........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

ဗုဒ္ဓအပေါ် သူတို့အမြင်(၂)

ဗုဒ္ဓသည် ကျွန်ုတို့နှင့် ပို၍ နီးကပ်လာ၏ ရိုးသားထက်သန်သူ တစ်ကိုယ်တည်းသမား အသိဉာဏ်အလင်း ရရှိရန် တိုက်ပွဲဝင်သူ လူသားတစ်ဦးကို ရှုမြင်လိုက်ပါ။ ဒဏ္ဍာရီဆန်ဆန် မဟုတ်ဘဲ ထင်ရှားသည့် လူသားဆန်သော အရည်အသွေးကို ကြည့်ပါ။ အံ့သြဖွယ်ဒဏ္ဍာရီများ၏ နောက်ကွယ်တွင် ကျွန်ုပ် သိရှိရသည်မှာ လူသားတစ်ဦးလည်း ရှိခဲ့သည်။ သူသည်ပင် လူသားထုတစ်ရပ်လုံးကို သင့်မြတ်လျော်ကန်စွာ အဆုံးအမ ပေးခဲ့သည်။ အကောင်းဆုံး ခေတ်သစ်အတွေးအခေါ်များသည် ယင်းအဆုံးအမနှင့် အနီးစပ်ဆုံး ညီညွတ်လျက် ရှိသည်။ စိတ်ဒုက္ခရောက်မှု၊ အလိုမပြည့်မှုများသည် တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့် ဖြစ်ကြောင်း ဗုဒ္ဓက သင်ကြားဆုံးမခဲ့သည်။ တစ်ကိုယ်ကောင်းဆန်မှုသည် အသွင်သုံးမျိုး ဆောင်၏။ အာရုံဆန္ဒ ပြည့်လိုခြင်း၊ ထာဝရတည်မြဲလိုခြင်း၊ လောကစည်းစိမ်ခံစားလိုခြင်းတို့ ဖြစ်သည်။ လူသားသည် စိတ်ကြည်လင်မှု ဖြစ်မလာမီ အသိဉာဏ်ရှင်သန်ရေးအတွက် (တစ်ကိုယ်ကောင်းဆန်းမှု) ကို ချုပ်စဲစေရမည်။ ထို့နောက် သူသည် မြင့်မြတ်သော ပုဂ္ဂိုလ်(သတ္တ၀ါ)တစ်ဦးအဖြစ် တစ်ရွေ့ရွေ့ ပြောင်းလဲသွားသည်။ ဗုဒ္ဓသည် ခရစ်တော် မပေါ်မီ နှစ်ပေါင်း ငါးရာကပင် လူသားများအား ကိုယ့်ကိုကိုယ် မေ့လျော့မှုနှင့် ပတ်သက်၍ ဟောကြားခဲ့သည်။ ဗုဒ္ဓသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ လိုအပ်ချက်များဆီသို့ ပိုမိုနီးကပ်လာသည်။ ပုဂ္ဂိုလ်ရေးရာ ၀န်ဆောင်မှုတွင် ခရစ်တော်ထက် ပိုမိုပွင့်လင်းပြီး ဘ၀ရေးရာအမေးပုစ္ဆာများကို ဖြေကြားရှင်းလင်းတော်မူရာ၌ နှစ်လုံးနှစ်ခွ (ဒွါဓိပ္ပါယဖြစ်မှု) ပိုမိုနည်းပါးသည်။ (အိပ်ခ်ျဂျီဝဲလ်)

No comments:

Post a Comment