........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 23, 2012

အဓိဋ္ဌာန်

အဓိဋ္ဌာန်
သာသနာ့ ရန်အမျက်၊ မချန်ဖျက် ခြွေမည်၊
နှစ်ပြန်သက် သေပစီ၊ မသွေဖည် ရှောင်၍၊
အမှန်ဘက် လိုက်ကူမယ်၊ မကြိုက်သူ မုန်းကြပစေ့၊
ဘုရားကြိုက် ဓမ္မက္ခန်ညီ၊ တဆံချည် မရွေ့၊
ဉာဏ်ပလီ ဓလေ့ကြောင့်၊ တွေ့သမျှ ဘေးဒဏ်၊
ရေမြေ့ရှင် အာဏာထားစေတော့၊ ငါဘုရား သားတော်အမှန်၊
မုနိန္ဒ ဃောသ ခံသလို၊ လောကဓံ အိုမကြောက်ပါဘု၊
ကိုယ်တစ်ယောက် ကွက်ကျန်ပ-စေ၊ ဘက်မှန်က-နေ၊
မှားရင်ဖြင့် ဒို့မနေပြီ၊ ကိုယ့်အဖေ ဖြစ်ဦးတော့လေး။
သာသန ဝေရရန်ကို၊ မြေကလှန် ကျူငုတ်ပ-လေး။
ဆီစုတ်တဲ့ ချည်အရှုပ် မိတ်ဆာတောင်၊ တဆိတ်စာ ခြွင်းချန်ဘုလေး။
(ဦးအောင်ဇေယျလက်ထက် အတင်အရုံ ၀ိဝါဒတွင် မုနိန္ဒဃောသ ဆရာတော်သည် သာသနာတော်အတွက် မှန်သော ဘက်မှနေ၍ ၀တ်ဖြူလဲကာ ထောင်အကျဉ်းချခံရသော်လည်း အမှန်ကို မစွန့်။)
(ဓမ္မာစရိယ ဦးဌေးလှိုင်-၏ လူသေလျှင် လူဖြစ်သလော- စာအုပ်မှ)

No comments:

Post a Comment