........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 19, 2012

ကဗျာများ




လေပြေအေးသာ
တိုက်ချင်ပါလည်း
မုန်းတိုင်းတွေကို
မင်းကြိုဆို။

အပြုံးတွေကို
ပေးချင်လိုလည်း
အမုန်းတွေသာ
ဖန်တီးတာ။

အေးမြသာယာ
နေချင်ပါလည်း
ကြမ်းဖက်မှုသာ
ပွင့်ဝေဖြာ။

သူတော်စင်လို
စိတ်ထားလိုလည်း
အငြှိုးတရားနဲ့
ဝင်ထိုးနှက်။

ငြိမ်းချမ်းရေးမှာ
အိပ်လိုပါလည်း
ဗုံးသံတွေသာ
သံစဉ်ဖြာ။

ကင်းလွတ်နေရာ
ပုန်းနေပါလည်း
ဝုန်းဝုန်းဒိုင်းဒိုင်း
ပြေးဖွေရှာ။

ဘုရားရှင်လို
သည်းခံလိုလည်း
မာန်ပိုပြုချက်
လွန်ရက်စက်လို့
မပျက်မကွက်
 အမှန်ဘက်သာ
ဆက်ရပ်ပါမယ်
သဗ္ဗေ သတ္တာ ကမ္မဿကာ
သင်ပြုမူတာ သင်ခံရှာ။
ရှင်သန်
1.10.2012 9:45 PM  တနင်္လာ
ခွးငယ်ကလေး မုန့်တွေကျွေးက ဖြူဖွေးသွားများ ပေါ်စေငြားလျက် အနားတိုးလှမ်း အမြီးရမ်း၏။ ကြောင်ရွှေဝါလေး အစာပေးက အလေးပြုယောင် တညှောင်ညှောင်နဲ့ သားမောင်လိုမျိုး လူကိုတိုး၏။ ခိုငှက်လေးတွေ အစာဝေက အနေမရိုင်း ကဆုန်စိုင်းလျက် ချက်သိုင်းသွက်လက် လက်ပေါ်တက်၏။ အော်.. အပါယ်ဘုံးသား တိရစ္ဆာန်များပင် အစားအစာ ရသောခါတွင် မာယာမဖြာ ဟန်မူယာဖြင့် တင်လာကျေးဇူး ဆပ်လိုက်ဦးမည် ထူးကြံစည်လျက် သံမြည်ချိုချို ကျေးဇူးဆိုလည်း..။ လူပင်မည်မြောက် တိရစ္ဆာန်လောက်ပင် ဦးနှောက်မပါ စိတ်ယုတ်မာလျက် အစာကျွေးလက် ပြန်ကိုက်ထွက်သို့ အသက်ရှင်ရှင် နေစေချင်လို့ တော်ဝင်စိတ်ထား ရွှေလက်များဖြင့် သနားငဲ့ညှာ ပြုဖူးတာကို သစ္စာအမှန် သိနေပြန်လျက် ပြစ်ဒဏ်မကြောက် စိတ်တွင်ကောက်ကာ မှောက်မှားစီရင် ကျေးစွတ်ချင်၏။ အသင်လူကား ဘာလူသားလဲ ကိုယ့်အားကိုယ်မေး ဆင်ခြင်တွေးလော့ စိတ်အေးကြည်လင် အမှန်မြင်တော့ အလျင်မြန်စွာ ပြင်ဆင်ပါလော့။

No comments:

Post a Comment