........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 23, 2012

သင် ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ?

သင် ဘယ်လို ဗုဒ္ဓဘာသာဝင်လဲ?
မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်သော နိုင်ငံ ဖြစ်သည်။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့လေပြီ။ ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ ရေခံ မြေခံ ကိုးကွယ်မှုဆိုင်ရာ ဘာသာတရား ဖြစ်၏။ သို့ရာတွင် `ထေရ၀ါဒ ဗုဒ္ဓဘာသာ၌ သက်ဝင်ယုံကြည်ကြပါသည်´ ဆိုသော ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ ကိုးကွယ်ယုံကြည်သော ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြည့်ပြည့်စုံစုံ သိနားလည်အောင် လေ့လာသူများမှာ အနည်းစုသာ ဖြစ်သည်။ အများစုမှာမူ မိရိုးဖလာ သဘောအရလောက်သာ လေ့လာသူများ ဖြစ်ကြသည်။
ယခုအခါ မိရိုးဖလာ သဘောအရလောက်သာ လေ့လာသူအများထဲက ထေရ၀ါဒ ဗုဒ္ဓဘာသာကို မိရိုးဖလာသိ အဆင့်ထက် လွန်အောင် လေ့လာလိုသူများ တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍ များပြားလာသည်ကို တွေ့ရ၏။ သို့ရာတွင် မည်သို့ စတင် လေ့လာရမှန်း မသိကြသဖြင့် မိမိတို့ စိတ်ကူးရသလို လေ့လာရာမှ -
-`ဂိုဏ်းဆရာများ၏ သာဝကများ အဖြစ်သို့ ရောက်သွားသူများလည်း ရှိကြ၏။
`အချို့မှာမူ ဗုဒ္ဓဘာသာ၏ အပြစ်ကို ရှုလေ့ရှိကြသော ဘာသာမဲ့ ဆရာကြီးများ၏ သာဝကများ အဖြစ်သို့ ရောက်သွားသူများလည်း ရှိကြ၏။
`အချို့ကား ထေရ၀ါဒ ဗုဒ္ဓဘာသာကို ယနေ့ခေတ်စားနေသော ၀ါဒအမျိုးမျိုးနှင့် ညှိနှိုင်းပြီး ပြန်လည် ပြင်ဆင်လိုကြသော ပြန်လည်ပြင်ဆင်ရေး ဆရာကြီးများ၏ သာဝကများ အဖြစ်သို့ ရောက်သွားသူများလည်း ရှိကြ၏။
`နောက်တစ်မျိုးကား မိမိတို့ စတင်လေ့လာစဉ်က စနစ်တကျ လေ့လာခြင်းမျိုး မဟုတ်ခဲ့သဖြင့် မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလို ခြုံငုံမသုံးသပ်နိုင်ဘဲ မိမိတို့ သိရှိလိုက်သည့် အချက်အလက်များကိုသာ အသေဆုပ်ကိုင်ပြီး `မိမိသည်သာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဖြစ်သည်´ဟု အခြောက်တိုက် အထင်မှားနေသော အတုဗုဒ္ဓဘာသာဝင် ဖြစ်၏။
(ဦးရွှေအောင်၏ စာဖတ်သူများ စာအုပ်မှ)

No comments:

Post a Comment