........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Dec 1, 2012

သူယောင်မယ် သီး

သူငယ်ချင်း တယောက်ဆီ ကနေရထားတဲ့ ပုံလေးတွေပါ.... ကျွန်တော်တို့ငယ်ငယ်ကတော့အိပ်ရာဝင်ပုံပြင်
လေးတွေအဖြစ် ဇော်ဂျီ ဆေးကြိတ်တဲ့အကြောင်းတွေ၊ သူယောင်မယ် အသီးကို ဇော်ဂျီကတောင်ဝှေး နဲ့တို့
လိုက်ရင် အရမ်းချောတဲ့ သူယောင်မယ် လေးတွေဖြစ်သွား ပြီးဇော်ဂျီတွေ နဲ့ပျော်ပါးကြတယ်ဆိုတဲ့ ပုံပြင်လေး
တွေကြား ဖူးပါတယ်... အဲ သူယောင်မယ်အသီး ကလည်းတကယ့် လူမိန်းမနဲ့ တူတဲ့အသီးလို့လည်းကြားဖူးပါ
တယ်... အခုတော့သူငယ်ချင်းတယောက် ကဓါတ်ပုံပြလို့မြင် ဖူးပါတယ်... သူလည်း တခြားသူငယ်ချင်း တ
ယောက်ဆီကနေရလာ တာလို့ပြောပါတယ်... ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အရှေ့ အရပ်မှာတွေ့ခဲ့တာလို့သာ
မသေမချာသိရသလို ပုံတွေကလည်း ဟန်းဖုန်း နဲ့ရိုက်ထားတဲ့ဓါတ်ပုံတွေ မို့ သိပ်ကြည်ကြည်လင်လင် မရှိလှပါ
ဘူး...ဒါကြောင့် တကယ့်အစစ်ဟုတ် မဟုတ်တော့သေချာမသိပါ ဘူးခင်ဗျာ... သူငယ်ချင်းတွေမြင်ဖူးရအောင်
လို့သာ တင်ပြပေးလိုက်တာ ပါ ခင်ဗျာ....
သူယောင်မယ် သီးများ....

ကဲ ဇော်ဂျီတောင်ဝှေး ရှိရင်တော့ တို့လိုက်ယုံနဲ့ အသက်ဝင်တယ် ပြောတာ ပဲးP
ဟုတ်တာ၊ မဟုတ်တာ အပ ထားလို့ ဗဟုသုအဖြစ် မြင်ဖူးအောင် မျှဝေပေးလိုက်တာပါ... သူငယ်ချင်းအား
ရွှင်လန်းချမ်းမြေ့ကြပါစေ...

No comments:

Post a Comment