........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 18, 2014

“ အသွင်တူမှ အိမ်သူဖြစ်မယ် ”

လူရယ်လို့ဖြစ်လာလို့ရှိရင် လောက သဘာဝအရ
ထိမ်းမြားမင်္ဂလာဆိုတာကို အချိန်တန်ရင်
ပြုလုပ်ကြရပါတယ် ။ မြတ်စွာဘုရာ...း လက်ထက်
တော်အခါက အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်
ထိမ်းမြားရေး၊ သားရေး ၊ သမီးရေး ၊လူမှူရေးနှင့်
ပါတ်သက်၍ မြတ်စွာဘုရားရှင်၏ လမ်းညွန်သြ၀ါဒ
တရားတော်များ၊ ဗုဒ္ဓဘာသာ ဥပါသကာ၊
ဥပါသိကာမ မိဘများ၏ သွန်သင်ချက်များသည်
ဗုဒ္ဓဘာသာ ယဉ်ကျေးမူအရ ထိမ်းမြားမင်္ဂလာပွဲ
ဆင်နွဲ့ကြသူများအတွက် အင်မတန်မှ အတုယူ
စံနမူနာများပင် ဖြစ်ပါတယ်။ ။

မိဘများ လိုက်နာရမည့် ကျင့်ဝတ်ငါးပါးကို
ဟောကြားတော်မူရာ၌ “မကောင်းမြစ်တာ၊
ကောင်းရာညွန်လတ်၊ အတတ်သင်စေ၊ ပေးဝေ
နှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင် ၊
ဖခင်မယ်တို့တာ” ဟူ၍ ထိမ်မြားမင်္ဂလာပြုလုပ်
ပေးရမယ်ဟု ညွန်ပြတော်မူခဲ့ပါတယ် ။ ။
www.facebook.com/youngbuddhistassociation.mm
မိဘတွေဘက်က သား သမီးကို ထိမ်းမြားခြင်းဆိုတဲ့
ဤနေရာမှာ အလေးအနက် ထားလျှက် “ပကတိ
ရူပေန ဒါနေန သံယောဇန္တိ” မိမိတို့၏ မျိုးရိုးစဉ်လာ၊
ကိုးကွယ်သည့်ဘာသာ၊ရုပ်ဆင်း အင်္ဂါ၊ ကျုယ်ကျင့်သီလ
စသည်တို့ဖြင့် သင့်လျှော်လျောက်ပတ်သည့် အမျိုးသား
အမျိုးသမီးများနှင့် ထိမ်းမြားပေးရမည်ဟု ထပ်ဆင့်
ညွန်ပြတော်မူခဲ့ပါတယ်။

ဘ၀တစ်သက်လုးံ အိမ်ထောင်ဘက်အဖြစ် တစ်ဦးနှင့်
တစ်ဦး ရွေးချယ်ကြရာ၌ ..
(၁) သမသီလ၊ အကျင့်စရိုက်=သီလချင်းတူညီရမယ်။
(၂) သမစာဂ၊ အလှူအတန်းရက်ရောမူ=စေတနာချင်း၊
ဝါသနာချင်းတူညီရမယ်။
(၃) သမသဒ္ဓါ၊ ကံကံ၏အကျိုးကိုယုံကြည်မူ=ရတနာ
သုးံပါးတို့အပေါ် ယုံကြည်မူချင်းတူညီရမယ်။
(၄) သမပညာ၊ အသိဥာဏ်=ကိုးကွယ်ယုံကြည်မူ
ဘာသာအယူဝါဒချင်းလည်းတူညီရမယ်။

ထိုကဲ့သို့သော အိမ်ထောင်ဘက်တို့ လက်ချင်းဆက်ကြပါမူ
ယခုဘ၀၌လည်း အိမ်ထောင်ရေး သာယာ ချမ်းမြေ့ကြပြီး
နောင်ဘ၀ အဆက်ဆက်မှာလည်းပဲ မကွဲမကွာ လက်တွဲ
မဖြုတ်ကြဘဲ ပါရမီရှင် အိမ်ထောင်ရှင်များ အမှန်ပင်
ဖြစ်ကြပေမည်ဟု မြတ်စွာဘုရားရှင်က အတိအလင်း
ဟောကြားတော်မူခဲ့ပါတယ်။

အသွင်တူမှ အိမ်သူဖြစ်နိုင်သည်ဟူသော မြန်မာ
စကားပုံအတိုင်း အိမ်ထောင်ဘက်ချင်း အသွင်
တူစေရန် အရေးကြီးလှသဖြင့် အသွင်တူသည့်
အိမ်ထောင်ဘက်လေးမျိုးမှာ …..
www.facebook.com/youngbuddhistassociation.mm
(၁) အကျင့်သီလကင်းမဲ့၍ လွဲမှားသော မိစ္ဆာအယူရှိသည့်
အမျိုးသားနှင့် အမျိုးသမီးထိမ်းမြားမှူ။
(၂)အကျင့်သီလနှင့်ပြည့်စုံ၍ မှန်ကန်သော ဘာသာ
အယူဝါဒတူ သမ္မာဒိဌိအယူမှန်ရှိသော အမျိုးသားနှုင့်
အမျိုးသမီးတို့ထိမ်းမြားမှူ။
(၃) အကျင့်သီလ ကင်းမဲ့၍ လွဲမှားသော မိစ္ဆာ
အယူရှိသည့် အမျိုးသားနှင့် အကျင့်သီလနှင့်ပြည့်စုံ၍
မှန်ကန်သော သမ္မာဒိဌိ အယူရှိသူအမျိုးသမီးတို့ ထိမ်းမြားမှူ၊
(၄)အကျင့်သီလနှင့် မှန်ကန်သော သမ္မာဒိဌိ အယူရှိသော
အမျိုးသားနှင့် အကျင့်သီလကင်းမဲ့၍ လွဲမှားသော
မိစ္ဆာဒိဌိအယူရှိသည့် အမျိုးသမီးတို့ ထိမ်းမြားမှူဟု..
ထိမ်းမြားမူလေးမျိုးရှိပါတယ်။

ထိုလေးမျိုးတို့တွင် နံပါတ်(၂)ဖြစ်တဲ့ အသွင်တူချင်း
အိမ်ထောင်ဘက်ပြုခြင်းဟာ ကောင်းမြတ်ပြီး မင်္ဂလာ
ရှိပါတယ်။

“အိမ်ထောင်မှူ၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုး၊
ဤသုးံချက် မပိုင်လျှင် နောင်ပြင်နိုင် ခက်သည့်
အမျိုး” ဟူသော ပညာရှိများအဆိုအရ .. နောင်သော
အခါဝယ် ပြုပြင်ပြောင်းလဲရန် ခဲရမ်းလှပြီး သံသရာ
တစ်လျှောက်လုးံ နစ်မွန်းနိုင်သော လုပ်ငန်းမျိုးဖြစ်သဖြင့်
ကိုးကွယ်ယုံကြည်မူကွဲပြားသောသူတို့နှင့် လုးံဝ
ထိမ်းမြားမှူ မပြုလုပ်ရန် အထူးသတိထား ဆင်ခြင်
ရပါမယ်။

အသွင်မတူပါက တစ်သက်လုးံ အိမ်ထောင်ဘက်
အဖြစ် ရွေးချယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အမျိုးသားရော ၊ အမျိုးသမီးပါ နှစ်ဦးစလုးံ …
သဒ္ဓါတူ၊ ပညာတူ၊ သီလတူ၊
အသက်မွေးစင်ကြည်မူ
တူညီကြပါမူ ဤဘ၀တွင်လည်း သာယာမူပြည့်ဝ၊
ပျော်ရွှင်မူထာဝရ ရရှိနိုင်သော အိမ်ထောင်ရှင်များ
အမှန်ပင် ဖြစ်ကြပြီး နောင်ဘ၀ သံသရာ၌လည်း
နတ်ပြည်လောကသို့ ဧကန်မုချ ရောက်ကြပါလိမ့်မယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင် တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

- အရှင်စန္ဒိမာ(ဓမ္မလရိပ်)
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment