........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 6, 2013

ပုဂ္ဂိုလ်သုံးမျိုး

 
မိမိဘယ်ထဲမှာပါသနည်း။ ပုဂ္ဂိုလ်သုံးမျိုး ရှိလေသည်။
(၁) အန္ဓပုထုဇဉ် ။.....။ သက္ကယဒိဋ္ဌိ စွဲမြဲသူ
(၂) ကလျာဏ ပုထုဇဉ်။ …..။ သက္ကယဒိဋ္ဌိကို အထေိုက်အလျောက် ခွာနိုင်သူ။
(၃) အရိယာ။…..။ သက္ကယဒိဋ္ဌိကို အမြစ်ပြတ် ပယ်သတ်နိုင်သူ။

အန္ဓပုထုဇဉ်သည် …
ခန္ဓာ အာယာတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပာဒ် သတိပဋ္ဌာန် စသည်တို့ကို မသိ သူ။
အရိယာဟူ၍ မသိသူ၊ အရိယာတို့၏ တရား၌ အကျွမ်းမဝင်သူ။
သူတော်ကောင်းဟူ၍ မသိသူ၊ သူတော်ကောင်း တရား၌ အကျွမ်းမဝင်သူ ကို
ဆိုလိုသည်။
သက္ကယဒိဋ္ဌိကို မပယ်ရသေးသမျှ ကာလပတ်လုံး သံသရာမဆုံးနိုင် သံသရာ မဆုံးသမျှ မိစ္ဆာအယူတို့မှ မလွတ်မြောက်နိုင်ချေ။
သက္ကယဒိဋ္ဌိမကွာလျှင် ဝိပဿနာဉာဏ် မရနိုင်၊ သက္ကယဒိဋ္ဌိကွာမှသာ ဝိပဿနာဉာဏ် ရနိုင်၏။
ခန္ဓာတစ်ခုခြင်းကို ခွဲခြမ်းစိတ်ဖြာ၍ သဘာဝဆိုက်အောင် (သဘာဝအတိုင်း ဖြစ်
အောင်) မြင်နိုင်မှ ဃနပြို၏။ ဃနပြိုမှ သက္ကယဒိဋ္ဌိ ကွာနိုင်၏။

(ဝိပဿနာ မှတ်စုမှ ထုတ်နှုတ်တင်ပြသည်။)

No comments:

Post a Comment