........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 13, 2017

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာ၀ဓမ္မကို လေ့လာခြင်း

ခန္ဓာအိမ်ကိုအရင်းပြု၍ သဘာ၀ဓမ္မကို လေ့လာခြင်း
==========================
ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါ၀င်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘ၀တွေကိုလည်း ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘ၀၊ မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။

သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင် တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။

တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။

သုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စွဲလမ်းသည့်ဘက်သို့ ဦးတည်သည်။ အသုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စက်ဆုပ်ရွံရှာသည့် ဘက်သို့ ပြောင်းလဲသွားသည်။ မြင်ကွင်း ပြောင်းသည့်အခါ စိတ်ပြောင်းသွားသည်။ မြင်ကွင်း အပြောင်းအလဲကို မည်သူက ဖန်တီးသနည်း။ ပုဂ္ဂိုလ် တစ်ဦးတည်းက ဖန်တီးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား သီရိမာ။

သီရိမာ၏ ခန္ဓာအိမ်နေရာတွင် အခြားသူတစ်ဦး၏ ခန္ဓာအိမ် အသစ်တစ်ခု အစားထိုး ၀င်ရောက်လာခြင်း မဟုတ်ပါ။ နဂိုရှိရင်းစွဲ သီရိမာ၏ ခန္ဓာအိမ်ကြီးကသာ ဖောက်ပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သုံးရက်ခန့်က ကပိုကရို အလှကလေးနှင့်ပင် ကြည့်၍မ၀နိုင် ဖြစ်ခဲ့ရသော သီရိမာ၊ ယခုတော့ ဖရိုဖရဲ၊ ပြိုကွဲ ယိုစီး နံစော်၊ မြင်မကောင်း ရှုမကောင်း၊ ယင်တလောင်းလောင်းနှင့် နှစ်ခါပြန် ကြည့်ချင်စရာ မကောင်းတော့သည့် သီရိမာ။ ဖြစ်နိုင်လျှင် မကြည့်ချင်တော့။ မျက်လုံးစုံမှိတ် ထားလိုက်ချင်တော့သည်။

ဘယ်မှာလဲ ဟိုတစ်နေ့က ဆွမ်းမစားနိုင်လောက်အောင် စွဲလမ်းခဲ့ရတဲ့ သီရိမာရဲ့ အလှပုံရိပ်တွေ။ ကိုယ်တော်လေးသည် အငွေ့အသက်ကို မမေ့ရက်စရာ အဖြစ် သတ်မှတ်သိမ်းဆည်း ထားခ့ဲသည်ပဲ။ မျက်စိဖြင့် သီရိမာကို မြင်သည်။ မြင်သိစိတ် ဖြစ်ပေါ်သည်။ မြင်သိစိတ်နောက်က လိုချင်စိတ်ကလေး ကပ်ပါလာသည်။ ကြည့်စမ်း.. မြန်လိုက်သည့်စိတ်။

တပ်မက်မှု တဏှာစိတ်ကလေးက အမြစ်စတွယ်ပေပြီ။ အမြစ်တွေ ပွားလာသည်။ လိုချင်စိတ်သည် ကင်ဆာရောဂါနှင့် တူသည်။ အမြစ်ပွားနှုန်း မြန်လှသည်။ ရှေ့စိတ်သည် နောက်စိတ်ဆီသို့ လောဘ၏ သတ္တိကို အဆင့်ဆင့် လက်ဆင့်ကမ်း ပေးသွားသည်။ လောဘအိုးကြီးသည် တဖြည်းဖြည်း ကြီးထွားလာပေပြီ။ စိတ်နှင့်မဆန့်အောင် ကြီးထွားလာသောအခါ စိတ်သည် ထိုလောဘ၏ ၀န်ထုပ်ကို အလေးအပင် တစ်ခုအနေဖြင့် ပြန်ထမ်းနေရတော့သည်။ စိတ်ကြီးကား လေးလံလှချေပြီ။ လေးလံလာသောအခါ ထိုင်းမှိုင်းလာစမြဲ။ ကိလေသာ ဟူသမျှ ပူရသည်မှာမလွဲ။ ကိလေသာ ခေါင်းဆောင်ဖြစ်သော လောဘသည် အပူဓာတ်တွေကို ယူဆောင်လာသည်။ ထို အပူဓာတ်သည် တည်ငြိမ်အေးချမ်းမှု မရှိတော့။ ဘယ်မှာလာ၍ ငြိမ်းအေးနိုင်ပါတော့ မလဲ။

ထို့ကြောင့်ပင် ကိုယ်တော်လေးသည် သီရိမာ လောင်းလှူလိုက်သော ဆွမ်းကိုပင် မစားနိုင်တော့သည် အထိ ဖြစ်ခဲ့ရသည်။ ကိုယ်တော်လေး၏ စိတ်အတွင်း၀ယ် သီရိမာ၏ ပုံရိပ် အငွေ့အသက်တွေသည် သုံးရက်တိတိ ၀င်မွှေ လောင်ကျွမ်းနေခဲ့သည်။ သတိလက်လွတ် ဖြစ်နေသောအခါ၊ သညာသည် တန်ခိုးထွားလာသည်။ ခုနက မှတ်ထားခဲ့သော သီရိမာ၏ ပုံရိပ်ကို သညာက အထပ်ထပ် ပုံဖော်ပေးနေသည်။ ကိုယ်တော်လေးသည် သညာခေါ်ရာသို့ လိုက်သည်။ အငွေ့အသက်ကို တကယ့်အရှိတရားဟု ကိုယ်တော်လေး ယုံကြည်နေသည်။ အမြင်မှားပေပြီ။ ဒိဋ္ဌိ၀င်ပြီ။ ကိုယ်တော်လေး၏ အာရုံရိပ်တွင် အငွေ့အသက်အဖြစ် ပုံဖော်နေသော သီရိမာသည် အမှန်တကယ်တွင်မူ သုဿာန်တစပြင်၌ အလောင်းကောင်အဖြစ် ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေချိန် ဖြစ်သည်။ ဤသည်ကို ကိုယ်တော်လေးသည် မသိမမြင်။

ဒီတော့ သညက္ခန္ဓာကြီးက ပုံဖော်ပေးလိုက်၊ ေ၀ဒနက္ခန္ဓာက ချဲ့ပြီး ခံစားပေးလိုက်၊ ၀ိညာဏက္ခန္ဓာကြီးက လိမ်ပြီးသိနေလိုက်၊ သင်္ခါရက္ခန္ဓာကြီးက အမှားနောက် တကောက်ကောက် လိုက်လံပြုပြင် ပေးနေလိုက်နှင့် ကိုယ်တော်လေး၏ စိတ်သည် အလုပ်များခဲ့ရသည်။ ပင်ပန်းခဲ့ရသည်။ အဆမတန် ပူလောင်ခဲ့ရသည်။ အမြင်မှားမှုကို အခြေခံသော မိစၦာဒိဋ္ဌိ၏ နောက်၌ တန်းလန်း တန်းလန်း ပါလာသော အကျိုးတရားများမှာ အကုသိုလ်သတ္တိတွေသာ ကိန်းအောင်းနေပေသည်။

ကိုယ်တော်လေးခမျာ သုံးရက်လုံးလုံး ဆွမ်းခံမထွက်၊ ဆွမ်းမစား၊ တပိန်ပိန် တလိမ်လိမ်။ သူ့စိတ်ထဲမှာတော့ သီရိမာမှ သီရိမာ။ ထိုသုံးရက် လွန်ပြီးနောက် သီရိမာဆိုသော အသံကို ကြားရမှ သပိတ်ကို ဆေးခ့ဲသည့် သူ့အဖြစ်။ ထိုအခါမှ သပိတ်ထဲမှ ပုပ်သိုးနံစော်နေသော ဆွမ်းပုပ်တွေကို တွေ့ရသည်။ မေ့မြောရာမှ သတိလည်လာသူပမာ။ ဒါတောင် ဘုရားရှင်ဆိုသော အသံထက် သီရိမာဆိုသော အသံကိုသာ သူကြားခဲ့ခြင်း ဖြစ်သည်။ သုဿာန်သို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့။ ကဲ.. တွေ့ရပြီ.. သီရိမာ။

အလို.. သူထင်သလို မဟုတ်တော့ပါလား။ သုံးရက်လုံးလုံး သူ့စိတ်ထဲ၌ အချိန်ပြည့် နေရာယူခဲ့သည့် သီရိမာတည်းဟူသော အငွေ့အသက်သည် ဒီပုံမဟုတ်။ သူ နောက်ဆုံးတွေ့ခဲ့သည့် ကပိုကရို အလှကလေးနှင့် သီရိမာသည် ဒီပုံစံမဟုတ်။ လုံး၀မဟုတ်။ သူ ထင်မှတ်မှား နေရော့လား။ သူ ဇေ၀ဇဝါ ဖြစ်နေရော့လား။ စိတ်တွေထွေပြား၍ အမြင်မှားနေခြင်း ပေလား။

ဟော.. ဘုရားရှင်၏ အမေးတွင် ပရိသတ်အပေါင်းက တစ်ခဲနက် ညာသံပေး၍ ဖြေကြပေပြီ။ ဒီရုပ်အလောင်းကြီးသည် သီရိမာတဲ့။ မဖြစ်နိုင်တာ။ သူ့စိတ်ထဲက မည်သို့ ငြင်းပယ် ငြင်းပယ်၊ ဒီရုပ်အလောင်းကြီးသည် သီရိမာ အစစ်ပင်တည်း။ အားလုံး တစ်ခဲနက် ထောက်ခံနေကြပြီ။ ဟော.. အသက်ရှင်စဉ်က တစ်ရက်လျှင် အသပြာတစ်ထောင် တန်သည့် သီရိမာသည် ယခုတော့ အခကြေးငွေ မဆိုထားနှင့်၊ အခမဲ့ ယူမည့်သူပင် မရှိတော့ပြီကော။ ကဲ.. ဘယ်မှာလဲ သီရိမာရဲ့ တန်ဖိုးဆိုတာ..။

သီရိမာရဲ့ တန်ဖိုးတွေသည် သီရိမာရဲ့ ဆံပင်တွေထဲမှာလား။ ဘယ်မှာ ဟုတ်နိုင်ပါတော့မလဲ။ မဖြီးမလိမ်း၊ မပြင်မဆင်ထားတော့ ဘယ်မှာလဲ ဆံပင်ပုံ၊ ဆံထုံးပုံ။ ဖွာလန်ကြဲ မွဲခြောက်နေတဲ့ ဆံပင်တွေမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။ ရုပ်ပျက်လိုက်တာ။

ကိုယ်တော်လေးရဲ့ စိတ်ထဲမှာ အငွေ့အသက်အဖြစ် အရိပ်ခိုခဲ့တဲ့၊ ကိုယ်တော်လေးရဲ့ စိတ်ကို အလွှမ်းမိုးကြီး လွှမ်းမိုးနိုင်ခဲ့တဲ့ သီရိမာရဲ့ မျက်နှာလေးကရော၊ ဘုရား.. ဘုရား.. ကြည့်နေရင်းမှပင် မျက်လုံးကြီးနှစ်ဖက် ထပေါက်တော့မယ့် အတိုင်းပါလား။ ဖူးရောင်ရုန်းကြွ ခုံးထနေတာ.. ဖောက်ခနဲ ပေါက်သွားလိုက်ရင်ဖြင့်..။ နှာခေါင်းကြီးကလည်း ပွထ၊ အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အစုံကလည်း ထူလပျစ်။ ပါးကြီးနှစ်ဖက်ကလည်း ပါးချိတ်ရောင်.. သွားကိုက် ေ၀ဒနာသည်လို ရောင်ကား ဖောင်းထနေလိုက်တာ။ အလို.. ပါးစပ်ထဲကလည်း အပုပ်ရည်တွေ စီးကျနေလိုက်တာ..။ အခုရနေတဲ့ အပုပ်နံ့တွေဟာ အဲဒီ့ အပုပ်ရည်တွေဆီကလား မသိ။

ကိုယ်တော်လေးသည် စိတ် မသက်သာစွာဖြင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် နေရာယူထားသော သီရိမာ၏ ပုံရိပ် အငွေ့အသက်တို့သည် တဖြည်းဖြည်း လွင့်ပြယ်စ ပြုလေပြီ။ ဒီပုံကြီးဆိုရင်ဖြင့် သီရိမာကို ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ ထည့်သွင်းသိမ်းဆည်း ထားနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ပုံဖော် စိတ်ကူးယဉ်နိုင်ပါတော့ မလဲ။ ခဏတဖြုတ် ကြည့်လိုက်ရတဲ့ အချိန်ကလေး မှာတောင် ဆက်မကြည့်ချင်တော့လို့ မျက်စိကို မှိတ်လိုက်ရတာ။

ကြည့်ပါဦး.. လည်ပင်းကြီးကလည်း အဆမတန် ရောင်ကိုင်းကြီးထွား နေပါပကောလား။ ပခုံးတွေ၊ လက်တွေလည်း ရောင်ကိုင်း ပွထနေလိုက်တာ။ ၀တ်ထားတဲ့ အရှက်လုံအကျႌ ဖျင်စတွေပင်လျှင် အချို့နေရာမှာ ချုပ်ရိုးပြုတ်လိုပြုတ်၊ ကွဲထွက်လို ကွဲထွက် ဖြစ်နေပါရော့လား။ ရင်ဘတ်ကြီး မို့မောက်လိုက်ပုံကလည်း တောင်ကုန်းတစ်ကုန်းလို။ အို.. ဗိုက်ပေါ်က အ၀တ်စတွေမှာလည်း စိုရွှဲ ရိရွဲလို့။ အပုပ်ရည်တွေ စွန်းထင်း ပေကျံနေပါရောလား။ နံလိုက်တာနော်။


ပေါင်မှသည် ခြေသလုံး။ နည်းတဲ့ ရောင်ကိုင်း ပွထမှုကြီးမဟုတ်။ သီရိမာသည် မူလခန္ဓာကိုယ်ထက် နှစ်ဆကျော်ကျော်၊ သုံးဆနီးပါး ရှိနေချေပြီ။ ခြေချောင်းတို့၏ တုတ်ခိုင် ပွထမှုများကတော့ မပြောပါနဲ့တော့။ အ၀လွန်နေသည့် မိန်းမတစ်ယောက်၏ ဖဝါးတွေ၊ ခြေချောင်းတွေလို။ အ၀လွန်သည့် မိန်းမကြီးတစ်ယောက် ပိုးစိုးပက်စက် ပစ်စလက်ခတ် အိပ်နေသည့်ပုံကြီးနှင့် တူလွန်းလှသည်။
ဒါဟာ အလှဘုရင်မ တစ်ယောက်ရဲ့ ရုပ်ကလာပ်တဲ့လား..။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့ မှိုင်း၀နေသော မီးပုံးပျံကြီးလို ဖြစ်နေသေည့် သီရိမာ။

ပြုပြင်ပြောင်းလဲ ပေးနေရသော နာမ်ခန္ဓာတစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာကြီး အလုပ်မလုပ်တော့သော အခါ ဒီခန္ဓာအိမ်ကြီးသည် ပိုင်ရှင်မဲ့သူ တစ်ဦးအဖြစ် ကျန်ခဲ့ရသည်။ မှတ်သားခြင်း၊ သိမြင်ခြင်း၊ ခံစားခြင်း၊ ပြုပြင်ခြင်း ကိစ္စများ ဆောင်ရွက်နေသော နာမ်ခန္ဓာလေးပါးသည် သူတို့ အမှီပြု အလုပ်လုပ်ရာ ကာယခန္ဓာကြီးကို ရက်စက်စွာ ထားရစ် စွန့်ပစ်ခဲ့ကြလေပြီ။ ရုပ်ခန္ဓာ တစ်ပါးဖြစ်သော ရူပက္ခန္ဓာကြီးသည်လည်း ညီတော်နောင်တော် ပီသစွာ နာမ်ခန္ဓာ လေးပါးနောက်သို့ တစ်ပါတည်း လိုက်သွားခဲ့ပေပြီ။ သူတို့ငါးပါး အုပ်စုသည် နောက်ခန္ဓာအိမ် အသစ်တစ်ခု၌ အလုပ်တွေ လုပ်နေကြပေပြီ။ သို့သော် သီရိမာ၏ ခန္ဓာအိမ်အဟောင်းတွင် ဖြစ်ခဲ့သော ခန္ဓာငါးပါးတော့ မဟုတ်တော့ပါချေ။ အဟောင်း ချုပ်ငြိမ်း၍ အသစ်အသစ် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့သာ ဖြစ်ပါသည်။ ထိုအခါ မူလက သူတို့ အမှီပြု အလုပ်လုပ်ရာ ဌာနကြီးဖြစ်သော သီရိမာ၏ ခန္ဓာအိမ် အဟောင်းကြီးသည် ယခုမူ ပိုင်ရှင်မဲ့အဖြစ် သုဿာန် တစပြင်၌ ဖြစ်ချင်တိုင်း ဖြစ်နေလေပြီ။

ဤသည်ကို တရားနာ ပရိသတ်အဖြစ် ရောက်ရှိနေသော သီရိမာ နတ်သမီးကိုယ်တိုင် ပြတ်ပြတ်ထင်ထင် သိမြင်နေရသည်။ ယခင်က ရာဇဂြိုဟ်မြို့က ပြည့်တန်ဆာ သီရိမာ။ ယခုတော့ ယာမာနတ်ပြည်က နတ်သမီး သီရိမာ။ သူ့ခန္ဓာအိမ် အဟောင်းကို သူကိုယ်တိုင် အသုဘ ပြန်ရှုနေရသော အဖြစ်။ ဒီခန္ဓာအိမ်ကို အမှီပြု၍ သီရိမာသည် ငါမှငါ ဖြစ်ခဲ့သေးသည်။ ငါ့ခန္ဓာ၊ ငါ့အလှဟူ၍ မာန်တွေ တက်ခဲ့သေးသည်။ ထိုမာန်တွေကြောင့်ပင် ဥတ္တရာကို ဆီပူနှင့် လောင်းချခဲ့သည်အထိ ကျူးလွန်ခဲ့မိသေးသည်။ ဥတ္တရာ၏ ခင်ပွန်းသည် သုမန သူဌေးသားကို ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ခဲ့သေးသည်။ အဲဒီ သီရိမာဆိုတာကြီးကို အခုဘယ်မှာ အသုံးချနိုင် ပါတော့မလဲ။ အခုတော့ သီရိမာဆိုသော အပေါင်းအစု၊ အစုအေ၀းကြီးသည် ဘာမျှ တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်တော့ပြီကော။ ဒီအစုအေ၀းကြီးကို ကိုင်စွဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ပြောဆို ဆက်ဆံခဲ့တာတွေသည်..။

ကြည့်စမ်း.. ငါတည်းဟူသော သီရိမာ၏ ခန္ဓာကို အစွဲအလမ်းကြီး စွဲလမ်း၍ သောက ပရိဒေ၀မီး တောက်လောင်နေရှာတဲ့ ကိုယ်တော်လေး..၊ သီရိမာရဲ့ ခန္ဓာလို့ ထင်နေတဲ့ ကိုယ်တော်လေးခမျာ မသက်မသာ ပင်ပန်းနေရှာ ပါလား။ ဒီမှာ ကိုယ်တော်လေး..။ တပည့်တော်မဟာ ယာမာ နတ်ဘုံမှာ နတ်သမီး သီရိမာ ဖြစ်နေပါပြီ။ အခု ဘုရားရှင်က တပည့်တော်မ အလောင်းကို ရှုကြည့်ပြီး တရားဟောမယ် ဆိုလို့ တပည့်တော်မ ယာမာနတ်ပြည်ကနေ အပြေးလာခဲ့ရတာ။ တပည့်တော်မရဲ့ ခန္ဓာအိမ် အသစ်ကို ကိုယ်တော်လေး ဘယ်မြင်နိုင်ပါဦး မလဲ။ ကောင်းပါပြီလေ.. ကိုယ်တော်လေး အခုမြင်နေတဲ့ တပည့်တော်မရဲ့ ခန္ဓာအိမ် အဟောင်းဟာ ကိုယ်တော်လေး ရှေ့မှာပဲ ဖောက်ပြန် ပြောင်းလဲနေပုံကို ကိုယ်တော်လေး မြင်ရင်းက သံေ၀ဂ ရပါစေတော့..။

ကိုယ့်ရုပ်အလောင်းကို ကိုယ်ပြန်ကြည့်ရင်းက ဖြစ်ပျက်တရား၊ ပြုပြင်မှု တရား၊ ဖောက်ပြန်မှု တရားတွေကို ဉာဏ်ဖြင့် အထပ်ထပ် ဆင်ခြင် ရှုပွားလေသော် ဘုရားရှင်၏ ဒေသနာအဆုံး၌ နတ်သမီး သီရိမာသည် အနာဂမ် တည်ခဲ့လေပြီ။

ကိုယ်တော်လေးကား လက်ငင်း မြင်တွေ့နေရသည့် အမှန်တရားကို လက်မလွတ်စတမ်း ဆုပ်ကိုင် ဖမ်းယူရင်းမှ ဖြစ်ပျက်၊ ဖောက်ပြန် ပြုပြင်မှု၊ အနိစ္စ လက္ခဏာတို့ကို ရှုပွား ဆင်ခြင်မိသောအခါ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်လေ တော့သည်။
ကိုယ်တော်လေး၏ အမြင်သည် မိစၦာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့ ပြောင်းခဲ့လေပြီ။

တကယ်တော့ သီရိမာဟူသည် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဟူသော ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ၊ အရေပြား စသည့် ၃၂ ကောဋ္ဌာသ အစိတ်အပိုင်းတို့ ပေါင်းစုထားသော အစုအေ၀းကို တိုတိုနှင့် လွယ်လွယ် ခေါ်လိုက်ခြင်း မဟုတ်လော..။

ကိုယ်တော်လေး၏ ဉာဏ်အမြင် ပြောင်းသွားလေပြီ။ ကိုယ်တော်လေးသည် သီရိမာ၏ ခန္ဓာအိမ်မှ တစ်ဆင့် သဘာ၀ ဓမ္မတစ်ခုကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သည့်အတွက် သီရိမာ၏ ခန္ဓာအိမ်သည် အရင်းအနှီး တစ်ခုအဖြစ် ပေးဆပ်ခဲ့ရသည်။ နတ်သမီး သီရိမာအတွက် ပင်လျှင် သူမ၏ ဘ၀ဟောင်း ခန္ဓာအိမ်သည် သူမ အနာဂမ် ဖြစ်ဖို့အတွက် အရင်းအနှီးတစ်ခု ဖြစ်ခဲ့သည်သာ။

ခန္ဓာအိမ်ကို အရင်းပြု၍ သဘာ၀ဓမ္မကို လေ့လာမိခြင်းကြောင့် ရရှိသော အကျိုးကား ကြီးမားလှပေစွ..။

ဆရာမြသန်းစံ ရေးသားသော “ခန္ဓာအိမ်ကို အရင်းပြု၍ သဘာ၀ဓမ္မကို လေ့လာခြင်း” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
( မူကြိုဆရာ )

ခႏၶာအိမ္ကိုအရင္းျပဳ၍ သဘာ၀ဓမၼကို ေလ့လာျခင္း
===================================
ရာဇၿဂိဳဟ္မွ သီရိမာ၏ အသုဘရွဳပြဲႀကီးကား လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ကတည္းက ၿပီးဆံုးသြားခဲ့ၿပီ ျဖစ္ပါသည္။ ထိုအသုဘရွဳပြဲႀကီး၌ ပါ၀င္ခဲ့သူ အသီးသီးတို႔သည္လည္း ကိုယ္စီ တရားအသိဉာဏ္ႏွင့္ ထိုက္တန္ေသာ ဘ၀ေတြကိုလည္း ရရွိေနၿပီ ျဖစ္ပါသည္။ အခ်ိဳ႕သည္ ျမင့္ျမတ္ေသာဘံု၊ ျမတ္ေသာဘ၀၊ ျမတ္ေသာဌာနေတြမွာ ခံစားေနေပၿပီ။ အခ်ိဳ႕လည္း နိဗၺာန္သို႔ မ်က္ေမွာက္ျပဳခဲ့ၾကၿပီ။ သီရိမာကို အေၾကာင္းျပဳ၍ တရားေဒသနာ ခ်ီးျမႇင့္ခဲ့ေသာ ဘုရားရွင္ ကိုယ္ေတာ္တိုင္ပင္ ပရိနိဗၺာန္ ျပဳခဲ့ရၿပီ မဟုတ္ပါေလာ။

သီရိမာကို စြဲလမ္းစိတ္ ျဖစ္ခဲ့စဥ္က ရာဂစိတ္ အဓိပတိ ျဖစ္ခဲ့ရေသာ ကိုယ္ေတာ္ေလးသည္ သုသာန္ တစျပင္မွ သီရိမာ၏ ရုပ္အေလာင္းကို မ်က္၀ါးထင္ထင္ ေတြ႔ရင္းမွ ဘုရားရွင္၏ ေဒသနာေတာ္ကို နာၾကားလိုက္ရ ေသာအခါ…။

တင့္တယ္ျခင္းႏွင့္ မတင့္တယ္ျခင္း။ သုဘႏွင့္ အသုဘ။

သုဘနိမိတ္ကို ျမင္ေသာအခါ စိတ္သည္ စြဲလမ္းသည့္ဘက္သို႔ ဦးတည္သည္။ အသုဘနိမိတ္ကို ျမင္ေသာအခါ စိတ္သည္ စက္ဆုပ္ရြံရွာသည့္ ဘက္သို႔ ေျပာင္းလဲသြားသည္။ ျမင္ကြင္း ေျပာင္းသည့္အခါ စိတ္ေျပာင္းသြားသည္။ ျမင္ကြင္း အေျပာင္းအလဲကို မည္သူက ဖန္တီးသနည္း။ ပုဂၢိဳလ္ တစ္ဦးတည္းက ဖန္တီးျခင္း ျဖစ္သည္။ ထိုပုဂၢိဳလ္ကား သီရိမာ။

သီရိမာ၏ ခႏၶာအိမ္ေနရာတြင္ အျခားသူတစ္ဦး၏ ခႏၶာအိမ္ အသစ္တစ္ခု အစားထိုး ၀င္ေရာက္လာျခင္း မဟုတ္ပါ။ နဂိုရွိရင္းစြဲ သီရိမာ၏ ခႏၶာအိမ္ႀကီးကသာ ေဖာက္ျပန္ ေျပာင္းလဲသြားျခင္း ျဖစ္ပါသည္။ လြန္ခဲ့ေသာ သံုးရက္ခန္႔က ကပိုကရို အလွကေလးႏွင့္ပင္ ၾကည့္၍မ၀ႏိုင္ ျဖစ္ခဲ့ရေသာ သီရိမာ၊ ယခုေတာ့ ဖရိုဖရဲ၊ ၿပိဳကြဲ ယိုစီး နံေစာ္၊ ျမင္မေကာင္း ရွဳမေကာင္း၊ ယင္တေလာင္းေလာင္းႏွင့္ ႏွစ္ခါျပန္ ၾကည့္ခ်င္စရာ မေကာင္းေတာ့သည့္ သီရိမာ။ ျဖစ္ႏိုင္လွ်င္ မၾကည့္ခ်င္ေတာ့။ မ်က္လံုးစံုမွိတ္ ထားလိုက္ခ်င္ေတာ့သည္။

ဘယ္မွာလဲ ဟိုတစ္ေန႔က ဆြမ္းမစားႏိုင္ေလာက္ေအာင္ စြဲလမ္းခဲ့ရတဲ့ သီရိမာရဲ႕ အလွပံုရိပ္ေတြ။ ကိုယ္ေတာ္ေလးသည္ အေငြ႔အသက္ကို မေမ့ရက္စရာ အျဖစ္ သတ္မွတ္သိမ္းဆည္း ထားခ့ဲသည္ပဲ။ မ်က္စိျဖင့္ သီရိမာကို ျမင္သည္။ ျမင္သိစိတ္ ျဖစ္ေပၚသည္။ ျမင္သိစိတ္ေနာက္က လိုခ်င္စိတ္ကေလး ကပ္ပါလာသည္။ ၾကည့္စမ္း.. ျမန္လိုက္သည့္စိတ္။

တပ္မက္မႈ တဏွာစိတ္ကေလးက အျမစ္စတြယ္ေပၿပီ။ အျမစ္ေတြ ပြားလာသည္။ လိုခ်င္စိတ္သည္ ကင္ဆာေရာဂါႏွင့္ တူသည္။ အျမစ္ပြားႏႈန္း ျမန္လွသည္။ ေရွ႕စိတ္သည္ ေနာက္စိတ္ဆီသို႔ ေလာဘ၏ သတၱိကို အဆင့္ဆင့္ လက္ဆင့္ကမ္း ေပးသြားသည္။ ေလာဘအိုးႀကီးသည္ တျဖည္းျဖည္း ႀကီးထြားလာေပၿပီ။ စိတ္ႏွင့္မဆန္႔ေအာင္ ႀကီးထြားလာေသာအခါ စိတ္သည္ ထိုေလာဘ၏ ၀န္ထုပ္ကို အေလးအပင္ တစ္ခုအေနျဖင့္ ျပန္ထမ္းေနရေတာ့သည္။ စိတ္ႀကီးကား ေလးလံလွေခ်ၿပီ။ ေလးလံလာေသာအခါ ထိုင္းမိႈင္းလာစျမဲ။ ကိေလသာ ဟူသမွ် ပူရသည္မွာမလြဲ။ ကိေလသာ ေခါင္းေဆာင္ျဖစ္ေသာ ေလာဘသည္ အပူဓာတ္ေတြကို ယူေဆာင္လာသည္။ ထို အပူဓာတ္သည္ တည္ၿငိမ္ေအးခ်မ္းမႈ မရွိေတာ့။ ဘယ္မွာလာ၍ ၿငိမ္းေအးႏိုင္ပါေတာ့ မလဲ။

ထို႔ေၾကာင့္ပင္ ကိုယ္ေတာ္ေလးသည္ သီရိမာ ေလာင္းလွဴလိုက္ေသာ ဆြမ္းကိုပင္ မစားႏိုင္ေတာ့သည္ အထိ ျဖစ္ခဲ့ရသည္။ ကုိယ္ေတာ္ေလး၏ စိတ္အတြင္း၀ယ္ သီရိမာ၏ ပံုရိပ္ အေငြ႔အသက္ေတြသည္ သံုးရက္တိတိ ၀င္ေမႊ ေလာင္ကၽြမ္းေနခဲ့သည္။ သတိလက္လြတ္ ျဖစ္ေနေသာအခါ၊ သညာသည္ တန္ခိုးထြားလာသည္။ ခုနက မွတ္ထားခဲ့ေသာ သီရိမာ၏ ပံုရိပ္ကို သညာက အထပ္ထပ္ ပံုေဖာ္ေပးေနသည္။ ကိုယ္ေတာ္ေလးသည္ သညာေခၚရာသို႔ လိုက္သည္။ အေငြ႔အသက္ကို တကယ့္အရွိတရားဟု ကိုယ္ေတာ္ေလး ယံုၾကည္ေနသည္။ အျမင္မွားေပၿပီ။ ဒိ႒ိ၀င္ၿပီ။ ကိုယ္ေတာ္ေလး၏ အာရံုရိပ္တြင္ အေငြ႔အသက္အျဖစ္ ပံုေဖာ္ေနေသာ သီရိမာသည္ အမွန္တကယ္တြင္မူ သုႆာန္တစျပင္၌ အေလာင္းေကာင္အျဖစ္ ေဖာက္ျပန္ခ်င္တိုင္း ေဖာက္ျပန္ေနခ်ိန္ ျဖစ္သည္။ ဤသည္ကို ကိုယ္ေတာ္ေလးသည္ မသိမျမင္။

ဒီေတာ့ သညကၡႏၶာႀကီးက ပံုေဖာ္ေပးလိုက္၊ ေ၀ဒနကၡႏၶာက ခ်ဲ႕ၿပီး ခံစားေပးလိုက္၊ ၀ိညာဏကၡႏၶာႀကီးက လိမ္ၿပီးသိေနလိုက္၊ သခၤါရကၡႏၶာႀကီးက အမွားေနာက္ တေကာက္ေကာက္ လိုက္လံျပဳျပင္ ေပးေနလိုက္ႏွင့္ ကိုယ္ေတာ္ေလး၏ စိတ္သည္ အလုပ္မ်ားခဲ့ရသည္။ ပင္ပန္းခဲ့ရသည္။ အဆမတန္ ပူေလာင္ခဲ့ရသည္။ အျမင္မွားမႈကို အေျခခံေသာ မိစၦာဒိ႒ိ၏ ေနာက္၌ တန္းလန္း တန္းလန္း ပါလာေသာ အက်ိဳးတရားမ်ားမွာ အကုသိုလ္သတၱိေတြသာ ကိန္းေအာင္းေနေပသည္။

ကုိယ္ေတာ္ေလးခမ်ာ သံုးရက္လံုးလံုး ဆြမ္းခံမထြက္၊ ဆြမ္းမစား၊ တပိန္ပိန္ တလိမ္လိမ္။ သူ႔စိတ္ထဲမွာေတာ့ သီရိမာမွ သီရိမာ။ ထိုသံုးရက္ လြန္ၿပီးေနာက္ သီရိမာဆိုေသာ အသံကို ၾကားရမွ သပိတ္ကို ေဆးခ့ဲသည့္ သူ႔အျဖစ္။ ထိုအခါမွ သပိတ္ထဲမွ ပုပ္သိုးနံေစာ္ေနေသာ ဆြမ္းပုပ္ေတြကို ေတြ႔ရသည္။ ေမ့ေျမာရာမွ သတိလည္လာသူပမာ။ ဒါေတာင္ ဘုရားရွင္ဆိုေသာ အသံထက္ သီရိမာဆိုေသာ အသံကိုသာ သူၾကားခဲ့ျခင္း ျဖစ္သည္။ သုႆာန္သို႔ အေျပးတပိုင္းႏွင့္ ထြက္လာခဲ့။ ကဲ.. ေတြ႔ရၿပီ.. သီရိမာ။

အလို.. သူထင္သလို မဟုတ္ေတာ့ပါလား။ သံုးရက္လံုးလံုး သူ႔စိတ္ထဲ၌ အခ်ိန္ျပည့္ ေနရာယူခဲ့သည့္ သီရိမာတည္းဟူေသာ အေငြ႔အသက္သည္ ဒီပံုမဟုတ္။ သူ ေနာက္ဆံုးေတြ႔ခဲ့သည့္ ကပိုကရို အလွကေလးႏွင့္ သီရိမာသည္ ဒီပံုစံမဟုတ္။ လံုး၀မဟုတ္။ သူ ထင္မွတ္မွား ေနေရာ့လား။ သူ ဇေ၀ဇ၀ါ ျဖစ္ေနေရာ့လား။ စိတ္ေတြေထြျပား၍ အျမင္မွားေနျခင္း ေပလား။

ေဟာ.. ဘုရားရွင္၏ အေမးတြင္ ပရိသတ္အေပါင္းက တစ္ခဲနက္ ညာသံေပး၍ ေျဖၾကေပၿပီ။ ဒီရုပ္အေလာင္းႀကီးသည္ သီရိမာတဲ့။ မျဖစ္ႏိုင္တာ။ သူ႔စိတ္ထဲက မည္သို႔ ျငင္းပယ္ ျငင္းပယ္၊ ဒီရုပ္အေလာင္းႀကီးသည္ သီရိမာ အစစ္ပင္တည္း။ အားလံုး တစ္ခဲနက္ ေထာက္ခံေနၾကၿပီ။ ေဟာ.. အသက္ရွင္စဥ္က တစ္ရက္လွ်င္ အသျပာတစ္ေထာင္ တန္သည့္ သီရိမာသည္ ယခုေတာ့ အခေၾကးေငြ မဆိုထားႏွင့္၊ အခမဲ့ ယူမည့္သူပင္ မရွိေတာ့ၿပီေကာ။ ကဲ.. ဘယ္မွာလဲ သီရိမာရဲ႕ တန္ဖိုးဆိုတာ..။

သီရိမာရဲ႕ တန္ဖိုးေတြသည္ သီရိမာရဲ႕ ဆံပင္ေတြထဲမွာလား။ ဘယ္မွာ ဟုတ္ႏိုင္ပါေတာ့မလဲ။ မၿဖီးမလိမ္း၊ မျပင္မဆင္ထားေတာ့ ဘယ္မွာလဲ ဆံပင္ပံု၊ ဆံထံုးပံု။ ဖြာလန္ႀကဲ မြဲေျခာက္ေနတဲ့ ဆံပင္ေတြမွာ ဖုန္ေတြ အလိမ္းလိမ္းနဲ႔။ ရုပ္ပ်က္လိုက္တာ။

ကိုယ္ေတာ္ေလးရဲ႕ စိတ္ထဲမွာ အေငြ႔အသက္အျဖစ္ အရိပ္ခိုခဲ့တဲ့၊ ကိုယ္ေတာ္ေလးရဲ႕ စိတ္ကို အလႊမ္းမိုးႀကီး လႊမ္းမိုးႏိုင္ခဲ့တဲ့ သီရိမာရဲ႕ မ်က္ႏွာေလးကေရာ၊ ဘုရား.. ဘုရား.. ၾကည့္ေနရင္းမွပင္ မ်က္လံုးႀကီးႏွစ္ဖက္ ထေပါက္ေတာ့မယ့္ အတိုင္းပါလား။ ဖူးေရာင္ရုန္းႂကြ ခံုးထေနတာ.. ေဖာက္ခနဲ ေပါက္သြားလိုက္ရင္ျဖင့္..။ ႏွာေခါင္းႀကီးကလည္း ပြထ၊ အထက္ႏႈတ္ခမ္း၊ ေအာက္ႏႈတ္ခမ္း အစံုကလည္း ထူလပ်စ္။ ပါးႀကီးႏွစ္ဖက္ကလည္း ပါးခ်ိတ္ေရာင္.. သြားကိုက္ ေ၀ဒနာသည္လို ေရာင္ကား ေဖာင္းထေနလိုက္တာ။ အလို.. ပါးစပ္ထဲကလည္း အပုပ္ရည္ေတြ စီးက်ေနလိုက္တာ..။ အခုရေနတဲ့ အပုပ္နံ႔ေတြဟာ အဲဒီ့ အပုပ္ရည္ေတြဆီကလား မသိ။

ကိုယ္ေတာ္ေလးသည္ စိတ္ မသက္သာစြာျဖင့္ မ်က္လံုးအစံုကို မွိတ္လိုက္သည္။ သူ႔စိတ္ထဲတြင္ ေနရာယူထားေသာ သီရိမာ၏ ပံုရိပ္ အေငြ႔အသက္တို႔သည္ တျဖည္းျဖည္း လြင့္ျပယ္စ ျပဳေလၿပီ။ ဒီပံုႀကီးဆိုရင္ျဖင့္ သီရိမာကို ဘယ္လိုလုပ္ၿပီး စိတ္ထဲမွာ ထည့္သြင္းသိမ္းဆည္း ထားႏိုင္ပါေတာ့မလဲ။ ဘယ္လိုလုပ္ၿပီး ပံုေဖာ္ စိတ္ကူးယဥ္ႏိုင္ပါေတာ့ မလဲ။ ခဏတျဖဳတ္ ၾကည့္လိုက္ရတဲ့ အခ်ိန္ကေလး မွာေတာင္ ဆက္မၾကည့္ခ်င္ေတာ့လို႔ မ်က္စိကို မွိတ္လိုက္ရတာ။

ၾကည့္ပါဦး.. လည္ပင္းႀကီးကလည္း အဆမတန္ ေရာင္ကုိင္းႀကီးထြား ေနပါပေကာလား။ ပခံုးေတြ၊ လက္ေတြလည္း ေရာင္ကိုင္း ပြထေနလိုက္တာ။ ၀တ္ထားတဲ့ အရွက္လံုအက်ႌ ဖ်င္စေတြပင္လွ်င္ အခ်ိဳ႕ေနရာမွာ ခ်ဳပ္ရိုးျပဳတ္လိုျပဳတ္၊ ကြဲထြက္လို ကြဲထြက္ ျဖစ္ေနပါေရာ့လား။ ရင္ဘတ္ႀကီး မို႔ေမာက္လိုက္ပံုကလည္း ေတာင္ကုန္းတစ္ကုန္းလို။ အို.. ဗိုက္ေပၚက အ၀တ္စေတြမွာလည္း စိုရႊဲ ရိရြဲလို႔။ အပုပ္ရည္ေတြ စြန္းထင္း ေပက်ံေနပါေရာလား။ နံလိုက္တာေနာ္။


ေပါင္မွသည္ ေျခသလံုး။ နည္းတဲ့ ေရာင္ကိုင္း ပြထမႈႀကီးမဟုတ္။ သီရိမာသည္ မူလခႏၶာကိုယ္ထက္ ႏွစ္ဆေက်ာ္ေက်ာ္၊ သံုးဆနီးပါး ရွိေနေခ်ၿပီ။ ေျခေခ်ာင္းတို႔၏ တုတ္ခိုင္ ပြထမႈမ်ားကေတာ့ မေျပာပါနဲ႔ေတာ့။ အ၀လြန္ေနသည့္ မိန္းမတစ္ေယာက္၏ ဖ၀ါးေတြ၊ ေျခေခ်ာင္းေတြလို။ အ၀လြန္သည့္ မိန္းမႀကီးတစ္ေယာက္ ပိုးစိုးပက္စက္ ပစ္စလက္ခတ္ အိပ္ေနသည့္ပံုႀကီးႏွင့္ တူလြန္းလွသည္။
ဒါဟာ အလွဘုရင္မ တစ္ေယာက္ရဲ႕ ရုပ္ကလာပ္တဲ့လား..။ တစ္ကိုယ္လံုးကို ျခံဳၾကည့္လိုက္ေတာ့ မိႈင္း၀ေနေသာ မီးပံုးပ်ံႀကီးလို ျဖစ္ေနေသည့္ သီရိမာ။

ျပဳျပင္ေျပာင္းလဲ ေပးေနရေသာ နာမ္ခႏၶာတစ္ပါးျဖစ္သည့္ သခၤါရကၡႏၶာႀကီး အလုပ္မလုပ္ေတာ့ေသာ အခါ ဒီခႏၶာအိမ္ႀကီးသည္ ပိုင္ရွင္မဲ့သူ တစ္ဦးအျဖစ္ က်န္ခဲ့ရသည္။ မွတ္သားျခင္း၊ သိျမင္ျခင္း၊ ခံစားျခင္း၊ ျပဳျပင္ျခင္း ကိစၥမ်ား ေဆာင္ရြက္ေနေသာ နာမ္ခႏၶာေလးပါးသည္ သူတို႔ အမွီျပဳ အလုပ္လုပ္ရာ ကာယခႏၶာႀကီးကို ရက္စက္စြာ ထားရစ္ စြန္႔ပစ္ခဲ့ၾကေလၿပီ။ ရုပ္ခႏၶာ တစ္ပါးျဖစ္ေသာ ရူပကၡႏၶာႀကီးသည္လည္း ညီေတာ္ေနာင္ေတာ္ ပီသစြာ နာမ္ခႏၶာ ေလးပါးေနာက္သို႔ တစ္ပါတည္း လိုက္သြားခဲ့ေပၿပီ။ သူတို႔ငါးပါး အုပ္စုသည္ ေနာက္ခႏၶာအိမ္ အသစ္တစ္ခု၌ အလုပ္ေတြ လုပ္ေနၾကေပၿပီ။ သို႔ေသာ္ သီရိမာ၏ ခႏၶာအိမ္အေဟာင္းတြင္ ျဖစ္ခဲ့ေသာ ခႏၶာငါးပါးေတာ့ မဟုတ္ေတာ့ပါေခ်။ အေဟာင္း ခ်ဳပ္ၿငိမ္း၍ အသစ္အသစ္ ျဖစ္ေပၚလာေသာ ခႏၶာငါးပါးတို႔သာ ျဖစ္ပါသည္။ ထိုအခါ မူလက သူတို႔ အမွီျပဳ အလုပ္လုပ္ရာ ဌာနႀကီးျဖစ္ေသာ သီရိမာ၏ ခႏၶာအိမ္ အေဟာင္းႀကီးသည္ ယခုမူ ပိုင္ရွင္မဲ့အျဖစ္ သုႆာန္ တစျပင္၌ ျဖစ္ခ်င္တိုင္း ျဖစ္ေနေလၿပီ။

ဤသည္ကို တရားနာ ပရိသတ္အျဖစ္ ေရာက္ရွိေနေသာ သီရိမာ နတ္သမီးကိုယ္တိုင္ ျပတ္ျပတ္ထင္ထင္ သိျမင္ေနရသည္။ ယခင္က ရာဇၿဂိဳဟ္ၿမိဳ႕က ျပည့္တန္ဆာ သီရိမာ။ ယခုေတာ့ ယာမာနတ္ျပည္က နတ္သမီး သီရိမာ။ သူ႔ခႏၶာအိမ္ အေဟာင္းကို သူကိုယ္တိုင္ အသုဘ ျပန္ရွဳေနရေသာ အျဖစ္။ ဒီခႏၶာအိမ္ကို အမွီျပဳ၍ သီရိမာသည္ ငါမွငါ ျဖစ္ခဲ့ေသးသည္။ ငါ့ခႏၶာ၊ ငါ့အလွဟူ၍ မာန္ေတြ တက္ခဲ့ေသးသည္။ ထုိမာန္ေတြေၾကာင့္ပင္ ဥတၱရာကို ဆီပူႏွင့္ ေလာင္းခ်ခဲ့သည္အထိ က်ဴးလြန္ခဲ့မိေသးသည္။ ဥတၱရာ၏ ခင္ပြန္းသည္ သုမန သူေဌးသားကို ပိုင္ဆိုင္လိုစိတ္ေတြ ျဖစ္ခဲ့ေသးသည္။ အဲဒီ သီရိမာဆိုတာႀကီးကို အခုဘယ္မွာ အသံုးခ်ႏိုင္ ပါေတာ့မလဲ။ အခုေတာ့ သီရိမာဆိုေသာ အေပါင္းအစု၊ အစုအေ၀းႀကီးသည္ ဘာမွ် တံု႔ျပန္ေျပာဆိုျခင္း မျပဳႏိုင္ေတာ့ၿပီေကာ။ ဒီအစုအေ၀းႀကီးကို ကိုင္စြဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ေျပာဆို ဆက္ဆံခဲ့တာေတြသည္..။

ၾကည့္စမ္း.. ငါတည္းဟူေသာ သီရိမာ၏ ခႏၶာကို အစြဲအလမ္းႀကီး စြဲလမ္း၍ ေသာက ပရိေဒ၀မီး ေတာက္ေလာင္ေနရွာတဲ့ ကိုယ္ေတာ္ေလး..၊ သီရိမာရဲ႕ ခႏၶာလို႔ ထင္ေနတဲ့ ကိုယ္ေတာ္ေလးခမ်ာ မသက္မသာ ပင္ပန္းေနရွာ ပါလား။ ဒီမွာ ကိုယ္ေတာ္ေလး..။ တပည့္ေတာ္မဟာ ယာမာ နတ္ဘံုမွာ နတ္သမီး သီရိမာ ျဖစ္ေနပါၿပီ။ အခု ဘုရားရွင္က တပည့္ေတာ္မ အေလာင္းကို ရွဳၾကည့္ၿပီး တရားေဟာမယ္ ဆိုလို႔ တပည့္ေတာ္မ ယာမာနတ္ျပည္ကေန အေျပးလာခဲ့ရတာ။ တပည့္ေတာ္မရဲ႕ ခႏၶာအိမ္ အသစ္ကို ကိုယ္ေတာ္ေလး ဘယ္ျမင္ႏိုင္ပါဦး မလဲ။ ေကာင္းပါၿပီေလ.. ကိုယ္ေတာ္ေလး အခုျမင္ေနတဲ့ တပည့္ေတာ္မရဲ႕ ခႏၶာအိမ္ အေဟာင္းဟာ ကိုယ္ေတာ္ေလး ေရွ႕မွာပဲ ေဖာက္ျပန္ ေျပာင္းလဲေနပံုကို ကိုယ္ေတာ္ေလး ျမင္ရင္းက သံေ၀ဂ ရပါေစေတာ့..။

ကိုယ့္ရုပ္အေလာင္းကို ကိုယ္ျပန္ၾကည့္ရင္းက ျဖစ္ပ်က္တရား၊ ျပဳျပင္မႈ တရား၊ ေဖာက္ျပန္မႈ တရားေတြကို ဉာဏ္ျဖင့္ အထပ္ထပ္ ဆင္ျခင္ ရွဳပြားေလေသာ္ ဘုရားရွင္၏ ေဒသနာအဆံုး၌ နတ္သမီး သီရိမာသည္ အနာဂမ္ တည္ခဲ့ေလၿပီ။

ကိုယ္ေတာ္ေလးကား လက္ငင္း ျမင္ေတြ႔ေနရသည့္ အမွန္တရားကို လက္မလြတ္စတမ္း ဆုပ္ကိုင္ ဖမ္းယူရင္းမွ ျဖစ္ပ်က္၊ ေဖာက္ျပန္ ျပဳျပင္မႈ၊ အနိစၥ လကၡဏာတို႔ကို ရွဳပြား ဆင္ျခင္မိေသာအခါ ေသာတာပတၱိမဂ္သို႔ ဆိုက္ေရာက္ေလ ေတာ့သည္။
ကုိယ္ေတာ္ေလး၏ အျမင္သည္ မိစၦာဒိ႒ိမွ သမၼာဒိ႒ိသို႔ ေျပာင္းခဲ့ေလၿပီ။

တကယ္ေတာ့ သီရိမာဟူသည္ ေကသာ၊ ေလာမာ၊ နခါ၊ ဒႏၱာ၊ တေစာ ဟူေသာ ဆံပင္၊ ေမြးညင္း၊ ေျခသည္း လက္သည္း၊ သြား၊ အေရထူ၊ အေရျပား စသည့္ ၃၂ ေကာ႒ာသ အစိတ္အပိုင္းတို႔ ေပါင္းစုထားေသာ အစုအေ၀းကို တိုတိုႏွင့္ လြယ္လြယ္ ေခၚလိုက္ျခင္း မဟုတ္ေလာ..။

ကိုယ္ေတာ္ေလး၏ ဉာဏ္အျမင္ ေျပာင္းသြားေလၿပီ။ ကိုယ္ေတာ္ေလးသည္ သီရိမာ၏ ခႏၶာအိမ္မွ တစ္ဆင့္ သဘာ၀ ဓမၼတစ္ခုကို ေတြ႔ရွိသြားခဲ့ၿပီ ျဖစ္သည္။ သည့္အတြက္ သီရိမာ၏ ခႏၶာအိမ္သည္ အရင္းအႏွီး တစ္ခုအျဖစ္ ေပးဆပ္ခဲ့ရသည္။ နတ္သမီး သီရိမာအတြက္ ပင္လွ်င္ သူမ၏ ဘ၀ေဟာင္း ခႏၶာအိမ္သည္ သူမ အနာဂမ္ ျဖစ္ဖို႔အတြက္ အရင္းအႏွီးတစ္ခု ျဖစ္ခဲ့သည္သာ။

ခႏၶာအိမ္ကို အရင္းျပဳ၍ သဘာ၀ဓမၼကို ေလ့လာမိျခင္းေၾကာင့္ ရရွိေသာ အက်ိဳးကား ႀကီးမားလွေပစြ..။

ဆရာျမသန္းစံ ေရးသားေသာ “ခႏၶာအိမ္ကို အရင္းျပဳ၍ သဘာ၀ဓမၼကို ေလ့လာျခင္း” စာအုပ္မွ ကူးယူ ေဖာ္ျပပါသည္။
( မူၾကိဳဆရာ )


No comments:

Post a Comment