........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 19, 2013

ကပ်ကြီးသုံးပါးမှ ကင်းလွန်အောင် ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်  (၁) ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး တို့အပေါ်၌  (၂) ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီး တို့အပေါ်၌ (၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့အပေါ်၌ (၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့အပေါ်၌ (၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌ (၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင် တို့အပေါ်၌ (၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမား တို့အပေါ်၌ (၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ည်းပူးဖြည့်ကျင့် လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက် သိက္ခာအရွယ်ကြီးမားသူ  တို့အပေါ်၌ (၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့အပေါ်၌ (၁၀) ထမင်းတလုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ် တို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ် တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။ ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှု ကံစေတနာ တို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေလိုသား အရှင်ဘုရား။ လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း၊ တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။ ခင်ပွန်းကြီး (၁၀) ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀)ပါး (၁) ပြင်းထန်သော ဦးခေါင်းနာ စသည့်ဝေဒနာများဖြစ်ခြင်း (၂) ပိုင်ဆိုင်သော ပစ္စည်းဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း (၃) လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါ  ငယ်ချွတ်ယွင်းခြင်း (၄) ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများ ဖြစ်ခြင်း (၅) ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ် ဖြစ်ခြင်း (၆) မင်းပြစ်မင်းဒဏ် ခံရခြင်း (၇) မတရားသဖြင့် စွပ်စွဲခံရခြင်း (၈) ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း (၉) စည်းစိမ်ဥစ္စာ အခြွေအရံများ  က်စီးခြင်း (၁၀) နေရာ၊ တိုက်၊ အိမ် မီးလောင်ပျက်စီးခြင်း၊ ပစ္စုပ္ပန် ဘ၀၌ ထိုဒဏ် (၁၀) ပါးသင့်သည့် အပြင် သေလွန်သောအခါ ၌လည်း အပါယ်ငရဲသို့ ကျရောက်နိုင်ပါသည်။ ခင်ပွန်းကြီး (၁၀) ပါး ပူဇော်ခြင်း အကျိုး (၁) အစားအစာ မရှားပါးခြင်း (၂)  က်ရာ အရပ်၌ လေးစားပူဇော်ခံရခြင်း (၃) ရန်သူမျိုးငါးပါး နှင့် ကင်းဝေးနိုင်ခြင်း (၄) လူချစ်လူခင် ပေါများခြင်း (၅) ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း (၆) ကောင်းသတင်းဂုဏ် ကျော်စောခြင်း (၇) အခြွေအရံများခြင်း (၈) စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း (၉)  ဒုက္ခကြုံသော် အကူအညီရရှိခြင်း (၁၀) သားကောင်း၊ သမီးကောင်း ရရှိနိုင်ခြင်း စသည်တို့ ဖြစ်ပေသည်။

No comments:

Post a Comment