........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 19, 2013

ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာနှင့် စပ်လျဉ်း၍ သိပ္ပံပညာရှင် အိုင်းစတိုင်း၏ အမြင်

ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းသည် သိပ္ပံလောကတွင် ထိပ်တန်းပေါ်က ထိပ်တန်းပညာရှင် ဖြစ်ကြောင်း ကမ္ဘာက လက်ခံပြီး ဖြစ်သည်။ အနာဂတ်ကို တွေးခေါ်မြော်မြင်နိုင်သည့် ညဏ်စွမ်း ညဏ်စမှာလည်း သူ့ညဏ်ရည်ကို တုမရဟု ယူဆကြပါသည်။. ထိုပုဂ္ဂိုလ်ကြီးက ထေရ၀ါဒ ဗုဒ္ဓဘာသာကို လေ့လာခဲ့သည်။ ယုံကြည်ခဲ့သည်။ အထင်ကြီးခဲ့သည်။ အထင်ကြီးခဲ့သည်ဆိုလျှင် ထိုသတင်းသည် အဆန်းဖြစ်ပါသည်။
အိုင်းစတိုင်း၏ အမြင်ကို ဖော်ပြထားသော အောက်ပါစာသားကို ဖတ်ကြည့်ပါ။ မြန်မာ့သာသနာသည် တစ်နေ့သောအခါ ကမ္ဘာ့သာသနာ ဖြစ်လာလတ္တံ့ဟု ရှေ့ပြေးနိမိတ်ဖြစ်ပါသည်။ အနာဂတ်ကာလ၏ ဘာသာတရားကား သဘာဝလောကဓာတ်တစ်ခွင်လုံး အတွက် အဖြေပေးနိုင်စွမ်းသော အယူဝါဒတစ်ရပ်သာ ဖြစ်ရလိမ့်မည်။ အနှီဘာသာတရားသည် ပုဂ္ဂလဓိဋ္ဌာန် အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်းရှင် ဘုရားနှင့် မသက်ဆိုင်စေသင့် ၊ တစ်ယူသန် အစွဲအလမ်းများနှင့် ယင်းတို့မှ ပေါက်ဖွားခဲ့သော ကျိုးကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက်ရလိမ့်မည်။
ထိုဘာသာတရားသည် သဘာဝလောကဓာတ် ( ရုပ်တရား ) နှင့် တကွ ၀ိညာဉ် ( အသိ - နာမ် ) တရားတို့ကို လွှမ်းခြုံ၍ ဒိဋ္ဌဓမ္မအားဖြင့် အဓိပ္ပာယ်ပြည့်ဝသော ပေါင်းစပ်ညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။
မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသော သဘောတရားတစ်စုံတစ်ရာ ရှိသည်ဆိုပါလျှင် ထိုဘာသာတရားကား ဗုဒ္ဓဘာသာပင် ဖြစ်ပေလိမ့်မည်။
အထက်ပါ စကားသည် ကမ္ဘာကျော် သိပ္ပံဆရာကြီး အိုင်းစတိုင်း၏ စကားတို့ ဖြစ်သည်။

No comments:

Post a Comment