........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 6, 2013

ဘုရားသခင် ရှိ မရှိ = သူ့ဖက် ကိုယ့်ဘက် ငြင်းလို့ မဆုံးနိုင်သော တက္ကိကဗေဒ ပြဿနာ

ဘုရားသခင် ရှိ မရှိ ဆို တာ တက္ကိကဗေဒ ပြဿနာ ဖြစ်နေတာ ကြောင့် သူ့ဖက်
ကိုယ့်ဘက် ငြင်းလို့ မဆုံးနိုင်ပါ။
ဗုဒ္ဓ ကို ဘုရားသခင် ရှိ မရှိ လာ မေးရင် ဆိတ်ဆိတ် နေ တော် မူ မှာ အမှန်ပဲ။
လောက ဟာ အစ ရှိ မရှိ မေးခွန်း ကို ပြန်မဖြေ ပဲ ဆိတ်ဆိတ် နေတယ်။ လောက ဟာ
အစ ရှိ တယ် ဆို ရင် လောက ကို ဖန်ဆင်းတဲ့ ဘုရားသခင် ကို လက်ခံ ရမလို
ဖြစ်တယ်။ လောက ဟာ အစ မရှိ ပဲ နဂို တည်း က အမြဲ ထာဝရ ရှိ နေတယ် ဆို ရင် လဲ
ဒါ က ဘုရားသခင် ကို ငြင်းတဲ့ အမြင် ဖြစ် တယ်။ ဒီ Dilemma နဲ့ ကြုံ တဲ့
အခါ ဗုဒ္ဓ က ဒီ မေးခွန်း တွေ ကို မဖြေ ပါဘူး။
မဖြေခဲ့ တဲ့ အကြောင်း တရား တွေ ရှိတယ်။
(၁) တက္ကိကဗေဒ ပြဿနာ ဖြစ်နေတာ ကြောင့် လက်တွေ့ စမ်းသပ်စစ်ဆေး လို့ မရ တဲ့
ယုံကြည်မှု သက်သက် ရဲ့ နယ် ယုံတမ်းစကား တွေ ရဲ့ နယ် ဖြစ်တယ်။ ရှိ တယ်
ပြောလဲ ယုံတမ်းစကား ပဲ မရှိဘူး ပြောလဲ ယုံတမ်းစကား ပဲ။ ဘုရား သခင် ရှိ
တယ် ဆို တာ ယုံ ကြည်သူ တွေ အချင်းချင်း တောင် ဘုရားသခင် ရဲ့ Attributes
and Characteristics တွေ ကို ညှိ လို့ မရ တာ လေ..။ ခရစ်ယာန် အစ္စလာမ်
ဟိန္ဒူ ဘုရားရှိ ၀ါဒီ တွေ ဘုရားသခင် ကို လက် ခံ ကြ ပေမဲ့ အနက်ကွဲပြား စွာ
လက် ခံ ကြ တာ ဖြစ် လို့ ဒီ တက္ကိကဗေဒ ပြဿနာ ဟာ ဘုရားရှိ နဲ့ ဘုရား မဲ့
အကြား က ငြင်းခုံမှု သာ မက ဘုရားရှိဝါဒီ အချင်းချင်း တောင် ငြင်းမဆုံး
နိုင် တဲ့ ပြဿ နာ ဖြစ် လို့  ပဲ ဖြစ် တယ်။
(၂) လက်တွေ့ လူ့ ငြိမ်းချမ်းရေး နဲ့ မသက်ဆိုင်တဲ့ ကိစ္စ လဲ ဖြစ်တယ်။
ဘုရားသခင် ရှိ သည် ဖြစ်စေ မရှိသည် ဖြစ် စေ လူ က လူ့ ပြဿနာ တွေ ကို ရှင်း
နေ ရ တာ ပဲ။ လူ ကို မကောင်းမှု တွေ လုပ်စေတဲ့ လောဘ ဒေါသ မောဟ တရား တွေ ကို
လူ က မိမိ ကိုယ်ပိုင် စွမ်းအား နဲ့ ပဲ တားဆီးနိုင်တာ ဖြစ်တယ်။ ဒီ ရှု
ထောင့် က ကြည့် ရင် ဗုဒ္ဓ ရဲ့ အမြင် ဟာ Spiritual Humanism တစ်မျိုး ဖြစ်
တယ်လို့ ဆို နိုင် တယ်။ လူ ဟာ လူ့ပြဿနာ ကို ရှင်းနိုင်ဖို့ လုံလောက် တဲ့
အရည်အချင်း ရှိ တယ် ဆို တဲ့ အမြင် ပါပဲ။
ဒီ တော့ ဘုရား ကို ယုံခြင်း မယုံခြင်း ဟာ လူသား ကို ဘယ်လောက် အထိ
အကျိုးပြု မလဲ။ အကျိုးပြုတဲ့ အတိုင်း အတာ အထိ လက်ခံ ကြ ရ မှာ ပဲ ဖြစ်တယ်။
လူ့ဘောင် သမိုင်းမှာ ဘာသာရေးဖိနှိပ်မှု ကြောင့် လူ အမြောက် အများ သေကြေ
ခဲ့ တယ်.။ ဘာသာရေး စစ်ပွဲ တွေ ကြောင့် သမိုင်း ဟာ သွေးစွန်းခဲ့ တယ်။ ထို့
အတူ ပဲ မျက်မှောက်ခေတ် မှာ ဘာသာရေး ကို အခြေခံ တဲ့ အကြမ်းဖက် လုပ်ရပ်တွေ
ကြောင့် လဲ လူသားများစွာ အတိ ဒုက္ခ ရောက်ခဲ့ ရတယ်။
ဘာသာမဲ့ တွေ ကြောင့် သေကြေပျက်စီးမှု တွေ လဲ မနည်း ပါ။ ကွန်မြူနစ်ဘာသာမဲ့
တွေ ကြောင့် ရုရှား တရုပ် နဲ့ ကမ္ဘောဒီးယား လို နိုင်ငံမျိုး တွေ မှာ
သန်းချီသေတဲ့ လူသတ်ပွဲကြီး တွေ ဖြစ်ခဲ့ လူသားတွေ မျက်ရည် ပင်လယ် ဝေခဲ့ ကြ
ရ တာ လဲ အထင် အရှား ပါ။
ဒီတော့ ဘုရား ကို ယုံ လဲ မိမိ ယုံကြည်မှု ကြောင့် လူသားညီအကိုချင်း
သတ်ဖြတ် ရ တယ် ဆို လဲ ဒီ ယုံကြည်မှု က အကျိုးယုတ် စေတဲ့ ယုံကြည်မှု ပဲ
ဖြစ်တယ်။ ဘာသာမဲ့ ဘုရားမဲ့ ဖြစ်ပြီး လုပ်ချင် တာ လုပ် လို့ ရပြီ ဆို ပြီး
လူသားအချင်းချင်း နှိပ်စက် သတ်ဖြတ် မယ် ဆို လဲ ဒီ မယုံ ကြည်မှု က
မှားယွင်း တဲ့ မယုံကြည်မှု ဖြစ်တယ်။ ဘာကို ယုံယုံ ဘာကို လုပ်လုပ် လူသား
ရှုထောင့် Human Dimension ကို မျက်ခြေ မပြတ်ဖို့ တော့ လို တယ်။
ဘာသာရှိ ဖြစ်ဖြစ် ဘာသာမဲ့ ဖြစ်ဖြစ် အတ္တ နဲ့ ပရ ဆင်ခြင်ခြင်း နဲ့ ခံစားမှု
လောကီ နဲ့ တမလွန် တွေ ကို ချင့်ချိန်မျှတ စွာ ဥာဏ်နဲ့ ယှဉ် ပြီး
လူသားကောင်းကျိုး အတွက် လုပ်ဆောင် နိုင်ကြ ရင် တော့ အကောင်းမြတ်ဆုံး သော
ဘာသာတရား ကို ကျင့်ကြံ တယ် မည် ပါတယ်။
ဒီ နေရာ မှာ လူသား ဆို တာ ဒြပ်မဲ့ နာမ် တစ်ခု မဟုတ်ပါ။ သင့် နေစဉ် ထိတွေ
ဆက်ဆံနေရတဲ့ သင့် မျက်မြင် က လက်တကမ်း က သွေးသားနဲ့ ဖြစ်တည် နေကြ တဲ့
လူသား တွေ ပဲ ဖြစ် ပါတယ်။
--------
၂၀၁၀ လောက်တုန်းက ရှမ်းပြည် အရှေ့ ပိုင်း တာလေ မှာ ငလျှင်လှုပ် တုန်း က
ခရစ်ယာန်ဘုရားကျောင်းထဲ မှာ လူ ၄၀ လောက် ပိတ်မိ ပြီ သေ ကုန်ကြတယ်။
ဘုရားရှိခိုးဝတ်ပြု နေတဲ့ အချိန်ပါ။ တစ်ခြား အချိန် ခေါ်တော်မမူ ပဲ ၀တ်ပြု
ချိန် တည့်တည့်ကြီး မှ ခေါ်တော်မူ ပုံ က တော့ ဘုရားသခင် ရဲ့ အကြံတော် ဆို
တာ ကို နားမလည်နိုင် အောင် ဖြစ် ရပါရဲ့။
Salmun Rushdie ရဲ့ Midnight Children ၀တ္တု ကြီးထဲ မှာ လဲ ဇာတ်လိုက် ရဲ့
အဖိုး က အစ္စလာမ်ဘာသာ ကို စွန့်ခဲ့ ပုံ အကြောင်း ဟာသ နှောပြီးရေးတယ်။
တစ်ရက်မှာ မက္ကာဖက် ကို လှည့် ပြီး ၀တ်ပြုညွှတ်တွား လိုက် စဉ် မှာ
အရှိန်လွန် ပြီး တမံတလင်း နဲ့ ရိုက်မိလို့ နှာခေါင်းရိုးကျိုးသွား သတဲ့။
နှာခေါင်း ကို တစ်ခြား အချိန်မှာ ချိုးတော်မမူ ပဲ သူ့ ကို ရှိခိုးတဲ့
အခိုက် ကျ မှ ချိုး ရ သလား ဆို ပြီး အစ္စလာမ်ဘာသာ ကို စွန့်ခဲ့ တဲ့
အကြောင်း ဖတ်ရပါတယ်။
-------
ဘုရား-ဖုရား ဆို တာ ပုသျှား က လာ တာ ဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေ မှာ
လဲ ပုသျှ လို့ ပဲ ရေး တယ်။
ပုသျှား ဆို တာ ပုရိသ ပါပဲ။ အလိုခပ်သိမ်းပြည့်စုံစေသူ ဆို တဲ့ အနက် ရှိတယ်။
ဒီတော့ ဘာသာတရားတွေ မှာ အမြင့်ဆုံးပုဂ္ဂိုလ် ကို
ပုရိသ=ပုသျှား=ပုရား-ဖုရား=ဘုရား လို့ ခေါ်ဝေါ် သုံးနှုန်း တာ
သင့်မြတ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓ ဖြစ်ဖြစ် ယေဟောဝါ ဖြစ်ဖြစ် အလ္လာဟ် ဖြစ်ဖြစ် ဘုရား (
အလိုခပ်သိမ်းပြည့်စုံစေသူ ) ဆို တဲ့ အနက် နဲ့ သုံးထိုက် ပါတယ်။

No comments:

Post a Comment