........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 22, 2017

"တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား သမိုင်း"

( တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရား တည်ထားတော်မူခဲ့သော
ရက်ကန်းစင်တောင်ဆရာတော်ကြီး ဦးသြဘာသ၏အတ္ထုပတ္တိအပိုင်းများမှပြန်လည်မျဝေပါသည်။)
ရက်ကန်းစင်တောင်ဆရာတော်ကြီးသည် ၁၃၃၀ပြည့်နှစ်ပေါင်းလပြည့်ကျော်၁၂ရက်.14.3.1969နေ့တွင်တပည့်များနှင့်အတူရန်ကုန်မှတောင်ကြီးသို့ ကြွရောက်တော်မူခဲ့လေသည်။၃၁ ဘုံအတွက်ရည်စူး၍ တေါင်ကြီးမြိုတွင် ဘုရားတည်ရန်
ဦးဆောင်ညွန်ကြားမှု့ပေးရန်အတွက် ကြွရောက်တော်မူခြင်းဖြစ်လေသည်။ဆရာတော်ကြီးသည် တောင်ကြီးမြို့ကျောက်တစ်လုးံလမ်းရှိ ဦးစောလှ ဓမ္မာရုံတွင် သီတင်း
သုးံတော်မူသည်။လာရောက်ဖူးမြော်ကြသူများ အလွန်းတစ်ရာစည်ကားလှလေသည်။၃၁ဘုံသာများ ကပ်ဆိုးဘေးဆိုးမှ ကျော်လွှား၍ နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရန်
ကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဥာဏ်တော်၃၁တောင် အမြင့်ရှိသည့် ဆူးလေစေတီတော်ပုံ စေတီတစ်ဆူကို
၁၃၃၁ ခုနှစ်မကုန်မီ အပြီးတည်ရမည်ဟု ဆရာတော်ကြီး မှ ရုတ်တရက် အမိန့်ရှိတော်မူလိုက်လေသည်။
စေတီကြီး ပြီးမြောက်သွားလျှင် ပရိ
ယတ္တိ ပဋိပတ္တိ ပဋိဝေဒ သသာသနာသုးံရပ် ဖွံ့ဖြိုးတိုးတက်လာပြီး သာသနာတော်ကို အနှေက်ရှက်ပေးမည့် မိစ္ဆာဝါဒများ အန္တရာယ်မှ ကာကွယ်ပြီး ဖြစ်မည်ဟု ဆရာတော်ကြီးမှ အမိန့်ရှိလေသည်။သာသနာတော်အတွက်
နိုင်ငံအတွက် သတ္တဝါများအကျိုးစီးပွားအတွက်
ပြည်တော်ဝင်ခဲ့ခြင်းပင်ဖြစ်လေသည်။
ဘုရားတည်ရမည့်နေရာကို ဆရာတော်ကြီးမှ တောင်ကြီးမြို့အရှေ့ဘက် တောင်တန်းကြီးအလယ် ပေ၂၀ခန့်မြင့်သော တောင်ကုန်းကမူလေးပေါ်တွင်(နွားလားဥဿဘတောင်.ခေါ်.ဘိုးမင်းတောင)်ပေါ်တွင်တည်ထားရမည်ဟုအမိန့်ရှိလေသည်သည် နွားတစ်ကောင်ဧ၊် ဘို့ပမာ ထူးခြားစွာဖြစ်ပေါ်နေသည့် အတွက် နွားလားဥဿဘတောင်ဟု ခေါ်ဆိုဖြင်းဖြစ်လေသည်။မြန်ပြည်တဘောင်
ရှမ်းပြည်နယ်တောင် ၊ဦးစီးဦးဆောင် ဥဿဘတောင် ဟု အဓိပ္ပာယ်ဟု ရွှေဘုန်းပွင့် ဘုရားသမိုင်းတွင်လည်းဖွင့်ဆိုထားလေသည်။
ထိုနေရာသည် ပင်လယ်ရေပြင်မှ အမြင့်ပေ ၅၆၂၃ ပေ ခန့်မြင့်သော နေရာဖြစ်သည်။
နွားဘို့နှင့်တူသည့်မြေကမူကိုဖြိုပြီး ဘုရားတည်ရန်
မင်္ဂလာနေရာအဖြစ် ၁၃၃၀ခုနှစ် တန်ခူးလဆန်း၇ရက် 24.3.1969တနင်္လာနေ့တွင် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။ဘုရားမြေနေရာသတ်မှတ်ပြီး တစ်ပတ်ခန့်အကြာ တနင်္ဂနွေနေ့ 17.4.69 တွင်ပန္နက်တင်မင်္ဂလာ
ငါးခုကို တစ်ပြိုင်တည်းဆောင်ရွက်ရန် ဆရာတော်ကြီးမှ အမိန့်ရှိလေသည်။
၁။ ။ရွှေဘုန်းပွင့်စေတီတော် ပန္နက်တင်မင်္ဂလာ
၂။။ ။ဦးစောလှဓမ္မာရုံရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဗုဒ္ဓာဘိ အနေကဇာတင် ပန္နက်မင်္ဂလာ ။
၃။ ။ဦးစောလှ ဓမ္မာရုံတွင် သာသနာ့ဝိဇ္ဇာ မဟိဒ္ဓိအောင်လံစိုက် ပန္နက်မင်္ဂလာ
၎။ ။ပုဗ္ဗာရုံညကံဦးကျောင်းတိုက်တွင် ရှင်သုးံပါးအား
ရှင်ပြုပန္နက်မင်္ဂလာ
၅။ ။ကန်တော့ပွဲ၉ပွဲဖြင့် ကိုးမြို့ကိုယ်စား ရှမ်း၉မြို့ ပန္နက်မင်္ဂလာ စသဖြင့် ပန္နက်၅မျိုးဖြစ်လေသည်။
ရွှေဘုန်းပွင့်စေတီ ပန္နက်တင်မင်္ဂလာကိုနံနက်၈နာရီ မထိုးမီ ရက်ကန်းစင်တောင်
ဆရာတော်ကြီးဧ၊်တပည့်ဦးပဏ္ဏိစ္စ ဦးစီး၍ ဦးချစ်မောင်ဦးပေါစံ ဒေါ်ချစ်ဖြူတို့ပါဝင်သော သံဃာတော်နှင့် လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြလေသည်။ထိုအချိန်မှာပင် ဆရာတော်ကြီးသည် ဦးစော
လှဓမ္မာရုံတွင် ပန္နက်တင်မင်္ဂလာလေးခုကို တစ်ပြိုင်တည်း ကျင်းပအောင်မြင်တော်မူခဲ့လေသည်။
ပန္နက်တင်မင်္ဂလာများအောင်မြင်ပြီးနောက် တန်ခူးလပြည့်ကျော်၃ရက်နေ့တွင် ဆရာတော်ကြီးသည် မတ္တရာ ရက်ကန်းစင်တောင်သို့ တပည့်များနှင့်အတူ ပြန်လည်ကြွသွားလေသည်။မန္တလေး
မြောက်ပြင်ရပ် ဥပုသ်တော်ကုန်းနေ ရွှေဘိုဆရာတော်အမည်ရ ဦးအာစာရ နှင့် ဘထွေးတော် ဦးဖျော်တို့ကို
ရွှေဘုန်းပွင့်ဘုရားတည်ထားရာ၌ လိုအပ်သည်မျာ
ကို ကူညီပါဝင်ရန် မိန့်တော်မူခဲ့သည်။ထို့ကြောင့် ဦးအာစာရမှာ ကဆုန်လတွင်လည်းကောင်း
ဦးဖျော်သည် ဝါခေါင်လတွင် လည်းကောင်း တောင်ကြီးမြို့သို့ရောက်ရှိလာကြသည်။
ရက်ကန်းစင်တောင်ဆရာတော်ကြီးမတ္တ
ရာသို့ပြန်လည်ကြွသွားသောအခါ ဘုရားတည်ရန် ဆက်လက်ဦးဆောင်မည့်သူ မရှိသဖြင့် အခက်ခဲတစ်ခုပမာဖြစ်ခဲ့ရသည်။ဘုရားတည်မည့်နေရာသည် သစ်တောကြိုးဝိုင်းထဲတွင်ရှိနေသည်ဖြစ်ရာ သစ်တောဘက်မှ ခွင့်ပြုမိန့်မရရှိသေးခြင်းသည်လည်း အခက်ခဲတစ်ခုဖြစ်နေရလေသည်။ငွေကြေးမပြည့်စုံခြင်း ရေ မီး မရှိခြင်း တည်ဆောက်မည့် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ကားလမ်းမပေါက်သောတောတောင်ဖြစ်နေခြင်း စသည့်အခက်အခဲ များသည် တစ်နှစ်အတွင်း
ဘုရားတည်ရန် အခက်ခဲကြီးစွာဖြစ်နေရလေသည်။
ဤသို့ဖြင့် လေးငါးလခန့်အချိန်များ ကုန်လွန်ခဲ့ရသည်။
တောင်ကြီးမြို့တစ်မြို့လုးံမှလည်း
ဘုရားတစ်ဆူဖြစ်တည်လာမည်ကိုမျှောင်လင့်နေကြသည်။မြို့ပေါ်ရှိရပ်ကွက်ကြီး၃၆ရပ်ကွက်မှ ပြည်သူများမှ လုပ်အားဒါနပြုရန် အသင့်ရှိကြသည်။ရက်ကန်းစင်တောင်ဆရာတော်ကြီးတည်မည်ဖြစ်၍ အကျိုးကျေးဇူးကြီးမည်ကိုလည်းယုံကြည်ကျသည်။တောင်ကြီးမြို့ဧ၊် သြဇာတိက္ကမကြီးတော်မူသော တောင်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တနရိန္ဒ မထေရ်မြတ် ကိုယ်တိုင်
ယခု ရွှေဘုန်းပွင့်ဘုရားတည်မည့်နေရာမှာ ဘုရားတစ်ဆူတည်ရလျှင်ကောင်းလေစွ ဟု ဆန္ဒရှိနေသူလည်းဖြစ်လေသည်။ရက်ကန်းစင်တောင်ဆရာတော်ကြီး ဘုရားတည်လျှင် ဝိုင်းဝန်းကူညီရန်အသင့်ဖြစ်နေပေသည်။ထိုစဉ်က ရှမ်းပြည်နယ် ဦးစီးဋ္ဌာန ဥက္ကဋ္ဌ ဦး
ထွန်းအေး တိုင်းမင်းကြီးဦးလှ သာသနာရေးဦးစီး တာဝန်ခံ ဦးကျော်ဇောစသူတို့သည် ဘုရားတည်ရေးထောက်ခံအားပေးခဲ့ကြလေသည်။သစ်တော်ဋ္ဌာနဧ၊်
ခွင့်ပြုချက်မရသေးခြင်းသည်သာ အခက်အခဲဖြစ်၍နေရလေသည်။ဘုရားတည်ရန် ဦးဆောင် ဂေါပက အဖွဲ့လိုအပ်လာသည့်အတွက် စိတ်ဝင်စားသူ လူ၂၀၀
ခန့် ဖိတ်ကြားပြီးလျှင် ၁၃၃၁ခုနှစ် ဝါခေါင်လဆန်း၎ရက်
.17.8.1969 နေ့တွင် ဦးစောလှ ဓမ္မာရုံတွင် အစည်းအဝေးကျင်းပခဲ့ကြပြီးလျှင်
၁။ ။ဗိုလ်မှုးချုပ်သန်းတင်(အရှေ့ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်
တိုင်းမှုး)
၂။ ။ဦးထွန်းအေး .်ဥက္ကဋ္ဌ.ရှမ်းပြည်နယ်ဦးစီး
၃။ ။ဦးလှ,တိုင်းမင်းကြီး
၎။ ။ဦးကျော်.သာသနာရေးဦးစီး
၅။ ။တက္ကသိုလ်ဘုန်းနိုင်.တောင်ကြီးကောလိပ်(ဦးခင်မောင်တင့်.ကျောင်းအုပ်ကြီး)
နာယကလူကြီးများဖြစ်ပြီး
၁။ ။ဦးသောင်း (ပြည်သူ့မေတ္တာ ဆေးလိပ်)
၂။ ။ဦးသောင်းဘေ အရေးပိုင(်ငြိမ်း )ဒုဥက္ကဋ္ဌ
၃။ ။ဗိုလ်ကြီးမောင်အေး.၂၃၂.ဆေးတပ် အတွင်းရေးမှုါ်
၎။ ။ဦးမြမောင် ကုန်သွယ်ရေးတွဲဖက်အတွင်းရေးမှုး
၅။ ။ဦးတင်ဝင်း ကုန်သွယ်ရေး ဘဏ္ဌာရေးမှုး
၆။ ။ဦးလှဘူး အခွန်ဝန် .ငြိမ်း. တွဲဖက်ဘဏ္ဌာရေး
၇။ ။ဦးစောခမ်း မြို့ပိုင် .ငြိမ်း.စာရင်းစစ်
စငည့်အလုပ်အမှု့ဆောင်တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး
ဘဏ္ဌာငွေ ရရှိရေး ဆောက်လုပ်ရေး သယ်ယူပို့ဆောင်ရေး ဧည့်ခံကြိုဆိုရေး စသဖြင့်ဖွဲ့စည့်နိုင်ခဲ့ပြီးလျှင် ၁၃၃၁ခုနှစ် တွင် ရက်ကန်းစင်တောင်ဆရာတော်ကြီးမှ
ဘုရားကို အပြီးတည်မည်ဟုမိန့်ထားသဖြင့် ဘုရားကြီး
ပြီးမည်ဟုယုံကြည်ထားကြလေသည်။
ဘုရားကြီးအုတ်မြစ်ခြရန် ဖောင်ဒေးရှင်းလည်းတူးပြီးနေပြီ အုတ်မြစ်ခြရန် ၁၀ရက်ခန့်သာလိုတော့သည်။အင်္ဂတေလောင်းသည်နှင့် သစ်တော ဋ္ဌာနမှ
တရားစွဲမည်ဟုပြောလာလေသည်။ဆရာတော်ကြီးကလည်းမရှ်ိ၊အလွန်တစ်ရာမှပင် အခက်ခဲ့ကြီးကြုံ
တွေ့ခဲ့ကြရသည်။
ပါရမီကြိုးကိုင်ဆိုသည့်အတိုင်း ရက်ကန်းစင်တောင်ဆရာတော်ကြီးသည်ပါရမီရှင်တပည့်များကို
သူ့နေရာနှင့်သူ အကွက်စေ့ပါဝင်ကြပြီးသည်နှင့် ရက်ပိုင်းအတွင်းမှာပင် အခက်ခဲများအားလုးံ ပိန်းကြာဖက်တွင်ရေမတင်ဘိသကဲသို့ ဖြစ်ခဲ့ရပြီး ရွှေဘုန်းပွင့်စေတီတော်ကြီး အောင်မြင်စွာတည်ခဲ့ရခြင်းသည် ရက်ကန်းစင်တောင်ဆရာတော်ကြီးဧ၊် တပည့်သာဝကအများ ပါ
ရမီဖြည့်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်လေတော့သည်။ ။ ။
ရိပ်သာဖွင့်၍ သာသနာပြုခြင်း တရားဟော၍ သာသနာပြုခြင်း တို့တွင် ဘုရားတည်၍သာသနာပြုရခြင်းသည် အခက်ဆုးံဖြစ်ကြောင်း ကျေး
ဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး မိန့်တော်မူခဲ့လေသည်။ဘုရားတည်ပြီဆိုလျှင် လူစုရသည် လူစုတော့ နတ်စုသည် ၊နတ်စုလျှင် ဝိဇ္ဇာစုသည်၊စုမိပေါင်ရမိခြင်းသည်ကောင်းမွန်သော်လည်း နတ် လူ ဝိဇ္ဇာတို့
ဓာတ်သဘာဝအရ မတူ မတည့်သည်များပါလာလျှင် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါလာတပ်ပေသည်။စကား
များကြ ရန်ဖြစ်ကြ အထင်လွဲကြ တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ခြင်အောင် ဖြစ်ကြနှင့် နောင်တွင် ဘုရားတည်မည့်စကား မပြောချင်လောက်အောင်ပင်
ဖြစ်သွားတတ်ကြလေသည်။ဘုရားတည်မည့်နေရာတွင်
ရှိသည့် ကုန်းပိုင် ကွင်းပိုင် တောပိုင် တောင်ပိုင် နယ်တောရှင် ရွာတော်ရှင် ကြီးများဧ၊် သဘောတူညီမှု့ကို
လည်း ရရှိရန် အထူးလိုအပ်လေသည်။ဘုမ္မိယ ခေါ် သိုက်အနွယ်ဝင်များ မှ မကြည်ဖြူ၍ နှောက်ရှက် ပြန်လျှင် အခက်ကြုံရတတ်လေသည်။ဘုရားမပြီးမခြင်း ဦးဆောင်သူများမှာ အခက်ခဲများကြုံတွေ့ရတတ်လေသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ရက်ကန်းကြိုး ရက်ကန်းဆက်ဖြစ်လေသည်။သာစည်မြို့နယ် ရွှေကျောင်းကုန်းတောင်ပေါ်တွင် ၁၃၄၁ ခုနှစ် လောကမုနိဘုရားတည်နေစဉ်
ရက်က်န်းစင်တောင်ဆရာတော် ကြီး ကြွတော်မူလာပြီး
ဘုရားစေတီပုံတော်ကအစရည်ရွယ်ချက် ဓာတ်ပန္နက်များအကြောင်းကိုပါ ပြောဟောသွန်သင်ခဲ့သည်ဟု ဆိုလေသည်။
ယခု တောင်ကြီးမြို့ ဥဿဘတောင်ပေါ်တွင် ရွှေဘုန်းပွင့်ဘုရား တည်ဖို့အတွက် အုတ်မြစ်ခြပြီးသည့်တိုင် အခက်ခဲများနှင့်ကြုံတွေ့ခဲ့ရသည်။အဆင်မပြေမှု့များတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး
အချင်းချင်းရန်ဖြစ်သည်အထိ ဖြစ်ခဲ့ရလေသည်။
အခြေနေအရပ်ရပ်ကို သိမြင်တော်မူသော ရက်ကန်းစင်
တောင်ဆရာတော်ကြီးသည် တောင်ကြီးမြို့သို့ ၁၃၃၁ခု
နှစ် တန်ဆောင်မုန်းလတွင် တောင်ကြီးမြို့သို့ ဒုတိယ
အကြိမ်ကြွတော်မူလာခဲ့လေသည်။ဆရာတော်နှင့်အတူ
စိန်ဖူးတော်လည်းပါလာခဲ့သည်။ဆရာတော်ကြီးမှ
ဒီတောင်မှာရှိတဲ့ တောင်ပိုင်ဘိုးဘိုးနဲ့ ဒေဝယက္ခက
သူတို့အတွက် ကုသိုလ်ပြုပေးဖို့ နှင့် နန်းတည်ဆောက်
ပေးဖို့အတွက် ငါ့ လာလျှောက် နေကြတယ် မမြင်ရတဲ့
သူတွေမို့ အထင်မသေးဖို့လိုတယ် ဒါကြောင့်
ဘုရားအရှေ့မြောက် (၁နွေထောင့်)မှာ တောင်ပိုင်ဘိုးဘိုးပုံကို ပန္နဲသားနဲ့ထု
အနောက်တောင်ထောင့်(စနေထောင့်)မှာ ဒေဝယက္ခ
ပုံကို ထောက်ကြံ့သားနဲ့ထု
သူတို့အတွက် နန်းတည်ဆောက်ပေးလိုက်ကြ သူတို့ဘုရားလျူဖို့ အလင်းတိုင်နံ့သာတိုင်များပေးလိုက်ကြ ဟူ၍ အလေးထားမှာကြားတော်မူလေသည်။
တောင်ပိုင်ဘိုးဘိုးနှင့် ဒေဝယက္ခပုံများ
ထုလုပ်ထားရှိပြီးသောအခါ အချင်းချင်းစိတ်ဝမ်းကွတာ
ရန်ဖြစ်တာစသည့်အနှောက်အရှက်များမရှိတော့ပဲဘုရားတည်ရန်ကိစ္စများချောမောင်မောအောင်မြင်ခဲ့သည်။(သမိုင်းမသိသူများရွှေ့ထား၍ ဒေဝယက္ခရုပ်တုမှာ စနေထောင့်တွင်မရှိတော့ပေ)
၁၃၃၁ ခုနှစ် မကုန်မီ ၃၁ဘုံသားများအ
တွက် ထီးတင်မည်ဟု အမိန့်ရှိခဲ့သည့်အတိုင်း၁၃၃၁ခု နှောင်တန်ခူးလကွယ်နေ့ 6.4.1970. တနင်္လနေ့တွင်
ရက်ကန်းစင်တောင်ဆရာတော်ဘုရားကြီးသည် နောက်ပါသံဃာများဖြင့် တောင်ကြီးမြို့သို့ တတိယအကြိမ်ကြွရောက်တော်မူလာသည်။ဆရာတော်ကြီးမှ ရွှေဘုန်းပွင့်
စေတီတော်ကြီးတွင် ကြေးထီးတော် တင်လျူရန် ဆန္ဒ
ရှိ မိန့်မှာတော်မူခဲ့သော်လည်း ဦးအာစရနှင့် ဒကာအချို့မှ သံထီးတော်ကို ပင့်ဆောင်လာခဲ့ကြသည်။
ဆရာတော်ကြီးလည်းမည်သူ့ကိုမှ အပ်ြစ်မတင်တော့ပဲ မြို့တွင်းသို့ ထီးတော်လှည့်လည်အပူဇော်ခံနိုင်ရေးကို ပြင်ဆင်ကြလေသည်။ရွှေဘုန်းပွင့်
ဘုရားစတင်ပန္နက်ရိုက်သည်မှစ၍
မာန်အောင်ဘုရား
ဓာတ်ပေါင်းစုဘုရား
လောကထိပ်တင် သက်တော်ရှင်ဘုရား
အောင်ဝိဇ္ဇာဦး ဘုရား
ဟူ၍ ဘွဲ့တော်အမျိုးမျိုးဖြင့် ထင်ပေါ်တော်မူခဲ့ရာမှ ထီတင်ခါနီး ရွှေဘုန်းပွင့်ဘုရားဟူ၍ အားလုးံအကြိုက်ညီ ဘွဲ့မည်တော် တွင်ခဲ့ခြင်းဖြစ်လေသည်။
၁၃၃၁ခုနှစ် နှောင်းတန်ခူလဆန်း၎ရက် (10.4.1970)
သောကြာနေ့နံနက် ၈နာရီမှ မွန်းတည့်၁၂နာရီအထိထီးတော်နှင့်ဘုရားများအား တောင်ကြီးမြိုအတွင်း လှည့်လည် အပူဇော်ခံခဲ့လေသည်၁၃၃၁ နှောင်းတန်ခူးလဆန်း ၇ရက်နေ့.13.4.1970.အင်္ဂါနေ့် နံနက်
၉နာရီ သင်္ကြန်အကြိုနေ့တွင် ရွှေဘုန်းပွင့်စေတီတော်
ကြီးဧ၊် ပင်မထီးတော်နှင့် အရံစေတီ၈ဆူကို တင်လျှူနိုင်ခဲ့လေသည်။တစ်ဆက်တည်းမှာပင် ဘုရား အနေကဇာတင် မင်္ဂလာအောင်မြင်တော်မူခဲ့သည်။
ရွှေဘုန်းပွင့်ဘုရားတည်ပြီးနောက်
စေတီတော်ကြီးအား သံဃာအပ်နှံခြင်း တပည့်များအား
ဒုလ္လဘ ရဟန်းခံပေးခြင်း ဆွမ်းဆန်စိမ်းလောင်းလျူစေခြင်းများပြုလုပ်ပေးခဲ့သည်။
ရက်ကန်းစင်တောင်ဆရာတော်ကြီး
သည် နောက်ဆုးံအချိန်ထိ အမျိုးဘာသာ သာသနာအကျိုးကိုမျှောကြည့်သွားခဲ့ရှာလေသည်။
ဆရာတော်ကြီးသည် တောင်ကြီးနှင့် ဓာတ်တူ နာမ်တူ
တောင်ငူမြို့ ဒေါ်ကြည်ဧ၊်အိမ်တွင် မြန်မာ ၁၃၃၂ ခုနှစ်
တန်ခူးလပြည့်ကျော်၃ရက်ညခရစ် ၁၉၇၀ ခုနှစ် ဧပြီလ
၂၄ ရက်နေ့ စနေနေ့ နေ့လည် ၂နာရီအချိန်တွင် တစ်ဘဝ တစ်ခန္ဓာ စွန့်တော်မူလျှက် ထွက်တော်မူခဲ့ပြီဖြစ်
လေတော့သည်။


No comments:

Post a Comment