........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 17, 2013

နှစ်သစ်မင်္ဂလာ

လောကမှာ နှစ်သစ်မင်္ဂလာဆိုသည် ဘာသာတိုင်း လူမျိုးတိုင်းမှာ ရှိကြပါသည် သာသနာရှုထောင့်ကြည့်မယ်ဆိုရင် သာသနာပနှစ်သစ်
မင်္ဂလာ သာသနာအတွင်းနှစ်သစ်မင်္ဂလာဟု နှစ်မျိုးပြားလာပါသည် သာသနာပ မင်္ဂလာဆိုသည် ဘယ်ကဲ့သို့မင်္ဂလာမျိုးဖြစ်ပါသနည်းဟု
မေးမယ်ဆိုရင် အစဉ်လာအရသာလုပ်နေသည့် ဘာသာခြားတို့၏မင်္ဂလာမျိုးသာဖြစ်ပါသည် တနည်းပြောရမယ်ဆိုရင် မကြီးပွားကြောင်း
မပြည့်စုံကြောင်း လောကီလောကုတ္တရာစီပွားပျက်စီးကြောင်းမင်္ဂလာမျိုးကို သာသနာပနှစ်သစ်မင်္ဂလာဟု ဆိုလိုပါသည် ထိုမင်္ဂလာမျိုး
ပြုလုပ်သင့်သောမင်္ဂလာမျိုးမဟုတ်ပါဟု စာရေးသူမြင်ပါသည် ဘာကြောင့်လည်းဆိုတော့ သတ္တဝါများအတွက် ကောင်းကျိုးချမ်းသာ
ကိုမပေးစွမ်းနိုင်သောကြောင့်ဖြစ်ပါသည် ပြုလုပ်သင့်သောနှစ်သစ်မင်္ဂလာသည် သာသနာအတွင်းမင်္ဂလာမျိုးသာဖြစ်ပါသည် သာသနာ
အတွင်းမင်္ဂလာမျိုးဟူသည်မှာ မကောင်းမှုမှန်သမျှကို ပါယ်ပျောက်တတ်ပါသည် လောက၏ပြည့်စုံကြောင်း တိုးတက်ကြောင်း စီးပွား
ဥစ္စာရတနာများပြည့်စုံကြောင်းမင်္ဂလာသည် သာသနာအတွင်းမင်္ဂလာမည်ပါသည် ဘယ်ကဲ့သို့ မကောင်းမှုမှန်သမျှကို ပါယ်ဖျောက်တတ်ပါသနည်း မေးခဲ့မယ်ဆိုရင် ပူဇော်သင့်
ပူဇော်ထိုက်သော ရတနာသုံးပါးအား ယုံကြည်အားထားပူဇော်ခြင်းသည် ထိုယုံကြည်စိတ်လေးဖြစ်စဉ် မကောင်းမှုအကုသိုလ်၏
အရင်းအဖြစ်ကြသည့် လိုချင်သောလောဘစိတ် ဖျတ်စီးတတ်သောဒေါသစိတ် မသိခြင်းမောဟစိတ်များကို ပါယ်ဖျောက်နိုင်ပါသည်
ထိုသို့ပါယ်ဖျောက်စေနိုင်သည့် အတွက်ကြောင့် လောက၏ကြီးပွားကြောင်း တိုင်းတက်ကြောင်း ပြည့်စုံကြောင်းဖြစ်သောမင်္ဂလာသည်သာ သာသနာအတွင်းမင်္ဂလာမည်ပါသည် ဒါကြောင့် မိမိပြုလုပ်သည့်မင်္ဂလာသည် သာသာနာ
အတွင်းမင်္ဂလာဖြစ်ဖို့အရေးကြီးလှပါသည် ဘာကြောင့်အရေးကြီးပါသလဲဆိုတော့ လောကမှာ မကြီးပွားချင်သောသူ မိမိဘဝမတိုး
တက်ချင်သောသူ မပြည့်စုံချင်သောသူမရှိဟု စာရေးသူယုံကြည့်ပါသည် လူတိုင်းသည် မိမိရရှိလာသည့် ဘဝလေးမှာ ပျော်ပျော်ရွှင်ရွှုင်
နှင့် စီးပွားဥစ္စာပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင်နဲ့နေလိုကြပါသည် ထို့ကဲ့သို့ နေလိုဖြစ်လိုလျှင် ဘဝ၏ကြီးပွားတိုးတက်ကြောင်း
အောင်မြင်ကြောင်းများဖြစ်ကြသည့်အလုပ်များပြုလုပ်ရပါမည် ဘာကြောင့်ပြုလုပ်သင့်သလဲဆိုတော့ လောကမှာ အကြောင်းမရှိဘဲနဲ့ အကျိုးတရားဆိုတာမရှိနိုင်ဘူး
ဟု စာရေးသူမြင်ပါသည် အကြောင်းတရားမရှိဘဲနဲ့ ဘယ်အကျိုးတရားများ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူးဆိုတာ လူတိုင်းသိကြပါသည်
သို့အတွက်ကြောင့် လောကမှာ ချမ်းသာချင်ရင် ချမ်းသာရာချမ်သာကြောင်းဖြစ်ကြသည့်အလုပ်များလုပ်ကြရမည်သာဖြစ်ပါသည်
စီးပွားဥစ္စာများရချင်ရင်လည်း စီးပွားဥစ္စာရရာ ရကြောင်းအလုပ်များကိုလုပ်ကြရမည်ဖြစ်ပါသည် ဘာအလုပ်မှမလုပ်ဘဲနဲ့ ချမ်းသာချင်လို့
တော့ လုံးဝမဖြစ်နိုင်ပါဘူး ထို့ကြောင့် မလုပ်သင့်မလုပ်ထိုက်သည့်အလုပ်များကို ရှောင်ကြဉ်ပြီး လုပ်သင့်လုပ်ထိုက်သည့် သာသနာအတွင်းမင်္ဂလာအလုပ်များကို ကြိုးစားလုပ်ကြမှသာလျှုင် ဘဝ၏ အောင်မြင်ခြင်းများ ရရှိနိုင်မည်ဖြစ်ပါသည် ဟုစာရေးသူ
မြင်ပါသည် လူတိုင်းသည် မိမိရရှိထားသည့်ဘဝလေးကိုအောင်မြင်လာအောင် ကြီးပွားတိုးတက်လာအောင် ပြည့်စုံလာအောင်
ကြီးပွားတိုးတက်ကြောင်းဖြစ်ကြည်သည့် သာသာနာအတွင်းမင်္ဂလာများကို ပြုလုပ်နိုကြပါစေဟု ဆန္ဒပြုရင်း ဒီစာသားလေးကိုနိဂုံး
အဆုံးသက်ပါရစေနော်

No comments:

Post a Comment