........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 23, 2014

ပအိုဝ်း နှင့် ၀၊ ပလောင်၊ လားဟူ တိုင်းရင်းသားများက " ပြည်နယ်သစ် ဖွဲ့စည်းနိုင်ရေး"

ပအိုဝ်း နှင့် ၀၊ ပလောင်၊ လားဟူ တိုင်းရင်းသားများက " ပြည်နယ်သစ် ဖွဲ့စည်းနိုင်ရေး" တိုက်တွန်းဆွေးနွေးခဲ့။ ကရင်ပြည်နယ် ကေအင်ယူ ထိန်းချုပ်ရာ လော်ခီးလာစခန်းမှ...ာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်းစုံ တက်ရောက်တဲ့ ညီလာခံတခု ကျင်းပခဲ့ပါတယ်။ အနာဂတ် ဖယ်ဒရယ်မြန်မာပြည်ထောင်စု ဖွဲ့စည်းနိုင်ရေး နှင့် အပစ်ခတ်ရပ်စဲရေးမှ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး စတာတွေကို အဓိကဆွေးနွေးကြတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံနှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး (PNLO) ကိုယ်စားပြု ပအိုဝ်းခေါင်းဆောင် အချို့နှင့် အဖွဲ့ဝင်များလည်း တက်ရောက်နေတာ ကို တွေ့ရပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဟာ ပအိုဝ်း လက်နက်ကိုင်အဖွဲ့တွေထဲမှာ လက်ရှိတခုတည်းသော ကျန်ရှိနေတဲ့ ပအိုဝ်းလက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ လက်ရှိတွင်လည်း ပအိုဝ်းတိုင်းရင်းသားများအတွက် အစိုးရ နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လုပ်နေတာကို တွေ့ရပါတယ်။ မြန်မာပြည် ခမ်းကောင်၊ ခမ်းဒွမ် ပအိုဝ်းနေထိုင်ရာဒေသများတွင်လည်း ဆက်ဆံရေးရုံး၊ စီးပွားရေးရုံးများ ဖွင့်လှစ်ထားပါတယ်။ ၂၀၁၅ မှာ ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ၀င်ရောက်ဖို့ ဖြစ်နိုင်ခြေ မရှိပါဘူး။ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပအိုဝ်းအမျိုးသားရေး၊ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာရေးအတွက် ဆက်လုပ်သွားဖို့ အခြေအနေ ရှိပါတယ်။. လော်ခီးလာမှာ အနာဂတ် ဖယ်ဒရယ်မြန်မာပြည်ထောင်စု တည်ဆောက်သည့် အခါ ပြည်နယ်သစ်များ ဖွဲ့စည်းနိုင်ရေး အခြေခံမှု ပါဝင်လာအောင် ပြည်နယ်မရှိသေးတဲ့ လူနည်းစုတိုင်းရင်းသားများ တောင်းဆိုတာဟာ လက်ရှိ PNLO ရဲ့ ပအိုဝ်းအမျိုးသားလုံးနှင့် ဆိုင်တဲ့ နိုင်ငံရေး ရည်မှန်းချက်မှုပဲ ဖြစ်ပါတယ်။ ၄င်းမှုကို PNLO ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ လည်း တရားဝင် ပြဌာန်းထားပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးမှ အနာဂတ် ပအိုဝ်းပြည်နယ် ပေါ်ထွန်းလာရေးဆိုတဲ့ နိုင်ငံရေးမှုကို PNLO က ကိုင်ဆွဲသွားဖို့ ရှိပါတယ်။ သို့ပေမယ့် ဒါက PNLO ရဲ့ နိုင်ငံရေးမှု ဖြစ်သော်လည်းပဲ အခြားသော ပအိုဝ်းအဖွဲ့အစည်းတွေ အထူးသဖြင့် PNO ရဲ့ ထင်မြင်ယူဆချက်၊ ရပ်တည်ချက်၊ ၄င်းတို့အဖွဲ့အစည်းရဲ့ တမျိုးသားလုံးအပေါ်ထားတဲ့ နိုင်ငံရေး ဦးတည်ချက်၊ ရည်မှန်းချက်ကိုတော့ ရှင်းရှင်းလင်းလင်း တရားဝင် ပြဌာန်းထားတာ မတွေ့ရသေးဘူး။ ဒါကြောင့် ပအိုဝ်းတမျိုးသားလုံးအတွက် အဓိက နိုင်ငံရေး ဘုံရည်မှန်းချက် နှင့် အခြားသော အမျိုးသားရည်မှန်းချက်များ ပေါ်ပေါက်လာဖို့ အားလုံး ဆွေးနွေးတိုင်ပင်ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် လာမည့် ပအိုဝ်းအမျိုးသားညီလာခံမှာ ပအိုဝ်းတမျိုးသားလုံးနှင့်ဆိုင်တဲ့ ဘုံသဘောတူညီချက်၊ ပြဌာန်းချက်များ ရှင်းရှင်းလင်းလင်း ချမှတ်ထားဖို့တော့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာတော့ PNLO က ၄င်းတို့ရဲ့ နိုင်ငံရေးမှု ကို ထုတ်ဖော်ပြောဆိုနေပါပြီး။ လော်ခီးလာစခန်းမှာ လုပ်တဲ့ အကြီးဆုံးသောတိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲမှာလည်း အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုမှာ ပြည်နယ်သစ်များ ပါဝင်ဖွဲ့စည်းဖို့ အခြေခံမှု ပါဝင်လာအောင် တင်ပြတိုက်တွန်းတာလည်း တွေ့ရနေပါပြီး။ သို့ပေမယ့် ပအိုဝ်းပြည်သူတွေ၊ လူငယ်အဖွဲ့တွေ၊ လက်ရှိ ပအိုဝ်း နိုင်ငံရေးပါတီအဖွဲ့တွေ နှင့် ဒေသစောင့်အဖွဲ့တွေက ပအိုဝ်းတမျိုးသားလုံးနှင့် သတ်ဆိုင်သည့် ဘယ်လို နိုင်ငံရေး ဘုံ သဘောထားတွေ၊ ထင်မြင်ယူဆချက်တွေ၊ ပြဌာန်းချက်တွေကို ဘယ်လို ဆွေးနွေး၊ အကြံပြု၊ သတ်မှတ်ဖော်ထုတ်ကြမလဲဆိုတာ မကြာခင်မှာ ပေါ်ပေါက်လာဖို့ ရှိပါတယ်။

No comments:

Post a Comment