဆိုပြီး သီတင်းသုံးနေတော်မူတယ်။ ထိုအချိန် ဒဏ္ဍပါဏိပုဏ္ဏားကြီးက ရွှေတုတ်ကောက်ကြီးကိုင်ပြီး ဘုရားရှင်ထံရောက်လာတယ်။ ဘုရားရှင်ကိုလဲ ၀တ်မချဘူး။ နှုတ်ဆက်ရုံလောက်နှုတ်ဆက်ပြီး `ရှင်ဂေါတမရဲ့ အယူနဲ့ ၀ါဒကိုပြောစမ်းပါ´လို့ မေးတယ်။ မေးတော့ ဘုရားရှင်က ရိပ်မိတယ်။ သူဟာ ဒေ၀ဒတ်နဲ့လဲ အမျိုးတော်တယ်၊ ကျွတ်တမ်းဝင်မယ့်ပုဂ္ဂိုလ်လဲမဟုတ်ဘူး။ ဒေ၀ဒတ်ကို သံဃာက ကြဉ်ထားတာ၊ ဒေ၀ဒတ်သံဃာအသင်းခွဲလို့ အပါယ်သွားရမယ့်ပုဂ္ဂိုလ်လို့ ဟောတော်မူထားတာတွေကို သူက မကြိုက်ဘူး။ လောကီသမားဆိုတော့ ရာဟုလာလေး သင်္ကန်းဝတ်ပေးလိုက်တာကိုလဲ သူ မကြိုက်ဘူး။ ဒီလို မကြိုက်ပေမယ့် တွေ့တုန်း မေးဦးမှပဲဆိုပြီး `ရှင်ဂေါတမ ဘယ်အယူရှိလဲ၊ ရှင်ဂေါတမ၀ါဒက ဘယ်လိုဝါဒလဲ´လို့ မေးလိုက်တာ။ ဒီတော့ ဘုရားရှင်က `ငါ့ဝါဒက ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ´တဲ့။ ဘုရားရှင်ရဲ့ ၀ါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ။ ဒါပေမယ့် ဒီဝါဒကို မကြိုက်တဲ့သူတွေက ဘုရားကို လာပြီးစစ်တိုက်တာ။ တိတ္ထိတွေ၊ ဒေ၀ဒတ် အဇာတသတ်တို့လိုပုဂ္ဂိုလ်တွေ၊ မာရ်နတ်ကြီးလို ပုဂ္ဂိုလ်တွေ လာစစ်ထိုးကြတာ။ ဘုရားဝါဒကတော့ အမှန်ပါပဲ။ ဒီဝါဒ မကြိုက်သူတွေကတော့ လာတိုက်ကြတာပေါ့။
ဘုရားက `ရှေးဘုရားတွေက ဒါ ဒုက္ခသစ္စာပဲလို့ ဟောရင် ငါလဲ ဒုက္ခသစ္စာပဲလို့ ဟောတယ်၊ အပိုမဟောဘူး၊ ဒုက္ခသစ္စာမှာလဲ သစ္စာသိမှု သစ္စဉာဏ်၊ ဖြစ်ပျက်သိမှု ကိစ္စဉာဏ်၊ ဖြစ်ပျက်ဆုံးသွားရင် ကတဉာဏ်လို့ ဟောတော့ ငါဘုရားလဲ ဒီလိုပဲ ဟောတယ်´တဲ့။ ဒီလိုဟောတာကို နားမလည်တဲ့ပုဂ္ဂိုလ်တွေကတော့ ရန်လာဖြစ်ကြတယ်။ ဘုရားရှင်ကတော့ ရန်မဖြစ်ဘူး။ ဒါဖြင့် သူ့ဝါဒက ရန်မဖြစ်တဲ့ဝါဒ၊ ပညာရှိတွေ အကုန်လက်ခံတဲ့ဝါဒတဲ့။ ပညာမဲ့တွေက သူတို့ ဘယ်တုန်းကမှ မကြားဘူးတာတွေ ဟောရမလားဆိုပြီး ငြင်းပွားကြတာတွေတော့ ရှိတယ်။ သို့သော်လဲ ဘုရားက ခံပြီး ရန်မဖြစ်ပါဘူး။ ငြင်းကြခုံကြတာတွေဟာ ဘုရားက ရန်ဖြစ်တာမဟုတ်ဘူး၊ သူတို့က မကြိုက်လို့ ဖြစ်နေတာ။ ဘုရားရှင်ရဲ့ ၀ါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒပဲ။
ဒါတင်မကသေးဘူး။ `ငါသည် သံသယ၀ိစိကိစ္ဆာကင်းပြီး အားလုံးအပေါ်မှာ တဏှာဖြတ်တဲ့ ပုဂ္ဂိုလ်လို့လဲ မှတ်ပါ´တဲ့။ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်ဟာ ဘုရားအလုပ်။ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒက ဘုရားဝါဒ၊ သံသယကင်းပြီး တဏှာဖြတ်တဲ့အလုပ်က ဘုရားလုပ်ငန်းစဉ်။ ဒီလိုရှင်းပြတာကို နားထောင်ပြီးတော့ ဒဏ္ဍပါဏိက ပြန်သွားတယ်။ ဘုရားရှင် ကျောင်းပြန်ကြွတော်မူတဲ့အခါ ရဟန်းတို့ကို ငါတော့ ဒီနေ့ ဒဏ္ဍပါဏိနဲ့တွေ့လို့ ငါ့ဝါဒနဲ့ ငါ့လုပ်ငန်းစဉ်ကို ပြောခဲ့တယ်လို့ မိန့်တော်မူတယ်။ ငါ့ဝါဒကတော့ ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့ဝါဒ၊ ငါ့လုပ်ငန်းစဉ်က သံသယမရှိဘဲနဲ့ ကိလေသာသတ်တဲ့ လုပ်ငန်းစဉ်ပဲတဲ့။ ဘုရားရှင်က အကျဉ်းပဲ ဟောပြသွားတော့ အချို့ရဟန်းတွေက နားမလည်လို့ ဘုရားရှင်ကိုလဲ မမေးရဲတာနဲ့ အရှင်မဟာကစ္စည်းကို ချဉ်းကပ်ပြီး မေးကြတယ်။ အရှင်မဟာကစ္စည်းက `အနှစ်ရှိတဲ့သစ်ပင်ဆီက အနှစ်မရှိတဲ့သစ်ပင်ဆီ လာပြီး အနှစ်တောင်းသလို ဖြစ်နေပါလား´လို့ မိန့်တော်မူတယ်။ ဘုရားရှင်နှင့်စာရင် သူ့မှာ ဘာမှအနှစ်မရှိဘူးလို့ပြောလိုက်တာပဲ။ ရဟန်းတော်တွေက `အရှင်ဘုရားကို ဘုရားရှင်ကလဲ ချီးမွမ်း၊ အကျဉ်းကို အကျယ်ဟောနိုင်တယ်လို့လဲ ဂုဏ်သတင်းမွှေးနေလို့ တပည့်တော်တို့ လာရတာပါဘုရား´လို့လျှောက်ကြတယ်။ ဒါဆိုရင် အရှင်ဘုရားတို့ တကယ်နာချင်တယ်ဆိုရင်တော့ သစ္စာတရားပဲ ဟောပေးမယ်ဆိုပြီး သစ္စာအလုပ်တရားကို ဟောတော်မူပါတယ်။

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

သမန္တစက္ခုဒီပနီ တတိယတွဲ ပုစ္ဆာအမှတ်-၇၁ ။ စာမျက်နှာ ၂၃၉-၌အကျယ်ရှုပါ ။
ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။ (ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။) by Myanmar Cupid Forum (Myanmar Cupid Forum)
http://www.myanmarcupid.net

ငါးပါးသီလ ခံယူဆောက်တည်ပုံ

အဟံ ဘန္တေ  တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။ (ဒုတိယမ္ပိ၊ တတိယမ္ပိ)


ယမဟံ ၀ဒါမိ တံ ၀ဒေထ။
 အာမ ဘန္တေ


နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊

(ဒုတိယမ္ပိ၊ တတိယမ္ပိ)


 သရဏ ဂမနံ ပရိပုဏ္ဏံ ။ အာမ ဘေႏၱ

*ပါဏာတိပါတာ ေ၀ရမဏိ သိကၡာပဒံ သမာဒိယာမိ၊
 သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

*အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
 သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

*ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊

*မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
 လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊

*သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
  သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။


တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ
အာမ ဘန္တေ

ပျင်းရိခြင်း နှင့် မပျင်းရိခြင်း

ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။

မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။

တနေ့သောအခါ ဆွမ်းစားဇရပ်တခုတွင် မြတ်စွာဘုရားသည် သံဃာတော်များနဲ့အတူ ဆွမ်းစားနေတော်မူ၏။ ထိုစဉ် တံခါးဝ၌ ခွက်လက်စွဲကာ ရပ်နေသော ထိုသူဌေးသား လင်မယားကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူရခြင်းအကြောင်းကို အရှင်အာနန္ဒာ မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က-ငါသည် သူဌေးသားကိုမြင်၍ ပြုံးရသည်။ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကနှင့် ဓမ္မ နှစ်ဌာနတို့၌ ပျင်းရိ၍ အားထုတ်မှုမရှိသောကြောင့် လောကချမ်းသာ၊ ဓမ္မချမ်းသာ နှစ်မျိုးလုံးတို့မှ ဆုတ်ယုတ်သွားရလေပြီ-ဟု မိန့်ကြားတော်မူ၏။

ဘုရားရှင်က ဆက်လက်၍ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကဘက်၌ ပထမအရွယ်တွင် စီးပွားဥစ္စာ ရှာကြသော် ပထမတန်းစား သူဌေးများ ဖြစ်နိုင်ကြသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင် သူဌေးသားက ရဟန္တာ၊ ဇနီးမယားက အနာဂါမ် ဖြစ်နိုင်ကြပေသည်-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင်က- ဤသူဌေးသားနှင့် ဇနီးမယားတို့သည် ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် ဒုတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြသော် သူဌေးသားက အနာဂါမ်၊ ဇနီးမယားက သကဒါဂါမ် ဖြစ်နိုင်ကြပေသည်။

အကယ်၍ တတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် တတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင်မူ သူဌေးသားက သကဒါဂါမ်၊ ဇနီးမယားက သောတာပန် ဖြစ်နိုင်ကြပေသည်။

ယခုမူ ပျင်းရိ၍ အားမထုတ်ခဲ့သောကြောင့် သူဌေးအဖြစ်မှလည်း ဆုတ်ယုတ်သွားကြပေပြီ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ကြဘဲ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့မှလည်း ဆုတ်ယုတ်သွားကြပေပြီ-ဟု မိန့်တော်မူသည်။
ဤမိန့်တော်မူချက်သည် ပျင်းရိခြင်း၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာ သာဓကပြလျက်ရှိသည်။


လောကနီတိကျမ်းဆရာများကလည်း ပျင်းရိ၍ အားမထုတ်ဘဲနေသူတို့၏ ဆုတ်ယုတ်သွားပုံကို ရေးသားဖွင့်ပြကြသည်။
* ပျင်းရိသူသည် အတတ်ပညာ မတတ်၊
အတတ်ပညာ မရှိသူအား စီးပွားဥစ္စာ မရနိုင်၊
စီးပွားဥစ္စာ မရှိသူအား မိတ်ဆွေကောင်း မရနိုင်၊
မိတ်ဆွေကောင်း မရှိသူအား ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူအား ကောင်းမှုမပြုနိုင်၊
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ချမ်းသာကို မရနိုင်-ဟူ၍ လောကဓမ္မ နှစ်ဌာနလုံး၌ ဆုတ်ယုတ်သွားပုံကို ဖွင့်ဆိုပြထားသည်။

၂၄ ပဌာန်းပစ္စည်း အနက်နှင့် အဓိပ္ပာယ်များ

၂၄ပဌာန်းပစ္စည်းပါ.. ရွတ်လို့ရှိရင်လည်းလေးလေးစားစားရွတ်ပါတဲ့..အကျိုးထူးပါလိမ့်မယ်တဲ့..
၂၄ပဌာန်းဆိုတာကမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူထားတာပါ…
အခုနောက်ပိုင်းဂါထာတွေအများကြီးထွက်တာတွေ.ရပါတယ်..တချို.ကတော့ မြတ်စွာဘုရားဟောထားတာကိုမှီငြမ်းပြီးပြန်ပြင်ထားတာပါ..ဒါကတော့ အော်ရီဂျင်နယ်ပေါ့…..
ပါဠိရော..မြန်မာလိုရော..( ၂ )မျိုးဆိုတော့ နဲနဲတော့ပိုရှင်းတာပေါ့နော်..
ဒါပေမယ် တချို.စာလုံးတွေတောင် ကျမလည်းသိပ်နားမလည်ပါ အမှန်အတိုင်းဝန်ခံရရင်..
ဒါကတော့…ထဲထဲဝင်ဝင်လေ့လာရင်တော့… ဘာကဘာဆိုတာ….သိမယ်ထင်ပါတယ်….
ဂါထာတော်တွေဆိုတာအများကြီးပါပဲ…သဘောတရားကတော့တူတူပါပဲ…လူတိုင်းမှာ….
ကိုယ့်စတိုင်နဲ့ဆိုတာကိုယ်ရှိကြမှာပါ… စာရေးဆရာတောင်သူ.စတိုင်နဲ့သူ…ရေးနည်းရေးဟန်သူပေါ့….
ဘုန်းဘုန်းတွေလည်းသူ.နည်းသူ.ဟန်ရှိကြပါတယ်..ဘုရားရှိခိုးလည်းအမျိုးမျိုးရှိတာပဲ…သချာင်္ပုစ္ဆာ၁ပုဒ်ကို ဖော်မြူလာအမျိုးနဲ့တွက်လို့ရပါတယ်..နောက်ဆုံးအဖြေမှန်ရင်ပြီးတာပဲ…
ဒါပေမယ့် နောက်ဆုံးသဘောတရားက..ဒါပါပဲလေ……ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ကြပါ…..
ပြီးရင် ( ၇ )ရက်သားသမီးကို..အမျှအတန်းဝေပါ….အမြဲတမ်းရွတ်ပါလို့မပြောလိုပါဘူး…
အားမှာလည်းမဟုတ်ဘူးဆိုတာသိပါတယ်….
ဥပမာ……..
မြန်မာအခါကြီးရက်ကြီးတွေပေါ့..လပြည့်နေ့လိုအခါမျိုးပေါ့…ဒီဖိုရမ်ကိုလာရင်းနဲ့မြင်ခဲ့သည်ရှိသော်ရွတ်လို့ရတာပေါ့နော်…
ကုသိုလ်တွေဘာတွေအသာထားပါ..ကောင်းတာလုပ်မှ..ကောင်းတာရမှာ(ဒါကအများပြော)….
ကောင်းတာလုပ်တိုင်းလည်းကောင်းတာကြီးပဲပြန်ရ ရမယ် ရယ်လို့တော့မရှိပါဘူး…
ဘာပဲဖြစ်ဖြစ်ပါ..မကောင်းတာလုပ်တာထက်စာရင် ကောင်းတဲ့အရာတွေပိုလုပ်ရင် ပိုမကောင်းဘူးလား…. ..ဘာပဲလုပ်လုပ်ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း..
ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ…
ဟေတုပစ္စယော – အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော – မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော – ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော – များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော – ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော – ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော – ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော – ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော – ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော – ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော – နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော – လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော – ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော – ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော – လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော – နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော – သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော – ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော – သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော – သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော – သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော – ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော – ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော – ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။
၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို..
နားလည်ထားသည့်အတိုင်း အကျိုးရလဒ်များ..ထင်ရှားဖြစ်ထွန်းလာအောင်..စီစဉ်ထားရကား…ယင်း၂၄ပစ္စည်းဆုတောင်းဖြင့်…
ကောင်းကျိုးသုခများ..ရရှိလာကြမည်မှာ..မုချဧကန်ဖြစ်ပါ၏.. အလုပ်ကိစ္စတွေ အဘယ်မျှ..များပြားနေပါစေ..ယုတ်စွအဆုံး..
တစ်ရက်တစ်ပစ္စည်း..နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး…ဆက်လက်၍နေ့စဉ်..
ဘုးရားဝတ်ပြုပြီးတိုင်း…ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို… ရွတ်ဆိုဆုပန်ပါလျှင်..အမှန်ပင်..ရုပ်ပိုင်းရော…စိတ်ပိုင်းမှာပါ…
ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။
ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူ သည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု…
နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း… စသည့်…
ကုသိုလ်ကံတစ်ခုခုပြုပြီးမှသာ…ဆုတောင်းကြရပါမည်။ ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့်…
ဆန္ဒပတ္ထနာ မည်ပါသည်။
သို့ဖြင့် ပဌာန်း ၂၄ ပစ္စည်းဆုတောင်းအပေါ်..ယုံကြည်မြတ်နိုးသောသဒ္ဓါဗလကို..အရင်းထားလျက်..အဆက်မပြတ်ဆုတောင်းခြင်း..
ဝီရိယဗလ၊ မမေ့မလျော့ခြင်း…သတိဗလ၊ တစိုက်မတ်မတ်တည်ခြင်း…သမာဓိဗလ၊ အဓိပ္ပါယ်ကိုပို၍..ပို၍..ထိုးထွင်းသိမြင်ခြင်း…
ပညာဗလ…ဟူသည့် ဗလငါးမျိုး..တိုးထက်တိုး..ကောင်းကျိုးပြည့်ဝကြမည် ဖြစ်ပါသတည်း။
ကျွန်တော့်မေးထဲရောက်လာတဲ့.. ၂၄ ပစ္စည်းပဌာန်း ရွတ်ဖတ်ပုံစံလေးနဲ့…အနက်အဓိပ္ပာယ်လေးကို…ပြန်လည်တဆင့်…ကုသိုလ်ယူ မျှဝေခြင်းဖြစ်ပါတယ်

ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒဿ
ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ
(မြန်မာပြန် အနက်အဓိပ္ပါယ်များ)

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊
ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မေတ္တာသုတ် မြန်မာအသံထွက် ရွတ်ဖတ်နည်း

၁။ ယတ်သာနု ဘာဝ တော ယက်ခါ

နေ၀ ဒတ်သင်တိ ဘီသနံ၊

ယင်ညှိစေ၀ါ နုယုန်ဇန်တော၊ ရက်တိန် ဒိဝ ၊ မတန်ဒိတော။

၂။ သုခံ သုပတိ သုတ်တောစ ၊ ပါပံကိန်စိ နပတ်သတိ၊

အေ၀ မာဒိ ဂုဏူပေတံ၊ ပရိတ်တံ တံဘဏာမဟေ။

၃။ ကရဏီ မတ်ထ ကုသလေန၊ယန်တ သန်တံ ပဒံ အဘိသမစ်စ၊

သက်ကော အုဇူ စသု ဟုဇူ စ၊

သုဝစော စတ်သ မုဒု အနတိမာနီ။

၎။ သန်တုတ်သကော စ သု ဘရော စ၊

အပ်ပ ကိတ်စော စ သန်လဟုက ၀ုတ်တိ၊

သန်တိန် ဒရိယော စနိပကောစ၊

အပ် ပဂပ်ဘော ကုလေသွ နနုဂိတ်ဓော၊

န စ ခုတ်ဒ မာစရေ ကိန်စိ၊

ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ၊

သုခိနောဝ ခေမိနော ဟွန်တု၊

သပ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ၊

၆။ ယေ ကေစိ ပါဏ ဘူတတ်ထိ၊

တသာ ၀ါ ထာဝရာ ၀၊န၀ သေသာ၊

ဒီဃာ ၀ါ ယေ၀ မဟန်တာ၊

မစ်ဈိမာ ရတ်သကာ အဏုက ထူလာ၊

၇။ ဒိတ်ထာ ၀ါ ယေ၀ အ ဒိတ်ထာ၊

ယေ၀ ဒူရေ ၀သန်တိ အ ၀ိဒူရေ၊

ဘူတာ၀ သမ္ဘေ၀ သီ၀၊

သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုတ်ဗေထ၊

နာတိမင်ညေထ ကတ်ထစိ န ကင်စိ၊

ဗျာရောသနာ ပတိဃ သင်ည၊

နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ၊

၉။ မာတာ ယထာ နိယံ ပုတ်တ၊

မာယုသာအေက ပုတ်တ မနုရက်ခေ၊

အေ၀မ်ပိ သပ်ဗ ဘူတေသု၊

မာနသံ ဘာဝေယေ အပရိမာဏံ။

၁၀။ မစ်တင်စ သပ်ဗ လောက သမိ၊

မာနသံ ဘာဝယေ အ ပရိမာဏံ၊

အုတ်ဓံ အဓော စ တိရိယင်စ။

အ သမ်ဗာဓံ အဝေရ မ သပတ်တံ၊

၁၁။ တိတ်ထံ စရံ နိသိန်နော ၀၊

အ သမ်ဗာဓံ အဝေရ မ သပတ်တံ၊

သယာနော ယာဝတတ်သ ၀ိတ မိတ်ဒေါ၊

အေတံ သတိမ် အဓိတ်ထေယ၊

ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။

၁၃။ ဒိတ်ထိန်စ အနုပက်ဂမ်မ၊ သီလ ၀ါ ဒတ်သနေန သမ်ပန်နော၊

ကာမေသု ၀ိနယ ဂေဓံ၊

န ဟိ ဇာတုတ် ဂပ်ဘ သေယ ပုန ရေတိ၊

မစ်တ သုတ်တံ နိတ်ထိတံ......။

ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလိုအပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းသင့်တဲ့ အချက်တွေရှိပါတယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။

( အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း)
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။

* သင့်အသားအရေ   အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့  
   အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက် 
   မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် 
   အရေပြားအထူးကုဆရာဝန်ကိုပြပါ။ 
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။

( သွားကို ဂရုစိုက်သန့်ရှင်းခြင်း ) 
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။ 
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ 
   ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
( ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း )
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့  လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ 
   စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။

( အခြားအချက်များ )
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) 
   လိမ်းပေးပါ။

အက်စ် (ဆေးဝါးတက္ကသိုလ်)

အတူတူမအိပ်သင့်တဲ့အရာ (၅)မျိုး

မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကိုမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်
၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..


ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....

Oct 29, 2012

ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်

အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါကအတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသောကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူနောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။

ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအားလှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ်ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်းတရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက်ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံးရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့်ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကိုဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကိုအပ်နှံသင့်ကြ ပေသည်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) --

သီတင်းကျွှတ်လပြည်(အဘိဓမ္မာ အခါတော်နေ့)့

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။
အကြောင်းက နတ်ပြည်၌နတ်ပရိတ်များ အဘိဓမ္မာဒေသနာအကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါး ရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။

ဘုရားရှင်သည်မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊၀ါဆိုလပြည့်ညနေချမ်း၌သာဝတ္ထိပြည်အနီးကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကိုနှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာတာသတိံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်ကဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အားမေးမြန်းရာမထေရ်မြတ်ရှင်းပြမှအကြောင်းစုံသိကြရသည်။ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲယာယီတဲနန်းထိုးကာနေကြလေသည်။ သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည်မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အားဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာသီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေကသင်္ကဿမြို့တံခါးဝမှာရှိသည်။

ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။အောက်ကိုကြည့်သောအခါအ၀ီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို "၀ိဘင်း ကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဥာင်္ဏတော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါး ရာကဲ့သို့ နမရူပပရိစ္ဆေဒ ဥာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A1%E1%80%98%E1%80%AD%E1%80%93%E1%80%99%E1%81%BC%E1%80%AC_%E1%80%A1%E1%80%81%E1%80%AB%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%94%E1%82%94

အချစ်အကြောင်း ပြောကြည့်ခြင်း

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 

တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 

ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေ အပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။

ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။ 

အောင်မြင်ချမ်းသာ တို့မြတ်စွာ

“အောင်မြင်ချမ်းသာ” တို့မြတ်စွာကို
အခါခါ အထပ်ထပ်၊ ကြာကလာပ်ဖြင့်
သဒ္ဓါဓာတ်ဖြိုး၊ မပြတ်ရှိခိုးသည်
မြေမိုးအနှံ့ အသရေတိုးလို့ ခန့်စေသော်။
ရှုပ်သမျှကိုရှင်း၊ ဒုက္ခကို ခွင်းမည့်
ဥတ္တရအလင်းမြတ်စွာ၊ ကပ်ကမ္ဘာတိုင်တိုင်
မြတ်ချမ်းသာသုခ၊ ပေးဝေငှလျှက်
ဇယအောင်မြင်၊ အောင်ပွဲဝင်သည်
အောင်မင်္ဂလာ၊ အောင်သြဘာဖြင့်
အောင်ချာရွှေပြည် ရောက်စေသော်။
အောင်စည်ဟိန်းဟိန်း၊ ငြိမ်းငြိမ်းချမ်းချမ်း
အောင်ပန်းဝေေ၀၊ ဆွတ်လှမ်းခြွေသက်
မြကေခိုင်ထက် တင့်စေသော်။

Oct 28, 2012

ဥပုသ်စောင့်တယ်ဆိုတာ


တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။ အဲဒါကြောင့် တပည့်တော်ကို ဥပုသ်စောင့်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါဘုရား” ဆိုပြီး မေးလျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းက သိသင့်တာလေးတွေ ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဥပုသ်ဆိုတဲ့ စကားလုံးက ဥပေါသထဆိုတဲ့ ပါဠိကို မြန်မာမှု ပြုထားတာပဲ ဖြစ်ပါတယ်။ ဥပေါသထဆိုတာ စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုလုပ်ခြင်းပဲ ဖြစ်ပြီး ကိုယ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေ၊ နှုတ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေကို သီလသိက္ခာပုဒ်တွေနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လတစ်လရဲ့ လဆန်း (၈)ရက်၊ လဆုတ် (၈)ရက်နဲ့ လပြည့်၊ လကွယ်နေ့တွင်မှာ ပုံမှန်စောင့်ထိန်းနေကျဖြစ်တဲ့ ငါးပါးသီလထက် ကျော်လွန်ပြီး ရှစ်ပါး၊ ကိုးပါးစတဲ့ သီလတွေကို စောင့်ထိန်းနေထိုင်ခြင်းမျိုးကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ 

မှန်ပါတယ်။ သာမန်ပုထုဇဉ်တွေ အနေနဲ့ ကောင်းတဲ့အလုပ်တွေထက် မကောင်းတဲ့ အလုပ်တွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုမကောင်းတဲ့ အလုပ်တွေကို လက်တွေ့ကျူးလွန်တဲ့ အထိဖြစ်မသွားရအောင် သီလသိက္ခာပုသ်များနဲ့ အထိန်းအကွပ် ပြုပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်ဆိုတာ စိတ်နဲ့တောင် မကျူးလွန်မိတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးအထိ မထိန်းနိုင်တာတောင်မှ စိတ်ထဲရှိတဲ့ အကုသိုလ်ကို နှုတ်နဲ့ကျူးလွန်တဲ့အထိ မဖြစ်လာအောင်၊ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့အထိ ဖြစ်မသွားရအောင် သီလတရားတွေနဲ့ အထူးပြု စောင့်ထိန်းကြရခြင်း ဖြစ်ပါတယ်။ ဒီလို စောင့်ထိန်းရာမှာလည်း အပါယ်ကို လားစေနိုင်တဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာတွေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံအောင် ထိန်းသိမ်းကြဖို့ ညွန်ပြကြတာဖြစ်ပြီး နေ့စဉ်စောင့်ထိန်းနေတဲ့ ငါးပါးသီလကို အထူးပြုပြီး ကာမဂုဏ်မေထုန်အမှုကို မလုပ်ဖြစ်အောင်၊ ကိလေသာဖြစ်စေနိုင်တဲ့ အာရုံတွေအပေါ်မှာ သာယာလုပ်ဆောင်မှု မဖြစ်ရအောင် အပိုသီလတွေ စောင့်ထိန်းစေဖို့ ဥပုသ်သီလစောင့်ထိန်းစေကြတာ ဖြစ်ပါတယ်။ 

အရာရာမှာ စိတ်ကသာ အဓိကကျတယ်ဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ့်စိတ်တိုင်းကျ အနိုင်မယူနိုင်၊ မထိန်းသိမ်းနိုင်သေးတဲ့ သာမန်ပုထုဇဉ်တွေ အနေနဲ့ကတော့ စိတ်မှာရှိနေတဲ့ အကုသိုလ်၊ ကိလေသာတွေကို လက်တွေ့ကျူးလွန်တဲ့အထိ မဖြစ်အောင် သီလတရား၊ ကိုယ့်ကျင့်တရားတွေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်ကိုစောင့်စည်းခြင်း သီလတွေကို လုံခြုံအောင် ထိန်းထားလာနိုင်ရင် စိတ်မှာလည်း ယုံကြည်မှုတွေတိုးလား၊ စိတ်သန့်ရှင်းမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် စိတ်နဲ့ကျူးလွန်နိုင်တဲ့ မနောကံကိုလည်း တဖြည်းဖြည်း ထိန်းသိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။ သီလလုံရင် စိတ်လည်းလုံနေမှာဖြစ်ပြီး စိတ်လုံနေရင် သမာဓိလည်း အဖြစ်လွယ်ကာ သမာဓိတည်ရင် ပညာလည်း ဖြစ်ဖို့အားကောင်းလာကာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ရာ မဂ်ဖိုလ်ပညာများအထိ ရရှိစေနိုင်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သီလစောင့်ခြင်းကို သံသရာမှ လွတ်မြောက်လိုသူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဥပုသ်စောင့်ထိန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အကုသိုလ်အလုပ်တွေ၊ ဝစီကံမြောက် လွန်ကျူးနိုင်တဲ့ အကုသိုလ်အလုပ်တွေနဲ့ ကိလေသာတိုးပွားစေနိုင်တဲ့ အပြုအမူတွေကို မလုပ်ဖြစ်အောင် သီလသိက္ခာပုဒ်များကို အထူးပြု စောင့်ထိန်းခြင်း ဖြစ်တဲ့အတွက် ဘဝမှာ အကုသိုလ် အလုပ်တွေမှာသာ အချိန်ကုန်များနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကောင်းတဲ့ထိန်းသိမ်းမှုတွေ ဖြစ်လာအောင် ဥပုသ်စောင့်ခြင်း၊ သီလထိန်းခြင်း စတဲ့ ကောင်းမှုတွေကို အရင်က တစ်ခါမှ မလုပ်ဘူးရင်လည်း လုပ်ဖြစ်အောင် လုပ်ကြည့်ကြရမှာ ဖြစ်သလို ပုံမှန်ဥပုသ်စောင့်နေကျ သူတွေအနေနဲ့လည်း မပျက်မကွက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့


လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေးတောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊ နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေးအတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့ သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေးအတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွားအောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် (၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ  အသိမျှလိုက်ရပါတယ်။