........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

May 12, 2017

ေသသူအတြက္ ကုသုိလ္လုပ္တဲ့အခါ ဘယ္လုိစိတ္ထားနဲ႔ ဘယ္လုိျပဳလုပ္သင့္ပါသလဲ

သေသူအတွက် ကုသိုလ်လုပ်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုပြုလုပ်သင့်ပါသလဲ
═══════════════════════
မင်္ဂလာပါ အရှင်ဘုရား
နှစ်သစ်မင်္ဂလာ ဖြစ်ပါစေရယ်လို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ဘုရား။

နှစ်သစ်မင်္ဂလာမှာ တပည့်တော်နဲ့ ထပ်တူ သိလိုကြတဲ့သူတွေအတွက် တပည့်တော်ကို မေးလျှောက်ခွင့်ပြုပါဦးဘုရား။

မေး။ ။ မိဘတစ်ယောက်ယောက် ဆုံးသွားလို့ ရည်စူးပြီး ကုသိုလ်ပြုကြတဲ့အခါ ထားအပ်တဲ့ စိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးရင် သွားလေသူအတွက် အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ ရှင်းလင်းပြောပြပေးစေချင်တာပါဘုရား။

ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ကို သံဃာတော်တွေကို ဆွမ်းကပ်၊ တရားနာပြီး လူပရိသတ်ကို ဧည့်ခံကျေွးမွေးပါ့မယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ ဘယ်လိုစိတ်ထားမျိုးန လုပ်ဆောင်ရမှာပါလဲဘုရား။ ကောင်းမှုအစုစုအတွက် ဘယ်လိုအမျှပေးရမယ်ဆိုတာမျိုး၊ ကွယ်လွန်သူအတွက် ထိရောက်စေတဲ့ အလှူမျိုးကို ညွှန်ပြပေးစေချင်ပါတယ်ဘုရား.... ။ ဒါ့အပြင် ဘုရားဟော နိပါတ်တော်တွေမှာလည်း ရက်လည်၊ လလည်၊ နှစ်လည်လုပ်ခဲ့တဲ့ အလေ့တွေရှိပါသလား၊ ဘုရားက ဘယ်လိုညွှန်ပြသွန်သင်ခဲ့တယ်ဆိုတာမျိုး ရှင်းလင်းညွှန်ပြ ဆုံးမပေးစေချင်ပါတယ်ဘုရား ....
အရှင်ဘုရားရေးသားတဲ့စာတွေကို အဆက်မပြတ် လေ့လာအားပေးရင်း မှတ်သားနာယူနေသူပါဘုရား ...
ရိုသေစွာရှိခိုးလျှက်

တပည့်တော်
ကိုသန့်(ကလေး)

မင်္ဂလာပါ ဒကာ ကိုသန့်
အလုပ်တွေ မအားတာနဲ့ ဒကာတော်ရဲ့ သိလိုတာလေးတွေကို ဖြေကြားပေးဖို့ နောက်ကျသွားပါတယ်။ နားလည်ပေးစေချင်ပါတယ်။

ဖြေ။ ။ သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တာကို စာပေကတော့ မတကဘတ္တလို့ ခေါ်ပါတယ်။ သေသွားတဲ့သူက သွားပြီဖြစ်ပေမယ့် ကျန်ခဲ့တဲ့သူတွေမှာ သေသူအတွက် ကုသိုလ်ကောင်းမှုလေးတွေ လုပ်ပြီး အမျှအတမ်း ပေးဝေတဲ့ အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားဟောနဲ့အညီ ပြုလုပ်ကြတဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မိဘနဲ့ သားသမီးတွေမှာဆိုရင် မိဘတွေကို ရည်စူးပြီး သားသမီးတွေအနေနဲ့ လုပ်ကိုလုပ်ပေးရမယ်ဆိုပြီး သားသမီး ဝတ္တရား တစ်ခုအဖြစ်တောင် ဘုရားက ဟောတော်မူပါတယ်။ အဲဒီ သားသမီး ဝတ္တရာတွေထဲမှာ လှူမျှဝေ၍ဆိုတဲ့ ဝတ္တရားတစ်ခုလည်း ပါဝင်ပါတယ်။ အလှူကို အမျှဝေပေးရမယ်ဆိုတဲ့အချက်ပါ။

အမျှဝေပေးရမယ်ဆိုတဲ့ စကားအရ သေသူတွေအတွက် တိုက်ရိုက်ချမ်းသာအောင် ပစ္စည်းဝတၳုတွေ ဘာတွေညာတွေ စတာတွေ ပေးပို့လို့မရဘဲ ကုသိုလ်ကောင်းမှု လုပ်ပြီး အဲဒီ ကုသိုလ်ရဲ့ အဖို့ဘာဂကိုသာ အမျှဝေပေးလို့ ရတာဖြစ်တဲ့ အတွက် အဓိက အချက်နှစ်ချက်ကို သတိပြုကြရမှာ ဖြစ်ပါတယ်။
တစ်အချက်က ကုသိုလ်ကောင်းမှုကို အရင်လုပ်
နှစ်အချက်က အဲဒီလို လုပ်ပြီးရရှိလာတဲ့ အကျိုးတရားကို တစ်ခါမျှဝေပေးဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဆိုတော့ကား ဒီအချက်နှစ်ချက်လုံးမှာ ကုသိုလ်လုပ်နေတဲ့ ကိုယ်ကိုယ်တိုင်ပဲ အဓိက ကျနေတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ကုသိုလ်ကောင်းမှုကို အပြည့်အဝ ရနိုင်အောင် အရင်လုပ်ဖို့ ပိုအရေးကြီးပါတယ်။ အပြည်အဝ ရဖို့အတွက် ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ ဖြူစင်တဲ့ ပစ္စည်းဝတၳု၊ ပြည့်စုံတဲ့ ကိုယ်ကျင့်သီလ၊ အကျင့်သီလ ပြည့်စုံလှတဲ့ အလှူခံပုဂ္ဂိုလ် စတဲ့ အချက်လေးတွေနဲ့ အညီ လုပ်နိုင်မယ်ဆိုရင် ကောင်းမှုအကျိုးကို အပြည့်အဝ ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကအရင် ပြည့်စုံအောင် ကုသိုလ်တွေလုပ်၊ ကိုယ်ကိုယ်တိုင် ရပြီးပြီဆိုရင် ကိုယ်ရထားတာကို ကိုယ်မျှဝေချင်တဲ့ ပုဂ္ဂိုလ်ကို ရည်စူးပြီး အမျှပေးဝေရမှာ ဖြစ်ပါတယ်။ အဲဒီအမျှပေးဝေတာကို ရည်စူးတဲ့ ပုဂ္ဂိုလ် ရနိုင်၊ မရနိုင်ဆိုတာက ဘဝပြောင်းသွားသူရဲ့ ရောက်ရှိနေတဲ့ ဘုံဘဝအပေါ်မှာ မူတည်နေတာရယ်၊ ရောက်ရှိတဲ့ ဘုံဘဝကနေ သာဓုခေါ်နိုင်၊ မခေါ်နိုင် အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဒါက သေသူဘက်က အပိုင်းပဲ ဖြစ်ပါတယ်။ သေချာတာက သေသူမရလည်း ကိုယ်ကတော့ ရအောင်ယူထားနိုင်ရင် ရပြီးသားပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရေးထားပြီး ဖြစ်တဲ့ သေသူရည်မှန်း ကုသိုလ်စွမ်း ဆိုတဲ့ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။

ဆိုလိုတာက သေသူကိုရည်စူးပြီး ကုသိုလ်လုပ်တဲ့ အခါမှာ သေသူအတွက် လိုအပ်နိုင်တဲ့ နေစရာ၊ ဝတ်စရာ၊ စားစရာ စတဲ့ အရာတွေကို အာရုံပြုပြီး အဝတ်သင်္ကန်း၊ ဆွမ်းကျောင်းဆေး စတဲ့ ပစ္စည်းအလှူတွေကို ပြတ်သားတဲ့ စေတနာ၊ ထက်သန်တဲ့ သဒ္ဓါ၊ သန့်ရှင်းတဲ့ ပစ္စည်းဝတၳု၊ ပြည့်စုံတဲ့ အလှူခံပုဂ္ဂိုလ် စတာတွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကိုယ်ကိုယ်တိုင် အရင်ဆုံး ကုသိုလ်ကို အပြည့်အဝရအောင် ကြိုးစားကာ အမျှဝေတဲ့ အခါမှသာ အဲဒီရရှိလာတဲ့ ရလာဘ်ကို သေသူအတွက်လည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ စိတ်ထားနဲ့ ပြုလုပ်ပေးဖို့လိုကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှုကို စိတ်ပါလက်ပါ သန့်သန့်ရှင်းရှင်း ပြုလုပ်ပြီး အမျှဝေမယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးကြီးသလို သွားလေသူအတွက်လည်း အကယ်၍ လိုအပ်နေတဲ့ ဘုံဘဝမှာ ဖြစ်နေခဲ့မယ်ဆိုရင် အကောင်းဆုံး အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်

မနာပဒါယီ အရှင်ဝိစိတ္တ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ


ေသသူအတြက္ ကုသုိလ္လုပ္တဲ့အခါ ဘယ္လုိစိတ္ထားနဲ႔ ဘယ္လုိျပဳလုပ္သင့္ပါသလဲ
═══════════════════════
မဂၤလာပါ အရွင္ဘုရား
ႏွစ္သစ္မဂၤလာ ျဖစ္ပါေစရယ္လုိ႔ ဆုေတာင္းေမတၱာပုိ႔သအပ္ပါတယ္ ဘုရား။

ႏွစ္သစ္မဂၤလာမွာ တပည့္ေတာ္နဲ႔ ထပ္တူ သိလုိၾကတဲ့သူေတြအတြက္ တပည့္ေတာ္ကုိ ေမးေလွ်ာက္ခြင့္ျပဳပါဦးဘုရား။

ေမး။ ။ မိဘတစ္ေယာက္ေယာက္ ဆံုးသြားလုိ႔ ရည္စူးၿပီး ကုသုိလ္ျပဳၾကတဲ့အခါ ထားအပ္တဲ့ စိတ္ေနစိတ္ထားနဲ႔ ဘယ္လုိမ်ိဳးေတြ ေဆာင္ရြက္ေပးရင္ သြားေလသူအတြက္ အေကာင္းဆံုးျဖစ္ႏုိင္မယ္ဆုိတာ ရွင္းလင္းေျပာျပေပးေစခ်င္တာပါဘုရား။

ကြယ္လြန္ျခင္း တစ္ႏွစ္ျပည့္ကုိ သံဃာေတာ္ေတြကို ဆြမ္းကပ္၊ တရားနာၿပီး လူပရိသတ္ကုိ ဧည့္ခံေကၽြးေမြးပါ့မယ္။ ဒီလုိလုပ္ေဆာင္တဲ့အခါ ဘယ္လုိစိတ္ထားမ်ိဳးန လုပ္ေဆာင္ရမွာပါလဲဘုရား။ ေကာင္းမႈအစုစုအတြက္ ဘယ္လုိအမွ်ေပးရမယ္ဆုိတာမ်ိဳး၊ ကြယ္လြန္သူအတြက္ ထိေရာက္ေစတဲ့ အလွဴမ်ိဳးကုိ ညႊန္ျပေပးေစခ်င္ပါတယ္ဘုရား.... ။ ဒါ့အျပင္ ဘုရားေဟာ နိပါတ္ေတာ္ေတြမွာလည္း ရက္လည္၊ လလည္၊ ႏွစ္လည္လုပ္ခဲ့တဲ့ အေလ့ေတြရွိပါသလား၊ ဘုရားက ဘယ္လုိညႊန္ျပသြန္သင္ခဲ့တယ္ဆုိတာမ်ိဳး ရွင္းလင္းညႊန္ျပ ဆံုးမေပးေစခ်င္ပါတယ္ဘုရား ....
အရွင္ဘုရားေရးသားတဲ့စာေတြကုိ အဆက္မျပတ္ ေလ့လာအားေပးရင္း မွတ္သားနာယူေနသူပါဘုရား ...
ရိုေသစြာရွိခုိးလွ်က္

တပည့္ေတာ္
ကုိသန္႔(ကေလး)

မဂၤလာပါ ဒကာ ကုိသန္႔
အလုပ္ေတြ မအားတာနဲ႔ ဒကာေတာ္ရဲ႕ သိလုိတာေလးေတြကုိ ေျဖၾကားေပးဖုိ႔ ေနာက္က်သြားပါတယ္။ နားလည္ေပးေစခ်င္ပါတယ္။

ေျဖ။ ။ ေသသူကုိရည္စူးၿပီး ကုသုိလ္လုပ္တာကုိ စာေပကေတာ့ မတကဘတၱလုိ႔ ေခၚပါတယ္။ ေသသြားတဲ့သူက သြားၿပီျဖစ္ေပမယ့္ က်န္ခဲ့တဲ့သူေတြမွာ ေသသူအတြက္ ကုသုိလ္ေကာင္းမႈေလးေတြ လုပ္ၿပီး အမွ်အတမ္း ေပးေဝတဲ့ အေလ့အက်င့္ဟာ ဗုဒၶဘာသာဝင္ေတြရဲ႕ ဘုရားေဟာနဲ႔အညီ ျပဳလုပ္ၾကတဲ့ အေလ့အက်င့္ ျဖစ္ပါတယ္။ မိဘနဲ႔ သားသမီးေတြမွာဆုိရင္ မိဘေတြကုိ ရည္စူးၿပီး သားသမီးေတြအေနနဲ႔ လုပ္ကုိလုပ္ေပးရမယ္ဆုိၿပီး သားသမီး ဝတၱရား တစ္ခုအျဖစ္ေတာင္ ဘုရားက ေဟာေတာ္မူပါတယ္။ အဲဒီ သားသမီး ဝတၱရာေတြထဲမွာ လွဴမွ်ေဝ၍ဆုိတဲ့ ဝတၱရားတစ္ခုလည္း ပါဝင္ပါတယ္။ အလွဴကုိ အမွ်ေဝေပးရမယ္ဆုိတဲ့အခ်က္ပါ။

အမွ်ေဝေပးရမယ္ဆုိတဲ့ စကားအရ ေသသူေတြအတြက္ တုိက္႐ုိက္ခ်မ္းသာေအာင္ ပစၥည္းဝတၳဳေတြ ဘာေတြညာေတြ စတာေတြ ေပးပုိ႔လုိ႔မရဘဲ ကုသုိလ္ေကာင္းမႈ လုပ္ၿပီး အဲဒီ ကုသုိလ္ရဲ႕ အဖုိ႔ဘာဂကုိသာ အမွ်ေဝေပးလုိ႔ ရတာျဖစ္တဲ့ အတြက္ အဓိက အခ်က္ႏွစ္ခ်က္ကုိ သတိျပဳၾကရမွာ ျဖစ္ပါတယ္။
တစ္အခ်က္က ကုသုိလ္ေကာင္းမႈကုိ အရင္လုပ္
ႏွစ္အခ်က္က အဲဒီလုိ လုပ္ၿပီးရရွိလာတဲ့ အက်ိဳးတရားကုိ တစ္ခါမွ်ေဝေပးဆုိတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

ဆုိေတာ့ကား ဒီအခ်က္ႏွစ္ခ်က္လုံးမွာ ကုသုိလ္လုပ္ေနတဲ့ ကုိယ္ကုိယ္တုိင္ပဲ အဓိက က်ေနတာျဖစ္ပါတယ္။ ကုိယ္ကုိယ္တုိင္က ကုသုိလ္ေကာင္းမႈကုိ အျပည့္အဝ ရႏုိင္ေအာင္ အရင္လုပ္ဖုိ႔ ပုိအေရးႀကီးပါတယ္။ အျပည္အဝ ရဖုိ႔အတြက္ ျပတ္သားတဲ့ ေစတနာ၊ ထက္သန္တဲ့ သဒၶါ၊ ျဖဴစင္တဲ့ ပစၥည္းဝတၳဳ၊ ျပည့္စုံတဲ့ ကုိယ္က်င့္သီလ၊ အက်င့္သီလ ျပည့္စုံလွတဲ့ အလွဴခံပုဂၢိဳလ္ စတဲ့ အခ်က္ေလးေတြနဲ႔ အညီ လုပ္ႏုိင္မယ္ဆုိရင္ ေကာင္းမႈအက်ိဳးကုိ အျပည့္အဝ ရႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီလုိ ကုိယ္ကအရင္ ျပည့္စုံေအာင္ ကုသုိလ္ေတြလုပ္၊ ကုိယ္ကုိယ္တုိင္ ရၿပီးၿပီဆုိရင္ ကိုယ္ရထားတာကုိ ကုိယ္မွ်ေဝခ်င္တဲ့ ပုဂၢိဳလ္ကုိ ရည္စူးၿပီး အမွ်ေပးေဝရမွာ ျဖစ္ပါတယ္။ အဲဒီအမွ်ေပးေဝတာကုိ ရည္စူးတဲ့ ပုဂၢိဳလ္ ရႏုိင္၊ မရႏုိင္ဆုိတာက ဘဝေျပာင္းသြားသူရဲ႕ ေရာက္ရွိေနတဲ့ ဘုံဘဝအေပၚမွာ မူတည္ေနတာရယ္၊ ေရာက္ရွိတဲ့ ဘုံဘဝကေန သာဓုေခၚႏုိင္၊ မေခၚႏုိင္ အေပၚမွာပဲ မူတည္ေနတာ ျဖစ္ပါတယ္။ ဒါက ေသသူဘက္က အပုိင္းပဲ ျဖစ္ပါတယ္။ ေသခ်ာတာက ေသသူမရလည္း ကုိယ္ကေတာ့ ရေအာင္ယူထားႏုိင္ရင္ ရၿပီးသားပဲ ျဖစ္ပါတယ္။ ဒီအခ်က္နဲ႔ ပတ္သက္ၿပီး ဘုန္းဘုန္းေရးထားၿပီး ျဖစ္တဲ့ ေသသူရည္မွန္း ကုသုိလ္စြမ္း ဆုိတဲ့ ဒီပုိ႔စ္ေလးကုိ ျပန္ဖတ္ၾကည့္ေစခ်င္ပါတယ္။

ဆုိလုိတာက ေသသူကုိရည္စူးၿပီး ကုသုိလ္လုပ္တဲ့ အခါမွာ ေသသူအတြက္ လုိအပ္ႏုိင္တဲ့ ေနစရာ၊ ဝတ္စရာ၊ စားစရာ စတဲ့ အရာေတြကုိ အာ႐ုံျပဳၿပီး အဝတ္သကၤန္း၊ ဆြမ္းေက်ာင္းေဆး စတဲ့ ပစၥည္းအလွဴေတြကုိ ျပတ္သားတဲ့ ေစတနာ၊ ထက္သန္တဲ့ သဒၶါ၊ သန္႔ရွင္းတဲ့ ပစၥည္းဝတၳဳ၊ ျပည့္စုံတဲ့ အလွဴခံပုဂၢိဳလ္ စတာေတြကုိ အေကာင္းဆုံး ျပင္ဆင္ၿပီး ကုိယ္ကုိယ္တုိင္ အရင္ဆုံး ကုသုိလ္ကုိ အျပည့္အဝရေအာင္ ႀကိဳးစားကာ အမွ်ေဝတဲ့ အခါမွသာ အဲဒီရရွိလာတဲ့ ရလာဘ္ကုိ ေသသူအတြက္လည္း ထပ္တူထပ္မွ် ရပါေစဆုိတဲ့ စိတ္ထားနဲ႔ ျပဳလုပ္ေပးဖုိ႔လုိေၾကာင္း ဆုိလုိတာ ျဖစ္ပါတယ္။ အဲဒီလုိ ကုိယ္ကုိယ္တုိင္ ကုသုိလ္ေကာင္းမႈကုိ စိတ္ပါလက္ပါ သန္႔သန္႔ရွင္းရွင္း ျပဳလုပ္ၿပီး အမွ်ေဝမယ္ဆုိရင္ ကုိယ့္အတြက္လည္း အက်ိဳးႀကီးသလုိ သြားေလသူအတြက္လည္း အကယ္၍ လုိအပ္ေနတဲ့ ဘုံဘဝမွာ ျဖစ္ေနခဲ့မယ္ဆုိရင္ အေကာင္းဆုံး အက်ိဳးသက္ေရာက္မႈကုိ ျဖစ္ေစမွာ အမွန္ပဲ ျဖစ္ပါတယ္

မနာပဒါယီ အရွင္ဝိစိတၱ
═══════════════════════
ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ

No comments:

Post a Comment