........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Aug 18, 2017

က်ီးအာသီး

ZG
"က်ီးအာသီး"
==========

တစ္ခါတစ္ခါ အေပၚယံအလွေတြရွိေနေပမယ့္ အတြင္းကေတာ့ ပုပ္အက္အက္နဲ႔ အတြင္းသရုပ္က ျကမ္းလွပါတယ္။

က်ီးအာသီးဆိုတာ သဘာဝက ဖန္ဆင္းတဲ့ ႏြယ္ပင္က အသီးရယ္ပါ။ ဒါကို လူေတြနဲ႔ ႏိႈင္းယွဥ္ျပဳ က်ီးအာသီးလို လူလို႔ အမည္ေခၚသမုတ္ျကပါတယ္။

အမွန္ပါပဲ။ မေက်နပ္လို႔ ကိုယ္တိုင္ခြဲျကည့္တာ အနံ႔ကလည္း ေတာ္ေတာ္ဆိုးပါတယ္။ သဘာဝတရားကပဲ  လူေတြအတြက္ ႏိႈင္းယွဥ္ဖို႔ တမင္ ဖန္တီးထားသလား
ထင္ျမင္မိပါရဲ႕ ။

လူေတြထဲမွာ ...
မိမိရဲ႕ အသိမိတ္ေဆြေတြထဲမွာ ...
နႈတ္ကခ်ဳိ  ရုပ္ကပ်ဳိ ျပီး အမ်ားအျမင္ တင့္တယ္တဲ့ လူေတြ ရွိမွာပါ။ သို႔ေပမယ့္ ေသခ်ာေပါင္းျကည့္ဆက္ဆံတဲ႔အခါ အတြင္းစိတ္က ပုပ္အက္ ျကာေလ နံေလ..
ကိုယ့္အတြက္ ေသာကေပြေစတဲ့ လူေတြ ျဖစ္ေနတဲ႔အခါ မိမိအတြက္ အခ်ိန္ကုန္လူပမ္း စိတ္ႏြမ္းျခင္းေတြ ျဖစ္ျပီေပါ့ဗ်ာ။

ထိုလူမ်ဳိးေတြ (သို႔မဟုတ္) က်ီးအာသီးလိုလူေတြကို ဘယ္လို ခြဲျခားျကမလဲ ?

အဓိကအခ်က္ကေတာ့ လူတိုင္းအေပၚ ယံုျကည္ျပီး ပံုမအပ္သင့္တာပါပဲ။ မိမိရဲ႕ ေဝဖန္သံုးသပ္နိုင္တဲ႔ အသိဥာဏ္ျဖင့္ အေကာင္းအဆိုး ခြဲျခားပါ။ မိမိ နွလံုးသားနဲ႔ မဆံုးျဖတ္ပါနဲ႔။ ဥိီးေနွာက္ျဖင့္သာ ဆံုးျဖတ္ပါ။

က်ီးအာသီးလိုလူမ်ားနွင့္ ေဝးကြာ၍ ေဘးကင္းျကပါေစလို႔ ဆႏၵျပဳ မိပါ၏။

kazaw

UNI
"ကျီးအာသီး"
==========

တစ်ခါတစ်ခါ အပေါ်ယံအလှတွေရှိနေပေမယ့် အတွင်းကတော့ ပုပ်အက်အက်နဲ့ အတွင်းသရုပ်က ကြမ်းလှပါတယ်။

ကျီးအာသီးဆိုတာ သဘာဝက ဖန်ဆင်းတဲ့ နွယ်ပင်က အသီးရယ်ပါ။ ဒါကို လူတွေနဲ့ နှိုင်းယှဉ်ပြု ကျီးအာသီးလို လူလို့ အမည်ခေါ်သမုတ်ကြပါတယ်။

အမှန်ပါပဲ။ မကျေနပ်လို့ ကိုယ်တိုင်ခွဲကြည့်တာ အနံ့ကလည်း တော်တော်ဆိုးပါတယ်။ သဘာဝတရားကပဲ  လူတွေအတွက် နှိုင်းယှဉ်ဖို့ တမင် ဖန်တီးထားသလား
ထင်မြင်မိပါရဲ့ ။

လူတွေထဲမှာ ...
မိမိရဲ့ အသိမိတ်ဆွေတွေထဲမှာ ...
နှုတ်ကချို  ရုပ်ကပျို ပြီး အများအမြင် တင့်တယ်တဲ့ လူတွေ ရှိမှာပါ။ သို့ပေမယ့် သေချာပေါင်းကြည့်ဆက်ဆံတဲ့အခါ အတွင်းစိတ်က ပုပ်အက် ကြာလေ နံလေ..
ကိုယ့်အတွက် သောကပွေစေတဲ့ လူတွေ ဖြစ်နေတဲ့အခါ မိမိအတွက် အချိန်ကုန်လူပမ်း စိတ်နွမ်းခြင်းတွေ ဖြစ်ပြီပေါ့ဗျာ။

ထိုလူမျိုးတွေ (သို့မဟုတ်) ကျီးအာသီးလိုလူတွေကို ဘယ်လို ခွဲခြားကြမလဲ ?

အဓိကအချက်ကတော့ လူတိုင်းအပေါ် ယုံကြည်ပြီး ပုံမအပ်သင့်တာပါပဲ။ မိမိရဲ့ ဝေဖန်သုံးသပ်နိုင်တဲ့ အသိဉာဏ်ဖြင့် အကောင်းအဆိုး ခွဲခြားပါ။ မိမိ နှလုံးသားနဲ့ မဆုံးဖြတ်ပါနဲ့။ ဥိီးနှောက်ဖြင့်သာ ဆုံးဖြတ်ပါ။

ကျီးအာသီးလိုလူများနှင့် ဝေးကွာ၍ ဘေးကင်းကြပါစေလို့ ဆန္ဒပြု မိပါ၏။
Credit>>>


Aug 14, 2017

"စိတ်"

  ❖ ကိုယ့္စိတ္ ေကာင္းခဲ႔ရင္ …
    အက်ိဳးေပးေကာင္းမယ္
    ကိုယ့္စိတ္ ဆိုးခဲ႔ရင္… အက်ိဳးေပးဆိုးမယ္။

❖ ငါအဆင္မေၿပတာ စိတ္ညစ္ရတာ
    ဘယ္သူ႔ေၾကာင္႔ဆိုၿပီး
    ဘယ္သူ႔ကိုမွ အၿပစ္ပံုခ်မေနပါနဲဲ႔။

❖ ငါအခုေကာင္းေနတာပဲ
    ငါ႔က်မွာဘာလို႔ အဆင္မေၿပၿဖစ္ရတာလဲ
    ဒုကၡေတြ႔ရတာလဲလို႔ ညည္းမေနပါနဲ႔။

❖ ဘဝဆိုတာ ဒီတစ္ဘဝတည္း
    ျဖစ္တည္ေနတာမဟုတ္ဘူး၊
    အေၾကာင္းတရားမဲ႔ၿပီး
    ဘယ္အက်ိဳးတရားမွ မၿဖစ္ဘူး…
    ကိုယ္႔ေၾကာင္႔ခ်ည္းပဲဆိုတာ သိပါ။

✿ (ဓမၼဒူတ ေဒါက္တာအရွင္ေဆကိႏၵ) ✿
သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊
❖ ဘ၀တုသဗၺမဂၤလံ။
ဓမၼဒါနကုသိုလ္အျဖစ္ မ်ွေဝပူေဇာ္ပါသည္။

{Unicode}
❖ ကိုယ့်စိတ် ကောင်းခဲ့ရင် …
    အကျိုးပေးကောင်းမယ်
    ကိုယ့်စိတ် ဆိုးခဲ့ရင်… အကျိုးပေးဆိုးမယ်။

❖ ငါအဆင်မပြေတာ စိတ်ညစ်ရတာ
    ဘယ်သူ့ကြောင့်ဆိုပြီး
    ဘယ်သူ့ကိုမှ အပြစ်ပုံချမနေပါနဲဲ့။

❖ ငါအခုကောင်းနေတာပဲ
    ငါ့ကျမှာဘာလို့ အဆင်မပြေဖြစ်ရတာလဲ
    ဒုက္ခတွေ့ရတာလဲလို့ ညည်းမနေပါနဲ့။

❖ ဘဝဆိုတာ ဒီတစ်ဘဝတည်း
    ဖြစ်တည်နေတာမဟုတ်ဘူး၊
    အကြောင်းတရားမဲ့ပြီး
    ဘယ်အကျိုးတရားမှ မဖြစ်ဘူး…
    ကိုယ့်ကြောင့်ချည်းပဲဆိုတာ သိပါ။

✿ (ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ) ✿
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
❖ ဘ၀တုသဗ္ဗမင်္ဂလံ။
ဓမ္မဒါနကုသိုလ်အဖြစ် မျှဝေပူဇော်ပါသည်။


Aug 4, 2017

ဩကာသရှင်းတမ်း


ၾသကာသ✅
••••••••••
◉◡ရွိခိုးပါရေစ … ကန္ေတာ့ပါရေစ … ဟု
အခြင့္ေတာင္းျခင္းကို … ၾသကာသ ဟု ေခၚသည္။
ေလးနက္ ေစလိုေသာေၾကာင့္လည္းေကာင္း၊
ထင္ရွားပ်ံ့ႏွံ႕ ေစလိုေသာေၾကာင့္ လည္းေကာင္း၊
ၾသကာသ ကို သုံးႀကိမ္ ဆိုရပါသည္ … ။✅

ကံသုံးပါး✅
•••••••••
◉◡ကိုယ္ျဖင့္ျပဳေသာအမႈကို ကာယကံ၊
ႏႈတ္ျဖင့္ေျပာေသာအမႈကို ၀စီကံ၊
စိတ္ျဖင့္ႀကံေသာ အမႈကို မေနာကံ ဟု ေခၚသည္။

ရတနာ✅
•••••••
◉ ႏွစ္သက္ျမတ္နိုးအပ္ေသာေၾကာင့္
ရတနာ ဟု ေခၚပါသည္ … ။

ဘုရား ရတနာ✅
••••••••••••••
◉◡တရားဥႆုံ အလုံးစုံကို အကုန္အစင္ သိျမင္ေတာ္မူေသာေၾကာင့္ ဘုရား ဟု ေခၚပါသည္ … ။

တရား ရတနာ✅
••••••••••••••
◉◡အပါယ္ဆင္းရဲ သံသရာ၀ဋ္ဆင္းရဲသို႔
မက်ေရာက္ေအာင္ ဆြဲေဆာင္တတ္ ေသာေၾကာင့္
တရား ဟု ေခၚပါသည္ … ။

သံဃာ ရတနာ ✅
•••••••••••••••
◉◡အယူသီလ တူမွ်ျခင္းျဖင့္
ေပါင္းစုဖြဲ႕စည္းထားေသာေၾကာင့္
သံဃာ ဟု ေခၚပါသည္ … ။

အရိုအေသ✅
•••••••••••
◉◡ကိုယ္, ႏႈတ္, စိတ္သုံးပါးတို႔ျဖင့္
ၫြတ္တြားကိုင္းရွိုင္းျခင္း၊ အေလးအျမတ္
တကယ္အဟုတ္ စိတ္ပါပါႏွင့္ ေလးစားျမတ္နိုးျခင္း … ။

ရွိခိုး✅
••••
◉◡ရွိခိုးျခင္းမွာ ကိုယ္ျဖင့္ရွိခိုးျခင္း၊ ႏႈတ္ျဖင့္ရွိခိုးျခင္း၊ စိတ္ျဖင့္ရွိခိုးျခင္း ဟူ၍ သုံးမ်ိဳးရွိသည္။
ကိုယ္ျဖင့္ ရွိခိုးျခင္းဆိုသည္မွာ …
ရတနာသုံးပါး၊ မိဘ ဘိုးဘြား၊ ဆရာသမားတို႔၏
ဂုဏ္ေက်းဇူးကို အာ႐ုံျပဳ၍
ထိျခင္းငါးပါး (ေျခ, လက္, နဖူး,တံေတာင္, ဒူး) ျဖင့္
ရွိခိုးျခင္းကိုေခၚသည္။

ႏႈတ္ျဖင့္ရွိခိုးျခင္းဆိုသည္မွာ …
ရတနာသုံးပါး၏ ဂုဏ္ပုဒ္မ်ားကို …
ႏႈတ္ျဖင့္ ထုတ္ေဖာ္၍ ႐ြတ္ဆိုျခင္းကို ေခၚပါသည္။

စိတ္ျဖင့္ ရွိခိုးျခင္းဆိုသည္မွာ …
ရတနာသုံးပါးတို႔၏ ဂုဏ္ေက်းဇူးကို …
စိတ္ထဲမွ အဖန္တလဲလဲ ေအာက္ေမ့ျခင္းကို ေခၚပါသည္။

ပူေဇာ္✅
••••••
◉◡ပစၥည္းျဖင့္ ပူေဇာ္ျခင္း၊
တရားျဖင့္ ပူေဇာ္ျခင္း ႏွစ္မ်ိဳးရွိသည္ … ။

ဖူးေျမာ္✅
•••••••
◉◡ပကတိမ်က္စိျဖင့္ ဖူးေျမာ္ျခင္း၊
အသိဉာဏ္မ်က္စိျဖင့္ ဖူးေျမာ္ျခင္း … ။

မာန္ေလွ်ာ့✅
••••••••••
◉◡မိမိသႏၱာန္ရွိေသာ …
မာန္မာနတရားမ်ားကို ေလွ်ာ့ခ်ဖယ္ရွားျခင္း၊
(ရတနာ သုံးပါးကို ျမင့္ျမတ္ရာ၌ ထားျခင္း) ကို
မာန္ေလွ်ာ့သည္ ဟု ေခၚပါသည္။
မာန္ေလွ်ာ့ျခင္းကို … နိဝါတမဂၤလာ ဟု မွတ္ပါ … ။

ကန္ေတာ့✅
••••••••••
◉◡အျပစ္ရွိက ခြင့္လႊတ္ေတာ္မူပါဟု …
၀န္ခ်ေတာင္းပန္ျခင္းကို ကန္ေတာ့သည္ဟု ေခၚသည္။ အျပစ္ရွိ၍ကန္ေတာ့ျခင္း၊
ကုသိုလ္ရလို၍ ကန္ေတာ့ျခင္းဟု ႏွစ္မ်ိဳးရွိသည္ … ။
(ကန္ေတာ့ ဆိုသည္မွာ အကုသိုလ္ကို ကန္, ေက်ာက္၍
ကုသိုလ္ကို ေတာ့ , ယူျခင္းကို ဆိုလိုသည္)

အပါယ္✅
•••••••
◉◡ခ်မ္းသာကင္း၍ ကုသိုလ္ေကာင္းမႈ
ျပဳခြင့္မရေသာအရပ္ကို အပါယ္ဟု ေခၚသည္။
(အပါယ = အပ + အယ၊ အယ = ခ်မ္းသာ + အပ = ကင္းျခင္း)
အပါယ္ေလးပါးရွိသည္။ ၎တို႔မွာ ……

(၁) တိရစ္ဆာန္ = မဂ္, ဖိုလ္မကပ္၊ ေထာင့္ျဖတ္ဖီလာ
သြားတတ္ေသာ သတၱဝါ။
(၂) ၿပိတၱာ = ခ်မ္းသာအေပါင္းမွ
ေဝးကြာေသာ သတၱဝါ။
(၃) အသုရကာယ္ = နတ္မ်ားကဲ့သို႔ မရဲရင့္ မတင့္တယ္
မေတာက္ပေသာ သတၱဝါ။
(၄) ငရဲ = ခ်မ္းသာသုခ ေဝးကြာ၍၊
ဒုကၡအတိၿပီးေသာ ဘုံဌာန၊
* ေလာဘစိတ္ႏွင့္၊ ေသခဲ့လွ်င္ ၿပိတၱာဘုံသို႔၀င္၊
* ေဒါသႀကီးလွ်င္၊ ပါယ္ငရဲ၊ ျဖစ္ရအမွန္ပဲ၊
* ေမာဟစိတ္နဲ႕၊ ေသခဲ့ျပန္၊ ျဖစ္ရတိရစ္ဆာန္၊
* ဆိုးသြမ္းေလဟန္၊ စိတ္သုံးမ်ိဳး၊ စြန႔္ခြာပယ္လို႔ခ်ိဳး။

ကပ္✅
•••••
◉◡ငတ္မြတ္ေဘး၊ လက္နက္ေဘး၊ ေရာဂါေဘးတို႔ေၾကာင့္ ပ်က္စီးျခင္းကို ကပ္ဟု ေခၚသည္။
(ကပၸ = ပ်က္စီးျခင္း)
ကပ္သုံးပါးရွိသည္။ ၎တို႔မွာ ……
(၁) ဒုဗ္ဘိကၡႏၱရကပ္ = ငတ္မြတ္ေဘးေၾကာင့္ ပ်က္စီးျခင္း။
(၂) သတၴႏၱရကပ္ = လက္နက္ေဘးေၾကာင့္ ပ်က္စီးျခင္း။
(၃) ေရာဂႏၱရကပ္ = ေရာဂါေဘးေၾကာင့္ ပ်က္စီးျခင္း။
* ေလာဘႀကီးက၊ ငတ္မြတ္ရ၊ ဒုကၡကပ္ႀကီးဆိုက္။
* ေဒါသႀကီးက၊ သတ္ျဖတ္ၾက၊ သတၴကပ္ႀကီးဆိုက္။
* ေမာဟႀကီးက၊ ေရာဂါထ၊ နာရကပ္ႀကီးဆိုက္။

ရပ္ျပစ္ ရွစ္ပါး✅
•••••••••••••
◉◡မဂ္, ဖိုလ္ နိဗၺာန္ မရနိုင္သည္ကိုစြဲ၍ …
ရပ္ျပစ္ဟု ေခၚသည္။ အျပစ္ရွိေသာ အရပ္ကို
ျမန္မာတို႔က … [ရပ္ - ျပစ္] ဟု ေခၚၾကသည္။
အျပစ္ဆိုေသာ္လည္း ထူးထူးျခားျခား ဆိုးဝါးေသာအျပစ္မဟုတ္။
ထိုအရပ္သို႔ ေရာက္ေနလွ်င္ … မဂ္, ဖိုလ္ေရာက္ေအာင္ တရားအားထုတ္ခြင့္ မရေသာေၾကာင့္ …
မဂ္ဖိုလ္ရခြင့္မရွိျခင္းကို …
[ အျပစ္ ]ဟု မိန႔္ေတာ္မူသည္ … ။

ရပ္ျပစ္ရွစ္ပါးရွိသည္။ ၎တို႔မွာ ……

(၁, ၂, ၃) ဘုရားျဖစ္ခါ, ပါယ္သုံး႐ြာႏွင့္ …
ဘုရားပြင့္ေနဆဲအခါ ငရဲ၊တိရစၦာန္၊ ၿပိတၱာ
အပါယ္သုံးဘုံ၌ ျဖစ္ရသူမ်ား။
(အသူရကာယ္ကို ၿပိတၱာမ်ိဳး၌ သြင္းယူ။)
(၄) ဒီဃာယုနတ္ …
အသက္ရွည္ေသာ နတ္ျဗဟၼာကို …
[ ဒီဃာယုနတ္ ] ဟု ဆိုသည္။
ဘုရားပြင့္ဆဲအခါ လြန္စြာအသက္ရွည္၍ …
ဘုရားရွင္ကို မဖူးေတြ႕နိုင္ေသာ …
အသညသတ္ျဗဟၼာမ်ားႏွင့္
အ႐ူပျဗဟၼာမ်ားတည္း … ။
(အသညတတ္ျဗဟၼာ မ်ားသည္ ခႏၶာကိုယ္သာရွိ၍
စိတ္၀ိညာဥ္မရွိ၊ အ႐ူပျဗဟၼာမ်ားကား …
စိတ္၀ိညာဥ္သာရွိ၍ ခႏၶာကိုယ္မရွိ။
ထို႔ေၾကာင့္ ထိုျဗဟၼာႏွစ္မ်ိဳးသည္
ဘုရားပြင့္ေသာ္လည္း တရားမနာနိုင္ရွာၾကေပ။)
(၅) ျဖစ္လတ္ပစၥန္ …
ဘုရားရွင္ႏွင့္ ရဟန္းေတာ္မ်ားမေရာက္နိုင္ရာ
အစြန္အဖ်ား ေတာေတာင္အၾကား (ပစၥႏၱရာဇ္သား)
လူရိုင္းမ်ားကို ဆိုသည္။
(ယခုအခါ၌ကား ျမန္မာနိုင္ငံသည္ ပစၥႏၱရာဇ္မဟုတ္။)
(၆) မိစၦာဉာဏ္ရွိ …
ဘုရားပြင့္ဆဲအခါ မိစၦာဒိ႒ိဉာဏ္ရွိသူမ်ား။
(၇) ဉာဏ္မရွိသား …
ဘုရားပြင့္ဆဲအခါ တရားကို
နည္းလည္ေလာက္ေသာ ဉာဏ္မရွိသူမ်ား။
(ဤဆိုခဲ့ေသာ ၇မ်ိဳးသည္ ဘုရားပြင့္ဆဲအခါ၌
ျဖစ္သူမ်ားတည္း။)
(၈) ဉာဏ္ရွိျငားလည္း, ဘုရားမျဖစ္ …
တတ္သိနားလည္ေလာက္ေသာ
ဉာဏ္ရွိေသာ္ျငားလည္း …
ဘုရားမပြင့္ေသာအခါ လူျဖစ္သူမ်ား … ။

ရန္သူ✅
••••••
◉◡ရန္သူမ်ိဳးငါးပါးရွိသည္။ ၎တို႔မွာ ……

(၁) ေရ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အေမြခံ သားသမီးဆိုး၊
(၅) မင္းဆိုး
မခ်စ္အပ္ေသာသူကို ရန္သူမ်ိဳးငါးပါး၌ သြင္းမွားၾက၏။ မိမိက မုန္းေန႐ုံျဖင့္ ရန္သူမဟုတ္နိုင္။
အေမြခံသားဆိုး သမီးဆိုးသာလွ်င္ (မိဘကို မၾကာခဏ ဒုကၡေပးတတ္၊ စုေဆာင္းထားေသာ ပစၥည္းမ်ားကို ျဖဳန္းသုံးပစ္တတ္ ေသာေၾကာင့္ ရန္သူအစစ္သာ ျဖစ္သည္။)
* ေရ မီး သူခိုး, ေမြခံဆိုးႏွင့္ မင္းဆိုးအျပား, ရန္မ်ိဳးငါး,
မွတ္သားေလကြဲ႕ အမွန္တဲ့ … ။

၀ိပတၱိ✅
••••••
◉◡ေဖာက္ျပန္ခြၽတ္ယြင္းျခင္းကို ၀ိပတၱိဟု ေခၚသည္။

၀ိပတၱိတရား (၄)ပါးရွိသည္။ ၎တို႔မွာ …

(၁) ကာလ၀ိပတၱိ။ ။မင္းဆိုး၊မင္းယုတ္ အုပ္စိုးေသာအခါ။
(၂) ဂတိ၀ိပတၱိ။ ။ အပါယ္ေလးပါးတို႔၌ ျဖစ္ရျခင္းကို၊
မေကာင္းေသာ ဂတိ ျဖစ္၍ [ဂတိ၀ိပတၱိ]ဟု ဆိုသည္။
(၃) ဥပဓိ၀ိပတၱိ။ ။႐ုပ္အဆင္းအဂၤါကို [ဥပဓိ]ဟုေခၚသည္။
အဂၤါခ်ိဳ႕တဲ့ျခင္းကို [ဥပဓိ၀ိပတၱိ]ဟု ဆိုသည္။
(၄) ပေယာဂ၀ိပတၱိ။ ။ ကိုယ္မႈ ႏႈတ္မႈကို [ပေယာဂ]
ဟု ဆို၏။ အသိအလိမၼာမရွိ၊ သတိ ၀ီရိယလည္းမရွိဘဲ
ျပဳမႈ ေျပာမႈ ႀကံစည္မႈကို [ပေယာဂ၀ိပတၱိ]ဟု ဆိုသည္။
* ေဖာက္ျပန္ခြၽတ္ယြင္း, ပ်က္စီးျခင္း, ေခၚလွ်င္း ၀ိပတၱိ။
ကာလ ဂတိ,ဥပဓိမွ, ပေယာဂ, ေလး၀ မွတ္ေလဘိ။

ဗ်သနတရား✅
••••••••••••
◉◡ပ်က္စီးျခင္း၊ ဆုံးပါးျခင္းကို ပါဠိလို "ဗ်သန"ဟု ေခၚ၏။
ဗ်သနတရားငါးပါးရွိသည္။ ၎တို႔မွာ …

၁။ ဉာတိဗ်ာသန = ေဆြမ်ိဳးမ်ား ပ်က္စီးျခင္း။
၂။ ေဘာဂဗ်သန = စည္းစိမ္ဥစၥာ ပ်က္စီးျခင္း။
၃။ ေရာဂဗ်သန = အနာေရာဂါ ျဖစ္ျခင္း။
၄။ ဒိ႒ိဗ်သန = မိစၧာအယူကို ယူျခင္း။
၅။ သီလဗ်သန = သီလပ်က္ျခင္း။
ဆုံးရႈံး ပ်က္ျပား, ျပစ္မႈမ်ား, ေခၚျငား ဗ်သန။
ေဘာဂ, ေရာဂ-ဒိ႒ိ , သီလထည့္, ငါးရွိ သ႐ုပ္ျပ။
အခါခပ္သိမ္း ... ရပါလို၏။

◉◉◡ဤမေကာင္းေသာ တရားတို႔မွ …
အခါခပ္သိမ္း ဘ၀တိုင္း ကင္းလြတ္ၿငိမ္းသည္ျဖစ္၍ ...
"သံသရာ၌ ၾကာရွည္ မက်င္လည္ရဘဲ …
မဂ္ဖိုလ္နိဗၺာန္ကို အျမန္ရပါလို၏" ဟု … ဆုေတာင္းသည္။

◉◉◉ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ သက္ႀကီး႐ြယ္အို၊ ဆရာသမားမ်ားႏွင့္ ပတ္သတ္ေသာ ေဝယ်ာေဝစၥာမ်ားကို တတ္နိုင္သေလာက္ လုပ္ေဆာင္ နိုင္ပါေစ … ။ ။

. ★ မင္​းကြန္​းဆရာ​ေတာ္​ဘုရားႀကီး
ဦး၀ိစိတၱသာရဘိဝံသ★

{Unicode}
သြကာသ✅
••••••••••
◉◡ရှိခိုးပါရစေ … ကန်တော့ပါရစေ … ဟု
အခွင့်တောင်းခြင်းကို … သြကာသ ဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊
ထင်ရှားပျံ့နှံ့ စေလိုသောကြောင့် လည်းကောင်း၊
သြကာသ ကို သုံးကြိမ် ဆိုရပါသည် … ။✅

ကံသုံးပါး✅
•••••••••
◉◡ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံ ဟု ခေါ်သည်။

ရတနာ✅
•••••••
◉ နှစ်သက်မြတ်နိုးအပ်သောကြောင့်
ရတနာ ဟု ခေါ်ပါသည် … ။

ဘုရား ရတနာ✅
••••••••••••••
◉◡တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရား ဟု ခေါ်ပါသည် … ။

တရား ရတနာ✅
••••••••••••••
◉◡အပါယ်ဆင်းရဲ သံသရာ၀ဋ်ဆင်းရဲသို့
မကျရောက်အောင် ဆွဲဆောင်တတ် သောကြောင့်
တရား ဟု ခေါ်ပါသည် … ။

သံဃာ ရတနာ ✅
•••••••••••••••
◉◡အယူသီလ တူမျှခြင်းဖြင့်
ပေါင်းစုဖွဲ့စည်းထားသောကြောင့်
သံဃာ ဟု ခေါ်ပါသည် … ။

အရိုအသေ✅
•••••••••••
◉◡ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့်
ညွတ်တွားကိုင်းရှိုင်းခြင်း၊ အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း … ။

ရှိခိုး✅
••••
◉◡ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း ဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊ ဆရာသမားတို့၏
ဂုဏ်ကျေးဇူးကို အာရုံပြု၍
ထိခြင်းငါးပါး (ခြေ, လက်, နဖူး,တံတောင်, ဒူး) ဖြင့်
ရှိခိုးခြင်းကိုခေါ်သည်။

နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို …
နှုတ်ဖြင့် ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။

စိတ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ …
ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို …
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။

ပူဇော်✅
••••••
◉◡ပစ္စည်းဖြင့် ပူဇော်ခြင်း၊
တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည် … ။

ဖူးမြော်✅
•••••••
◉◡ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊
အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း … ။

မာန်လျှော့✅
••••••••••
◉◡မိမိသန္တာန်ရှိသော …
မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း၊
(ရတနာ သုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း) ကို
မာန်လျှော့သည် ဟု ခေါ်ပါသည်။
မာန်လျှော့ခြင်းကို … နိဝါတမင်္ဂလာ ဟု မှတ်ပါ … ။

ကန်တော့✅
••••••••••
◉◡အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု …
၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်သည်။ အပြစ်ရှိ၍ကန်တော့ခြင်း၊
ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည် … ။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍
ကုသိုလ်ကို တော့ , ယူခြင်းကို ဆိုလိုသည်)

အပါယ်✅
•••••••
◉◡ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု
ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
အပါယ်လေးပါးရှိသည်။ ၎င်းတို့မှာ ……

(၁) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ
သွားတတ်သော သတ္တဝါ။
(၂) ပြိတ္တာ = ချမ်းသာအပေါင်းမှ
ဝေးကွာသော သတ္တဝါ။
(၃) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ်
မတောက်ပသော သတ္တဝါ။
(၄) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊
ဒုက္ခအတိပြီးသော ဘုံဌာန၊
* လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့၀င်၊
* ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
* မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
* ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။

ကပ်✅
•••••
◉◡ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)
ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ ……
(၁) ဒုဗ်ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂) သတၴန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃) ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
* လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
* ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတၴကပ်ကြီးဆိုက်။
* မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။

ရပ်ပြစ် ရှစ်ပါး✅
•••••••••••••
◉◡မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ …
ရပ်ပြစ်ဟု ခေါ်သည်။ အပြစ်ရှိသော အရပ်ကို
မြန်မာတို့က … [ရပ် - ပြစ်] ဟု ခေါ်ကြသည်။
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။
ထိုအရပ်သို့ ရောက်နေလျှင် … မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့် မရသောကြောင့် …
မဂ်ဖိုလ်ရခွင့်မရှိခြင်းကို …
[ အပြစ် ]ဟု မိန့်တော်မူသည် … ။

ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ ……

(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့် …
ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ
အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၄) ဒီဃာယုနတ် …
အသက်ရှည်သော နတ်ဗြဟ္မာကို …
[ ဒီဃာယုနတ် ] ဟု ဆိုသည်။
ဘုရားပွင့်ဆဲအခါ လွန်စွာအသက်ရှည်၍ …
ဘုရားရှင်ကို မဖူးတွေ့နိုင်သော …
အသညသတ်ဗြဟ္မာများနှင့်
အရူပဗြဟ္မာများတည်း … ။
(အသညတတ်ဗြဟ္မာ များသည် ခန္ဓာကိုယ်သာရှိ၍
စိတ်၀ိညာဉ်မရှိ၊ အရူပဗြဟ္မာများကား …
စိတ်၀ိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။
ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည်
ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)
(၅) ဖြစ်လတ်ပစ္စန် …
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ
အစွန်အဖျား တောတောင်အကြား (ပစ္စန္တရာဇ်သား)
လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
(၆) မိစၦာဉာဏ်ရှိ …
ဘုရားပွင့်ဆဲအခါ မိစၦာဒိဋ္ဌိဉာဏ်ရှိသူများ။
(၇) ဉာဏ်မရှိသား …
ဘုရားပွင့်ဆဲအခါ တရားကို
နည်းလည်လောက်သော ဉာဏ်မရှိသူများ။
(ဤဆိုခဲ့သော ၇မျိုးသည် ဘုရားပွင့်ဆဲအခါ၌
ဖြစ်သူများတည်း။)
(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ် …
တတ်သိနားလည်လောက်သော
ဉာဏ်ရှိသော်ငြားလည်း …
ဘုရားမပွင့်သောအခါ လူဖြစ်သူများ … ။

ရန်သူ✅
••••••
◉◡ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ ……

(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး
မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့် ရန်သူမဟုတ်နိုင်။
အမွေခံသားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ် သောကြောင့် ရန်သူအစစ်သာ ဖြစ်သည်။)
* ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ့ အမှန်တဲ့ … ။

၀ိပတ္တိ✅
••••••
◉◡ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။

၀ိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ …

(၁) ကာလ၀ိပတ္တိ။ ။မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂) ဂတိ၀ိပတ္တိ။ ။ အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊
မကောင်းသော ဂတိ ဖြစ်၍ [ဂတိ၀ိပတ္တိ]ဟု ဆိုသည်။
(၃) ဥပဓိ၀ိပတ္တိ။ ။ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။
အင်္ဂါချို့တဲ့ခြင်းကို [ဥပဓိ၀ိပတ္တိ]ဟု ဆိုသည်။
(၄) ပယောဂ၀ိပတ္တိ။ ။ ကိုယ်မှု နှုတ်မှုကို [ပယောဂ]
ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ ၀ီရိယလည်းမရှိဘဲ
ပြုမှု ပြောမှု ကြံစည်မှုကို [ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။
* ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။
ကာလ ဂတိ,ဥပဓိမှ, ပယောဂ, လေး၀ မှတ်လေဘိ။

ဗျသနတရား✅
••••••••••••
◉◡ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ …

၁။ ဉာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၄။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။
ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။
ဘောဂ, ရောဂ-ဒိဋ္ဌိ , သီလထည့်, ငါးရှိ သရုပ်ပြ။
အခါခပ်သိမ်း ... ရပါလို၏။

◉◉◡ဤမကောင်းသော တရားတို့မှ …
အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ …
မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု … ဆုတောင်းသည်။

◉◉◉ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ သက်ကြီးရွယ်အို၊ ဆရာသမားများနှင့် ပတ်သတ်သော ဝေယျာဝေစ္စာများကို တတ်နိုင်သလောက် လုပ်ဆောင် နိုင်ပါစေ … ။ ။

. ★ မင်​းကွန်​းဆရာ​တော်​ဘုရားကြီး
ဦး၀ိစိတ္တသာရဘိဝံသ★