........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Dec 29, 2015

ျမတ္စြာဘုရား အေလာင္းေတာ္၏ ေမြးေမြးခ်င္း က်ဴးရင့္ေသာ ဥဒါန္းစကား။

ျမတ္စြာဘုရားအေလာင္းေတာ္သည္ ေမြးေမြးခ်င္း စကားေျပာေသာ ဘဝ သုံးဘဝရွိေလသည္။

(၁)မေဟာ္သဓာအေလာင္းေတာ္ဘဝ။

ဘုရားအေလာင္းေတာ္သည္ မေဟာ္သဓာ သုခမိန္ဘဝတြင္ မယ္ေတာ္ဝမ္းမွ ဖြားျမင္ေတာ္မူခိုက္ သိၾကားမင္းက ဆႏၵကူးနံ႔သာ နွစ္တုံးကို လက္တြင္ထားခဲ့၏။ ထိုဆႏၵကူးနံ႔သာ နွစ္တုံးကိုင္လ်က္ေမြးဖြားလာေသာအခါ မယ္ေတာ္က သားေတာ္အား "ခ်စ္သား အဘယ္ဝတၳဳကို ယူလာခဲ့သလဲ" ဟု ေမးျမန္းရာ "အို ေမြးမိခင္ ေဆးျဖစ္ပါတယ္" (ၾသသဓံ အမၼာ) ဟု ေမြးခါစမွာပင္ စကားေျပာခဲ့သည္။

(၂)ေဝႆႏၲရာမင္း အေလာင္းေတာ္ဘဝ။

ထိုဘဝတြင္လည္း ေမြးဖြားခါစမွာပင္ လက္်ာလက္ကို ဆန္႔တန္းျဖန္႔ခင္းၿပီး "အမၼဒါနံ ဒ ဒိ ႆမိ၊ အတၳိနုကိဥိၥ ေတ ဓနံ" ။"ေမြးမယ္ေတာ္ မယ္ေတာ္မွာ တစ္စုံတစ္ခုေသာ ဥစၥာ ဝတၳဳရွိပါသလား၊ အလွဴဒါနကို လွဴပါအံ့" ဟုဆိုကာ ဖြားျမင္ခဲ့ပါသည္။

(၃)ေဂါတမျမတ္စြာဘုရား အျဖစ္သို႔ ေရာက္ေတာ္မူမည့္ ေနာက္ဆုံးဘဝတြင္ ေမြးဖြားလာသည္နွင့္ ေျမာက္အရပ္သို႔ ဖဝါး ခုနစ္လွမ္း ႂကြေတာ္မူပါသည္။ ထို႔ေနာက္ ရပ္တန္႔ၿပီး

အေဂၢါဟမသၼိ ေလာကႆ
ငါသည္ လူသုံးပါးတြင္ အျမတ္ဆုံးျဖစ္သည္။

ေဇေ႒ာဟမသၼိ ေလာကႆ
ငါသည္ လူသုံးပါးတြင္ အႀကီးအကဲဆုံး ျဖစ္သည္။

ေသေ႒ာဟမသၼိ ေလာကႆ
ငါသည္လူသုံးပါးတြင္ အခ်ီးမြမ္းအပ္ဆုံး ျဖစ္သည္။

အယမႏၲိမာ ဇာတိ
ယခု ပဋိသေႏၶေနရျခင္းသည္ ငါ့အတြက္ ေနာက္ဆုံး ပဋိသေႏၶတည္ေနရျခင္း ျဖစ္သည္။

နတၳိဒါနိ ပုနုဗ႓ေဝါ
ယခုအခါ ငါ့အဖို႔ တဖန္ ဘဝအသစ္ ျဖစ္ရျခင္း မရွိေတာ့ၿပီ ဟု ဥဒါန္း ရင့္က်ဴးေတာ္ မူခဲ့သည္။

ဓမၼ မိတ္ေဆြမ်ားသည္လည္း ဘုရားေလာင္း ဥဒါန္း ရင့္က်ဴးသည္ကို အားက်လ်က္ မေမ့ မေလ်ာ့ မေပါ့ မဆ ၿမဲၿမံေသာ သတိတရားျဖင့္ ဒါန သီလ ဘာဝနာ ဝိပႆနာ ကုသိုလ္ေကာင္းမႈမ်ား အားထုတ္နိုင္လ်က္ မိမိတို႔ ရည္သန္ေတာင့္တရာ ျမတ္နိဗၺာန္သ္ို႔ ရႏိုင္ ေရာက္နိုင္ၾကပါေစကုန္သတည္း။

မြတ်စွာဘုရား အလောင်းတော်၏ မွေးမွေးချင်း ကျူးရင့်သော ဥဒါန်းစကား။

မြတ်စွာဘုရားအလောင်းတော်သည် မွေးမွေးချင်း စကားပြောသော ဘဝ သုံးဘဝရှိလေသည်။

(၁)မဟော်သဓာအလောင်းတော်ဘဝ။

ဘုရားအလောင်းတော်သည် မဟော်သဓာ သုခမိန်ဘဝတွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းက ဆန္ဒကူးနံ့သာ နှစ်တုံးကို လက်တွင်ထားခဲ့၏။ ထိုဆန္ဒကူးနံ့သာ နှစ်တုံးကိုင်လျက်မွေးဖွားလာသောအခါ မယ်တော်က သားတော်အား "ချစ်သား အဘယ်ဝတၳုကို ယူလာခဲ့သလဲ" ဟု မေးမြန်းရာ "အို မွေးမိခင် ဆေးဖြစ်ပါတယ်" (သြသဓံ အမ္မာ) ဟု မွေးခါစမှာပင် စကားပြောခဲ့သည်။

(၂)ဝေဿန္တရာမင်း အလောင်းတော်ဘဝ။

ထိုဘဝတွင်လည်း မွေးဖွားခါစမှာပင် လက်ျာလက်ကို ဆန့်တန်းဖြန့်ခင်းပြီး "အမ္မဒါနံ ဒ ဒိ ဿမိ၊ အတၳိနုကိဥိ္စ တေ ဓနံ" ။"မွေးမယ်တော် မယ်တော်မှာ တစ်စုံတစ်ခုသော ဥစ္စာ ဝတၳုရှိပါသလား၊ အလှူဒါနကို လှူပါအံ့" ဟုဆိုကာ ဖွားမြင်ခဲ့ပါသည်။

(၃)ဂေါတမမြတ်စွာဘုရား အဖြစ်သို့ ရောက်တော်မူမည့် နောက်ဆုံးဘဝတွင် မွေးဖွားလာသည်နှင့် မြောက်အရပ်သို့ ဖဝါး ခုနစ်လှမ်း ကြွတော်မူပါသည်။ ထို့နောက် ရပ်တန့်ပြီး

အဂေ္ဂါဟမသ္မိ လောကဿ
ငါသည် လူသုံးပါးတွင် အမြတ်ဆုံးဖြစ်သည်။

ဇေေဋ္ဌာဟမသ္မိ လောကဿ
ငါသည် လူသုံးပါးတွင် အကြီးအကဲဆုံး ဖြစ်သည်။

သေေဋ္ဌာဟမသ္မိ လောကဿ
ငါသည်လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံး ဖြစ်သည်။

အယမန္တိမာ ဇာတိ
ယခု ပဋိသနေ္ဓနေရခြင်းသည် ငါ့အတွက် နောက်ဆုံး ပဋိသနေ္ဓတည်နေရခြင်း ဖြစ်သည်။

နတၳိဒါနိ ပုနုဗ်ဘဝေါ
ယခုအခါ ငါ့အဖို့ တဖန် ဘဝအသစ် ဖြစ်ရခြင်း မရှိတော့ပြီ ဟု ဥဒါန်း ရင့်ကျူးတော် မူခဲ့သည်။

ဓမ္မ မိတ်ဆွေများသည်လည်း ဘုရားလောင်း ဥဒါန်း ရင့်ကျူးသည်ကို အားကျလျက် မမေ့ မလျော့ မပေါ့ မဆ မြဲမြံသော သတိတရားဖြင့် ဒါန သီလ ဘာဝနာ ဝိပဿနာ ကုသိုလ်ကောင်းမှုများ အားထုတ်နိုင်လျက် မိမိတို့ ရည်သန်တောင့်တရာ မြတ်နိဗ္ဗာန်သ်ို့ ရနိုင် ရောက်နိုင်ကြပါစေကုန်သတည်း။

Dec 26, 2015

ဒါနဘာေၾကာင္႔ ၿပဳရသလဲ

ဒါနဘာေၾကာင္႔ ၿပဳရသလဲ

အလွဴဒါန ဘာေၾကာင္႔ၿပဳရသလဲ ဆုိတဲ႔အေၾကာင္းကုိ ္ေရးသားေဖာ္ၿပခ်င္ပါတယ္..
ဗုဒၶဘာသာ၀င္ၿမန္မာလူမ်ဳိး အမ်ားစုဟာ အလွဴဒါနကုိ ရက္ရက္ေရာေရာ ၿပဳၾကပါတယ္..တကယ္လွဴခ်င္တဲ႔ စိတ္ေတြ သဒၶါတရားေတြလည္း ရွိၾကပါတယ္။

ဒါေပမယ္႔ ဘာေၾကာင္႔ အလွဴဒါနၿပဳတယ္ဆုိတာကုိေတာ႔ ေတာ္ေတာ္မ်ားမ်ားမသိၾကပါဘူး..ယခုဘ၀ဒါနၿပဳရင္ ေနာက္ဘ၀ေကာင္းစားမယ္ နတ္ခ်မ္းသာ လူခ်မ္းသာၿဖစ္မယ္ဆုိတဲ႔ ရည္ရြယ္ခ်က္ေတြနဲ႔ပဲ အလွဴဒါနၿပဳေနၾကတာမ်ားပါတယ္။

ဒါေၾကာင္႔ ဒါနၿပဳရၿခင္းအေၾကာင္းကုိ အရွင္ဇ၀နေဟာၾကားတဲ႔ ဒါနဘာေၾကာင္႔ၿပဳရသလည္းဆုိတဲ႔ တရားေတာ္မွာ နာၾကားလုိက္ရလုိ႔ မသိေသးသူမ်ား သိသြားေအာင္ ေဖာ္ၿပလုိက္ပါတယ္..။

ဒါနၿပဳတယ္ဆုိတာ မိမိရဲ ႔ သႏၱာန္မွာ ဘ၀အဆက္ဆက္က ဒုကၡေပးလာတဲ႔ စြဲလမ္းတပ္မက္တဲ႔ ေလာဘကိေလသာၾကီးကုန္ေအာင္ ၿပဳတာၿဖစ္တယ္...သီလေစာင္႔တည္ၿခင္း ဘာ၀နာပြားမ်ားၿခင္းေတြလည္း တူတူပါပဲ..သီလေစာင္႔တည္တယ္ဆုိတာ မိမိရဲ ႔ သႏၱာန္မွာ ရွိတဲ႔ ေဒါသဦးေဆာင္တဲ႔ ကိေလသာေတြ ကုန္ဖုိ႔ ေစာင္႔တည္တာ ဘာ၀နာပြားတယ္ဆုိတာဟာလည္း မိမိရဲ ႔႔သႏၱာန္မွာ ရွိတဲ႔ ေမာဟ ဦးေဆာင္တဲ႔ ကိေလသာေတြ ကုန္ဖုိ႔ပြားမ်ားတာၿဖစ္တယ္ .. ္ဒါနအေၾကာင္းဆက္ေၿပာပါမယ္.။

ဗုဒၶဘာသာ၀င္အမ်ားစု အၿမင္မွားေနတာတစ္ခုက အလွဴဒါနၿပဳၿပီးတုိင္း ဆုေတာင္းေနၾကတာပါပဲ..တကယ္ေတာ႔ ဒါနၿပဳၿပီးရင္ ဆုေတာင္းစရာမလိုပါဘူး..ဆရာေတာ္ ေဟာၾကားတဲ႔ ဥပမာေလးကုိ ္သေဘာက်လုိ႔ ၿပန္လည္ေဖာ္ၿပလုိက္ပါတယ္..။

ဥပမာေလးက ဒီလုိပါ အလုပ္သမားတစ္ေယာက္ဟာ သူ႔အလုပ္ကုိ သူေက်ပြန္ေအာင္လုပ္ၿပီးရင္ သူပုိက္ဆံရဖုိ႔ လစာရဖုိ႔ ဆုေတာင္းစရာမလိုပါဘူး သူေသခ်ာေပါက္ရမွာပါ..သူအလုပ္လုပ္ရင္ လုပ္ခရမွာပါ ဆုေတာင္းစရာမလုိပါဘူး ဒါနၿပဳၿခင္းဟာလည္း အဲဒီသေဘာပါပဲ..။

ကုိယ္ဒါနၿပဳၿပီးရင္ ဆုေတာင္းစရာမလိုပါဘူး ဒါနရဲ ႔အက်ဳိးကုိက ခ်မ္းသာတဲ႔ အက်ဳိးကုိေပးၿပီးသားပါ...လုိတာက ကိေလသာကုန္ဖုိ႔နဲ႔ နိဗၺာန္ ဆုေတာင္းဖုိ႔ပဲ လုိပါတယ္.. ၿပီးေတာ႔ ဘယ္မွာ ဘယ္ေလာက္လွဴတယ္ဆုိတာလည္း ေၿပာစရာမလုိပါဘူး..အေပၚမွာေၿပာၿပီးပါၿပီ မိမိသႏၱာန္မွာ ရွိတဲ႔ ေလာဘကိေလသာမီး ဘယ္ေလာက္ၿငိမ္းသြားတယ္ ဆုိတာကိုပဲ ၾကည္႔ရမွာပါ..လူေတြမွာ အၿမဲေလာင္ေနတဲ႔ ေလာဘမီးေတြဟာ ဒါနၿပဳတဲ႔အခ်ိန္မွာ ၿငိမ္းသြားတယ္...။

တစ္ခါလွဴရင္ မိမိမွာရွိတဲ႔ ေလာဘတစ္ခါေသပါတယ္..ေလာဘရွိေနတဲ႔ သူဟာ ဒါနၿပဳလုိ႔မရႏူိင္ပါဘူး..
ေလာဘႏွစ္မ်ဳိးရွိပါတယ္ သမေလာဘနဲ႔ ၀ိသမေလာဘဆုိၿပိး ႏွစ္မ်ဳိးရွိပါတယ္..သမေလာဘဆုိတာ ညီမွ်တဲ႔ေလာဘပါ ..၀ိသမေလာဘဆုိတာကေတာ႔ မတရားရၿပိးယူတဲ႔ ေလာဘပါ ခုိးၿခင္းနဲ႔လည္း တူပါတယ္..အဲဒီ၀ိသမေလာဘရွိတဲ႔ သူဟာ ၿဖစ္ေလရာဘ၀မွာ သူရဲ ႔စည္းစိမ္ေတြ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင္႔ ပ်က္စီးတက္ပါတယ္..။

ဒါေၾကာင္႔ အဲလုိ ၀ိသမေလာဘမရွိေအာင္ေတာ႔ အတက္ႏူိင္ဆုံး ထိ္န္းသိမ္းသင္႔ပါတယ္...
ဒါနကလည္း ၂ မ်ဳိးရွိပါတယ္ ပါရမီ ထုိက္တဲ႔ဒါန နဲ႔ ပါရမီ မထုိက္တဲ႔ ဒါန ဆုိၿပီးၿဖစ္ပါတယ္..။

ပါရမီထုိက္တဲ႔ ဒါနဆုိတာ လုံး၀မိမိေကာင္းက်ဳိးကုိ ထည္႔မတြက္ဘူး အလွဴခံပုဂၢိဳလ္ ခ်မ္းသာဖုိ႔ပဲၾကည္႔ပါတယ္..တဏွာမပါဘူး ငါမပါဘူး ငါခ်မ္းသာဖုိ႔မပါဘူး အဲလုိစိတ္နဲ႔ ၿပဳတဲ႔ ဒါနဟာ ပါရမီ ထုိက္တဲ႔ဒါနၿဖစ္ပါတယ္..။

ပါရမီမထုိက္တဲ႔ ဒါနကေတာ႔ ေနာက္ဘ၀ခ်မ္းသာခ်င္လို႔ လွဴတာ နာမည္ၾကီးခ်င္လုိ႔လွဴတာ လူသိမ်ားခ်င္လုိ႔လွဴတာ အဲလုိအလွဴမ်ဳိးေတြကုိ သာသနာပ အလွဴလုိ႔ေခၚပါတယ္ နိဗၺာန္မရႏူိင္ပါဘူး..။

လုိခ်င္တဲ႔စိတ္နဲ႔လွဴေနသမွ် နိဗၺာန္မရႏူိင္ပါဘူး..ငါေကာင္းစားဖုိ႔လွဴတာဆုိရင္ ငါဆုိတာ ဒိ႒ိ ေကာင္းစားဖုိ႔ဆုိတာ ေလာဘ... ဒိ႒ိ နဲ႔ေလာဘ ဥိးေဆာင္မွေတာ႔ ဘယ္လုိမွ နိဗၺာန္ရႏူိင္စရာ အေၾကာင္းမရွိပါဘူး..အဲလုိစိတ္နဲ႔ ဒါနၿပဳတာဟာ ပါရမီမထုိက္တဲ႔ ဒါနၿဖစ္တယ္..။

ဒီေလာက္ဆုိရင္ ဒါနၿပဳရၿခင္းအေၾကာင္းကုိ ေတာ္ေတာ္ရွင္းေလာက္ပါၿပီ..ဗုဒၶဘာသာ၀င္သူေတာ္စင္မ်ားအားလုံး ပါရမီထုိက္တဲ႔ ဒါနကုိၿပဳႏူိင္တဲ႔ သူေတာ္ေကာင္းမ်ားၿဖစ္ၾကပါေစ.........'

ဒါနဘာကြောင့် ပြုရသလဲ
+++++++++++

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကို ်ရေးသားဖော်ပြချင်ပါတယ်..
ဗုဒ္ဓဘာသာ၀င်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ သဒ္ဓါတရားတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်။

ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..။

ဒါနပြုတယ်ဆိုတာ မိမိရဲ ့ သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...သီလစောင့်တည်ခြင်း ဘာ၀နာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ ့ သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာ၀နာပွားတယ်ဆိုတာဟာလည်း မိမိရဲ ့့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် .. ်ဒါနအကြောင်းဆက်ပြောပါမယ်.။

ဗုဒ္ဓဘာသာ၀င်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..ဆရာတော် ဟောကြားတဲ့ ဥပမာလေးကို ်သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..။

ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..။

ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ ့အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...။

တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိူင်ပါဘူး..
လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..၀ိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..အဲဒီ၀ိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ ့စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..။

ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိူင်ဆုံး ထိ်န်းသိမ်းသင့်ပါတယ်...
ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..။

ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံး၀မိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..။

ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိူင်ပါဘူး..။

လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိူင်ပါဘူး..ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ ကောင်းစားဖို့ဆိုတာ လောဘ... ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိူင်စရာ အကြောင်းမရှိပါဘူး..အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..။

ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..ဗုဒ္ဓဘာသာ၀င်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိူင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

Dec 22, 2015

ေသခါနီးျဖစ္တဲ့ စိတ္​


ေသခါနီးျဖစ္တဲ့ စိတ္ဟာ အရမ္းကို အေရးၾကီးပါတယ္ ။
လားရာသုဂတိကို ခ်က္ခ်င္းအက်ိဳးေပးနုိင္ပါတယ္ ။ ဒီအေၾကာင္းတရားကိုျမတ္စြာဘုရားရွင္က ယခုလိုေဟာၾကားခဲ့ပါတယ္ ။

ႏြားေက်ာင္းသားဟာ ေန၀င္လို႕ ႏြားေတြကို ျခံထဲသြင္းတဲ့အခါမွာ
ႏြားပ်ိဳ ႏြားေပါက္စေလးေတြက ေရွ့ဆံုးကေန တိုးေ၀ွ႕ျပီး ၀င္ၾကတယ္ ။
ဒါေပမယ့္ မသန္မစြမ္းေတာ့တဲ့ ႏြားအိုၾကီးေတြကေတာ့ ဘယ္ေလာက္ပဲ ရိုက္နွက္ေျခာက္လွန္႕သည္ျဖစ္ေစ ျဖည္းျဖည္းခ်င္းပဲ ေနာက္ဆံုးကေန ၀င္ၾကတယ္။ေနာက္ဆံုး ႏြားျခံကို ပိတ္လိုက္တဲ့ အခ်ိန္မွာေတာ့ ႏြားအိုၾကီးေတြကျခံေပါက္၀မွာပဲ အိပ္ၾကရတယ္ ။ ဒါေပမယ့္ ေနာက္တစ္ေန႕ ႏြားေတြကို ျခံထဲက ျပန္ထုတ္တဲ့အခါမွာေတာ့ ျခံ၀မွာ အိပ္ေနတဲ့ ႏြားအိုၾကီးေတြကပဲအရင္ထြက္ခြင့္ရပါတယ္ ။ ႏြားပ်ိဳႏြားငယ္ ေတြကေတာ့ ေနာက္ဆံုးမွပဲထြက္ၾကရပါတယ္ ။ အဲ့ဒီလိုပဲ ေသခါနီး ခိုကိုးရာမဲ့ေနတဲ့ အခ်ိန္မွာ ျဖစ္တဲ့စိတ္ဟာအရင္ဆံုးအက်ိဳးေပးပါတယ္ လို႕ ျမတ္စြာဘုရား ေဟာၾကားေတာ္မူခဲ့ပါတယ္ ။

၀ိပႆနာအသိ မရွိတဲ့ လူ႕ပတ္၀န္းက်င္မွာ ေသရရင္ျဖင့္ အရမ္းကို ေၾကာက္ဖို႕ေကာင္းပါတယ္ ။ ၾကည့္ေလရာ ျမင္ေလရာက ကိုယ္တစ္ဘ၀လံုး စြဲခဲ့တဲ့အရာေတြခ်ည္းပါပဲ ။ အိမ္ေတြ အသံုးအေဆာင္ေတြ အ၀တ္အစားေတြ သား သမီး လင္မယားေတြ အိမ္ေမြးတိရစာၦန္ေတြ ။ ကိုယ့္ပတ္၀န္းက်င္မွာ ရွိတာေတြအကုန္လံုးက ကိုယ့္ကို အပါယ္ဆြဲခ်မယ့္ အရာေတြခ်ည္းပဲ ။ ဒါေၾကာင့္ တစ္ခ်ိဳ႕ နားလည္သေဘာေပါက္တဲ့ လူေတြဟာ သူေတာ္ေကာင္းေနရာ ေမတၱာဓါတ္လႊမ္းျခံဳတဲ့ေနရာ ဆိတ္ျငိမ္တဲ့ ေနရာေတြမွာ ၾကိဳတင္စီစဥ္ျပီး ေသဆံုးေလ့ ရွိၾကပါတယ္။ ေသမယ့္အခ်ိန္ကိုၾကိဳမသိနုိင္ေပမယ့္ အဲ့လိုေနရာမ်ိဳးမွာပဲ ဘ၀ရဲ့ ေနာက္ဆံုးအခ်ိန္ေတြကို ျဖတ္သန္းသြားၾကပါတယ္ ။ ေၾကာက္လည္း ေၾကာက္စရာပါပဲ။အပါယ္က်သြားလို႕ ဘြာေတး လုပ္လုိ႕ မရပါဘူး ။
အကုသိုလ္ အစြဲအလန္းေတြ အားၾကီးလြန္းလို႕ ေသခါနီး ၀ိဥာဥ္မခ်ဳပ္နုိင္ပဲဆန္႕တငင္ငင္ ျဖစ္ေနတဲ့ ပုဂၢိဳလ္ေတြရွိပါတယ္ ။ တစ္ခ်ိဳ႕ကလည္းအကုသိုလ္ေစတနာ ကုသိုလ္ေစတနာ သိပ္ၾကီးၾကီးမားမား မရွိ.. ၀ိပႆနာဥာဏ္ကလည္းမရွိေတာ့ သူ႕ ကံက သူ႕ကို ဘယ္ပို႕ရမွန္း မသိပဲ ဟိုစိတ္ေရာက္လိုက္ ဒီစိတ္ေရာက္လိုက္နဲ႕ ၾကာေနတာေတြ ရွိပါတယ္။ ဒါကိုပဲ ေဘးကလူက ဟိုလူ႕ေစာင့္သလိုလို ဒီလူ႕ ေစာင့္သလိုလို သားကိုပဲ ေမွ်ာ္သလိုလို သမီးကိုပဲေမွ်ာ္သလိုလိုထင္ေတာ့တာပါပဲ ။ သားေလး ေရာက္လာျပီ သမီးေလး ေရာက္လာျပီထၾကည့္ပါဦး လို႕ ေဘးကမ်ား ကုန္းေအာ္လိုက္လို႕ကေတာ့ ေသတဲ့သူ တစ္ခါတည္း သြားေရာ့ ငရဲအိုးပဲ .. အပါယ္ေလးဘံုကို တန္းေနေအာင္ ေျပးပါေတာ့တယ္ ။ေသတဲ့သူကို ဆြဲခါ လႈပ္ယမ္း ဖက္ ျပီး ေအာ္ငိုတာကေတာ့ အဆိုးဆံုးပါပဲ ။က်လုက်ခင္ ျဖစ္ေနတဲ့သူကို ခ်စ္သလိုလိုနဲ႕ ေဆာင့္ကန္ခ်လိုက္တာပါပဲ ။

ဒါေၾကာင့္ ငါေသရင္ မငိုၾကနဲ႕ ဆူဆူညံညံလည္း မလုပ္ၾကနဲ႕… ငါ့ေဘးနားလည္းမေနၾကနဲ႕ ငါ့တရားနဲ႕ငါ နွလံုးသြင္းျပီး ျငိမ္းျငိမ္းခ်မ္းခ်မ္း ေသမယ္လို႕အဲ့လို ၾကိဳတင္ျပီး မိသားစုကို မွာထားရမယ္...
အေဖရယ္ အေမရယ္ နိမိတ္မရွိေသစကားမေျပာပါနဲ႕ အဲ့လို ေျပာလာရင္ ဟဲ့ နိမိတ္မရွိ မလုပ္နဲ႕ ..ငါက ေသရင္ ဒီနိမိတ္နဲ႕ပဲ သြားရမွာ ... အဲ့လို ျပတ္ျပတ္သားသား မွာထားရမယ္လို႕မိုးကုတ္ဆရာေတာ္ဘုရားၾကီးက အထပ္ထပ္အခါခါ သတိေပးသြားခဲ့တာပါ ။

တစ္ခ်ိဳ႕က ကုသိုလ္ေကာင္းမႈေတြေတာ့ လုပ္ခဲ့ပါရဲ့ ဒါေပမယ့္ ေသခါနီးက်ေတာ့လွဴတုန္းကျဖစ္ခဲ့တဲ့ ေစတနာကို ျပန္မစြဲပဲ ေက်ာင္းစြဲ ဘုရားစြဲ ဇရပ္စြဲအဲ့လို စြဲေတာ့ ေက်ာင္းေစာင့္ ဘုရားေစာင့္ ေစတီေစာင့္ေတြပဲ ျဖစ္ၾကရတယ္ ။ရိပ္သာမွာ အားထုတ္ခဲ့ေပမယ့္ ၀ိပႆနာစိတ္ မျဖစ္ပဲ ရိပ္သာစြဲေသေတာ့ရိပ္သာေစာင့္ ျဖစ္ရျပန္တယ္ ။ ေစတနာကို ျပန္စြဲမိရင္ေတာင္မွ အစြဲျဖစ္တဲ့အတြက္ ကံရွိသေလာက္ အက်ိဳးေပးျပီး ကံကုန္တာနဲ႕ ျပန္ဆင္းရမွာပါပဲ။ ဒါေၾကာင့္ အပါယ္လြတ္ရာလမ္း တစ္လမ္းပဲ ရွိပါတယ္။ အဲ့ဒါကေတာ့ အသက္ရွင္ ေနထိုင္တုန္းမွာ ၀ိပႆနာကို ျမင့္ျမတ္စြာက်င့္ၾကံအားထုတ္ျပီး အေသတတ္ေအာင္ ၾကိဳးစားဖို႕ပါပဲ ။

သစၥာတရားကို နွလံုးသားမွာ ယံုမွားသံသယမရွိေအာင္ က်င့္ၾကံသြားနုိင္တဲ့ အရိယာပုဂၢိဳလ္ကေတာ့ ပတ္၀န္းက်င္ဘယ္လိုပဲ ျဖစ္ျဖစ္ မတုန္လႈပ္ေတာ့ပါဘူး ။အရိယာတို႕ရဲ့ လားရာသုဂတိဟာ ျမဲသြားျပီ ျဖစ္တဲ့အတြက္ သူသြားရမယ့္ လမ္းကိုေျဖာင့္ေျဖာင့္တန္းတန္းပဲ သြားပါတယ္ ။ ဒါေပမယ့္ အဲ့လိုမွ မက်င့္ၾကံနုိင္တဲ့ သာမာန္ ပုဂၢိဳလ္မ်ားအတြက္ကေတာ့ ေသခါနီးအခ်ိန္နဲ႕ပတ္၀န္းက်င္ဟာ ကိုယ့္အတြက္ ေနာက္ဆံုးအခြင့္အေရး ေနာက္ဆံုးက်ည္ဆန္ျဖစ္တဲ့အတြက္ အလြန္အင္မတန္မွ အေရးၾကီးလွပါတယ္လို႕ ေစတနာအရင္းခံျပီး သတိေပးလိုက္ရပါတယ္ ။

Share ျခင္းျဖင့္ ကုသိုလ္ယူပါ…

(အနႏၲေမတၱာ)

Unicode>>>
သေခါနီးဖြစ်တဲ့ စိတ်
-------------------

သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကိုမြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။

နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ
နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးေ၀့ှပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်၀မှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံ၀မှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ် တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာအရင်ဆုံးအကျိုးပေးပါတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။

၀ိပဿနာအသိ မရှိတဲ့ လူ့ပတ်၀န်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစာၦန်တွေ ။ ကိုယ့်ပတ်၀န်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။ သေမယ့်အချိန်ကိုကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဉာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဉာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့… ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိသလောက် အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ အသက်ရှင် နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်၀န်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်၀န်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။

Share ခြင်းဖြင့် ကုသိုလ်ယူပါ…

(အနန္တမေတ္တာ)