........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 23, 2017

ရဟန်း သာမဏေ ဆရာလေးတွေကို မခိုင်းမိပါစေနှင့် ၊ အမျိုးယုတ်တတ်သည်

★ ရဟန်း သာမဏေ ဆရာလေးတွေကို
★ #မခိုင်းမိပါစေနှင့် ၊ အမျိုးယုတ်တတ်သည်...၊
═══════════════════════════

❖ "လူဒကာဒကာမတွေအနေနဲ့
     ရဟန်း သာမဏေ ဆရာလေးတွေကို"
    "လူကြုံပါးခိုင်းတာတို့ စကားကြုံပါးခိုင်းတာတို့
      မလုပ်ခိုင်းမိပါစေနဲ့"
    "အမျိုးယုတ်ဘဝ ရောက်တတ်တယ် သတိထားပါ"။

☀ (ဖားအောက်တောရဆရာတော်ကြီး) ☀

❖ သာသနာတော်ကို ဝင်ရောက်လာပြီဆိုရင်
    တမန်ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရပါမယ်..
    အဲ့ဒါကတော့ တရားနာပရိသတ်တွေ
    နားလည်သင့်တဲ့အချက်ဖြစ်ပါတယ်..

● "ဆရာလေး ဘယ်သွားမလို့လဲ?"
━ "သြော် ရန်ကုန်သွားမလို့လေ"

● "ရန်ကုန်သွားလို့ရှိရင် ဟိုဒကာကြီးဘယ်သူနဲ့တွေ့ရင်ပြောလိုက်စမ်းပါ"
"တပည့်တော်က ဘာတွေမှာလိုက်လဲ"
"တပည့်တော်က တွေ့ချင်လို့ လာခဲ့ပါလို့ မှာလိုက်ပါ"
━  ဆရာလေးက "ပြောလိုက်မယ် ပြောလိုက်မယ်"
★ အဲ့လို ပစ္စည်းလူကြုံ စကားလူကြုံနဲ့
     တမန်အလုပ်ကို မခိုင်းပါနဲ့တဲ့..
     ဒါက ခိုင်းစေတာနော်..
     ဘာလုပ်ပေးပါ ညာလုပ်ပေးပါ စသည်ဖြင့်
     ခိုင်းစေတယ် မလုပ်ပါနဲ့.. ★

❖ အဲ့ဒီလို လူပုဂ္ဂိုလ်ခိုင်းစေတာကို
သာသနာနွယ်ဖွားရှင်ရဟန်းတွေက မပြုလုပ်ရပါဘူး..
ဆရာလေးတွေလားဆိုတော့ မဟုတ်သေးပါဘူး..
ရဟန်းတော်တွေလည်း ဒီအတိုင်းပါပဲ..
ရှင်သာမဏေလည်း ဒီအတိုင်းပါပဲ..

❖ လူပုဂ္ဂိုလ်ဒကာဒကာမတွေက သာသနာ့ဘောင်က ရဟန်းကိုကော
သာမဏေ သီလရှင်ကိုကော မခိုင်းပါနဲ့..
ခိုင်းတယ်ဆိုတာ"အရှင်ဘုရား ရန်ကုန်ကိုသွားရင် ဒါလေးပြောပေးပါ"
အဲ့ဒီလောက်တောင် မခိုင်းပါနဲ့တဲ့..
ခိုင်းတယ်ဆိုတာ လူတို့ရဲ့အစေအပါးဖြစ်ပါတယ် မလုပ်ကောင်းပါဘူး..

❖ ဒီလိုခိုင်းစေလို့ရတဲ့ပစ္စည်း စသည်တွေကိုလည်း
"ကုလဒူသက အနေသန"
ဒကာဒကာမတို့၏ သာသနာတော်ကို ကြည်ညိုနေတဲ့ စစ်မှန်တဲ့သဒ္ဒါတရားကို ဖျက်ဆီးတဲ့လုပ်ငန်းခွင်ထဲမှာ ထည့်သွင်းပြီး ဖော်ပြထားပါတယ်..
ဆိုလိုတာက ဒီဒကာဒကာမတွေက သာသနာတော်မှာ
သီလ စတာကိုကျင့်ကြံအားထုတ်နေတဲ့ ရှင်ရဟန်းစသည်ကို
မူလထဲက ကြည်ညိုတယ်..ဒါက စစ်မှန်တဲ့သဒ္ဒါတရား ဖြစ်ပါတယ်..

❖ သို့သော် ခုလိုဆောင်ရွက်ပေးလိုက်တဲ့အခါ
ခိုင်းစေတာလေးတစ်ခုကို ဆောင်ရွက်ပေးလိုက်ပြီဆိုရင်
ဒီဆောင်ရွက်ပေးလိုက်တဲ့ ရှင်ရဟန်း ဆရာလေး စတဲ့ပုဂ္ဂိုလ်အပေါ်
ပိုပြီးကြည်ညိုသွားတာကျတော့ စစ်မှန်တဲ့သဒ္ဒါတရားမျိုးမဟုတ်ဘူး..
မူလစစ်မှန်တဲ့သဒ္ဒ္ဒါတရားက ပျက်စီးပြီးတော့
နောက်ထပ် မစစ်မှန်တဲ့သဒ္ဒါတရား ပေါ်လာပြီဆိုလိုပါတယ်..
မူလစစ်မှန်နေတဲ့သဒ္ဒါတရားကို ဖျက်ဆီးတာက "ကုလဒူသက"
မအပ်သောနည်းနဲ့ ရှာဖွေမိတဲ့အတွက်"အနေသန"ဆိုပြီး
စာပေများမှာ ဖော်ပြထားပါတယ်..

❖ ဒါကြောင့် လူပုဂ္ဂိုလ်တွေက ရှင်ရဟန်း သာမဏေ ဆရာလေးတွေကို
ခိုင်းစေတာကို ရှောင်ကြဉ်ကြပါ..
နောက်တစ်ခုက အမျိုးယုတ်တယ်ဆိုတာ
အဲ့ဒီလို  သီလရှိတဲ့ပုဂ္ဂိုလ်တွေကို ခိုင်းစေတဲ့အတွက်
နောက်ဘဝမှာ ဒီကံတွေက အကျိုးပေးလာရင်
မိမိတို့က အမျိုးယုတ်တဲ့ဘဝကို ရရှိနိုင်ပါတယ်..

❖ ဆတ္တာသည် အရှင်ဥပါလိတို့လိုပေါ့..
အရှင်ဥပါလိဟာ ဝိနည်းအရာမှာ ဧတဒဂ်ရရှိမယ့် ပါရမီမျိုးစေ့ကောင်းတွေ ရှိခဲ့ပါတယ်..
တစ်ချိန်က  သူတစ်ပါးတွေအပေါ်နှိပ်ကွက်ပြီး ဆက်ဆံခဲ့တဲ့အတွက်
အကုသိုလ်ကံက အကျိုးပေးတော့ ဒီလိုအမျိုးယုတ်တဲ့ဘဝကို ရရှိခဲ့ပါတယ်.. ★

❖ ခါးအနည်းငယ်ကုန်းနေတဲ့ ခုဇ္ဇုတ္တရာကို ကြည့်ပါ..
ဒီဘဝမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တည်ပြီး
ဗဟုသုတရှိသူများတွင် အသာဆုံးဟု ခိီျးကျူးခံရသူလည်း ဖြစ်ပါတယ်..

❖ သိုပေမယ့် အတိတ်ဘဝတစ်ခုမှာ
ခါးကုန်းသော ပစေ္စကဗုဒ္ဓါတစ်ပါးကို လှောင်ပြောင်ခဲ့သောကြောင့်
ဤဘဝတွင် ခါးကုန်းရရှာပါတယ်..
နောက်တစ်ခုက မိမိအိမ်ဆွမ်းခံကြွလာတဲ့ ရဟန္တာမတစ်ပါးအား
တောက်တိုမယ်ရ ခိုင်းစေဘူးသော အကုသိုလ်ကံကြောင့်
ယခုဘဝတွင် ကျွန်မျိုးဖြစ်သော
ဃောသကသူေဋ္ဌးအိမ်၌ နို့ငှားတိုက်သော နို့ထိန်း၏သမီး ဖြစ်ရတယ်..

❖ ဃောသကသူေဋ္ဌးက သူ၏သမီး သာမာဝတီကို ဥတေနမင်းထံ
မိဖုရားအဖြစ်ဆက်သလိုက်တော့ သာမာဝတီ၏ အစေခံကျွန်အဖြစ်
နန်းတွင်းသို့လိုက်ပါ အမှုထမ်းရပါတယ်..
သုမနပန်းသည်ထံမှ ပန်းများဝယ်ကာ
နေ့စဉ် သာမာဝတီကို ပန်းဆက်ရပါတယ်..
တစ်နေ့၌ သုမနပန်းသည်၏ ဘုရားအမှူးရှိသော သံဃာတော်တွေကို  ဆွမ်းကပ်ပွဲမှာ
ခုဇ္ဇုတ္တရာသည် ဘုရားရှင်ရဲ့တရားကိုနာပြီး သောတာပန်တည်သွားခဲ့ပါတယ်..

❖ သောတာပန်တည်သွားရတဲ့ အကြောင်းကတော့
ပစေ္စကဗုဒ္ဓါတို့အား ခစားလုပ်ကျွေးခဲ့ဘူးသော ကုသိုလ်ကံကြောင့်
ယခုဘဝတွင် သောတာပတ္တိမဂ်ဖိုလ်ကို အလွယ်တကူရရှိပြီး
ထိုပစေ္စကတို့အား သပိတ်အောက်ခံရန် ဆင်စွယ်လက်ကောက်ကို
လှူဒါန်းခဲ့တဲ့ကံကြောင့် ပညာရှိ သေက္ခပဋိသမိ်ဘဒါအတ္တ ဖြစ်ရပါတယ်.
သို့သော် ရဟန္တာမတစ်ပါးအား ခိုင်းစေဖူးသော အကုသိုလ်ကံကြောင့်
ယခုဘဝတွင် ကျွန်မျိုးဖြစ်ရပါတယ်..

★ ဒါကြောင့် မိမိတို့က အမျိုးယုတ်တဲ့အမျိုးမဖြစ်ချင်ဘူးဆိုရင်
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေကို ခိုင်းစေတဲ့ လုပ်ငန်းရပ်တွေကို
မပြုလုပ်ပါနဲ့တဲ့..သတိရှိကြပါ..။

(ဓမ္မ ဋ္ဌ ၁။ ၁၃၃ - ၄)

[#ဖားအောက်တောရဆရာတော်ကြီး]

credit>bhikkhu's dhamma.

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★
❖ စာဖတ်သူ ဓမ္မမိတ်ဆွေများ
    facebook အသုံးပြုရင်း
    အသိပညာဗဟုသုတနှင့် ကုသိုလ်တရားများ
    စဉ်ဆက်မပြတ်တိုးပွားနိုင်ကြစေရန်
    ရည်ရွယ်ပါသည်။

❤  စေတနာမေတ္တာအရင်းခံဖြင့်
     ထပ်ဆင့်မျှဝေပူဇော်ပါသည်။


No comments:

Post a Comment