........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 1, 2014

သက်ရှိလောကကို တန်ခိုးရှင် ဖန်ဆင်းရှင်တို့က ဖန်တီးခြင်းမဟုတ်


မြတ်စွာဘုရား၏ တရားမှာ သက်ရှိလောကတွင် သတ္တဝါတို့ကိုလည်းကောင်း၊ လောကကိုလည်းကောင်း၊ တန်ခိုးရှင် ဖန်ဆင်းရှင်တစ်ဦးက ဖန်ဆင်းနေသည်ဟူသော ယုံကြည်သည့်အယူဝါဒသည် မမှန်ကန်ကြောင်း၊ လောကတွင် ဖန်ဆင်းရှင် မရှိကြောင်း ရုပ်လောက၏ ကံကြမ္မာသည် (ရုပ်)သဘာဝနိယာမအတိုင်း သူ့အကြောင်းကြောင့် ပြုပြင်ပြောင်းလဲနေကြောင်း၊ ရာသီဥတု(Weather) ကြောင့် တော၊ တောင်၊ ရေ၊ မြေ၊ သဲကန္တာရများဖြစ်ပေါ် ပြောင်းလဲနေသလို သက်ရှိသတ္တဝါတို့၏ ကံကြမ္မာသည်လည်း သူ့အကြောင်းအကျိုးအလိုက် ပြောင်းလဲနေကြောင်း၊ သက်ရှိလူ၊ သတ္တဝါတို့၏ ကံကြမ္မာကို ယင်းလူသတ္တဝါတို့၏ ကံကြမ္မာသလည်း သူ့အကြောင်းအကျိုးအလိုက် ပြောင်းလဲနေကြောင်း၊ သက်ရှိလူ၊ သတ္တဝါတို့၏ အတိတ်၊ ပစ္စုပ္ဗန်၊ အနာဂတ်ကာလသုံးပါးတွင် ကိုယ် နှုတ်၊ စိတ်တို့ဖြင့် ပြုလုပ်ကြသည့် ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါး(ဝါ) လုပ်ရပ်(သုံး)ပါးတို့၏ အကြောင်းအကျိုးဖြင့်သာ ကောင်းကံ၊ မကောင်းကံများသည်သာ ကောင်းကျိုး မကောင်းကျိုးရမှုကို ဖြစ်စေကြောင်း၊ မည်သည့်တန်ခိုးရှင်ကမှ လူသတ္တဝါ၊တော၊ တောင်၊ ရေ၊ မြေ၊ ကန္တာရတို့၏အခြေအနေကို ဖန်ဆင်းပြောင်းလဲလို့မရကြောင်း၊ သက်ရှိလောကသည်လည်း ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားလေးပါးကြောင့်သာ ပြုပြင်ပြောင်းလဲနေကြောင်းကိုသာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာပါ။
ဖန်ဆင်းရှင် ထာဝရဘုရားပေါ်ပေါက်လာပုံကို မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း နှစ်ပေါင်း (၅၄၀)ကျော်ကြားမှ ဗုဒ္ဓသာသနာတော်မရောက်ခဲ့သည့် ကမ္ဘာ့အရှေ့အလယ်ပိုင်း (Middle East) နှင့် အာရေးဗီးယားကျွန်းဆွယ် (Irabian Penisula) တို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း(၂၀၀၀)လောက်အချိန်က ထိုဒေသတွင် လူတို့၏ အသိဥာဏ်အလွန်ပင် ကလေးဆန်သည့် ကျေးပိုင်ကျွန်ပိုင် ခေတ်ကာလက လူတို့သည် ကြောက်ရွံ့ထိတ်လန့်သည့် အတွင်းစိတ်သဘောရှိနေကြသည့်အချိန်တွင် ကိုးကွယ်ရမည့်သူကို နတ်ဘုရားအသွင်ထင်မြင် ကိုးကွယ်ကြရာမှ ထိုနတ်ဘုရား၏ တန်ခိုးအသွင်ကို လူတို့အပြိုင်အဆိုင်အငြင်းပွားကြခြင်း၊ အုပ်ချုပ်ရေးဘက်တွင်လည်း ပဒေသရာဇ်ခေတ်ဖြစ်၍  ပဒေသရာဇ်နှင့် မဟာပဒေသရာဇ်တို့ ဘယ်သူကကြီးမြတ်သလဲ ဟူသော ရှာဖွေစူးစမ်းနေကြရသည့်အချိန်အခါတွင် လောကကို ဖန်ဆင်းရှင်ဟူသော ကောင်းကင်မှ ထာဝရဘုရား၊ တန်ခိုးရှင်၊ ဖန်ဆင်းရှင်ဘုရားဟူ၍ လူကဖန်ဆင်းရှင်ဘုရားကို ဖန်ဆင်းပေါက်ဖွားလိုက်ပေတော့သည်။
ဤကားထာဝရဘုရားဖန်ဆင်းရှင်၊ တန်ခိုးရှင်ဘုရား ဖြစ်ပေါ်လာပုံဖြစ်၏။ စင်စစ်သော်ကား ထာဝရဘုရား ဖန်ဆင်းရှင်တန်ခိုးရှင်ဘုရားဟူသည် လူတို့စိတ်အတွင်းက ပေါက်ဖွားလာသည့် အရာမျှသာဖြစ်ပေသည်။ ထာဝရဘုရားနှင့် တန်ခိုးရှင်ဘုရားကို ယုံကြည်ကိုးကွယ်သူများကသာ လူကို ထာဝရဘုရားကဖန်ဆင်းသည်ဟု အထင်ရှိကြသော်လည်း ဘာသာရေးသမိုင်းကို သိပ္ဗံနည်းကျ သုတေသနပြုသူများကမူ ကောင်းကင်မှ ဖန်ဆင်းရှင်၊ တန်ခိုးရှင်ထာဝရဘုရားဟူသည် လူက ဖန်ဆင်းသည့်အရာဟု ပြောဆိုကြတော့သည်။

ဘုရားဟူသည် လူ၊ သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးဖြစ်သော ကံကြမ္မာကို မဖန်တီးပေးနိုင်ပါ။ လူ၊ သတ္တဝါတို့အား ဘဝသံသရာဒုက္ခဝဋ်ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်ရာ ကောင်းကျိုး ချမ်းသာရာရောက်အောင် ပြုလုပ်ဖို့သာ လမ်းညွှန်ပြသည့် ကောင်းကျိုးကိုသာ ပြုလုပ်ပေးနိုင်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

No comments:

Post a Comment