........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

ဗုဒ္ဓအပေါ် သူတို့အမြင်(၁)

ဗုဒ္ဓ
ခရစ်တော်သည် 
အခြားသော သမိုင်းဝင်ပုဂ္ဂိုလ်းများလောက် 
မြင့်မားစွာ ပညာရပ်ကြောင့် ရပ်တည်သလား၊
ပါရမီကြောင့် ရပ်တည်သလား ဟူသည်ကို 
ကျွန်ုပ်ကိုယ်တွေ့ မသိရပါ။
သို့ရာတွင် 
ပါရမီ၊ ပညာတို့နှင့် ပတ်သက်လျှင်
ဗုဒ္ဓကို ခရစ်တော်၏ အပေါ်စီးမှ ထားသင့်သည်။ 
(ဘာထရန်ရပ်ဆဲလ်)


ပါရမီတော်အစုအဝေး
ဗုဒ္ဓဟူသည်
ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သည့်
ပါရမီတော်များ၏ အစုအဝေး ဖြစ်သည်။
အောင်မြင်ထူးရှားသည့်
သာသနာပြုသက်တမ်း ၄၅-နှစ်တာအတွင်း
သူ့ ဟောပြောချက် စကားလုံးတော်အားလုံးကို
လုပ်ငန်းအသွင်သို့ ပြောင်းလဲစေခဲ့သည်။
သက်ဝင်လှုပ်ရှားစေခဲ့သည်။
လူ့သမာဓိအားနည်းမှု
သို့မဟုတ် ယုတ်ညံ့သည့်တပ်မက်မှုကို
ထွက်ပေါက်ပေးသည့် နေရာ မရှိပေ။
ဗုဒ္ဓ၏ လူမှုကျင့်ဝတ်ဆိုင်ရာ
စည်မျဉ်း(ဂီဟိဝိနယ)သည်
ကမ္ဘာကပင် သိထားသည့်
အပြည့်စုံဆုံး စည်းမျဉ်း ဖြစ်သည်။
(ဂျာမန်ပညာရှင် ပါမောက္ခ မက်ခ်စ်မူလာ)


လူသားပန်းတစ်ပွင့်
ဤအရာ
လူသားသစ်ပင်မှာ
နှစ်ပေါင်းကုဋေကုဋာ
တစ်ကြိမ်သာ ပွင့်ခဲ့တာ
ပညာရနံ့ မေတ္တာပျားရည်စက်များ
လောကကို ပြည့်ဝစေခဲ့တာ
လူသားပန်းတစ်ပွင့်ပါ။
(ဆာ-အက်ဒွင်အာနိုး)

No comments:

Post a Comment