........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 30, 2015

မိုးရွာခြင်းအန္တရယ် ၅ ပါး

အထက်ကောင်းကင်၌နေရှိန်ပြင်း၍
တေဇောဓာတ်ပျက်ခြင်း

အောက်ကတက်လာသမျှသော ရေမှုန် တိမ်တိုက်တို့ ကို
ကောင်းကင်လေပြင်းခတ်၍ လွင့်ခြင်း

ရာဟုအသူရိန်သည် ရွာလတ္တ့ံသောမိုးရည်တို့ ကို
လက်ဝါးဖြင့်ခံ၍ သမုဒ္ဒရာ၌ သွန်ခြင်း

ဝလဟာကနတ်တို့ မေ့လျော့၍ မလှည့်ပတ်
မမြူးထူးပဲ ဗိမ္မာန်၌သာနေခြင်း

လူ့ ရွာတွင်မင်းတို့ တရားမစောင့် မင်းခစားများ
တရားမစောင့် ထိုအခါ လူစောင့်နတ်
မြို့ စောင့်နတ်ရုက္ခစိုး ဘုမ္မစိုး
အာကကစိုးနတ်တို့ သည် မရွှင်ပြ၍ သွားမြဲလမ်းမှလွဲ၍ သွားကုန်ရကား
ဥတုပျက်၍ မရွာခြင်း

မှတ်ချက်

ရာဟုအသုရိန်က ရွာမဲ့မိုးတွေကို လက်ခုပ်နဲ့ ခံပြီး
သွန်တယ်ဆိုတဲ့အယူဟာ ဘာသာခြားတွေအတွက်မယုံကြည်နိုင်စရာ
ကောင်းပေမဲ့
သူ့ ခန္ဓာကိုယ်ကြီးလွန်းလို့  ဘုရားရှင်ကို ဖူးဖို့ 
အခတ်အခဲဖြစ်နေတာကို ဘုရားရှင်ကသိလို့ 
သူ့ ထက်ခန္ဓာကိုယ်ကြီးအောင်ဖန်ဆင်းပြီး
အဖူးမြှော်ခံခဲ့ရတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့်
အသုရိန်နတ်ကြီးဟာ အင်မတန်ခန္ဓာကိုယ်ကြီး
ကြောင်းထင်ရှားပါတယ်

သူ့ ရဲ့ခန္ဓာကိုယ်ဟာ ဘယ်လောက်ကြီးသလဲဆိုရင်

အရပ်က ယူဇနာ ၄၈၀၀
ဦးခေါင်းက ယူဇနာ ၉၀၀
နဖူးပြင်အကျယ်က ယူဇနာ ၃၀၀
မျက်မှောင့်နှစ်ခုကြားအကွာအဝေးက ယူဇနာ ၅၀
ခံတွင်းအကျယ်က ယူဇနာ ၂၀၀
နှာခေါင်းကယူဇနာ ၃၀၀
လက်ဖဝါး ခြေဖဝါးက ယူဇနာ ၇၀၀ စီ
လက်ကတီးကြားက ယူဇနာ ၁၂၀
လက်မောင်းအလုံးက ယူဇနာ ၆၀၀ ရှိတယ်တဲ့
ဒါဟာ လယ်တီဆရာတော်ဘုရားကြီး ဖွင့်ပြထားတာပါ

တယူဇနာကို ၁၃ မိုင်နီးပါးရှိတယ်ဆိုတော့
နည်းတဲ့ခန္ဓာကိုယ်ကြီးမဟုတ်ဘူးဆိုတာ ထင်ရှာပါတယ်

ဘာသာခြားတွေနဲ့  မယုံကြည်သူတွေအတွက်
ရှင်းပြပေးတာပါ ဒီလောက်ကြီးရင် ရွာမဲ့မိုးကို
လက်ခုပ်နဲ့ ခံပြီးသွန်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်

ဗုဒ္ဓဘာသာအယူအဆတွေဟာ သာမန်တွေးတော
ယုံနဲ့ မယုံကြည်စရာကောင်းလှပေမဲ့ အကြောင်း
အကျိုးညီညွတ်တယ်ဆိုတာ တွေ့ ရနိုင်ပါတယ်
ဒီလို လက်တွေဆန်လို့ လည်း ဒီနေ့ ထိ ရပ်တည်
နေနိုင်တာပါ

ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း သဘောပေါက်သင့်တယ်

Jun 26, 2015

ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ဘယ်ကစ,ရမလဲစဉ်းစားနေသူများ

ကိုယ်ပိုင်စီးပွားရေးလုပ်ရန် ဘယ်ကစ,ရမလဲစဉ်းစားနေသူများအတွက်
.
"ငါ ဒီက ပြန်လာချင်တယ်ဟာ .. မြန်မာပြည်ပြန်လာပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ် .. ဒါပေမယ့် ဘာလုပ်ရမှန်းမသိဘူး"
.
"ငါ ဆပ်ပြာရည်လုပ်ငန်း လုပ်မလို့ .. ဒါမယ့် ဘယ်က စရမလဲ မသိဘူး"
.
"ငါ ဓါတ်မြေသြဇာဆိုင် ဖွင့်ရင်ကောင်းမလား ၊ ဆေးဆိုင် ဖွင့်ရင် ကောင်းမလား မသိဘူး"
.
"ငါ့လုပ်ငန်း အခြေအနေမကောင်းဘူး .. စိတ်ညစ်တယ်  "
.
"ငါ ရေသန့် လုပ်ချင်တယ် .. နင် စုံစမ်းပေးစမ်းပါဟာ"
.
.
သူငယ်ချင်းတော်တော်များများက ကိုယ်ပိုင်စီးပွားရေး လုပ်ချင်ကြတယ် .. ဒါပေမယ့် မအောင်မြင်မှာကြောက်တာရယ် ဘယ်ကစ,ရမှန်း မသိတာရယ်ကြောင့် .. မစနိုင်ကြဘူး ..
.
သူငယ်ချင်းတွေအတွက် အထောက်အပံ့ နဲနဲလေးပဲဖြစ်ဖြစ်ရအောင်လို့ ဒါလေး ရေးပေးလိုက်ပါတယ် ..
.
.
** စီးပွားရေးလုပ်ချင်တဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပါတယ် ..
.
____________
.
.
ပထမဆုံးအနေနဲ့ ..
ကိုယ် ဘာစီးပွားရေးအမျိုးအစားကို လုပ်ချင်တာလဲ ၊ ဘယ်အလုပ်ကို စိတ်ပါလက်ပါလုပ်ချင်တာလဲ ၊ ပြီးတော့ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းအတွက် အတတ်ပညာ ဘယ်လောက်ရှိလဲဆိုတာရယ် ၊ ဘာကြောင့် ဒီစီးပွားရေးကို လုပ်ချင်ရတာလဲဆိုတာတွေ ကိုယ့်ကိုယ်ကို သေချာအောင်အရင်လုပ်ပါ ..
ပြီးရင် လုပ်မယ့်စီးပွားရေးလုပ်ငန်း အောင်မြင်နိုင်ဖို့အတွက် အောက်ပါအတိုင်း ကြိုတင်စီမံချက်တွေ ချကြည့်ပါ ..
.
.
1. စီးပွားရေးလုပ်ငန်းအမျိုးအစား
.
1.1 ပြုလုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းအမျိုးအစား (ဥပမာ - ထုတ်လုပ်မှု / ၀န်ဆောင်မှု / လက်လီစီးပွားရေး / ... )
.
1.2 ထိုလုပ်ငန်းနှင့်ပတ်သက်သမျှ လုပ်ငန်းနယ်ပယ်အခြေအနေ
( ဥပမာ - မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ၀န်ဆောင်မှုပေးတာဆိုရင် မြန်မာနိုင်ငံအနေနဲ့ ကနဦးအဆင့်မှာ ဖြစ်ပါတယ်။
ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းဆိုရင်တော့ ရင့်ကျက်စပြုနေပါပြီ။ ရေသန့်/ဆပ်ပြာ ထုတ်လုပ်တဲ့လုပ်ငန်းဆိုရင်တော့
ရင့်ကျက်အဆင့်မှာ ဖြစ်ပါတယ်။
စာအုပ်အရောင်းဆိုင်လုပ်ငန်းမျိုးဆိုရင်တော့ ဆုတ်ယုတ်အဆင့် ဖြစ်နေပါပြီ။
ကိုယ်ရွေးချယ်မယ့်စီးပွားရေးနယ်ပယ်ရဲ့ အလားအလာ ကောင်းသလား/ဆုတ်ယုတ်နေသလား သိရမှာ ဖြစ်ပါတယ်)

1.3 ထိုလုပ်ငန်းအမျိုးအစားရဲ့ လက်ရှိ နဲ့ အနာဂတ်အတွက် ဈေးကွက်အခြေအနေ ၊ ပြိုင်ဆိုင်မှုအခြေအနေ ဘယ်လိုရှိလဲ လေ့လာရမယ်
.
1.4 ကိုယ်က ဘယ်အဆင့်ကို ၀င်တိုးမှာလဲ
.
1.5 ပြုလုပ်လိုတဲ့လုပ်ငန်းအတွက် ကိုယ်တိုင် နားလည်ကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ
.
1.6 အခြားလုပ်ငန်းတူများနဲ့ နှိုင်းယှဉ်ရင် ကိုယ်ကမတူထူးခြားအောင် ဘာတွေလုပ်နိုင်သလဲ
.
1.7 လုပ်ငန်းရဲ့ တည်နေရာ
(ကိုယ်ရည်ရွယ်ထားတဲ့ဈေးကွက် နဲ့ ကိုက်ညီပြီး အချက်အချာကျတဲ့နေရာ ဖြစ်ရပါမယ်၊ ကိုယ့်လုပ်ငန်းနေရာမကောင်းရင် အချောဆုံးအလှဆုံး ပြင်ဆင်ပြီး အမှောင်ထဲမှာ လမ်းလျောက်နေတဲ့ မိန်းကလေးလို ဖြစ်လိမ့်မယ်၊ ကိုယ့်လုပ်ငန်းအောင်မြင်ခဲ့ရင်ရော တိုးချဲ့ နိုင်မယ့်နေရာလားဆိုတာ ကြိုတွက်ထားရပါမယ်)
.
1.8 လုပ်ငန်းရဲ့အမည်
(နာမည်ရွေးချယ်မှုကလည်း အဓိကကျပါတယ်၊ နာမည်ကြားလိုက်ရုံနဲ့ ဆွဲဆောင်မှုရှိအောင် ၊ လုပ်ငန်းကိုနားလည်သွားအောင် ၊ လုပ်ငန်းသဘောကို ပိုလေးနက်အဓိပ္ပ္ပါယ်ရှိသွားအောင် ၊ အမြင်ရောအကြားပါ ရှင်းလင်းပြတ်သား မှတ်ရလွယ်အောင် ၊ ဥပဒေနဲ့လည်း ကိုက်ညီအောင်) ပေးရပါမယ်
ဥပမာ - ဖုန်းဆိုင် ဆိုရင် - လူကြီးမင်း
စားသောက်ဆိုင်ဆိုရင် - Foody ပေါ့
.
1.9 ကိုယ့်လုပ်ငန်း စတင်တဲ့အချိန်ကစပြီး ပထမနှစ်အတွင်း ရလိုသည့်ဖောက်သည်အရေအတွက် ကြိုစီမံထားရန် ၊ တစ်ရက်ကို ရနိုင်တဲ့အမြတ်ငွေကြိုတွက်ထားရန် နဲ့ တခြားရည်ရွယ်ချက်တွေကို တိတိကျကျသတ်မှတ်ထားရပါမယ်။
.
.
2. ဈေးကွက်ထိုးဖောက်မှုအစီအစဉ် (Marketing)
.
ဈေးကွက်ထိုးဖောက်မှု အစီအစဉ်ကြိုတင်ချမှတ်ခြင်း ဆိုတာ မိမိထုတ်ကုန်ပစ္စည်း / ၀န်ဆောင်မှု/လက်လီရောင်းချမှုတွင် ရောင်းစရာရှိတာ ရောင်းရအောင် ၊ ပိုမိုရောင်းရအောင် ၊ သုံးစွဲသူများလာအောင် ၊ လုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အတွက် ကြိုတင်အစီအစဉ်ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။
.
2.1 မိမိကုန်ပစ္စည်း/၀န်ဆောင်မှုအား သုံးစွဲသူတွေ အမှန်တကယ် လိုအပ်မှုရှိရဲ့လား နဲ့ သုံးစွဲနိုင်မှုအခြေအနေများကို သုတေသန လုပ်ရပါမယ်။
.
2.2 မိမိကုန်ပစ္စည်း/၀န်ဆောင်မှုကို ဘယ်လိုအမျိုးအစားဖောက်သည်တွေကို ရည်ရွယ်ရောင်းချမှာလဲ (ရည်ရွယ်တဲ့ဈေးကွက်)
.
2.3 ကိုယ့်ကုန်ပစ္စည်းကို သုံးစွဲသူတွေသိအောင်၊ ၀ယ်ချင်လာအောင် ဘယ်လိုနည်းလမ်းတွေ သုံးမှာလဲ
.
2.4 ဖောက်သည်တစ်ယောက်ကို တစ်လ/တစ်ပတ်/တစ်ရက်အတွင်း ခန့်မှန်းအရောင်းပမာဏ ဘယ်လောက်ရှိမလဲ
.
2.5 လုပ်ငန်းစတဲ့ ပထမနှစ်အတွင်း လစဉ်အရောင်းပမာဏ (12 လစာ Sale Target) ကြိုတင်ခန့်မှန်းထားရမယ်
.
2.6 လုပ်ငန်းတူ အဓိကပြိုင်ဘက်ဘယ်လောက်ရှိသလဲ - အောင်မြင်သည့်ဆိုင်/မအောင်မြင်သည့်ဆိုင်များ ၊ ထိုဆိုင်တွေရဲ့ အောင်မြင်ရခြင်း/မအောင်မြင်ရခြင်း အဓိကအကြောင်းများကို လေ့လာရမယ်
.
2.7 မိမိလုပ်ငန်းအတွက် တစ်နှစ်စာနဲ့ငါးနှစ်စာ(ရေတို/ရေရှည်)အတွက် ပန်းတိုင် ကြိုတင်သတ်မှတ်ပြီး ထိုပန်းတိုင်ရောက်ဖို့အတွက် နည်းလမ်းများကို ကြိုတင်စီစဉ်ရမှာဖြစ်တယ်
.
.
3. လုပ်ငန်း၏ လုပ်ငန်းစဉ်
.
3.1 ကိုယ်ထုတ်လုပ်မည့် ကုန်ပစ္စည်း၏ ထုတ်လုပ်မှုအဆင့်ဆင့် (သို့မဟုတ်) ကိုယ်ပြုလုပ်မယ့် ၀န်ဆောင်မှု/လက်လီလုပ်ငန်း၏ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ကြိုတင်စီစဉ်ရေးဆွဲရမယ်
(ဥပမာ - လက်လီလုပ်ငန်း လုပ်မယ်ဆိုရင်
- ဘယ် wholesaler တွေက ယူမလဲ , ကိုယ်ယူမယ့် wholesaler က ဈေးမှန်လား၊ error တာဝန်ယူလား၊ ပစ္စည်းတွေ update ဖြစ်ရဲ့လား စသဖြင့်
- ကိုယ့်ဒေသနဲ့လိုက်မယ့် ဆိုင်ဖွင့်ချိန် ~ ပိတ်ချိန်)
.
3.2 လုပ်ငန်းအတွက် လိုအပ်တဲ့စက်ပစ္စည်းတွေ နဲ့ အဲဒီပစ္စည်းတွေကို ၀ယ်ယူရန် ကုန်ကျစရိတ် ကြိုတင်တွက်ချက်ရမယ်
.
3.3 ကြုံတွေ့နိုင်တဲ့ပြဿ နာ နဲ့ အခက်အခဲများ (ရာသီဥတု၊ ရန်သူမျိုးငါးပါး၊ လျှစ်စစ်မီးပြတ်ခြင်း၊ မူဝါဒအပြောင်းအလဲများ) စတာတွေကို ကြိုစဉ်းစားပြီး လုပ်ငန်းလည်ပတ်မှုကို မထိခိုက်စေရန်(သို့)ထိခိုက်မှု နည်းနိုင်သမျှ နည်းစေရန် ကြိုတင်စီစဉ်ထားရမှာ ဖြစ်တယ်
.
3.4 ဥပဒေအရ လိုအပ်ချက်များ (ဥပမာ - လုပ်ငန်းလိုင်စင် ၊ လုပ်ငန်းနာမည်ရွေးချယ်မှု)
.
3.5 လုပ်ငန်းအတွက် ကုန်ကြမ်း နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ၀ယ်ယူရန် လိုအပ်ငွေ (ကုန်ကြမ်းဝယ်ယူရန် ၊ လုပ်ငန်းအတွက် ၀ယ်ယူရန်ပစ္စည်းများ ၊ ပြုပြင်စရိတ် ၊ ၀န်ထမ်းယူနီဖောင်း ၊ .. စသည်) တို့ကို ကြိုတင်တွက်ထားရပါမယ်
4. စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဖွဲ့စည်းမှု
.
4.1 လိုအပ်မယ့် ၀န်ထမ်းအရေအတွက် ၊ လုပ်ငန်းတာဝန် ၊ ကျွမ်းကျင်မှု နဲ့ လစာ
.
4.2 ၀န်ထမ်းရှာဖွေစုဆောင်းရာမှာ အသုံးပြုမယ့် နည်းလမ်းများ
.
4.3 ၀န်ထမ်းများ လုပ်ငန်းခွင်မှာ စိတ်ဓါတ်တက်ကြွစေဖို့အတွက် သုံးမည့်နည်းလမ်းများ
.
4.4 လုပ်ငန်းကို ကိုယ်ကရရှည်လုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဘယ်သူဆက်လုပ်မှာလဲ ၊ ဆက်လုပ်ပေးမယ့်သူကိုရော ဘယ်လောက်ကြာကြာ ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းထားနိုင်မလဲ စတာတွေကိုလည်း ကြိုတင်စီစဉ်ရပါမယ်
.
.
.
5. ငွေကြေးဆိုင်ရာ
.
5.1 (3.2) မှ စက်ပစ္စည်းတွေ ၀ယ်ယူဖို့ ကုန်ကျစရိတ်
.
5.2 လုပ်ငန်းမလည်ပတ်မီ ကုန်ကျစရိတ်
.
5.3 လုပ်ငန်း တစ်လလည်ပတ်ရန် လိုအပ်တဲ့ အသုံးစရိတ် (ဥပမာ - ကုန်ကြမ်းဝယ်ယူမှု ၊ ၀န်ထမ်းလစာ ၊ ၀န်ထမ်းများ စိတ်ဓါတ်တက်ကြွစေရန်သုံးငွေ ၊ သယ်ယူပို့ဆောင်စရိတ် ၊ လုပ်ငန်းနေရာငှားရမ်းခ ၊ လျှပ်စစ်/စက်သုံးဆီ ၊ ကြော်ငြာစရိတ် ၊ ချေးငွေအတိုး ၊ ..... )
.
5.4 လုပ်ငန်း စတင်ရန်အတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှု စုစုပေါင်း
(5.1) + (5.2) + (5.3) = ငွေအရင်းအနှီး
.
5.5 ငွေအရင်းအနှီးကို ဘယ်နေရာတွေက ရနိုင်သလဲ (ကိုယ်ပိုင်ငွေ ၊ မိဘ ၊ ဆွေမျိုးအသိုင်းအ၀ိုင်း ၊ အရပ်တိုးချေးငွေ ၊ ဘဏ်တိုးချေးငွေ နဲ့ အခြားအရင်းအမြစ်များ)
.
5.6 လစဉ် ၀င်ငွေ နဲ့ အသုံးစရိတ်တွေကိုလည်း ခန့်မှန်းတွက်ချက်ထားရပါမယ်
.
.
.
စတဲ့အချက်အလက်တွေ စုဆောင်းရှာဖွေလေ့လာပြီး ကိုယ်လုပ်မယ့်စီးပွားရေးအတွက် ပုံစံသေးသေးလေး အရင်ဆုံးပုံဖော်ကြည့်ပါ ..
ဒါဆိုရင် ကိုယ် စ, လုပ်ချင်တဲ့ လုပ်ငန်းအတွက် မ၀ံ့မရဲဖြစ်နေမှာ မဟုတ်တော့သလို ၊ ဖြစ်နိုင်ချေ ရှိ/မရှိ ၊ ကြုံလာနိုင်မယ့် အခက်အခဲတွေအတွက်လည်း အနီးစပ်ဆုံး ကြိုတင်ပြင်ဆင်ထားနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေ ၊ ဆုံးရှုံးနိုင်ခြေ ၊ အမြတ်ရနိုင်ခြေ တို့ကိုလည်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ် ..
.
.
** စီးပွားရေးလုပ်ချင်တဲ့သူငယ်ချင်းများ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပါတယ် ..

၂၀၁၅-ခုအတွက်၊ ပါဠိပထမပြန်စာမေးပွဲ၊ ငယ်လတ်ကြီးအောင်စာရင်း

၂၀၁၅-ခုအတွက်၊ ပါဠိပထမပြန်စာမေးပွဲ၊ ငယ်လတ်ကြီးအောင်စာရင်းကို အောက်ဖေါ်ပြပါနေရာမှာ သွားရောက် ရယူပါ။
စာဖတ်ရန်
======
Computer အတွက် Adobe Reader (သို့) Foxit Reader (သို့) Adobe Acrobat စသော PDF ဖတ် Software များဖြင့် ဖတ်ရှုနိုင်ပါသည်။
Android Phone နှင့် Tablet များ၌ Adobe Reader (သို့) Repligo Reader (သို့) Ezpdfreader စသည်တို့ဖြင့် ဖတ်ရှုနိုင်ပါသည်။
Ipad, Iphone များ၌ Ibook, Adobe Reader, Good Reader, Perfect Reader-စသည်တို့တွင် တစ်မျိုးမျိုးဖြင့် ဖတ်ရှုနိုင်ပါသည်။

(စာအုပ်ရယူရန်)
https://www.mediafire.com/?yjkq64u4fvoz599

Jun 25, 2015

မိမိကိုယ်ကို ချစ်သည်ဆိုပါလျှင်- အ ချစ် ဆုံး

ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား၊
မလ္လိကာ သင့်အား-
မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလောဟု ပြောဆို၏။
အရှင်မင်းကြီး-
ကျွန်တော်မအား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊

အရှင်မင်းကြီးမှာကောဟုမေးလေသော်-
မလ္လိကာ-
ငါ့အားလည်း မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါဟု ပြောဆို၏။

ထို့နောက် ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကိုအသျှင်ဘုရား ယနေ့ တပည့်တော်သည် မလ္လိကာမိဖုရားကြီးနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေလျက် မလ္လိကာ မိဖုရားကြီးကို မလ္လိကာ သင့်အား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလော ဟု ပြောဆိုပါ၏။ ဤသို့ဆိုသော် မလ္လိကာမိဖုရားသည် တပည့်တော်ကို မင်းကြီး ကျွန်တော်မအား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ အရှင်မင်းကြီးအားမူ မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိပါသေးသလော ဟု မေးပါ၏။ ဤသို့မေးသော် အသျှင်ဘုရား တပည့်တော်သည် မလ္လိကာမိဖုရားကို မလ္လိကာ ငါ့အားလည်း မိမိ ထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိဟု ဤသို့ ပြောဆိုပါသည်ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ အလုံးစုံ အရပ်တို့သို့ စိတ်ဖြင့် အစဉ်လျှောက်၍ ရှာဖွေသော်လည်း မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ကိုမျှ မရနိုင်၊ ဤသို့ သူတစ်ပါးတို့ထက် မိမိကိုယ်ကို အသီးအခြား ချစ်၏။ ထို့ကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဥဒါန်းပါဠိတော်၊ သောဏ၀ဂ်၊ ပိယတရသုတ်။

Jun 24, 2015

"လို,မွိုက်စဲစ်"

ကွပ်ထာ,ရက်တဗာ;တွက်
တွမ်းသက်တွော့ ဖေ;အပ်မာ;မွိုန်း
ထာ,ရက်ကရို,နောဝ်,ရာ,
စဲ့,တွိုက်,ပွယ်,မွးတဝ်းလာ,လာ,သွူ။

ဖေ;အပ်သက်နွို့စဲ့,ပွယ်,
ခွို,ရွယ်;သွီ;တနျာ;
သက်ပါခန်းဒျာ;လဲ့
အာ;ဇာ;နည်;ဝွေ,အတွက်
ဟဲ့,မတ်နွောင်,က။

ကွပ်ထာ,ရက်တဲင်တွော,့
စွဉ်,ဖောင်တိန် စွဉ်,လိတ်အုပ်
ကယွုမ်းမွိုက်ဒါ;လို,နော်,့
အာ;ဇာ;နည်;လဲ့မဟဲ့,ထွိုက်
လွုက်လဲဉ်းသွူတဖူ,ခံ,
ယမ်းလင်,တေားဟမ်;ဗော,့
ဒေါ့,ဗာ;ထဲင်း လို,မွိုက်သွူ ။

@NanDoBharSa

ရဲးပါသွော့

သ,လဲ့ပအိုဝ်;  ယဝ်းပအိုဝ်;က
အုံတွို;မဲုင်,ကို  ခွန်နင်,ခိုမူ;
နီယိုခွမ်,လာ,  ကွဉ်က,ဗဲင်း။
မဉ်,လဲ့ပအိုဝ်;  နမ်းပအိုဝ်;က
ထဲ့ဖွို;အီခွို,   သိက္ခာ;မျို,နောဝ်,
ခိုစွို,မူ;ယင်  တွမ်;မာ,မွိုန်း။
မွိုးဖါပအိုဝ်; သွီ;ပအိုဝ်;က
နီလို;သွဉ်ဖြဲုင်,  ခွို,လိတ်လဲုင်,တဲင်
ထဲ့ဆဲုင်,ဗာ;တဝ်း  ထို,မားတဝ်း။
သွီ;သ,လို;ရဲုင်း  နမ်းပအိုဝ်;က
ဖျော်တွို;မဲုင်,ကို,  အုံမဲုင်,ကို,ယဝ်း
ခွို,ယိုငါဝ်းငွါ  လို;ဒေါ့,ချာ။
မဉ်;ငမ်းပါ,စွို, မျော်;နီခိင်္ွု,တဲ့
လို,မျို,ဘာ;သာ;  တဉ်;ခွေါင်တာ;နဝ်,
ရဲးပါ;သွော့ဝင်,  ခွန်တွမ်;နင်,ဖုံ;
ဖြွမ်းလင်စွီ;စူ  ဖေ;ကခူ။

@NanDoBharSa

Jun 23, 2015

"ခွန်ဆမ်လောနဲ့နန်းဦးပျဉ်"


ခွန်ဆမ်လောနဲ့နန်းဦးပျဉ်အကြောင်းသိချင်နေတဲ့ fri တွေဗဟုသုတ၇စေဖို့ သူတို့ချစ်သူနှစ်ဦးရဲ့ဒဏ္ဍာ၇ီလေးကိုပြောပြပေးပါ့မယ် ဇာတ်ကြောင်းလေးတနေ၇ာမှာမှားခဲ့ရင်လည်းအမှန်ပြန်ပြင်ပေးခဲံစေလိုပါတယ် ဖတ်ပီးလို့သဘောကျ၇င်share ပေးပါဦးခ ဒဏ္ဍာ၇ီလေးကတော့ဒီလိုပါ
"ဟိုတခါတုန်းက ကျိုင်းတောင်းမှာ အ၇မ်းချမ်းသာတဲ့ မိသားစုတစ်ခု၇ှိတယ်တဲ့
မိသားစုဝင်သုံးယောက်၇ှိတာတဲ့ အဖေ၇ယ် အမေ၇ယ် သား၇ယ်ပေါ့နော်..
သူ့ သားနာမည်က ခွန်စံလောတဲ့ကွဲ့ 
ခွန်စံလောက်အသက်အ၇ွယ်၇လာချိန်မှာ မိခင်က အိမ်ထောင်ချပေးချင်တာတဲ့
အဲ့ဒါနဲ့ ကျိုင်းတောင်းမှာ၇ှိတဲ့ နန်းဦးပဲန်း (င်္ပမ်း) ဆိုတဲ့ကောင်မလေးနဲ့  အိမ်ထောင်ချပေးချင်တာပေါ့နော် ....အဲ့ဒီကောင်မလေးက အလုပ်လုပ်တာတော်တယ်....
ပြီးတော့ သူလည်းခွန်စံလောကို ကြိတ်ကြိုက်နေတာပေါ့နော် အဲ့ဒါ ခွန်စံလော အမေကို နေ့ တိုင်းဆိုသလို မျက်စိကျအောင် အလုပ်တွေဘာတွေ လုပ်ကုူပေါ့နော်...
ဒါပေမဲ့ ခွန်စံလောက သူ့ ကိုလုံးဝမကြိုက်ဘူး
သူ့ အမေကတော့ သူ့ သားကို နေ့ တိုင်းတိုက်တွန်းပါ၇ဲ့  ဒါပေမဲ့ ခွန်စံလောလည်း ဒီအ၇ာကို ဘယ်လိုကျော်ဖြတ်နိုင်မှာလဲဆိုတာ နေ့ တိုင်းစဉ်းစားတာပေါ့နော်.....
အဲ့ ဒါနဲ့ အကြံတစ်ခု၇လာတယ်တဲ့ 
အဲ့ဒါကတော့ သူ့ အပေါင်းအတင်းတွေနဲ့ အတူ ၇ှမ်းပြည်အနံ့  နွားပေါင်း ၅၀၀ နှင့်အတူ လက်ဖက် ကုန်ကူတာပေါ့နော်.....
သူ က သူ့ အမေကိုပြောတာတဲ့  မေမေ ကျွန်တော် စီးပွား၇ှာချင်သေးတယ်
ကျွန်တော် ခ၇ီးက ပြန်လာမှ ကြည့်စဉ်းစားတာပေါ့တဲ့ ဒီမင်္ဂလာကိစ္စတဲ့ 
အဲ့ဒါ သူ့ အမေလည်း သဘောတူလိုက်တာတဲ့ကွယ်....
ခွန်စံလောလည်း သူ့ အပေါင်းအပါတွေနဲ့ အတူ စပြီး ခ၇ီးဆန့် ကြတာပေါ့နော်.....
သူ ကုန်ကူးသန်းေ၇ာင်းဝယ်ေ၇းလုပ်ပြီးဖြတ်သန်းတဲ့ မြို့ တွေကတော့ သီပေါမြို့ လည်းပါတာပေါ့နော်.....
အဲ့ဒီမြို့ မှာ သူကောင်မလေးတစ်ယောက်နဲ့ လည်း ၇ည်းစားဖြစ်ခဲ့သေးတယ်တဲ့ကွဲ့ ...
အဲ့ဒီအချိန်မှာ ခွန်စံလောဟာ အသက်အ၇ွယ်ငယ်ပေမဲ့ စီးပွားတွေ ဘာတွေလုပ်တတ်တော့ ၇ှမ်းပြည်မှာ နာမည်ကြီးနေတာတဲ့ကွယ်....
ခ၇ီးသွား၇င်း သွား၇င်းနောက်ဆုံးတော့ နန်းဦးပျဉ်နေတဲ့မိုင်းကိုင်မြို့ ကိုေ၇ာက်လာတာတဲ့ ကွယ်.....

ခွန်စံလောက ဘယ်လောက်ချောကြောင်း
ဘယ်လောက်တော်ကြောင်း မိုင်းကိုင်သူ မိုင်းကိုင်သားတွေက အ၇မ်းအားကျတာပေါ့နော် ချီးကျူးသံ ချီးမွမ်းသံလည်း အမြဲကြားနေ၇တာပေါ့နော်......
အဲ့ဒီအချိန်မှာ မိုင်းကိုင်မြို့ အနောက်ဘက်နေ ၀မ်းလိန်း ကျေး၇ွာမှ နန်းဦးပျဉ်ဆိုတဲ့ကောင်မလေးလည်း သူများဒီလောက်ချီးကျူးတာကိုသူလည်း မြင်ဖူးချင်လေ၇ဲ့  ဆိုပြီး မိုင်းကိုင်မြို့ ဈေးမှာ ဈေးဝယ်ထွက်၇င်း ခွန်စံလောကို ၇ှာဖွေ မိတယ်တဲ့ကွယ်.....
အဲ့ချိန်မှာ ခွန်စံလောလည်း ဈေးထဲမှာ ၇ှိနေတုန်းဆိုတော့ သူတို့ နှစ်ဦးတွေ့ .ဆုံသွားသတဲ့ကွယ်.....
အဲ့ဒီအချိန်မှာတစ်ယောက်နှစ်တစ်ယောက်ကြည့်တဲ့အကြည့်ဟာ မိုင်းကိုင်ဈေးတိုင်တွေတောင် ယိုင်သွားတတဲ့ ဒါကြောင့် မိုင်းကိုင်မြို့ ကို အ၇င်က မိုင်းကိန်း (မိုင်းဂိုင်း) (ယိုင်မြို့ )လို့ ခေါ်ပြီး နောက်ပိုင်းမှာ (မိုင်းကိုင် ) (မိုင်းဂိုင်) လို့ ဖြစ်လာပါတယ်.....
နောက်နေ့ လည်းေ၇ာက်ေ၇ာ ခွန်စံလောက နန်းဦးပျဉ်ကို သဘောကျကြောင်းသူငယ်ချင်းအပေါင်းအပါတွေ ပြောပြတော့ သူငယ်ချင်းတွေလည်း တိုက်တွန်းတာပေါ့နော် သူ့ အချစ်ေ၇း ဆိုအောင် ဘာညာသလကာ ကွိကွပေါ့.....
ခွန်စံလောလည်းစပြီး ချည်းကပ်တာပေါ့နော်..
သူတို့ ဆုံတွေ့ နေတဲ့ နေ၇ာမှာတော့ မိုင်းကိုင်မြို့ တိမ်းချောင်း နားမှာဆိုတော့ ခွန်စံလောပြောတာ နန်းဦးပျဉ် ကောင်းကောင်းမကြား၇တော့ သူမက တိမ်းချောင်းကို တိမ်းချောင်း၇ယ် တိတ်တိတ်နေပေးပါလား ....နင့်အစ်ကိုခွန်စံလော ပြောသွားတာ ငါဘာမှ မကြား၇ဘူးကွယ် တဲ့......
အဲ့ချိန်ကစပြီး တိန်းချောင်းက အခုထက်ထိ တိတ်ဆိတ်ငြိမ်သက်နေလေ၇ဲ့ ......
အဲ့ဒီတိန်းချောင်းဟာ ၇ှမ်းပြည် လင်းခေးမြို့ အထိ စီးဆင်းတဲ့  ချောင်းေ၇တစ်ခုပါ...
အဲ့ဒီနောက်ပိုင်း ခွန်စံလောနဲ့ နန်းဦးပျဉ် ချစ်ကျွမ်းဝင်သွားကြတာပေါ့နော်...
တစ်နေ့ ခွန်စံလောက နန်းဦးပျဉ် မိသားစုတွေနဲ့ တွေ့ ဆုံပြီး သူ ကျိုင်းတောင်းကိုပြန်ပြီး မိဘတွေနဲ့ အတူလာတောင်း၇မ်းမယ်တို့ ဘာတို့ ပြောတော့ နန်းဦးပျဉ်မိဘလည်း လက်ခံတာတဲ့....
အဲ့ဒါ ခွန်စံလောက ကျိုင်းတောင်းကိုပြန်သွားပါလေေ၇ာ
သူ့ အမေကို အကြောင်းဆုံပြောပြတော့ သူ့ အမေက လုံးဝသဘောမတူဘူးတဲ့ ခွန်စံလောလည်း နန်းဦးပျဉ်မှ နန်းဦးပျဉ်ပဲတဲ့ကွယ်....
နန်းဦးပျဉ်က ဘယ်လောက်လိမ္မာယဉ်ကျေးကြောင်းေ၇ပေါ်မှာ လမ်းလျှောက်၇င်တောင်ေ၇က လိုင်းလုံးအထတဲ့အပြင် တုတ်တုတ်မှ မလုပ်တဲ့အထိ
နူး ညံ့တိမ်မွေ့ ကြောင်း
ဒါပေမဲ့  သူ့ စကားလုံးတွေက သူ့ မိခင်၇ဲ့ စိတ်ကို လုံးဝ အနိုင်မ၇နိုင်ဘူး.....
နောက်ဆုံးတော့ သူက သူ့ ဦးလေးကို အကူအညီတောင်းတာပေါ့နော် ..
သူ့ ဦးလေးလည်း သဘောတူပြီး သူနဲ့အတူ မိုင်းကိုင်ကိုခ၇ီးထွက်သွားကြတာတဲ့ကွယ်...
နောက်ဆုံး မိုင်းကိုင်ေ၇ာက်ေ၇ာ မင်္ဂလာကိစ္စတွေ လုပ်အပြီး ခွန်စံလောက နေခဲ့ပြီး သူ့ ဦးလေးသာ ပြန်သွားခဲ့တာတဲ့...
အဲ့ဒါနဲ့ လအနည်းငယ်ကြာသွားတဲ့အခါမှာ နန်းဦးပျဉ်၇င်သွေး၇သွားတာပေါ့နော်...
အဲ့ချိန်မှာ ခွန်စံလောလည်း သူ့ မိဘတွေကိုအ၇မ်း သတိ၇တာတဲ့ကွယ် အဲ့ဒါကို ကျိုင်းတောင်းကို အတူတူပြန်မယ်လို့ နန်းဦးပျဉ်ကို တိုင်ပင်တာတဲ့ နန်းဦးပျဉ်လည်းသူချစ်တဲ့သူ သွားလေ၇ာမှာ လိုက်ပါမယ်ဟုပြောပြီး လိုက်သွားတာတဲ့ကွယ်....
နွားလည်တွေနဲ့ ခ၇ီးထွက်ကြတာပေါ့နော်....
နောက်ဆုံးကျိုင်းတောင်းလည်းေ၇ာက်ေ၇ာ နန်းဦးပျဉ်၇ဲ့ ယောက္ခမဟာနန်းဦးပျဉ်က ဘယ်လောက်ချောကြောင်း ချီးမွမ်းတာတဲ့ ချစ်ဟန်ဆောင်တာပေါ့နော် အဲ့ဒါနဲ့ 
သူ့ သားကိုပြောတာတဲ့ကွယ် ...

သား၇ယ် နင့်မိန်းမနဲ့ သူ့ အပေါင်းအပါတွေ ခ၇ီးပန်းေ၇ာပေါ့ ဟင်းဟောင်းလည်းမ၇ှိဘူး အဲ့ဒါ အသား၇ွာ ငါ၇ွာသွားပြီး အသားငါးလေး၇ှာခဲ့ မ၇၇အောင်၇ှာခဲ့ မေမေက မေ့ မေ့ချွေးမကိုကိုချက်ကျွေးမယ်တဲ့ကွယ်....
ဒါပေမဲ့ ခွန်စံလော အမေက စီစဉ်ထားပြီးသား အသားငါးေ၇ာင်းတဲ့၇ွာကိုသွားပြီး အသားငါးမေ၇ာင်းပါနဲ့ ဆိုပြီး ပိုက်ဆံတွေ ပေးထားတာတဲ့ကွယ်....
အဲ့ဒါခွန်စံလောလည်းသွား၇ှာတာပေါ့နော် ခွန်စံလောက ထမင်းစားချိန်တောင်ေ၇ာက်မလာနိုင်သေးဘူးတဲ့ကွယ်..
အဲ့ဒါနဲ့  ခွန်စံလောအမေက ကဲကွယ် သမီးတို့်လည်းဆာေ၇ာပေါ့ ၇ှိတာလေးနဲ့ စားမယ်လေတဲ့ သမီးတို့ မောပန်းလာတော့ နားဦးပေါ့နော် ...
အမေပဲ ပြင်ဆင်လိုက်မယ်တဲ့..
ပြင်ဆင်လည်းပြီးေ၇ာ နန်းဦးပျဉ်လည်း သူ့ အပေါင်းအပါတွေနဲ့ အတူ ထမင်းဝိုင်းမှာထမင်းစားကြတာပေါ့နော် ခွန်စံလောမေမေက ထမင်းဝင်မစားဘူးအဲ့ချိန်
အ၇င်တုန်းက ထမင်းစား၇င် လက်တွေနဲ့ ပဲစားတာကို
နန်းဦးပျဉ်က ထမင်းကို လက်နဲ့ လှမ်းအယူ ထမင်းပုံထဲမှာ အပ်ချောင်းတွေ ထိုးတာတော့ သူ့ လက်ကို ထိုးမိတာတဲ့ကွယ်...
သူလည်း ဒါဟာ မတော်တဆပါဆိုပြီး ဘာမှကို မပြောဖြစ်ဘူးတဲ့
ပြီးတော့ သူ့ မေမေက ဒီနေ့ သမီးတို့  စေ၇ာက်တယ်ဆိုတော့ ဘု၇ားပန်းအိုးလည်း၇အောင်ေ၇လေးဘာလေးသွား၇ှာပြီးတော့ ဘု၇ားပန်းအိုးလည်းကြဦးလေ သမီးတဲ့ကွယ်....
နန်းဦးပျဉ်ကလည်း သူ့ အပေါင်းအပါနှင့်အတူေ၇လေးပုခုံးပေါ်ထမ်းပြီးလက်မှာလည်း ဘု၇ားပန်းတွေ ကိုင်၇င်း အိမ်အပေါ်ထပ်ကို တက်ဖို့  လှေကားပေါ်မှာ ခြေလှမ်းစလှမ်းတာပေါ့နော် ...
ထိပ်ဆုံးေ၇ာက်ခါနီး လှေကားက ပြိုကျတာတဲ့ကွယ်
နောက်ဆုံးတော့ ၀မ်းမှာလွယ်ထားတဲ့ကလေး တစ်ခုခုဖြစ်သွားပြီဆိုတာလည်း သူသိလိုက်တယ် သွေးတွေ ဘာတွေပေါ့နော်..
ဒါဟာ သွေး၇ိုးသား၇ိုးတော့မဟုတ်ဘူး လုပ်ကြံနေတာလို့ သိလည်းသိေ၇ာ နန်းဦးပျဉ်ဟာ သူ့ အပေါင်းအပါတွေနဲ့ အတူ မိုင်းကိုင်ပြန်ဖို့ စိတ်ဆုံးဖြတ်ကြတာတဲ့ကွယ် ...
ငိုယိုပြီးတော့ ပြန်သွားတာပေါ့နော်...
နောက်ဆုံး ညအချိန်လည်းေ၇ာက်ေ၇ာ ခွန်စံလောကေ၇ာက်လာတာတဲ့ လက်ထဲမှာလည်း အသားငါးတွေနဲ့ ပေါ့နော် သူ့ မိန်းမစားဖို့ ဆိုပြီး ခက်ခက်ခဲခဲ၇ှာထား၇တာကို
အိမ်မှာလည်းေ၇ာက်ေ၇ာ တိတ်ဆိတ်နေတာပဲ ...
အဲ့ဒါ သူ့ မေမေကို မေးတာပေါ့နော် ကျွန်တော့မိန်းမဘယ်ေ၇ာက်သွားလဲတဲ့ ...
သူ့ မေမေက ငါ့က နင့်မိန်းမကို လိုက်ထိန်းတာမှ မဟုတ်တာ ငါဘယ်သိမှာလဲတဲ့...
ခွန်စံလောလည်းစိတ်ပူပြီးအမေ တစ်ခုခုလုပ်လိုက်တာလားတဲ့ ..
ငါဘာမှမလုပ်ဘူးတဲ့...
ခွန်စံလောလည်းမသင်္ကာလို့ ဘေးအိမ်ကလူတွေ မေးတာတဲ့
ဘေးအိမ်ကလူလည်း မိသဘူး သူ တို့ ငိုယိုပြီးထွက်သွားတာတော့တွေ့ လိုက်တယ်တဲ့...
အဲ့ဒါ ခွန်စံလောလည်း လှေခါးမှာ သွေးတွေ တွေ့ တော့ သိလိုက်တယ်...
သူ့ မေမေ၇ဲ့ လက်ချက်ဆိုတာ
စိတ်ပူပြီးေ၇ွငွေ အနည်းငယ်ယူပြီး သူ့ မိန်းမတွေ နောက် လိုက်သွားသတဲ့ကွယ်…

နန်းဦးပျဉ်က အိမ်အပြန်လမ်းတစ်ဝက်လည်းေ၇ာက်ေ၇ာ ဗိုက်အ၇မ်းနာတော့ ကလေးမွေးချပါလေ၇ာ မွေးမွေးချင်းကလေးက အသက်မပါဘူးတဲ့ကွယ်... သူက သူ့ ကလေးကို နမ်းပြီး နင့်ဖေဖေကို အော်ခေါ်ပါတော့ကလေး၇ယ်တဲ့
အဲ့ဒါနဲ့ ကလေးဝိညာဉ်လေးဟာ ဥသြငှက် ဖြစ်သွားပြီး ချက်ချင်းဆိုသလို ပေါဟွေ ပေါဟွေ ဆိုပြီး အော်ခေါ်တော့သတဲ့ကွယ်....
နန်းဦးပျဉ်တို့ လည်း ခ၇ီးထပ်ဆက်ကြတာတဲ့
ခွန်စံလောကလည်း သူ့ မြင်းကို အသာကုန် မောင်းပြီး ၇ိုက်ပြီး နန်းဦးပျဉ်တို့ နောက် လိုက်တာပေါ့နော်...
နောက်ဆုံးသူ့ မြင်းအမောဆို့ ပြီး သေဆုံးတဲ့အထိ ပေါ့နော်..
တောလည်ခေါင်မှာေ၇ာက်ေ၇ာ သစ်ပင်ငုတ်တိုပေါ်မှာ သူ့ သားကိုတွေ့ လိုက်၇တာတဲ့ကွယ်...
ပြီးတော့ ဥသြကလည်း ပေါဟွေး ပေါဟွေး လို့ လည်း တောတစ်ခုလုံးဆူညံနေတာတဲ့
နောက်ဆုံးသူဆက်ပြီး ခ၇ီးဆက်တာပေါ့နော....
် မိုင်းကိုင်မြို့  ၀မ်းလိန်းကျေး၇ွာလည်းေ၇ာက်ေ၇ာ ၇ွာသူ၇ွာသားတွေက သူ တို့အချစ်တော် နန်းဦးပျဉ်ဆုံးတာဟာ သူ့ ကြောင့်ဆိုပြီး နန်းဦးပျဉ်ဈာပနာထဲကို ပေးမ၀င်ဘူးတဲ့ သူလည်း နောက်ဆုံး ကြံ၇ာမ၇ ပါလာတဲ့ ပိုက်ဆံတွေေ၇ွငွေတွေ ကျဲပစ်လိုက်တာပေါ့နော်....
လူတွေက အဲ့ဒါတွေကို လုနေတဲ့အချိန်မှာ ခွန်စံလောက နန်းဦးပျဉ် အလောင်း၇ှိ၇ာသို့ ဝင်သွားလိုက်တာတဲ့ကွယ်....
သူ့ မိန်းမ လဲလျောင်းနေတာကို တွေ့ ပြီး သူလည်း အတူတူသေမယ်ဆိုပြီး ပါလာတဲ့ ဓား၇ှည်ကိုထုတ်၇င် သူ့ ၇င်ဝမှာ ထိုးပစ်လို်က်တာတဲ့ကွယ်...
နောက်ဆုံး ခွန်စံလောအမေကဒီသီးတင်းကို ကြားလည်းကြားေ၇ာ ဒီလောက်ထိချစ်နေကြသလား နောင်ဘ၀အထိတောင် နင်တို့ ကို ပေးမပေါင်းစေ၇ဘူးဆိုပြီး သူတို့ ကိုမြုပ်ခဲ့တဲ့ ၀မ်းလိန်း၇ွာကို လိုက်လာပြီး ၀ါးဆစ်သုံးဆစ်နဲ့  သူတို့ ကို မြုပ်ထားတဲ့ အုတ်ဂူနှစ်ခုကြား ခြားထားလိုက်တာတဲ့...
ချစ်သူနှစ်ယောက်က ကောင်းကင်ပေါ်မှာ ကြယ်နှစ်လုံးဖြစ်သွားပြီး အလယ်မှာ ကြယ်သုံးလုံးခြားနေတာကို တွေ့ ၇မှာပါ လမိုက်ညဆို၇င် ပိုပြီးတောင် မြင်သာပါသေးတယ် ...
ခွန်စံလောနဲ့  ကြယ်လေးဟာ သွေးတွေနဲ့ သေဆုံး၇သောကြောင့် သူ့ ၇ဲ့ ကြယ်လေးဟာ အနီေ၇ာင်လေးပါ တစ်ခါလောက်တော့ ၇ှာကြည့်လိုက်ပေါ့ မတွေ့ ဖူးသောသူများ
သွားေ၇ာက်ချင်တယ်ဆို၇င် မိုင်းကိုင်မြို့မှာ၇ှိပါတယ် ...

Mg Khunn Sett  Shan New မှ