........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 5, 2014

မြှောက်ပင့်ခြင်းနှင့် ချီးမွမ်းခြင်း

သူတစ်ပါး၏ ကောင်းဂုဏ်ကို မချီးမွမ်းခြင်းနိုင်ခြင်းမှာ
" ဝဏ္ဏမစ္ဆရိယ " ကြောင့် ဆိုသည်ကိုလည်း သိသူအလွန်နည်း၏။
မိမိသန္တာန်၌ ဖြစ်နေသော" ဝဏ္ဏမစ္ဆရိယ" ကို ငါတို့က သူတစ်ပါးကို
မြှောက်ပင့်မပြောတတ်ဘူးဟူသော စက...ားဖြင့် ဖုံးကွယ်တတ်ကြ
၏။မြှောက်ပင့်ခြင်းနှင့် ချီးမွမ်းခြင်းကား ဆီနှင့်ရေလို ကွာခြားလွန်း
လှ၏။

မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်၏။
ချီးမွမ်းခြင်းသည် မုဒိတာကြောင့် ဖြစ်၏။
မြှောက်ပင့်ခြင်းသည် အတ္တဟိတအတွက် ဖြစ်၏။
ချီးမွမ်းခြင်းသည် ပရဟိတအတွက်ဖြစ်၏။
မြှောက်ပင့်ခြင်းသည် မဟုတ်တာကို အဟုတ်လုပ်ပြောသဖြင့်
မုသားစကားဖြစ်၏။ချီးမွမ်းခြင်းသည် တကယ့်ကိုတော်၍ တော်
တယ်ဟု ပြောခြင်းဖြစ်၍ သစ္စာစကားဖြစ်၏။
မြှောက်ပင့်ခြင်းသည် သူယုတ်မာတို့၏ အလေ့အထဖြစ်၏။
ချီးမွမ်းခြင်းသည် သူတော်ကောင်းတို့၏ အလေ့အထဖြစ်၏။
ထို့ကြောင့် မြှောက်ပင့်ခြင်းနှင့်ချီးမွမ်းခြင်းကိုရောနှော၍ မသုံးသင့်ပေ။

သူတစ်ပါး၏ ကောင်းဂုဏ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ
ချီးမွမ်းနိုင်သူမှာ သုံးဦးသာ ရှိ၏။ယင်းတို့ကား ……

* ဣသာမစ္ဆရိယကို မဂ်ဖြင့် အမြစ်သတ်ပယ်သတ်ပြီးသော
သောတာပန်အရိယာပုဂ္ဂိုလ်
* ပင်ကိုယ်ကပင် ဣသာမစ္ဆရိယပါးရှားပြီး နှလုံးဖြူအူစင်းသော
ပုဂ္ဂိုလ်
* ဣသာမစ္ဆရိယ၏ ဆိုးကျိုးများကို နာကြားဖတ်ရှုထားသဖြင့်
အသိဥာဏ်ဖြင့် ယင်းစိတ်များ ပေါ်မလာအောင်
ထိန်းသိမ်းထားနိုင်သူတို့ပင်ဖြစ်၏။

( မေတ္တာရှင် ရွှေပြည်သာဆရာတော်)

မေတ္တာရှင် ( ရွှေပြည်သာ ) ရေးသားသော ဘဝနှင့်ရင်းရသော
အတွေးအမြင်များ အတွဲ (၂)မှ ကောက်နုတ်ထားပါသည်။

Posted by Words of Buddha

No comments:

Post a Comment