........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 4, 2013

အမျိုးသမီးများ ဘာကြောင့် ဘုရားဆု မပန်နိုင်တာလဲ

ဘုရားဆု ပန်နိုင်ဖို့ရတွက် အင်္ဂါ ၈ ပါးနှင့်ပြည့်စုံရပါမယ်
ထိုအင်္ဂါတို့ကတော့
၁။ လူအဖြစ်
၂။ ယောကျာ်းအဖြစ်
၃။ ရှင်ရဟန်း အဖြစ်
၎။ ရဟန္တာဖြစ်နိုင်လောက်အောင် အကြောင်းပြည့်စုံမူ့
၅။ သက်တော်ထင်ရှား ဘုရားကို ဖူးရခြင်း
၆။ အဘိညာဉ်သမာပတ်ကို ရခြင်း
၇။ ဘုရားရှင်တွေအား အသက်ကို စွန့်လူခြင်း
၈။ ဘုရားဖြစ်ဖို့ ဆန္ဒပြင်းပြခြင်း

ဒီအင်္ဂါ ၈ ပါးဟာ ဘုရားဆုတောင်းမူ ပြည့်စုံရာ အကြောင်းတွေပါပဲ
ဘုရားဆုတောင်းဖို့ အင်္ဂါ မပြည့်စုံတဲ့ အတွက် မိန်းမများ ဘုရားဖြစ်ဖို့ ဆုမပန်နိုင်ပါ။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၃၆၂/၃)

မိန်းမ နှင့် စကြ၀တေးမင်း

မိန်းမမှာ အင်္ဂါဇာတ်ကို သိုအိမ်မှာ ထားခြင်းစတဲ့ လက္ခဏာတွေ မရှိလို့
လက္ခဏာတွေ မပြည့်စုံ၊ မိန်းမ ရတနာ မရှိလို့ ရတနာ ၇ ပါး ပြည့်စုံမူ့ မရှိ
လူအားလုံးတို့ထက် သာလွန်တဲ့ ခန္ဓာကို မရှိပါ
ဒါကြောင့် အမျိုးသမီးများ စကြ၀တေးမင်း မဖြစ်နိုင်ပါ။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၃၆၃)

မိန်းမ စွမ်းရည်

နေရာတိုင်းမှာ ယောကျာ်များသာ ပညာရှိတာမဟုတ် မိန်းမများလည်း ပညာရှိပါတယ်
ထိုထိုသို့သော နေရာမှာ ဆင်ခြင်ဥာဏ်ရှိတယ်။
တစ်ခဏလေး နဲ့ ကြံစည်နိုင်တယ်။
(အဂို င်္တ္ထိုလ်၊ ဌ၊ ပ၊ ၂၈၆)
အမျိုးသမီးများ ယောကျာ်းဖြစ်လိုလျှင်
အမျိုးသမီးများဟာ ဒါန စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပြီး
မိန်းမအဖြစ်မှာ တပ်မက်မှုကင်းစေကာ
`ငါတို့ရဲ့ ဒီကောင်းမှုဟာ ယောကျာ်းအဖြစ် ရဖို့ရာ ဖြစ်ပါစေလို့´
စိတ်ကို အဓိဌာန်ပြီး သေသွားရင် ယောကျာ်းဘ၀ကို ရကြပါတယ်။
လင်ကို နတ်ကဲ့သို့ လုပ်ကျွေးတဲ့ မိန်းမဖြစ်ပြီး
လင်အပေါ် ကောင်းကောင်းကျင့်ရင်လည်း ယောကျာ်းဘ၀ကို ရကြတာပါပဲ။
(ဓမ္မပဒ၊ ဌ၊ ပ၊ ၂၀၈)

No comments:

Post a Comment