........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 21, 2017

ေနာင္ပြင့္ေတာ္မူမည့္ အရိေမေတၱယ်ဘဳရား ဗုဒၶဝင္

အရိေမေတၱယ်ဘဳရား ကို ဖူးခြင့္ရမည့္ ပုဂၢိုလ္မ်ား...

၁။ ယခုႀကဳံေတြ႕ေနတဲ့ ေဂါတမ သာသနာတြင္းမွာ ကိုယ္တိုင္ ရဟန္းသာမေဏ သီလရွင္၀တ္ၿပီး ပရိယတ္၊ ပဋိပတ္သာသနာျပဳတဲ့ ပုဂၢိုလ္။

၂။ မိမိရင္မွျဖစ္တဲ့သား၊ သူတစ္ပါးရင္မွ ျဖစ္တဲ့သားေတြကို ရဟန္းခံေပးျခင္း၊ ရွင္ျပဳေပးျခင္းျပဳတဲ့ ပုဂိၢဳလ္။

၃။ မိခင္ဖခင္တို႔ကို ၀တ္ေက်တန္းေက်မဟုတ္ဘဲ စိတ္ပါလက္ပါ ရိုေသစြာျပဳစုလုပ္ေကြၽးတဲ့ ပုဂၢိုလ္။

၄။ သရဏဂုံသီလ မျပတ္ ေဆာက္တည္ေသာ ပုဂၢိုလ္။

၅။ ဘုရားသာသနာ တည္စိမ့္ေသာဌာ ေစတီ၊ ပုထိုး၊ စည္းခုံ ဥမင္လိုဏ္ေခါင္း ဇရပ္ စသည္တို႔ကို ျပဳျပင္တဲ့ပုဂၹိုလ္၊ အသစ္ေဆာက္လုပ္လႉးဒါန္းတဲ့ ပုဂၢိုလ္။

၆။ ေဗာဓိေညာင္ပင္ စိုက္ပ်ိဳးေသာ ပုဂၹိုလ္၊ ေညာင္ေရသြန္းေလာင္းေသာ ပုဂၢိုလ္။

၇။ ေရတြင္း ေရကန္ ေရအိမ္ စတုဒီသာ ေက်ာင္းဇရပ္ တံတား ျပဳျပင္ေသာပုဂၢိုလ္၊ အ႐ုဏ္ဆြမ္း ေန႕ဆြမ္း ေလာင္လႉေသာ ပုဂၢိုလ္။

၈။ ရဟန္းတို႔အား ပစၥည္းေလးပါး လႉဒါန္းေထာက္ပံံ့ေသာ ပုဂိၢဳလ္။

၉။ ကမၼ႒ာန္းဘာ၀နာ ပြားမ်ားအားထုတ္ေသာ ပုဂၢိုလ္၊

ေနာင္ပြင့္ေတာ္မူမည့္အရိေမေတၱယ်ဘဳရား အေၾကာင္း...

အေလာင္းေတာ္နတ္သားက လူ႕ျပည္ကိုဆင္းၿပီး ပဋိသေနၶေနဖို႔ရာအတြက္ ဘုရားေလာင္းတို႔ရဲ႕ ထုံးတမ္းအစဥ္အလာ ဓမၼတာအရ ပဋိသေနၶယူေတာ့မယ္ဆိုရင္ ၾကည့္ျခင္းငါးပါး အရင္ၾကည့္ၿပီးမွ ပဋိသေနၶယူေလ့ရွိၾကတယ္။

ၾကည့္ျခင္းငါးပါးျဖင့္ၾကည့္ေတာ္မူျခင္းက-..

(၁)ဘုရားျဖစ္မည့္ေခတ္အခါကာလကား အႏွစ္တစ္သိန္းမွစၿပီး ေအာက္ျဖစ္ေသာကာလ အႏွစ္တစ္ရာတန္းမွစၿပီး အထက္ျဖစ္ေသာကာလ (တစ္သိန္းႏွင့္ တစ္သိန္းေအာက္- ၁၀၀အထက္)

(၂)ဘုရားျဖစ္ရာကြၽန္းကား ဇမၺဴဒိပ္ကြၽန္း

(၃)ဘုရားပြင့္ရာေဒသကား မဇၩိမေဒသ

(၄)ဘုရားေလာင္းျဖစ္ရာ အမ်ိဳးကား မင္းမ်ိဳး ပုဏၰားမ်ိဳး

(၅)မယ္ေတာ္၏အသက္အပိုင္းအျခားကား ဘုရားေလာင္းေမြးၿပီးခုနစ္ရက္သာေနရျခင္း

ပဋိသေနၶယူုျခင္း...

ေကတုမတီျပည္………..သခၤစၾကဝေတးမင္းႏွင့္တိုင္ပင္ႀကံစည္ဖက္ကိုးကြယ္ရာျဖစ္ေသာ အတိတ္ အနာဂတ္ကိုသိျမင္နိုင္ၿပီးပစၥဳပန္သံသရာအစီးအပြားကို ဆုံးမတတ္ေသာ သုျဗဟၼပုဏၰားႀကီး၏ ျဗဟၼဏဝတီပုေဏၰးမဝမ္းမွာ ပဋိသေနၶေနလိမ့္မည္။

ျဗဟၼဏဝတီပုေဏၰးမဝမ္းမွာဆယ္လျပည့္တဲ့အခါမွာ ဣသိပေတနသမင္ေတာမွာ မယ္ေတာ္ ျဗဟၼဏဝတီသည္ထိုင္လ်က္လည္းမဟုတ္ အိပ္လ်က္လည္းမဟုတ္ဘဲ ရပ္လ်က္သာလွ်င္ သစ္ပင္၏အကိုင္းအခက္ကိုကိုင္လ်က္ ေမေတၱယ်ကိဳဖြားေတာ္မူလိမ့္မည္။ဘုရားေလာင္းနဲ႕အတူ တစ္ခ်ိန္တည္းဖြားေတာ္မူတဲ့ဖြားဘက္ေတာ္ ၁၈ ကုေဋအားလုံးအမတ္ေတြခ်ည္းျဖစ္မယ္။ အဇိတဟူေသာအမည္ကိုသာေပးလိမ့္မယ္။ ဘုရားေလာင္းအဇိတမင္းသားဟာဖြားလွ်င္ဖြားခ်င္း ခုနစ္ဖဝါးလွမ္းၿပီး ေျခေတာ္ခ်တိဳင္းခ်တိဳင္း ၾကာပြင့္ေတြေပၚေပါက္လိမ့္မယ္။

ဖြားလွ်င္ဖြားခ်င္း ခုနစ္လွမ္းလွမ္းၿပီး "ယခုဘဝကား ငါ့အဖို႔ေနာက္ဆုံးဘဝတည္း ေနာက္ထပ္ဘဝမရွိေတာ့ၿပီ အာသေဝါကင္းသည္ ျဖစ္ေသာေၾကာင့္ၿငိမ္းေအးလတၱံ့" ဟူေသာစကားကိုအရပ္ေလးမ်က္ႏွာကိုၾကည့္ၿပီးေျပာဆိုလိမ့္မယ္။

ျပာသာဒ္ေလးေဆာင္ေပၚလာျခင္း...

အဇိတမင္းသားေလာကစည္းစိမ္ခံစားဖို႔ရာေနမင္း၏ေရာင္ျခည္ကဲ့သို႔လူသားေတြမ်က္စိျဖင့္စိန္းစိန္းမၾကည့္ဝံ့တဲ့ အေရာင္တလက္လက္ျဖင့္ ရတနာအေရာင္ထြန္းလင္းေျပာင္တဲ့တင့္တယ္ခန္ညားေသာ
ျပာသာဒ္ေလးေဆာင္ေပၚေပါက္လာလိ္မ့္မည္။ျပာသာဒ္ေလးေဆာင္ကို တစ္ေဆာင္မွာ ပရိေဘာဂအသုံးအေဆာင္ အျပည့္အစုံပါတဲ့တိုက္ခန္းက ခုနစ္ေထာင္စီ တစ္ဖက္တစ္ဖက္မွာ ပတၱျမားေက်ာက္မ်က္႐ြဲစီေသာနဝရတ္ကိုးပါးနဲ႕ ျပည့္စုံေသာ ပလႅင္ခုနစ္ေထာင္စီ ရတနာခုနစ္ပါးႏွင့္ျပည့္စုံေသာ ထီးျဖဴခုနစ္ေထာင္စီ ခုတင္ေညာင္ေစာင္းခုနစ္ေထာင္စီ ျပာသာဒ္တစ္ေဆာင္ကို တိုက္ခန္းက

ခုနစ္ေထာင္စီဆိုေတာ့ ျပာသာဒ္ေလးေဆာင္ဆိုရင္ တိုက္ခန္းေပါင္း ၂၈၀၀၀ ရွိမယ္။ ျပာသာဒ္တစ္ေဆာင္တစ္ေဆာင္ကို ေ႐ႊအိုးႀကီးကတစ္လုံးစီ။

ေ႐ႊအိုးတစ္လုံးစီရဲ႕အဝကား တစ္ယူဇနာက်ယ္မယ္။ ေ႐ႊအိုး၏အေမာက္ကား ေျမႀကီးနဲ႕အမွ်ေအာက္ေျမႀကီးအဆုံးထိ သုံးလို႔မကုန္ဘူး။ ဒါတင္မကေသးဘူး

ေ႐ႊအိုးတစ္လုံးစီမွာ ပေဒသာပင္ႀကီးေျခာက္ပင္စီ ေပါက္လိမ့္မယ္။ ျပာသာဒ္တစ္ေဆာင္ တစ္ေဆာင္မွာ ဆဒၵန္ဆင္မင္းခုနစ္ေထာင္ ေလာဟကသိေနၶာျမင္း တစ္ေထာင္ျဖင့္ ေမာင္းႏွင္ရေသာရထားခုနစ္ရာ ေမာင္းမေပါင္းတစ္ေသာင္းေျခာက္ေထာင္က ဆိုတီးမႈတ္ေျဖေဖ်ာ္ဖို႔ရာ

ကေခ်သည္အမ်ိဳးသမီးခုနစ္ေထာင္တို႔ျဖင့္ေဖ်ာ္ေျဖၾကလိမ့္မည္။

အဇိတမင္းသားအိမ္ေထာင္ျပဳျခင္း...

အခ်ိန္တန္လို႔အ႐ြယ္ေရာက္တဲ့အခါ စႏၵမုကၡီအမ်ိဳးသမီးနဲ႕အိမ္ေထာင္ျပဳလိမ့္မည္။ စႏၵမုကၡီအမ်ိဳးသမီးကလည္း သူမတူ နတ္သမီးတမွ်အလြန္လွပၿပီး သူ႕ရဲ႕ခႏၶာကိုယ္အနံ႕ကား စႏၵကူးသရကၡန္အနံ႕လိုေမႊးႀကိဳင္ေနမယ္။ ခႏၶာကိုယ္အသားကလည္း ဝါဂြမ္းကဲ့သို႔ ႏူးညံ့မယ္။ ခႏၶာကိုယ္အေရာင္က ဆယ့္ႏွစ္ေတာင္အတြင္း မီးမထြန္းဘဲ အေရာင္တဝင္းဝင္းထိန္ေနမယ္။ အရိေမေတၱယ်ဘဳရားရွင္ဟာဘယ္ေလာက္ဘုန္းႀကီးလိုက္မလဲဆိုတာ ရွင္ဘုရင္မဟုတ္ဘဲနဲ႕ အဇိတမင္းသားဘဝေလာက္ရွိတာေတာင္မွသခၤစၾကဝေတးမင္းႏွင့္တကြ ၿမိဳ႕ေပါင္းရွစ္ေသာင္းေလးေထာင္က ရွင္ဘုရင္ေတြနတ္သားေတြက ေဝယ်ဝစၥလုပ္ေပးခ်င္လို႔ျပဳလုပ္ခြင့္ေပးဖို႔လာၿပီးေတာင္းပန္ၾကတယ္တဲ့။ အဇိတမင္းသားက အကြၽႏု္ပ္မွာ ဖြားဘက္ေတာ္ ၁၈ ကုေဋအမတ္ႀကီးႏွင့္တကြ ဆင္ျမင္းရဲမက္ဗိုလ္ပါေတြ ရွိပါတယ္။ အလိုမရွိေတာ့ပါဟု ေျပာလႊတ္လိမ့္မယ္။

သားေတာ္ဖြားျမင္ျခင္း...

အဇိတမင္းသားဟာ ျပသာဒ္ေလးေဆာင္မွာ ေလာကီစည္းစိမ္ခံစားေနစဥ္မွာ အႏွစ္တစ္ေသာင္းျပည့္တဲ့အခါက်ရင္ ျဗဟၼာဝံသ ဆိုတဲ့

သားေယာက်ာ္းေလးေမြးဖြားလိမ့္မယ္။

နိမိတ္ေလးပါးျမင္ျခင္း...

ျဗဟၼာဝံသ သားေယာက်ာ္းေလးေမြးဖြားၿပီးတဲ့အခါ ဘုရားရွင္တို႔ရဲ႕ ထုံးတမ္းစဥ္လာ ဓမၼတာအရ ဥယ်ာဥ္ကထြက္စဥ္မွာ သူအို သူနာ သူေသ ရဟန္း၊နိမိတ္ႀကီးေလးပါးေတြ႕ျမင္ရရင္ သံေဝဂတရားေတြရလာၿပီးေတာ့ ေတာထြက္မည့္အႀကံျဖစ္ေပၚလာလိမ့္မည္။ ဒိဗ်ာဝဒါန ေမေတၱယ်ဗ်ာကရဏဝဒါန (၃၆-၃၇) မွာျပဆိုထားတာကေတာ့ သခၤမင္း၏ ယဇ္တိုင္အပိုင္းပိုင္းျပတ္သည္ကို ျမင္ရၿပီး သံေဝဂျဖစ္ၿပီးေတာထြက္လိမ့္မည္လို႔ျပဆိုထားတာရွိေသးတယ္။ ဘယ္လိုပုံနည္းနဲ႕ျဖစ္ျဖစ္ ေတာကေတာ့ထြက္မွာပါပဲ။ အဇိတမင္းသား ေတာထြက္မယ့္အႀကံစိတ္ကို သခၤစၾကဝေတးမင္းက သိတဲ့အခါ အဇိတမင္းသားေပ်ာ္ေအာင္ဆိုၿပီးေတာ့ ရွစ္ေသာင္းေလးေထာင္ေသာ ကေခ်သည္ေတြၿမိဳ႕သူ ၿမိဳ႕သား နိဂုံးဇနပုဒ္သူ မင္းသားမင္းေျမး သူေဌး သူႂကြယ္စေသာ လူအေပါင္းတို႔က ပန္းနံ႕သာစြဲလ်က္ အဇိတမင္းသားကို ၿခံရံၿပီး
ေနၾကလိမ့္မယ္။ နတ္ျဗဟၼာေတြကလည္း နတ္တို႔ရဲ႕ ထီး တံခြန္ ပန္းနံ႕သာ ေ႐ႊေပါက္ေပါက္ ေငြေပါက္ေပါက္ စသည္တို႔ျဖင့္ ဘုရားေလာင္းျပာသာဒ္ မိုးႀကီး႐ြာသကဲ့သို႔ အျပည့္အလွ်ံၿခံရံခစားေနၾကလိမ့္မယ္။ လူ႕ဘဝ ကာမဂုဏ္ထဲမွာေပ်ာ္ေအာင္ေျဖေဖ်ာ္ေနၾကတာ။

အဇိတမင္းသားေတာထြက္ေတာ္မူျခင္း...

အဇိတမင္းသား ေတာထြက္မယ္ဆိုတဲ့ စိတ္အႀကံကို သခၤစၾကဝေတးမင္းႏွင့္တကြ တိုင္းသူျပည္သား လုူေတြအားလုံးသိသြားၾကတဲ့အခါမွာ ဘယ္ေန႕ ဘယ္ရက္ ဘယ္အခ်ိန္မွာ အဇိတမင္း ေတာထြက္မယ္ဆိုတဲ့ သတင္းအသံကို အားလုံးသိသြားၾကေတာ့ နန္းတြင္းသူ နန္းတြင္းသား ၿမိဳ႕သူၿမိဳ႕သားေတြ ေတာ႐ြာဇနပုဒ္က လူေတြ မင္းသား မင္းေျမး သူေဌး သူႂကြယ္အစရွိတဲ့ လူေပါင္းမ်ားစြာႏွင့္တကြ စႏၵမုကၡီ သားေတာ္ ျဗဟၼာဝံသ အလုပ္အေကြၽးကေခ်သည္ေတြေရာ အဇိမင္းရဲ႕ ျပာသာဒ္ထဲမွာ ေတာထြက္ရင္လိုက္ဖို႔ရာအတြက္ျပည့္လွ်ံၿပီးေတာ့ေနမယ္။ ေတာထြက္မည့္ အခ်ိန္လည္းေရာက္ေရာ လူေပါင္းမ်ားစြာျပည့္ေနတဲ့ ျပာသာဒ္ႀကီးဟာ ဘုရားေလာင္းတန္ခိုးေတာ္ၾကာင့္လည္းေကာင္း စၾကဝေတးမင္းအာဏာေၾကာင့္လည္းေကာင္း နတ္ျဗဟၼာတို႔ တန္ခိုးေတာ္ေၾကာင့္လည္းေကာင္း ဟသာမၤင္းပ်ံသကဲ့သို႔ ေကာင္းကင္ယံသို႔ပ်ံတက္ၿပီး ကံ့ေကာ္ပင္ရွိရာအရပ္သို႔ ေကာင္းကင္ယံခရီးျဖင့္ ေတာထြက္သြားၾကလိမ့္မယ္။ နတ္ျဗဟၼာမ်ား ပို႔ေဆာင္ျခင္း ေကာင္းကင္ယံ ဟသာပၤ်ံ ျပာသာဒ္ႀကီးကို ျဗဟၼာမင္းက သုံးယူဇနာ ရွိေသာထီးကိုကိုင္ၿပီး လိုက္မယ္။ သိၾကားမင္းက အေတာင္ေျခာက္ဆယ္ရွိေသာ လက္ယာရစ္ ခ႐ုသင္းကိုကိုင္လ်က္ သာဓု သုံးႀကိမ္ေခၚၿပီးလိုက္မယ္။ သုတဝံနတ္သားက သားၿမီးယပ္ကိုကိုင္ၿပီးလိုက္မယ္။ တုသိတာနတ္သားက ပတၱျမားယပ္ကိုကိုင္ၿပီးလိုက္မယ္။ ပၪၥသႋခနတ္သားက ေစာင္းကိုကိုင္္မယ္။ ေလာကပါလနတ္သားေလးေယာက္က သန္လ်က္ကိုကိုင္မယ္။ ႏွစ္သိန္းရွစ္ေသာင္းရွိတဲ့ ဘီလူးစစ္သည္ေတြက လက္နက္ကိုယ္စီကိုင္မယ္။ နတ္သမီးေတြက ရတနာပုေဋာင္းကိုကိုင္မယ္။ အသူရာနတ္တို႔က သီခ်င္းဆိုၿပီးေတာ့ နတ္တို႔၏ တံခြန္ကိုကိုင္မယ္။ နတ္မင္းတို႔က ပတၱျမားရွိေသာ ဆီမီးကိုကိုင္မယ္။ ဂဠုန္တို႔က ေစာင္းတီးလိုက္မယ္။ ဂႏၶဗၺနတ္တို႔က ေစာင္းတီးၿပီးလိုက္မယ္။ ဟသာပၤ်ံေကာင္းကင္ျပာသာဒ္ထဲမွာ ေတာထြက္လို႔ လိုက္ၾကမည့္ ပရိသတ္ေတြက ရွစ္ေသာင္းေလးေထာင္တဲ့။ ေကာင္းကင္ယံျပာသာဒ္ပ်ံနဲ႕ ေဆြစုံမ်ိဳးစုံ သားနဲ႕ မယားနဲ႕ ရွစ္ေသာင္းေလးေထာင္ပရိသတ္နဲ႕ အၿခံအရံနဲ႕ ေကာင္းကင္ခရီးျဖင့္ ကံ့ေကာ္ပင္ရွိရာသို႔ ေတာထြက္မွာ။ အရိေမေတၱယ်ဘဳရားရွင္ဟာ ကံ့ေကာ္ပင္ေအာက္မွာပြင့္မွာပါ။ ကံ့ေကာ္ပင္ဆီေရာက္တဲ့အခါမွာ အဇိတမင္းသားက ကံ့ေကာ္ပင္ေအာက္မွာ ဒုကၠခရစရိယာကို က်င့္ေတာ္မူပါမယ္။ အဇိတမင္းသားဟာ ဒုကၠခရစရိယာကို ေျခာက္ရက္က်င့္ေတာ္မူ႐ုံမွ်နဲ႕ ဘုရားစင္စစ္ျဖစ္လိမ့္မည္။ စႏၵမုကၡီမိဖုရားက အဲဒီေနရာမွာပဲ နတ္ၾသဇာနဲ႕ျပည့္စုံတဲ့ ႏြားနို႔ဆြမ္းလႈလိမ့္မယ္။

သဗၺၫုတဉာဏ္ရသည့္အခ်ိန္...

ညေနခ်မ္းအခ်ိန္ေရာက္သည့္အခါ ကံ့ေကာ္ပင္နဲ႕ မနီးမေဝး ရတနာခုနစ္ပါးနဲ႕ျပည့္စုံတဲ့ အျမင့္ ၆၄ေတာင္ရွိတဲ့ ေ႐ႊပလႅင္ေပၚေပါက္လာလိမ့္မယ္။ ထိုေ႐ႊပလႅင္အထက္ဝယ္ ထက္ဝက္ဖြဲ႕ေခြထိုင္ေနေတာ္မူလ်က္ အေရွ႕ေလာကဓာတ္ကိုၾကည့္ၿပီး နတ္ပရိသတ္နဲ႕ လူပရိသတ္ေတြၿခံရံလ်က္ မာရ္နတ္ရဲ႕့ရန္ကိုေအာင္ျမင္လိမ့္မယ္။ ညဥ့္ဦးယံမွာ ပုေဗၺနိဝါသႏုႆတိဉာဏ္ကိုရမယ္။ သန္းေခါင္ယံအခ်ိန္မွာ ဒိဗၺစကၡဳဉာဏ္ကိုရမယ္။ မိုးေသာက္ယံအခ်ိန္ အာသဝကၡယဉာဏ္ေတြရၿပီးေတာ့ ေနဝန္းႀကီးေပၚေပါက္လာတဲ့အခ်ိန္က်ေတာ့ သစၥာေလးပါးကိုသိၿပီး သဗၺၫုတဉာဏ္ကိုရမယ္။

ဘုရားပြင့္တဲ့ကံ့ေကာ္ပင္ရဲ႕ လုံးပတ္က အဲဒီေခတ္အခါမွာ လူေတြရဲ႕ အေတာင္နဲ႕ အေတာင္ခုနစ္ဆယ္ရွိမယ္။ အကိုင္းအခက္ ကိုးကိုင္း ခက္မကိုးျဖာလို႔ေခၚတယ္။ ကံ့ေကာ္ပင္ရဲ႕ အနံ႕ေတြက ေလေအာက္ကိုဆယ္ယူဇနာ ေလအထက္ကို ဆယ္ယူဇနာေမႊးမယ္။ ကံ့ေကာ္ပြင့္ေတြက ႏြားလွည္းဘီးေလာက္ႀကီးမယ္။ ဘုရားျဖစ္တဲ့ေန႕ကစၿပီး ပြင့္ၾကတဲ့ ကံ့ေကာ္ပြင့္ေတြဟာ ဘုရားပရိနိဗၺာန္စံတဲ့ေန႕က်မွ ေႂကြၾကေတာ့မွာ။ အဲဒီကံ့ေကာ္ပင္ကို ဘယ္ငွက္မွ မနားဝံ့ၾကဘူး။ ျဖတ္ေက်ာ္မပ်ံ့ဝံ့ၾကဘူး။ ကံ့ေကာ္ပင္းနားေရာက္တဲ့ငွက္တိုင္း သတၱဝါတိုင္း ကံ့ေကာ္ပင္ကို လက္ယာရစ္သုံးပတ္ပတ္ၿပီးမွ သြားၾကလိမ့္မယ္။ ျဗဟၼာမင္းက တရားေဟာရန္ ေတာင္းပန္ျခင္း အဲဒီကံ့ေကာ္ပင္ရဲ႕ အနီးအနားမွာပဲ သီတင္းသုံးေနတဲ့အခ်ိန္ ေလးဆယ့္ကိုးရက္ေက်ာ္လြန္တဲ့အခါ ပြင့္ေတာ္မူသြားၾကတဲ့ ဘုရားရွင္တိုင္းရဲ႕ ထုံးတမ္းအစဥ္အလာအရ ျဗဟၼာမင္းႀကီးရဲ႕ေလာကဂ႐ုကို ခံယူမယ္။ ျဗဟၼာမင္းကေတာင္းပန္မွ တရားေဟာရတာက ပြင့္ေတာ္မူသြားၾကတဲ့ ဘုရားရွင္တိုင္းရဲ႕ ဓမၼတာျဖစ္လို႔ ေဟာရတာ။ ဘုရားမပြင့္မီ ဗာဟိရကာလမွ လူဝတ္ေၾကာင္မ်ား ရေသ့ ပရိဗိုဇ္ ရဟန္း ပုဏၰားတို႔ေတြဟာ ျဗဟၼာေတြကိုသာ အေလးဂ႐ုျပဳ ကိုးကြယ္ေနၾကတာ။ တေလာကလုံးက အေလးအျမတ္ျပဳေသာ ျဗဟၼာႀကီးက ျမတ္စြာဘုရားအား အေလးျပဳ ၫႊတ္တြားကိုင္းရွိုင္းလာလွ်င္ တစ္ေလာကလုံးပင္ ျမတ္စြာဘုရားကို အေလးျပဳၫႊတ္တြားကိုင္းရွိုင္းလာလိမ့္မယ္။ အဲဒါကို ေလာကဂ႐ု ယူလိုက္တာလို႔ေခၚတယ္။

ေနာင္ပြင့္ေတာ္မူမည့္ အရိေမတၱယ်ဘဳရား၏ဗုဒၶဝင္ အက်ဥ္း

၁။ ပြင့္ရာကမ္ဘာ          -ဘဒၵကမ္ဘာ
၂။ ဘုရားအမည္ေတာ္  -အဇိတ
၃။ ဘုရားဘြဲ႕ေတာ္      -အရိေမေတၱယ်
၄။ မ်ိဳးရိုး                  -ျဗာဟၼဏပုဏၰားမ်ိဳး
၅။ ဖြားေတာ္မူရာတိုင္းျပည္ -ေကတုမတီ
၆။ ခမည္းေတာ္          -သုျဗဟၼပုဏၰားႀကီး
၇။ မယ္ေတာ္             - ျဗဟၼ၀တီပုေဏၰးမႀကီး
၈။ ပြင့္ေတာ္မူရာေဗာဓိ -ကံ့ေကာ္ပင္
၉။ ဓမၼစၾကာတရားေဟာျခင္း- နာဂ၀န ကံ့ေကာ္ေတာ
၁၀။ သစၥာေလးပါးသိေသာ  အပိုင္းအျခား -  ကုေဋတစ္သိန္း
၁၁။ သာ၀ကအစည္းေအ၀း -သုံးႀကိမ္
၁၂။ အမ်ိဳးသားသာ၀က (အဂၢသာ၀က)  -(၁) အေသာက
(၂) ျဗဟၼေဒ၀
၁၃။ အလုပ္အေကြၽး           - သီဟ
၁၄။ အမ်ိဳးသမီးသာ၀က  (အဂၢသာ၀ိကာ)   -(၁) ပဒုမာ
(၂) သုမနာ
၁၅။ ကိုယ္ေရာင္         -(၂၅) ယူဇနာ
၁၆။ အရပ္ေတာ္         - (၈၈) ေတာင္
၁၇။ ပါရမီျဖည့္ကာလ -(၁၆) အသေင္ၡ်ႏွင့္ ကမ္ဘာ(၁)သိန္း
၁၈။ ဒုကၠရစရိယာက်င့္ရက္     -(၆) ရက္
၁၉။ သက္တမ္း   -အႏွစ္ရွစ္ေသာင္း
၂၀။ စည္းစိမ္ခံစားရာႏွစ္    -အႏွစ္ရွစ္ေထာင္
၂၁။ စံရာျပသာဒ္  - သီရိ၀ဍ္ဎ, ၀ဍ္ဎမာန, သိဒ ၶတၳ, စႏၵက
၂၂။ ၾကင္ယာေတာ္ - စႏၵမုခီ
၂၃။ သားေတာ္ -ျဗဟၼ၀ဍ္ဎန
၂၄။ ေတာထြက္ေသာယာဥ္ -ျပသာဒ္

ပဲခူးၿမိဳ႕ ခ်မ္းေျမ့ရိပ္ၿမိဳင္ေက်ာင္း ဆရာေတာ္ ဦးေတေဇာသာရ ေဟာၾကားေတာ္မူအပ္ေသာ အရိေမတၱယ် ဗုဒၶဝင္တရားေတာ္ (သို႔) ေခါင္းဖီးထားမွပန္လို႔ရ တရားေတာ္
MP3 အပိုင္း ၄ ပိုင္း - - -

အရိေမတၱယ်ဗဳဒၶဝင္တရား အပိုင္း ၁ ေဒါင္းရန္ >>> http://pc.cd/T6s7
43.6 MB

အရိေမတၱယ်ဗဳဒၶဝင္တရား အပိုင္း ၂ ေဒါင္းရန္ >>> http://pc.cd/3Us7
42.4 MB

အရိေမတၱယ်ဗဳဒၶဝင္တရား အပိုင္း ၃ ေဒါင္းရန္ >>> http://pc.cd/eUs7
43.2 MB

အရိေမတၱယ်ဗဳဒၶဝင္တရား အပိုင္း ၄ ေဒါင္းရန္ >>> http://pc.cd/AEs7
40.2 MB

ေနာင္ပြင့္ေတာ္မူမည့္ အရိေမတၱယ်ဘဳရား၏ဗုဒၶဝင္ စာအုပ္ကို download ရယူနိုင္ပါသည္။

https://m.facebook.com/l.php?u=http%3A%2F%2Ffiles.fm%2Fu%2Fqifqvma&h=_AQEE6lE0&enc=AZOUo9lSFzFuuihCx6rhuzkNRWTHczMbPvURgnk03aUuiGVDmKLbS5pqY0ZgKZWz_Eeh3KpP36iGNoCB6BqkLdYbqLB_wJrwG_PhzUqFgBPvfg

နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရား ဗုဒ္ဓဝင်
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...

၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုတဲ့ ပုဂ္ဂိုလ်။

၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဂိုလ်။

၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျေွးတဲ့ ပုဂ္ဂိုလ်။

၄။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။

၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။

၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။

၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဂိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဂိုလ်။

၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံသော ပုဂိ္ဂုလ်။

၉။ ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်၊

နောင်ပွင့်တော်မူမည့်အရိမေတေ္တယျဘုရား အကြောင်း...

အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသနေ္ဓနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသနေ္ဓယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသနေ္ဓယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသနေ္ဓယူုခြင်း...

ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဖက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏေ္ဏးမဝမ်းမှာ ပဋိသနေ္ဓနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏေ္ဏးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတေ္တယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခန်ညားသော
ပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိ်မ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက

ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။

ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိနေ္ဓာမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ

ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတေ္တယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွနု်ပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့

သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း၊နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတေ္တယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။

အဇိတမင်းသားတောထွက်တော်မူခြင်း...

အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျေွးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာၤမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာၤပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင််မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာၤပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတေ္တယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့်အချိန်...

ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဥ့်ဦးယံမှာ ပုဗေ္ဗနိဝါသနုဿတိဉာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဉာဏ်ကိုရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။

နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား၏ဗုဒ္ဓဝင် အကျဉ်း

၁။ ပွင့်ရာကမ်ဘာ          -ဘဒ္ဒကမ်ဘာ
၂။ ဘုရားအမည်တော်  -အဇိတ
၃။ ဘုရားဘွဲ့တော်      -အရိမေတေ္တယျ
၄။ မျိုးရိုး                  -ဗြာဟ္မဏပုဏ္ဏားမျိုး
၅။ ဖွားတော်မူရာတိုင်းပြည် -ကေတုမတီ
၆။ ခမည်းတော်          -သုဗြဟ္မပုဏ္ဏားကြီး
၇။ မယ်တော်             - ဗြဟ္မ၀တီပုဏေ္ဏးမကြီး
၈။ ပွင့်တော်မူရာဗောဓိ -ကံ့ကော်ပင်
၉။ ဓမ္မစကြာတရားဟောခြင်း- နာဂ၀န ကံ့ကော်တော
၁၀။ သစ္စာလေးပါးသိသော  အပိုင်းအခြား -  ကုဋေတစ်သိန်း
၁၁။ သာ၀ကအစည်းအေ၀း -သုံးကြိမ်
၁၂။ အမျိုးသားသာ၀က (အဂ္ဂသာ၀က)  -(၁) အသောက
(၂) ဗြဟ္မဒေ၀
၁၃။ အလုပ်အကျေွး           - သီဟ
၁၄။ အမျိုးသမီးသာ၀က  (အဂ္ဂသာ၀ိကာ)   -(၁) ပဒုမာ
(၂) သုမနာ
၁၅။ ကိုယ်ရောင်         -(၂၅) ယူဇနာ
၁၆။ အရပ်တော်         - (၈၈) တောင်
၁၇။ ပါရမီဖြည့်ကာလ -(၁၆) အသငေ်္ချနှင့် ကမ်ဘာ(၁)သိန်း
၁၈။ ဒုက္ကရစရိယာကျင့်ရက်     -(၆) ရက်
၁၉။ သက်တမ်း   -အနှစ်ရှစ်သောင်း
၂၀။ စည်းစိမ်ခံစားရာနှစ်    -အနှစ်ရှစ်ထောင်
၂၁။ စံရာပြသာဒ်  - သီရိ၀ဍ္ဎ, ၀ဍ္ဎမာန, သိဒ ္ဓတၳ, စန္ဒက
၂၂။ ကြင်ယာတော် - စန္ဒမုခီ
၂၃။ သားတော် -ဗြဟ္မ၀ဍ္ဎန
၂၄။ တောထွက်သောယာဉ် -ပြသာဒ်

ပဲခူးမြို့ ချမ်းမြေ့ရိပ်မြိုင်ကျောင်း ဆရာတော် ဦးတေဇောသာရ ဟောကြားတော်မူအပ်သော အရိမေတ္တယျ ဗုဒ္ဓဝင်တရားတော် (သို့) ခေါင်းဖီးထားမှပန်လို့ရ တရားတော်
MP3 အပိုင်း ၄ ပိုင်း - - -

အရိမေတ္တယျဗုဒ္ဓဝင်တရား အပိုင်း ၁ ဒေါင်းရန် >>> http://pc.cd/T6s7
43.6 MB

အရိမေတ္တယျဗုဒ္ဓဝင်တရား အပိုင်း ၂ ဒေါင်းရန် >>> http://pc.cd/3Us7
42.4 MB

အရိမေတ္တယျဗုဒ္ဓဝင်တရား အပိုင်း ၃ ဒေါင်းရန် >>> http://pc.cd/eUs7
43.2 MB

အရိမေတ္တယျဗုဒ္ဓဝင်တရား အပိုင်း ၄ ဒေါင်းရန် >>> http://pc.cd/AEs7
40.2 MB

နောင်ပွင့်တော်မူမည့် အရိမေတ္တယျဘုရား၏ဗုဒ္ဓဝင် စာအုပ်ကို download ရယူနိုင်ပါသည်။


No comments:

Post a Comment