........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 27, 2014

ခေတ်သစ်လူထု ထောက်ခံ၊ အားကိုးမှုနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြောင်းလဲ၊ ရပ်တည်သင့်။

ဘယ်အဖွဲ့အစည်းမှ အပြစ်အနာဆာကင်းတဲ့ အဖွဲ့အစည်းဆိုတာ မရှိလှပါဘူး။ အဖွဲ့အစည်းတိုင်းမှာ အနည်းနှင့်အများ စွတ်စွဲသံတွေ၊ သံသယတွေ၊ ပြည်သူလူထု မနှစ်မြို့တာတွေ ၊ တခါတရံ ဆန့်ကျင် ကန့်ကွက်တာတွေ ရှိတက်စမြဲပါ။

သို့ပေမယ့် အဖွဲ့အစည်းဆိုတာ ပြည်သူလူထုနှင့် ဒွန်တွဲနေပါတယ်။ ပြည်သူလူထုက မထောက်ခံလျှင် အဖွဲ့အစည်းအဖို့ ရေရှည်မတည်တံ့နိုင်။ ရည်ရွယ်ချက်ကို ရောက်ရှိနိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြည်သူလူထုက တောင်းဆိုလာလျှင် ပြင်ဆင်သင့်၊ ပြောင်းလဲသင့်ဖို့တော့ လိုပါတယ်။ ပြောင်လဲနိုင်တဲ့ ဆန္ဒလည်း ရှိဖို့လည်း လိုပါတယ်။ ဖြစ်နိုင်ရင် လူရဲ့ အမှုအကျင့်၊ ရှေးရိုးစွဲ လုပ်ထုံး၊ လုပ်နည်းတွေကို ခေတ်ခါအလိုက် ပြင်ဆင်ပြောင်းလဲဖို့တော့ လိုအပ်ပါသည်။

အဖွဲ့အစည်းတိုင်းမှာ ပြည်သူတွေရဲ့ အခြေအနေကို မှုတည်ပြီး ဖွဲ့စည်းခဲ့သော်ဌား အချို့သော လူအချို့ရဲ့ လုပ်ဆောင်ချက်မှာ ပြည်သူလူထု အကျိုးစီးပွားအား ဆန့်ကျင်ပြီး တရားမမျှတမှု၊ အလွဲသုံးစားပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုမှုကျင့်ကြလာသည့်အခါ ၄င်းအဖွဲ့အစည်းအား ဝေဖန်၊ ကန့်ကွက်တာတွေ ရှိတက်ပါတယ်။ ကမ္ဘာတခုလုံးရှိ နိုင်ငံပေါင်း ၂၀၀ နီးပါးကို ကိုယ်စားပြုတဲ့ UN အဖွဲ့အစည်းတောင် တရားမမျှတမှုတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဘတ်လိုက်မှုတွေရှိနေတယ်လို့ ယနေ့အချိန်ထိ စွပ်စွဲချက်တွေ ရှိပါတယ်။

ဒီအထဲမှာ ကျတော်တို့ရဲ့ ပအိုဝ်းတိုင်းရင်းသားအခွင့်အရေးအတွက် နှစ်ပေါင်းများစွဲ တိုက်ပွဲဝင် လှုပ်ရှားခဲ့ပြီး လက်နက်ကိုင်လမ်းစဉ်မှ ပြောင်းလဲလာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လည်း ပအိုဝ်းပြည်သူလူထု၏ အကျိုးစီးပွားတချို့နှင့် ပတ်သတ်ပြီး ဝေဖန်ကန့်ကွက်သံတွေကိုလည်း မကြာခဏ ကြားရတက်ပါတယ်။ ပီအမ်အိုဟာ ကျတော်တို့ ပအိုဝ်းအမျိုးသားသမိုင်းမှာ အရှည်ကြာဆုံး သက်တမ်းရှိခဲ့တဲ့ ပအိုဝ်းလက်ကိုင်နက် တော်လှန်ရေးတပ်ပါ။ ပအိုဝ်းပြည်သူများ လေးစားအသိအမှတ်ပြုခံရသည့် ပအိုဝ်းခေါင်းဆောင် အတော်များများ ပါဝင်ပတ်သတ်ခဲ့ဖူး၊ ၀င်ရောက်ထမ်းဆောင်ခဲ့ဖူးတဲ့ တော်လှန်ရေးတပ်လည်း ဖြစ်ခဲ့ပါတယ်။ ပအိုဝ်း တော်လှန်ရေးတပ်တွေထဲမှာ အင်အား အကောင်းဆုံးနှင့် ပြည်သူလူထု အထောက်ခံဆုံး ဆိုရင်လည်း မမှားပါဘူး။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအတွက် ၁၉၉၀ ခုနှစ် အတွင်း မြေအောက်လက်နက်ကိုင်လမ်းစဉ်မှ အစိုးရနှင့် တရားဝင် အပစ်ရပ်ခဲ့ပါတယ်။ နောက်ဆုံးအထိ ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ရောက်ပြီး အချို့အဖွဲ့ဝင်များမှာ ပအိုဝ်းဒေသစောင့် ပြည်သူစစ်တပ်သဖွယ် ပြောင်းလဲ ဖွဲ့စည်းလာခဲ့ပါတယ်။ ပအိုဝ်းဒေသဖွံ့ဖြိုးနှင့် လူမျိုးတိုးတက်ရေးအတွက် အားသွင်ခွန်စိုက် လုပ်ဆောင်လာခဲ့ပါတယ်။

သို့ပေမယ့် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ပေမယ့်လည်း အချို့သော ပီအမ်အို၏ လှုပ်ဆောင်ချက်တွေဟာ ပအိုဝ်းပြည်သူလူထု၏ အကျိုးစီးပွားကို ယနေ့ထက်ထိ အဟန့်အတား ဖြစ်နေတုန်းပါဘဲ။ ကြားလိုက်ရတဲ့သတင်းတွေက ယနေ့ထက်ထိ ဒီတိုင်းတိုင်း ရှိနေတုန်းပါ။ အမှန်တော့ အဖွဲ့အစည်းတရပ်မှာ ပြည်သူလူထုအကျိုးကို ကာကွယ်စောင့်ရှောက်လေလေ အဖွဲ့အစည်း ဂုဏ်သတင်းမွှေးလေလေ၊ ပြည်သူလူထုထောက်ခံအားပေးမှု၊ အားကိုးမှုလည်း ရှိလေလေပါပဲ။ ပီအမ်အိုမှ ယနေ့ထက်ထိ ဘာတွေ လုပ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အရာတွေကို ဂုဏ်ယူ မှတ်တမ်းတင်မနေဘဲ ဒေသတွင်း ပြည်သူကြားမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ အကောင်းဆုံး အဖြေရှာ လုပ်ဆောင်ပေးသွားဖို့ လိုပါတယ်။

ပအိုဝ်းတိုင်းရင်းသားများအတွက် ပီအမ်အိုရဲ့ ဦးဆောင်မှု ၊ လွတ်တော် အတွင်း နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးအရ တက်တက်ကြွကြွ အရေးဆိုနိုင်ဖို့ လိုအပ်တာတော့ အမှန်ပါပဲ။ တခုတည်းသော ပအိုဝ်းပါတီပီပီ ပီအမ်အို၏ အခန်းကဏ္ဍာဟာ ယနေ့အချိန်မှာ အရင်လို မဟုတ်တော့ဘူ။ ပြုပြင်ပြောင်းလဲလိုမှု၊ ဂုဏ်သိက္ခာတရားနှင့် ရပ်တည်မှုကာ ပီအမ်အိုအတွက် ပိုမိုလိုအပ်လာပါတယ်။ မားမားမတ်မတ် ဦးဆောင်ရပ်တည်ဖို့ ပအိုဝ်းတိုင်းရင်းသားများအတွက် လုပ်ဆောင်ဖို့ လိုနေပါတယ်။

အကြောင်းမှာ ပီအမ်အိုရဲ့ အမျိုးသား နိုင်ငံရေးချဲ့ထွင်မှု၊ လူထုစည်းရုံးရေးဆင်မှုကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာမဟုတ်ပဲ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းရှိ ပအိုဝ်းများနေထိုင်ရာအရပ်သို့ ရောက်ရှိနေပါပြီး။ ယနေ့အချိန်ထိ ပါတီရုံးတွေ၊ အဖွဲ့ဝင်အင်အားတွေ၊ ကွန်ယက်တွေလည်း ဖွဲ့စည်းအခြေချနေပါပြီး။ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုင်းအတာထိ ပြင်ဆင်လှုပ်ရှားနေပါပြီး။ သည့်အတွက် ပီအမ်အို၏ ယခင့် အမှုအကျင့်ဟောင်းများကို စနစ်တကျကျ ခေတ်သစ်နှင့်အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ ပြည်သူလူထု အားကိုးထောက်ခံမှုများဖြင့် ရပ်တည်ဖို့ လိုပါတယ်။

သို့မဟုတ်လျှင် ယခင်လစဉ်၊ အကျင့်ဟောင်းများအတိုင်း ဆက်လက် လုပ်ဆောင်နေရင် အောက်ပြည်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများက ပီအမ်အိုအား ထောက်ခံအားပေးမှု၊ အားကိုးဝန်းရံပေးမှု ဖြစ်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။
ပအိုဝ်းအရေးအတွက် စည်းလုံးစပြုလာတဲ့ အောက်ပြည် ပအိုဝ်းတိုင်းရင်းသားများအား ပီအမ်အိုမှ ဂုဏ်သိက၊ နည်းလမ်းမှန်မှန် ပအိုဝ်းအမျိုးသားပါတီသဖွယ် ဦးဆောင်ဖို့လိုအပ်ပါတယ်။ သို့အတွက် ပီအမ်အိုမှ မှန်မှန်ကန်ကန် ခေတ်သစ်၊ စနစ်သစ်နှင့်အတူ ရပ်တည်ဖို့ လိုပါတယ်။

လက်ရှိတွင်လည်း ပြန့်ကျဲစွာနေထိုင်နေသည့် အောက်ပြည် (ခမ်းဒွမ်) ဒေသအတွင်း ပအိုဝ်းတိုင်းရင်းသားများ စုစည်းနိုင်ရေးနှင့် ညီညွတ်ရေးကို ဦးဆောင်လမ်းညွှန် လုပ်ဆောင်နိုင်ရင် ပီအမ်အိုမှ ၂၀၁၅- ရွေကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးစရာပင် မလိုအပ်တော့ပေ။ ပအိုဝ်းပြည်သူများမှ မျိုးချစ်စိတ်ဖြင့် အလိုလို မဲပေးနိုင်ပါသည်။ သို့အတွက် ပီအမ်အို ၄င်းအခြေအနေများကို သိရှိပြီး၊ နည်းလမ်းမှန်မှန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အခြားတဘက်တွင်လည်း ပီအမ်အိုမှာ များကြာမှီအတွင်း ပြန်လည်မှတ်ပုံတင်လာ သည့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲကို ပအိုဝ်းအမျိုးသား အကျိုးစီးပွားနှင့် စည်းလုံးညီညွှတ်ရေးအတွက် ပူးပေါင်းဝင်ရောက်မယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၄င်းအခြေအနေကို ကြည့်ခြင်းဖြင့် ပီအမ်အိုမှာ ပအိုဝ်းပြည်သူမျာ၏ အားပေးထောက်ခံမှုနှင့် စည်းလုံးညီညွတ်မှုရရှိရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှာ ယခင်ကဲ့သို့ ကိုယ်စားပြု လုပ်ဆောင်နေပါတယ်။ သို့ပေမယ့်လည်း အပြုသဘောမဆောင်သည့် ပီအမ်အို၏ အချို့သော လုပ်ဆောင်ချက်များက ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ဒေသရှိ ပအိုဝ်းများ၏ အကျိုးစီးပွားများအား ထိခိုက်မှုများစွာ ရှိနေတုန်းပါပဲ။

သို့အတွက် ယနေ့အချိန်တော့ ခေတ်သစ်ပြုပြင်ပြောင်းလဲလိုမှု၊ အရှိန်အ၀ါရှိ လူပုဂိုလ်အချို့ အနှောင်းအဖွဲ့ကင်းသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်ဖို့ လိုနေပါပြီး။ ပြည်သူထောက်ခံအားပေးမှု၊ အားကိုးမှုများနှင့် အရေးကြီးသည့် ကဏ္ဍများမှ မားမားမတ်မတ် အမျိုးသားပါတီသဖွယ် ဦးဆောင်ရပ်တည်ဖို့လည်း လိုအပ်ပါပြီး။ သို့မဟုတ်လျှင် လက်တလော ၂၀၁၅-ရွေးကောက်ပွဲအတွက် အခြားပအိုဝ်းပါတီများနှင့် ဘယ်လိုပေါင်းပေါင်း၊ အောက်ပြည် ပအိုဝ်းဒေသမှာ ဘယ်လို ပါတီရုံးစိုက်စိုက် ပီအမ်အိုဟာ ယခင့် ပီအမ်အိုအတိုင်း ဖြစ်လာဖို့တော့ သေချာပါတယ်။
 https://www.facebook.com/pages/Khun-Nipaoh/1417777945123327?ref=stream

No comments:

Post a Comment