........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Aug 13, 2019

မိဘတို့၏ တောင့်တခြင်းငါးမျိုး

မိဘတို့၏ တောင့်တခြင်းငါးမျိုး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ကို ကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ဖြစ်သော သားသမီးကို အလိုရှိကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူကား...

(၁) ငါတို့မွေးမြူထားသော သားသမီးသည် ငါတို့အားလုပ်ကျွေးမွေးမြူပေလိမ့်မည်။

(၂) ငါတို့၏ အမူကိစ္စကို ပြုလုပ်ပေလိမ့်မည်။

(၃)အမျိုးဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။

(၄)အမွေခံဖြစ်ပေလိမ့်မည်။

(၅)ထို့ပြင် ဘ၀တစ်ပါးသို့ ပြောင်းသွားသောငါတို့အား အလှူ၏အဖို့ကို ပေးဝြေကပေလိမ့်မည်ဟု အလိုရှိကုန်၏။

ရဟန်းတို့ ဤအကြောင်းကို ကောင်းစွာရှူမြင်သော မိဘတို့သည်အမျိုး၌ဖြစ်သော သားသမီးတို့ကို အလိုရှိကုန်၏ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာပြုတတ်သော ငြိမ်သက်သောစိတ်ရှိသော သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည့် ကျေးဇူးကို အဖန်ဖန်အောက်မေ့လျှက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။ ကျေးဇူးပြုဖူးသူ၏ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ  မိဘတို့၏ အမူကိစ္စကိုပြုလုပ်ကုန်၏။ မိဘတို့၏ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေးမွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။ ။

ပုတ္တသုတ် (မြန်မာပြန်)  ။


No comments:

Post a Comment