........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 20, 2012

အတ္တနဲ့ မာန

အတ္တနဲ့ မာန
အတ္တနဲ့ မာန လွှမ်းမိုးသောစိတ်ဖြင့် ပြုလုပ်သောကံဟူသမျှသည် မိမိတို့ ၏ အမြင်အရ ကောင်းသည်ဟု
ထင်ရသော်လည်း တကယ်တမ်းမကောင်း၊ မီးကိုအေးသည်ဟုထင်မှတ်ပြီး ကိုင်သောအခါ တကယ်မအေးပဲ ပူသည်ကိုသာခံစားရသကဲ့သို့ ဖြစ်၏၊

ထို့ ကြောင့် တကယ်တမ်း ကောင်းသော ကံဟူသည် လောဘကို ပါးအောင် လုပ်နိုင်သော အတ္တ နှင့်မာနကို
ပါးအောင်လုပ် နိုင်သောကံ သာဖြစ်၏။

ယင်းကံသည်သာ တကယ်တမ်း ကောင်းကျိုးကို ဖြစ်စေ၏၊ထို့ ကြောင့်မိမိ၏အမြင်၊ မိမိ ၏အသိ၊ မိမိ၏ကံသည်
တကယ်တမ်း ကုသိုလ်ဟုတ်သည်၊ မဟုတ်သည်ကို သိလိုပါက မိမိ၏ သန္တာန် ၌ လောဘ၊ဒေါသ၊ မောဟ တို့ ပါးမပါး စီစစ်ကြည့်ရ၏၊
လောဘ၊ ဒေါသ၊ မောဟ တို့ ပါးလျှင် ကုသိုလ်ဟုတ်၏၊ မပါးလျှင် မဟုတ်သေး...။
တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ...။
မေတ္တာရှင်ဆရာတော်(အရှုံး မရှိသော ဒဿန)စာအုပ်မှ

No comments:

Post a Comment