........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 11, 2012

လောကဓံ(၈)ပါး

၁။ လာဘော    = ပစ္စည်းဥစ္စာပေါများခြင်း။

၂။ အလာဘော = ပစ္စည်းဥစ္စာနည်းပါးခြင်း။

၃။ ယသော     = အခြွေအရံများခြင်း။

၎။ အယသော  = အခြွေအရံနည်းခြင်း။

၅။ နိန္ဒာ         = ချီးမြှောက်ခံရခြင်း။

၆။ ပသံသ      = ကဲ့ရဲ့ခံရခြင်း ။

၇။ သုခံ         = ချမ်းသာခြင်း ။

၈။ ဒုက္ခံ         = ဆင်းရဲခြင်း ။

ကျမတို့ဟာ အချိန်တိုင်း နေရာတိုင်းမှာ လောကဓံတရားတွေ ခံစားနေရပါတယ်။ တစ်ပါးပါးသောလောကဓံတရားတွေ့ရင်ပဲဖြစ်ဖြစ် ကျမတို့ရဲ့စိတ်သန္တာန်မှာ ကိလေသာမီးတွေ ဆိုက်မြိုက်လာတော့တာပါပဲ။

ဒီလိုလောကဓံတွေနဲ့ကြုံလာရင် ဘယ်လိုမျိုးများ ဖြေရှင်းကြပါသလဲ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ကြတာလား။ သီချင်းလေးနားထောင်ပြီး ဖြေသိမ့်ကြတာလား။ ရုပ်ရှင်တွေကြည့်ပြီး အာရုံကို ပယ်ပျေက်ကြပါသလား။ တစ်နည်း ကာမဂုဏ်တွေ ခံစားပြီး ကုစားပါသလား။ ဒါမှမဟုတ် ဗုဒ္ဓရဲ့အဆုံးအမကို သတိရပြီး နှလုံးသွင်း ကုစားပါသလား။

 လောကီ ကာမဂုဏ်တွေနဲ့ ကုစားခဲ့မယ်ဆိုရင်တော့ တခဏတာပဲ ရပါလိမ့်မယ်။ ဒီအာရုံတွေခံစားပြီးတာနဲ့ ဒီလောကဓံတရားတွေက ပြန်ပေါ်လာရပြန်တာပါပဲ။ လောကုတ္တရာနဲ့ ကုစားခဲ့မယ်ဆိုရင်တော့ ဘယ်သို့သော လောကဓံတွေနဲ့ပဲ ဖြစ်ဖြစ် ယှဉ်လာတိုင်း ခံနိုင်ရည် ရှိလာပါလိမ့်မယ်။

ဒါကြောင့် လောကုတ္တရာ ကုစားနည်းကတော့ –

ဝိပဿနာတရား ရှုပွားမှု၊ (သို့)

 ဗြဟ္မာစိုရ်တရားလေးပါး (သို့)

ကံ ကံ၏အကျိုးကို ယုံကြည်မယ် (သို့)

အကောင်းမြင်ဝါဒ ရှိမှု ။

ကြိုးစားအားထုတ်ပြီး နေမယ်ဆိုရင်တော့ ခုလို လောကဓံတရားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ တုန်လှုပ်ခြင်းကင်းပြီး ခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။

No comments:

Post a Comment