........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 25, 2017

ဗုဒၶေဟာၾကားစီးပြားေအာင္ျမင္ေၾကာင္းတရား ‬(၄)ပါး

════════════════════════════
ဗုဒ္ဓဟောကြားစီးပွားအောင်မြင်ကြောင်းတရား ‬(၄)ပါး
════════════════════════════
.
.

‎လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။
ရှေးတုန်းကတည်းကပါ။
အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။
.
ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ
ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ
ချမ်းချမ်းသာသာ နေချင်ပါတယ် ။အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေ
ကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။
.
ဗုဒ္ဓက ရှိတယ်၊ ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်း
တွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။
.
.
═════════
(၁) ဥဋ္ဌာနသမ္ပဒါ
═════════
.
ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့
ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။
ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။
.
ဒက္ခ - လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်။
.
အနလသ - ဇွဲကောင်းမှုရှိရမယ်။
.
ဥပါယဝီမံသ - နည်းပညာရှိရမယ်။
.
ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။
ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။
ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။
ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။
ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့
စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။
ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ ေ
အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။
ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။
လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒီ
(၃) ရပ်ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။
.
.
═══════════
(၂) အာရက္ခသမ္ပဒါ
═══════════
.
ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။
လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ
ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်
တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။
အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့်
ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင်
သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။
ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့
ဗုဒ္ဓကဟောထားတာ။
ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။
.
.
══════════════
(၃) ကလျာဏမိတ္တသမ္ပဒါ
══════════════
.
မိတ်ဆွေကောင်း ရှိရမယ်။
စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊
အကျင့်စာရိတ္တကောင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊
ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းတွေ အင်မတန်မှလိုအပ်ပါတယ်။
ဒီကနေ့ခေတ်ကြည့် စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ
ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။
ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။
ထိန်းထိန်းသိမ်းသိမ်း ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။
သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ
သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း
ပျက်စီးဆုံးရှုံးသွားနိုင်တယ်။
.
.
════════════
(၄) သမဇီဝိတသမ္ပဒါ
════════════
.
နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လဲ အရေးကြီးဆုံး
တစ်ချက်ကတော့ ရလာတဲ့ စည်းစိမ်ဥစ္စာအပေါ် ကိုယ်ထုတ်လုပ်တဲ့
ပစ္စည်းကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းဇယားခိုင်ခိုင်
မာမာထားပြီးတော ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ
ဖြစ်နေဖို့ အရေးကြီးတယ်။
သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း
ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။
ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။
သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။
ထို၂ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။
.
မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက
ကြို းပမ်းမှု ၊ အားထုတ်မှု ၊ အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု ၊
မိတ်ဆွေကောင်းရှိမှု ၊ ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ၊
ဆိုတဲ့အချက်ကြီး၄ချက်ကို ဟောခဲ့ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။
ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင်
စီးပွားရေးက တိုးတက်လာမှာပဲ။
အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။
ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့
ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက် (၄)ချက်ပါပဲ။

အဂ္ဂမဟာပဏ္႑ိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D)

Thanks;
#မြတ်ဗုဒ္ဓဒေသနာနှင့်ယနေ့ကမ်ဘာ
#NandarLwin
#bagoknowledge
.
https://web.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

══════════════════════
ဗုဒၶေဟာၾကားစီးပြားေအာင္ျမင္ေၾကာင္းတရား ‬(၄)ပါး
════════════════════════════
.
.

‎လူေတြဟာခ်မ္းသာခ်င္ၾကတယ္။ အခုမွမဟုတ္ပါဘူး။
ေ႐ွးတုန္းကတည္းကပါ။
အဂၤဳတၱရနိကယ္မွာ ဒီလိုေဟာထားပါတယ္။
.
ဗုဒၶလက္ထက္ေတာ္၊ ေကာလိယတိုင္း၊ ကကၠရပတၱၿမိဳ႕မွာ
ဒီဃဇာဏုဆိုတဲ့အမ်ိဳးသားဟာ ဒီဘဝမွာ
ခ်မ္းခ်မ္းသာသာ ေနခ်င္ပါတယ္ ။အဲဒီလို ျဖစ္ႏိုင္တဲ့ အေျခအေန
ေကာင္းမ်ား ႐ွိပါသလားလို႔ ေမးေလွ်ာက္ခဲ့ပါတယ္။
.
ဗုဒၶက ႐ွိတယ္၊ ဒီဘဝအတြက္ ဟိတသုခ အေျခအေနေကာင္း
ေတြနဲ႔ ခ်မ္းသာသုခကိုရေစႏိုင္တဲ့ အခ်က္ေလးမ်ိဳး႐ွိတယ္။
.
.
═════════
(၁) ဥ႒ာနသမၸဒါ
═════════
.
ကိုယ္လုပ္တဲ့လုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့
ႀကိဳးႀကိဳးစားစား တက္တက္ႂကြႂကြ လုပ္ကိုင္ရမယ္။
ႀကိဳးစားတိုင္းရသလားဆိုေတာ့ မရႏိုင္ဘူး။
.
ဒကၡ - လုပ္ငန္းကြၽမ္းက်င္မႈ႐ွိရမယ္။
.
အနလသ - ဇြဲေကာင္းမႈ႐ွိရမယ္။
.
ဥပါယဝီမံသ - နည္းပညာ႐ွိရမယ္။
.
ႀကိဳးစားမႈ႐ွိ႐ံုတစ္ခုတည္းႏွင့္ေတာ့ မရဘူး။
ႀကိဳးစားမႈဆိုတဲ့ထဲမွာ အေရးႀကီးတဲ့ အခ်က္၃ခ်က္ ပါတယ္။
ႀကိဳးေတာ့ႀကိဳးစားတယ္၊ လုပ္ငန္းက မကြၽမ္းက်င္ဘူး မေအာင္ျမင္ႏိုင္ဘူး။
ႀကိဳးစား ေတာ့ႀကိဳးစားတယ္ ဇြဲမေကာင္းဘူး မေအာင္ျမင္ႏိုင္ဘူး။
ႀကိဳးစားတယ္၊ နည္းပညာက နိမ့္က်ေနတယ္၊စီမံခန္႔ခြဲႏိုင္တဲ့
စြမ္းအားေတြမ႐ွိဘူး။ မေအာင္ျမင္ႏိုင္ပါဘူးတဲ့။
ဒါလြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅၀၀ေက်ာ္က ဗုဒၶကစီးပြားေရးမွာ ေ
ေအာင္ျမင္ဖို႔ နည္းလမ္းၫႊန္ျပေပးထားတာပါ။
ပိဋကတ္ေတာ္ေတြထဲမွာ ပါတဲ့ တရားပါ။
လုပ္ငန္းကြၽမ္းက်င္မႈ၊ ဇြဲေကာင္းမႈ၊ နည္းပညာ အဲဒီ
(၃) ရပ္ေပါင္းစပ္ထားတဲ့ ႀကိဳးပမ္းအားထုတ္မႈ ႐ွိ၇မယ္တဲ့။
.
.
═══════════
(၂) အာရကၡသမၸဒါ
═══════════
.
ထိန္းသိမ္းေစာင့္ေ႐ွာက္မႈ ႐ွိရမယ္။
ေလာကမွာ စီးပြားဥစၥာေတြနဲ႔ ေငြေၾကးဓနေျမာက္ျမားစြာ
ထုတ္လုပ္ႏိုင္တယ္။ သို႔ေသာ္ မထိန္းသိမ္းဘူးဆို႐င္ အေလအလြင့္
ေတြမ်ားၿပီးေတာ့ စီးပြားဥစၥာ တိုးသင့္သေလာက္ မတိုးဘူး။
အလုပ္လုပ္ၿပီး ရလာတဲ့ ပစၥည္းကို ေရေၾကာင့္ မီးေၾကာင့္
ရန္သူမ်ိဳးငါးပါးေၾကာင့္ မပ်က္စီးေအာင္ အေလအလြင့္ မ႐ွိေအာင္
ေသခ်ာေစာင္ေ႐ွာက္မႈဆိုတဲ့ အာရကၡသမၺဒါ တရား႐ွိဖို႔လိုေသးတယ္။
ဒါလည္း ဒုတိယအခ်က္အေနနဲ႔ အခုလက္႐ွိဘဝမွာ စီးပြားတက္ဖို႔
ဗုဒၶကေဟာထားတာ။
ဒါလည္း အင္မတန္လိုအပ္တဲ့ အေၾကာင္းတရားပါ။
.
.
══════════════
(၃) ကလ်ာဏမိတၱသမၸဒါ
══════════════
.
မိတ္ေဆြေကာင္း ႐ွိရမယ္။
စီးပြားေရးနဲ႔ ပတ္သက္ၿပီး အၾကံေပးမည့္သူ၊
အက်င့္စာရိတၱေကာင္းတဲ့သူ၊ အသိပညာ႐ွိတဲ့သူ၊ စြန္လႊတ္ႏိုင္တဲ့သူ၊
ယံုၾကည္ရတဲ့လူ၊ ဒီလိုမိတ္ေဆြေကာင္းေတြ အင္မတန္မွလိုအပ္ပါတယ္။
ဒီကေန႔ေခတ္ၾကည့္ စီးပြားဥစၥာ တိုးတက္ေနတဲ့ ပဂၢိဳလ္ေတြတိုင္းဟာ
ဒီအေျခေနေကာင္းေတြ ႐ွိေနပါတယ္။
ႀကိဳးပမ္းအားထုတ္မႈေၾကာင့္ ပစၥည္း ဥစၥာေတြ ရ႐ွိလာမယ္။
ထိန္းထိန္းသိမ္းသိမ္း ႐ွိတတ္လို႔ စုမိေဆာင္းမိလည္း ႐ွိလာမယ္။
သိုေသာ္ မိတ္ေဆြေကာင္းမ႐ွိဘူးဆိုရင္ အဲဒီ ပစၥည္းဥစၥာေတြဟာ
သဲထဲေရသြန္သလိုအသံုးအျဖဳန္းနဲ႔ တစ္ခါတည္း
ပ်က္စီးဆံုး႐ႈံးသြားႏိုင္တယ္။
.
.
════════════
(၄) သမဇီဝိတသမၸဒါ
════════════
.
ေနာက္ဆံုးစီးပြားေရးနဲ႔ ပတ္သတ္ၿပီး တကယ္လဲ အေရးႀကီးဆံုး
တစ္ခ်က္ကေတာ့ ရလာတဲ့ စည္းစိမ္ဥစၥာအေပၚ ကုိယ္ထုတ္လုပ္တဲ့
ပစၥည္းကိုယ့္ရဲ႕ ဝင္ေငြ ထြက္ေငြနဲ႔ ပတ္သက္ရင္ စာရင္းဇယားခိုင္ခိုင္
မာမာထားၿပီးေတာ ဝင္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း မွ်မွ်တတ
ျဖစ္ေနဖို႔ အေရးႀကီးတယ္။
သမဇီဝိတဆိုတဲ့သေဘာက ဝင္ေငြႏွင့္ ထြက္ေငြ အျမဲတမ္း
ညႇိၿပီးေတာ့ သံုးစြဲတဲ့ အခုေခတ္ စီပြားေရပညာလိုပဲ။
ဝင္ေငြကမ်ားၿပီးေတာ့ သံုးေငြနည္းေနလို႔ မျဖစ္ဘူး။
သံုးေငြက မ်ားၿပီးေတာ့ ဝင္ေငြေတြက နည္းေနလို႔လည္း မျဖစ္ဘူး။
ထို၂ခုဟာ မ်ွမ်ွတတ ျဖစ္ေနဖို႔လိုတယ္။
.
ျမတ္စြာဘုရားက လြန္ခဲ့တဲ့ ႏွစ္ေပါင္း၂၅၀၀ေက်ာ္ကတည္းက
ႀကိဳ းပမ္းမႈ ၊ အားထုတ္မႈ ၊ အေလအလြင့္မ႐ွိေအာင္ ထိန္းသိမ္းမႈ ၊
မိတ္ေဆြေကာင္း႐ွိမႈ ၊ ဝင္ေငြထြက္ေငြမ်ွမ်ွတတ သံုးစြဲမႈ ၊
ဆိုတဲ့အခ်က္ႀကီး၄ခ်က္ကို ေဟာခဲ့ပါတယ္။

ဘယ္သူပဲျဖစ္ျဖစ္ ဗုဒၶဘာသာဝင္မွ မဟုတ္ပါဘူး။
ဒီစည္းကမ္းအတိုင္းေဆာင္႐ြက္မယ္ဆိုရင္
စီးပြားေရးက တိုးတက္လာမွာပဲ။
အမ်ားႀကီးမတိုးတက္ေတာင္ ပ်က္စီးမသြားေတာ့ဘူး။
ဒါ ဒီဘဝမွာ ေကာင္းတဲ့ အေျခအေနေတြနဲ႔
ခ်မ္းသာသုခကို ေပးစြမ္းႏိုင္တဲ့ အခ်က္ (၄)ခ်က္ပါပဲ။

အဂၢမဟာပ႑ိတ အ႐ွင္ နႏၵမာလာဘိဝံသ(Ph.D)

Thanks;
#ျမတ္ဗုဒၶေဒသနာႏွင့္ယေန႔ကမၻာ
#NandarLwin
#bagoknowledge
.
https://web.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com


No comments:

Post a Comment