........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 2, 2017

ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႕- ဝါဆိုလျမတ္ႏွင့္ ဝါကပ္သံဃာေတာ္ - ဝါဆိုသကၤန္းအေၾကာင္း

{Zawgyi}
ဝါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႕-
ဝါဆိုလျမတ္ႏွင့္ ဝါကပ္သံဃာေတာ္ -
ဝါဆိုသကၤန္းအေၾကာင္း

အုံ႕မွိုင္းငယ္တဲ့၊ နယ္ရွစ္ခြင္
ေငြစန္း အာသဠွီႏွင့္၊
ယွဥ္ကာမွီ ပုဏာျပည့္တယ္၊
ထြန္းသည့္ေဝဟင္။
နဘံမွာ ျပာမွိန္ခပါလို႔
ဝသႏၱာ ခါခ်ိန္စမွာမို႔
နာဂိန္ပ တာရာဆင္
အာကာခြင္က ပဇၨဳန္ဖ်န္း။
ပၪၥင္းေတာ္ခံ
မယြင္းေနာ္ အခါတန္ေပါ့
မဟာဒါန္ အဌဂၤငယ္ႏွင့္
ဘဂဝါ အရဟံ ရင္ျပင္ဝမွာလ
တင္သရန္ မာလာကုံးၾကတယ္
ပုန္းညက္ေငြပန္း။

ျမန္မာသကၠရာဇ္ ၁၃၇၃ခုႏွစ္ ခရစ္ႏွစ္၂၀၁၁ခုႏွစ္ ယခုႏွစ္ ဇူလိုင္လ ၁၅-ရက္ေန႕တြင္ ဝါဆိုလျပည့္ ပါေတာ့မည္။ ျမန္မာျပကၠဒိန္အရ ေလးႏွစ္တိုင္း ဝါတစ္ခါ ထပ္သျဖင့္ ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခြဲျခားထားရသည္။ သို႔တိုင္ ဝါထပ္ႏွစ္တိုင္း ဒုတိဝါဆိုကိုသာ ဝါဆိုလျပည့္ေန႕ဟု သတ္မွတ္ၾကသျဖင့္ (ပထမ ဒုတိယ ခြဲမေနဘဲ) ဝါဆိုလျပည့္ဟုသာ ရိုးရိုး ပင္သတ္မွတ္ၾကသည္။
ဝါဆိုလသည္ အရပ္ရွစ္မ်က္ႏွာတိုင္း မိုးသားတို႔ျဖင့္ အုပ္ဆိုင္းေသာ အခ်ိန္သမယ ျဖစ္သည္။ အာသဠွီနကၡတ္ႏွင့္ ယွဥ္ေသာ ၿဂိဳလ္ခြင္ကာလ ျဖစ္သည္။ ဝႆႏၱ မိုးေလးလတို႔၏ ဥတုအစ ျဖစ္သည္။ ေကာင္းကင္တစ္ခုလုံး မိုးခ်ဳန္းသံတို႔ျဖင့္ တဂ်ိန္းဂ်ိန္း ျမည္သံေပးေသာ အခါသမယ ျဖစ္သည္။ ရဟန္းခံ ရွင္ျပဳေသာ ကာလ ျဖစ္သည္။ အျဖဴေရာင္ ပုန္းညက္ပန္းတို႔ ပြင့္လန္းရာ ရာသီဦး ျဖစ္သည္။

ျမန္မာဆယ့္ႏွစ္လ ရာသီပြဲေတာ္တြင္ ဝါဆိုလ၏ အဓိပၸါယ္မွာ “ရဟန္းသံဃာေတာ္တို႔ မိမိ၏ ေက်ာင္းအရာမ္အတြင္း၌ ဝါတြင္းသုံးလပတ္လုံး အရပ္တစ္ပါးသို႔ မေ႐ႊ႕မေျပာင္းဘဲ ေနထိုင္ သီတင္းသုံးျခင္းကို ရည္စူး၍ ဝါဆိုလ ေခၚသည္” ဟု ဖြင့္ဆိုသည္။ ဝါဆိုလတြင္ ရွင္၊ ရဟန္း ပၪၥင္းခံသည့္လဟုလည္း သတ္မွတ္ၾကသည္။ အေၾကာင္းကား ဝါတြင္းသုံးလအတြင္း ညအိပ္ ခရီးသြားလာခြင့္ မရွိသျဖင့္ ရဟန္းသံဃာေတာ္မ်ား အစုံအလင္ရွိၾကသည္။ ထိုေၾကာင့္ ရွင္၊ ရဟန္း ခံရန္၊ ျပဳရန္ အတင့္ေတာ္ဆုံးလဟု ဆိုသင့္ေပသည္။

ဗုဒၶဘာသာဝင္ျဖစ္ၾကသည့္ ကြၽႏု္ပ္တို႔သည္ ဝါဆိုလျပည့္ႏွင့္ သက္ဆိုင္သည့္ ဗုဒၶဝင္ အခ်က္အလက္ မ်ားကို သိရွိထားၾကသည္။ က်က္မွတ္ထားၾကသည္။ “သေနၶ၊ ေတာထြက္၊ ဓမၼစက္၊ ေဟာႁမြက္သံခ်ိဳ လဝါဆို” ဟူ၍ ႏႈတ္တက္ေနၾကသည္။ ဗုဒၶရွင္ဘုရား ပဋိသေနၶ တည္ေတာ္မူျခင္း၊ ထြက္ေတာ္မူ နန္းက ခြါျခင္း၊ တရားဦးဓမၼစၾကာ ေဟာၾကားျခင္းတို႔သည္ တိုက္ဆိုင္စြာ ဝါဆိုလျပည့္ေန႕ခ်ည္း ျဖစ္ေနခဲ့သည္။ ထိုေၾကာင့္လည္း ဗုဒၶဘာသာ တိုင္းျပည္မွန္သမွ် ဝါဆိုလျပည့္ကို ေန႕ထူးေန႕ျမတ္ တစ္ရက္အျဖစ္ သတ္မွတ္ထားၾကျခင္း ျဖစ္နိုင္ေပသည္။

ဝါဆိုလျမတ္
ဝါဆိုလျပည့္ေန႕ကို ဓမၼစၾကာ အခါေတာ္ေန႕ အျဖစ္လည္းေကာင္း၊ သံဃာေတာ္မ်ား ဝါကပ္သည့္ေန႕ အျဖစ္လည္းေကာင္း လူသိမ်ားၾကသည္။

တကယ္တမ္း စီစစ္ၾကည့္ပါမူ အထက္ပါ ကြၽန္ပ္တို႔ ႏႈတ္တက္ေနေသာ ကဗ်ာလကၤာအတိုင္း ဗုဒၶရွင္ေတာ္ဘုရား မယ္ေတာ္မဟာမာယာေဒဝီ ဝမ္းၾကာတိုက္သို႔ ပဋိသေနၶ ယူေတာ္မူသည့္ေန႕၊ နိမိတ္ႀကီးေလးပါးကို ျမင္ေတာ္မူ၍ ေတာထြက္ေတာ္မူသည့္ေန႕၊ ဘုရားအျဖစ္သို႔ ေရာက္ရွိကာ တရားဦး ဓမၼစၾကာ ေဟာၾကားေတာ္မူေသာေန႕တို႔သည္ ဝါဆိုလျပည့္ေန႕တြင္ ျဖစ္ၾကပါသည္။ သို႔ေသာ္လည္း တရားဦး ဓမၼစၾကာ ေဟာၾကားေသာေန႕ကိုသာ အဖ်ားဆြတ္ ယူလိုက္ျခင္းျဖစ္သည္။ လူအျဖစ္သို႔ မေရာက္ရွိဘဲ၊ ဘုရားအျဖစ္သို႔ မရရွိဘဲႏွင့္ ဓမၼစၾကာ တရားေတာ္ကို ေဟာေတာ္မမူနိုင္။ ထိုေၾကာင့္လည္း ဝါဆိုလျပည့္ေန႕ကို ဓမၼစၾကာ အခါေတာ္ေန႕အျဖစ္ (ရလာဒ္ကိုၾကည့္) သတ္မွတ္ျခင္းသည္ သင့္ေတာ္ေသာ သတ္မွတ္ခ်က္ဟု ဆိုနိုင္ပါသည္။

ပထမဦးဆုံး ဓမၼစၾကာ (ဓမၼစကၠပဝတၱနသုတ္) တရားေတာ္ကို ပၪၥဝဂၢီ ၅-ဦးတို႔အား ေဟာၾကားျခင္း သည္လည္းေကာင္း၊ တရားေတာ္၏ အႏွစ္ခ်ဳပ္ျဖစ္ေသာ အစြန္း ၂-ပါးလြတ္ အလယ္အလတ္လမ္း က်င့္စဥ္ကိုလည္းေကာင္း ဗုဒၶဘာသာဝင္တိုင္း သိရွိၾကၿပီး ျဖစ္သည္။ သို႔ေသာ္ ဤတရားဦးမွ ခႏၶာ ၅-ပါးအေၾကာင္းႏွင့္ သစၥာ ၄-ပါးတို႔အေၾကာင္းကို လူသားတို႔အား ပထမဦးဆုံးအျဖစ္ ဗုဒၶေဂါတမ တစ္ပါးသည္သာ မိတ္ဆက္ေပးနိုင္ခဲ့သည္ကိုကား လူသိနည္းလွပါသည္။ ဗုဒၶမွတပါး အျခား မည့္သည့္ဆရာကမွ ဤအဆန္တရားေတာ္ကို ေဟာၾကားျခင္း မရွိေသး။

ဒုတိယ တရားေတာ္ ျဖစ္ေသာ အနတၱလကၡဏသုတ္တြင္လည္း မိမိသည္ မရွိ၊ ငါ၊ သူတစ္ပါး၊ ေယာက်ၤား၊ မိန္းမ မရွိ၊ ခႏၶာ ၅-ငါးတို႔၏ အစုအဖြဲ႕မွ်သာဟု ရဲဝံ့စြာ ထုတ္ေဖာ္ခဲ့ျပန္သည္။ ငါ၊ ငါ ဟူ၍ လူသားတိုင္း လက္ခံထားသည့္ အခ်ိန္တြင္ “အနတၱ-ငါမရွိ”ဟု ထုတ္ေဖာ္ ေဟာၾကားခဲ့ျခင္းသည္ အဆန္တရားေတာ္ကို ေဟာၾကားျခင္းျဖစ္သကဲ့သို႔ လူအႀကိဳက္ကို မလိုက္၊ အမွန္တရားကိုသာ လက္ကိုင္ထား ေဟာၾကားသည့္ တရားေတာ္လည္း ျဖစ္သည္။ ထိုေၾကာင့္လည္း ဗုဒၶ၏ ပထမေျခလွမ္း ဤတရားေတာ္ ၂-ပုဒ္သည္ ေလာကႀကီး တစ္ခုလုံးကို ပြက္ေလာေစခဲ့သည္။ ဗုဒၶဘာသာဝင္တို႔အတြက္ ပထမဦးဆုံး စတင္က်င့္သုံးရမည့္ ပထမေျခလွမ္း အေျခခံတရားေတာ္ တစ္ကြက္ဟုလည္း ဆိုနိုင္ေသာ တရားေတာ္မ်ား ျဖစ္သည္။

ဝါကပ္ သံဃာေတာ္
သံဃာေတာ္တိုင္း (ဝါထပ္ပါက ဒုတိယ) ဝါဆိုလျပည့္ေန႕တြင္ ဝါကပ္ေတာ္မူၾကရပါသည္။ ဝါကပ္ျခင္းကို ဝါဆိုျခင္း၊ ဝါဝင္ျခင္းဟုလည္း ေခၚေဝၚၾကသည္။ ဝါကပ္ျခင္း အဓိပၸါယ္မွာ ဝါတြင္းသုံးလပတ္လုံး အေရးႀကီးေသာ ကိစၥရပ္ ငါးခုမွ အပ ေက်ာင္းတိုက္တစ္ခု၏ အရာမ္ (ဝင္း) အတြင္းတြင္သာ ညဥ့္အိပ္ညဥ့္ေန သီတင္းသုံး (ကပ္ေနရ) ျခင္းကို ဆိုလိုသည္။ ပါဠိေဝါဟာရ “ဝႆံ ဥေပမိ - ကြၽႏု္ပ္ ဝါကပ္ပါ၏ ” ဟု အဆိုရွိသျဖင့္ ဥပ-သဒၵါကို ဆည္းကပ္ျခင္း၊ ကပ္ျခင္းျဖင့္ အဓိပၸါယ္ ဖြင့္ထားသည္။

ဝါဆိုလျပည့္ေန႕တြင္ ဝါကပ္ရမည္၊ ဝါဆိုရမည္ဟု သာမန္ ဆိုလိုက္ေသာ္လည္း အမွန္ကား ဝါဆိုလျပည့္ေက်ာ္ ၁-ရက္တြင္မွ ဝါကို စတင္ ကပ္ရ၊ ဝင္ရျခင္း ျဖစ္သည္။ ဝါဆိုလျပည့္ေန႕သည္ ေန႕ထူးေန႕ျမတ္ ျဖစ္သည့္အားေလွ်ာ္စြာ မိမိ အမွန္တကယ္ သီတင္းသုံးရမည့္ ေက်ာင္း (သို႔မဟုတ္) ေက်ာင္းတိုက္အတြင္း အသင့္ရွိေနရမည္ကို ရည္႐ြယ္ကာ ဝါဆိုလျပည့္ေန႕တြင္ ဝါကပ္မည္ဟု သာမန္ ဆိုလိုက္ျခင္း ျဖစ္ေပသည္။ သီတင္းကြၽတ္လျပည့္ေန႕တြင္ ပဝါရဏာျပဳရမည္ကို ေနာက္ျပန္ တြက္ခ်က္ျခင္းအားျဖင့္ ဝါဆိုလျပည့္ေက်ာ္ ၁-ရက္တြင္ ဝါကပ္မွသာလွ်င္ သုံးလအတိ ျပည့္မည္ ျဖစ္ေသာေၾကာင့္တည္း။ ပါဠိအလို “ေတ မာသံ - သုံးလ” ဟု လာရွိသည္။

ရဟန္း သံဃာေတာ္တိုင္း ဝါမကပ္ မေနရ၊ ကပ္ကို ကပ္ရမည္ဟု ပညတ္ခ်က္ရွိသည္။ ဗုဒၶျမတ္စြာ ရာဇၿဂိဳဟ္ၿမိဳ႕၊ ရွဥ့္မ်ားကို အစာေကြၽးရာ ကလႏၵကနိဝါပ ဥယ်ာဥ္၊ ေဝဠုဝန္ေက်ာင္းတြင္ သီတင္းသုံးစဥ္ သံဃာေတာ္မ်ားအား မိုးတြင္းသုံးလ ဝါကပ္ၾကရန္ ပညတ္ခ်က္ ထားေတာ္မူသည္။ ပညတ္ေတာ္မူရျခင္း အေၾကာင္းရင္းကား ဤသို႔တည္း။

ရဟန္းေတာ္မ်ားသည္ ျမတ္စြာဘုရား၏ သာသနာျပဳ အဓိဌာန္ျဖစ္ေသာ “မာ ဧကေန ေဒြ- လမ္းတစ္ေၾကာင္းတည္း ႏွစ္ပါးမသြားပါႏွင့္ ” အလိုေတာ္အရ သာသနာျပဳခရီး ႂကြခ်ီၾကသည္။ ေန႕မေ႐ြး၊ ညမနား၊ ေနမိုးကို အန္တု၊ ေဆာင္းကို မမႈ သာသနာျပဳ စိတ္ဓာတ္ျဖင့္ အရပ္အရပ္ အ႐ြာအ႐ြာသို႔ လွည့္လည္ကာ အသိအျမင္ မပြင့္လင္းေသးေသာ သူတို႔အား ဗုဒၶတရားေတာ္မ်ား ျပန႔္ပြါးေအာင္ ေျပာဆိုဆုံးမ သြန္သင္ၾကသည္။ သို႔ျဖင့္ ရာသီမေ႐ြး ခရီးထြက္ၾကသည္။ ႏြေရာသီ၊ ေဆာင္းရာသီတို႔တြင္ ခရီးထြက္သည့္အခါ ကိစၥမရွိ။ လမ္းခရီးမ်ား ေျခာက္ေသြ႕ေနသျဖင့္ ခရီးထြင္သည္။ ႂကြလိုသည့္ လမ္းခရီးကို အလြယ္တကူႏွင့္ အျမန္ေရာက္နိုင္သည္။ သို႔ေသာ္ မိုးတြင္းကာလတြင္ ခရီးထြက္သည့္အခါ ျပႆနာ ရွိနိုင္သည္။ လမ္းခရီးတြင္ ႐ြံႏြံဗြက္အိုင္တို႔ျဖင့္ ျပည့္ႏွက္ေနမည္။ ေခ်ာင္းျမစ္အင္းအိုင္တို႔တြင္ ေရျဖင့္ ျပည့္လွ်ံေနမည္။ ထိုအခါ ေကြ႕ရ ပတ္ရမွ သြားနိုင္သကဲ့သို႔၊ ေျမဖို႔ထားေသာ လယ္ကန္သင္းကို လမ္းအျဖင့္ အသုံးျပဳကာ သြားရမည္လည္း ရွိနိုင္ေပသည္။ လယ္ယာလုပ္သည့္ကာလ ျဖစ္သည့္အေလွ်ာက္ လယ္သမားမ်ားက သူတို႔ ဖို႔ထားသည့္ ကန္သင္းကို ျဖတ္သန္းသြားလာေနသည္မွာ ႀကိဳက္မည္မဟုတ္။ ဘာသာျခား လယ္သမားဆို ပိုပင္ ဆိုးမည္။

ထိုေၾကာင့္ ခရီးသြားသည့္ရဟန္းကို ျမင္တိုင္း ကဲ့ရဲ႕ျပစ္တင္ၾကသည္။ “သာကီဝင္ႏြယ္ျဖစ္တဲ့ ရဟန္းေတြမ်ား ႏြေမိုးေဆာင္း မေရွာင္ ခရီးသြားေနၾကတာပဲ။ စိမ္းလန္းတဲ့ ေကာက္ေတြကို ဖ်က္စီးပစ္ၾကလိုက္တာ၊ ပိုးမႊားေတြကို ျဖတ္နင္းသတ္လိုက္ၾကတာ။ စြတ္စိုတဲ့ကာလမွာေတာင္ တစ္ေနရာထဲ ေနဖို႔ မႀကိဳးစားၾကခ်င္ဘူး။ ေက်းငွက္သာရကာေတြေတာင္ မိုးတြင္းကာလေရာက္ရင္ အသိုက္အၿမဳံ အက်အန ေဆာက္ၿပီး ေနၾကေသးတာပဲ။ ဒီရဟန္းေတြက ခရီးထြက္ဖို႔ပဲ စိတ္ကူးေနၾကတာ” အစရွိသည့္ စကားတို႔ျဖင့္ ကဲ့ရဲ႕ၾကသည္။ အျပစ္တင္ ၾကသည္။ ေဝဖန္ၾကသည္။

ဤအမနာပ စကားသံတို႔သည္ ဗုဒၶဘုရားထံ တိုက္ရိုက္ေရာက္လာသည့္အခါ အမ်ား၏ အၾကည္ညိုခံ ရဟန္းေတာ္မ်ားအတြက္ သာသနာျပဳလမ္း ေျဖာင့္တန္းေရးအတြက္ ဝါကပ္ၾကရန္ ပညတ္ခ်က္ ထားေတာ္မူရသည္။ ပညတ္ခ်က္အေပၚတြင္ အက်ိဳးခံစားခြင့္လည္း ဗုဒၶက ဖြင့္ေပးထားသည္။ ကထိန္သကၤန္း ဆက္ကပ္သည့္ အလႉရွင္ေပၚလာသည့္အခါ ဝါတြင္းသုံးလအတြင္း ဝါမက်ိဳးေသာ (ေက်ာင္းျပင္ပသို႔ မထြက္ဘဲ ထိန္းနိုင္ေသာ) ရဟန္းေတာ္မ်ားအတြက္ ကထိန္အနိသင္ ၅-မ်ိဳး ခံစားခြင့္ရၾကသည္။

ျမန္မာျပကၠဒိန္အရ ေလးႏွစ္ေရာက္တိုင္း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခြဲျခားထားေသာ္လည္း သံဃာေတာ္မ်ား၏ ပထမဝါဆို ဒုတိယဝါဆိုမွာ ျပကၠဒိန္အလို မဟုတ္ပါ။ ဝါဆိုလျပည့္ေက်ာ္ ၁-ရက္ေန႕တြင္ ဝါဆို ဝါဝင္ ဝါကပ္ေသာ ရဟန္းေတာ္မ်ားကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင္ ပုရိမ-ဝါကပ္ (အရပ္သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင္၊ ပထမ-ဝါကပ္) ဟူ၍ ေခၚၿပီး၊ အေၾကာင္းေၾကာင္းေၾကာင့္ ဝါေခါင္လျပည့္ေက်ာ္ ၁-ရက္တြင္မွ ဝါဆို ဝါဝင္္ ဝါကပ္နိုင္ေသာ သံဃာေတာ္မ်ားကို ပစၦိမ-ဝါဆို ပစၦိမ-ဝါဝင္၊ ပစၦိမဝါကပ္ (အရပ္သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင္၊ ဒုတိယ-ဝါကပ္) ဟူ၍ သတ္မွတ္သည္။

ဝါဆိုလျပည့္ေက်ာ္ ၁-ရက္ေန႕တြင္ ဝါဆို ဝါဝင္ ဝါကပ္ေသာ သံဃာေတာ္မ်ားသည္ သီတင္းကြၽတ္လျပည့္ေန႕တြင္ သုံးလျပည့္၍ ဝါကြၽတ္သည္။ ပဝါရဏာျပဳ ရသည္။ ကထိန္အက်ိဳး ၅-မ်ိဳး ခံစားခြင့္ ရသည္။ ဝါေခါင္လျပည့္ေက်ာ္ ၁-ရက္ေန႕တြင္မွ ဝါဆို ဝါဝင္ ဝါကပ္ေသာ သံဃာေတာ္မ်ားသည္ တန္ေဆာင္မုန္းလျပည့္ေန႕တြင္ သုံးလျပည့္၍ ဝါကြၽတ္သည္။ ပဝါရဏာျပဳ ရသည္။ ကထိန္အက်ိဳး ၅-မ်ိဳး ခံစားခြင့္ ဆုံးရႈံးသည္။

ဝါပန္ျခင္းႏွင့္ ဝါက်ိဳးျခင္း
ဝါဆိုဝါကပ္ထားတဲ့ ရဟန္းေတာ္မ်ားဟာ ဝါတြင္းကာလမွာ တျခားေနရာအရပ္ေဒသသို႔ ညအိပ္ညေန ႂကြသြားလို႔ မရပါဘူး။ ေန႕လည္ေန႕ခင္း ေနာက္ေန႕ အာ႐ုဏ္မတက္မီ ေက်ာင္းကိုျပန္ေရာက္နိုင္ရင္ေတာ့ ႂကြလို႔ရပါတယ္။ ဒါေပမယ့္ အေၾကာင္းကိစၥရွိလို႔ မျဖစ္မေန ႂကြေရာက္ရမယ့္ ကိစၥေပၚေပါက္လာပါက ဝါပန္ၿပီး ခုႏွစ္ရက္ ႂကြလို႔ရပါတယ္။ ခုႏွစ္ရက္ထက္ပိုၿပီး ႂကြလို႔မရပါဘူး။ ေက်ာ္လြန္ပါက အာပတ္သင့္ပါတယ္။ ဝါပန္တယ္ဆိုတာ ခုႏွစ္ရက္အတြင္း မိမိဝါဆိုဝါကပ္ျပဳထားသည့္ ေက်ာင္းကိုျပန္လည္ႂကြေရာက္ ပါမည့္အေၾကာင္း အဓိ႒ာန္ျပဳျခင္းကို ဝါပန္တယ္လို႔ ဆိုပါတယ္။ ဝါဆိုဝါကပ္ျပဳၿပီး ဝါမပန္ဘဲ ႂကြသြားခဲ့မိေသာ္ သို႔မဟုတ္ ခုႏွစ္ရက္ထက္ ေက်ာ္လြန္သြားခဲ့ေသာ္ ဝါက်ိဳးပါတယ္။

ဝါက်ိဳးျခင္းႏွင့္ ဝါအေရအတြက္ မရျခင္းဝါက်ိဳးတယ္ဆိုတာ ဝိနည္းဥပေဒ မလိုက္နာမိ၍ ဥပေဒ က်ိဳးပ်က္သြားျခင္းျဖစ္ၿပီး ဒုကၠဋ္အာပတ္သင့္ျခင္းကို ဆိုပါတယ္။ တစ္ခ်ိဳ႕က ဝါက်ိဳးရင္ကိုပဲ ဝါမရဘူး ဒီက်ိဳးတဲ့ ဝါကို ဝါအေရအတြက္ထဲ ထည့္ေရလို႔မရဘူးလို႔ ထင္တတ္ပါတယ္။ ေရတြက္လို႔ရပါတယ္။ ဝါက်ိဳးပ်က္လို႔ အာပတ္သင့္ျခင္း၊ ကထိန္ခံခြင့္ မရျခင္းပဲ ရွိပါတယ္။ ဝါအေရအတြက္ေလ်ာ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဝါက်ိဳးပ်က္တိုင္းလည္း အာပတ္မသင့္ပါဘူး။ အႏၱရာယ္တစ္စုံတစ္ခု က်ေရာက္ျဖစ္ေပၚျခင္း သံဃာကြဲျခင္းေၾကာင့္ ဝါဆိုဝါကပ္ပ်က္ျခင္း ဝါက်ိဳးျခင္း ျဖစ္တဲ့အခါ ဒီဝါပ်က္ဝါက်ိဳးျခင္းေၾကာင့္ အာပတ္မသင့္ပါဘူး။
ဝါဆိုသကၤန္း
ဝါဆိုသကၤန္းဆိုၿပီး ကပ္လႉေလ့ရွိတဲ့ သကၤန္းကို စာေပကေတာ့ ဝႆဝါသိကစီဝရလို႔ ေခၚပါတယ္။ တိုက္ရိုက္ျမန္မာျပန္ရင္ မိုးေရခံသကၤန္္းလို႔ အဓိပၸါယ္ရပါတယ္။ ဝိသာခါ ဒါယိကာမႀကီးရဲ႕ ေတာင္းဆိုခ်က္ေၾကာင့္ ျမတ္စြာဘုရားရွင္က ဒီသကၤန္းလႉဒါန္းမႈကို ခြင့္ျပဳေတာ္မူပါတယ္။ ဒီသကၤန္းလႉဒါန္းမႈမွာ တစ္ခ်ိဳ႕က ဝါမဆိုခင္ပဲ လႉဒါန္းလို႔ ရတယ္လို႔ ထင္ၾကပါတယ္။ အဲလိုမဟုတ္ပါဘူး။ ဝါမဆိုခင္ေရာ ဝါဆိုေနတဲ့ ဝါတြင္းအခ်ိန္မွာေရာ ႀကိဳက္သေလာက္ ႀကိဳက္သလို လႉဒါန္းနိုင္ပါတယ္။ ကထိန္သကၤန္းနဲ႕ မတူတဲ့အခ်က္က ကထိန္သကၤန္းကေတာ့ ကာလသတ္မွတ္ခ်က္ ေက်ာင္းသတ္မွတ္ခ်က္စတာေတြ ရွိပါတယ္။ ဝါဆိုသကၤန္းကေတာ့ အဲလိုသတ္မွတ္ခ်က္မရွိဘဲ ဝါမဆိုခင္ေရာ ဝါတြင္းမွာေရာ ႀကိဳက္သလို လႉနိုင္တဲ့အခ်က္ပါ။ မ်ားေသာအားျဖင့္ ဝါမဆိုခင္မွာ လႉၾကတာမ်ားပါတယ္။ အဲဒါမွ ဝါတြင္းမွာ ဒီသကၤန္းကို ဝတ္႐ုံၿပီး မိုးစိုတဲ့သကၤန္းကို အလဲအလွယ္ လုပ္နိုင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စိတ္ကအာ႐ုံျပဳၿပီး အခ်ိန္မေ႐ြး လႉဒါန္းနိုင္ပါတယ္ဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။

ဝါတြင္းသုံးလပတ္လုံး (ပုရိမ+ ပစ္ဆမဝါ ႏွစ္မ်ိဳးလုံး) ဝါဆို ဝါဝင္ ဝါကပ္ထားေသာ သံဃာေတာ္မ်ားတို႔သည္ ကိစၥႀကီး ၅-ရပ္ ေပၚေပါက္လာပါက ဝါတြင္းကာလ ခရီးထြက္ခြင့္ ရပါေသးသည္။ သို႔ေသာ္ ဝါပန္ရမည္။ ၇-ရက္၊ ၇-ည မျပည့္မီ (၆-ရက္၊ ၆-ည) ကာလအတြင္း ဝါကပ္ထားသည့္ ေက်ာင္းကို အေရာက္ ျပန္လာရမည္ဟု အဓိဌာန္ျပဳ ႐ြတ္ဆိုရမည္။ ဤကာလအတြင္း မူလဝါဝင္ေက်ာင္းကို ျပန္မေရာက္ပါက ဝါက်ိဳးသည္ ဝါပ်က္သည္ဟု ေခၚဆိုသည္။ ဝါ-အေရအတြက္ က်ိဳးသြားသည္၊ ပ်က္သြားသည္ဟု မမွတ္ယူဘဲ၊ ကထိန္အနိသင္သာ မရရွိျခင္း ျဖစ္သည္။ ဝါက်ိဳး၊ ဝါပ်က္ေသာ္လည္း သိကၡာေတာ္ ၁-ဝါ၊ ၂-ဝါ ေရတြက္နိုင္ပါသည္။ ထိုေၾကာင့္ ဝါတြင္း၌ သံဃာေတာ္မ်ား ညအိပ္ ခရီးမထြက္ရဟု ပုံေသ တြက္မထားၾကပါရန္ႏွင့္ ဝါတြင္းကာလ ခရီးထြက္ေနေသာ ရဟန္းေတာ္မ်ားကိုလည္း အျပစ္မျမင္ ၾကရန္ လိုအပ္လွေပသည္။

ေရွးေခတ္ ရဟန္းေတာ္မ်ား ခရီးထြက္ရသည္မွာ “သာသနာျပဳခရီး ႂကြခ်ီၾကေလာ့” ဟူေသာ ျမတ္ဗုဒၶ၏ စကားေတာ္ကို လိုက္နာေနၾကျခင္း ျဖစ္သည္။ ျပန္ေျပာင္း တင္ျပရမည္ ဆိုေသာ္-
ဝါဆိုလျပည့္ညတြင္ တရားဦးဓမၼစၾကာ နာၾကားၿပီးသည့္ေနာက္ ပၪၥဝဂၢီငါးပါးအစုတြင္ အႀကီးဆုံးျဖစ္ေသာ ေကာဏ္႑ညေထရ္ ေသာတာပန္ တည္သည္။ ဝါဆိုလျပည့္ေက်ာ္ ၅-ရက္ေန႕တြင္ ဒုတိယ တရားေတာ္ျဖစ္သည့္ အနတၱလကၡဏသုတ္ေတာ္ကို နာၾကားၿပီးေနာက္ ပၪၥဝဂၢီငါးပါးလုံး ရဟႏၱာ ျဖစ္ၾကသည္။ ဘုရားအပါအဝင္ လူသား ၆-ဦး ရဟႏၱာ ျဖစ္ၾကသည္။ ယသေထရ္ အစရွိေသာ လူသား ၅၅-ဦး ရဟန္းဝတ္ၿပီးေနာက္ ရဟန္းတရား အားထုတ္သျဖင့္ မဂ္ဖိုလ္ေပါက္ ရဟႏၱာအျဖစ္သို႔ ေရာက္ရွိျပန္သည္။ ထိုႏွစ္ တန္ေဆာင္မုန္းလျပည့္ မတိုင္ခင္ ကာလအေတာအတြင္း လူသား ၆၁-ဦးတို႔ ရဟႏၱာျဖစ္ႏွင့္ေနၾကေပၿပီ။ ပါဠိအဆိုကား- ေတန ေခါ ပန သမေယန ဧကသဌိ ေလာေက အရဟႏၱော  ေဟာႏၱိ- ထိုအခ်ိန္တြင္ ေလာကႀကီး၌ ၆၁-ပါးေသာ ရဟႏၱာမ်ား ေပၚေပါက္ခဲ့သည္။(မဟာဝါ ပါဠိေတာ္၊ မဟာခႏၶကဝဂ္)

ထိုသို႔ ရဟႏၱာ ေျခာက္က်ိပ္တစ္ပါး ေပၚထြန္းလာေသာအခါ တစ္ေနရာတည္းတြင္ စုေဝးမေနၾကဘဲ နယ္လွည့္ သာသနျပဳၾကရန္ ျမတ္ဗုဒၶက မိန႔္ၾကားသည္။ သို႔ျဖင့္ ေန႕မအား၊ ညမနား ရဟန္းေတာ္မ်ား ခရီးထြက္ကာ ျမတ္ဗုဒၶေဒသနာေတာ္ကို ျပန႔္ပြားေအာင္ လုပ္ေဆာင္ေနၾကျခင္း ျဖစ္ပါသည္။
အရွင္အလကၤာ (ေခတၱ-အိႏၵိယ)

က်မ္းကိုး-
၁။ ဝိနယပိဋက၊ မဟာဝါ ပါဠိေတာ္၊ အဌကထာ၊ မဟာခႏၶကဝဂ္
၂။ သာသနာဝံသက်မ္း
၃။ ျမန္မာ ဆယ့္ႏွစ္လအေၾကာင္း၊ ေမာင္ထင္
၄။ http://lovecanfly24.blogspot.com/2009/07/blog-post_139.html
၅။ http://en.wikipedia.org/wiki/Vassa

သုံးေလာကထြတ္ထား သဗၺၫုျမတ္စြာဘုရား ပြင့္ထြန္းလာခ်ိန္တြင္ မကိုးကြယ္ရာႏွင့္ကိုး ကြယ္ရာကို ခြဲျခား၍ေဟာေတာ္မူရာ ''ေတာ
ေတာင္၊ အာရာမ္၊ အဓိကရသစ္ပင္စေသာ ကိုးကြယ္ရာတို႔ ကို ကိုးကြယ္ျခင္းသည္ ေဘးကင္း၍ ျမတ္ေသာကိုးကြယ္ ျခင္းမဟုတ္၊ ကိုးကြယ္ရာဟူသမွ်ကို ကိုးကြယ္ဆည္းကပ္ ျခင္းေၾကာင့္ ဒုကၡခပ္သိမ္းတို႔မွမလြတ္ေျမာက္နိုင္။ ရတနာ သုံးပါးကို ကိုးကြယ္ဆည္းကပ္ျခင္းကသာ ေဘးမရွိ၍ ျမတ္ ေသာ ကိုးကြယ္ျခင္းမည္၏။ ရတနာသုံးပါးကို ကိုးကြယ္ျခင္း ေၾကာင့္ ဒုကၡခပ္သိမ္းမွလြတ္ေျမာက္၍ လူ၊ နတ္၊ ျဗဟၼာ ခ်မ္းသာမ်ားစြာကို ရရွိ႐ုံမွ်မက မဂ္ဖိုလ္နိဗၺာန္သို႔တိုင္ မ်က္ ေမွာက္ျပဳနိုင္ေပ၏''ဟူ၍ျဖစ္သည္။

ေဘးဒုကၡအေပါင္းတို႔ကို ပယ္ေဖ်ာက္ဖ်က္ဆီးတတ္ သည့္ ဘုရား၊ တရား၊ သံဃာတည္းဟူေသာ ရတနာျမတ္ သုံးပါးသည္ သရဏဂုံမည္ပါ၏။ ဗုဒၶံသရဏံဂစၧာမိ၊ ဓမၼံ သရဏံဂစၧာမိ၊ သံဃံသရဏံဂစၧာမိ ဟူ၍ ပီျပင္က်န သုံး ႀကိမ္မွ် ေလးနက္ယုံၾကည္စြာ႐ြတ္ဆိုလ်က္ သရဏဂုံေဆာက္ တည္ရာ၏။ ေဗာဓိေအာင္ေျမဗုဒၶေဟ၌ ျမတ္စြာဘုရားရွင္ ပြင့္ေတာ္မူ၍ လင္းလြန္းပင္ရင္း၌ သတၱမသတၱာဟ ဖလ သမာပတ္ဝင္စားေတာ္မူစဥ္ ဥကၠလာဇနပုဒ္ ေပါကၠရဝတီ ၿမိဳ႕မွ တဖုႆႏွင့္ဘလိႅက ကုန္သည္ညီေနာင္ႏွစ္ဦးလည္း ကုန္သြယ္ျခင္းအလို႔ငွာ မဇၩိမေဒသသို႔ ေရာက္ရွိေနေလ၏။

ဓမၼရာဇ္ထြတ္ဖ်ား ျမတ္စြာဘုရား ပြင့္ေတာ္မူေၾကာင္း ကုန္သည္ညီေနာင္ ၾကားသိသည္ႏွင့္ အလ်ဥ္အဦးေရာက္ လာၾက၍ ပ်ားရည္ဆမ္းေသာ မုန႔္ျ<ြကပ္က်စ္မ်ားအား ကပ္ လႉ၏။ ဘုရားရွင္သည္ ကုန္သည္ညီေနာင္ႏွစ္ဦးကို 'ဗုဒၶံ သရဏံဂစၧာမိ၊ ဓမၼံသရဏံဂစၧာမိ'ဟူ၍ ေဒြဝါစိကသရဏဂုံ ကို ေပးေတာ္မူ၏။ ျမတ္စြာဘုရား ပြင့္ေတာ္မူစ သံဃာရတနာ မေပၚေသး ေသာကာလျဖစ္၍ ကုန္ သည္ညီေနာင္ကို သရဏဂုံ ႏွစ္ပါးတည္းသာ ေပးေတာ္ မူျခင္းျဖစ္၏။

ဗာရာဏသီ မိဂဒါဝုန္ ေတာဥယ်ာဥ္တြင္ ပၪၥဝဂၢီငါးဦးတို႔အား တရား ဦး ေဟာေတာ္မူၿပီး သံဃာ ေတာ္ စတင္ေပၚလာမွသာ ရတနာသုံးလီ သရဏဂုံသုံးပါး ႏွင့္ ျပည့္စုံညီခဲ့ေလသည္။
ျမတ္စြာဘုရားရွင္၏ သာ သနာေတာ္ျမတ္ႀကီးအား မ ကြယ္မေပ်ာက္ စည္ပင္ျပန႔္ပြား ထြန္းေတာက္ေနေစရန္ ရဟန္း သံဃာေတာ္မ်ားက ထိန္းသိမ္း ေတာ္မူလ်က္ရွိၾကသည္။ သံဃာေတာ္မ်ားသည္ ဘုရား ရွင္ထားရစ္ေတာ္မူေသာ ဝိနည္း၊ သုတၱန္၊ ပိဋကတ္ေတာ္ မ်ားကို လက္နက္အလို႔ငွာ ကိုင္ေဆာင္သည္။ တံခြန္သဖြယ္ မည္ေသာ သကၤန္းကိုဝတ္႐ုံ၍ ဂနၳဓူရ၊ ဝိပႆနာဓူရ ဓူရ ႏွစ္ျဖာကို ထမ္း႐ြက္ေတာ္မူေနၾကသည္။

သံဃာေတာ္အရွင္သူျမတ္မ်ား ပရိယတ္၊ ပဋိပတ္၊ ပဋိေဝဓ သုံးတန္သာသနာ ညီမွ်စြာ ႐ြက္ေဆာင္နိုင္ေစဖို႔ အတြက္ ပစၥည္းေလးပါးျပည့္စုံရန္လိုသည္။ ဓမၼာႏုဂၢဟ ကား ဆရာေတာ္သံဃာေတာ္မ်ား၏ တာဝန္ျဖစ္၍ ေက်ာင္း၊ သကၤန္း၊ ဆြမ္း၊ ေဆးဟူသည့္ ပစၥည္းေလးပါး ပစၥယာႏုဂၢဟ ေထာက္ပံ့မႈမွာ ဒကာ၊ ဒကာမမ်ား၏တာဝန္ ျဖစ္သည္။ သာသနာျပဳေတာ္မူလ်က္ရွိၾကကုန္ေသာ သံဃာေတာ္ ေထရ္အရွင္ျမတ္မ်ား မခ်ိဳ႕မငဲ့ႏွင့္ သာသနာျပဳနိုင္ရန္ ဒကာ၊ ဒကာမတို႔က ပစၥည္းေလးပါး တာဝန္ေက်ပြန္ၾကသည္။ ယင္း၌ တံခြန္သဖြယ္ျဖစ္ေသာ သကၤန္းအလႉမ်ားလည္း ပါဝင္ၾကရာ ဝါဆို၊ ကထိန္၊ ရွင္ျပဳ၊ ရဟန္းခံတို႔တြင္ သကၤန္း ကို အျမတ္တနိုးလႉဒါန္းၾကေလသည္။

ျမတ္စြာဘုရားရွင္သည္ အရွင္အာနႏၵာမေထရ္ျမတ္ ႏွင့္ ေဒသစာရီလွည့္လည္ေတာ္မူရာတြင္ သာကီဝင္တို႔ လုပ္ေသာ လယ္ယာေျမမ်ားရွိရာသို႔ ေရာက္ေတာ္မူ၏။ အကြက္၊ အကန႔္၊ ကန္သင္း၊ ေရေျမာင္းမ်ား စနစ္တက် ဖြဲ႕၍ထားေသာ လယ္ကြက္မ်ားကို ျမင္ေတာ္မူသျဖင့္ စိတ္ ေတာ္တြင္ ၾကည္ႏူးေတာ္မူ၏။ ဝတ္႐ုံေတာ္မူေသာသကၤန္း ကို ဤသို႔အကြက္၊ အကန႔္၊ ေျမာင္းထား၍ျပဳျပင္က ေကာင္း ေလစြဟု အႀကံျဖစ္ေတာ္မူ၏။ အရွင္အာနႏၵာကိုလည္း ဤ လယ္ကြက္မ်ားကဲ့သို႔ ပုံပန္းသဏၭာန္တူေသာ အကြက္မ်ား ျဖင့္ သကၤန္းခ်ဳပ္လုပ္ရန္ မိန႔္ၾကားေတာ္မူ၏။

ျမတ္စြာဘုရားသည္ လူ၊ သတၱဝါတို႔၏ ေက်းဇူးရွင္ ျဖစ္ေသာ လယ္သမားမ်ားအား အမွတ္တရျဖစ္ေစျခင္းငွာ ရည္႐ြယ္ေတာ္မူျခင္း ျဖစ္၏။ ထိုမွစ၍ သကၤန္းမ်ားတြင္ အကြက္၊ အကန႔္၊ ခ်ဳပ္ရိုးေျမာင္းမ်ားသည္ ဝိ နည္းေတာ္ႏွင့္အညီ ျဖစ္ေပၚလာရေလ၏။ သံဃာေတာ္ ေထရ္အရွင္ျမတ္မ်ားသည္ ဝါတြင္းသုံးလပတ္လုံး ဝါဆို ကပ္သည္ကို ဝါဆိုသည္ဟု ေခၚ၏။ ဝါဆိုလျပည့္ေက်ာ္ တစ္ရက္မွ သီတင္းကြၽတ္လျပည့္ေန႕အထိ ဝါဆိုျခင္းမွာ ပုံမွန္ဝါဆိုျခင္းျဖစ္၍ ဝါဆိုရန္မမီေသာ သံဃာေတာ္မ်ား က ဝါေခါင္လျပည့္ေက်ာ္တစ္ရက္မွ တန္ေဆာင္မုန္းလျပည့္ အထိ ဝါဆိုဝါကပ္ေတာ္မူၾကရသည္။

ဘုရားအေလာင္းေတာ္ ေသတေကတုနတ္သားသည္ တုသိတာနတ္ျပည္မွ စုေတ၍ မဟာသကၠရာဇ္ ၆၇ ခု ဝါဆိုလျပည့္၌ လူ႕ျပည္တြင္သေနၶယူ၏။ မဟာသကၠရာဇ္ ၉၇ခု ဝါဆိုလျပည့္တြင္ ေတာထြက္ေတာ္မူၿပီး မဟာသကၠ ရာဇ္ ၁ဝ၃ ခု ဝါဆိုလျပည့္တြင္ မိဂဒါဝုန္ေတာဥယ်ာဥ္၌ ပၪၥဝဂီၢငါးဦးတို႔ကို တရားဦးဓမၼစၾကာ ေဟာေတာ္မူ၏။ ဝါဆိုလသည္ ျမတ္စြာဘုရား ပဋိသေနၶေနေတာ္မူေသာ လျဖစ္၍ ေတာထြက္ေတာ္မူေသာလလည္းျဖစ္ၿပီး တရား ဦးဓမၼစၾကာ ေဟာေတာ္မူရာလ ျဖစ္သည္။ ထို႔ေၾကာင့္ 'သေနၶ၊ ေတာထြက္၊ ဓမၼစက္၊ ေဟာျ>ြမက္လဝါဆို' ဟူ၍ ဆို စမွတ္ျပဳၾကကုန္သည္။

ျမတ္စြာဘုရားရွင္ပြင့္ထြန္းေတာ္မူစက သံဃာေတာ္ အရွင္ျမတ္မ်ားသည္ ဝါဆိုဝါကပ္ျခင္းကို မျပဳၾကေသး။ ႏြေ၊ မိုး၊ ေဆာင္းပတ္လုံးလွည့္လည္၍ ခရီးသြားလာေနၾက ၏။ မိုးဥတု၌ တစ္ေနရာမွတစ္ေနရာသို႔ သြားလာရာတြင္ ေတာင္သူတို႔စိုက္ပ်ိဳးေသာ သီးႏွံခင္းမ်ားအား ျဖတ္သန္း၍ သြားရသျဖင့္ နင္းနယ္ပ်က္စီးကုန္၏။ ျပည္သူအေပါင္းတို႔ က ''မိုးကာလ၌ မိစၧာဒိ႒ိမ်ားပင္ ခရီးမသြားၾက။ တိရစၧာန္ ငွက္မ်ားလည္း အသိုက္မေျပာင္းၾက၊ ငါတို႔ကိုးကြယ္ေသာ သာကီႏြယ္ဖြားရဟန္းမ်ားကား အမ်ားစိုက္ပ်ိဳးထားေသာ ေကာက္ပဲသီးႏွံမ်ားကို နင္းနယ္ဖ်က္ဆီးလ်က္ ရာသီမေ႐ြး ခရီးသြားေနၾကေလတကား''ဟု စသည္အားျဖင့္ အျပစ္ ေျပာဆိုလာၾက၏။

ျမတ္စြာဘုရားသည္ ဗာရာဏသီျပည္ မိဂဒါဝုန္ေတာ နႏၵိယဝိဟာရ၌ ပထမဦးဆုံးဝါကိုကပ္ေတာ္မူ၏။ ဝါကြၽတ္ သည္ႏွင့္ ရာဇၿဂိဳဟ္ျပည္သို႔ျ<ြကေတာ္မူကာ ေဝဠုဝန္ေက်ာင္း ေတာ္တြင္ သီတင္းသုံးေနေတာ္မူလ်က္ရွိ၏။ ထိုစဥ္ ဤ အေၾကာင္းကို ဘုရားရွင္ၾကားေတာ္မူလွ်င္ ရဟန္းေတာ္ မ်ားအား ဝါတြင္းသုံးလပတ္လုံး ေဒသစာရီလွည့္လည္ခရီး သြားျခင္းမျပဳရန္၊ ဝါတြင္းကာလတြင္ မိမိတို႔၏ ေက်ာင္း အတြင္း၌ ဝါဆိုဝါကပ္ျခင္းအမႈကိုျပဳ၍ တရားအားထုတ္ ၾကရန္၊ ဝါက်ိဳး၊ ဝါျပတ္၊ ဝါမကပ္ဘဲ ညဥ့္ေနညဥ့္အိပ္ ခရီး သြားေသာရဟန္းမ်ား ဒုကၡဋ္အာပတ္သင့္ေစရန္ အာဏာ ဓမၼစက္သိကၡာပုဒ္ ပညတ္ေတာ္မူ၏။

ထိုစဥ္မွစ၍ ရဟန္းေတာ္မ်ားသည္ မိမိေက်ာင္းမွ တစ္ ပါးေသာအရပ္သို႔ ညဥ့္အိပ္ညေန ခရီးမသြားရေတာ့ေပ။ မိမိ၏ ေက်ာင္းသခၤမ္းကို ညဥ့္ညပစ္ခဲ့၍ ခရီးမသြားပါဟု ဝန္ခံကာ ဝါဆိုဝါကပ္ျခင္းျပဳၾကရ၏။ မျဖစ္မေနသြားလာ ရန္ ခရီးေပၚေပါက္လွ်င္သာ ခုနစ္ရက္ဝါပန္၍ သြားလာ နိုင္ေလ၏။

သံဃာေတာ္ေထရ္အရွင္ျမတ္မ်ားသည္ ဝါဆိုလျပည့္ ေက်ာ္တစ္ရက္ညတြင္ စတင္ဝါဆို၍ ဒကာ၊ ဒကာမမ်ားက ထိုေန႕အမီ ဝါဆိုသကၤန္း၊ ဝါဆိုပန္းမ်ား ကပ္လႉၾကသည္။
မ်က္ေမွာက္ကာလအထိ ေက်းလက္မ်ားတြင္ အိုးစည္ဗုံ ေမာင္း အကအစုံမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ ဝါ ဆိုသကၤန္း၊ ဝါဆိုပန္းမ်ားကို စည္ကားသိုက္ၿမိဳက္စြာ သြား ေရာက္ကပ္လႉၾကသည္။ ဝါဆိုသကၤန္းကပ္လႉျခင္းသည္ ကရိကထမမ်ားေသာ ဒါနျဖစ္သျဖင့္ နယ္ေရာၿမိဳ႕ပါ က်ယ္ ျပန႔္စြာ ကပ္လႉလ်က္ရွိၾကေလသည္။

ဝါဆိုမည့္ညတြင္ ဝါကပ္အမီ ဆိုက္ေရာက္လာနိုင္ ေသးသည့္ သံဃာအား ေစာင့္၍ ညဥ့္ကိုးနာရီထိုးခ်ိန္က်မွ ဝါဆိုေတာ္မူၾကကုန္၏။ တခ်ိဳ႕လည္း ဝါဆိုသံဃာေတာ္ မ်ားကို သြားေရာက္ၾကည္ညိုရင္းႏွင့္ အေမြးတိုင္၊ ဖေယာင္း တိုင္မ်ား ကပ္လႉပူေဇာ္ၾက၊ အေဖ်ာ္ရည္မ်ား လႉဒါန္းၾက သည္။ ဝါဆိုၿပီးသည္ႏွင့္ စားေသာက္သိမ္း႐ုံးၿပီး ဝါဆိုသဲ၊ ဝါဆိုပန္းေလးမ်ား အသီးသီးယူေဆာင္ၿပီး ျပန္လာခဲ့ၾက သည္။
ျမတ္စြာဘုရားရွင္သည္ ဌာနေပါင္း ၁၇ ေနရာတြင္ ဝါေတာ္ေပါင္း ၄၅ဝါကပ္ေတာ္မူရာ သတၱမဝါကို တာဝတႎ သာနတ္ျပည္တြင္ ကပ္ေတာ္မူသည္။ ေမြးမိခင္သီရိမဟာ မာယာျဖစ္ခဲ့ေသာ သႏၱဳတိသနတ္ သားအား အေၾကာင္းျပဳလ်က္ ဝါ ဆိုေတာ္မူရင္းျဖင့္ အဘိဓမၼာတရား ေတာ္ ႐ြတ္ပြားကာ ေက်းဇူးဆပ္ ေတာ္မူခဲ့ေလသည္။

ေရွးကစ၍ ဝါဆိုလတြင္ကပ္ ေသာေၾကာင့္ ဝါဆိုသကၤန္းဟု ေခၚေသာ္လည္း မိုးေရခံသကၤန္း ဟုလည္း ေခၚေဝၚၾကသည္။ ဝါ ဆိုသကၤန္းကို နယုန္လျပည့္ ေက်ာ္တစ္ရက္ေန႕မွ ဝါဆိုလ ျပည့္အထိ ကပ္နိုင္သည္ဟု သိ ရသည္။ သို႔ေသာ္လည္း မ်က္ ေမွာက္ကာလတြင္မူ ဝါတြင္း ၌လည္း သကၤန္းကပ္လႉလ်က္ ရွိၾကသည္။

သကၤန္းကပ္လႉျခင္း ရွစ္ပါးရွိရာ ...
(၁) ခရီးသြားခါနီးတြင္ လႉဒါန္းေသာဂမိဏစီဝရသကၤန္း၊
(၂) အမ်ိဳးသမီးမ်ား ကိုယ္ဝန္ေဆာင္စဥ္ လႉဒါန္းေသာ ဂမ္ဘိဏိစီဝရသကၤန္း
(၃) နာမက်န္းျဖစ္ေသာအခါ၌ လႉဒါန္းေသာ ဂိလာန စီဝရသကၤန္း၊
(၄) သဒၶါတရားျဖစ္ေပၚသျဖင့္ လႉဒါန္းေသာ သဒၶါရစီဝရ သကၤန္း၊
(၅) စစ္ထြက္ခါနီးတြင္ လႉဒါန္းေသာ ဥယ်ဳတၱစီဝရ သကၤန္း၊
(၆) အေဆာတလ်င္ ေရွာင္တခင္လႉဒါန္းေသာ အေစၥက စီဝရသကၤန္း၊
(၇) ဝါဆိုဝါကပ္ရန္ လႉဒါန္းေသာ ဝႆဝါသိကစီဝရ သကၤန္းႏွင့္
(၈) ကထိန္ခင္း၍လႉဒါန္းေသာ ကထိနစီဝရသကၤန္း
ဟူ၍ ရွစ္ပါးရွိကုန္သည္။

ရဟန္းသံဃာေတာ္မ်ား ဝတ္႐ုံေသာသကၤန္းသည္ သစ္ ေခါက္ဆိုးေဆးဆိုးထားေသာ ပိတ္စသာလွ်င္ျဖစ္သည္။ လူတို႔ဝတ္ေသာ အဝတ္ႏွင့္ ပိတ္စခ်င္းတူပါလ်က္ သကၤန္း ကို အဘယ့္ေၾကာင့္ ေကာ္ေရာ္ျမတ္နိုး ရွိခိုးအမႉးျပဳၾကပါ သနည္း။ ဤအေၾကာင္းကို ျမတ္စြာဘုရားရွင္အား ရွင္ ဥပါလိမေထရ္ႀကီးက ေလွ်ာက္ထားေမးျမန္းေတာ္မူ၏။

ျမတ္စြာဘုရားရွင္သည္ ရွင္ဥပါလိမေထရ္၏အေမး ကို ''ခ်စ္သားဥပါလိ၊ ေရွးက လြန္ေလၿပီးေသာဘုရားတို႔ သည္လည္းေကာင္း၊ ယခုပြင့္ဆဲ ပြင့္လတၱံ့ေသာဘုရားတို႔ သည္လည္းေကာင္၊ ဤဖန္ရည္ဆိုးေသာသကၤန္းျဖင့္သာ ကိေလသာအညစ္အေၾကးတို႔ကို ပယ္သတ္ၾကကုန္သည္။ ပိတ္စခ်င္းတူျငားလည္း ဖန္ရည္စြန္းေသာသကၤန္းသည္ ကိ ေလသာတို႔ကို သန႔္စင္ရာ၊ မဂ္ဖိုလ္နိဗၺာန္သို႔ မ်က္ေမွာက္ ျပဳရာအတြက္ တံခြန္သဖြယ္ျဖစ္သျဖင့္ ရွိခိုးဦးခိုက္ထိုက္ ေပသည္''ဟု မိန႔္ေတာ္မူေလ၏

Unicode
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့-
ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော် -
ဝါဆိုသင်္ကန်းအကြောင်း

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။

မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ခရစ်နှစ်၂၀၁၁ခုနှစ် ယခုနှစ် ဇူလိုင်လ ၁၅-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ကဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွနု်ပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သနေ္ဓ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသနေ္ဓ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။

ဝါဆိုလမြတ်
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း၊ သံဃာတော်များ ဝါကပ်သည့်နေ့ အဖြစ်လည်းကောင်း လူသိများကြသည်။

တကယ်တမ်း စီစစ်ကြည့်ပါမူ အထက်ပါ ကျွန်ပ်တို့ နှုတ်တက်နေသော ကဗျာလင်္ကာအတိုင်း ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသနေ္ဓ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ သို့သော်လည်း တရားဦး ဓမ္မစကြာ ဟောကြားသောနေ့ကိုသာ အဖျားဆွတ် ယူလိုက်ခြင်းဖြစ်သည်။ လူအဖြစ်သို့ မရောက်ရှိဘဲ၊ ဘုရားအဖြစ်သို့ မရရှိဘဲနှင့် ဓမ္မစကြာ တရားတော်ကို ဟောတော်မမူနိုင်။ ထိုကြောင့်လည်း ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့အဖြစ် (ရလာဒ်ကိုကြည့်) သတ်မှတ်ခြင်းသည် သင့်တော်သော သတ်မှတ်ချက်ဟု ဆိုနိုင်ပါသည်။

ပထမဦးဆုံး ဓမ္မစကြာ (ဓမ္မစက္ကပဝတ္တနသုတ်) တရားတော်ကို ပဉ္စဝဂ္ဂီ ၅-ဦးတို့အား ဟောကြားခြင်း သည်လည်းကောင်း၊ တရားတော်၏ အနှစ်ချုပ်ဖြစ်သော အစွန်း ၂-ပါးလွတ် အလယ်အလတ်လမ်း ကျင့်စဉ်ကိုလည်းကောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပြီး ဖြစ်သည်။ သို့သော် ဤတရားဦးမှ ခန္ဓာ ၅-ပါးအကြောင်းနှင့် သစ္စာ ၄-ပါးတို့အကြောင်းကို လူသားတို့အား ပထမဦးဆုံးအဖြစ် ဗုဒ္ဓဂေါတမ တစ်ပါးသည်သာ မိတ်ဆက်ပေးနိုင်ခဲ့သည်ကိုကား လူသိနည်းလှပါသည်။ ဗုဒ္ဓမှတပါး အခြား မည့်သည့်ဆရာကမှ ဤအဆန်တရားတော်ကို ဟောကြားခြင်း မရှိသေး။

ဒုတိယ တရားတော် ဖြစ်သော အနတ္တလက္ခဏသုတ်တွင်လည်း မိမိသည် မရှိ၊ ငါ၊ သူတစ်ပါး၊ ယောကျၤား၊ မိန်းမ မရှိ၊ ခန္ဓာ ၅-ငါးတို့၏ အစုအဖွဲ့မျှသာဟု ရဲဝံ့စွာ ထုတ်ဖော်ခဲ့ပြန်သည်။ ငါ၊ ငါ ဟူ၍ လူသားတိုင်း လက်ခံထားသည့် အချိန်တွင် “အနတ္တ-ငါမရှိ”ဟု ထုတ်ဖော် ဟောကြားခဲ့ခြင်းသည် အဆန်တရားတော်ကို ဟောကြားခြင်းဖြစ်သကဲ့သို့ လူအကြိုက်ကို မလိုက်၊ အမှန်တရားကိုသာ လက်ကိုင်ထား ဟောကြားသည့် တရားတော်လည်း ဖြစ်သည်။ ထိုကြောင့်လည်း ဗုဒ္ဓ၏ ပထမခြေလှမ်း ဤတရားတော် ၂-ပုဒ်သည် လောကကြီး တစ်ခုလုံးကို ပွက်လောစေခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့အတွက် ပထမဦးဆုံး စတင်ကျင့်သုံးရမည့် ပထမခြေလှမ်း အခြေခံတရားတော် တစ်ကွက်ဟုလည်း ဆိုနိုင်သော တရားတော်များ ဖြစ်သည်။

ဝါကပ် သံဃာတော်
သံဃာတော်တိုင်း (ဝါထပ်ပါက ဒုတိယ) ဝါဆိုလပြည့်နေ့တွင် ဝါကပ်တော်မူကြရပါသည်။ ဝါကပ်ခြင်းကို ဝါဆိုခြင်း၊ ဝါဝင်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါကပ်ခြင်း အဓိပ္ပါယ်မှာ ဝါတွင်းသုံးလပတ်လုံး အရေးကြီးသော ကိစ္စရပ် ငါးခုမှ အပ ကျောင်းတိုက်တစ်ခု၏ အရာမ် (ဝင်း) အတွင်းတွင်သာ ညဥ့်အိပ်ညဥ့်နေ သီတင်းသုံး (ကပ်နေရ) ခြင်းကို ဆိုလိုသည်။ ပါဠိဝေါဟာရ “ဝဿံ ဥပေမိ - ကျွနု်ပ် ဝါကပ်ပါ၏ ” ဟု အဆိုရှိသဖြင့် ဥပ-သဒ္ဒါကို ဆည်းကပ်ခြင်း၊ ကပ်ခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ထားသည်။

ဝါဆိုလပြည့်နေ့တွင် ဝါကပ်ရမည်၊ ဝါဆိုရမည်ဟု သာမန် ဆိုလိုက်သော်လည်း အမှန်ကား ဝါဆိုလပြည့်ကျော် ၁-ရက်တွင်မှ ဝါကို စတင် ကပ်ရ၊ ဝင်ရခြင်း ဖြစ်သည်။ ဝါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျှော်စွာ မိမိ အမှန်တကယ် သီတင်းသုံးရမည့် ကျောင်း (သို့မဟုတ်) ကျောင်းတိုက်အတွင်း အသင့်ရှိနေရမည်ကို ရည်ရွယ်ကာ ဝါဆိုလပြည့်နေ့တွင် ဝါကပ်မည်ဟု သာမန် ဆိုလိုက်ခြင်း ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုရမည်ကို နောက်ပြန် တွက်ချက်ခြင်းအားဖြင့် ဝါဆိုလပြည့်ကျော် ၁-ရက်တွင် ဝါကပ်မှသာလျှင် သုံးလအတိ ပြည့်မည် ဖြစ်သောကြောင့်တည်း။ ပါဠိအလို “တေ မာသံ - သုံးလ” ဟု လာရှိသည်။

ရဟန်း သံဃာတော်တိုင်း ဝါမကပ် မနေရ၊ ကပ်ကို ကပ်ရမည်ဟု ပညတ်ချက်ရှိသည်။ ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်မြို့၊ ရှဥ့်များကို အစာကျေွးရာ ကလန္ဒကနိဝါပ ဥယျာဉ်၊ ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးစဉ် သံဃာတော်များအား မိုးတွင်းသုံးလ ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူသည်။ ပညတ်တော်မူရခြင်း အကြောင်းရင်းကား ဤသို့တည်း။

ရဟန်းတော်များသည် မြတ်စွာဘုရား၏ သာသနာပြု အဓိဌာန်ဖြစ်သော “မာ ဧကနေ ဒွေ- လမ်းတစ်ကြောင်းတည်း နှစ်ပါးမသွားပါနှင့် ” အလိုတော်အရ သာသနာပြုခရီး ကြွချီကြသည်။ နေ့မရွေး၊ ညမနား၊ နေမိုးကို အန်တု၊ ဆောင်းကို မမှု သာသနာပြု စိတ်ဓာတ်ဖြင့် အရပ်အရပ် အရွာအရွာသို့ လှည့်လည်ကာ အသိအမြင် မပွင့်လင်းသေးသော သူတို့အား ဗုဒ္ဓတရားတော်များ ပြန့်ပွါးအောင် ပြောဆိုဆုံးမ သွန်သင်ကြသည်။ သို့ဖြင့် ရာသီမရွေး ခရီးထွက်ကြသည်။ နွေရာသီ၊ ဆောင်းရာသီတို့တွင် ခရီးထွက်သည့်အခါ ကိစ္စမရှိ။ လမ်းခရီးများ ခြောက်သွေ့နေသဖြင့် ခရီးထွင်သည်။ ကြွလိုသည့် လမ်းခရီးကို အလွယ်တကူနှင့် အမြန်ရောက်နိုင်သည်။ သို့သော် မိုးတွင်းကာလတွင် ခရီးထွက်သည့်အခါ ပြဿနာ ရှိနိုင်သည်။ လမ်းခရီးတွင် ရွံနွံဗွက်အိုင်တို့ဖြင့် ပြည့်နှက်နေမည်။ ချောင်းမြစ်အင်းအိုင်တို့တွင် ရေဖြင့် ပြည့်လျှံနေမည်။ ထိုအခါ ကွေ့ရ ပတ်ရမှ သွားနိုင်သကဲ့သို့၊ မြေဖို့ထားသော လယ်ကန်သင်းကို လမ်းအဖြင့် အသုံးပြုကာ သွားရမည်လည်း ရှိနိုင်ပေသည်။ လယ်ယာလုပ်သည့်ကာလ ဖြစ်သည့်အလျှောက် လယ်သမားများက သူတို့ ဖို့ထားသည့် ကန်သင်းကို ဖြတ်သန်းသွားလာနေသည်မှာ ကြိုက်မည်မဟုတ်။ ဘာသာခြား လယ်သမားဆို ပိုပင် ဆိုးမည်။

ထိုကြောင့် ခရီးသွားသည့်ရဟန်းကို မြင်တိုင်း ကဲ့ရဲ့ပြစ်တင်ကြသည်။ “သာကီဝင်နွယ်ဖြစ်တဲ့ ရဟန်းတွေများ နွေမိုးဆောင်း မရှောင် ခရီးသွားနေကြတာပဲ။ စိမ်းလန်းတဲ့ ကောက်တွေကို ဖျက်စီးပစ်ကြလိုက်တာ၊ ပိုးမွှားတွေကို ဖြတ်နင်းသတ်လိုက်ကြတာ။ စွတ်စိုတဲ့ကာလမှာတောင် တစ်နေရာထဲ နေဖို့ မကြိုးစားကြချင်ဘူး။ ကျေးငှက်သာရကာတွေတောင် မိုးတွင်းကာလရောက်ရင် အသိုက်အမြုံ အကျအန ဆောက်ပြီး နေကြသေးတာပဲ။ ဒီရဟန်းတွေက ခရီးထွက်ဖို့ပဲ စိတ်ကူးနေကြတာ” အစရှိသည့် စကားတို့ဖြင့် ကဲ့ရဲ့ကြသည်။ အပြစ်တင် ကြသည်။ ဝေဖန်ကြသည်။

ဤအမနာပ စကားသံတို့သည် ဗုဒ္ဓဘုရားထံ တိုက်ရိုက်ရောက်လာသည့်အခါ အများ၏ အကြည်ညိုခံ ရဟန်းတော်များအတွက် သာသနာပြုလမ်း ဖြောင့်တန်းရေးအတွက် ဝါကပ်ကြရန် ပညတ်ချက် ထားတော်မူရသည်။ ပညတ်ချက်အပေါ်တွင် အကျိုးခံစားခွင့်လည်း ဗုဒ္ဓက ဖွင့်ပေးထားသည်။ ကထိန်သင်္ကန်း ဆက်ကပ်သည့် အလှူရှင်ပေါ်လာသည့်အခါ ဝါတွင်းသုံးလအတွင်း ဝါမကျိုးသော (ကျောင်းပြင်ပသို့ မထွက်ဘဲ ထိန်းနိုင်သော) ရဟန်းတော်များအတွက် ကထိန်အနိသင် ၅-မျိုး ခံစားခွင့်ရကြသည်။

မြန်မာပြက္ကဒိန်အရ လေးနှစ်ရောက်တိုင်း ပထမဝါဆို ဒုတိယဝါဆို ဟူ၍ ခွဲခြားထားသော်လည်း သံဃာတော်များ၏ ပထမဝါဆို ဒုတိယဝါဆိုမှာ ပြက္ကဒိန်အလို မဟုတ်ပါ။ ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော ရဟန်းတော်များကို ပုရိမ-ဝါဆို ပုရိမ-ဝါဝင် ပုရိမ-ဝါကပ် (အရပ်သုံးစကား- ပထမ-ဝါဆို၊ ပထမ-ဝါဝင်၊ ပထမ-ဝါကပ်) ဟူ၍ ခေါ်ပြီး၊ အကြောင်းကြောင်းကြောင့် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင်မှ ဝါဆို ဝါဝင်် ဝါကပ်နိုင်သော သံဃာတော်များကို ပစၦိမ-ဝါဆို ပစၦိမ-ဝါဝင်၊ ပစၦိမဝါကပ် (အရပ်သုံးစကား- ဒုတိယ-ဝါဆို၊ ဒုတိယ-ဝါဝင်၊ ဒုတိယ-ဝါကပ်) ဟူ၍ သတ်မှတ်သည်။

ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ရသည်။ ဝါခေါင်လပြည့်ကျော် ၁-ရက်နေ့တွင်မှ ဝါဆို ဝါဝင် ဝါကပ်သော သံဃာတော်များသည် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံးလပြည့်၍ ဝါကျွတ်သည်။ ပဝါရဏာပြု ရသည်။ ကထိန်အကျိုး ၅-မျိုး ခံစားခွင့် ဆုံးရှုံးသည်။

ဝါပန်ခြင်းနှင့် ဝါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ဝါတွင်းကာလမှာ တခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ဝါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ဝါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ဝါပန်တယ်လို့ ဆိုပါတယ်။ ဝါဆိုဝါကပ်ပြုပြီး ဝါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ဝါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ဝါအရေအတွက် မရခြင်းဝါကျိုးတယ်ဆိုတာ ဝိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ဝါကျိုးရင်ကိုပဲ ဝါမရဘူး ဒီကျိုးတဲ့ ဝါကို ဝါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ဝါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ဝါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဝါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ဝါဆိုဝါကပ်ပျက်ခြင်း ဝါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။
ဝါဆိုသင်္ကန်း
ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ဝဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန််းလို့ အဓိပ္ပါယ်ရပါတယ်။ ဝိသာခါ ဒါယိကာမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ဝါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ဝါမဆိုခင်ရော ဝါဆိုနေတဲ့ ဝါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ဝါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ဝါမဆိုခင်ရော ဝါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ဝါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ဝါတွင်းမှာ ဒီသင်္ကန်းကို ဝတ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဝါတွင်းသုံးလပတ်လုံး (ပုရိမ+ ပစ္ဆမဝါ နှစ်မျိုးလုံး) ဝါဆို ဝါဝင် ဝါကပ်ထားသော သံဃာတော်များတို့သည် ကိစ္စကြီး ၅-ရပ် ပေါ်ပေါက်လာပါက ဝါတွင်းကာလ ခရီးထွက်ခွင့် ရပါသေးသည်။ သို့သော် ဝါပန်ရမည်။ ၇-ရက်၊ ၇-ည မပြည့်မီ (၆-ရက်၊ ၆-ည) ကာလအတွင်း ဝါကပ်ထားသည့် ကျောင်းကို အရောက် ပြန်လာရမည်ဟု အဓိဌာန်ပြု ရွတ်ဆိုရမည်။ ဤကာလအတွင်း မူလဝါဝင်ကျောင်းကို ပြန်မရောက်ပါက ဝါကျိုးသည် ဝါပျက်သည်ဟု ခေါ်ဆိုသည်။ ဝါ-အရေအတွက် ကျိုးသွားသည်၊ ပျက်သွားသည်ဟု မမှတ်ယူဘဲ၊ ကထိန်အနိသင်သာ မရရှိခြင်း ဖြစ်သည်။ ဝါကျိုး၊ ဝါပျက်သော်လည်း သိက္ခာတော် ၁-ဝါ၊ ၂-ဝါ ရေတွက်နိုင်ပါသည်။ ထိုကြောင့် ဝါတွင်း၌ သံဃာတော်များ ညအိပ် ခရီးမထွက်ရဟု ပုံသေ တွက်မထားကြပါရန်နှင့် ဝါတွင်းကာလ ခရီးထွက်နေသော ရဟန်းတော်များကိုလည်း အပြစ်မမြင် ကြရန် လိုအပ်လှပေသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်-
ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္႑ညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။ ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော  ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
အရှင်အလင်္ကာ (ခေတ္တ-အိန္ဒိယ)

ကျမ်းကိုး-
၁။ ဝိနယပိဋက၊ မဟာဝါ ပါဠိတော်၊ အဌကထာ၊ မဟာခန္ဓကဝဂ်
၂။ သာသနာဝံသကျမ်း
၃။ မြန်မာ ဆယ့်နှစ်လအကြောင်း၊ မောင်ထင်
၄။ http://lovecanfly24.blogspot.com/2009/07/blog-post_139.html
၅။ http://en.wikipedia.org/wiki/Vassa

သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား ပွင့်ထွန်းလာချိန်တွင် မကိုးကွယ်ရာနှင့်ကိုး ကွယ်ရာကို ခွဲခြား၍ဟောတော်မူရာ ''တော
တောင်၊ အာရာမ်၊ အဓိကရသစ်ပင်စသော ကိုးကွယ်ရာတို့ ကို ကိုးကွယ်ခြင်းသည် ဘေးကင်း၍ မြတ်သောကိုးကွယ် ခြင်းမဟုတ်၊ ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ် ခြင်းကြောင့် ဒုက္ခခပ်သိမ်းတို့မှမလွတ်မြောက်နိုင်။ ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းကသာ ဘေးမရှိ၍ မြတ် သော ကိုးကွယ်ခြင်းမည်၏။ ရတနာသုံးပါးကို ကိုးကွယ်ခြင်း ကြောင့် ဒုက္ခခပ်သိမ်းမှလွတ်မြောက်၍ လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာများစွာကို ရရှိရုံမျှမက မဂ်ဖိုလ်နိဗ္ဗာန်သို့တိုင် မျက် မှောက်ပြုနိုင်ပေ၏''ဟူ၍ဖြစ်သည်။

ဘေးဒုက္ခအပေါင်းတို့ကို ပယ်ဖျောက်ဖျက်ဆီးတတ် သည့် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ် သုံးပါးသည် သရဏဂုံမည်ပါ၏။ ဗုဒ္ဓံသရဏံဂစၧာမိ၊ ဓမ္မံ သရဏံဂစၧာမိ၊ သံဃံသရဏံဂစၧာမိ ဟူ၍ ပီပြင်ကျန သုံး ကြိမ်မျှ လေးနက်ယုံကြည်စွာရွတ်ဆိုလျက် သရဏဂုံဆောက် တည်ရာ၏။ ဗောဓိအောင်မြေဗုဒ္ဓဟေ၌ မြတ်စွာဘုရားရှင် ပွင့်တော်မူ၍ လင်းလွန်းပင်ရင်း၌ သတ္တမသတ္တာဟ ဖလ သမာပတ်ဝင်စားတော်မူစဉ် ဥက္ကလာဇနပုဒ် ပေါက္ကရဝတီ မြို့မှ တဖုဿနှင့်ဘလိ္လက ကုန်သည်ညီနောင်နှစ်ဦးလည်း ကုန်သွယ်ခြင်းအလို့ငှာ မဇ္ဈိမဒေသသို့ ရောက်ရှိနေလေ၏။

ဓမ္မရာဇ်ထွတ်ဖျား မြတ်စွာဘုရား ပွင့်တော်မူကြောင်း ကုန်သည်ညီနောင် ကြားသိသည်နှင့် အလျဉ်အဦးရောက် လာကြ၍ ပျားရည်ဆမ်းသော မုန့်ြ<ွကပ်ကျစ်များအား ကပ် လှူ၏။ ဘုရားရှင်သည် ကုန်သည်ညီနောင်နှစ်ဦးကို 'ဗုဒ္ဓံ သရဏံဂစၧာမိ၊ ဓမ္မံသရဏံဂစၧာမိ'ဟူ၍ ဒွေဝါစိကသရဏဂုံ ကို ပေးတော်မူ၏။ မြတ်စွာဘုရား ပွင့်တော်မူစ သံဃာရတနာ မပေါ်သေး သောကာလဖြစ်၍ ကုန် သည်ညီနောင်ကို သရဏဂုံ နှစ်ပါးတည်းသာ ပေးတော် မူခြင်းဖြစ်၏။

ဗာရာဏသီ မိဂဒါဝုန် တောဥယျာဉ်တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား တရား ဦး ဟောတော်မူပြီး သံဃာ တော် စတင်ပေါ်လာမှသာ ရတနာသုံးလီ သရဏဂုံသုံးပါး နှင့် ပြည့်စုံညီခဲ့လေသည်။
မြတ်စွာဘုရားရှင်၏ သာ သနာတော်မြတ်ကြီးအား မ ကွယ်မပျောက် စည်ပင်ပြန့်ပွား ထွန်းတောက်နေစေရန် ရဟန်း သံဃာတော်များက ထိန်းသိမ်း တော်မူလျက်ရှိကြသည်။ သံဃာတော်များသည် ဘုရား ရှင်ထားရစ်တော်မူသော ဝိနည်း၊ သုတ္တန်၊ ပိဋကတ်တော် များကို လက်နက်အလို့ငှာ ကိုင်ဆောင်သည်။ တံခွန်သဖွယ် မည်သော သင်္ကန်းကိုဝတ်ရုံ၍ ဂနၳဓူရ၊ ဝိပဿနာဓူရ ဓူရ နှစ်ဖြာကို ထမ်းရွက်တော်မူနေကြသည်။

သံဃာတော်အရှင်သူမြတ်များ ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဓ သုံးတန်သာသနာ ညီမျှစွာ ရွက်ဆောင်နိုင်စေဖို့ အတွက် ပစ္စည်းလေးပါးပြည့်စုံရန်လိုသည်။ ဓမ္မာနုဂ္ဂဟ ကား ဆရာတော်သံဃာတော်များ၏ တာဝန်ဖြစ်၍ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေးဟူသည့် ပစ္စည်းလေးပါး ပစ္စယာနုဂ္ဂဟ ထောက်ပံ့မှုမှာ ဒကာ၊ ဒကာမများ၏တာဝန် ဖြစ်သည်။ သာသနာပြုတော်မူလျက်ရှိကြကုန်သော သံဃာတော် ထေရ်အရှင်မြတ်များ မချို့မငဲ့နှင့် သာသနာပြုနိုင်ရန် ဒကာ၊ ဒကာမတို့က ပစ္စည်းလေးပါး တာဝန်ကျေပွန်ကြသည်။ ယင်း၌ တံခွန်သဖွယ်ဖြစ်သော သင်္ကန်းအလှူများလည်း ပါဝင်ကြရာ ဝါဆို၊ ကထိန်၊ ရှင်ပြု၊ ရဟန်းခံတို့တွင် သင်္ကန်း ကို အမြတ်တနိုးလှူဒါန်းကြလေသည်။

မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ် နှင့် ဒေသစာရီလှည့်လည်တော်မူရာတွင် သာကီဝင်တို့ လုပ်သော လယ်ယာမြေများရှိရာသို့ ရောက်တော်မူ၏။ အကွက်၊ အကန့်၊ ကန်သင်း၊ ရေမြောင်းများ စနစ်တကျ ဖွဲ့၍ထားသော လယ်ကွက်များကို မြင်တော်မူသဖြင့် စိတ် တော်တွင် ကြည်နူးတော်မူ၏။ ဝတ်ရုံတော်မူသောသင်္ကန်း ကို ဤသို့အကွက်၊ အကန့်၊ မြောင်းထား၍ပြုပြင်က ကောင်း လေစွဟု အကြံဖြစ်တော်မူ၏။ အရှင်အာနန္ဒာကိုလည်း ဤ လယ်ကွက်များကဲ့သို့ ပုံပန်းသဏ္ဌာန်တူသော အကွက်များ ဖြင့် သင်္ကန်းချုပ်လုပ်ရန် မိန့်ကြားတော်မူ၏။

မြတ်စွာဘုရားသည် လူ၊ သတ္တဝါတို့၏ ကျေးဇူးရှင် ဖြစ်သော လယ်သမားများအား အမှတ်တရဖြစ်စေခြင်းငှာ ရည်ရွယ်တော်မူခြင်း ဖြစ်၏။ ထိုမှစ၍ သင်္ကန်းများတွင် အကွက်၊ အကန့်၊ ချုပ်ရိုးမြောင်းများသည် ဝိ နည်းတော်နှင့်အညီ ဖြစ်ပေါ်လာရလေ၏။ သံဃာတော် ထေရ်အရှင်မြတ်များသည် ဝါတွင်းသုံးလပတ်လုံး ဝါဆို ကပ်သည်ကို ဝါဆိုသည်ဟု ခေါ်၏။ ဝါဆိုလပြည့်ကျော် တစ်ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါဆိုခြင်းမှာ ပုံမှန်ဝါဆိုခြင်းဖြစ်၍ ဝါဆိုရန်မမီသော သံဃာတော်များ က ဝါခေါင်လပြည့်ကျော်တစ်ရက်မှ တန်ဆောင်မုန်းလပြည့် အထိ ဝါဆိုဝါကပ်တော်မူကြရသည်။

ဘုရားအလောင်းတော် သေတကေတုနတ်သားသည် တုသိတာနတ်ပြည်မှ စုတေ၍ မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့်၌ လူ့ပြည်တွင်သနေ္ဓယူ၏။ မဟာသက္ကရာဇ် ၉၇ခု ဝါဆိုလပြည့်တွင် တောထွက်တော်မူပြီး မဟာသက္က ရာဇ် ၁ဝ၃ ခု ဝါဆိုလပြည့်တွင် မိဂဒါဝုန်တောဥယျာဉ်၌ ပဉ္စဝဂီ္ဂငါးဦးတို့ကို တရားဦးဓမ္မစကြာ ဟောတော်မူ၏။ ဝါဆိုလသည် မြတ်စွာဘုရား ပဋိသနေ္ဓနေတော်မူသော လဖြစ်၍ တောထွက်တော်မူသောလလည်းဖြစ်ပြီး တရား ဦးဓမ္မစကြာ ဟောတော်မူရာလ ဖြစ်သည်။ ထို့ကြောင့် 'သနေ္ဓ၊ တောထွက်၊ ဓမ္မစက်၊ ဟောြ>ွမက်လဝါဆို' ဟူ၍ ဆို စမှတ်ပြုကြကုန်သည်။

မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူစက သံဃာတော် အရှင်မြတ်များသည် ဝါဆိုဝါကပ်ခြင်းကို မပြုကြသေး။ နွေ၊ မိုး၊ ဆောင်းပတ်လုံးလှည့်လည်၍ ခရီးသွားလာနေကြ ၏။ မိုးဥတု၌ တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် တောင်သူတို့စိုက်ပျိုးသော သီးနှံခင်းများအား ဖြတ်သန်း၍ သွားရသဖြင့် နင်းနယ်ပျက်စီးကုန်၏။ ပြည်သူအပေါင်းတို့ က ''မိုးကာလ၌ မိစၧာဒိဋ္ဌိများပင် ခရီးမသွားကြ။ တိရစၧာန် ငှက်များလည်း အသိုက်မပြောင်းကြ၊ ငါတို့ကိုးကွယ်သော သာကီနွယ်ဖွားရဟန်းများကား အများစိုက်ပျိုးထားသော ကောက်ပဲသီးနှံများကို နင်းနယ်ဖျက်ဆီးလျက် ရာသီမရွေး ခရီးသွားနေကြလေတကား''ဟု စသည်အားဖြင့် အပြစ် ပြောဆိုလာကြ၏။

မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယဝိဟာရ၌ ပထမဦးဆုံးဝါကိုကပ်တော်မူ၏။ ဝါကျွတ် သည်နှင့် ရာဇဂြိုဟ်ပြည်သို့ြ<ွကတော်မူကာ ဝေဠုဝန်ကျောင်း တော်တွင် သီတင်းသုံးနေတော်မူလျက်ရှိ၏။ ထိုစဉ် ဤ အကြောင်းကို ဘုရားရှင်ကြားတော်မူလျှင် ရဟန်းတော် များအား ဝါတွင်းသုံးလပတ်လုံး ဒေသစာရီလှည့်လည်ခရီး သွားခြင်းမပြုရန်၊ ဝါတွင်းကာလတွင် မိမိတို့၏ ကျောင်း အတွင်း၌ ဝါဆိုဝါကပ်ခြင်းအမှုကိုပြု၍ တရားအားထုတ် ကြရန်၊ ဝါကျိုး၊ ဝါပြတ်၊ ဝါမကပ်ဘဲ ညဥ့်နေညဥ့်အိပ် ခရီး သွားသောရဟန်းများ ဒုက္ခဋ်အာပတ်သင့်စေရန် အာဏာ ဓမ္မစက်သိက္ခာပုဒ် ပညတ်တော်မူ၏။

ထိုစဉ်မှစ၍ ရဟန်းတော်များသည် မိမိကျောင်းမှ တစ် ပါးသောအရပ်သို့ ညဥ့်အိပ်ညနေ ခရီးမသွားရတော့ပေ။ မိမိ၏ ကျောင်းသင်္ခမ်းကို ညဥ့်ညပစ်ခဲ့၍ ခရီးမသွားပါဟု ဝန်ခံကာ ဝါဆိုဝါကပ်ခြင်းပြုကြရ၏။ မဖြစ်မနေသွားလာ ရန် ခရီးပေါ်ပေါက်လျှင်သာ ခုနစ်ရက်ဝါပန်၍ သွားလာ နိုင်လေ၏။

သံဃာတော်ထေရ်အရှင်မြတ်များသည် ဝါဆိုလပြည့် ကျော်တစ်ရက်ညတွင် စတင်ဝါဆို၍ ဒကာ၊ ဒကာမများက ထိုနေ့အမီ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူကြသည်။
မျက်မှောက်ကာလအထိ ကျေးလက်များတွင် အိုးစည်ဗုံ မောင်း အကအစုံများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ဝါ ဆိုသင်္ကန်း၊ ဝါဆိုပန်းများကို စည်ကားသိုက်မြိုက်စွာ သွား ရောက်ကပ်လှူကြသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ကရိကထမများသော ဒါနဖြစ်သဖြင့် နယ်ရောမြို့ပါ ကျယ် ပြန့်စွာ ကပ်လှူလျက်ရှိကြလေသည်။

ဝါဆိုမည့်ညတွင် ဝါကပ်အမီ ဆိုက်ရောက်လာနိုင် သေးသည့် သံဃာအား စောင့်၍ ညဥ့်ကိုးနာရီထိုးချိန်ကျမှ ဝါဆိုတော်မူကြကုန်၏။ တချို့လည်း ဝါဆိုသံဃာတော် များကို သွားရောက်ကြည်ညိုရင်းနှင့် အမွေးတိုင်၊ ဖယောင်း တိုင်များ ကပ်လှူပူဇော်ကြ၊ အဖျော်ရည်များ လှူဒါန်းကြ သည်။ ဝါဆိုပြီးသည်နှင့် စားသောက်သိမ်းရုံးပြီး ဝါဆိုသဲ၊ ဝါဆိုပန်းလေးများ အသီးသီးယူဆောင်ပြီး ပြန်လာခဲ့ကြ သည်။
မြတ်စွာဘုရားရှင်သည် ဌာနပေါင်း ၁၇ နေရာတွင် ဝါတော်ပေါင်း ၄၅ဝါကပ်တော်မူရာ သတ္တမဝါကို တာဝတိံ သာနတ်ပြည်တွင် ကပ်တော်မူသည်။ မွေးမိခင်သီရိမဟာ မာယာဖြစ်ခဲ့သော သန္တုတိသနတ် သားအား အကြောင်းပြုလျက် ဝါ ဆိုတော်မူရင်းဖြင့် အဘိဓမ္မာတရား တော် ရွတ်ပွားကာ ကျေးဇူးဆပ် တော်မူခဲ့လေသည်။

ရှေးကစ၍ ဝါဆိုလတွင်ကပ် သောကြောင့် ဝါဆိုသင်္ကန်းဟု ခေါ်သော်လည်း မိုးရေခံသင်္ကန်း ဟုလည်း ခေါ်ဝေါ်ကြသည်။ ဝါ ဆိုသင်္ကန်းကို နယုန်လပြည့် ကျော်တစ်ရက်နေ့မှ ဝါဆိုလ ပြည့်အထိ ကပ်နိုင်သည်ဟု သိ ရသည်။ သို့သော်လည်း မျက် မှောက်ကာလတွင်မူ ဝါတွင်း ၌လည်း သင်္ကန်းကပ်လှူလျက် ရှိကြသည်။

သင်္ကန်းကပ်လှူခြင်း ရှစ်ပါးရှိရာ ...
(၁) ခရီးသွားခါနီးတွင် လှူဒါန်းသောဂမိဏစီဝရသင်္ကန်း၊
(၂) အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် လှူဒါန်းသော ဂမ်ဘိဏိစီဝရသင်္ကန်း
(၃) နာမကျန်းဖြစ်သောအခါ၌ လှူဒါန်းသော ဂိလာန စီဝရသင်္ကန်း၊
(၄) သဒ္ဓါတရားဖြစ်ပေါ်သဖြင့် လှူဒါန်းသော သဒ္ဓါရစီဝရ သင်္ကန်း၊
(၅) စစ်ထွက်ခါနီးတွင် လှူဒါန်းသော ဥယျုတ္တစီဝရ သင်္ကန်း၊
(၆) အဆောတလျင် ရှောင်တခင်လှူဒါန်းသော အစေ္စက စီဝရသင်္ကန်း၊
(၇) ဝါဆိုဝါကပ်ရန် လှူဒါန်းသော ဝဿဝါသိကစီဝရ သင်္ကန်းနှင့်
(၈) ကထိန်ခင်း၍လှူဒါန်းသော ကထိနစီဝရသင်္ကန်း
ဟူ၍ ရှစ်ပါးရှိကုန်သည်။

ရဟန်းသံဃာတော်များ ဝတ်ရုံသောသင်္ကန်းသည် သစ် ခေါက်ဆိုးဆေးဆိုးထားသော ပိတ်စသာလျှင်ဖြစ်သည်။ လူတို့ဝတ်သော အဝတ်နှင့် ပိတ်စချင်းတူပါလျက် သင်္ကန်း ကို အဘယ့်ကြောင့် ကော်ရော်မြတ်နိုး ရှိခိုးအမှူးပြုကြပါ သနည်း။ ဤအကြောင်းကို မြတ်စွာဘုရားရှင်အား ရှင် ဥပါလိမထေရ်ကြီးက လျှောက်ထားမေးမြန်းတော်မူ၏။

မြတ်စွာဘုရားရှင်သည် ရှင်ဥပါလိမထေရ်၏အမေး ကို ''ချစ်သားဥပါလိ၊ ရှေးက လွန်လေပြီးသောဘုရားတို့ သည်လည်းကောင်း၊ ယခုပွင့်ဆဲ ပွင့်လတ္တံ့သောဘုရားတို့ သည်လည်းကောင်၊ ဤဖန်ရည်ဆိုးသောသင်္ကန်းဖြင့်သာ ကိလေသာအညစ်အကြေးတို့ကို ပယ်သတ်ကြကုန်သည်။ ပိတ်စချင်းတူငြားလည်း ဖန်ရည်စွန်းသောသင်္ကန်းသည် ကိ လေသာတို့ကို သန့်စင်ရာ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက် ပြုရာအတွက် တံခွန်သဖွယ်ဖြစ်သဖြင့် ရှိခိုးဦးခိုက်ထိုက် ပေသည်''ဟု မိန့်တော်မူလေ၏


No comments:

Post a Comment