........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 30, 2017

“သံေယာဇဥ္ကုိ ပါရမီျဖစ္ေအာင္ လုပ္နည္း”

(Zawgyi)
သံေယာဇဥ္ရဲ႕ ေမွာင္းႏွင္အားက
အင္မတန္ႀကီးမားပါတယ္။
အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ကုိ ႀကီးမားတာပါ။

● တစ္ခါတစ္ရံမွာ တခ်ဳိ႕ကုသုိလ္အလုပ္္ေတြကုိ
ကုိယ့္သေဘာနဲ႔ကုိယ္ဆုိ လံုးဝ မလုပ္ခ်င္ပါဘူး။
● ဒါေပမယ့္ ကုိယ္သံေယာဇဥ္ရွိသူကလုပ္ေစခ်င္တဲ့အတြက္
သူ႔ဆႏၵ လုိက္ေလွ်ာတဲ့အေန နဲ႔ လုပ္ျဖစ္သြားပါတယ္။
တစ္ခါတရံမွာ ကုိယ္ကနည္းနည္းပဲလုပ္ခ်င္တဲ့
ကုသုိလ္အလုပ္ကုိ ကုိယ့္ခ်စ္သူေၾကာင့္
အမ်ားႀကီးလုပ္ျဖစ္သြားပါတယ္။

သံေယာဇဥ္က နိဗၺာန္အထိ ေက်းဇူးျပဳနိဳင္တဲ့
ပ႒ာန္း သတၱိ(ပကတူပနိႆယပစၥယသတၱိ)
ရိွတဲ့အတြက္ သံေယာဇဥ္ကို ကုသိုလ္ပါရမီ
တိုးပြားေရးအတြက္ အသံုးခ်တတ္မယ္ဆိုရင္
အဲဒီသံေယာဇဥ္ကို အျပစ္ေျပာဖို႔ မလိုေတာ့ပါဘူး။

သံေယာဇဥ္ေၾကာင့္ပဲ တစ္ေယာက္က
တစ္ေယာက္ရဲ့ “ပါရမီ ျဖည့္ဘက္” ျဖစ္သြားရတာေပါ့။
တကယ္ေတာ့ အတိတ္က ပါရမီျဖည့္ဖက္
ျဖစ္ခဲ့ၾကလို႔လည္း ဒီဘ၀မွာ ျပန္ဆံုေတြ႔ၾက
ျပန္ခ်စ္ၾကနဲ႔ ကုသိုလ္ေတြ အတူျပန္ျပဳျဖစ္ၾကတာပါပဲ။

ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကို ျပန္မခ်စ္ေတာ့ရင္လည္း
ဘာမွ ၀မ္းနည္းစရာမလိုပါဘူး။
ကိုယ့္ကို မခ်စ္တဲ့သူကို ၊ ကိုယ္ကလည္း
ထပ္ခ်စ္ေနစရာ မလိုေတာ့တဲ့ အတြက္
သံေယာဇဥ္ ကင္းရွင္းျပီး စိတ္လြတ္လပ္
ေအးခ်မ္းသြားမွာေပါ့။
လြတ္လပ္ေအးခ်မ္းတဲ့စိတ္နဲ႔ ကုသိုလ္ေတြလုပ္ ၊
တရားေတြ အားထုတ္ရတာ
ဘယ္ေလာက္ေပ်ာ္စရာေကာင္းထားလဲ။

ဘုရားအဆံုးအမကို က်ယ္က်ယ္ျပန္႔ျပန္႔ ႏွံ႔ႏွံ႔စပ္စပ္
သိထားတဲ့ သာသနာတြင္း လူတစ္ေယာက္အတြက္ေတာ့
● ခ်စ္ျခင္းကလည္း “ကုသိုလ္ပါရမီ”ေမာင္းႏွင္အားျဖစ္သလို၊
● မခ်စ္ျခင္းကလည္း “ကုသိုလ္ပါရမီ”
ေမာင္းႏွင္အားျဖစ္ပါတာပါပဲ။

အခ်စ္လား? လာထား ၊ ကုသိုလ္လုပ္ပစ္မယ္၊
ပါရမီ ျဖည့္ပစ္မယ္။ဒါပဲေပါ့။

-【ဆရာေတာ္ အရွင္ဆႏၵာဓိက

“သံယောဇဉ်ကို ပါရမီဖြစ်အောင် လုပ်နည်း”
••••••••••••••••••••••••••••••••••••••••••••••••
သံယောဇဉ်ရဲ့ မှောင်းနှင်အားက
အင်မတန်ကြီးမားပါတယ်။
အံ့ဩဖွယ်ကောင်းလောက်အောင်ကို ကြီးမားတာပါ။

● တစ်ခါတစ်ရံမှာ တချို့ကုသိုလ်အလုပ််တွေကို
ကိုယ့်သဘောနဲ့ကိုယ်ဆို လုံးဝ မလုပ်ချင်ပါဘူး။
● ဒါပေမယ့် ကိုယ်သံယောဇဉ်ရှိသူကလုပ်စေချင်တဲ့အတွက်
သူ့ဆန္ဒ လိုက်လျှောတဲ့အနေ နဲ့ လုပ်ဖြစ်သွားပါတယ်။
တစ်ခါတရံမှာ ကိုယ်ကနည်းနည်းပဲလုပ်ချင်တဲ့
ကုသိုလ်အလုပ်ကို ကိုယ့်ချစ်သူကြောင့်
အများကြီးလုပ်ဖြစ်သွားပါတယ်။

သံယောဇဉ်က နိဗ္ဗာန်အထိ ကျေးဇူးပြုနိုင်တဲ့
ပဋ္ဌာန်း သတ္တိ(ပကတူပနိဿယပစ္စယသတ္တိ)
ရှိတဲ့အတွက် သံယောဇဉ်ကို ကုသိုလ်ပါရမီ
တိုးပွားရေးအတွက် အသုံးချတတ်မယ်ဆိုရင်
အဲဒီသံယောဇဉ်ကို အပြစ်ပြောဖို့ မလိုတော့ပါဘူး။

သံယောဇဉ်ကြောင့်ပဲ တစ်ယောက်က
တစ်ယောက်ရဲ့ “ပါရမီ ဖြည့်ဘက်” ဖြစ်သွားရတာပေါ့။
တကယ်တော့ အတိတ်က ပါရမီဖြည့်ဖက်
ဖြစ်ခဲ့ကြလို့လည်း ဒီဘ၀မှာ ပြန်ဆုံတွေ့ကြ
ပြန်ချစ်ကြနဲ့ ကုသိုလ်တွေ အတူပြန်ပြုဖြစ်ကြတာပါပဲ။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တော့ရင်လည်း
ဘာမှ ၀မ်းနည်းစရာမလိုပါဘူး။
ကိုယ့်ကို မချစ်တဲ့သူကို ၊ ကိုယ်ကလည်း
ထပ်ချစ်နေစရာ မလိုတော့တဲ့ အတွက်
သံယောဇဉ် ကင်းရှင်းပြီး စိတ်လွတ်လပ်
အေးချမ်းသွားမှာပေါ့။
လွတ်လပ်အေးချမ်းတဲ့စိတ်နဲ့ ကုသိုလ်တွေလုပ် ၊
တရားတွေ အားထုတ်ရတာ
ဘယ်လောက်ပျော်စရာကောင်းထားလဲ။

ဘုရားအဆုံးအမကို ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ်
သိထားတဲ့ သာသနာတွင်း လူတစ်ယောက်အတွက်တော့
● ချစ်ခြင်းကလည်း “ကုသိုလ်ပါရမီ”မောင်းနှင်အားဖြစ်သလို၊
● မချစ်ခြင်းကလည်း “ကုသိုလ်ပါရမီ”
မောင်းနှင်အားဖြစ်ပါတာပါပဲ။

အချစ်လား? လာထား ၊ ကုသိုလ်လုပ်ပစ်မယ်၊
ပါရမီ ဖြည့်ပစ်မယ်။ဒါပဲပေါ့။

-【ဆရာတော် အရှင်ဆန္ဒာဓိက


No comments:

Post a Comment