........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 17, 2014

မြန်မာနိုင်ငံတွင် ပအိုဝ်း တိုင်းရင်းသားလူဦးရေ သတ္တမမြောက် ရှိတယ်လို့ဆို။

 မြန်မာနိုင်ငံမှာ အစိုးရ တရားမ၀င် သတ်မှတ်ထားချက်အရ လူမျိုး (၁၃၅) မျိုးထဲမှာ ပအိုဝ်း...တိုင်းရင်းသားတွေ ပါဝင်ပါတယ်။ သို့ပေမယ့် ပအိုဝ်းလူဦးရေ မြန်မာပြည်မှာ ဘယ်လောက်ရှိသလဲဆိုတာ တိတိကျကျ မသိနိုင်သေးပါဘူး။ ခန့်မှန်းချက်တွေနှင့်သာ လူဦးရေကို တွက်ချက်နေရပါတယ်။ ၁၉၈၉-ခုနှစ်အထိ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စာရင်းအရ ရှမ်းပြည်နယ်အတွင်းမှာ ပအိုဝ်းလူဦးရေ (၈၅၁,၇၄၀) ယောက်ရှိတယ်လို့ အချက်အလက်များက ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒါက နှစ်ပေါင်း ၃၀ နီးပါရှိပြီး ဖြစ်တဲ့အတွက် တရာဝင် လူဦးရေဆိုပြီး ပြောလို့တော့ မရဘူး။ ရှမ်းပြည် ပြင်ပမှာ နေထိုင်ကြတဲ့ မွန်၊ ကရင်၊ ကယား နှင့် ပဲခူးဘက်က ပအိုဝ်းလူဦးရေ ကို ကောက်ထားတဲ့ အချက်အလက်တွေကို တွေ့ရလေ့ မရှိပါဘူး။ အားလုံးကို ခန့်မှန်းခြေနှင့်သာ ပြောနေရပါတယ်။ ဒါပေမယ့် အစိုးရရဲ့ ၂၀၁၀ ဖွဲ့စည်းပုံရှိ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်ရရှိနိုင်ရေး ပြဌာန်းချက်အရဆိုရင် မွန် နှင့် ကရင်ပြည်နယ်တွေမှာ တပြည်နယ်ကို ပအိုဝ်းလူဦးရေ ၆ သောင်း အထက်စီ ရှိနေတဲ့အတွက်ကြောင့် ပအိုဝ်း လူမျိုးစု ကိုယ်စားလှယ်တွေ ရရှိခဲ့ပါတယ်။ ဒါကို ခန့်မှန်းခြေ ပအိုဝ်း လူဦးရေ စာရင်း တွက်လို့ရပါတယ်။ ပဲခူး နှင့် ကယားဘက်မှာတော့ မသိနိုင်သေးပါဘူး။ သို့ပေမယ့် မြန်မာပြည်မှာ ဗမာ၊ ရှမ်း၊ ကရင်၊ ရခိုင်၊ မွန်၊ ချင်း တိုင်းရင်းသားများပြီရင် ပအိုဝ်းလူဦးရေက သတ္တမမြောက် အဆင့်မှာ ရှိနေတယ်လို့ အချို့သော စာအုပ်များက ဆိုပါတယ်။ အချို့သော ပြည်နယ်ရှိ လူမျိုးများထက် လူဦးရေများတယ်လို့ ဆိုပါတယ်။ လူမျိုးတစ်မျိုးရဲ့ လူဦးရေ စာရင်းအတိအကျကိုတော့ မကြာမှီ သိရှိနိုင်ဖို့ ရှိပါတယ်။ သို့ပေမယ့် အခြားတိုင်းရင်းသားများ မျိုးနွယ်စုများ ကွဲပြားနေမှုကို အစိုးရမှ လူမျိုးတစ်မျိုးအဖြစ် ၂၀၁၅ သန်းခေါင်စာရင်းကောက်မည့် အစီအစဉ်ထဲမှာ ပြဌာန်းထားသလိုတော့ ပအိုဝ်းတိုင်းရင်းသားများမှာတော့ မရှိပါဘူး။ ညီနောင်တိုင်းရင်းသားများအတွက် မကြာမှီကောက်ယူမည့် သန်းခေါင်စာရင်းနှင့် ပတ်သတ်လို့ အငြင်းပွားဖွယ်ရာ၊ မျိုးနွယ်စုချင်း စည်းလုံးညီညွတ်မှု ပြိုကွဲဖွယ်ရာများ ရင်ဆိုင်နေရပါတယ်။ ပအိုဝ်းတိုင်းရင်းသားများကိုတော့ လူမျိုးတစ်ခုသာ ဖော်ပြထားလို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ နို့မဟုတ်ရင် မောင်ခွန်နွယ် (အင်းလေး) ရေးသားတဲ့ ပအိုဝ်းမျိုးနွယ် ၁၀ မျိုး ရှိတယ်ဆိုတဲ့ အတိုင်း ပအိုဝ်းမျိုးနွယ်စု (သို့) လူမျိုး ၁၀ မျိုး ကောက်ယူမယ့် သန်းခေါင်စာရင်းမှာ ပေါ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အထိုက်အလျှောက်ရှိတဲ့ လူမျိုးတစ်မျိုးရဲ့ လူဦးရေ - အစစ်အမှန် ပအိုဝ်းလူဦးရေစာရင်း ရရှိရေးဟာ နိုင်ငံဖွံဖြိုးတိုးတက်ရေးနှင့် စီးပွားရေးကိစများ အတွက်သာ မဟုတ်ပါ။ တိုင်းရင်းသား တစ်စုရဲ့ နိုင်ငံရေးအခွင့်အရေး ရရှိနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထူထောင်ရေးနှင့် နောက်ဆုံး ကိုယ်ပိုင်ပြည်နယ် ထူထောင်နိုင်ရေးအတွက် အဓိကကျ ထည့်သွင်း၊ ဆုံးဖြတ်ရတဲ့ နိုင်ငံရေး စဉ်းစားချက်တွေပဲ ဖြစ်ပါတယ်။

No comments:

Post a Comment